Friday and Friends! Telegram channel photo

Friday and Friends!

@friday_friendsPublic Channel

သောကြာနေ့မှာ သူငယ်ချင်းများနဲ့ ...see more

Tình bạnTiếng ViệtViệt Nam

3

Last views

3.4k (3,385 subscribers)
Thành viên
—
Rating
87
Total Posts
Oct 14, 2026, 8:27 PM
Cập nhật
Apr 7, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel NameFriday and Friends!
Username@friday_friends
CategoryTình bạn
LanguageTiếng Việt
CountryViệt Nam
Thành viên3,385
Channel TypePublic Channel
Created7 thg 4, 2026
Last Updated14 thg 10, 2026 • 7 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#69591+285
Xếp hạng ngôn ngữ
#1518Không thay đổi
Xếp hạng danh mục
#805+2

Tăng trưởng người đăng ký

Tổng cộng: 3.4K30 Days growth: +1253.8%
09/1509/2009/2509/3010/0510/1010/14
Tăng trưởng người đăng ký - 30 Days
DateSubscribers
15:09:20263,260
16:09:20263,260
17:09:20263,339
18:09:20263,339
19:09:20263,339
20:09:20263,339
21:09:20263,339
22:09:20263,339
23:09:20263,339
24:09:20263,339
25:09:20263,339
26:09:20263,339
27:09:20263,339
28:09:20263,339
29:09:20263,339
30:09:20263,339
01:10:20263,339
02:10:20263,339
03:10:20263,339
04:10:20263,339
05:10:20263,339
06:10:20263,339
07:10:20263,339
08:10:20263,339
09:10:20263,339
10:10:20263,339
11:10:20263,339
12:10:20263,339
13:10:20263,339
14:10:20263,385
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 06:04:20263,439
Week of 13:04:20263,439
Week of 20:04:20263,439
Week of 27:04:20263,288
Week of 04:05:20263,288
Week of 11:05:20263,164
Week of 18:05:20263,164
Week of 25:05:20263,164
Week of 01:06:20263,049
Week of 08:06:20263,049
Week of 15:06:20263,049
Week of 22:06:20263,049
Week of 29:06:20262,968
Week of 06:07:20262,968
Week of 13:07:20262,968
Week of 20:07:20263,034
Week of 27:07:20263,034
Week of 03:08:20263,118
Week of 10:08:20263,118
Week of 17:08:20263,150
Week of 24:08:20263,212
Week of 31:08:20263,212
Week of 07:09:20263,260
Week of 14:09:20263,339
Week of 21:09:20263,339
Week of 28:09:20263,339
Week of 05:10:20263,339
Week of 12:10:20263,385
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20263,288
May 20263,164
June 20263,049
July 20263,034
August 20263,212
September 20263,339
October 20263,385
Tăng trưởng người đăng ký - Yearly
DateSubscribers
20263,385

Top 10 posts

Most viewed posts from this channel

By views
  1. #1‎'ဒီရာသီလည်း မလွယ်ကူတဲ့ လီ‌ဗာပူးလ်'1.2K
  2. #2ရိုဒရီရဲ့ စိတ်ဓါတ်က တကယ်ကို အထက်တန်းစားဆန်တယ်လို့ ပြောရမယ်။ မန်စီးတီးက1.1K
  3. #3‎'အလွန်ဆိုအတွက် စိတ်မကောင်းစရာ အချက်တစ်ချက်'982
  4. #4ဂုတ်ကြီးမက်ဆီ နိုင်ငံလက်‌878
  5. #5(112)ကြိမ်မြှောက် Correct Score Giveaway Winner List834
  6. #6Transfer Deadline Day ရဲ့ စိတ်မကောင်းစရာအကောင်းဆုံး မြင်ကွင်းတွေထဲက တစ777
  7. #7သစ္စာတော်ခံကြသူများ767
  8. #8ရော်နယ်ဒို လူတွေကို မဂ်လာပွဲမဖိတ်တဲ့အကြောင်းအရင်း755
  9. #9‎'အလိုကြီး အရနည်း မိုနာကို'715
  10. #10‎'ဘာစီလိုနာရဲ့ အောင်မြင်မှုသော့ချက်'714

Bài đăng gần đây

Friday and Friends! logo
Friday and Friends!

09:22 19 thg 10, 2026

Photo1/2
ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ မန်ယူ

ယူနိုက်တက်ဟာ လိဒ်စ်နဲ့ပွဲမှာ အမ်ဗြူမိုရဲ့ ဦးဆောင်ဂိုးကြောင့် အနိုင်ရနိုင်မယ့် အနေအထားကို ရောက်ခဲ့ပေမဲ့ နောက်ဆုံးမှာ ၁-၁ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ရဖို့ လိုအပ်နေတဲ့အသင်းအတွက် ဒီရလဒ်ဟာ မျှော်လင့်ချက်ကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။

လိဒ်စ်ဟာ ဒုတိယပိုင်းအစ ၆ မိနစ်မှာပဲ ကယ်လ်ဗတ်လီဝင်ရဲ့ သွင်းဂိုးနဲ့ ချေပနိုင်ခဲ့ပါတယ်။ ယူနိုက်တက်တို့ ဦးဆောင်ဂိုးရပြီးနောက် ပွဲကို အနိုင်ရလဒ်အဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့တာကြောင့် အမှတ်နှစ်မှတ် ထပ်မံဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုး ထပ်ခါထပ်ခါ ဖြစ်လာတာက အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းတွေ ဖြစ်စေပါတယ်။

ပွဲစပြီးနောက်ပိုင်း ယူနိုက်တက်တို့ ဦးဆောင်ဂိုးရဖို့ ကြိုးစားမှု အောင်မြင်ခဲ့ပေမဲ့ ဂိုးတစ်ဂိုးတည်းနဲ့ ပွဲကို အဆုံးသတ်နိုင်ဖို့ မလုံလောက်ခဲ့ပါဘူး။ လိဒ်စ်က ချေပဂိုးပြန်သွင်းနိုင်ခဲ့ပြီးနောက် နှစ်သင်းစလုံး အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ကြပေမဲ့ ပွဲအပြီးမှာတော့ ရလဒ်က ၁-၁ အတိုင်း ရှိနေခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အဓိကပြဿနာက ဒီတစ်ပွဲတည်းမဟုတ်ပါဘူး။ ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲပျောက်နေပြီး အဆင့် ၁၃ နေရာမှာ ရှိနေတဲ့အတွက် အသင်းဟာ ရလဒ်ပိုင်းတည်ငြိမ်မှုကို ပြန်လည်ရှာဖွေဖို့ လိုအပ်နေပါတယ်။ ကာရစ်အတွက်လည်း အချိန်ကြာလာတာနဲ့အမျှ ဖိအားတွေ ပိုတိုးလာနိုင်တာကြောင့် နောက်ပွဲတွေမှာ ရလဒ်ကောင်းတစ်ခု ပြသနိုင်ဖို့ အရေးကြီးနေပါတယ်။


1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
3001
Friday and Friends! logo
Friday and Friends!

16:02 18 thg 10, 2026

Photo1/2
ရက်ရှ်ဖို့ဒ်ရဲ့ ကွာခြားတဲ့ဘဝ

ဘောလုံးလောကဆိုတာ တကယ်တော့ အံ့သြစရာတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်ခုံကြီးတစ်ခုပါပဲ။

တစ်ချိန်က အိုးလ်ထရပ်ဖို့ဒ်ရဲ့ သက်တူရွယ်တူလေးတွေကြားမှာ ကြယ်ပွင့်တစ်ပွင့်လို တောက်ပခဲ့တဲ့ မားကတ်စ် ရက်ရှ်ဖို့ဒ်တစ်ယောက် ဘာစီလိုနာဆိုတဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းကြီးဆီ ခေတ္တရောက်ရှိသွားခဲ့ပါတယ်။

ဟန်ဆီ ဖလစ်ရဲ့ အုပ်ချုပ်မှုအောက်၊ နာမည်ကျော်
"Flick Ball" ကစားကွက်ကြီးထဲမှာ ရက်ရှ်ဖို့ဒ်ဆိုတဲ့ လူငယ်လေးဟာ သူ့ရဲ့ ပျောက်ဆုံးနေတဲ့ အပြုံးတွေကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ကွင်းလယ်ကနေ ပြေးထွက်လာတဲ့ ပုံစံတွေ၊
ဂိုးလ်သွင်းယူနိုင်စွမ်းတွေ၊ အသင်းဖော်တွေနဲ့ အလိုက်သင့် ဖန်တီးပေးနိုင်မှုတွေက သူ့ကို "ကစားသမားသစ်တစ်ယောက်" လို ဖြစ်စေခဲ့ပါတယ်။

ဘောလုံးပရိတ်သတ်တွေကလည်း
ရက်ရှ်ဖို့ဒ်တစ်ယောက် သူ့ရဲ့ ပတ်ဝန်းကျင်အမှန်ကို ရှာတွေ့သွားပြီဆိုပြီး ပြောဆိုနေခဲ့ကြပြီး အားလုံးက ရင်ထဲကနေ ဝမ်းသာအားပေးခဲ့ကြရပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အဲဒီနောက်မှာ ကျန်ရໍစ်ခဲ့တာကတော့ ရင်နာစရာ စာရင်းဇယားတွေပါပဲ။

ပွဲထွက်ခွင့် - ၈ ပွဲ

သွင်းဂိုးလ် - ၀ ဂိုးလ်

ဂိုးလ်ဖန်တီးမှု - ၀ ကြိမ်

ချန်ပီယံလိဂ်ဖလားကို ရယူဖို့ အိပ်မက်မက်နေခဲ့တဲ့ ကစားသမားတစ်ယောက်ဟာ ဒီကနေ့မှာတော့ ယူနိုက်တက်အသင်းနဲ့အတူ တန်းဆင်းဇုန်က လွတ်မြောက်ဖို့အတွက် ရုန်းကန်နေရတဲ့ လက်တွေ့ဘဝဆီ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

ကစားသမားတစ်ယောက်အတွက် 'မှန်ကန်တဲ့ ပတ်ဝန်းကျင်' ဆိုတာ ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာကို ရက်ရှ်ဖို့ဒ်ရဲ့ ဖြစ်ရပ်က သက်သေပြနေပါတယ်။ ကာကွယ်မှုတွေ အားနည်းနေတဲ့ အသင်းဟောင်း၊ ယုံကြည်မှုတွေ ကျဆင်းနေတဲ့ ပတ်ဝန်းကျင်တစ်ခုထဲကို ပြန်ရောက်လာတဲ့အခါ အတိတ်က တောက်ပမှုတွေဟာ အရောင်မှိန်သွားခဲ့ရပါပြီ။

1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
245003
Friday and Friends! logo
Friday and Friends!

13:53 18 thg 10, 2026

Photo1/2
‎အကောင်းဆုံးပုံစံ ရှာတွေ့သွားတဲ့ ချဲလ်ဆီး
‎
‎ဘုန်းမောက်ကို ၅-၁၊ အဲဗာတန်ကို ၂-၀ နဲ့နိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ချဲလ်ဆီးနဲ့ပတ်သက်ပြီးထူးခြားချက်က မွိုက်ဆက်စ်ကိုင်စီဒို-ဂျော်ဒန်ဟန်ဒါဆန် ကွင်းလယ်အတွဲဟာ အ‌ပြာရောင်တွေအတွက် တိုက်စစ်-ခံစစ်ဟန်ချက်ညီမျှစေတဲ့ အကောင်းဆုံး duo ဖြစ်တယ်ဆိုတာပါပဲ။
‎
‎ရှာဘီအလွန်ဆိုရဲ့ ၃-၄-၂-၁ ကစားကွက်ဟာ ကိုးလ်ပါးမားနဲ့ မော်ဂန်ရော်ဂျာစ်တို့ကို လွတ်လပ်မှုရှိစေတယ်။ ပက်ဒရိုနက်တိုလို traditional winger တစ်ဦးကို wing back အဖြစ်အသုံးချခြင်းဟာ အလော-င်းအစာ:ဆန်ခဲ့ပေမယ့် သူ့ရဲ့ခံစစ်ကို cover လုပ်နိုင်စွမ်းကြောင့် အလွန်အကျိုးရှိသွားတယ်။
‎
‎နိဒါန်းမှာချီခဲ့သလိုပဲ ကိုင်စီဒို-ဟန်ဒိုအတွဲဟာ ချဲလ်ဆီးပရိသတ်တွေမြင်တွေ့ချင်နေတဲ့ ပုံစံကိုပြသခဲ့ပြီး ဟန်ချက်ညီမျှမှု၊ အတွေ့အကြုံရင့်သန်မှု၊ ကျစ်လျစ်မှုတို့ကို သယ်ဆောင်လာပါတယ်။ တစ်ဘက်မှာ ဟန်ဒါဆန်ရဲ့အသက်အရွယ်ကသာ မေးခွန်းထုတ်စရာဖြစ်နေပြီး အလွန်ဆိုအနေနဲ့ အစားထိုးနိုင်မယ့်ကွင်းလယ်လူ ရှာဖွေထားသင့်တယ်။
‎
‎အချိုပေါ်သကာလောင်းတဲ့အချက်က (၉)လကြာ clean sheet ပျောက်ဆုံးနေတဲ့ ချဲလ်ဆီးခံစစ်ကြောင်းဟာ အဲဗာတန်ရဲ့ ကစားရခက်ခဲတဲ့ဂွတ်ဒီဆင်ပါ့ခ်ကွင်းကြီးထဲမှာ ပေးဂိုးမဲ့နိုင်ပွဲပိုင်ဆိုင်ခဲ့တာပါ။ နိုင်ငံတကာပွဲစဉ်ကာလအလွန်မှာ ချဲလ်ဆီးရဲ့လက်ရှိစွမ်းဆောင်ရည်ဟာ ရင်ခုန်စိတ်လှုပ်ရှားပြီး ကျေနပ်စရာအပြည့်ပါ။
‎
‎အလွန်ဆိုရဲ့အသင်းဟာ ခိုင်မာတဲ့ပင်ကိုစတိုင်နဲ့ ကစားဟန်တစ်ခုကို ပုံဖော်ထားနိုင်ပြီဖြစ်တာကြောင့် ပြိုင်ဘက်တွေအနေနဲ့ သတိထားစရာအသင်းကောင်းတစ်သင်းလို့ ပြောရပါမယ်။
‎
‎1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
232002
Friday and Friends! logo
Friday and Friends!

11:10 18 thg 10, 2026

Photo1/2
လာလီဂါ ၉ ပွဲကစားပြီးချိန်မှာ ၃၉ ဂိုးအထိ သွင်းယူထားတဲ့ ဘာစီလိုနာအသင်း

ဘက်တစ်ကို ၂-၅ နဲ့ အနိုင်ယူပြီးနောက် ဒီရာသီ ဘာစီလိုနာဟာ တကယ်ကို ရပ်တန့်ဖို့ခက်ခဲတဲ့ အသင်းတစ်သင်းဖြစ်ကြောင်း ထပ်မံသက်သေပြလိုက်ပါပြီ။ ပြိုင်ဘက်ရဲ့ကွင်းမှာ သွားကစားရတဲ့ပွဲဖြစ်ပေမဲ့ ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်စွမ်းအား ဘယ်လောက်ပြင်းထန်နေသလဲဆိုတာ ပြသခဲ့ပါတယ်။

ဒီရာသီ ဘာစီလိုနာရဲ့ အထူးခြားဆုံးအချက်က ဂိုးသွင်းနိုင်စွမ်းတစ်ခုတည်း မဟုတ်ပါဘူး။ ပွဲတိုင်းမှာ ဂိုးရဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်သလို ပြိုင်ဘက်ကို ဖိအားပေးကစားနိုင်တဲ့ တိုက်စစ်ပုံစံကလည်း အန္တရာယ်များလွန်းပါတယ်။ လာလီဂါ ၉ ပွဲအတွင်း ၃၉ ဂိုးဆိုတာ ပွဲတစ်ပွဲပျမ်းမျှ ၄ ဂိုးကျော် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ တိုက်စစ်အင်အားကို ကိန်းဂဏန်းတွေနဲ့ပါ မြင်တွေ့နိုင်ပါတယ်။

ဘက်တစ်ကို အဝေးကွင်းမှာ ၅ ဂိုးသွင်းပြီး အနိုင်ယူနိုင်ခဲ့တဲ့ ဒီရလဒ်ကလည်း ဘာစီလိုနာရဲ့ ရည်မှန်းချက်ကို ပိုမိုထင်ရှားစေပါတယ်။ ဂိုးတွေသွင်းယူရုံသာမက ပြိုင်ဘက်ကို အမြဲတမ်းဖိအားပေးထားနိုင်တဲ့ အသင်းတစ်သင်းအဖြစ် ပုံစံကောင်းပြနေပါတယ်။ လာလီဂါမှာ ဘာစီလိုနာကို တားဆီးဖို့ ဘယ်အသင်းက နည်းလမ်းရှာတွေ့နိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။

ဒီနိုင်ပွဲနဲ့အတူ ဘာကာဟာ ပွဲတိုင်းနိုင်စံချိန်ကိုဆက်ထိန်းထားပြီး ၉ ပွဲမှာ ၃၉ ဂိုးအထိ သွင်းထားကာ ဘယ်အသင်းကိုမဆို ချေမှုန်းဖို့ အသင့်ပဲဆိုတာကို ထပ်ပြီး ပြသသွားခဲ့ပါတယ်။

1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
243004
Friday and Friends! logo
Friday and Friends!

08:50 18 thg 10, 2026

Photo1/4
တလကျော်ကြာပြီးနောက် လက်စားချေပြခဲ့တဲ့ မက်ဆီ

လွန်ခဲ့တဲ့တစ်လက အင်တာမိုင်ယာမီနဲ့ အတ္တလန္တာယူနိုက်တက်တို့ ပွဲစဉ်မှာ ဂျူနီယာ အလွန်ဆိုဟာ ဂိုးဝင်တော့မယ့် ဘောလုံးကို ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့ပြီးနောက် မက်ဆီရဲ့ မျက်နှာရှေ့မှာ အောင်ပွဲခံခဲ့ပါတယ်။ အဲဒီအပြုအမူကြောင့် ပွဲအပြီးမှာ သူတို့နှစ်ဦး စကားများခဲ့ကြပြီး အခြေအနေကလည်း တင်းမာခဲ့ပါတယ်။

ဒီမနက် အတ္တလန္တာနဲ့ ပြန်လည်ရင်ဆိုင်ချိန်မှာတော့ မက်ဆီက အဲဒီအဖြစ်အပျက်ကို မေ့မထားခဲ့ပါဘူး။ အလွန်ဆိုနဲ့ တစ်ဦးချင်းရင်ဆိုင်ရတဲ့အချိန်မှာ လှပတဲ့အလှည့်အပြောင်းတွေနဲ့ အကွက်ကျကျ ကျော်ဖြတ်ပြခဲ့ပြီး အလွန်ဆိုကို ဘာမှမတတ်နိုင်ဘဲ နောက်ကနေကြည့်နေစေခဲ့ပါတယ်။ အဲဒီကစားကွက်ကို ကြည့်ရတာ မက်ဆီရဲ့ခြေထဲက ဘောလုံးကို လိုက်ဖမ်းဖို့တောင် မလွယ်တဲ့အထိပါပဲ။

အဲဒီနောက် မက်ဆီက အင်တာမိုင်ယာမီအတွက် ၃-၀ ဖြစ်စေမယ့် ဂိုးကို သွင်းယူပြီး အလွန်ဆိုနဲ့ ဒီပေါလ်တို့အတူ သူ့မျက်နှာရှေ့မှာ ပြန်လည်အောင်ပွဲခံခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အလွန်ဆိုကို “မင်း အခုထိ ခေါင်းမူးနေတုန်းပဲလား” ဆိုတဲ့သဘောမျိုး လက်ဟန်ခြေဟန်နဲ့ စနောက်ပြခဲ့ပါသေးတယ်။

လက်စားချေမှုဆိုတာ အေးအေးဆေးဆေးနဲ့ အချိန်ကိုက်ပြန်ဆပ်နိုင်တဲ့အခါ ပိုအရသာရှိတယ်။ မက်ဆီအတွက်တော့ စကားနဲ့ပြန်မတုံ့ပြန်ဘဲ ဘောလုံးနဲ့ပဲ အဖြေပေးလိုက်တာပါ။

1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
238004
Friday and Friends! logo
Friday and Friends!

14:49 17 thg 10, 2026

Photo1/2
(117)ကြိမ်မြောက် Correct Score Giveaways


ဆုကြေးငွေ:  1x Bet Unit (ငါးသောင်း )



🦁ပရီးမီးယားလိဒ် ပွဲစဉ်(7)

⚽️နော်တင်ဟမ် vs အာဆင်နယ်⚽️


📅ရက်စွဲနှင့် အချိန်: Oct 18, 10:00 PM


ဆုမဲစည်းမျဉ်းများ

Friday and Friends ချန်နယ်မှာ ပွဲပြီးရလဒ် မန့်ပြီးလျှင်  အဖြေမှန်သူ (5) ယောက်ကို 10,000 MMK စီ ပေးအပ်ပါမည်။


ဆုကြေးငွေ စုစုပေါင်းမှာ တစ်ဦးကို တစ်သောင်းကျပ် ငါးယောက် (၅သောင်း) MMK ဖြစ်ပါတယ်။

အ‌ဖြေမှန်တဲ့ မိတ်ဆွေ့တွေ့မှ
ကျနော်တို့Promo Code User ဆို ဆုကြေးငွေ နှစ်ဆထုတ်ပေးသွားပါမယ်။

ပါဝင်ရန်

1⃣ Correct Score မန့်ရန်


2️⃣ ပထမဆုံး အဖွင့်ဂိုးသွင်းမယ့်ကစားသမားနာမည် ဖြေပါ။


3⃣ Telegram Football Groups များတွင် ယခု Post ကို shareပေးရမယ်။

❗️ယခုအပတ်ကမှ စပြီး ပထမဆုံး စတင်ပါဝင်ယှည်ပြိုင်ကြမယ် မိတ်ဆွေ့တွေ့ စည်းမျည်းစည်းကမ်း အသေးစိတ်ကို commentမှ ဖတ်ရှုပေးပါဗျာ။

4⃣ Like နှင့် Share ပြုလုပ်ထားသော Screenshot ကို Telegram Channel မှ ပွဲရလဒ် နဲ့ တင်ပေးပါ။

5⃣Telegram Football Groups
များ share ရာ၌ အနည်းဆုံး မန်ဘာ ၁ရာအထက်ပါသော Share Ss ကိုသာ လက်ခံသွားပါတောမယ်။

အဖြေမှန်ပြီး ဆုကြေးငွေ သိမ်းပိုက်နိုင်ကြပါစေ မိတ်ဆွေတို့ရေ။


1x bet မှာ အကောင့်သစ် ဖွင့်ချင်သူများ Promo code - HMH  ကို အသုံးပြုပြီး 100%ဘောနပ်ရယူလိုက်ပါ။

Promo Code-HMH

1x bet အကောင့် ကိုယ်တိုင် ဖောက်နည်း - https://t.me/Friday_Friends/1829p
6270071
Friday and Friends! logo
Friday and Friends!

13:21 16 thg 10, 2026

Photo1/2
‎'အလွန်‌ဆိုမှန်ပြီး ဗင်နီမှားခဲ့တဲ့ အကွဲအပြဲ'
‎
‎ရီးယဲလ်မက်ဒရစ်နည်းပြဘဝတုန်းက ရှာဘီအလွန်ဆိုရဲ့ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ခဲ့ကြောင်း အချိန်ကသက်သေပြသွားပါတယ်။
‎
‎စပိန်နာမည်ကျော်သတင်းဌာန El Mundo ရဲ့ဖော်ပြချက်အရ အလွန်ဆိုတစ်ယောက် တော်ဝင်ကလပ်မှာ ဗင်နီစီးယပ်စ်ဂျူနီယာကို လူစားလဲလှယ်သည်ဖြစ်စေ၊ အရံခုံထိုင်ခိုင်းသည်ဖြစ်စေ ပရိသတ်တွေဟာ နည်းပြကိုဝိုင်းဝန်းဝေဖန်ကြတယ်။
‎
‎ရီးယဲလ်အတွင်းစည်းဝိုင်းမှာ သူတို့ကဗင်နီကို အစဉ်အမြဲကာကွယ်ပေးကြပြီး သူ့လိုအရည်အချင်းရှိတဲ့ကစားသမားတစ်ယောက်ဟာ အရံခုံထိုင်ရဖို့လုံးဝမထိုက်တန်ကြောင်း နည်းပြကိုဝိုင်းပြောပြီးဖိအားပေးခဲ့ကြတာပါ။
‎
‎ဘုတ်အဖွဲ့ဟာ အလွန်ဆိုနဲ့ ဗင်နီနှစ်ယောက်ကြားပြဿနာမှာ ကစားသမားဘက်ကရပ်တည်ခဲ့ကြတယ်။ ဒါပေမယ့်အခုချိန်မှာတော့ ဗင်နီနဲ့ပတ်သက်ပြီး အလွန်‌ဆိုရဲ့ဆုံးဖြတ်ချက်တွေဟာ မှန်ကန်မှုရှိခဲ့ကြောင်း သူတို့တွေလက်ခံသွားကြပါပြီ။
‎
‎ဘရာဇီးလ်သားရဲ့ လတ်တလောစိတ်ပျက်ဖွယ်ခြေစွမ်းတွေအပေါ် သူတို့တွေစိတ်ပူနေကြပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာတဲ့ဗင်နီစီးယပ်စ်ဟာ သုံးစားလို့မရအောင်‌ကျဆင်းသွားရာ သူ့လိုကစားသမားအတွက် အလွန်ဆိုလိုလုပ်ရည်ကိုင်ရည်အပြည့်နဲ့ နည်းပြတစ်ယောက်ကိုလက်လွှတ်မိတဲ့အပေါ် ဘုတ်အဖွဲ့ဟာ အကြီးအကျယ်နောင်တရနေကြပါတယ်။
‎
‎1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
665005
Friday and Friends! logo
Friday and Friends!

11:30 16 thg 10, 2026

Photo1/2
နိုဝင်ဘာလ ဖီဖာ နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်အတွင်း အာဂျင်တီးနားအသင်းနဲ့ နိုင်ငံတကာခြေစွမ်းစမ်းပွဲတွေ ကစားဖို့ တရုတ်၊ ဆော်ဒီအာရေဗျနဲ့ အိန္ဒိယနိုင်ငံတို့က ငြင်းပယ်လိုက်ကြပါတယ်။

ကာလကြာရှည်လာတဲ့ စပွန်ဆာနဲ့ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းလာတာကြောင့်လည်း ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာကြာအောင် ချီကီ တာပီယာရဲ့ ဦးဆောင်မှုအောက်မှာ ဒီလိုခြေစမ်းပွဲတွေ ကျင်းပဖို့အတွက် ပွဲလက်မှတ်ဝင်ငွေနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အရေးအားလုံးရဲ့ ရာနှုန်းပြည့် (၁၀၀%) ကို AFA ဘက်က တောင်းဆိုခဲ့တာပါ။

ဒါပေမဲ့ ကွင်းထဲမှာ လီယွန်နယ် မက်ဆီ မပါရှိတော့တဲ့အခါမှာတော့ အာရှပွဲစီစဉ်သူတွေအနေနဲ့ အဲဒီစည်းကမ်းချက်တွေကို ဆက်လက်လက်ခံဖို့ ဒါမှမဟုတ် ကွင်းမပြည့်နိုင်တော့မယ့် ဘောလုံးကွင်းတွေအတွက် သန်းပေါင်းများစွာသော ငွေကြေးတွေကို ပေးချေဖို့ ဆန္ဒမရှိကြတော့ပါဘူး။

မက်ဆီရဲ့ နာမည်ကို ရောင်းစားပြီး လုပ်ကိုင်ခဲ့တဲ့ စီးပွားရေးစနစ် ပြီးဆုံးသွားပါပြီ။ မက်ဆီမရှိတော့တဲ့အချိန်မှာ AFA ရဲ့ ညှိနှိုင်းဆွေးနွေးနိုင်စွမ်းနဲ့ ဩဇာတိက္ကမဟာ အရင်လို ဘယ်တော့မှ ဖြစ်တော့မှာ မဟုတ်ပါဘူး။


အာရှခရီးစဉ် ဖျက်သိမ်းပြီးနောက် AFA ဟာ တောင်အမေရိကအသင်းတွေနဲ့ ခြေစမ်းပွဲတွေ စီစဉ်ဖို့ အာရုံစိုက်နေပြီး ဥရုဂွေးအသင်းက အဓိကရွေးချယ်စရာတစ်ခု ဖြစ်လာပါတယ်။ ဒါ့အပြင် အာဖရိကအသင်းတွေနဲ့ ခြေစမ်းပွဲတွေ စီစဉ်ခဲ့ပုံ၊ အဲဒီအသင်းတွေ ဝင်ငွေမရခဲ့ဘူးဆိုတဲ့ သတင်းတွေနဲ့ ဝင်ရောက်ခွင့်ကန့်သတ်မှုတွေကြောင့်လည်း AFA ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။


1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
576002
Friday and Friends! logo
Friday and Friends!

08:24 16 thg 10, 2026

Photo1/4
ဥရောပဘောလုံးလောကကို တုန်လှုပ်စေတဲ့ ဘိုဒို/ဂလင့်တ်ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ တိုက်လေယာဉ်မှူးဟောင်းတစ်ဦး ရှိနေပါတယ်။ နော်ဝေကလပ်ရဲ့ စိတ်ပိုင်းဆိုင်ရာနည်းပြ ဘီယွန်း မန်းစ်ဗက်ခ်ဟာ အရင်က တိုက်လေယာဉ်မှူးတစ်ဦးဖြစ်ခဲ့ပြီး စစ်ဘက်မှာ အသုံးပြုခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေကို ဘောလုံးလောကထဲ ယူဆောင်လာခဲ့သူပါ။

၂၀၁၇ ခုနှစ်မှာ နော်ဝေရဲ့ ဒုတိယတန်းကို တန်းဆင်းခဲ့ရတဲ့ ဘိုဒို/ဂလင့်တ်ဟာ အဲဒီအချိန်ကနေစပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို အလေးထားလုပ်ဆောင်လာခဲ့ပါတယ်။ ဖိအားတွေကြားမှာ စိတ်တည်ငြိမ်ဖို့၊ အမှားလုပ်မိမှာကို မကြောက်ဘဲ ကိုယ့်ရဲ့ကစားပုံအပေါ် အာရုံစိုက်နိုင်ဖို့နဲ့ အသင်းသားအချင်းချင်း ယုံကြည်မှုတည်ဆောက်ဖို့ မန်းစ်ဗက်ခ်က ကူညီပေးခဲ့တာပါ။ အောင်မြင်မှုဟာ နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ဘဲ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ အသင်းယဉ်ကျေးမှုရဲ့ ရလဒ်လည်း ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်မှာတော့ ဘိုဒို/ဂလင့်တ်ဟာ မန်စီးတီး၊ အက်သလက်တီကိုမက်ဒရစ်၊ အင်တာမီလန်တို့လို ဥရောပထိပ်တန်းအသင်းတွေကို အနိုင်ယူနိုင်ခဲ့ပြီး ဘော်ရုရှားဒေါ့မွန်ကိုလည်း ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ အာတိတ်စက်ဝိုင်းအတွင်းက မြို့ငယ်လေးတစ်မြို့ကို အခြေစိုက်တဲ့ အသင်းတစ်သင်းက စိတ်ဓာတ်ပိုင်း၊ အသင်းလိုက်စည်းလုံးမှုနဲ့ ကိုယ်ပိုင်ကစားဟန်ကို အားကိုးပြီး ဥရောပအင်အားကြီးအသင်းတွေကို စိန်ခေါ်နေတာပါ။ ဘောလုံးမှာ ငွေကြေးနဲ့ နာမည်ကြီးကစားသမားတွေကသာ အရာရာမဟုတ်ကြောင်း ဘိုဒို/ဂလင့်တ်က သက်သေပြနေပါတယ်။


1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
433003
Friday and Friends! logo
Friday and Friends!

11:05 15 thg 10, 2026

Photo1/2
အိမ်ပြန်လာတဲ့ ဂွါဒီယိုလာပါ စိတ်ပျက်သွားခဲ့ရတဲ့ မန်စီးတီးရဲ့ ရှုံးပွဲ

မန်စီးတီးရဲ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြ ပက်ပ်ဂွါဒီယိုလာဟာ အီတီဟတ်ကို ပြန်လာပြီး သူ့အသင်းရဲ့ အောင်ပွဲကို ကြည့်ရှုဖို့ မျှော်လင့်ခဲ့ပေမဲ့ မြင်တွေ့ခဲ့ရတာကတော့ ပီအက်စ်ဂျီရဲ့ တိုက်စစ်အောက်မှာ အခက်တွေ့နေတဲ့ မန်စီးတီးပါပဲ။ ပွဲအစ မိနစ် ၃၀ ကျော်အတွင်းမှာတင် ၃ ဂိုးအထိ ခွင့်ပြုခဲ့ရတာကြောင့် ပက်ပ်တစ်ယောက် စိတ်ပျက်စရာအခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။

ဒက်ဇီရေးဒူအေး၊ အူစမန်ဒမ်ဘီလီနဲ့ ဗီတင်ညာတို့ရဲ့ သွင်းဂိုးတွေကြောင့် ပီအက်စ်ဂျီဟာ ပထမပိုင်းမှာတင် မန်စီးတီးကို ၃-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဟာလန်းက နှစ်ဂိုးပြန်သွင်းပြီး မန်စီးတီးအတွက် မျှော်လင့်ချက်ပြန်ပေးခဲ့ပေမဲ့ မက်ဂ်နက်စ်အက်ကလူးရှ်ရဲ့ စတုတ္ထဂိုးက ပီအက်စ်ဂျီရဲ့ အနိုင်ကို သေချာစေခဲ့ပါတယ်။


ဂွါဒီယိုလာ ပြန်လာကြည့်တဲ့ပွဲမှာ မန်စီးတီးအတွက် အရှက်ရစရာဖြစ်ခဲ့တာက ရှုံးနိမ့်ခဲ့ရခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ အသင်းရဲ့ ခံစစ်စည်းလုံးမှု၊ ပြိုင်ဘက်ရဲ့ဖိအားအောက်မှာ ဘောလုံးထိန်းချုပ်နိုင်မှုနဲ့ အရေးကြီးတဲ့အချိန်တွေမှာ အမှားမလုပ်မိဖို့ လိုအပ်ချက်တွေကိုပါ မြင်တွေ့ခဲ့ရတာပါ။ ဟာလန်းရဲ့ နှစ်ဂိုးက အသင်းကို ကယ်တင်ဖို့ မလုံလောက်ခဲ့ဘဲ အီတီဟတ်မှာ မန်စီးတီးဟာ ပြန်လည်သုံးသပ်စရာတွေ အများကြီးနဲ့ ကျန်ခဲ့ရပါတယ်။

တစ်ချိန်က မန်စီးတီးကို ဥရောပထိပ်တန်းအသင်းတစ်သင်းအဖြစ် တည်ဆောက်ပေးခဲ့တဲ့ ဂွါဒီယိုလာအတွက်တော့ အီတီဟတ်မှာ ဒီလိုမြင်ကွင်းမျိုးကို ကြည့်နေရတာ စိတ်ပျက်စရာပါပဲ။ ပီအက်စ်ဂျီက သူတို့ရဲ့ တိုက်စစ်အရည်အသွေးနဲ့ မန်စီးတီးကို အနိုင်ယူသွားချိန်မှာ ဂွါဒီယိုလာ မျှော်လင့်ခဲ့တဲ့ အောင်ပွဲညဟာ စိတ်ပျက်စရာညတစ်ညအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။


1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
503003
Friday and Friends! logo
Friday and Friends!

08:40 15 thg 10, 2026

Photo1/2
ရိုးမားနဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ဝင်လာခဲ့တဲ့ အန်းဒရစ်ခ်ဟာ အရေးကြီးတဲ့အချိန်မှာ အဖိုးတန်ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ဂိုးက အသင်းအတွက် အရေးပါခဲ့သလို ကိုယ်တိုင်အတွက်လည်း ယုံကြည်မှုတွေ ပြန်လည်ရရှိစေမယ့် အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။

အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် အန်ဒရစ်ခ်ဟာ ရီးရဲလ်မက်ဒရစ်ဂျာစီနဲ့အတူ သူ့ကစားသမားဘဝရဲ့ အမှတ်ရစရာအကောင်းဆုံးညတွေထဲက တစ်ညကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ သူ့မျက်နှာပေါ်က အပြုံးကို ကြည့်ရုံနဲ့ ဒီအခိုက်အတန့်ဟာ သူ့အတွက် ဘယ်လောက် အဓိပ္ပာယ်ရှိတယ်ဆိုတာ သိနိုင်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ဘရာဇီးလ်လူငယ်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်တို့ ၃-၁ ဂိုးနဲ့ နောက်ကလိုက်နေရချိန် ပွဲကစားချိန် ၅၉ မိနစ်မှာ လူစားဝင်လာခဲ့ပါတယ်။ အဲဒီနောက် ၃၅ မိနစ်တောင် မပြည့်ခင်မှာပဲ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ထုတ်ပြနိုင်ခဲ့ပြီး လှပတဲ့ ခေါင်းတိုက်သွင်းဂိုးတစ်ဂိုးနဲ့ အသင်းရဲ့ come back နိုင်ပွဲမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

မော်ရင်ဟိုလက်အောက်မှာ ပွဲကစားခွင့် များများစားစားမရခဲ့တဲ့ အန်းဒရစ်ခ်အတွက် အရန်ခုံပေါ်မှာ အချိန်ကုန်ဆုံးရတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကစားခွင့်ရလာတဲ့အချိန်တိုင်း ကိုယ့်ရဲ့အရည်အသွေးကို သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ ရိုးမားနဲ့ပွဲက သူ့ရဲ့စွမ်းဆောင်ရည်ကလည်း အခွင့်အရေးတစ်ကြိမ်ရလာရင် ဘာလုပ်ပြနိုင်သလဲဆိုတာကို ပြသခဲ့တာပါ။

ပွဲအပြီးမှာတော့ အန်ဒရစ်ခ်ဟာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူ့ရဲ့အပြုံးက ဖုံးကွယ်လို့မရလောက်အောင် ပျော်ရွှင်နေခဲ့ပါတယ်။ ပွဲကစားချိန် အနည်းငယ်သာ ရရှိထားတဲ့ ဘရာဇီးလ်သားဟာ ဝင်ကစားပေးရချိန် အဖိုးတန်ချေပဂိုးရအောင် ယူပေးခဲ့လို့ မော်ရင်ဟိုရဲ့ ယုံကြည်မှုကိုပါ ရရှိခဲ့ပြီဖြစ်ပါတယ်။

1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
425004
Friday and Friends! logo
Friday and Friends!

16:12 14 thg 10, 2026

Photo1/2
(116)ကြိမ်မြှောက် Correct Score Giveaway Winner List

မင်္ဂလာပါခင်ဗျာ
Friday & Friends ရဲ့ (116) ကြိမ်မြောက် Correct Score Giveaway မှာ အဖြေမှန်သူ( 2)ဦး ပေါ်ထွက်လာပါတယ်။

🏆  အဖြေမှန်သူထားတဲ့ညီကိုတွေ့ admin acc ဆီမှာ လာထုတ်လို့ရပါတယ်


ဆုငွေ – 20,000 ကျပ်

အဖြေမှန်သူများသည် အက်မင် Telegram acc မှ တစ်ဆင့် ဆက်သွယ်ပြီး ဆုငွေကို ထုတ်ယူနိုင်ပါသည်။

Giveways တွင် ပါဝင်ပေးကြတဲ့ တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။


📢 ဘောလုံးသတင်းများနှင့် အခြားအစီအစဉ်အသစ်များအတွက်

📌 Friday and Friends Channel ကို Join လုပ်ထားဖို့ မမေ့ပါနဲ့နော်

— Friday and Friends Team

1x bet မှာ အကောင့်သစ် ဖွင့်ချင်သူများ Promo code - HMH
  ကို အသုံးပြုပြီး 100%ဘောနပ်ရယူလိုက်ပါ။

Promo Code-HMH

1x bet အကောင့် ကိုယ်တိုင် ဖောက်နည်း - https://t.me/Friday_Friends/1829p
545003
Friday and Friends! logo
Friday and Friends!

12:08 14 thg 10, 2026

Photo1/2
“ကျွန်တော်က အေစီမီလန်ပရိသတ်ပါ” လို့ ပြောခဲ့ပြီးမှ အင်တာမီလန်ကို ဟက်ထရစ်သွင်းပြခဲ့တဲ့ ကောင်လေး

ငယ်ငယ်ကတည်းက အေစီမီလန်ကို အားပေးလာခဲ့တဲ့ နီကိုလို ထရက်ဆိုဒီဟာ ချန်ပီယံလိဂ်ညမှာ သူ့ရဲ့ငယ်ဘဝအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံကလပ် ကလပ်ဘရုဂျ်အတွက် ကစားပေးနေတဲ့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ အင်တာမီလန်ရဲ့ အိမ်ကွင်း ဂျူဆက်ပီ မီအက်ဇာမှာ ဟက်ထရစ်သွင်းယူပြီး အသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရအောင် ကူညီပေးခဲ့တာပါ။ ဒါဟာ သူ့ရဲ့ ဥရောပပြိုင်ပွဲ ပထမဆုံးဟက်ထရစ်လည်း ဖြစ်ပါတယ်။

ဆန်စီရိုကွင်းမှာ အင်တာကို ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ ဒီညဟာ ထရက်ဆိုဒီအတွက် မမေ့နိုင်စရာညတစ်ည ဖြစ်သွားခဲ့ပါတယ်။ ပွဲမတိုင်ခင် အေစီမီလန်ပရိသတ်တွေက သူ့ဆီ စာတွေပို့ပြီး ဂိုးသွင်းပေးဖို့၊ အင်တာကို အနိုင်ယူပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ထရက်ဆိုဒီက Sky Sport ကို ပြောခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်လည်း သူက အေစီပရိသတ်ဖြစ်ပြီး သူ့အတွက် ဒါက ဒါဘီပွဲလို့ ပြောခဲ့ပါသေးတယ်။
ဒီပွဲမတိုင်ခင်မှာမှ ထရက်ဆိုဒီက “ကျနော်က မီလန်ပရိသတ်ပါ၊ ဒီပွဲက ကျနော့်အတွက်တော့ ဒါဘီပွဲလိုပါပဲ” လို့ ပြောထားခဲ့တာပါ။

ပြီးတော့ အေစီမီလန်ပရိသတ်တွေကလည်း ကျနော့်ဆီ စာတွေပို့ပြီး ဂိုးသွင်းပေးပါ၊ အနိုင်ယူပေးပါလို့ ပြောခဲ့ကြပါတယ်” လို့ ပွဲအပြီးမှာ ထပ်ပြောခဲ့ပါတယ်။


ကလပ်ဘရုဂျ် အနိုင်ရဖို့နဲ့ ဘယ်လ်ဂျီယံ ဘောလုံးလောကအတွက် ကူညီပေးနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ကျွန်တော့်အတွက်တော့ ဒါက မီလန်ဒါဘီပွဲလိုပါပဲ” လို့ ဆိုခဲ့ပါတယ်။

အေစီမီလန်ကို ချစ်မြတ်နိုးတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့ငယ်ဘဝပြိုင်ဘက်ဖြစ်တဲ့ အင်တာမီလန်ကို ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းပြီး အနိုင်ယူနိုင်ခဲ့တာပါ။

ကိုယ်အားပေးတဲ့အသင်းရဲ့ ပရိသတ်တွေကိုလည်း ပျော်ရွှင်မှုတစ်ခု ပေးနိုင်ခဲ့တဲ့ ထရက်ဆိုဒီအတွက်တော့ ဒီညဟာ ဂိုးသုံးဂိုးသွင်းနိုင်ခဲ့တဲ့ညတစ်ညထက် ပိုပါတယ်။ ငယ်ဘဝအိပ်မက်ကို ဆန်စီရိုကွင်းကြီးမှာ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ညပါပဲ။

အခုတော့ ထရက်ဆိုဒီဟာ သူ အားပေးတဲ့ အေစီမီလန်ရဲ့ ခါးသီးမြို့ခံပြိုင်ဘက် အင်တာမီလန်ဘက်ကို ဟက်ထရစ်သွင်းပြီး ကစားသမားဘ၀မှာ ပထမဆုံး ဥရောပပြိုင်ပွဲဟက်ထရစ်ကို ရယူနိုင်ခဲ့ပါပြီ။ ကလပ်ဘရုဂ်ပရိသတ်တွေတင်မက အေစီမီလန်ပရိသတ်တွေကိုပါ ပျော်ရွှင်စေခဲ့ပါတယ်။



1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
455003
Friday and Friends! logo
Friday and Friends!

08:40 14 thg 10, 2026

Photo1/4
‎'ယူနိုက်တက်တစ်သင်းလုံးကို စိတ်ကုန်သွားတဲ့ မာတီးနက်ဇ်'
‎
‎အက်သလက်တီကိုမက်ဒရစ်ကို ၂-၀ နဲ့ခြေပြတ်ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် မန်ချက်စတာယူနိုက်တက်ဗဟိုနောက်ခံလူ လီဆန်ဒရိုမာတီးနက်ဇ်ဟာ အသင်းဖော်တွေ၊ နည်းပြနဲ့ ထိပ်ပိုင်းတာဝန်ခံအားလုံးကို လူသိရှင်ကြားဝေဖန်သွားပါတယ်။
‎
‎"အရမ်းဆိုးတယ်၊ တကယ်အရမ်းဆိုးရွားတယ်။ လက်ရှိအချိန်မှာ ကျွန်တော်စိတ်ထိန်းသင့်ပေမယ့် ဒါကကျွန်တော်တို့အသင်းရဲ့ ပကတိအခြေအနေကို ရောင်ပြန်ဟပ်နေတာပါ။ ကျွန်တော်တို့ဟာ အမှုဆောင်တွေဆီကနေ အများကြီးမျှော်လင့်ထားတာပါ"
‎
‎"သူတို့ဟာ အသင်းရဲ့စံနှုန်းနဲ့ကိုက်ညီတဲ့ ကစားသမားသစ်တွေခေါ်ယူပေးရမှာပါ။ အသင်းတော်တော်များများက အင်အားဖြည့်တင်းမှုတွေပြုလုပ်နေကြပြီး ဒီနေ့မှာဆိုရင် အက်သလက်တီကိုက သူတို့အသင်းဟာ ထိပ်တန်းအသင်းတစ်သင်းအနေနဲ့ အနိုင်ရရှိဖို့ထိုက်တန်ကြောင်း သက်သေပြသွားတယ်"
‎
‎"ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ဟာ အကောင်းဆုံးပေးဆပ်ခဲ့ပြီး ပြိုင်ဘက်ကင်းအသင်းတစ်သင်းဖြစ်အောင် လိုအပ်တဲ့အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်နိုင်ခဲ့တယ်။ ဒါကိုမှ ကျွန်တော်တို့အသင်း ရလဒ်ကောင်းတွေမရရှိတာကို မြင်တွေ့နေရတဲ့အပေါ် စိတ်ပျက်မိပါတယ်"
‎
‎"နည်းပြက သူတတ်နိုင်သမျှ အကောင်းဆုံးလုပ်ထားတာပါ။ ဒါပေမယ့် ရာသီတိုင်းဟာ ကွဲပြားခြားနားပါတယ်။ ခင်‌ဗျားဟာ ပြီးခဲ့တဲ့ရာသီမှာ ခင်ဗျားလုပ်ပြခဲ့တဲ့အတိတ်ဟောင်းထဲ ပိတ်မိနေလို့မရပါဘူး။ အသင်းတွေက ခင်ဗျားရဲ့အထာကိုသိသွားပြီမို့ အပြောင်းအလဲမပြုလုပ်ဘူးဆိုရင် နောက်ရာသီမှာ ပြဿနာတွေကြုံလာရပါတယ်"
‎
‎"နည်းပြနဲ့ ကစားသမားတွေကို အပြစ်တင်တာက လွယ်ကူတာပေါ့။ ဒါပေမယ့် တခြားသူတွေမှာလည်း အပြစ်ရှိမရှိ ဝေဖန်ဆန်းစစ်အကဲဖြတ်ဖို့လိုအပ်ပါတယ်"ဆိုပြီး ‌ပေါ-က်ကွဲသွားတာပါ။ မာတီးနက်ဇ် မနေနိုင်မထိုင်နိုင် ထုတ်ပြောသွားသလိုပဲ ယူနိုက်တက်ရဲ့ပြဿနာတွေမှာ နည်းပြ၊ ကစားသမားနဲ့ ထိပ်ပိုင်းတာဝန်ခံတွေကြား ဘယ်သူ့မှာတာဝန်ရှိဆုံးလဲဆိုတာကိုတော့...
‎
‎1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
387005
Friday and Friends! logo
Friday and Friends!

15:25 12 thg 10, 2026

Photo1/2
‎'ဘာစီလိုနာရဲ့ အောင်မြင်မှုသော့ချက်'
‎
‎ဟန်ဆီဖလစ်ခ်ဟာ ရှက်ဇီနီရဲ့လက်စွမ်းကျဆင်းလာတော့ ဂိုးသမားသစ်တစ်ယောက် ခေါ်ယူပေးဖို့တောင်းဆိုခဲ့သူပါ။
‎
‎အခုရာသီအစမှာ ဂျရတ်မာတင်နဲ့ အဲလက်စ်ဘယ်လ်ဒီတို့ရဲ့ ခြေစွမ်းကျဆင်းလာတော့လည်း သူဟာနှစ်ယောက်စလုံးကို အရံခုံပို့ပစ်ပါတယ်။ သူဟာအရူဟိုလ်ကိုလည်း သူ့ရဲ့ system နဲ့မကိုက်ညီကြောင်း ပွင့်ပွင့်လင်းလင်းအသိပေးပြီး လီဗာပူးလ်ထံအငှားထွက်ကစားစေတယ်။
‎
‎မားကပ်စ်ရက်ရှ်ဖို့ဒ် အငှားလာရောက်ကစားရာမှာ ခြေစွမ်းပြသွင်းဂိုးတွေသွင်းယူတော့ ဘာစီလိုနာပရိသတ်တွေက အပြီးသတ်ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဖလစ်ခ်ဟာငြင်းပယ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်ထံပြန်လာရာ နေရာမရသေးပါဘူး။
‎
‎တဖန် ဖရန်ကီဒီဂျောင် စွမ်းဆောင်ရည်ကျဆင်းသွားတော့ နေရာဖယ်ရှားပြီး နောက်ခံလူတစ်ယောက်ဖြစ်တဲ့ အဲရစ်ဂါစီယာကို ကွင်းလယ်တက်ကစားခိုင်းသလို ညာနောက်ခံလူဂျူးလပ်စ်ခွန်ဒီ အဆင်မပြေတော့လည်း ဂါစီယာကိုအဲဘက်ပို့ပစ်ပါတယ်။
‎
‎ဒါတွေကိုကြည့်လိုက်ရင် ဖလစ်ခ်မှာ favourite ကစားသမားဆိုလို့မရှိဘဲ ကြိုးစားအားထုတ်ပြီး ခြေစွမ်းပြသူတိုင်း အခွင့်အရေးရမှာဖြစ်သလို တော်ရိလျော်ရိအားထုတ်သူတွေကတော့ ချက်ချင်းစွန့်ပစ်ခံနေရတာမို့ ဘာဆာဟာစပိန်မှာ အကောင်းဆုံးအသင်းဖြစ်နေရတာပါ။
‎
‎1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
714009
Friday and Friends! logo
Friday and Friends!

12:34 12 thg 10, 2026

Photo1/2
‎'အကောင်းဆုံးပုံစံနဲ့ ပျံသန်းနေတဲ့ ဘရိုက်တန်'
‎
ဘရိုက်တန်ရဲ့ ဒီရာသီခြေစွမ်းကို ဘာကြောင့် လူတွေ ပိုပြီးမပြောကြတာလဲ။ ပရီးမီးယားလိဂ်မှာ အံ့အားသင့်စရာကောင်းတဲ့ ရာသီအစကို ပိုင်ဆိုင်ထားတဲ့ ဘရိုက်တန်ဟာ အမှတ်ပေးဇယား တတိယနေရာအထိ ရောက်ရှိနေပြီး အသင်းကြီးတွေကိုပါ စိန်ခေါ်နိုင်တဲ့ အင်အားကို ပြသနေပါတယ်။

၆ ပွဲကစားရာမှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားပြီး သွင်းဂိုး ၁၈ ဂိုးနဲ့ ခံစစ်ကပေးဂိုး ၅ ဂိုးသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အထူးသဖြင့် ချန်ပီယံ အာဆင်နယ်ကိုပါ အနိုင်ယူထားနိုင်တာက သူတို့ရဲ့ ရည်မှန်းချက်ကို ပိုပြီးယုံကြည်လာစေမယ့် အချက်တစ်ခုပါပဲ။

နည်းပြ ဖာဘီယန် ဟူဇယ်လာနဲ့ သူ့ရဲ့ကစားသမားတွေဟာ ဘရိုက်တန်ကို အမှတ်ပေးဇယားထဲက အသင်းငယ်တစ်သင်းအဖြစ်သာ မမြင်သင့်တော့ကြောင်း သက်သေပြနေပါတယ်...✍️


‎လက်ရှိရာသီမှာ ဘရိုက်တန်ဟာ အကောင်းဆုံးအချိန်အပိုင်းအခြားတစ်ခု ပိုင်ဆိုင်နေတဲ့အကြောင်း လူတွေသိပ်မပြောကြသေးဘူး။
‎
‎စင်ရော်တွေဟာ အခုရာသီပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတစ်သင်းဖြစ်ကြောင်း ခြေစွမ်းနဲ့ရလဒ်ပိုင်းအရ သက်သေပြနေပါတယ်။ PL (၆)ပွဲကစားပြီးချိန်မှာ (၄)ပွဲနိုင် (၁)ပွဲသရေ (၁)ပွဲရှုံးရလဒ်နဲ့ အမှတ်ပေးဇယားရဲ့အဆင့်(၃)နေရာမှာ ရပ်တည်နေပါတယ်။
‎
‎သွင်းဂိုး(၁၈)ဂိုးသွင်းယူထားတဲ့တိုက်စစ်ပိုင်းက လိဂ်မှာအကောင်းဆုံးဖြစ်နေပြီး (၅)ဂိုးသာခွင့်ပြုထားရတဲ့ခံစစ်ကြောင်းကလည်း ပေးဂိုးအနည်းဆုံးဖြစ်နေပါတယ်။ အဲထဲမှာ လက်ရှိချန်ပီယံအာဆင်နယ်ကို ၃-၀ နဲ့အနိုင်ရရှိထားတဲ့ပွဲစဉ်လည်းပါဝင်ပါတယ်။
‎
‎နည်းပြကြီးဖေဘီယန်ဟာဇီလာနဲ့ အသင်းသားတွေဟာ လက်တွဲညီညီကြိုးစားခြင်းအကျိုး ခံစားနေရပြီး ဘောလုံးပရိသတ်တွေအနေနဲ့ ဘရိုက်တန်ရဲ့စွမ်းဆောင်ရည်တွေအပေါ် ဦးထုပ်ချွတ်ဂုဏ်ပြုဖို့ ထိုက်တန်လွန်းပါတယ်။
‎
‎စင်ရော်တွေအနေနဲ့ ရာသီကုန်တဲ့အခါ ဘယ်လောက်ထိခရီးဆက်နိုင်မလဲ ဆိုတာကိုတော့...
‎
‎1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
659004
Friday and Friends! logo
Friday and Friends!

11:05 12 thg 10, 2026

Photo1/4
အိုဆာဆူနာကို ၅-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး လာလီဂါအမှတ်ပေးဇယား အဆင့် ၃ နေရာအထိ တက်လှမ်းလာတဲ့ ရီးရဲလ်ဘက်တစ်

ဒီရာသီမှာ နိုင်ပွဲ ၆ ပွဲအထိ ရယူထားပြီး ရှုံးပွဲကလည်း တစ်ပွဲသာရှိသေးတာကြောင့် သူတို့ရဲ့ ခြေစွမ်းဟာ တကယ့်ကို အထင်ကြီးစရာကောင်းနေပါတယ်။ အက်သလက်တီကိုမက်ဒရစ်နဲ့ ရမှတ်တူညီနေပြီး ရီးရဲလ်မက်ဒရစ်ထက်တောင် ရမှတ်ပိုများနေတယ်ဆိုတာက ဘက်တစ်ရဲ့ အောင်မြင်မှုကို ပိုပြီးထင်ရှားစေပါတယ်။

ဒီအသင်းဟာ ရလဒ်ကောင်းတွေရယူနေရုံတင်မကဘဲ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ရာမှာလည်း သူတို့ရဲ့အရည်အသွေးကို ပြသနေပါတယ်။ ဥရောပစင်မြင့်မှာလည်း လီလ်ကို အနိုင်ယူနိုင်ခဲ့တာကြောင့် ပြည်တွင်းပြိုင်ပွဲတင်မကဘဲ ဥရောပပြိုင်ပွဲတွေမှာပါ မျှော်လင့်ချက်ထားနိုင်တဲ့အသင်း ဖြစ်လာပါတယ်။

နည်းပြ မန်နူရယ် ပယ်လီဂရီနီရဲ့ အတွေ့အကြုံနဲ့ အသင်းကို တည်ဆောက်ပုံက ဘက်တစ်ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ အရေးပါတဲ့အချက်တစ်ခုပါပဲ။

ဘက်တစ်အတွက် အခုရာသီဟာ အမှတ်ပေးဇယားထိပ်ပိုင်းကို တက်လှမ်းနိုင်ရုံနဲ့ ကျေနပ်ရမယ့်ရာသီမျိုး မဟုတ်ပါဘူး။ လက်ရှိခြေစွမ်းကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ပိုကြီးမားတဲ့ ရည်မှန်းချက်တွေအတွက်ပါ တိုက်ပွဲဝင်နိုင်ပါတယ်။ အသင်းကြီးတွေရဲ့ အရိပ်အောက်မှာပဲ ရှိနေမယ့်အသင်းမဟုတ်ဘဲ သူတို့ကိုယ်တိုင် သတိထားရမယ့် ပြိုင်ဘက်တစ်သင်းဖြစ်လာနေပါပြီ။

ပယ်လီဂရီနီရဲ့ လက်ရာ၊ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဘက်တစ်ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုတို့ ပေါင်းစပ်လိုက်တဲ့အခါ ဒီအသင်းဟာ ရလဒ်တွေနဲ့တင် ရှင်းပြလို့မရတော့ပါဘူး။ ဘက်တစ်ကို နားလည်ဖို့ဆိုတာ အနိုင်ပွဲတွေကို ရေတွက်ရုံနဲ့ မလုံလောက်ဘူး။ သူတို့ရဲ့ကစားပုံနဲ့ အသင်းစိတ်ဓာတ်ကို ခံစားကြည့်ဖို့ လိုပါတယ်။



1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
494004
Friday and Friends! logo
Friday and Friends!

06:36 08 thg 9, 2026

Photo
‎'အလွန်ဆိုအတွက် စိတ်မကောင်းစရာ အချက်တစ်ချက်'
‎
‎ရှာဘီအလွန်‌ဆိုဟာ ရီးယဲလ်မက်ဒရစ်မှာ ကျရှုံးခဲ့ရတဲ့အကြောင်းရင်းကို သင်ခန်းစာယူနိုင်ခဲ့သူပါ။
‎
‎ရီးယဲလ်မှာတုန်းကသူဟာ ချူအာမန်နီ၊ ကာမာဗင်ဂါတို့လို အဝတ်လဲခန်းကိုမဦးဆောင်နိုင်တဲ့ ချာတိတ်ကွင်းလယ်လူတွေကြောင့် စည်းလုံးညီညွတ်မှုပြိုကွဲပြီး ရလဒ်ဆိုးတွေတောက်လျှောက်ကြုံတွေ့ကာ စောစောစီးစီးထွက်ခွာလိုက်ရတာပါ။
‎
‎ချဲလ်ဆီးနည်းပြသစ် ဖြစ်လာတဲ့အချိန်မှာလည်း အသင်းရဲ့ကွင်းလယ်ပိုင်းကို ကြည့်လိုက်တဲ့အခါ အန်ဇိုဖာနန်ဒက်ဇ်၊ မွိုက်ဆက်စ်ကိုင်စီဒိုတို့က leadership ကောင်းမွန်သူတွေမဟုတ်ပါဘူး။ အန်ဇိုက ဦးဆောင်မှုနည်းနည်းကောင်းပေမယ့် မန်စီးတီးပြောင်းမယ်တကဲကဲလုပ်နေခဲ့ပါတယ်။
‎
‎အလွန်ဆိုဟာ တော်ဝင်ကလပ်မှာတုန်းကလို တူညီတဲ့ဖြစ်အင်မကြုံတွေ့ရစေဖို့ အန်ဇိုရဲ့တောင်းဆိုချက်ကို လိုက်လျောပေးခဲ့တယ်။ ဂျော်ဒန်ဟန်ဒါဆန်၊ ဒီဘူမာတီးနက်ဇ်၊ ဒန်နီဝဲလ်ဘတ်တို့လို ပရီးမီးယားလိဂ်အတွေ့ကြုံရင့် ကစားသမားတွေကိုခေါ်ယူပြီး အသင်းရဲ့အဝတ်လဲခန်းကိုဦးဆောင်စေတယ်။
‎
‎သူဟာ အန်ဇိုထွက်သွားတော့မှာမို့ ဒေါင်ဒေါင်မြည်ကွင်းလယ်လူတစ်ယောက် ပြန်လည်ခေါ်ယူဖို့ ကြိုးစားခဲ့‌တယ်။ သူ့ရဲ့စာရင်းထဲမှာ မိုနာကိုကြယ်ပွင့် လာမင်းကာမာရာက ထိပ်ဆုံးမှာရပ်တည်နေခဲ့တာပါ။ ဒါပေမယ့်လည်း မိုနာကိုဟာ ကတိမတည်ဘူး။
‎
‎ချဲလ်ဆီးဘုတ်ကလည်း ဒီတစ်ကွက်မှာ တော်တော်အသုံးမကျဘူး။ အကျိုးဆက်အနေနဲ့ အန်ဇိုထွက်သွားသော်ငြား သူ့နေရာအစားထိုးမယ့်ကစားသမား မရလိုက်ပါဘူး။ အလွန်‌ဆိုရဲ့ နွေရာသီအပြောင်းအရွှေ့လှုပ်ရှားမှုအားလုံးနီးပါးက မှန်ကန်ပြီးအမှတ်‌ပြည့်ပေးထိုက်ခဲ့တာပါ။
‎
‎ဒါပေမယ့်လည်း ဘုတ်အဖွဲ့ရဲ့ပေါ့လျော့မှုကြောင့် ကွင်းလယ်တစ်နေရာအားနည်းသွားတာမို့ ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်အပေါ် ထိခိုက်မှုရှိလာနိုင်ရာ အလွန်ဆိုအတွက် စိတ်မကောင်းဖြစ်မိပါတယ်။
‎
‎1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
982004
Friday and Friends! logo
Friday and Friends!

06:36 08 thg 9, 2026

Photo
Transfer Deadline Day ရဲ့ စိတ်မကောင်းစရာအကောင်းဆုံး မြင်ကွင်းတွေထဲက တစ်ခု

လူငယ် Real Betis တောင်ပံကစားသမား Pablo García ဟာ စပိန်ကလပ် Racing Santander ကို ပြောင်းရွှေ့ဖို့အတွက် အသင်းရဲ့လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာချိန်မှာ မျက်ရည်တွေနဲ့ ထွက်ခွာခဲ့ပါတယ်။


အသက် ၅ နှစ်အရွယ်ကတည်းက ရီးရဲလ်ဘက်တစ်ရဲ့ အကယ်ဒမီဆီ ရောက်နေခဲ့တဲ့ Pablo García ဟာ အသင်းနဲ့အတူ ၁၅ နှစ်ကြာ ဖြတ်သန်းလာခဲ့သူပါ။ ဒီရာသီမှာတော့ သူဟာ အသင်းကြီးရဲ့ လူစာရင်းထဲ ပထမဆုံးပါ၀င်ခွင့်ရဖို့ အခွင့်အရေးရခဲ့တယ်။

ဒါဟာ သူ့အတွက် အိပ်မက်ဆန်တဲ့ ပျော်စရာတစ်ခုဖြစ်ခဲ့ပေမယ့် သူ့အပျော်တွေက ကြာကြာမခံခဲ့ဘူး။ အပြောင်းအရွှေ့မှာနောက်ဆုံးနေ့မှာ အသင်းဟာ ကစားသမားဟောင်း Dani Ceballos ကို ခေါ်ယူဖို့အတွက် ကစားသမားစာရင်းမှာ နေရာလွတ်ဖန်တီးဖို့ ပါဘလိုဂါစီယာကို ရောင်းချခဲ့ရတယ်။

နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့တဲ့ ကလပ်အသင်းကနေ နောက်ဆုံးနေ့မှာ ထွက်ခွာရတဲ့ချိန်မှာ သူဟာ မျက်ရည်တွေကို မထိန်းနိုင်ခဲ့ဘူး။ ကြေကွဲ၀မ်းနည်းစွာနဲ့ ငိုနေတဲ့သူ့ကိုကြည့်ရင်း ဘောလုံးချစ်သူတွေ စိတ်မကောင်းဖြစ်ခဲ့ရတယ်။

ဘောလုံးသမားတစ်ယောက်အတွက် ငယ်ဘ၀ကလပ်ဆိုဝာာဟာ သာမန်အလုပ်ခွင်တစ်ခုဆိုတာထက် အများကြီးပိုပါတယ်။ ငယ်ဘဝကတည်းက အိပ်မက်တွေ၊ အမှတ်တရတွေနဲ့ ပေါင်းစပ်နေတဲ့ ဒုတိယအိမ်တစ်ခုပါပဲ

ဒါပေမယ့် ဘောလုံးလောကမှာတော့ တစ်ခါတလေ ကစားသမားတွေရဲ့ အိပ်မက်ထက် အပြောင်းအရွှေ့တွေက ပိုအရေးကြီးသွားတတ်ပါတယ်။ ဒါဟာ ရက်စက်တဲ့ အမှန်တရားတစ်ခုပါပဲ။


García ဟာ အသက် ၆ နှစ်အရွယ်ကတည်းက Real Betis အကယ်ဒမီ ကို ရောက်ရှိခဲ့ပြီး အသင်းရဲ့ လူငယ်အဆင့်ဆင့်ကို ဖြတ်သန်းကာ ကြီးပြင်းလာခဲ့သူပါ။ Valencia နဲ့ပွဲမှာ အနိုင်ဂိုးသွင်းပေးခဲ့ချိန်ကလည်း Real Betis အသင်းအပေါ် သူဘယ်လောက်အထိ သံယောဇဉ်ရှိလဲဆိုတာ မြင်တွေ့ခဲ့ရပါတယ်။

၁၅ နှစ်ကြာ ကိုယ်ပိုင်ကလေးဘဝကတည်းက အားပေးခဲ့တဲ့ အသင်းကို စွန့်ခွာရတာက အသက် ၂၀ အရွယ် García အတွက် တကယ်ကို စိတ်ထိခိုက်စရာ ဖြစ်ခဲ့ပုံရပါတယ်။

1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
777002
Friday and Friends! logo
Friday and Friends!

06:36 08 thg 9, 2026

Photo
သစ္စာတော်ခံကြသူများ

ပါအိုလာ ဆာလာဇာဟာ မွိုင်းဆက် ကိုင်ဆီဒိုရဲ့
ဘဝအဆိုးဆုံးနဲ့ ခက်ခဲဆုံးအချိန်တွေမှာတောင်
သူ့ဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့ပြီး
ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတိုင်းမှာ အနားမှာ
အမြဲရှိနေခဲ့သူ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ မွိုက်ဆက် ရဲ့ အီကွေဒေါနိုင်ငံက
အင်ဒီပန်ဒီယင့် ဒယ် ဗာယဲ အသင်းမှာ စတင်ကစားတဲ့ ၂၀၁၇ ခုနှစ်ကတည်းက စတင်တွေ့ဆုံခဲ့ကြတာပါ။
အဲ့ဒီအချိန်တုန်းက သူဟာ ဆင်းရဲမွဲတေတဲ့ဘဝကနေ အိပ်မက်ကို လက်မလွှတ်တမ်း ကြိုးစားပျိုးထောင်နေချိန်ဖြစ်ပြီး သူ ဘာမှမဖြစ်သေးတဲ့ အဲ့ဒီအချိန်ကတည်းက
ပါအိုလာက သူ့ဘေးနားမှာ ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။

မွိုက်ဆက် ရဲ့ ဘောလုံးသမားဘဝ အရှိန်အဟုန်နဲ့
တက်လာတဲ့အခါမှာလည်း ပါအိုလာက ဘယ်တော့မှ
သူ့ဘေးကနေ မခွာခဲ့ပါဘူး။ ၂၀၂၂ ခုနှစ်မှာ ဘရိုက်တန် အသင်းဆီ ပြောင်းရွှေ့တော့လည်း အင်္ဂလန်နိုင်ငံအထိ လိုက်ပါပြီး အမြဲအားပေးကူညီခဲ့ပါတယ်။

ဒေသတွင်း ပြိုင်ပွဲငယ်လေးတွေမှာ ကစားတာကစလို့
ချဲလ်ဆီးနဲ့အတူ အောင်မြင်မှုမှတ်တိုင်တွေ ဆွတ်ခူးတဲ့အထိ အဆင့်တိုင်းမှာ သူမက အတူတူ ရှိနေခဲ့တာပါ။

ဒီလိုသစ္စာရှိမူနဲ့ မေတ္တာတရားတွေကပဲ သူတို့ရဲ့ အချစ်ဇာတ်လမ်းကို တကယ်ကို ထူးခြားစေတာ ဖြစ်ပါတယ်။ သူတို့ဟာ နာမည်မကြီးခင်၊ ငွေကြေး မပေါများခင်၊
ဆုဖလားတွေ မရရှိခင် အစပိုင်းကာလတွေကတည်းက အတူရှိခဲ့ကြတာပါ။

ကိုင်စီဒိုဟာလည်း သူမအောင်မြင်ခင်တည်းက ဘေးနားရှိပေးခဲ့တဲ့ ကောင်မလေးအပေါ် တန်ဖိုးထားပြီး
အခုထိ သစ္စာရှိစွာချစ်ပေးသူဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးအသင်းကလည်း ဒီလိုကစားသမားမျိုးကို ပိုင်ဆိုင်ထားရလို့ တကယ်ကို ကံကောင်းပါတယ်။
ကိုင်စီဒိုဟာ သစ္စာတရားကို ကိုယ်စားပြုတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာလည်း မွိုက်ဆက်က ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။
သူဟာ ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်လာချင်ပါတယ်တဲ့။
သူဟာ ချယ်ဆီးအတွက် သက်သက် ကစားနေတာ မဟုတ်ပါဘူး။ အသင်းမှာ သမိုင်းဝင် အမွေအနှစ်တစ်ခုကိုပါ ထားခဲ့ချင်တာ ဖြစ်ပါတယ်။

1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
767008
Friday and Friends! logo
Friday and Friends!

06:36 08 thg 9, 2026

Photo
စံချိန်တင်ခဲ့တဲ့ အပြောင်းအရွှေ့

လွန်ခဲ့တဲ့ ၁၃နှစ်က ဒီလိုနေ့မျိုး၊ အားကစားသတင်းတွေကို ဂျာနယ်စာမျက်နှာတွေပေါ်ကနေပဲ အဓိကဖတ်ရှုရချိန်၊ ၂၀၁၃ နွေအပြောင်းအရွှေ့ရာသီရဲ့ နောက်ဆုံးနေ့စွဲ

အားကစားဂျာနယ်တွေရဲ့ အချပ်ပိုစာမျက်နှာတွေမှာ ပါလာတဲ့သတင်းက အာဆင်နယ်က မီဆွတ်အိုဇေးလ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ကြောင်း ဆိုတာပါပဲ။ ဒါဟာ ဘောလုံးကမ္ဘာကို လှုပ်ကိုင်ခဲ့တဲ့ ၊ အာဆင်နယ်သမိုင်းမှာ အထင်ကရဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့တစ်ခုပါပဲ။

အာစင်၀င်းဂါးရဲ့ နှောင်းပိုင်းနှစ်များ၊ အနီရောင်မြောက်လန်ဒန်သားတွေရဲ့ မှေးမှိန်‌စပြုချိန်တွေမှာ အိုဇေးလ်လို ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးကို ခေါ်ယူခဲ့တာက အမ်းမရိတ်ဆီ မျှော်လင့်ခြင်းရောင်ခြည်တွေကို အများကြီး ယူဆောင်လာခဲ့တာ ဆိုရင်လည်း မမှားဘူး။

သူ့ရဲ့ပထမဆုံးပွဲမှာ အိုလီဗီယာဂျရူးအတွက် ဂိုးဖန်တီးပေးခဲ့တာကို အခုထိ အမှတ်ရနေဆဲပါပဲ၊ ချန်ပီယံလိဂ်မှာ သွင်းယူခဲ့တဲ့ အထင်ကရ ဟက်ထရစ်၊ ဆန်းချက်ဇ်နဲ့ အတွဲညီခဲ့တာ‌တွေ၊ တစ်ရာသီအတွင်း ၁၉ဂိုးဖန်တီးပေးခဲ့တာတွေ၊ ပရီးမီးယားလိဂ်ဆီ သူရဲ့မှော်၀င်‌မှုတွေကို ယူဆောင်လာခဲ့တာတွေဟာ အာဆင်နယ်ပရိသတ်တွေအတွကါ အခုထိ အမှတ်ရနေဆဲပါလား။




1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
612004
Friday and Friends! logo
Friday and Friends!

06:36 08 thg 9, 2026

Photo
‎'အပြန်အလှန် ကယ်တင်ရတော့မယ့် ဆရာတပည့်'
‎
‎Deadline day မှာစပါးစ်ဟာ အားနည်းနေတဲ့ ဘယ်တောင်ပံနေရာအတွက် ချဲလ်‌ဆီးကြယ်ပွင့်မစ်ဟိုင်းလိုမူဒရစ်ကို ခေါ်ယူလိုက်ပါတယ်။
‎
‎စပါးစ်ဟာ ကိုဒီဂတ်ပို၊ အစ္စမေလာဆား၊ အီလီမန်အန်ဒီယာယီတို့ကို မရလိုက်တဲ့နောက် မူဒရစ်ဘက်မြားဦးလှည့်ခဲ့တာပါ။ ဒီနေရာမှာထူးခြားချက်က စပါးစ်နည်းပြ ရော်ဘာတိုဒီဇာဘီနဲ့ မူဒရစ်တို့ဟာ ရှက်တာဒွန်းညက်မှာတုန်းက ဆရာတပည့်တွေဖြစ်ခဲ့ကြတာပါ။
‎
‎ဒီဇာဘီဟာ မူဒရစ်အကြောင်းကောင်းကောင်းသိတယ်။ သူဟာယူကရိန်းကြယ်ပွင့်ကို ဘယ်သူမှမသိခင်ကတည်းက ရှက်တာမှာနေရာပေးပြီး ခြေစွမ်းတောက်ပစေကာ ဥရောပအသင်းကြီးတွေရဲ့ရေဒါအောက် ကျရောက်အောင်ကူညီပဲ့ကိုင်ပေးခဲ့သူပါ။
‎
‎လက်ရှိအချိန်မှာ မူဒရစ်က ခြေစွမ်းပျောက်ဆုံးခြင်း၊ ပရီးမီးယားလိဂ်နဲ့အသားမကျခြင်း၊ ကာလရှည်ပွဲပယ်ပြစ်ဒဏ်မှပြန်လာခြင်း စတဲ့အခက်အခဲ၊ အကြပ်အတည်းတွေကြား ကျရောက်နေသူဖြစ်ရာ ဒီဇာဘီနဲ့ပြန်ဆုံပြီးနောက် ဆရာဟောင်းရဲ့အကူအညီနဲ့ ပြန်လည်ထွန်းတောက်လာဖို့ မျှော်လင့်ရတယ်။
‎
‎ထိုနည်းတူစပါးစ်ကလည်း လူသစ်တွေအများကြီးခေါ်ယူထားပေမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်(၂)ပွဲဆက်တိုက် သွင်းဂိုးတစ်ဂိုးမှမသွင်းယူနိုင်ဘဲရှုံးနိမ့်ပြီး ဇယားအောက်ဆုံးမှာရုန်းကန်နေရတာကြောင့် မူဒရစ်ရောက်ရှိလာမှုဟာ ဒီဇာဘီကိုအသက်ရှူချောင်စေမလား ဆိုတာကိုတော့...
‎
‎1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
553003
Friday and Friends! logo
Friday and Friends!

06:36 08 thg 9, 2026

Photo
‎'အလိုကြီး အရနည်း မိုနာကို'
‎
‎ပြင်သစ်လီဂူး-၁ကလပ် မိုနာကိုဟာ လောဘကြောင့် ဘေးထွက်ဆိုးကျိုးကြီးကြီးမားမား ခံစားလိုက်ရတဲ့အသင်းပါ။
‎
‎မိုနာကိုဟာ သူတို့ကွင်းလယ်လူကာမာရာအတွက် ချဲလ်ဆီးရဲ့ကနဦးကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့်မို့ အပြာရောင်ကလပ်ဟာ တခြားကွင်းလယ်ပ-စ်မှတ်တွေထံ မြားဦးလှည့်ခဲ့ရတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့တိုက်စစ်မှူးဘာလိုဂန် အဲဗာတန်ထံပြောင်းရွှေ့မယ့်ကိစ္စဟာ ပြောင်းရွှေ့ကြေးသဘောတူညီမှုမရရှိတာကြောင့် ဖြစ်မလာခဲ့ဘူး။
‎
‎အဲအခါမှာ 6ငွလိုနေတဲ့မိုနာကိုဟာ ကာမာရာအတွက် ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုကို လက်ခံမယ်ဆိုပြီးအကြောင်းပြန်လိုက်တယ်။ ဒါပေမယ့်လည်း အဲဗာတန်က ဘာလိုဂန်အတွက် ပြောင်းရွှေ့ကြေးတိုးမြှင့်ကမ်းလှမ်းပေးတာကြောင့် နှစ်သင်းကြားသဘောတူညီမှု ရရှိသွားပြန်တယ်။
‎
‎ဒီတစ်ကြိမ်မှာတော့ မိုနာကိုဟာ စကားမတည်ပါဘူး။ သူတို့ဟာ ဘာလိုဂန်အတွက်ငွေရတော့မှာမို့ ချဲလ်ဆီးရဲ့အကူအညီမလိုတော့ဘူးဆိုပြီး ကာမာရာအတွက် ပြောင်းရွှေ့ကြေးမတိုးပေးရင် မရော-င်းနိုင်တော့ဘူးလို့ အပြတ်ငြင်းလွှတ်လိုက်တယ်။ သူတို့ကတိဖျက်ခဲ့တဲ့ အကျိုးဆက်အနေနဲ့ ချဲလ်ဆီးဟာ တခြားကွင်းလယ်လူထပ်မံရှာဖွေဖို့ အချိန်မရှိတော့ဘူး။
‎
‎ထိုနည်းတူ သူတို့ကိုယ်တိုင်လည်း အလိုကြီးအရနည်းတဲ့ဆိုးကျိုးခံစားလိုက်ရတယ်။ ဘာလိုဂန်ဟာ အဲဗာတန်နဲ့ဆေးစစ်ရာမှာ ပြဿနာတက်ပြီး အပြောင်းအရွှေ့ကိစ္စပျက်ပြယ်သွားတယ်။ ချဲလ်ဆီးဘက်ပြန်လှည့်တော့လည်း အပြာရောင်ကလပ်က ပြင်သစ်ကလပ်ကိုရွံသွားပြီမို့ နောက်ပြန်လှည့်မကြည့်တော့ပါဘူး။
‎
‎ရှေ့စကား နောက်စကားမညီတဲ့ မိုနာကိုဟာ မြွေပါလည်းဆုံ: သားလည်းရှုံး ဖြစ်သွားတာပါပဲ...
‎
‎1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
715003
Friday and Friends! logo
Friday and Friends!

06:36 08 thg 9, 2026

Photo
အပြောင်းအရွှေ့ သမိုင်းတလျှောက် အမြှင့်ဆုံး ပြောင်းရွှေ့ကြေးနဲ့ Top 3 နေရာကို တက်လှမ်းသွားနိုင်ခဲ့တဲ့ အန်ဇို

1️⃣ 🇧🇷 Neymar Jr. — ယူရို ၂၂၂ သန်း
2️⃣ 🇫🇷 Kylian Mbappé — ယူရို ၁၈၀ သန်း
3️⃣ 🇦🇷 Enzo Fernández — ယူရို ၁၄၅ သန်း 🆕
4️⃣ 🇸🇪 Alexander Isak — ယူရို ၁၄၅ သန်း
5️⃣ 🏴󠁧󠁢󠁥󠁮󠁧󠁿 Morgan Rogers — ယူရို ၁၃၈

အန်ဇို ဖာနန်ဒက် ဟာ ⁠Chelsea⁠ ကနေ ⁠Man City⁠ ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ယူရို သန်း ၁၀၀ အထက် ပြောင်းရွှေ့ကြေးနဲ့ နှစ်ကြိမ်တိုင်တိုင် ပြောင်းရွှေ့ခဲ့တဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ဘောလုံးသမား ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ အန်ဇိုကို ၂၀၂၃ ဇန်နဝါရီမှာ ဘင်ဖီကာဆီကနေ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၆.၈ သန်း နဲ့ ခေါ်ယူခဲ့တာပါ။ ဒါ့ကြောင့် အာဂျင်တီးနားကွင်းလယ်လူဟာ နောက်တစ်ကြိမ် စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဖြစ်လာတော့မှာပါ။

ဒီနွေမှာ မန်စီးတီးဟာ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗားတို့ မရှိတော့တဲ့ အသင်းရဲ့ကွင်းလယ်ကို ပြန်တည်ဆောက်ဖို့ ဘူအာဒီ၊ အဲယိယက်အန်ဒါဆန်တို့ကို မြင်မားတဲ့စာချုပ်ဖျက်သိမ်းကြေးတွေနဲ့ ခေါ်ယူခဲ့တာပါ။ အန်ဇိုမာရက်စ်ကာက ချဲလ်ဆီးမှာ သူနဲ့ လက်တွဲခဲ့တဲ့ တပည့်ဟောင်း အန်ဇိုကို အီးတီဟတ်ဆီ ခေါ်ယူချင်ခဲ့တာ ဖြစ်တယ်။

လူငယ်ကြယ်ပွင့်တွေနဲ့ ဖွဲ့စည်းထားတဲ့ မန်စီးတီးကွင်းလယ်အင်အားစုအသစ်ဟာ သူတို့ရှေ့က မန်စီးတီးဂန္တ၀င်ကွင်းလယ်လူတွေရဲ့ ခြေရာကို နင်းနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။

1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
652003
Friday and Friends! logo
Friday and Friends!

06:36 08 thg 9, 2026

Photo
(112)ကြိမ်မြှောက် Correct Score Giveaway Winner List

မင်္ဂလာပါခင်ဗျာ
Friday & Friends ရဲ့ (112) ကြိမ်မြောက် Correct Score Giveaway မှလည်း အဖြေမှန်သူ မပေါ်ထွက်လာ‌သေးပါဘူး။

Giveways တွင် ပါဝင်ပေးကြတဲ့ တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

နောက်အပတ်တွေ့ လည်း ပါ၀င်ဖို့ အာလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

📢 ဘောလုံးသတင်းများနှင့် အခြားအစီအစဉ်အသစ်များအတွက်

📌 Friday and Friends Channel ကို Join လုပ်ထားဖို့ မမေ့ပါနဲ့နော်

— Friday and Friends Team


1x bet မှာ အကောင့်သစ် ဖွင့်ချင်သူများ Promo code - HMH
  ကို အသုံးပြုပြီး 100%ဘောနပ်ရယူလိုက်ပါ။

Promo Code-HMH

1x bet အကောင့် ကိုယ်တိုင် ဖောက်နည်း -
834007
Friday and Friends! logo
Friday and Friends!

06:36 08 thg 9, 2026

Photo
ဂုတ်ကြီးမက်ဆီ နိုင်ငံလက်‌
ရွှေးစင် ကစားသမားဘ၀က နေ အနားယူ

လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်ကစာူသမားဘ၀ကနေ အနားယူလိုက်ပြီ။ ဒီဆုံးဖြတ်ချက်ကို ခုလိုတရား၀င်ကြေညာသွားခဲ့ပါတယ်။

“ဗိုလ်လုပွဲပြီးသွားတာ အချိန်တစ်ခုကြာပြီဆိုတော့ ဒီအနားယူဖို့ကိစ္စကို အများကြီးစဉ်းစားခဲ့ပါတယ်။ အခုတော့ အားလုံးကို ပြောချင်တာက ကျွန်တော် အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ဒီဆုံးဖြတ်ချက်က ကျွန်တော့်ကို တကယ်ကို နာကျင်စေခဲ့ပါတယ်။ အခုထိလည်း ရင်ထဲမှာ နာကျင်နေတုန်းပါပဲ။ ဒါပေမယ့် အချိန်ကျလာပြီဆိုတာကိုတော့ နားလည်ပါတယ်။

ကျွန်တော် ကတိပေးပါတယ်။ ဒီနှစ်တွေအတွင်း အာဂျင်တီးနားအတွက် ကျွန်တော် အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်။ ဆုဖလားတွေ အားလုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ နောက်ဆုံးနှစ်တွေမှာတင် မဟုတ်ဘဲ အဲဒီမတိုင်ခင်ကတည်းက ဒီဂျာစီအတွက် အမြဲတမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ဘောလုံးကစားခြင်းကနေတစ်ဆင့် အာဂျင်တီးနားသားတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူနိုင်အောင်၊ ခင်ဗျားတို့ကို ပျော်ရွှင်စေပြီး ဂုဏ်ယူစေနိုင်အောင် ကွင်းထဲမှာ အရာအားလုံးကို ပေးဆပ်ခဲ့တယ်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပြီ။ ဘဝရဲ့ အခန်းတချို့ကလည်း တစ်ခန်းပြီးတစ်ခန်း ပြီးဆုံးသွားကြပါပြီ။ ဒီchapter ပြီးသွားတာကတော့ ကျွန်တော့်အတွက် အရမ်းကို နာကျင်စရာကောင်းပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရတာကို ကျွန်တော် ချစ်တယ်။ အရင်ကလည်း ချစ်ခဲ့တယ်။ နောင်လည်း အမြဲတမ်း ချစ်နေမှာပါ။

အသင်းတွက် ကျွန်တော် ပေးနိုင်သမျှ အရာအားလုံးကို ပေးခဲ့ပြီးပါပြီ။ အခုတော့ ပေးစရာ ဘာမှမကျန်တော့ပါဘူး။ ဒါ့အပြင် အသင်းထဲကို ဝင်လာနေတဲ့ လူငယ်ကစားသမားကောင်းတွေ အများကြီးရှိနေပြီး သူတို့ကလည်း ဒီနေရာမှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ကျွန်တော့်အပေါ် ပေးခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကွင်းထဲမှာ ခင်ဗျားတို့ရဲ့ အားပေးသံတွေကို ကြားရတာကို ကျွန်တော် အရမ်းလွမ်းနေမှာပါ။

အခုကစပြီးတော့ ကျွန်တော်လည်း ခင်ဗျားတို့ထဲက တစ်ယောက်ပဲ ဖြစ်တော့မှာပါ။ အပြင်ကနေ အာဂျင်တီးနားအသင်းကို အားပေးပြီး ကူညီပံ့ပိုးနေမှာပါ။ အောင်မြင်တဲ့အချိန်တွေမှာရော၊ အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာပါ အားပေးနေမှာပါ။

ကျွန်တော့်ဘဝရဲ့ ဒီခရီးတစ်လျှောက်လုံးမှာ အမြဲတမ်း အတူရှိပေးခဲ့တဲ့ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီခရီးက အရမ်းလှပခဲ့သလို တစ်ဖက်မှာလည်း အရမ်းခက်ခဲခဲ့ပါတယ်။ အဲဒီခရီးကို ကျွန်တော်နဲ့အတူ လိုက်ပါပေးခဲ့တဲ့ နည်းပြတိုင်း၊ အသင်းဖော်တိုင်းနဲ့ တာဝန်ရှိသူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။

ကျွန်တော်နဲ့အတူ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရတွေနဲ့ အချိန်ကာလတွေကို သယ်ဆောင်သွားမှာပါ။

ကျွန်တော့်ရင်ထဲမှာ အေးချမ်းမှုနဲ့ ဂုဏ်ယူမှုအပြည့်နဲ့ ထွက်ခွာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အသင်းဖော်တွေနဲ့အတူ တစ်ချိန်က အိပ်မက်ထဲမှာပဲ ရှိခဲ့တဲ့ အခိုက်အတန့်တွေကို ခင်ဗျားတို့အတွက် ပေးနိုင်ခဲ့လို့ပါ။

ခင်ဗျားတို့အားလုံးနဲ့အတူ ဒီအရာတွေကို ဖြတ်သန်းခွင့်ရခဲ့တာဟာ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုပါပဲ။

အားလုံးကို ချစ်ပါတယ်! ❤️

ကျေးဇူးတင်ပါတယ် ဘုရားသခင်… ကျွန်တော့်ကို အာဂျင်တီးနားသားတစ်ယောက်အဖြစ် မွေးဖွားပေးခဲ့လို့။ 🇦🇷

Vamos Argentina! 🇦🇷💙🤍

ဒီစာကိုတော့ ကျွန်တော် ဇူလိုင် ၂၁ ရက်နေ့၊ ဗိုလ်လုပွဲပြီးပြီးချင်း နှစ်ရက်အကြာမှာ ရေးခဲ့တာပါ။

အခုတော့ အဖေနဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တဲ့အရာတွေပြီးနောက်မှာတော့ အရင်ကထက်တောင် ဒီဆုံးဖြတ်ချက်အပေါ် ပိုပြီးယုံကြည်လာပါပြီ။

🗣️ လီယွန်နယ်မက်ဆီ

1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
878003
Friday and Friends! logo
Friday and Friends!

06:36 08 thg 9, 2026

Photo
‎'ဒီရာသီလည်း မလွယ်ကူတဲ့ လီ‌ဗာပူးလ်'
‎
‎အန်ဒိုနီအီရာအိုလာရဲ့ လီဗာပူးလ်နည်းပြဘဝ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်(၂)ပွဲစလုံးဟာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
‎
‎ကြိုးကြာကလပ်ဟာ နယူးကာဆယ်၊ နော်တင်ဟမ်ဖောရက်စ်တို့ကို ၂-၂ သရေကျအောင် မနည်းကစားခဲ့ရတာပါ။ အဆိုပါနှစ်ပွဲစလုံး လီဗာပူးလ်ဟာ နောက်ကနေဂိုးတွေလိုက်သွင်းရတဲ့အသင်း ဖြစ်နေခဲ့ပါတယ်။ ဒါဟာ အီရာအိုလာကြောင့်မဟုတ်ဘဲ အသင်းရဲ့စီမံခန့်ခွဲမှုအလွဲတွေကြောင့်ပါ။
‎
‎စပိန်သားနည်းပြရဲ့ အတွေးအခေါ်မှာ ခံစစ်အစွန်လူတွေဟာ ရှေ့တက်ရပြီး တောင်ပံကစားသမားတွေကျ ကွင်းလယ်ထိဆင်းရတယ်။ ကွင်းလယ်လူတွေကျတော့ တိုက်စစ်ကိုကူညီရတယ်။ တစ်ဘက်မှာ ဒီကစားကွက်အလုပ်ဖြစ်ဖို့အတွက် ဘောလုံးဆုံးရှုံးတဲ့အခါ လုပ်အားနှုန်းမြင့်မြင့်မားမားနဲ့ လိုက်လံဆယ်ယူနိုင်မယ့် ကစားသမားတွေလိုအပ်တယ်။
‎
‎လက်ရှိအချိန်ထိ ဘုတ်အဖွဲ့ဟာ အီရာအိုလာရဲ့ ideology ကိုဖြည့်ဆည်းပေးနိုင်မယ့်နောက်ခံလူ၊စစ်မှန်တဲ့ကွင်းလယ် pivot, လုံလောက်တဲ့အရည်အသွေးပိုင်ဆိုင်ထားတဲ့ တောင်ပံကစားသမား စတဲ့အင်အားဖြည့်တင်းမှုတွေ ပျက်ကွက်နေဆဲပါ။
‎
‎(၂)ပွဲကစား (၂)ပွဲသရေကျထားပြီး စီမံခန့်ခွဲမှုအလွဲတွေနဲ့လီဗာပူးလ်ဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားစိန်ခေါ်နိုင်ဖို့ ဝေးကွာနေဆဲဆိုတာ ‌ပြေးကြည့်စရာတောင်မလိုတဲ့ကိစ္စပါပဲ။
‎
‎1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
1,210005
Friday and Friends! logo
Friday and Friends!

08:00 24 thg 8, 2026

Photo
ရော်နယ်ဒို လူတွေကို မဂ်လာပွဲမဖိတ်တဲ့အကြောင်းအရင်း

"တကယ်တော့ ကျနော့်မဂ်လာပွဲမှာ လူအများကြီးကို ဖိတ်ချင်ပါတယ်။ ဒါပေမဲ့ ဘယ်ကနေစပြီး ဖိတ်ရမလဲ။ တစ်ချို့လူတွေ ကိုဖိတ်ပြီး တစ်ချို့ကိုများ မေ့ကျန်ခဲ့ရင်ဘယ်လိုလုပ်မလဲ။

အင်တာနက်ပေါ်က လူတွေက ဘယ်လိုပုံစံမျိုးနဲ့ အလွယ်တကူ ကောလာဟလတွေ ဖြန့်တတ်လဲဆိုတာ ခင်ဗျားတို့ သိပါတယ်။

သူတို့အတွက် အမှားလေးတစ်ခုရှိဖို့ပဲ လိုတာပါ။

တစ်ချို့သတင်းသမားတွေဆိုရင် ကျနော် အမှားလုပ်တာကိုတမင်စောင့်နေကြတာ။

ကျနော့်ဘက်က လိုအပ်မူလေးတစ်ခုရှိသွားကြည့်။

သူတို့အတွက် သတင်းအသစ်၊ ပုံပြင်အသစ်တွေ၊ ဇာတ်လမ်းအသစ်တွေ ဖန်တီးဖို့ လုံလောက်သွားပါပြီ။

အဲဒီအကြောင်းကြောင့်ပဲ ဘယ်သူ့ကိုမှ
မနာလိုမဖြစ်စေချင်တာနဲ့ ဒီလိုပဲ အိမ်မှာ မိသားစုနဲ့ပဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အားလုံးကလည်း ကျနော့်ကို ဂုဏ်ပြုခဲ့ကြပြီး ဒီလိုလုပ်ဖြစ်သွားတာကို
ကျေနပ်ပါတယ်။။

တကယ်လို့ လူအချို့ကိုဖိတ်ပြီး ကျန်တဲ့သူတွေကိုမဖိတ်ဘဲထားခဲ့ရင် မဖိတ်ခံရတဲ့သူတွေက သူတို့က ကိုယ် သူတို့ကို တစ်ကယ်ချစ်တာမဟုတ်လို့
မဖိတ်တာလားဆိုပြီး ခံစားရနိုင်ပါတယ်။

ဒါပေမဲ့ အခုလို ဘယ်သူ့ကိုမှ မဖိတ်ဘဲ မိသားစုနဲ့ပဲ လုပ်လိုက်တာက အားလုံးအတွက် တန်းတူညီမျှပြီး အကောင်းဆုံးဖြစ်သွားမယ်လို့ ထင်ပါတယ်"

🗣ရော်နယ်ဒို

1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
755004
Friday and Friends! logo
Friday and Friends!

08:00 24 thg 8, 2026

Photo
‎'နွေရာသီရဲ့ အကြီးမားဆုံး အရှုံးသမား'
‎
‎ခေါင်းစဉ်ပါဂုဏ်ပုဒ်နဲ့ အထိုက်တန်ဆုံးကစားသမားကတော့ ဂျူလီယန်အယ်ဗာရက်ဇ်ဆိုတာသေချာပါတယ်။
‎
‎အက်သလက်တီကိုမက်ဒရစ်က ကစားသမားရဲ့နှလုံးသားကို လက်လွှတ်ဆုံးရှုံးလိုက်ရပေမယ့် ထွက်ခွာခွင့်လုံးဝမပေးပါဘူး။ တစ်ဘက်မှာ ဘာစီလိုနာက ကစားသမားရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် သူ့အတွက်ပိုက်ဆံမသုံးဘဲ သိမ်းဆည်းထားတယ်။
‎
‎ဘာဆာဟာ အယ်ဗာရက်ဇ်ထက် ပြောင်းရွှေ့ကြေးပိုမိုသက်သာမယ့် plan B ရှာဖွေနေတာပါ။ ဒီနေရာမှာ အယ်ဗာရက်ဇ်ကျတော့ တီကိုမှာမနေချင်တော့ကြောင်း လူသိရှင်ကြားထုတ်ပြောကာ အသင်းရဲ့ဂုဏ်သိက္ခာကြီးမားတဲ့ အမှတ်တံဆိပ်ကို မီ:ရှို့ဖျက်ဆီးပစ်တယ်။
‎
‎သူနဲ့ကလပ်တာဝန်ရှိ‌သူတွေ၊ နည်းပြအဖွဲ့ဝင်တွေကြား ဆက်ဆံရေးလုံးဝပျက်စီးသွားသလို ပရိသတ်တချို့နဲ့လည်း အဆင်မပြေတော့ပါဘူး။ သူဟာဘာစီလိုနာထံ မပြောင်းရတော့ဖို့သေချာ‌သွားရာ တီကိုမှာပဲဆက်နေရတော့မယ်။
‎
‎ဒါပေမယ့်လည်း သူ့ကိုအသင်းပရိသတ်တွေက တစ်ရာသီလုံးလှောင်ပြောင်နေတော့မှာပါ။ "မပိုင်ဘဲ ခြင်မရို-က်နဲ့" ဆိုပြီးစကားတစ်ခွန်းရှိရာ အယ်ဗာရက်ဇ်ဟာ မသေချာသေးဘဲ မိခင်အသင်းကိုစုန်ကန်မိတာကြောင့် ဒုက္ခလှလှတွေ့နေရတော့တာပါပဲ။
‎
‎1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
613002
Friday and Friends! logo
Friday and Friends!

08:00 24 thg 8, 2026

Photo
‎'သူငယ်ချင်းကောင်းတစ်ယောက် ဆုံးရှုံးသွားတဲ့ ပက်ဒရီ'
‎
‎ဖာရန်းတောရက်စ်က ပီအက်စ်ဂျီကစားသမားသစ်အဖြစ် ပဲရစ်မှာ ထရိန်နင်ဆင်းနေချိန်ပေါ့။
‎
‎ဘာစီလိုနာရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာတော့ ပက်ဒရီဟာ တစ်ယောက်တည်းအထီးကျန်နေပါတယ်။ သူဟာထရိန်နင်ကွင်းထံ ခါတိုင်းနဲ့မတူဘဲ တစ်ယောက်တည်းလာနေရသလို လေ့ကျင့်မှုပြုလုပ်ရာမှာလည်း မျက်နှာမကောင်းပါဘူး။
‎
‎ဘာကြောင့်လဲဆိုတော့ သူအချစ်ဆုံးသူငယ်ချင်းက ရပ်ဝေးမြေခြားပီအက်စ်ဂျီထံ အသင်းပြောင်းသွားပြီလေ။ အရင်တုန်းက ဖာရန်းတောရက်စ်နဲ့ ပက်ဒရီတို့ဟာ ဘာဆာလေ့ကျင့်ရေးကွင်းဆီ အတူတကွရောက်လာနေကျဆိုတာကို အသင်းပရိသတ်တွေ သိကြမှာပါ။
‎
‎သူတို့ဟာ ဘယ်လိုမှခွဲခြားလို့မရတဲ့ သူငယ်ချင်းတွေဖြစ်ကြတယ်။ ကွင်းတွင်းကွင်းပြင်မှာ ညီရင်းအစ်ကိုပမာချစ်ခင်ရတဲ့ ဘော်ဒါတွေဆိုရင်လည်းဟုတ်တယ်။ သူတို့နှစ်ယောက်အတူတူရှိနေတုန်းက ပျော်ရွှင်မှုတွေကို တွေ့မြင်ခံစားရပါတယ်။
‎
‎လက်ရှိအချိန်မှာတော့ သူတို့တွေ တစ်ယောက်ကိုတစ်ယောက် လွမ်းဆွတ်တမ်းတသတိရလို့မဆုံး ဖြစ်နေပါတော့မယ်။
‎
‎
1x bet တွင်
Promocode " HMH " ကိုအသုံးပြု၍ ပထမဆုံးငွေသွင်းဘောနပ်စ် 100% ကိုရယူပါ

Promo Code-HMH
697006

Showing 30 of 87 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram Friday and Friends! nói về gì?+

Friday and Friends! (@friday_friends) là kênh Telegram thuộc danh mục Tình bạn trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 3.385 người đăng ký trên tgdio.

Làm sao để tham gia Friday and Friends! (@friday_friends)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @friday_friends miễn phí.

Friday and Friends! có phải kênh Tình bạn tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của Friday and Friends! trước khi tham gia. Hiện có khoảng 3.385 người đăng ký trên tgdio. So sánh với các kênh Tình bạn tương tự.

Xem thống kê và bài đăng Friday and Friends! ở đâu?+

Trên tgdio, mở trang @friday_friends để xem thống kê, xếp hạng, đánh giá và bài đăng.