Genius Book House Telegram channel photo

Genius Book House

@geniusbookhouse23Public Channel

စာဖတ်ပါ အနာဂတ်ဟာလက်တကမ်းမှာ။

Tiểu thuyếtTiếng ViệtViệt Nam

126

Last views

2.6k (2,570 subscribers)
Thành viên
—
Rating
89
Total Posts
Oct 23, 2026, 1:52 AM
Cập nhật
Apr 9, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel NameGenius Book House
Username@geniusbookhouse23
CategoryTiểu thuyết
LanguageTiếng Việt
CountryViệt Nam
Thành viên2,570
Channel TypePublic Channel
Created9 thg 4, 2026
Last Updated23 thg 10, 2026 • Hôm qua
StatusActive

Xếp hạng

Xếp hạng toàn cầu
#145477+12043
Xếp hạng ngôn ngữ
#2835+236
Xếp hạng danh mục
#1489+144

Tăng trưởng người đăng ký

Tổng cộng: 2.6K30 Days growth: +160.6%
09/2309/2810/0310/0810/1310/1810/22
Tăng trưởng người đăng ký - 30 Days
DateSubscribers
23:09:20262,554
24:09:20262,554
25:09:20262,554
26:09:20262,554
27:09:20262,554
28:09:20262,554
29:09:20262,554
30:09:20262,554
01:10:20262,554
02:10:20262,554
03:10:20262,554
04:10:20262,554
05:10:20262,554
06:10:20262,554
07:10:20262,554
08:10:20262,554
09:10:20262,554
10:10:20262,554
11:10:20262,554
12:10:20262,554
13:10:20262,554
14:10:20262,554
15:10:20262,571
16:10:20262,571
17:10:20262,571
18:10:20262,571
19:10:20262,571
20:10:20262,571
21:10:20262,571
22:10:20262,570
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 06:04:20262,392
Week of 13:04:20262,392
Week of 20:04:20262,392
Week of 27:04:20262,399
Week of 04:05:20262,399
Week of 11:05:20262,445
Week of 18:05:20262,445
Week of 25:05:20262,445
Week of 01:06:20262,445
Week of 08:06:20262,474
Week of 15:06:20262,474
Week of 22:06:20262,474
Week of 29:06:20262,505
Week of 06:07:20262,505
Week of 13:07:20262,505
Week of 20:07:20262,505
Week of 27:07:20262,505
Week of 03:08:20262,563
Week of 10:08:20262,563
Week of 17:08:20262,564
Week of 24:08:20262,563
Week of 31:08:20262,563
Week of 07:09:20262,561
Week of 14:09:20262,554
Week of 21:09:20262,554
Week of 28:09:20262,554
Week of 05:10:20262,554
Week of 12:10:20262,571
Week of 19:10:20262,570
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20262,399
May 20262,445
June 20262,474
July 20262,505
August 20262,563
September 20262,554
October 20262,570
Tăng trưởng người đăng ký - Yearly
DateSubscribers
20262,570

Top 10 posts

Most viewed posts from this channel

By views
  1. #1ကမ္ဘာ့ဂန္ထဝင် "𝑮𝒐𝒏𝒆 𝒘𝒊𝒕𝒉 𝒕𝒉𝒆 𝑾𝒊𝒏𝒅" ရဲ့ အစ၊ အလယ်၊ အဆုံးက613
  2. #2Post #10269509
  3. #3❛⁠ ဘ၀သည်ကား492
  4. #4❝ သုံးပြည်ထောင် အတွဲ (၁)(၂)(၃)(၄) ❞ 📚491
  5. #5" အောင်မြင်ဖို့အတွက် မင်းရဲ့ "ဝှက်ဖဲ" ကို လှန်ကြည့်ကြပါစို့ " 🃏478
  6. #6တရုတ်ပြည်ရဲ့သမိုင်းကြောင်းကို မတူညီတဲ့ရှုထောင့်ကနေရေးသားထားတဲ့ စာရေးဆရ477
  7. #7Post #10191459
  8. #8ဆရာမြသန်းတင့် နှင့် သိန်းဖေမြင့်တို့ ပူးတွဲရေးသားသည့် နွံထဲကကြာ ပြန်ရပ456
  9. #9ခွဲစိတ်ခန်းထဲက ဆရာဝန်တစ်ယောက်ဟာ ကမ္ဘာကျော် စာရေးဆရာတစ်ယောက် ဘယ်လိုဖြစ်418
  10. #10🟥ဆရာကျော်ဝင်း၏ ဘာသာပြန်စာအုပ်အသစ်402

Bài đăng gần đây

Genius Book House logo
Genius Book House

09:19 23 thg 10, 2026

𝑷𝑹𝑬 𝑶𝑹𝑫𝑬𝑹 𝑵𝑶𝑾 ❗❗ မျှော်နေကြတဲ့ “ ပါရီကျဆုံးခန်း ” လာပါပြီ 🔥🔥
126005
Genius Book House logo
Genius Book House

09:19 23 thg 10, 2026

Photo1/2
𝑷𝑹𝑬 𝑶𝑹𝑫𝑬𝑹 𝑵𝑶𝑾 ❗❗

မျှော်နေကြတဲ့ “ ပါရီကျဆုံးခန်း ” လာပါပြီ 🔥🔥
124004
Genius Book House logo
Genius Book House

12:35 22 thg 10, 2026

Photo1/4
ဆရာမခင်ခင်ထူးရဲ့ ရဲ့ ❝ တောမင်းသမီး ❞ ရယ် ❝ ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားထောင်းဆင် ❞ ရယ် မျက်နှာဖုံးအသစ်ဖြင့် ပြန်ရပါပြီ 💙💛 ...
177000
Genius Book House logo
Genius Book House

16:18 20 thg 10, 2026

Photo1/2
ကမ္ဘာ‌ကျော် စာရေးဆရာကြီး မက္ကဇင်ဂေါ်ဂီ ၏ ကိုယ်တိုင်ရေး ဘ၀ဇာတ်ကြောင်း ❝ ဘဝတက္ကသိုလ် [ 𝐂𝐡𝐢𝐥𝐝𝐡𝐨𝐨𝐝, 𝐌𝐲 𝐀𝐩𝐩𝐫𝐞𝐧𝐭𝐢𝐜𝐞𝐬𝐡𝐢𝐩 𝐚𝐧𝐝 𝐌𝐲 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ]❞ 📚💥

▪️ ဆိုဗီယက် ရုရှ ပြည်သား ကမ္ဘာကျော်စာရေးဆရာကြီး
မက္ကဇင်ဂေါ်ဂီ ရဲ့ဘဝထုပ္ပတ်ကို သူကိုယ်တိုင်ခြယ်မှုန်းထားတဲ့ ဇာတ်လမ်း (ဝါ ) ရုပ်ပုံကားချပ်တချပ်ဖြစ်ပါတယ်။ ဥမမည်စာမမြောက် ကလေးဘဝမှသည် အောင်မြင်‌လှသော စာရေးဆရာကြီးတဦးဖြစ်သည်အထိ ကြုံရ ၊ ဆုံရ ဖြစ်ပျက်သမျှ အခြင်းအရာတို့အား အဝေးမြင် ၊ အနီးမြင် ရှုထောင့်မျိုးစုံဖြင့် လှလှပပဖွဲ့ဆိုထားသော စာအုပ်တအုပ်ဖြစ်သည့်အတွက်လည်း စာဖတ်ပရိသတ်များစွာကစွဲလမ်းနှစ်ခြိုက်ကြလေ၏။

▪️တန်ဖိုး - ၆၀၀၀၀ ကျပ် ( ခန့်ချုပ် )
📚စာမျက်နှာ - ၇၉၁
235003
Genius Book House logo
Genius Book House

17:33 19 thg 10, 2026

အမေရိကန် ဘတ်ဆဲလား စာရေးဆရာကြီး 𝐒𝐢𝐝𝐧𝐞𝐲 𝐒𝐡𝐞𝐥𝐝𝐨𝐧 စာအုပ်များ ✨

𝐒𝐢𝐝𝐧𝐞𝐲 𝐒𝐡𝐞𝐥𝐝𝐨𝐧 ကို ၁၉၁၇ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ချီကာဂို ၊ အီလီနွိုက်ပြည်နယ်မှာမွေးပါတယ်။စာရေးဆရာတဦးဖြစ်သလို ဒါရိုက်တာနဲ့ ပရိုဂျူဆာ တယောက်လည်းဖြစ်ပါတယ်။

၁၉၃၀ နှစ်များတဝိုက်မှာသူဟာ ဇာတ်ညွှန်းရေးဆရာ
တဦး‌အနေနဲ့ကျော်ကြားခဲ့ပြီး ၁၉၄၇ ခုနှစ်မှာသူရေးသားခဲ့တဲ့ 𝐓𝐡𝐞 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐚𝐧𝐝 𝐭𝐡𝐞 𝐁𝐨𝐛𝐛𝐲-𝐒𝐨𝐱𝐞𝐫 နဲ့ ၁၉၄၈
ခုနှစ်မှာ အော်စကာဆုရခဲ့ပါတယ်။ သူ့အသက် ၅၀ ကျော်ပြီးနောက်ပိုင်းမှာတော့ စိတ်ကူးယဉ် အက်ရှင်ဇာတ်လမ်း ၊ လျှို့ဝှက်သည်းဖိုစွန့်စားခန်းဝတ္ထုတွေကိုစတင်ရေးသားခဲ့ပါတယ်။ သူပထမဆုံးရေးသားထုတ်ဝေခဲ့တဲ့ဝတ္ထုက ၁၉၆၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ 𝐓𝐡𝐞 𝐍𝐚𝐤𝐞𝐝 𝐅𝐚𝐜𝐞 ပါ။ အဲဒီဝတ္ထုနဲ့ပဲသူဟာ လျှို့ဝှက်သည်းဖိုဇာတ်လမ်းမျိုးရေးတဲ့စာရေးဆရာတွေကိုချီးမြှင့်လေ့ရှိတဲ့ အမေရိကရဲ့ 𝐄𝐝𝐠𝐚𝐫 𝐀𝐥𝐥𝐚𝐧 𝐏𝐨𝐞 စာပေဆုအတွက် ဆန်ကာတင်စာရင်းထဲတောင်ဝင်ခဲ့ပါတယ်။အဲဒီအချိန်မှာသူ့အသက်က ၅၃ နှစ်ရှိပါပြီ။အဲဒီနောက်ပိုင်းမှာ‌တော့ -

▪️ 𝐓𝐡𝐞 𝐨𝐭𝐡𝐞𝐫 𝐬𝐢𝐝𝐞 𝐨𝐟 𝐦𝐢𝐝𝐧𝐢𝐠𝐡𝐭 (1973 )
▪️ 𝐀 𝐬𝐭𝐫𝐚𝐧𝐠𝐞𝐫 𝐢𝐧 𝐭𝐡𝐞 𝐦𝐢𝐫𝐫𝐨𝐫 ( 1976 )
▪️ 𝐁𝐥𝐨𝐨𝐝𝐥𝐢𝐧𝐞 ( 1977 )
▪️ 𝐑𝐚𝐠𝐞 𝐨𝐟 𝐚𝐧𝐠𝐞𝐥𝐬 ( 1980 )
▪️ 𝐌𝐚𝐬𝐭𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐠𝐚𝐦𝐞 ( 1982 )
▪️ 𝐈𝐟 𝐭𝐨𝐦𝐨𝐫𝐫𝐨𝐰 𝐢𝐬 𝐜𝐨𝐦𝐞𝐬 ( 1985 )
▪️ 𝐌𝐞𝐦𝐨𝐫𝐢𝐞𝐬 𝐨𝐟 𝐦𝐢𝐝𝐧𝐢𝐠𝐡𝐭 ( 1990 )
▪️ 𝐍𝐨𝐭𝐡𝐢𝐧𝐠 𝐋𝐚𝐬𝐭𝐬 𝐅𝐨𝐫𝐞𝐯𝐞𝐫 ( 1994 )
▪️ 𝐌𝐨𝐫𝐧𝐢𝐧𝐠,𝐍𝐨𝐨𝐧 𝐚𝐧𝐝 𝐍𝐢𝐠𝐡𝐭 ( 1995 )
▪️ 𝐓𝐡𝐞 𝐬𝐭𝐚𝐫𝐬 𝐬𝐡𝐢𝐧𝐞 𝐝𝐨𝐰𝐧 ( 1992 )
▪️ 𝐓𝐡𝐞 𝐬𝐤𝐲 𝐢𝐬 𝐢𝐬 𝐟𝐚𝐥𝐥𝐢𝐧𝐠 ( 2001 )
▪️ 𝐀𝐫𝐞 𝐲𝐨𝐮 𝐚𝐟𝐫𝐚𝐢𝐝 𝐨𝐟 𝐭𝐡𝐞 𝐝𝐚𝐫𝐤 ? ( 2004 )

စသဖြင့် ရောင်းအားအကောင်းဆုံးဝတ္ထုကြီးများစွာကိုရေးသားထုတ်ဝေခဲ့ပါတယ်။သူ့ရဲ့နောက်ဆုံးစာအုပ်
𝐀𝐫𝐞 𝐲𝐨𝐮 𝐚𝐟𝐫𝐚𝐢𝐝 𝐨𝐟 𝐭𝐡𝐞 𝐝𝐚𝐫𝐤 ? ကို ၂၀၀၄ ခုနှစ်မှာရေးသားပြီးစီးခဲ့တာဖြစ်ပေမယ့် ထုတ်ဝေတဲ့အချိန်ကတော့ ၂၀၀၇ သူမကွယ်လွန်ခင်လေးမှာပါ။

သူ့ရဲ့နာမည်ကျော်လက်ရာအတော်များများကိုမြန်မာပြန်ထားပြီးဖြစ်ပါတယ်။ ဆရာမောင်ပေါ်ထွန်း ၊ ဆရာမောင်ထွန်းသူ၊ ဆရာမောင်မြင့်ကြွယ်နဲ့ ဆရာစိုးသိဏ်း တို့ အများဆုံးပြန်ဆိုကြပါတယ်။

----

●မနက်ဖြန်အတွက်ဒီကနေ့ - ၁၀၀၀၀ ကျပ်
●သံသယသားကောင် - ၇၀၀၀ ကျပ်
●ထောင်ချောက် - ၇၅၀၀ ကျပ်
●ဝင်္ကပါ - ၉၀၀၀ ကျပ်
●ဆရာဝန်မသုံးယောက် - ၁၅၀၀၀ ကျပ်
●ကမ္ဘာဖျက်စစ်ဆင်ရေး - ၈၀၀၀ ကျပ်
●သန်းခေါင်ထက်ညဉ့်နက် - ၈၀၀၀ ကျပ်
●အနိုင်မခံ - ၁၀၀၀၀ ကျပ်
●တရေးနိုးအိပ်မက် - ၄၀၀၀ ကျပ်




#SidneySheldon #မောင်ပေါ်ထွန်း #စိုးသိဏ်း #ဇင်သန့် #မောင်ထွန်းသူ #မောင်မြင့်ကြွယ် #geniusbookhouse #geniusbookbar #ဝင်းဖေဝင်း
276002
Genius Book House logo
Genius Book House

13:45 19 thg 10, 2026

ရန်ကုန်အရေးပိုင်ဟောင်း မောရစ်ကောလစ်၏ “ ကမ္ဘောဇ နေ၀င်ဘုရင်များ ” 📚 ▪️၁၉၃၀ ပြည့်လွန်နှစ်များမှာ စာရေးသူကိုယ်တိုင် ရှမ်းပြည်နယ်တစ်ခွင် လှည့်လည်သွားရောက်ပြီး ရှမ်းစော်ဘွားတွေနဲ့ တွေ့ဆုံကာ သူတို့ရဲ့ နန်းတော်တွေ၊ တရားရုံးတွေ၊ လူနေမှုစနစ်နဲ့ ယဉ်ကျေးမှုတွေကို …
87000
Genius Book House logo
Genius Book House

13:45 19 thg 10, 2026

Photo1/2
ရန်ကုန်အရေးပိုင်ဟောင်း မောရစ်ကောလစ်၏
“ ကမ္ဘောဇ နေ၀င်ဘုရင်များ ” 📚

▪️၁၉၃၀ ပြည့်လွန်နှစ်များမှာ စာရေးသူကိုယ်တိုင် ရှမ်းပြည်နယ်တစ်ခွင် လှည့်လည်သွားရောက်ပြီး ရှမ်းစော်ဘွားတွေနဲ့ တွေ့ဆုံကာ သူတို့ရဲ့ နန်းတော်တွေ၊ တရားရုံးတွေ၊ လူနေမှုစနစ်နဲ့ ယဉ်ကျေးမှုတွေကို
မှတ်တမ်းတင်ထားတဲ့ ခရီးသွား/သမိုင်းမှတ်တမ်းစာအုပ် ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။

▪️စာရေးသူကိုယ်တိုင်က ရှမ်းစော်ဘွားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ အုပ်ချုပ်ရေးအဆင့်အတန်းကို အတော်လေး စိတ်ဝင်စား သဘောကျခဲ့တယ်လို့ ဆိုပါတယ်။
စာအုပ်ရေးတဲ့အချိန်ဟာ စော်ဘွားစနစ် မပျောက်ကွယ်သေးခင် နောက်ဆုံးကာလတစ်ခုပါ။ အပြင်ပန်းမှာတော့ စော်ဘွားတွေဟာ နန်းတော်ထဲမှာ နေကြဆဲ၊ အမိန့်အာဏာ ရှိကြဆဲပါ။ ဒါပေမယ့် သူတို့ရဲ့ နိုင်ငံရေးအာဏာက ဗြိတိသျှအုပ်ချုပ်ရေးစနစ်ရဲ့
အရိပ်အောက်မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။
87000
Genius Book House logo
Genius Book House

11:12 18 thg 10, 2026

ခေတ်သစ်ခရူးဆိတ်စစ်ပွဲများ သို့မဟုတ် အရှေ့အလယ်
ပိုင်းအား ဖျက်ဆီးခြင်းသမိုင်း.........

အရှေ့အလယ်ပိုင်းဟာ ဘာကြောင့် စစ်ပွဲတွေနဲ့
ပဋိပက္ခတွေကြားမှာ နစ်မြုပ်နေရတာလဲ။ ဒီဒေသရဲ့
နိုင်ငံရေးမြေပုံကို ဘယ်သူတွေက ပုံဖော်ခဲ့ကြသလဲ။
ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ လူသားချင်းစာနာမှုဆိုတဲ့
ကြွေးကြော်သံတွေရဲ့နောက်ကွယ်မှာဘယ်လိုအာဏာ
နိုင်ငံရေးနဲ့အကျိုးစီးပွားတွေ ရှိနေသလဲ။

ဒီမေးခွန်းတွေအတွက် အဖြေရှာဖို့ဆိုရင်
အရှေ့အလယ်ပိုင်းရဲ့ သမိုင်းကို အပေါ်ယံကြည့်ရုံနဲ့
မလုံလောက်ဘူး။ ကိုလိုနီနယ်ချဲ့ဝါဒ၊ နယ်မြေခွဲဝေမှု၊
ဘာသာရေးအရအသာစီးယူမှု၊ စစ်ရေးအရဝင်ရောက်
စွက်ဖက်မှုနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာတွေ
ကိုပါ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ကျွန်တော့်ရဲ့
ဒီစာအုပ်မှာ ၁၇၉၈ ခုနှစ် နပိုလီယံရဲ့ အီဂျစ်ကျူးကျော်
မှုကနေ ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲပြီးချိန်အထိ အရှေ့
အလယ်ပိုင်းဒေသရဲ့ နှစ်ပေါင်းနှစ်ရာကျော် သမိုင်းဖြစ်
စဉ်တွေကို ခြေရာခံလေ့လာထားပါတယ်။ ဥရောပကိုလို
နီအင်အားကြီးနိုင်ငံတွေရဲ့နယ်မြေသိမ်းပိုက်မှု၊ ဆိုက်
ကပ်–ပီးကော့ သဘောတူညီချက်နဲ့ ဒေသတွင်းမှာနယ်
နိမိတ်တွေပြောင်းလဲလာပုံ၊အမေရိကန်ရဲ့အရှေ့အလယ်
ပိုင်းမူဝါဒနဲ့အီရတ်စစ်ပွဲအထိဖြစ်စဉ်တွေကိုဆက်စပ်လေ့လာတင်ပြထားပါတယ်။

ဒါ့အပြင် ပါလက်စတိုင်းအရေး၊ အစ္စရေး–အမေရိကန်
ဆက်ဆံရေး၊ မွတ်စလင်ကမ္ဘာအပေါ် အနောက်တိုင်းမီဒီ
ယာတွေရဲ့ ပုံဖော်တင်ဆက်မှုနဲ့ စစ်ပွဲတွေကို လူထုလက်
ခံလာအောင် ဖန်တီးတဲ့ဝါဒဖြန့်မှုများကိုလည်း ဝေဖန်
သုံးသပ်ထားပါတယ်။

ကျွန်တော် ဒီစာအုပ်မှာ “ခေတ်သစ်ခရူးဆိတ်စစ်ပွဲ” ဆို
တဲ့ အယူအဆကို အသုံးပြုထားတာဟာ အလယ်ခေတ်
က ဘာသာရေးစစ်ပွဲတွေနဲ့ ယနေ့ခေတ်စစ်ပွဲတွေဟာ ပုံစံ
တူညီတယ်လို့ ဆိုလိုတာသက်သက် မဟုတ်ဘူး။ အဲဒီ
အစား ဘာသာရေးအယူအဆတွေ၊ ယဉ်ကျေးမှုအရ
အထက်စီးယူမှုနဲ့ လူ့အဖွဲ့အစည်းတစ်ခုကို အခြားတစ်
ခုက ထိန်းချုပ်ချင်တဲ့အာဏာနိုင်ငံရေးတို့ဟာခေတ်
အဆက်ဆက် ဘယ်လိုပုံစံပြောင်းလဲပြီး ဆက်လက်
ပေါ်ပေါက်လာသလဲဆိုတာကို ဆန်းစစ်တင်ပြထားပါ
တယ်။

အရှေ့အလယ်ပိုင်းရဲ့ ပြဿနာတွေကို ဒေသခံလူမျိုး
တွေရဲ့အားနည်းချက်၊ ဘာသာရေးကွဲပြားမှုများနဲ့ဆက်
စပ်ရှင်းပြနေကြတဲ့ အနောက်တိုင်းခရူးဆိတ်ကျွန်ပြုသူ
တွေရဲ့အဘော်တွေကို သမိုင်းဖြစ်ရပ်တွေနဲ့မှားယွင်း
ကြောင်းသက်သေပြထားပါတယ်။အဲဒီလို ရှင်းပြချက်
မျိုးဟာ ကျွန်ပြုသူတွေအတွက်အကျိုးရှိအောင်ရေးဆွဲထားတဲ့ အရှေ့တိုင်းဝါဒဆိုတဲ့ နယ်ချဲ့လက်ဝေခံ သုတေ
သနလုပ်ငန်းကနေဆင်းသက်လာတာဖြစ်ပြီး ဒါကိုယနေ့
အထိမပြောင်းမလဲဆက်သုံးနေတာတွေရှိပါသေးတယ်။
ဒီလိုရှင်းပြချက်မျိုးဟာ လက်တွေ့မှာ ကျွန်ပြုသူတွေကိုပဲ အကျိုးရှိစေပြီး ဒေသခံတွေကို နွားတွေလိုကျွန်ပြုခံကြဖို့ စေ့ဆော်ပေးရုံမှတပါး အခြားအကျိုးကျေးဇူးဆိုတာမရှိဘူး။ပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ ဝင်ရောက်
စွက်ဖက်မှု၊ နယ်ချဲ့အကျိုးစီးပွားနဲ့ ဒေသတွင်းအာဏာ
ပြိုင်ဆိုင်မှုများကိုထည့်သွင်းမစဉ်းစားဘဲ ပြောဆိုနေတဲ့
ဝေဖန်ချက်ဆိုတဲ့ စကားတွေ၊ဆွေးနွေးမှုတွေမှာ တန်ဖိုး
ဆိုလို့ သဲတစ်ပွင့်ရဲ့အလေးချိန်ခန့်မပါရှိဘူး။ သမိုင်းဆို
တာ အတိတ်က ဖြစ်ရပ်တွေကို မှတ်တမ်းတင်ခြင်းသက်
သက် မဟုတ်ဘူး။ ယနေ့ကမ္ဘာမှာ ဘာတွေဖြစ်ပျက်နေ
သလဲ၊စစ်ပွဲတွေရဲ့နောက်ကွယ်မှာဘယ်လိုအကျိုးစီးပွား
တွေ ရှိနေသလဲ၊အဲဒီလိုကုပ်သွေးစုပ်မှုများအပေါ်ကြည့်
ကောင်းအောင် လူထုရဲ့အမြင်ကို ဘယ်လိုပုံဖော်နေကြ
သလဲဆိုတာ နားလည်ဖို့အရေးကြီးတဲ့ သော့ချက်တစ်ခု
ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ အရှေ့အလယ်ပိုင်းသမိုင်းကို အနောက်
တိုင်းခရူးဆိတ်အမြင်ကနေ မကြည့်ဘဲ အာဏာ၊ ကိုလို
နီဝါဒ၊ ယဥ်ကျေးမှုနဲ့ ဘာသာရေးအရ အထက်စီးယူမှုနဲ့
ပါဝါနိုင်ငံရေးရဲ့ အောက်တန်းကျတဲ့ ရာဇ၀တ်မှုများ
အကြား ပက်သက်ဆက်နွယ်မှုများကို ဝေဖန်ဆန်းစစ်
ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။သမိုင်း
ကို စိတ်ဝင်စားသူတွေ၊ အရှေ့အလယ်ပိုင်းအရေးနဲ့ ပါ
လက်စတိုင်းအရေးကို ပိုမိုနက်ရှိုင်းစွာ နားလည်လိုသူ
တွေ၊ယနေ့ကမ္ဘာ့နိုင်ငံရေးရဲ့ နောက်ကွယ်ကအကြောင်း
ရင်းတွေကို လေ့လာလိုသူတွေအတွက် ကျွန်တော့်ရဲ့ ဒီ
စာအုပ်က စဉ်းစားစရာ အမြင်သစ်တွေနဲ့ မေးခွန်းသစ်
တွေကို ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။သမိုင်းကို
ပြန်ဖတ်ကြည့်ပါ။ အတိတ်ကို နားလည်မှ ပစ္စုပ္ပန်ကို ပိုမို
ရှင်းလင်းစွာ မြင်နိုင်မှာဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့သမိုင်းအချိန်ကာလကို အတို ပြောရရင်
အာရဗ်ကမ္ဘာကို နပိုလီယံကျူးကျော်ချိန် ၁၇၉၈ ကနေ
၂၀၀၃အီရတ်စစ်ပွဲပြီးချိန်အထိ Middle East တစ်ခုလုံး
(အီရတ်၊အီရန်၊လစ်ဗျား၊အီဂျစ်၊ဆော်ဒီ၊ကူ၀ိတ်၊လက်ဘနွန်၊ပါလက်စတိုင်း၊အစ္စရေး၊ဂျော်ဒန်၊ဆီးရီယားတို့
အပြင် အော်တိုမန်ပြိုဆင်းချိန် ဆူဒန်၊အယ်လ်ဂျီးရီးယားနဲ့မော်ရိုကိုတို့ကဖြစ်ရပ်များအထိ)အပေါ်ကျရောက်
ခဲ့တဲ့ ခရစ်ယာန် ခရူးဆိတ်စစ်ပွဲများနဲ့အတူဖျက်ဆီးခဲ့တဲ့
သမိုင်းအဖြစ်အပျက်တွေကို ဒီစာအုပ်မှာ မှတ်တမ်းတင်
ထားပါတယ်။

- စာရေးသူ

▪️အခန်းပေါင်း ၁၅ ခန်း
▪️စာမျက်နှာ ၈၂၆ မျက်နှာ
▪️မဂ္ဂဇင်းဆိုဒ် ( စက္ကူဖြူ )
✅ တန်ဖိုး - ၇၅၀၀၀
156000
Genius Book House logo
Genius Book House

09:44 17 thg 10, 2026

သို့သော် ဦးကားမညွှတ်
နေမင်းနိုင် (မြန်မာပြန်)
INVICTUS
John Carlin
••••••••••••••••••••••

📕John Carlin ရဲ့ စာအုပ်ကို ပင်ကွင်းက စစခြင်းထုတ်တော့ Playing the enemy ဆိုတဲ့ နာမည်နဲ့ပါ။ မော်ဂန် ဖရီးမင်း၊ မက်ဒီမွန်တို့ နဲ့ ကလင့်အိဒ်ဝုဒ်က ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ရိုက်လိုက်တော့ ရုပ်ရှင်နာမည်က INVICTUS ဖြစ်သွားခဲ့ပြီး အောင်မြင်တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ခဲ့တယ်၊ INVICTUS ဆိုတဲ့ ကဗျာအကြောင်း စာအုပ်မှာ မပါပေမယ့် ရုပ်ရှင်မှာ အဲဒီက‌ဗျာကို ထည့်ရိုက်ပြီး အဲဒီ နာမည်ပေးလိုက်တာပါ။ အဲဒါနဲ့ ပင်ကွင်းက စာအုပ်ထပ်ထုတ်တော့ စာအုပ်နာမည်က INVICTUS ဖြစ်လာပြီး ထပ်ထုတ်တဲ့ စာအုပ်မှာလည်း INVICTUS က‌ဗျာကို ထည့်သွင်းဖော်ပြခဲ့တယ်။

အားလုံးသိတဲ့အတိုင်း INVICTUS ဆိုတာက ဝီလျှံအားနက် ဟန်လေး (William Ernest Henley (1849-1903)) ရဲ့ ဝိတိုရိယခေတ် ကဗျာတစ်ပုဒ်ရဲ့ ခေါင်းစဉ်။ လွတ်မြောက်ရေး တိုက်ပွဲဝင်နေကြတဲ့ ‌တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ အဖိနှိပ်ခံနေရာက လွတ်မြောက်လိုတဲ့ တက်ကြွလှုပ်ရှားသူတွေ နှစ်သက်တတ်ကြတဲ့ ကဗျာတစ်ပုဒ် ဖြစ်ပြီး ဒီနေ့
ခေတ်ထိတိုင်အောင် မကြာခဏဆိုသလို ကိုးကားရွတ်ဆိုတတ်ကြတဲ့ ကဗျာတစ်ပုဒ်။

မြန်မာ ပရိသတ်တွေ အနေနဲ့ "အနိုင်မခံ" ဆိုတဲ့ နာမည်နဲ့ ရင်းနှီးပြီးသား ကဗျာပါပဲ။ တက္ကသိုလ်‌ကျောင်းသားဘဝ ကိုအောင်ဆန်း အယ်ဒီတာလုပ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ထုတ် “အိုးဝေ မဂ္ဂဇင်း” ရဲ့ ခေါင်းကြီးမှာ ဒီကဗျာကို “အနိုင်မခံ” ဆိုတဲ့ နာမည်နဲ့ ဘာသာပြန် ဖော်ပြခဲ့တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ဗိသုကာတွေရဲ့ တက္ကသိုလ်‌‌ကျောင်းသားဘဝက က သူတို့ရဲ့ တော်လှန်ရေးဝိဉာဉ်ကို လွှမ်းမိုးခဲ့တဲ့ ကဗျာပါပဲ။ အခု မြန်မာဘာသာပြန် စာအုပ်ရဲ့ အတွင်းအဖုံးမှာလည်း “အနိုင်မခံ” က‌ဗျာကို ဖော်ပြထားပါတယ်။

မင်ဒဲလားအနေတဲ့ အကျဉ်းကျနေစဉ်ကာလ ရန်သူတွေနဲ့ စပြီး ဆွေးနွေးခွင့်ရခဲ့တဲ့ ၁၉၈၅ ခုနှစ်က စလို့ သမ္မတဖြစ်လာခဲ့ပြီး နောက်တစ်နှစ်အကြာ ရက်ဘီကမ္ဘာ့ဖလားပွဲ ကျင်းပခဲ့တဲ့ ၁၉၉၅ ခုနှစ်ထိ ဆယ်နှစ်တာ ကာလကို လူဖြူ လူမည်း ဇာတ်ကောင်များစွာနဲ့ သရုပ်ဖော်ထားတဲ့ စာအုပ်ပါ။ ရက်ဘီ အားကစား ဆိုတာက လူဖြူတွေအဖို့ ဘာသာတရားပြီးရင် ဘိန်းလို စွဲလန်းရတဲ့အရာ ဖြစ်ပေမယ့် လူမည်းတွေ အတွက်တော့ အသားရောင်ခွဲခြားရေးစနစ်ရဲ့ စက်ဆုပ်စရာ သင်္ကေတ တစ်ခုပါ။ အဲဒီ ရက်ဘီ အားကစားပွဲကို ဗဟိုပြုပြီး မင်ဒဲလားရဲ့ အမျိုးသားရင်ကြားစေ့‌ရေး ကြိုးပမ်းမှုတွေကို ဖတ်ကြရမှာပါ။
USA Today သတင်းစာကတော့ မင်ဒဲလားရဲ့ နိုင်ငံရေး ပါရမီကို သံသယဖြစ်ခဲ့ရင် ဒီစာအုပ်ကို ဖတ်ကြည့်လိုက်ပါတဲ့။

တကယ်တော့ မင်ဒဲလား ဆင်နွဲခဲ့တဲ့ တော်လှန်ရေးက တော်လှန်ရေးသစ် ။ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခဲ့တဲ့ တော်လှန်ရေး။ အုတ်မြစ်ဟောင်းပေါ် အခြေတည်လို့ ရန်သူကို ပေါင်းစည်းခွင့်ပေးခဲ့တဲ့ တော်လှန်ရေး။ သူတို့ ရခဲ့တဲ့ လက်စားခြေခွင့်ကို မျက်ကွယ်ပြုလို့ မင်ဒဲလားရဲ့ ခေါင်းဆောင်မှုနောက်ကို တစ်စိုက်မတ်မတ်လိုက်ရင်း ခွင့်လွှတ်ခြင်း ဉာဏ်အလင်းကို ရခဲ့ကြတဲ့ တောင်အာဖရိက လူမည်းတို့ရဲ့ နိုင်ငံရေးရေချိန်နဲ့ နိုင်ငံရေး စိတ်ဇော စေတနာတွေကိုလည်း ဝတ္ထုတစ်ပုဒ်လို ဖတ်ရှုရမယ့်စာအုပ်ပါ။ တောင်အာဖရိကရဲ့ အမျိုးသား ရင်ကြားစေ့ရေးလမ်းစဉ်ဟာ နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး လုပ်ငန်းစဉ်တွေမှာ လက်စွဲစာအုပ်လို ဖြစ်ခဲ့တာပါ။

၂၀၁၆ ခုနှစ် မတ်လ က ပထမအကြိမ် ထုတ်ဝေခဲ့တဲ့ "သို့သော် ဦးကားမညွှတ်" စာအုပ်ကို ၂၀၂၆ ခုနှစ်မှာ ဒုတိယအကြိမ် ထပ်မံထုတ်ဝေထားပါတယ်။

✅တန်ဖိုး - ၃၅၀၀၀ ကျပ်

#geniusbookhouse
200000
Genius Book House logo
Genius Book House

11:40 13 thg 10, 2026

❝ ဆူးလေညနေခင်း ❞ - ကြည်ဇော်အေး

မလာလို့မှ မဖြစ်ဘဲ
မပြန်လို့မှ မဖြစ်ဘဲ။
ကိုယ်စီ မျက်၀န်းမှာ မြင်နေရတဲ့ နွမ်းလျစိတ်
နေအ၀င်မှာထိုးတဲ့ ခေါင်းလောင်းသံဟာ
ညနေခင်းကို မီးစွဲလောင်လို့။
အသက်ကို မွေးယူထားရတဲ့ နာရီနှိုးစက်
နံနက်စောစော ချခဲ့ရတဲ့ သက်ပြင်းဟာ
ပြာလို ကြွေတယ်။
ပို၍ မြင့်မားလာသော အဆောက်အအုံများပေါ်မှာ
ပို၍ မြင့်မားလာသော ဗျာပါဒ လှေကားထစ်များ။
ဆိုလိုတာက
တစ်ယောက်နဲ့ တစ်ယောက် မယုံတော့ဘူး
တစ်ယောက်နဲ့ တစ်ယောက် မသင်္ကာတော့ဘူး
တစ်နေ့ထက်တစ်နေ့
တောဟာ နက်သည်ထက် နက်လာတယ်။
အချစ်ရယ်
ရိုးရိုးသားသား သစ်သီးပဲ စားချင်ပါတယ်
တောင်းတဲ့ဆုအတွက်
စောင့်နေဆဲ မှတ်တိုင်မှာ
ကြွေမယ့်ကြယ်ကို သွေးတောင့်အောင် မမျှော်လိုတော့ဘူး။ ။
ကြည်ဇော်အေးရဲ့ ရေးသားထုတ်ဝေပြီးဖြစ်တဲ့ "လူငယ်တစ်ယောက်ရဲ့ မှတ်စုများ"၊ "တောလမ်းကလေး" နဲ့ "ကော်ဖီခံစားမှု" အက်ဆေးစာအုပ်သုံးအုပ်ကို စုစည်းထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ရုပ်ပုံလွှာအဖွဲ့အနွဲ့များနဲ့ အက်ဆေးများ ၆၇ ပုဒ် ပါဝင်ပါတယ်။

လူငယ်တစ်ယောက်ရဲ့ မှတ်စု၊ တောလမ်းကလေး၊ ကော်ဖီခံစားမှု
ကြည်ဇော်အေး
စာမျက်နှာ - ၃၄၀၊ စက္ကူဖြူချော၊
မျက်နှာဖုံး- မောင်ဒေး
စာအုပ်ချုပ် - ကိုမြင့်
အတွင်းစာမျက်နှာ - သရဖီ
တန်ဖိုး- ၂၅၀၀၀ ကျပ်

#ကြည်ဇော်အေး #ကဗျာ #ဆူးလေညနေခင်း #geniusbookhouse
327006
Genius Book House logo
Genius Book House

11:27 12 thg 10, 2026

ငယ်စဉ်ကလေးဘဝက မန္တလေးမှာ သုံးနှစ်အကြာ
နေထိုင်ဖူးတဲ့ နိုဘယ်လ်ဆုရ ဘောဂဗေဒပညာရှင်ရဲ့
ကိုယ်တိုင်ရေးဘဝမှတ်တမ်း စာအုပ်။

ကာလကတ္တားကနေ ရန်ကုန်သို့ သင်္ဘောနဲ့ လာရတဲ့
ခရီးစဉ်အဆုံးမှာ ကြားလိုက်ရတဲ့ ဥဩသံ။
ကျုံးရေညို ရစ်ကာဝိုင်းနေတဲ့ မန္တလေးနန်းတော်ရာ။
ဧရာဝတီ မြစ်တရိုးတလျောက် နှင်ခဲ့တဲ့ ရေလမ်းခရီး
စဉ်တွင်း လှမ်းမြင်ရတဲ့ စိမ်းမြပြန့်ပြော မြင်ကွင်းတွေ။
အချိုးအစား ကျနပြေပြစ်တဲ့ ထုံးဖြူဖြူစေတီတွေ။
ဥတုသုံးပါး လုံခြုံချမ်းမြေ့စေခဲ့တဲ့ နှစ်လိုဖွယ်ရာ
ဗမာအိမ်ကလေး။
အပြုံးချိုချို ခင်မင်သဘောကောင်းတဲ့ မန္တလေးက
စျေးသည်အဒေါ်ကြီးတွေရဲ့ ရိုးသားမျက်နှာတွေ။
ပြီးတော့—
မန္တလေးကို အခြေပြုလို့ မေမြို့၊ ပုဂံ၊ ပဲခူး၊ ရန်ကုန်
အစရှိတဲ့ မြည်မာပြည်အနှံ့ မိသားစုနဲ့ ခရီးခြေဆန်
ခဲ့ရာ အမှတ်သညာများဟာ ဤစာအုပ်ရဲ့ အဖွင့်ခန်း
စာမျက်နှာများပါပဲဲ။

အမတြာ(မသေမျိုး) အမည်နာမကို ကဗျာဆရာကြီး
ရာဘင်ဒြာနတ်တဂိုးက ပေးတာမို့ နှယ်နှယ်ရရတော့
မဟုတ်။ သူကိုယ်တိုင်က တဂိုးရဲ့ ‘အေးငြိမ်းသာယာ’
လွတ်လပ်တဲ့ ကျောင်းကြီးမဟာ သျှန်တိနိကေတန်မှာ
အရွယ်ရောက် ကြီးပြင်း ပညာသင်ရင်း ကမ္ဘာပေါ်က
ထိပ်တန်းဆိုတဲ့ ပုဂ္ဂိုလ်အများအပြားကို မြင်ခဲ့ တွေ့ခဲ့ စကားပြောခဲ့ဖူးသူ။

သမိုင်းစာအုပ်တွေထဲ လုံးလုံးလျားလျား မပါသေး–
အပြင်လူတွေ ဘယ်လိုမှ အစုံအစေ့ မသိနိုင်သေးတဲ့
သျှန်တိနိကေတန်ရဲ့ အံ့ဖွယ်ထူးခြား ပညာသင်ကြား
အယူအဆများနဲ့ ဉာဏ်အလင်းဖွင့်တဲ့ ပတ်ဝန်းကျင်
အကြောင်းအပါအဝင်—

တဂိုးနဲ့ ဂန္ဒီကြီးတို့ကြားက ထူးခြားတဲ့ဆက်ဆံရေးနဲ့
မတူကွဲပြားတဲ့ အယူဆရေးရာ ငြင်းခုံစောဒနာမှုများ၊

ကိုလိုနီအပြုခံအိန္ဒိယရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုထဲ
ရင်းနှီးပေးဆပ်ရလိုက်ရတဲ့ အိန္ဒိယစံတန်ဖိုးထားတွေ။
ဗြိတိသျှရာဇ် သခင်ကြီးများရဲ့ ဆိုးပုံဆိုးကွက် ညစ်ပုံ
အဖုံဖုံ။
ဘီဟာငလျင်၊ ဘန်ဂေါအငတ်ဘေး။အိန္ဒိယတိုက်ကြီး
ကို မွေးနေ့ကိတ်လေးတလုံး ခွဲလိုက်ကဲ့ဘိသို့ အလား
ဗြိတိသျှအရှင်ကြီးများက ခွဲခြားပေးလိုက်ပြီးနောက်
ပေါက်ပေါက်လာသော သွေးမြေကျမှုများ၊ ဘာသာနဲ့
လူမျိုးအမှတ်သရုပ်ကွဲမှု အခြေပြု ပဋိပက္ခများ……
ထိုထို အရာများကို နောက်ခံကားထားလျက်—

သျှန်တိနိကေတန်ကျောင်းမှာ ဆယ်နှစ်ကျော်ကြာမျှ
ပညာထီးရိပ်ခိုပြီးတဲ့နောက် ကာလကတ္တား မြို့ပြရဲ့
ခမ်းနားမှော်ဆန်မှုထဲ တိုးဝင်။ ထိုမှ—
ကိန်းဘရစ်တက္ကသိုလ် ထရင်နတီကောလိပ်သို့ထိတိုင်
ပညာရှာပုံတော်ခရီးစဉ်တလျောက် တွေ့ရ ကြုံရသော
ပြောမဆုံးပေါင် တောသုံးထောင် အဖြစ်သနစ်များ….

ထိုခေတ်ထိုအခါ ကိန်ဘရစ်တက္ကသိုလ်ပညာရှင်များ
အကြား—ဘာထရန်ရပ်ဆယ်၊ ဝဂ်ဗင်စတိန် အစရှိတဲ့
ဒဿနိကဗေဒပညာရှင်များမှသည် ဆာဖယ်ရာ၊ မော
ရီးဒက်စ် အစရှိတဲ့ ဘောဂဗေဒပညာရှင်တွေ ထိတိုင်
တခြိမ်းခြိမ်း ဆူလောင် ပေါက်ကွဲလျက် ရှိကုန်သော
ပညာရပ်ဆိုင်ရာ ငြင်းခုံဆွေးနွေးပွဲများ…..

အမတြာဆင်းရဲ့ ကိန်းဘရစ်ကျောင်းနေဖက်တွေထဲ
သမ္မတ၊ နိုင်ငံရေးသမား၊ ဝန်ကြီးချုပ်၊ ဘောဂဗေဒ
ပညာရှင်၊ စာရေးဆရာ အစရှိသဖြင့် နောင်အခါမယ်
သူ့ရပ် သူ့ရွာ သူ့နိုင်ငံမှာ ပုဂ္ဂိုလ်ကြီးကြီး ဖြစ်သွားကြ
တဲ့သူတွေ မနည်းလှ။ အဲဒီ လူကြီးလူကျယ်တတွေရဲ့
ကျောင်းနေစဉ်ကာလ လူငယ်ဘာဝ စရိုက်လေးများ။
…………………………………………
စာအုပ်ပါ အကြောင်းအရာတွေက စုံတကာစေ့နေတာ
မို့ အမတြာဆင်းရဲ့စာအုပ် ကောင်းပုံကောင်းကွက်ကို
ခြံမိငုံမိအောင် ကျွန်ုပ်တို့ ညွှန်းဆိုမစွမ်းနိုင်တော့ပါ၍
ဒီမှာ ရပ်ပါရစေ။ ကိုယ်တိုင်သာ ဖတ်ကြည့်ပါလေ။

ဒါပေမဲ့ လုံးဝ ပျင်းစရာမကောင်းတဲ့ အရေးအသားရဲ့
အရောက်ပို့မှု၊ အကြောင်းအရာကောင်းရဲ့ ဆွဲဆောင်
မှုကြောင့် အတ္ထုပ္ပတ္တိစာတအုပ်ကို ဖတ်နေတယ်ရယ်
လို့ လုံးဝအထင်မရောက်ဘဲ စာအုပ်ကို အဆုံးထိတိုင်
ဖတ်မိသွားစေမှာပါပဲ။

အခုခါမယ် လူအိုလူနှောင်းတဦးအရွယ် ရောက်နေတဲ့
အဖိုး အမတြာဆင်းရဲ့ သူ့ထက်ငယ်ရွယ်သူများဆီသို့
ဘဝအတွေ့အကြုံမျှဝေတဲ့ ဒီစာအုပ်မှာ အာဝဇ္ဇန်းရွှင်
ပုံကို မသွေမလွှဲ အရသာတွေ့မှာပါပဲ။

သို့ကလို အရသာရှိရှိ ဖတ်ပြီးသည့်နောက်ဝယ်—
ပညာအသိုင်းအဝိုင်းဆိုသဟာ ဘယ်လိုဟာမျိုးလဲ။
အတိတ် အိန္ဒိယတိုက်ကြီးထဲကနေ ဘယ်လိုမျိုးသောပညာရပ်တွေ ကမ္ဘာကို ပျံ့နှံ့ထွန်းကားသွားသလဲ။
ဘယ်လို ပညာရှင် သောတုဇနတွေ ပေါ်ထွန်းနေသလဲ၊
လူမျိုးတွေလည်း ကွဲပြား၊ ဘာသာအယူတွေလည်းပဲ
ခြားနား၊ အာကာသထဲ ဂြိုဟ်တုတွေ တလုံးပြီး တလုံး
လွှတ်တင်နေဆဲမှာပဲ ကမ္ဘာဦးဓလေ့များလည်း တည်
ရှိနေဆဲ အိန္ဒိယတိုက်ကြီးရဲ့ ဆန်းပြားမှုကိုပါ လင်းခနဲ
မြင်ရပါလိမ့်မယ်။

#အမတြာဆင်းရဲ့အမတြာဆင်း
#သန့်သူရဇန်_ဘာသာပြန်သည်

တအုပ်တန်ဖိုး #ကျပ်_ငါးသောင်းငါးထောင်

#geniusbookhouse #အမတြာဆင်း
353003
Genius Book House logo
Genius Book House

10:11 12 thg 10, 2026

Photo1/2
ချက်ကော့ဗ်ရဲ့ စာပေလက်ရာ
လွန်ခဲ့တဲ့ နှစ်ပေါင်း 125 နှစ်ခန့်က ရေးသားခဲ့တဲ့ စာပေလက်ရာ ဖြစ်တာတောင် ယခုအချိန်ထိ လက်ဆင့်ကမ်း ဖတ်ရှုနေကြဆဲ၊ တင်ဆက်နေကြဆဲ အနုပညာလက်ရာဖြစ်တဲ့ အန်ကယ်ဗန်ညာပြဇာတ်။

ချက်ကော့ဗ်ရဲ့ ပြဇာတ်လက်ရာတွေကို လေ့လာသူ ပညာရှင်တစ်ဦးဖြစ်တဲ့ ရစ်ချက်ဂီလ်မန်းက
"အန်ကယ်ဗန်ညာ ပြဇာတ်ဟာ ချက်ကော့ဗ် ရေးသားခဲ့တဲ့ ပြဇာတ် တွေအားလုံးအထဲမှာ အကျယ်ပြန့်ဆုံး အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း ခံခဲ့ရတဲ့ ပြဇာတ်တစ်ပုဒ် ဖြစ်ပါတယ်" လို့ မှတ်ချက်ချပါတယ်။ရုရှားစာပေတွေကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့သူ ဒေးဗစ်မဂ္ဂနာရှပ်ခ် (David Magarshack) ကတော့ “အန်ကယ်ဗန်ညာ ပြဇာတ်က စိတ်ပျက်လက်ပျက် ဖြစ်စရာ အကြောင်းတွေကို ဖော်ပြရေးသားထားတဲ့ ပြဇာတ်တစ်ပုဒ် မဟုတ်ပါဘူး၊ သတ္တိနဲ့ မျှော်လင့်ချက်အကြောင်းတို့ကို ရေးသားထားတဲ့ ပြဇာတ်” လို့ ဆိုခဲ့ပါတယ်။

✍️မိုးရဲ ဘာသာပြန်ဆိုပါတယ်
📒အန်ကယ်ဗန်ညာ
အန်တွန်ချက်ကော့ဗ်
Uncle Vanya
Anton Chekhov

✅တန်ဖိုး-15000 ကျပ်

ပထမအကြိမ်၊ အောက်တိုဘာ၊ 2026
စာမျက်နှာ 184
21.5cm×31.5 cm size
စက္ကူဖြူချောဖြင့်
296002
Genius Book House logo
Genius Book House

21:22 09 thg 10, 2026

Photo1/2
အသောကမင်းကြီး လက်ထက်မှာ
တက္ကသီလာ၊မထုရာ၊နာလန္ဒ,ဆိုတဲ့ ဝိဟာရကျောင်းတိုက်ကြီးတွေဟာ
အတွေးအမြင်ဖြန့်ဖြူးရာ တက္ကသိုလ်ကြီးတွေဖြစ်တယ်

ကြာတော့မှ
ဘုရားရှိခိုးပြီး တရားစာအလွတ်ကျက်တဲ့
ဘုန်းကြီးကျောင်းတွေဖြစ်သွားတာ

(လျှပ်တပြက် ကမ္ဘာ့သမိုင်း၊ ဘိုးလှိုင် )

▪️ကိုသန်းထွန်း ( သို့သော် တွေးတဲ့ကျူပင်)

#geniusbookbar #ကိုသန်းထွန်း
357002
Genius Book House logo
Genius Book House

11:56 09 thg 10, 2026

🟥ဆရာကျော်ဝင်း၏ ဘာသာပြန်စာအုပ်အသစ်

🟦ဘဝနေနည်း အနုပညာ

✍️ကျော်ဝင်း

🟦THE ART Of LIVING

✍️THICH NHAT HAN

🟧တကောင်းစာအုပ်တိုက်

🖥️မျက်နှာဖုံး ◼️အံ့ဘွယ်ဇင်

🟢စာ ၂၅၃

🟤တန်ဖိုး ၂၃၀၀၀

🟡လောကီ’ လော၊ ‘လောကုတ်’ လော

◼️ဗုဒ္ဓဘာသာနှင့်ပတ်သက်လျှင် ‘လောကုတ္တရာ’ ကိုသာ ဦးစားပေးလွန်းသည်။ ‘မသေမီ ဘဝအရေး’ တစ်နည်း ‘လောကီ’ နှင့်ပတ်သက်လျှင်မူ ပစ်ပယ်သလိုပင် ရှိသည်ဆိုသော ဝေဖန်ချက်များ ရှိပါသည်။ ဤသို့သော အမြင်ရှိလျှင် ဆရာတော် သစ်နတ်ဟန်း၏ ယခုစာအုပ်ကို ဖတ်ပါဟု ညွှန်းလိုသည်။ အမှန်စင်စစ် ဗုဒ္ဓဘာသာမှာ ‘လောကီ’ ရော ‘လောကုတ်’ ပါ အလေးထားသည်ဟု ထင်ပါသည်။ စာရေးသူ သတိပြုမိသလောက်တော့ ဆရာတော်၏ ယခုစာအုပ်မှာ ‘လောကုတ္တရာ’ ထက် ‘လောကီ’ ကိုပင် ပိုအလေးထားသယောင် ရှိသည်။ ဤအတွက် အချက်အလက် အထောက်အထားအချို့ကို တင်ပြလိုပါသည်။

◼️၁။ နိဗ္ဗာန်
ဗုဒ္ဓဘာသာကျမ်းရင်းများတွင် ‘နိဗ္ဗာန်’ နှင့် ပတ်သက်ပါက နှစ်မျိုးနှစ်စားခွဲ၍ ဖော်ပြထားလေ့ရှိသည်။ ‘ရုပ်နာမ်ခန္ဓာ အကြွင်းအကျန်ရှိသေးသော နိဗ္ဗာန်’ (‘သဥပါဒိသေသနိဗ္ဗာန်’) နှင့် ‘ရုပ်နာမ်ခန္ဓာ အကြွင်းအကျန်မရှိတော့သော နိဗ္ဗာန်’ (‘အနုပါဒိသေသနိဗ္ဗာန်’) တို့ဖြစ်ကြသည်။ ယခုဘဝမှာပင် မျက်မှောက်ပြုနိုင်သော ‘နိဗ္ဗာန်’ နှင့် ကွယ်လွန်ပြီးနောက်ပိုင်းမှ ရောက်ရှိနိုင်သော ‘နိဗ္ဗာန်’ တို့ ဖြစ်ပါသည်။ ဆရာတော်၏ ယခုစာအုပ်တွင်မူ ‘သဥပါဒိသေသ’ နိဗ္ဗာန်ကိုသာ အဓိက ညွှန်းသည်ကိုသာ အတွေ့ရများပါသည်။

◼️၂။ စျင်ဓမ္မဆရာ ‘လင့်-ချီ’ ရဲ့ စကား

ဆရာတော်၏ စာအုပ်တွင် စျင်ဓမ္မဆရာ ‘လင့်-ချီ’ ၏ စကားကို ကိုးကားထားသည့် တစ်နေရာပါသည်။ ‘လင့်-ချီ’ က ယခုလိုပြောခဲ့ဖူးသည်။ “အကောင်းဆုံး၊ အမြတ်ဆုံး စံပြဘဝဆိုတာ လူသားအားလုံးကို ကယ်တင်နိုင်ဖို့ ရဟန္တာတစ်ပါးဖြစ်ရေး မဟုတ်သလို ဘုရားအလောင်းဖြစ်ရေးလည်း မဟုတ်ပါ။ ‘လုပ်ငန်းတာဝန်များကို လျှော့ချနိုင်သော လူတစ်ယောက်ဖြစ်ရေး’ သာ ဖြစ်ပါသည်” ဟူ၏။

◼️သူပြောသော ‘လုပ်ငန်းတာဝန်များ လျှော့ချရေး’ ဆိုသည်မှာ အချိန်ရှိသမျှ ဘိဇနက်လုပ်ငန်းထဲတွင် နစ်မနေဘဲ ဘဝ၏ လုပ်ငန်းတာဝန်များကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ရေး ဖြစ်ပါသည်။

🟥'ဆတောရီ' ကို ရှာကြည့်ခြင်း

'စျင်' ဗုဒ္ဓဘာသာတွင် အသုံးများသော ဂျပန်ဝေါဟာရတစ်ခုရှိသည်။ 'ဆတောရီ' (satori) ဟု ခေါ်ပါသည်။ မြန်မာလို ဘာသာပြန်လျှင် 'ဉာဏ်အလင်းရခြင်း'ဟု ယေဘုယျ ယူနိုင်ပါလိမ့်မည်။ သူများတော့ မသိ။ ကျွန်တော်တော့ ဆရာတော်၏ 'The Art of Living' ကို ဖတ်ရင်း 'ဉာဏ်အလင်းမရ'တောင် ဘဝအတွက် နေနည်းထိုင်နည်းအချို့ကိုတော့ ရိပ်မိ သလိုလို ရှိလာပါသည်။

စာဖတ်သူမိတ်ဆွေများအနေနှင့်လည်း 'ဆတောရီ'ရလိုလျှင် ဆရာတော်၏ ယခု စာအုပ်ကို ဖတ်ကြပါဟု တိုက် တွန်းအပ်ပါသည်။

🟧ခင်မင်လေးစားစွာဖြင့်
✍️ကျော်ဝင်း
🔺၁၇၊ ဇူလိုင်၊ ၂၀၂၆

(အမှာစာမှ ကောက်နုတ်ဖော်ပြပါသည်)


#ကျော်ဝင်း
#ဘဝနေနည်းအနုပညာ
402000
Genius Book House logo
Genius Book House

18:26 06 thg 10, 2026

❝ သုံးပြည်ထောင် အတွဲ (၁)(၂)(၃)(၄) ❞ 📚

အမဲဖျက်လာ၊ နှစ်တစ်ရာကြောင့် (AD 184-280)
အင်ပါယာကြီး၊ ပြိုပျက်စီးပြီး
စစ်မီးဟည်းဟည်း၊ သွေးချောင်းစီးနှင့်
ထီးဆောင်းနန်းပြိုင် သုံးပွင့်ဆိုင်။ ။


ဆယ့်လေးရာစုမှ စတင်ထုတ်ဝေခဲ့သော စာရေးဆရာလော်ကွမ့်ကျုံး ရေးသားသည့် “သုံးပြည်ထောင်” ဝတ္ထုသည် တရုတ်ရှေးဂန္ထဝင် ဝတ္ထုရှည်လေးအုပ်ထဲမှ အကျော်ကြားဆုံး၊ လူသိအများဆုံးနှင့် ရာစုနှစ်ချီ ခေတ်စားခဲ့ပြီး လူကြိုက်များသော စိတ်ဝင်စားဖွယ် စာအုပ်ဖြစ်ပေသည်။ (၁၈) ရာစုမှစ၍ အာရှတစ်ဝန်းသို့ ကျယ်ပြန့်စွာပြန့်နှံ့သွားပြီးနောက် မလေးရှား၊ စင်္ကာပူ၊ ထိုင်း... စသည့် အရှေ့တောင်အာရှ (၇) နိုင်ငံ ဘာသာပြန်ဆိုပြီးသည့်အပြင် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှား၊ ဂျာမနီ၊ ပိုလန်နှင့် အခြားသော နိုင်ငံများလည်း ဘာသာပြန်ထုတ်ဝေခဲ့သည်။ တနည်းဆိုသော် နိုင်ငံပေါင်း (၃၀) ခန့်နှင့် ဘာသာစကားပေါင်း (၆၀) ကျော်ဘာသာပြန်ဆိုခဲ့သည်။ ယခု တရုတ်ရှေးဂန္ထဝင် ဝတ္ထုရှည်လေးအုပ်ထဲက နောက်ဆုံးကျန်သေးသည့် “သုံးပြည်ထောင်” “ကွပ်လပ်”အား တရုတ်ဘာသာမှ တိုက်ရိုက်ပြန်ဆိုကာ မြန်မာ့စာပေလောကထဲသို့ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ဖြည့်ဆည်းပေးလိုက်ပါသည်။
ဝတ္ထုဇာတ်လမ်းမှာ ဟန့်မင်းဆက်နှောင်းပိုင်းနှင့် ဝိတ်(Wèi)၊ ရှူ(Shǔ)၊ ဝူ(Wú) သုံးပြည်ထောင်သမိုင်းကို အခြေပြုကာ အေဒီ ၁၈၄ ခုနှစ်၊ ခေါင်းစည်းဝါလူထုအုံကြွမှုမှ အစပျိုး၍ တောက်လျှောက်ရေးသားလာခဲ့ရာ ရာစုတစ်ခုနီးပါးကြာ အေဒီ ၂၈၀ ပြည့်နှစ်၊ ဝူပြည်ထောင်ပျက်သုဥ်းမှ ဇာတ်လမ်းကိုအဆုံးသတ်ထားခဲ့သည်။ စင်စစ် သုံးပြည်ထောင်ခေတ်သည် တရုတ်သမိုင်းတွင် သွေးမြေအကျဆုံးသောခေတ်။ စစ်ဘုရင်များက တရားလက်လွှတ် ကြီးသူငယ်ညှဉ်း မတရားပြုကျင့်သောခေတ်။ သူတစ်လူငါတစ်မင်းဖြင့် မင်းမဲ့စရိုက်ဆန်ဆန် တိုက်ခိုက်သိမ်းပိုက်သောခေတ်။ ဧကရာဇ်ပင်လျှင် “စစ်ပြေးဒုက္ခသည်ဘဝ” ရောက်ရရှာသောခေတ်။ သို့ဖြစ်ရာ ထိုခေတ်တွင် “တရားသောစစ်”ဟူသည် ပဇာမျှမရှိ။
တစ်နည်းဆိုရသော် ဤဝတ္ထုသည် နှစ်ပေါင်းတစ်ရာကာလတာ၏ အတောမတတ်နိုင်သော စစ်မက်အကြောင်းကို ဖော်ကျူးထားသည်။ အကယ်၍ ဆွန်းစု(Sun Zi)၏ စစ်ပညာကျမ်းကို သီအိုရီအဖြစ် မှတ်ယူပါမူ စစ်မက်ထူပြောသော သုံးပြည်ထောင်ခေတ်သည် ဆွန်းစု၏သီအိုရီများ မှန်ကန်မှုရှိမရှိကို လက်တွေ့စမ်းသပ် စစ်ဆေးခြင်းပင်ဖြစ်သည်။ သုံးပြည်ထောင်ခေတ်က ဖြစ်ရပ်များသည် မျက်မှောက်ကာလ၌ ဖြစ်ပျက်နေသည့် အချို့သောနိုင်ငံများ၏ ပြည်တွင်းရေးနှင့် အတော်လေးပင် ဆင်တူနေကြောင်းလည်း တွေ့မြင်ရပါသည်။

---

📌📌 သုံးပြည်ထောင် - မောင်ရှင်(ဘာသာပြန်)

▪️အတွဲ (၁) __ ၃၅,၀၀၀ ကျပ်

▪️အတွဲ (၂) __ ၄၅,၀၀၀ ကျပ်

▪️အတွဲ (၃) __ ၅၈,၀၀၀ ကျပ်

▪️အတွဲ (၄) __ ၅၈,၀၀၀ ကျပ်
491004
Genius Book House logo
Genius Book House

10:55 07 thg 9, 2026

"ကမ္ဘာကြီးကို ဘယ်လိုတိုင်းတာမလဲ — စာအုပ်တွေနဲ့လား၊ ဒါမှမဟုတ် စွန့်စားခန်းတွေနဲ့လား"

" Measuring The World "
by
" Daniel Kehlmann "

" မြေကမ္ဘာ ဖွေရှာလို့တိုင်း "
ရီးလ် ဘာသာပြန်သည် ။

၁၉ ရာစု ဂျာမနီရဲ့ ထူးချွန်ထက်မြက်ဆုံး ပါရမီရှင် သဘာဝသိပ္ပံပညာရှင် အလက်ဇန္ဒား ဖွန်ဟွန်းဘော့ (Alexander von Humboldt) နဲ့ သင်္ချာဧကရာဇ် ကားရ်ဖရီးဒရိချ် ဂေါက်စ် (Carl Friedrich Gauss) တို့ နှစ်ဦးရဲ့ မတူညီတဲ့ ကမ္ဘာတိုင်းတာပုံကို ဟာသနှောပြီး ရသမြောက်စွာ ပုံဖော်ထားတဲ့ သမိုင်းဝင် ဂန္ထဝင်ဝတ္ထု။

ဟွန်းဘော့က တောတောင် မြစ်ချောင်းတွေ ၊ မီးတောင်တွေနဲ့ အမေဇုံတောနက်အထိ ကိုယ်တိုင်ခြေဆန့်ပြီး ကမ္ဘာကြီးကို တိုင်းတာခဲ့ချိန်မှာ ဂေါက်စ်ကတော့ အိမ်ထဲက အိမ်ပြင်မထွက်ဘဲ သင်္ချာဖော်မြူလာတွေ ၊ ကိန်းဂဏန်းတွေနဲ့သာ ကမ္ဘာကြီးကို တိုင်းတာခဲ့ပုံကို အသောအထေ့လှိုင်လှိုင်သုံးပြီး ယှဉ်တွဲပြထားပါတယ်။

ဉာဏ်ကြီးရှင်တွေရဲ့ အောင်မြင်မှုနောက်ကွယ်က လွဲမှားမှုတွေ ၊ ထူးဆန်းတဲ့ စိတ္တဇတွေ ၊ စိန်ခေါ်မှုတွေနဲ့ အရွယ်ရောက် အိုမင်းလာချိန် ကြုံတွေ့ရတဲ့ ဘဝအမှန်တရားတွေကို ဟာသဉာဏ်စွဲပြီး ရသမြောက် ရေးဖွဲ့ထားတယ် ။

စာဖတ်သူကို ဒိုင်ယာလော့ဂ်တွေနဲ့ တဟားဟား ရယ်မောစေတာမျိုး မဟုတ်ဘဲ၊ ဇာတ်ကောင်တွေရဲ့ လွန်ကဲလှတဲ့ အမူအကျင့်၊ အယူအဆနဲ့ ရယ်စရာကောင်းတဲ့ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ် စကားလုံးတွေနဲ့ သရော်ထားတာ ဖြစ်ပါတယ်။

ဒါနီယယ် ကဲလ်မန်း (Daniel Kehlmann) ရဲ့ ရေးဟန်ဟာ ခေတ်ပြိုင်ဂျာမန်စာပေမှာ အင်မတန် ထူးခြားပြီး ထိမိတဲ့ ဟန်တစ်ခု ဖြစ်တယ်။ Measuring The World မှာ ထင်ရှားတဲ့ သူ့ရဲ့ ပင်တိုင် ရေးဟန်လက္ခဏာတွေကို တွေ့နိုင်တယ်။

သမိုင်းနဲ့ သိပ္ပံအကြောင်းအရာတွေကို အခြေခံထားပေမဲ့ ရေးဟန်က ထုထည်ကြီးမား လေးပင် မနေဘဲ လိုရင်းကို လိုတိုရှင်း စကားလုံး ရွေးချယ်ပြီး ပေါ့ပါးသွက်လက်စွာ ရေးဖွဲ့ထားတယ်။

ဉာဏ်ကြီးရှင်တွေကို နတ်ဘုရားလို မြှောက်တင်မထားဘဲ၊ သူတို့ရဲ့ အကြောက်တရား၊ ညည်းတွားမှု၊ ဇရာနဲ့ အကျည်းတန်မှုတွေကို ရိုးရိုးရှင်းရှင်းပဲ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။

* ဂျာမန်စာပေသမိုင်းမှာ အရောင်းရဆုံး စာအုပ်စာရင်းဝင်ခဲ့ပြီး ကမ္ဘာတစ်ဝန်း ဘာသာစကားမြောက်မြားစွာသို့ ဘာသာပြန်ဆိုခြင်းခံခဲ့ရတဲ့ လက်ရာကောင်းတစ်ခု ဖြစ်တယ်။

🙄 ဆိုတော့...
သရော်စာ ၊ ကလော်စာ ရေးရာမှာ ပြောင်မြောက်လှတဲ့ ရီးလ်ရဲ့ ဘာသာပြန်လက်ရာနဲ့သာ ဖတ်လို့ကြည့်ကြကုန် ...

မှာယူနိုင်ပါပြီ 🫶🏻

📘 ရီးလ် - မြေကမ္ဘာ ဖွေရှာလို့တိုင်း
(မူရင်း - Daniel Kehlmann ၏ Measuring the World )

☘️ တန်ဖိုး - ၂၉၀၀၀ ကျပ် • စာမျက်နှာ - ၄၂၈ 📖
*စက္ကူဖြူ-ချော (Wood-free)

#geniusbookhouse #ရီးလ်
235001
Genius Book House logo
Genius Book House

10:55 07 thg 9, 2026

❝ အချစ်...ကိုယ်မင်းဆီလာနေပြီ ❞

ယုံပါအချစ်ရေ ကိုယ် မင်းဆီလာနေပြီ
ခြေဖဝါးတစ်ဖက် ဆူးစူးထားတဲ့ ခြေတစ်ပေါင်ကျိုး
အိန်ဂျယ်တစ်ပါးလို
ကိုယ် မင်းဆီလာနေပြီ
ဒုတိယဘဝကို ငြင်းဆိုလိုက်တဲ့ ဘိက္ခုတစ်ပါးရဲ့
သေချာမှုမျိုးနဲ့ ကိုယ် မင်းဆီလာနေပြီ
လှိုင်းတံပိုးထန်နေတဲ့ မာရ်နတ်ရဲ့ ဝဲဘက်ရင်အုံကို
ဖြတ်ပြီး ကိုယ် မင်းဆီ အပြေးလာနေပြီ
သံဆူးကြိုးအတားတွေကို လက်ဗလာနဲ့ တွန်းလှဲပြီး
ကိုယ် မင်းရှိရာ အပြေးလာပြီ
ပြာမှုန်တွေဝဲနေတဲ့ သမိုင်းရဲ့ လေထုညစ်ညမ်းမှုထဲ
ကိုယ် မင်းဆီ မနားတမ်း ပျံသန်းလာပြီ
နှင်းတွေနဲ့ ဖုံးနေတဲ့ ရေတွင်းပျက်ထဲကနေ ပဲ့တင်သံကို တွယ်တက်ရင်း ကိုယ် မင်းဆီလာနေပြီ
အချစ်ရေ ကိုယ့်ကို ထပ်လို့စောင့်ပေးပါဦး
သွေးချင်းချင်းနီနေတဲ့ ပြည်သူတွေ လဲကျနေတဲ့ ရင်ပြင်ကို ဖြတ်ပြီး ကိုယ် မင်းဆီလာနေပြီ အော်သံတွေဟာ စိန်ပန်းတွေအဖြစ် ပွင့်လာတဲ့ မသေမရှင် အဖြစ်ထဲမှာ ကိုယ် မင်းဆီလာပြီ တက်ခလုတ် တက်ခလုတ်လို့ ကိုယ့်ဘာသာအော် အရိုးစုမြင်းကြီးကို ခရီးပြင်းနှင်ရင်း
ကိုယ် လာပြီ လင်ရှိမိန်းမတွေရဲ့ တံတွေးတွေတွဲခိုနေတဲ့ အနမ်းလို အချစ်ရှိရာ ကိုယ် တရကြမ်းလာပြီ
ကိုယ့် စိတ်အနာတရတွေကို နှင်းဆီနီနီတွေအဖြစ်
မင်းအတွက် ယူဆောင်ပြီး ကိုယ် လာခဲ့ပြီ
သဲမုန်တိုင်းတိုက်နေတဲ့ ကိုယ့် နတ္ထိတရားထဲကနေ
ကိုယ် မင်းရှိရာ အရောက်လာပြီ
သူ မွေးဖွားရာမှာ ပြန်သေဖို့ ခက်ခက်ခဲခဲ သွားနေတဲ့
ခွေးအိုကြီးတစ်ကောင်လို ကိုယ် မင်းဆီလာပြီ
မိုးစက်တွေ သီးနေတဲ့ တယ်လီဖုန်းကြိုးထဲကနေ
အနက်ရောင်ဝိညာဉ်အဖြစ် ကိုယ် စီးဆင်းလာပြီ
တလှုပ်လှုပ်ကျန်နေခဲ့တဲ့ သစ်သားတံတားကိုဖြတ်ပြီး
တံတားပေါ်က ခုန်ကျလိုက်တဲ့လူလို ကိုယ် မင်းဆီလာပြီ
ခြေကြိုခြေကြားတွေထဲ လိမ့်လာတဲ့ မျက်ရည်ယိုဗုံးလို ကိုယ် မင်းဆီ လူးလှိမ့်လာနေပြီ
မွေးလာသမျှ ကိုယ့်သားသမီးကို ပြန်စားတဲ့ ကြောင်စုန်းရဲ့ စိတ်မျိုးနဲ့ ကိုယ် မင်းဆီလာပြီ
အမှောင်ထဲကနေ စူးစူးရဲရဲ ထွက်လာတဲ့ ပန်းရနံ့လို
ကိုယ် မင်းရဲ့ ဝိညာဉ်ထဲ လာပြီ
ဂျူးလိယက်ဆီဇာရဲ့ နောက်ကျောကို ဖောက်မယ့်
ဓားမြှောင်တစ်လက်လို ကိုယ် မင်းဆီလာပြီ
ရင်အုံတွေထဲကို ကျည်ဆန်တွေအဖြစ် ဖောက်ဝင်သွားတဲ့
ခါးသီးတဲ့ အကြည့်တွေလို ကိုယ် လာပြီ
အမုန်းတရားတွေ တောက်လောင်နေတဲ့ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ
အချစ်ရေလို့ အော်ပြီး ကိုယ် လာနေပြီ လာပြီ
စကားလုံးတွေကို သံချွန်ဆူးငြောင့်များလို ကြဲထားတဲ့
ကဗျာတစ်ပုဒ်ကို ဖြတ်ပြီး ကိုယ် မင်းဆီလာနေပြီ

▪️အောင်ခင်မြင့်

✅ငါ့ဘဝကိုပြန်ရေးခြင်း - ၇၀၀၀ ကျပ်

#အောင်ခင်မြင့်
#geniusbookhouse
271001
Genius Book House logo
Genius Book House

10:55 07 thg 9, 2026

Photo
ဆရာမြသန်းတင့် နှင့် သိန်းဖေမြင့်တို့ ပူးတွဲရေးသားသည့် နွံထဲကကြာ ပြန်ရပါပြီ ❗

✅တန်ဖိုး - ၂၀၀၀၀ ကျပ်
456007
Genius Book House logo
Genius Book House

10:55 07 thg 9, 2026

" အောင်မြင်ဖို့အတွက် မင်းရဲ့ "ဝှက်ဖဲ" ကို လှန်ကြည့်ကြပါစို့ " 🃏

အောင်မြင်ချင်ရင် Hard Skills တွေကိုပဲ အမြဲသုံးရမယ်လို့ မင်းကို ဘယ်သူပြောဖူးလဲ?
ဆာတီဖီကိတ်တွေ၊ ဘွဲ့လက်မှတ်တွေ၊ နည်းပညာစွမ်းရည်တွေကိုချည့် အာရုံစိုက်နေချိန်မှာ ...
🔝 တကယ့် ထိပ်ဆုံးက အောင်မြင်သူတွေဟာ လူတွေ သတိမထားမိတဲ့ စွမ်းအင်တစ်ခုကိုပဲ တိတ်တဆိတ် အသုံးပြုသွားကြတာပါ။

💯
ဒါဟာ တခြားမဟုတ်ပါဘူး ... "မေ့လျော့ခံ စွမ်းရည်များ" ပါပဲ ✨

🧑🏻‍🏫 ဆရာကျလှပါတယ်ဆိုတဲ့ လူတွေ၊ ပညာဒေါင်ဒေါင်မြည်တဲ့သူတွေကြားထဲမှာ ဘာလို့ လူတချို့ကသာ ထိပ်ဆုံးရောက်သွားရတာလဲ?

🍎 စတီဗ်ဂျော့ဘ် (Steve Jobs) က Apple မှာ လူတွေကို ရွေးချယ်ခဲ့သလို၊
🌆 Procter & Gamble တို့လို ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတွေက တီထွင်ဆန်းသစ်မှုတွေ လုပ်ခဲ့သလိုပဲ ...

🆕
အရာရာကို ပြောင်းလဲပစ်နိုင်တာဟာ ငါတို့ မျက်ကွယ်ပြုထားမိတဲ့ စိတ်ရှည်မှု၊ နားထောင်တတ်မှု၊ စာနာစိတ်နဲ့ ဆုံးဖြတ်ချက်မှန်အောင် ချတတ်တဲ့ စွမ်းရည် လေးတွေကြောင့်ပါ 🙆🏻

📍 မင်းဆီမှာ အဲဒီ စွမ်းရည်တွေ ရှိပြီးသားပါ။

ဒါပေမဲ့ မင်းကိုယ်တိုင် သတိမထားမိဘဲ မေ့လျော့ထားခဲ့တာတော့ သေချာပါတယ်။ ✅

📖 မေ့လျော့ခံ စွမ်းရည်များ (The Power of Ignored Skills)
(M. Tripathi ရဲ့ ကမ္ဘာ့အသိအမှတ်ပြု Personal Development စာအုပ်)
ဒီစာအုပ်ဟာ မင်းကို သင်ခန်းစာတွေ လာပို့နေမှာ မဟုတ်ပါဘူး။

🛣️ မင်းရဲ့ ခေါင်းထဲမှာ ရှိနေတဲ့ အတွေးအခေါ်ဟောင်းတွေကို လှုပ်နှိုးပြီး "တွေးခေါ် ဆုံးဖြတ်ပုံကို မြေလှန်ပစ်လိုက်ဖို့" လက်တွေ့ကျကျ လမ်းပြပေးသွားမှာပါ။ 🗾

• ဘဝမှာ ပိတ်မိနေသလို ခံစားနေရရင်၊ 🫰🏻
• လုပ်ငန်းခွင်မှာ ဘာလို့ ငါ့ထက် တခြားသူတွေ ပိုရှေ့ရောက်နေတာလဲလို့ မေးခွန်းထုတ်ဖူးရင်၊ 🫰🏻
• ကိုယ့်ဆီမှာ ရှိတဲ့ တကယ့် အစွမ်းထက် ဝှက်ဖဲတွေကို ဖော်ထုတ်ချင်ရင် ... 🫰🏻

📌 အမှောင်ထဲက စွမ်းရည်တွေကို အလင်းပြပေးမဲ့ စာအုပ် ရှိနေပါပြီ 🫰🏻🫰🏻🫰🏻

မှာယူနိုင်ပါပြီ 🫶🏻
📘 မောင်သန်း - မေ့လျော့ခံစွမ်းရည်များ
(Manoj Tripathi ၏ The Power of Ignored Skills ဘာသာပြန်)
☘️ တန်ဖိုး - ၁၃၀၀၀ ကျပ် • စာမျက်နှာ - ၁၅၆ 📖
*စက္ကူဖြူ-ချော (Wood-free)
478000

Showing 30 of 89 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram Genius Book House nói về gì?+

Genius Book House (@geniusbookhouse23) là kênh Telegram thuộc danh mục Tiểu thuyết trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 2.570 người đăng ký trên tgdio.

Làm sao để tham gia Genius Book House (@geniusbookhouse23)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @geniusbookhouse23 miễn phí.

Genius Book House có phải kênh Tiểu thuyết tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của Genius Book House trước khi tham gia. Hiện có khoảng 2.570 người đăng ký trên tgdio. So sánh với các kênh Tiểu thuyết tương tự.

Xem thống kê và bài đăng Genius Book House ở đâu?+

Trên tgdio, mở trang @geniusbookhouse23 để xem thống kê, xếp hạng, đánh giá và bài đăng.