သရဲဝတ္ထုများ စုစည်းမှု Telegram channel photo

သရဲဝတ္ထုများ စုစည်းမှု

@ghoststory9Public Channel

ဒိ Channel သည် စာပေ Channel ဖြစ်ပါသည် စာဖက်သူများအဆင်ပြေရန် သရဲဝတ္ထု Fb pageများမှပြန်လည်ကူယူဖော်ပြခြင်းဖစ်ပါသည် https://t.me/+NgHe25itKDZkNjFl

618

Last views

3k (2,983 subscribers)
Thành viên
—
Rating
10
Total Posts
Oct 15, 2026, 11:52 PM
Cập nhật
Apr 12, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameသရဲဝတ္ထုများ စုစည်းမှု
Username@ghoststory9
CategoryThời trang, Làm đẹp & Lối sống
LanguageTiếng Việt
CountryViệt Nam
Thành viên2,983
Channel TypePublic Channel
Created12 thg 4, 2026
Last Updated15 thg 10, 2026 • 6 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#61676+249
Xếp hạng ngôn ngữ
#1364+5
Xếp hạng danh mục
#2477+23

Tăng trưởng người đăng ký

Tổng cộng: 3.0K30 Days growth: +1314.6%
09/1609/2109/2610/0110/0610/1110/15
Tăng trưởng người đăng ký - 30 Days
DateSubscribers
16:09:20262,852
17:09:20262,852
18:09:20262,893
19:09:20262,893
20:09:20262,893
21:09:20262,893
22:09:20262,893
23:09:20262,893
24:09:20262,893
25:09:20262,893
26:09:20262,893
27:09:20262,893
28:09:20262,893
29:09:20262,893
30:09:20262,893
01:10:20262,893
02:10:20262,893
03:10:20262,893
04:10:20262,893
05:10:20262,893
06:10:20262,893
07:10:20262,893
08:10:20262,893
09:10:20262,893
10:10:20262,893
11:10:20262,893
12:10:20262,893
13:10:20262,893
14:10:20262,893
15:10:20262,983
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 06:04:20263,128
Week of 13:04:20263,122
Week of 20:04:20263,122
Week of 27:04:20263,052
Week of 04:05:20263,052
Week of 11:05:20263,052
Week of 18:05:20263,011
Week of 25:05:20263,011
Week of 01:06:20263,011
Week of 08:06:20263,011
Week of 15:06:20263,011
Week of 22:06:20263,011
Week of 29:06:20262,851
Week of 06:07:20262,851
Week of 13:07:20262,851
Week of 20:07:20262,851
Week of 27:07:20262,851
Week of 03:08:20262,851
Week of 10:08:20262,728
Week of 17:08:20262,761
Week of 24:08:20262,761
Week of 31:08:20262,761
Week of 07:09:20262,852
Week of 14:09:20262,893
Week of 21:09:20262,893
Week of 28:09:20262,893
Week of 05:10:20262,893
Week of 12:10:20262,983
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20263,122
May 20263,011
June 20263,011
July 20262,851
August 20262,761
September 20262,893
October 20262,983
Tăng trưởng người đăng ký - Yearly
DateSubscribers
20262,983

Top 10 posts

Most viewed posts from this channel

By views
  1. #1ဒေါ်မယ်ငွေသည် ထိုသို့ပြောအပြီး လာရာလမ်း‌အတိုင်း ပြန်လှည့်လိုက်သည်။ဒေါ်791
  2. #2"‌အမေကြီးအိမ်ဟုတ်လား အဲ့တာဆို ဒေါ်မယ်‌ငွေကညည်းအမေကြီးလား"629
  3. #3Post #20788618
  4. #4ရေတောင်းနေသဖြင့် ပေတူးမှ ရေဘူးထဲမှရေကိုတိုက်လိုက်သည်။မိဖြူသည် ရေကိုငုံ601
  5. #5"ဟင် သေမယ် ဟာ ဘာလို့သေရမှာလဲ ဟိုကောင်တွေသွေးသွားရှာတယ် ကြက်‌သွေးတို့ငှ509
  6. #6မိဖြူသည် အဖွားဖြစ်သူအားနှုတ်ဆက်လိုက်ပြီးနောက် ဘိုးထင်နှင့် ပေတူးတို့၏လ448
  7. #7"မင်းကိုကျွေးတယ်လေကွာ ကျွေးလားမကျွေးဘူးလားပဲပြော"428
  8. #8"ဘယ်လိုဆက်လုပ်ရမှာလဲကွာ ရှေ့ဆက်သွားရုံပဲပေါ့အချိန်တန်ရင်တော့ ဟိုကဝေမကြ399
  9. #9"အေး အေး အနောက်တန်းတန်းသွားရမယ်ဆိုတော့ ရှေ့လမ်းကျရင်တောထဲဝင်ရတော့မယ်ထင384
  10. #10ဦးအုန်းထိုသို့ပြောလိုက်သည့်အခါ သာအေးနှင့် ပေတူးတို့နှစ်ယောက်သည်မျက်နှ377

Bài đăng gần đây

ရေတောင်းနေသဖြင့် ပေတူးမှ ရေဘူးထဲမှရေကိုတိုက်လိုက်သည်။မိဖြူသည် ရေကိုငုံထားပြီးပြန်ထွေးထုတ်လိုက်ပြန်သည်။ဘိုးထင်တို့မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်နေချိန် သူတို့၏နောက်မှ စကားပြောသံတသံ‌ပေါ်ထွက်လာလေသည်။

"ကောင်လေးတို့ နင်တို့က ငါထင်တာထက်ကိုပိုပြီးစေတနာကောင်းနေပါလား ရော့ ဒီမှာသူ့အတွက်ယူလာတယ်"

အသံပိုင်ရှင်မှာ ဒေါ်မယ်‌‌ငွေဖြစ်ပြီး သူမ၏လက်ထဲတွင် တောကြက်တ‌ကောင်ကိုင်ထားသည်ကိုတွေ့လိုက်ရလေသည်။သာအေးသည် ဒေါ်မယ်‌ငွေထံမှ တောကြက်ကိုယူကာ ‌သွေးဖောက်ပြီးမိဖြူအားတိုက်လိုက်သည်။မိဖြူသည်‌ တောကြက်သွေးအားအားရပါးရ‌သောက်ပြီး ဖြည်းဖြည်းချင်းမျက်လုံးပြန်ဖွင့်လာလေသည်။ဘိုးထင် သည်ကား ‌ဒေါ်မယ်ငွေကိုကြည့်လိုက်ကာနားမလည်နိုင်ဟန်ဖြင့် အမေးစကားဆိုလိုက်လေသည်။

"အမေကြီး ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

"ကောင်လေး နင်တို့ကို အကူအညီတ‌ခုတောင်းချင်တယ်"

"ပြောပါအမေကြီး ဘာအကူအညီတောင်းမှာလဲ"

"ငါ့မြေးလေးကိုဒုက္ခ‌ပေးချင်နေတဲ့ကောင်တွေရှိတယ် သူတို့က ငါ့မြေးရဲ့အသဲနှလုံးကိုစားပြီး ကျင့်စဥ်ကျင့်ချင်တာ "

"ဗျာ အဲ့လိုတွေရှိသေးတာလား"

"ရှိတယ် ကောင်လေး အမှောင်လောကမှာ နင်မသိသေး တဲ့အရာ‌တွေအများကြီးရှိတယ်"

"ကျုပ်တို့က ဘယ်လိုလုပ်ရမှာလဲ"

"ငါမြေးလေးကို နင်တို့ရွာကိုထည့်လိုက်ချင်တယ် နင်တို့စောင့်ရှောက်ပေးပါ ငါက ငါတို့ကိုရှာနေတဲ့ကောင် တွေကိုသွားရှင်းမယ် အကုန်ရှင်းပြီးတာနဲ့ ငါ့‌‌မြေးကို ငါပြန်လာခေါ်မယ် နင်တို့နဲ့ဆို ငါစိတ်ချတယ် ငါတောင်းပန်ပါတယ် ငါမြေးလေးကိုခေါ်ထားပေးပါ"

ဒေါ်မယ်‌‌ငွေသည်ပြော‌ပြောဆိုဆို တောင်ဝှေးထောက်ပြီး မတ်တတ်ရပ်နေရာမှ ဘိုးထင်တို့အရှေ့ဒူး‌ထောက်ထိုင်ချလိုက်လေသည်။အသက်ကြီးရင့်သူတယောက်မှ သူတို့အရှေ့တွင် ဒူးထောက်ထိုင်နေသည့်အတွက် ဘိုးထင်တို့မနေတတ်မထိုင်တတ်ဖြစ်သွားကာ ခပ်မြန်မြန်သွားထူလိုက်ပြီး ဒေါ်မယ်ငွေပြောသည်ကိုလက်ခံလိုက်‌ လေသည်။

"အမေကြီးထပါဗျာ ထပါ ကျုပ်တို့မိဖြူကိုခေါ်သွားပါမယ်"

"တကယ်တော့ ဒီနေ့‌ နင်တို့ကိုငါစမ်းသပ်လိုက်တာ"

"အဲ့တာဆို ငှက်ပစ်လို့မရအောင် အ‌မေကြီးလုပ်နေတာပေါ့"

ပေတူး၏အမေအား ဒေါ်မယ်‌ငွေမှခေါင်းညိတ်ပြရင်း အဖြေပေးလာလေသည်။ထို့နောက် သူမသည် မြေးဖြစ်သူ၏အနားကိုသွားလိုက်ပြီး ဘိုးထင်တို့စကားကိုလိမ်မာစွာ‌နားထောင်ရင်းနေရန်နှင့် မကြာခင်ပြန်လာခေါ်မည့်အကြောင်းများအားပြောကြားရင်း မြေးအဖွားနှစ်‌ ယောက်သား ခတ္တခွဲခွာကာနီးနှုတ်ဆက်စကားများဆိုနေကြပါလေတော့သည်။

◾အောက်လမ်းဘိုးထင်နှင့် ကလေးထိန်းသည်ကား ဤမျှသာ။မကြာမီး အောက်လမ်းဘိုးထင်နှင့် မဟူရာဒေဝီ အမည်ရဇာတ်လမ်းအားတင်ဆက်ပေးပါမည်။

#မောင်တင်ဆန်း
601000
"ဟင် သေမယ် ဟာ ဘာလို့သေရမှာလဲ ဟိုကောင်တွေသွေးသွားရှာတယ် ကြက်‌သွေးတို့ငှက်သွေးတို့သောက်ရင်လည်းရတယ်မလား"

သာ‌အေး၏အမေးအား မိဖြူမှဦးခေါင်းကိုညိတ်ပြပြီးဖြေလာသည်။ထို့နောက် သူမသည် သစ်ပင်အားမှီထားရင်းငြိမ်သက်သွားလေရာ သာ‌အေးတယောက်အလန့်တကြားနှင့် မိဖြူ၏ပုခုံးကိုလက်နှင့်တို့ပြီးနှိုးလေသည်။

"မိဖြူ မိဖြူ"

"ပုခုံးကိုတအားမတွန်းနဲ့ ခေါင်း‌တွေမူးလို့"

"ငါသာသာလေးပဲတို့တာပါဟာ ညည်းတခုခုဖြစ်သွားမှာစိုးရိမ်လို့ ဟိုကောင်တွေကလည်း ကြာလိုက်တာကွာ ကြက်တ‌ကောင်ငှက်တကောင်ပစ်တာများဒီလောက်ကြာရလား"

သာအေးထိုသို့‌ပြောနေချိန် တဖက်တွင် ပေတူးနှင့် ဘိုးထင်တို့မှာ ဇောချွေးများပြန်နေသည်အထိ လေးဂွကိုင်ကာ မြင်တွေ့ရသည့်မည်သည့်အကောင်ကိုမဆိုပစ်ခတ်ရန်ရှာကြံနေသည်။ထူးဆန်းစွာပင် သူတို့မြင်တွေ့ရသည့် ငှက်များ၊ကြက်များနှင့် ယုန်များမှာ လေးဂွပင်အချိန်မခံပျံသန်းထွက်ပြေးကြကုန်၏။ထိုအချင်းအရာကြောင့် ပေတူးနှင့် ဘိုးထင်တို့အခက်တွေ့နေပြီး အချင်းချင်းတိုင်ပင်ကြလေသည်။

"ဘာကောင်မှလည်းပစ်လို့မရဘူး မိဖြူသောင်းကြမ်းရင် သာအေးဒုက္ခရောက်နေမလားပဲ"

"အေး ဟုတ်တယ် အချိန်လည်းကြာနေပြီ မိဖြူကိုချုပ်ထားသင့်ရင်ချုပ်ထားရ‌အောင် ပြီးတော့မှ ငှက်လိုက်ပစ်ကြမလား"

"အဲ့တာကောင်းတယ် သာအေးကိုစိတ်ပူရတယ်"

"အဲ့တာဆိုပြန်ကြတာပေါ့"

ဘိုးထင်နှင့် ပေတူးသည် ထိုသို့ပြောပြီးနောက် ငှက်ပစ်ခြင်းကိုရပ်တန့်လိုက်ကာ မိဖြူနှင့် သာအေးကျန်ခဲ့သောသစ်ပင်ဆီသို့အမြန်ပြန်လာခဲ့ကြသည်။သူတို့ပြန်လာသည်ကိုမြင်သည်နှင့် သာအေးသည် သူတို့အားကမန်းကတန်းလက်ယပ်ခေါ်ကာ အမောတကောနဲ့စကားဆိုလေသည်။

"ဘာအကောင်ရခဲ့လဲ"

"ဘာ‌ကောင်မှမရခဲ့ဘူး မင်းကိုစိုးရိမ်လို့ပြန်လာတာ"

"ဘာကိုစိုးရိမ်တာလဲကွာ မိဖြူကိုသွေးမြန်မြန်တိုက်မှဖြစ်မယ်"

"‌သောင်းကြမ်းမှာစိုးလို့လား"

"မင်းကလည်းပေါက်ကရပြောတော့မယ် မိဖြူကသွေးမ သောက်ရရင်‌သေမှာတဲ့ကွ အခုတောင်မလှုပ်နိုင်‌တော့ဘူး"

"အဲ့တာဆို အမေကြီးက တို့ကိုညာတာပေါ့"

"အေး သူမြေးကိုသွေးရှာတိုက်အောင် သူလည်းညာပြောတာနေမှာပေါ့ကွာ အဲ့တာထားလိုက် မိဖြူမလှုပ်နိုင်‌တော့ဘူး ဘယ်လိုလုပ်လဲ မင်းတို့ငှက်သွားပစ်ဦး"

"ဘာ‌ကောင်မှပစ်လို့မရဘူး အကောင်တွေကသိပ်ပါးတယ်ကွ ကဲ မထူးတော့ဘူးကွာ မိဖြူလေးကြည့်ရတာလည်းသနားစရာလေး ငါ့သွေးပဲတိုက်လိုက်မယ်"

ဘိုးထင်သည် ထိုသို့ပြောရင်းသူ၏လက်ဖျံအား မိဖြူ၏ပါးစပ်နားတွင်တေ့ပေးလိုက်ကာ

"မိဖြူ ငါ့ကိုကိုက်လိုက် ပြီးရင် သွေးစုပ်"

"မ မကိုက်ဘူး ကျုပ်လူသွေးမသောက်ဘူး ‌သေရင်သေပါစေ"

"မိဖြူ ညည်းမကိုက်နိုင်လို့လား အဲ့တာဆို ငါ ဓားနဲ့ဖောက်ပေးမယ်"

"မဖောက်နဲ့ မသောက်ဘူး လူသွေးလာမတိုက်နဲ့‌နော် ကျုပ်မသောက်ဘူး"

မိဖြူတယောက် မျက်လုံးအစုံကိုမှိတ်ထာရင်း ပါးစပ်ကိုပိတ်ကာ တွင်တွင်ငြင်းနေသည်။ထိုအခါ ပေတူးသည် ဘိုးထင်အနားကပ်ပြီး တခုခုအားတီးတိုးပြောလိုက်သည် ဘိုးထင်သည်လည်းဦးခေါင်းအားညိတ်လိုက်ပြီး မိဖြူကိုကြည့်၍စကားဆိုလိုက်ပြန်သည်။

"မိဖြူ ညီမလေး ညည်း ငါတို့သွေးမသောက်ချင်ဘူး ဆိုလည်းရတယ်လေ ယုန်သွေးတော့‌သောက်တယ်မလား"

မိဖြူခေါင်းကိုသာညိတ်ပြလာသည်။

"‌အေး ‌အေး အဲ့တာဆိုငါတို့ယုန်သွေးသွားရှာလိုက်မယ်"

ဘိုးထင်နှင့် ပေတူးတို့သည် ထိုသို့ပြောအပြီး တောထဲပြန်ထွက်သွားရာ သာအေးတယောက် နောက်မှကမန်းက တန်းလိုက်လာပြီး သူတို့နှစ်ယောက်အားပြစ်တင်‌ပြောဆိုလေသည်။

"ဟေ့‌ကောင်တွေ မိဖြူကအခြေအနေမ‌ကောင်းတော့ပါဘူးဆိုမှ မင်းတို့ကဘယ်သွားမလို့လဲ ယုန်‌သွေးရှာမယ်တဲ့မဖြစ်နိုင်တာ"

"ဟေ့‌ကောင် တိုးတိုး ငါတို့က ငါတို့သွေးကိုဖောက်ပြီးမိဖြူကို ယုန်သွေးဆိုပြီးညာတိုက်မလို့ဟ"

"အဲ့လိုလား အဲ့တာဆို ငါ့သွေးလည်းဖောက်မယ်ကွာ မိဖြူအခုလိုဖြစ်နေတာကိုမကြည့်ရက်ဘူး"

"အဲ့တာဆိုပြီးတာပဲ မင်း‌ရေဘူးထဲကရေ‌တွေသွန်လိုက်အဲ့အထဲထည့်ရအောင်"

ဘိုးထင်သည် ထို့သို့ပြောပြီးနောက် သာအေးအားရေဘူးထဲမှ ရေများအားသွန်စေသည်။ရေများသွန်ပြီးသွားသည့်အခါ သူ၏လွယ်အိတ်ထဲတွင်ဆောင်ထားသည့်ဓားဆူးဖြင့် သူ၏လက်ဝါးအားဖောက်လိုက်ကာ ကျလာသောသွေးများအား ရေဘူးဖြင့်ခံလိုက်သည်။သူ့နည်းတူ သာ‌အေးနှင့် ဖိုးထွေးသည်လည်း သွေးဖောက်ပြီးရေဘူးအတွင်းထည့်လိုက်ကြပြီးနောက် မိဖြူအနားသို့ပြန်သွားလိုက်ကြလေသည်။မိဖြူဆီသို့ပြန်ရောက်လာလျှင် ဝမ်းသာ‌နေသည့်ဟန်ပန်ဖြင့် မိဖြူကိုကြည့်ကာစကားဆိုလိုက်ပြီး ရေဘူးထဲမှသွေးများအား တိုက်လိုက်တော့သည်။

"မိဖြူ အကိုတို့ယုန်တကောင်ရတယ် သွေးဖောက်ယူ လာတယ် သောက်လိုက် သောက်လိုက်"

ဘိုးထင်မှထိုသို့ပြောပြီး မိဖြူ၏ပါးစပ်ထဲထည့်သို့ ‌သွေးများလောင်းထည့်လိုက်သည်။မိဖြူတယောက် ပါးစပ်ထဲသို့သွေးများဝင်လာသည်နှင့် ချက်ချင်း‌ထွေးထုတ်ပစ်လိုက်ပြီး အားနည်းနေသည့်လေသံဖြင့် ဘိုးထင်တို့အားပြစ်တင်ပြောဆိုလေသည်။

"ဒါ လူသွေးတွေ ကျုပ်ကိုညာမတိုက်နဲ့မသောက်ဘူး"

"သောက်လိုက်ပါ ညီမလေးရာ"

"မ‌သောက်ဘူး ရေ ရေပေး"
509000
မိဖြူသည် အဖွားဖြစ်သူအားနှုတ်ဆက်လိုက်ပြီးနောက် ဘိုးထင်နှင့် ပေတူးတို့၏လက်ကိုဆွဲကာ အိမ်ကြီးအောက်မှထွက်ခွာသွားလေသည်။သာအေးသည်ကား သူတို့နောက်မှခပ်မြန်မြန်လိုက်ပါလို့သွား၏။သူတို့သည်နေရောင်မရှိသောတောအုပ်ကြီးအတွင်း လမ်းလျှောက်‌ လိုက်ကြပြီး အချိန်အတော်ကြာလမ်းလျှောက်ပြီးသော အခါ ရုတ်တရက်ဆိုသလို မိဖြူသည် သာအေးနှင့် ဘိုးထင်တို့၏လက်အားလွှတ်၍ အရှေ့မှခြေကလိမ်ပြီး‌ပြေးလေရာ ဘိုးထင်တို့သုံးယောက်လည်းအပြေးတပိုင်းနှင့် နောက်မှပြေးလိုက် လိုက်ရလေသည်။မတတ်သာသည့်အဆုံး မိဖြူအားလှမ်းအော်၍ နားရန်တောင်းဆိုလိုက်ရတော့သည်။

"မိဖြူ ငါတို့နား‌ရအောင် ညည်းကပြေးနေတော့ ငါတို့မောနေပြီ"

"ဟာ ခင်ဗျားတို့ကလည်း လမ်းလျှောက်တာသိပ်တောင်မကြာသေးဘူး နားမလို့လား"

"ညည်းကပြေးနေတာကို လာ လာ ထိုင်ဦး ညည်းကိုညည်းအမေကြီးပြောထားတယ်နော် ငါတို့စကားနားထောင်ဆိုတာလေ"

ဘိုးထင်ခပ်တည်တည်နှင့်ထိုသို့‌ပြောလိုက်သည့်အခါမှ မိဖြူသည်ဦးခေါင်းကိုညိတ်ပြကာ သူတို့အနားတွင်လာရောက်ထိုင်လေသည်။ထိုအခါ သာအေးသည်လွယ်အိတ်ထဲမှာရေဘူးကိုထုတ်ကာ

"မိဖြူ ရေသောက်ဦးမလား"

"မသောက်ဘူး"

"ညည်းမမောဘူးလား ဒီလောက်ပြေးနေတာ"

"မမောပါဘူး "

"အဲ့တာဆိုပြီးတာပဲ ဝါးဖြူရွာကဘယ်လောက်လိုသေးလဲ"

"လိုသေးတယ် ညနေလောက်မှရောက်မှာ"

"အဲ့မှာ ဘာရှိလို့လဲ"

"ပွဲရှိတယ်လေ ကျုပ် အဲ့ပွဲကိုသွားချင်နေတာကြာပြီ အမေကြီးကတခါမှ မပို့ပေးဘူး"

"အခုတော့ သွားရပါပြီဟ အဲ့မှာဘာဝယ်ချင်တာတုန်း"

"အိုးပုတ်လေးတွေလည်းဝယ်မယ် အဝတ်အစားလေးတွေလည်းဝယ်မှာ‌ပေါ့"

"ဝယ် ဝယ် အဲ့တာ‌တွေကို ငါတို့ဝယ်‌ပေးမယ်ကြားလား"

"ခင်ဗျားတို့က ရုပ်တွေသာဆိုးတာ စိတ်ထားတော့ အကောင်းသားပဲ"

"မိဖြူ ငါတို့ရုပ်ကဆိုး‌သေးတယ်လား နင်နဲ့ကြမှပဲ ငါတို့ကရုပ်ဆိုးတယ်ဖြစ်ရသေး"

သာအေးတယောက် သူ့ကိုရုပ်ဆိုးသည်ဟုပြောလျှင်မကျေနပ်သူပီပီ မိဖြူအားစိတ်ဆိုးနေသည့်ဟန်ဖြင့်ကြည့်လေရာ မိဖြူတယောက်သဘောကျသွားပြီး တခစ်ခစ်ရယ်မောနေပြီးနောက် သာအေးကိုသေချာကြည့်၍စကားဆိုလေသည်။

"ခင်ဗျားရုပ်ကြီးကြည့်ရတာ ရယ်ချင်စရာကြီး ယောကျာ်းကြီးဖြစ်ပြီးစိတ်ဆိုးနေသေးတယ်"

"ဆိုးတာပေါ့ ငါတို့ရွာမှာဆို ငါကအချောဆုံးပဲ ခု ညည်းနဲ့ကျမှ ငါကရုပ်ဆိုးရတယ်ဖြစ်ရသေး မသင်္ကာ ဟိုနှစ်ကောင်ကိုပဲပြောရင်တော်သေး"

ဘိုးထင်နှင့် ပေတူးသည် ‌ကလေးနှင့်တုပြီးစကားများ‌နေသည့်သာအေးအား ဦးခေါင်းကိုယမ်းပြီးစိတ်ပျက်လက်ပျက်ဖြင့်ကြည့်နေကြသည်။ထို့နောက် ပေတူးသည်ထိုင်ရာမှနေ၍မတ်တတ်ထရပ်လိုက်ပြီး ‌ခရီးဆက်မည့်အကြောင်းအား သတိပေးလိုက်လေသည်။

"သွားမယ်ဟေ့ ဒီလောက်နားရရင်တော်ရောပေါ့ မိဖြူညည်းမ‌ပြေးနဲ့နော် ညည်းက ခြေက‌လိိမ်ပြီး‌ပြေးရင် ခဏခဏနားနေရမှာ အဲ့တာဆို ပွဲကိုမရောက်ပဲနေလိမ့်မယ်"

"အင်းပါ အဲ့တာဆိုမပြေးတော့ဘူး"'

"ကောင်းတယ် ကောင်းတယ်"

ထိုသို့ဖြင့် သူတို့အားလုံးအတူတူလမ်းလျှောက်သွားလိုက်ကြသည်။သစ်ပင်သစ်တောများကြားရှိ လမ်းလေးတွင်လမ်းလျှောက်နေကြခြင်းဖြစ်ပြီး ယုန်နှင့် တောကြက်တို့အပြင် ‌ကျေးငှက်တို့အား သူတို့သွားသည့်လမ်းလေးတွင် ‌မကြာမကြာဆိုသလိုတွေ့ကြရလေသည်။ဤသို့ဖြင့်လမ်းလျှောက်လာကြရာ နေမွန်းတည့်အချိန်တွင်တော့ သစ်ပင်ကြီးတပင်အောက်အရောက် မိဖြူ ထိုင်ချလိုက်၍ ကျန်သူများလည်းထိုင်လိုက်ကြသည်။သာအေးသည်ရေဘူးကိုယူပြီး မိဖြူအားကမ်းပေးလိုက်ချိန် မိဖြု၏ မျက်နှာမှာ လိုသည်ထက်ဖြူလျော်နေပြီးမျက်လုံးများလည်းတဖြည်းဖြည်းမဲနက်စပြုနေသည်ကိုတွေ့လိုက်ရလေသည်။ထိုအခြေအနေကြောင့် သာအေးသည် ဘိုးထင်နှင့် ပေတူးအားကမန်းကတန်းသတိ‌ပေးလိုက်ရတော့သည်။

"ဘိုးထင်နဲ့ ပေတူး မိ မိဖြူမျက်နှာ‌တွေတအားဖြူလာပြီ"

"နေမ‌ကောင်းတာများလား"

"‌မင်းမေကြီးတော်နေမကောင်းရမှာလား ပေတူးရာ အဲ့တာသွေးသောက်ချင်နေတာဟ သွေးဆာနေတာ သွေး သွေး ဘယ်လိုရအောင်လုပ်ရမလဲ"

သာအေးထိုသို့ပြောလိုက်သည့်အခါ ဘိုးထင်သည် တခုခုကိုစဥ်းစားနေပြီးနောက် မတ်တတ်ထရပ်လိုက်ကာ မိဖြူကိုကြည့်၍စကားဆိုလိုက်သည်။

"မိဖြူ ခဏနေဦး ငါတို့သွေးရှာပေးမယ် သာ‌အေး မင်းဒီမှာ‌ မိဖြူစောင့်ပြီးကျန်ခဲ့ ငါနဲ့ ပေတူးကြက်ဖြစ်ဖြစ် ယုန်ဖြစ်ဖြစ်ရှာလိုက်မယ်"

"အေး အေး မြန်မြန် သူ့ကြည့်ရတာ အခြေအနေမကောင်းဘူး"

ဘိုးထင်တို့သုံးယောက်သည် မိဖြူကိုကြည့်ကာသနားဂရုဏာသက်နေကြသည်။ထို့နောက် ပေတူးနှင့် ဘိုးထင်တို့ လေးဂွကိုယ်စီကိုင်ကာ တောထဲထွက်သွားကြချိန် သာ‌အေးသည် မိဖြူအားကြည့်ကာဦးခေါင်းကိုကုတ်ရင်းစကားဆိုလေသည်။

"ညည်းဟာ သွေးဆာရင်ဆာတယ်လို့ အစောကတည်း ကတော့မပြောဘူး"

"ကျုပ်က ဘယ်အချိန်သွေးသောက်ရမယ်ဆိုတာမသိဘူး ချက်ချင်းကြီးအဲ့လိုဖြစ်တာ"

"ညည်း မသောင်းကြမ်းနဲ့နော် ‌ဟိုကောင်‌တွေသွေးသွားရှာနေပြီ"

"ဘာကိုသောင်းကြမ်းရမှာလဲ"

"ညည်းအမေကြီးကပြောတယ် ‌ညည်းက သွေးဆာလို့မသောက်ရရင် ‌သောင်းကြမ်းတယ်ဆို"

"ပေါက်ကရ ကျုပ်ကသွေးမသောက်ရရင်လှုပ်တောင်မလှုပ်နိုင်တော့ဘူး "

"အဲ့လိုလား အဲ့တာဆိုညည်းအမေကြီးကညာတာ‌ပေါ့"

"ဟုတ်တယ် ကျုပ်သွေးမသောက်ရရင် သေတော့မှာ"
448000
"‌အမေကြီးအိမ်ဟုတ်လား အဲ့တာဆို ဒေါ်မယ်‌ငွေကညည်းအမေကြီးလား"

"ဟုတ်တယ် ခင်ဗျားတို့က ကျုပ်ကိုထိန်းဖို့လာတာလား "

ကလေးမလေး၏အမေးအား ဘိုးထင်တို့သုံးယောက်မည်သို့ပြန်ဖြေရမည်မှန်းမသိဖြစ်နေသဖြင့် တယောက်မျက်နှာတယောက်ကြည့်လိုက်ကာ ကလေးမလေးအား စူးစမ်းသလိုကြည့်၍အမေးစကားဆိုလိုက်ကြသည်။

"ကလေး ညည်းနာမည်ဘယ်လိုခေါ်လဲ "

"နာမည်က မဟူရာဒေဝီတဲ့ အိမ်နာမည်ကတော့ မိဖြူ"

"ဪ အေး နင့်နာမည်ကလည်း အဆန်းသားပဲ ဒါပေမဲ့ အိမ်နာမည်ကတော့မဆိုးဘူးဟ လူနဲ့လိုက်တယ် ဒါနဲ့ ညည်းအမေကြီးရော "

"နောက်ကလိုက်လာလိမ့်မယ် ကျုပ်ကခြေကလိမ်ပြီးပြေးလာတာ အဲ့တာကြောင့်မြန်တာ"

"ပြေးလာတယ်ဆိုတော့ ညည်းတို့ကဒီအိမ်မှာနေတာ မဟုတ်ဘူးလား"

"ဟုတ်ပါဘူး ဒီအိမ်ကဧည့်သည်တွေကိုထားတာ ကျုပ်နဲ့အမေကြီးက ဟိုဘက်တောထဲမှာနေတာ"

ဘိုးထင်တို့သုံးယောက်လုံးအံ့ဩနေရသည်။အဘယ့် ကြောင့်ဆိုသော် သူတို့ထိန်းရမည့်ကလေးမှာ ယခုကလေးမလေးဆိုပါက ပုံမှန်မဟုတ်သေးဟု သူတို့ထင်မြင်မိသည်။မိဖြူဆိုသည့်ကလေးမလေးသည် လူကြီးလေးတယောက်သဖွယ်စကားပြောဆိုတတ်နေပြီး အနေအထိုင်မှာလည်း မြင်တွေ့ရသလောက် ယခုအထိ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်၏။သူတို့စဉ်းစားမရဖြစ်နေချိန်တွင် အိမ်ကြီးပေါ်သို့ ဒေါ်မယ်ငွေတက်လာသည်ကို တွေ့လိုက်ရလေသည်။ကလေးမလေးသည် အဖွားဖြစ်သူကိုမြင်သည်နှင့်ပြုံးပြလိုက်ပြီးနောက် ဘိုးထင်တို့သုံးယောက်အားလက်ညှိုးထိုးပြရင်း အသံခပ်စာစာနှင့်အဖွားဖြစ်သူအားစကားဆိုလိုက်သည်။

"အမေကြီး သူတို့ကဘာတွေမှန်းလည်းမသိဘူးကြောင်တောင်တောင်တွေ"

"ဘာဖြစ်လို့လဲ မြေးလေး"

"ကျုပ်ကိုထိန်းရမယ်ဆိုတာကို မယုံဘူးဖြစ်နေတယ်"

"သြော် အဲ့တာလား အမေကြီး သူတို့ကိုပြောပြလိုက်မယ်"

ဒေါ်မယ်ငွေသည် ထိုသို့ဆိုပြီးနောက် မြေးဖြစ်သူ၏ အနားတွင်ထိုင်ချလိုက်သည်။ထို့‌နောက် မြေးဖြစ်သူ၏ဦးခေါင်းအားပွတ်သတ်ပေးရင်းမှ ဘိုးထင်တို့အားကြည့်ကာ စကားဆိုလိုက်လေသည်။

"ကောင်လေးတို့"

"ဗျာ အမေကြီး"

"နင်တို့ထိန်းရမယ်ဆိုတာ ဒီကလေးပဲ"

"အမေကြီး အမေကြီးမြေးကြည့်ရတာ မဆိုးလောက်ပါဘူး သူ့ဘာသာနေတတ်နေပြီကို ပြီးတော့ ကျုပ်အထင်ဆယ်နှစ်လောက်တောင်ရှိရောပေါ့"

"အေး ဟုတ်တယ် ငါ့မြေးလေးကဆယ်နှစ်ရှိပြီ ငါ့မြေးလေးကအခု ဝါးဖြူရွာကိုသွားချင်နေတယ် အဲ့တာ နင်တို့သူ့ကိုထိန်းကျောင်းပြီး သူသွားချင်တဲ့နေရာကိုလိုက်ပို့ပေးရမယ်"

"ဝါးဖြူရွာ ကျုပ်ဖြင့် မကြားဖူးဘူး"

"‌ငါ့မြေးလေး လမ်းသိတယ် သူ နင်တို့ကိုခေါ်သွားလိမ့်မယ် မနက်ဖြန်အရောက်ပြန်ခဲ့ပေါ့"

"ကျုပ်တို့ကအမေကြီးခိုင်းတာလုပ်ဖို့ရောက်လာတာပဲ သူ့ကိုထိန်းရမယ်ဆိုတော့လည်း ထိန်းပေးရုံပေါ့ဗျာ"

"ကောင်းပြီလေ ခဏနေမျက်နှာသစ်ပြီးရင် မနက်စာစားပြီး သွားကြပေါ့"

"ဟုတ်ကဲ့ အဲ့လိုပဲလုပ်လိုက်ပါမယ်"

ဘိုးထင်တို့သုံးယောက်သည် မည်သည့်အရာကိုမှစောဒကမတက်တော့ပဲ ဒေါ်မယ်ငွေပြောသည့်အတိုင်းသာလုပ်ရန်ဆုံးဖြတ်လိုက်ကြသည်။သူတို့စိတ်ထဲတွင် တော်သေးသည်ဟုသာ ပေါ့ပေါ့ပါးပါးတွေးလိုက်ကြသည်။အကြောင်းမှာ သူတို့ထိန်းရမည့်ကလေးမလေးသည် ကောင်းကောင်းမွန်မွန်စကားပြောဆိုတတ်ပြီး သူ့ဘာသာသွားနိုင်လာနိုင်သည့် ကလေးမလေးတယောက်ဖြစ်နေခြင်း‌ကြောင့်ဖြစ်ပါလေတော့သည်။

◾အခန်း (၇)

ဘိုးထင်တို့သုံးယောက်သည် နံနက်စာအားကောင်းမွန်စွာစားသောက်ပြီးနောက် မဟူရာဒေဝီ ခေါ် မိဖြူနှင့်အတူ ဝါးဖြူရွာသို့သွားရန်ပြင်ဆင်နေကြသည်။ထိုအချိန် ဒေါ်မယ်ငွေတယောက် သူတို့အနားသို့ရောက်လာပြီး သူမ၏ မြေးမလေးမကြားနိုင်လောက်သည့်လေသံဖြင့် ခပ်တိုးတိုးစကားဆိုလေသည်။

"ကောင်လေး‌တွေ နင်တို့ကိုတခုမှာချင်‌တယ်နော် ငါ့မြေးမလေးကအချိန်တန်လို့သွေးမသောက်ရရင် ထိန်းမရသိမ်းမရဖြစ်တတ်တယ် သူသွေးသောက်ချင်လာရင်မျက်နှာကလိုတာထက်ဖြူလာလိမ့်မယ် အဲ့တော့ သူ မ‌ သောင်းကြမ်းခင် နင်တို့သွေးရအောင်ရှာပြီးတိုက်ရလိမ့်မယ် "

"ဘာသွေးတိုက်ရမှာလဲ"

"ကြိုက်တဲ့သွေးကို တိုက်"

"အေးပါဗျာ ကျုပ်တို့ကိုတော့ဒုက္ခမပေးလောက်ပါဘူးနော်"

ဘိုးထင်စိုးရိမ်တကြီးစကားဆိုလိုက်လေရာ ဒေါ်မယ်ငွေမှ သူ့အားမယုံမကြည်ဖြစ်နေသည်ဟန်ဖြင့် မေးမြန်းလာလေသည်။

"နင်ကအောက်လမ်းပညာသည်ပဲ ဘာလို့အဲ့လောက်စိုးရိမ်နေရတာလဲ"

"စိုးရိမ်တာ‌ပေါ့ဗျာ မိဖြူက ကလေးပဲရှိသေးတယ်လေ ကျုပ် သူ့ကိုတိုက်ခိုက်လို့ဘယ်ဖြစ်မှာလဲ အဲ့တော့ သူတိုက်ခိုက်လာရင် ကျုပ်တို့တွေက ရှောင်တိမ်း‌ပေးဖို့ပဲရှိတာလေ ဒါကြောင့်စိုးရိမ်တာပေါ့"

ဒေါ်မယ်ငွေ‌သည် ဘိုးထင်၏ဆိုစကားအားများစွာသဘောကျလို့သွားပြီး မျက်နှာတွင်ကျေနပ်ပီတိဖြစ်လို့နေသည်။ထို့နောက် သူမသည် မြေးဖြစ်သူမိဖြူကို လှမ်းခေါ်လိုက်လေ၏။

"မြေးလေး လာခဲ့ဦး"

"လာပြီ အမေကြီး"

"အမေကြီးပြောမယ် ဒီကမြေးလေးရဲ့အကိုတို့ စကားကိုနားထောင်ရမယ်‌နော် ကြား‌လား "

"ဟုတ်ကဲ့ အမေကြီး"

"အေး‌ အေး အမေကြီးစိတ်ချမယ်‌နော်"

"စိတ်ချပါ အဲ့တာဆို ကျုပ်တို့သွား‌တော့မယ်နော် အမေကြီး"

"သွား သွား ဂရုစိုက်ပြီးသွားကြနော်"
629000
ဒေါ်မယ်ငွေသည် ထိုသို့ပြောအပြီး လာရာလမ်း‌အတိုင်း ပြန်လှည့်လိုက်သည်။ဒေါ်မယ်ငွေနောက်သို့ပြန်လှည့်လိုက်သည်နှင့် ငြိမ်သက်နေသည့်စုန်းမီးလုံးကြီးမှာလည်း ဒေါ်မယ်ငွေ၏အရှေ့သို့ခပ်မြန်မြန်လှိမ့်သွားပြီး အရှေ့မှနေ၍ တလှိမ့်ချင်းလှိမ့်သွားနေတော့သည်။ဘိုးထင်သည်ဒေါ်မယ်‌‌ငွေ၏နောက်သို့ အကြောက်အရွံ့ကင်းမဲ့စွာလိုက်သွားလေရာ ပေတူးနှင့် သာအေးသည်လည်းတယောက်မျက်နှာတယောက်ကြည့်ပြီးနောက် ဘိုးထင်၏အနောက်သို့သာလိုက်သွားပါလေတော့သည်။

◾အခန်း (၅)

‌ကြီးမားသည့်ကျွန်းပင်ကြီးများရှိပြီး အုံ့ဆိုင်းနေသည့် သစ်တောအုပ်ကြီး၏အလယ်တွင် အထီးကျန်ဆန်လှစွာအိမ်အိုကြီးတလုံးရှိနေလေသည်။အိမ်အိုကြီးမှာသစ်သားများဖြင့်တည်ဆောက်ထားပြီး ရေနံ‌ချေးများမဲနက်အောင်သုတ်လိမ်းထားလေသည်။အိမ်အမိုးသက်ကယ်တံစက် မြိတ်များတွင်တော့ စုန်းမီးလုံးများစွဲကပ်နေသည်ကိုတွေ့လိုက်ရပြီး အိမ်ကြီးပတ်ပတ်လည်သည် နေ့လယ်နေ့လည်နေ့ခင်းအလား လင်းထိန်လို့နေသည်။ထိုအိမ်ကြီးဆီသို့ ဒေါ်မယ်ငွေခေါ်ဆောင်လာသော ဘိုးထင်၊သာအေး နှင့် ပေတူးတို့ရောက်ရှိလာကြသည်။သူတို့သည် အိမ်သက်ကယ်တံစက်မြိတ်တွင် အသဲယားစဖွယ် စုန်းမီးလုံးများတွယ်ကပ်တောက်လောင်နေသည်ကိုကြည့်ပြီး တအံ့တသြဖြင့်အချင်းချင်းစကားဆိုကြလေသည်။

"ဟေ့ကောင်တွေ စုန်းမီးတွေက တကယ်အသုံးဝင်တာပဲ အိမ်မှာခုလိုထွန်းထားတာအဆင်ပြေနေရောပဲ ပြီးတော့ မီးအန္တရာယ်ကနေကင်းတယ်ကွ"

"ဟုတ်တယ်ကွာ ညဘက်မှာဒီလောက်ထိန်ထိန်လင်း နေတာမျိုး ငါ့တသက် တခါမှမတွေ့ဖူးဘူး "

"ဟေ့ကောင်နှစ်ကောင် ငေးမနေနဲ့ ငါ့အနားကပ်နေ"

ဘိုးထင်သည်သူ၏အပေါင်းအသင်းနှစ်ယောက်လုံး အိမ်အိုကြီးအားငေးကြည့်နေပြီး သတိလက်လွတ်ဖြစ်နေ၍ထိုသို့သတိပေးလိုက်ရခြင်းဖြစ်သည်။ဘိုးထင်စိုးရိမ်နေသည်ကိုသိနေသည့်စိတ်ကဝေဒေါ်မယ်ငွေသည်သဘောကျစွာရယ်လိုက်ပြီး သူတို့အားစကားဆိုလာ၏။

"ကောင်လေးတွေ နင်တို့ဘာမှစိတ်မပူနဲ့ ငါ့မြေးကိုသာ တပတ်အတွင်းကောင်းကောင်းထိန်းပေး မင်းတို့ကို ဘာအန္တရာယ်မှမဖြစ်စေရဘူး"

"ကျုပ်တို့ အမေကြီးကိုယုံတယ် ဒါနဲ့ ကျုပ်တို့ထိန်းရမဲ့ကလေးကဘယ်မှာလဲ "

"အခုတော့ သူအိပ်နေတယ်လေ နင်တို့လည်းနားကြဦး မနက်ရောက်မှာပဲ ငါ့‌မြေးနဲ့တွေ့ကြပေါ့"

"အဲ့တာကောင်းတယ် အမှန်အတိုင်းပြောရရင်လေ ကျုပ်တို့အတော်ကိုပင်ပန်းနေပြီဗျာ တနေကုန်လမ်းလျှောက်လာရတာလေ"

"ဟုတ်ပြီ ဟုတ်ပြီ အိမ်အပေါ်ထပ်မှာ နင်တို့အိပ်လိုက်ကြ အိမ်ပေါ်မှာ နင်တို့အတွက်အိပ်ယာပြင်ပေးထားတယ်"

ဒေါ်မယ်ငွေသည် ထိုသို့ပြောအပြီးလက်ကို ဝှေ့ယမ်းလိုက်ရာ အိမ်ကြီး၏လှေကားလက်ရန်းတွင်ရှိနေသည့်စုန်းမီးလုံးတလုံးသည် သူတို့အနားသို့ရောက်လာပြီး အရှေ့မှနေ၍လွန့်လူးနေကာ သူတို့သွားရမည့်နေရာသို့ တဖြည်းဖြည်းတလှိမ့်ချင်းလှိမ့်သွားလေသည်။ထိုအခါဒေါ်မယ်ငွေသည် ဘိုးထင်တို့အားကြည့်လိုက်ပြီး

"ကဲ ကောင်လေးတွေ အဲ့မီးတောက်နောက်လိုက်သွားပေတော့ ငါလည်း ငါ့မြေးနဲ့သွားအိပ်လိုက်ဦးမယ် "

"ဟုတ်ကဲ့ အမေကြီး"

သူတို့သည် ဒေါ်မယ်ငွေပြောသည့်အတိုင်း စုန်းမီးလုံးနောက်မှလိုက်သွားလိုက်ကြသည်။စုန်းမီးလုံးသည် အိမ်ပေါ်တက်သည့်လှေကားအတိုင်း တလှိမ့်ချင်းခုန်တက်သွားနေသည်။များမကြာသောအချိန်တွင်တော့ အိမ်ကြီးအပေါ်ထပ်သို့ရောက်လာပြီး စုန်းမီးအလင်းရောင်အောက်တွင် သပ်ရပ်စွာခင်း ကျင်းထားသည့် အိပ်ယာများအားတွေ့လိုက်လေရာ သူတို့သုံးဦးလုံးမည်သည့်ကိစ္စကိုမျှမတွေးတောနိုင်တော့ပဲ အိပ်ယာများပေါ်တွင်သာ ဝင်ရောက်အိပ်စက်အနားယူလိုက်ကြပါလေတော့သည် ။

◾အခန်း (၆)

နံနက်ခင်းအလင်းရောင်ထွက်လာသည်နှင့် တောအုပ်ထဲတွင်ရှိသည့် ရေနံချေးများမဲနက်နေအောင်သုတ်လိမ်းထားသောအထီးကျန်ဆန်လှသောအိမ်ကြီးအား အလင်းရောင်ပေးစွမ်းနေသည့် စုန်းမီးလုံးများသည် လည်းပျောက်ကွယ်လို့သွားကြလေသည်။ထိုအချိန်တွင်အသက် ဆယ်နှစ်အရွယ်ကလေးမလေးတယောက်သည် ခြေကလိမ်လမ်းလျှောက်လာပြီး အိမ်ကြီးပေါ်သို့တက်သွားလေသည်။သူမ၏အသားအရည်သည် လွန်စွာမှဖွေးဖြူပြီး ကြည်လင်သောမျက်လုံးတို့ရှိ၏။သာမန်ကလေးများနည်းတူ ထမိန်နှင့် အင်္ကျီကိုဝတ်ဆင်ထားပြီး ဆံပင်မှာဆံရစ်ဝိုင်းနှင့်ဖြစ်သည်။ကလေးမလေးသည် အိမ်ပေါ်သို့ရောက်သည်နှင့် မျက်နှာပြုံးရွှင်သွားပြီး အိမ်ပေါ်တွင်အိပ်မောကျလျက်ရှိသေးသည် ဘိုးထင်တို့သုံးယောက်အနားသို့တိုးကပ်သွားလိုက်သည်။ထို့နောက် ကလေးမလေးသည် နဖူးပေါ်လက်တင်ပြီးအိပ်နေသည့် သာအေးအနီးတွင်ထိုင်ချလိုက်ကာ နဖူးပေါ်တင်ထားသည့် သာအေး၏လက်အားကိုင်မြှောက်ပြီးဆော့ကစားလို့နေ သည်။လက်အမြောက်ခံလိုက်ရသောသာအေးသည် အိပ်နေရာမှာနိုးသွားပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်ချိန် အသားဖြူစွတ်စွတ် ဆံပင်ဆံရစ်ဝိုင်းနှင့် ကလေးမလေးအားတွေ့လိုက်ရ၍ အံဩတကြီးဖြစ်သွားလေသည်။ထို့နောက် အိပ်ပျော်နေသော ပေတူးနှင့် သာအေးတို့အားလှူပ်နှိုးလိုက်ကာ ‌ကလေးမလေး၏မျက်နှာချင်းဆိုင်တွင် သုံးယောက်သားငုတ်တုတ်ထိုင်လို့‌နေသည်။သာအေးသည် ကလေးမလေးအားမေးငေါ့ပြီး သူသိလို့သည်များအား မေးမြန်းလိုက်လေသည်။

"ကလေး ညည်းကဘယ်သူတုန်း"

"ကျုပ်ကိုမသိဘူးလား"

"မသိဘူးလေ "

"အဲ့တာဆို ဘာလို့ ကျုပ်တို့အမေကြီးအိမ်ကိုရောက်နေတာလဲ"
791000
"ဘယ်လိုဆက်လုပ်ရမှာလဲကွာ ရှေ့ဆက်သွားရုံပဲပေါ့အချိန်တန်ရင်တော့ ဟိုကဝေမကြီးရောက်လာမယ်ထင်တာပဲ"

"အေးလေ အဲ့တာဆိုဆက်သွားတာပေါ့ကွာ"

"သတိတော့ထားကြကွာ‌ အခြေအနေကဘာမှန်းမသိဘူး လမ်းကတော့ အခုထိတောင်ကောင်းနေတုန်းပဲ"

ဘိုးထင်သည် ပေတူးနှင့် သာအေးတို့အားသတိ‌ပေး လိုက်ပြီး ရှေ့သို့ခရီးဆက်လိုက်ကြပြန်သည်။ထိုအချိန် မှာပင် သူတို့နှင့်မျက်နှာချင်းဆိုင်ဆီမှ‌ အားကောင်းသည့်မီးအလင်းရောင်တခုသည် သူတို့ရှိရာဆီသို့တရွှေ့ရွှေ့တိုးကပ်လာသည်ကိုမြင်တွေ့လိုက်ရသည်။ထိုအရာကို ဦးစွာသတိထားမိသူ သာအေးသည် ဘိုးထင်အား သတိပေးလိုက်သည်။

"ဘိုးထင် ဟိုမီးကစုန်းမီးတောက်လားလို့ ဒီဖက်ကိုလာနေတာ"

"အေး ငါလည်း အဲ့တာလို့ထင်တာပဲ"

"ဘယ်လိုလဲဟေ့ကောင်တွေ ဟိုကဝေမကြီးလာတာများဖြစ်နေမလား"

"ဟေ့‌ကောင်တွေ ဟေ့ကောင်တွေ မင်းတို့ကိုသတိပေးရဦးမယ် သူ့အရှေ့မှာ ကဝေမကြီး ကဝေမကြီးနဲ့မခေါ်နဲ့ အမေကြီးလို့ပဲ‌ခေါ် ကြားလား"

"အေးပါ ဘိုးထင်ရာ ငါတို့လည်းသူ့အရှေ့မှာတော့ မခေါ်ရဲပါဘူးဟ"

"‌သတိလက်လွတ်နဲ့ခေါ်မိမှာစိုးလို့လေ သူ့ကြည့်ရတာပညာတော့အတော်မြင့်ပုံရတယ်ကွ မျက်နှာက ဆေးမှင်ကြောင်တွေကို သာမာန်လူတွေသာမြင်ရင် သတိလစ်သွားလောက်တယ်"

"အေး အဲ့တာတော့ဟုတ်တယ်"

ဘိုးထင်တို့သုံးယောက်သည် ရှေ့ဆက်မသွားသေးပဲလမ်းခုလတ်တွင် ရပ်တန့်နေလိုက်ပြီး မျက်နှာချင်းဆိုင်ဆီမှလှမ်းလာနေသည့် စုန်းမီးတောက်အား စောင့်ဆိုင်းနေလိုက်သည်။မကြာသောအချိန်တွင်တော့ သူတို့နှင့်မလှမ်းမကမ်းတနေရာ၌ စုန်းမီးတောက်ကြီးနှင့်အတူ ကဝေမကြီးဒေါ်မယ်‌ငွေရောက်ရှိလို့လာသည်။ကဝေမကြီးအရှေ့မှမီးများတောက်လောင်နေသည့် စုန်းမီးတောက်ကြီးကြောင့် ပတ်ဝန်းကျင်တခုလုံးသည်အလင်းရောင်လွှမ်းသွားပြီး ပေတူး၏လက်ထဲမှကိုင်ထားသည့်‌မီးအိမ်၏အလင်းရောင်လေးကိုပင် ထိုစုန်းမီးတောက်ကြီး၏အလင်းမှဝါးမြိုသွားသည်။ပတ်ဝန်းကျင်မှ အင်ပင်များနှင့် ကမ်းပါးယံတွင်ပေါက် ရောက်နေသော မုန်လာဖူးနှင့် ဆေးတလုံးဖူးအပြင် တခြားသောအပင်ငယ်များကိုပင်မြင်နိုင်စွမ်းသည်အထိ မီးအလင်းရောင်ရရှိနေသည်။ထိုစုန်းမီးလုံးကြီးအားသဘောကျနေသူနှစ်ယောက်ရှိသည်။သူတို့မှာ ပေတူးနှင့်သာ‌အေးပင်ဖြစ်သည်။သူတို့နှစ်ယောက်သည် ခပ်လှမ်း လှမ်းတွင်ရပ်တန့်သွားသည့် စုန်းမီးလုံးကြီးကိုကြည့်ပြီး အချင်းချင်းတီးတိုးစကားဆိုနေကြသည်။

"တောက် သာအေးရေ အဲ့စုန်းမီးလုံးကြီးများပိုင်ရရင်ဘယ်လောက်ကောင်းလိမ့်မလဲ"

"ဘာလို့လဲ ပေတူး"

"ဘာရမှာလဲကွာ မင်းမမြင်ဘူးလား စုန်းမီးလုံးကြီးကသိပ်လင်းတယ်လေကွာ ငါ့အထင် ရွာလူကြီးအိမ်ကအောက်လင်းဓာတ်မီးကြီးထက်တောင်ပိုလင်းသလားလို့"

"လင်းတာပေါ့ကွ ပြီးတော့ ဒီမီးလုံးကြီးက အောက် လင်းဓာတ်မီးလို လေထိုးစရာမလိုဘူး ဆီလည်းဖြည့်စရာလည်းမလိုဘူး သိပ်ဟန်တာပဲ သာရေးနာရေးတွေမှာ မီးအငှားလိုက်ရလို့ကတော့ အတော်အဆင်‌ပြေမှာ"

"မင်းနဲ့ ငါက အကြံလာတူနေတယ် ငါလည်းအဲ့လိုတွေးနေတာ ပြီးတော့ ဖားရိုက် ငါးမီးခုတ် ငှက်ပစ် ကြွက်လည် ဘာလုပ်လုပ်ကွာ ဒါကြီးနဲ့ဆို အတော်အဆင်‌ပြေမှာကွ"

ပေတူးနှင့် သာအေးတို့နှစ်ယောက်ပြောနေသည့်စကားများအား အတိုင်းသားကြားနေရသည့် ဘိုးထင်သည်ချောင်းတချက်ဟန့်လိုက်ပြီးနောက် သူတို့နှစ်ယောက်အားတိတ်တဆိတ်နေရန်သတိပေးလိုက်လေသည်။

"အဟမ်း ဟေ့ကောင်တွေ အမေကြီးလာ‌နေပြီကွ မင်းတို့ကောင်တွေနှစ်ယောက် ‌ပေါက်ကရပြောတာတွေရပ်လိုက်တော့"

ဘိုးထင်သည် ထိုသို့ပြောပြီးနောက် သူတို့အနားသို့ရောက်လာသည့် ကဝေမကြီး ဒေါ်မယ်ငွေအားနှုတ်ဆက်လိုက်လေသည်။

"အမေကြီး ရောက်လာပြီလား ကျုပ်တို့လည်းနောက်မကျပါဘူးနော်"

"မကျပါဘူး မင်းတို့လာမယ်လို့ ငါ့မြေးကိုပြောထားတာ သူက အခုထိ မင်းတို့မလာ‌သေးလို့စိတ်ဆိုးနေတယ် အိမ်ကဆိတ်တွေလည်းသေတာများနေပြီ"

"ဗျာဘာပြောတာလဲ အမေကြီး သူစိတ်ဆိုးတာနဲ့ စိတ်တွေက ဘာလို့သေတာလဲ"

"သူက နင်တို့ကိုမျှော်‌နေတာ‌လေ နင်တို့မလာသေးတော့စိတ်ဆိုးပြီး ဆိတ်‌တွေကိုလည်ချောင်းသွေးဖောက်‌ သောက်ပစ်နေတာ"

"ဗျာ "

"ဗျာ"

ပြိုင်တူဆိုသလို ဗျာတလိုက်သူနှစ်ယောက်မှာဖြင့် သာ ‌ အေးနှင့် ပေတူးတို့ပင်ဖြစ်၏။သူတို့၏မျက်နှာများသည်စိုးရိမ်ထိတ်လန့်မှုအပြည့်နှင့်ဖြစ်နေလေသည်။သူတို့၏ မျက်နှာကိုသတိထားမိသော ဒေါ်မယ်ငွေသည် ဆေးမှင်ကြောင်အစီအရင်များမျက်နှာပြင်အပြည့်ထိုးထားပြီး မဲနက်နေသည့်မျက်လုံးများရှိသည့် သူမ၏မျက်နှာမှ သွားများပေါ်အောင်ပြုံးပြလာလေရာ သွားများသည်လည်းမဲနက်နေ၍ ပြုံးပြသည်ကပင်အတော်ကြောက်စရာကောင်းနေလေသည်။သူမသည် ထိုသို့ပြုံးပြရင်းသာအေးနှင့် ပေတူးအားစကားဆိုလိုက်သေးသည်။

"‌ကောင်လေး‌နှစ်ယောက် နင်တို့ကိုကြည့်ရတာကြောက် နေသလိုပဲ ဘာမှမကြောက်နဲ့ ငါ့မြေးက အခုထိ လူသွေးမကြိုက်‌သေးဘူး"

"ဗျာ ဘာပြောလိုက်တာလဲ အမေကြီး"

"ငါ့မြေးဆိတ်လည်ချောင်းသွေးစုပ်တယ်ဆိုတာနဲ့ နင်တို့နှစ်ယောက်လုံးကြောက်သွားကြလို့ ဘာမှမကြောက်ဖို့‌ပြောတာ ငါ့မြေးကအခုထိတော့လူသွေးမကြိုက်သေးဘူး နောက်တော့မ‌ပြောတတ်ဘူးပေါ့ ကဲ ကဲ ငါနောက် လိုက်ခဲ့ကြ နင်တို့ဟိုရောက်ရင် နင်တို့ထိန်းရမဲ့ ငါ့မြေးကိုတွေ့ရမယ်"
399001
"အေး အေး အနောက်တန်းတန်းသွားရမယ်ဆိုတော့ ရှေ့လမ်းကျရင်တောထဲဝင်ရတော့မယ်ထင်တယ်"

"လမ်းကကွေ့သွားပြီဆို‌တော့ ဝင်ရတော့မှာပေါ့ "

ဘိုးထင်တို့သုံးယောက်သည် ခြေထောက်ညောင်းနေသည်မှာအနည်းငယ်သက်သာသွားပြီဖြစ်သဖြင့် သစ်ပင်အောက်တွင် ထိုင်နားနေရာမှ မတ်တတ်ထရပ်လိုက်ပြီး ရှေ့ဆက်သွားလိုက်ကြသည်။များမကြာသောအချိန်တွင်တော့ အင်ပင်များပေါက်နေသည့်တောထဲသို့ဝင်လိုက်ကြသည်။အစောက သူတို့သွားနေသည့်လမ်းမှာတခြားသောအရပ်အားကွေ့သွားခြင်းကြောင့်ဖြစ်သည်။ ထို့နောက် ဘိုးထင်တို့သုံးယောက်သည် အင်တောအတိုင်းဆက်၍သာသွားလိုက်ကြပါလေတော့သည် ။

◾အခန်း (၄)

ညအချိန်သို့ရောက်ရှိလာပြီဖြစ်ပြီး တောတောင်များအကြားတွင်လမ်းလျှောက်နေသည့် ဘိုးထင်တို့သုံးယောက်သည်လည်း မှောင်မိုက်မှုအားဖြိုခွင်းရန် ပေတူး ၏လက်ထဲမှမီးအိမ်အား ထွန်းညှိလိုက်ကြသည်။အမှောင်ထုကြီးစိုးနေသည်မို့ မီးအိမ်၏အလင်းရောင်မှာ သာမာန်ထက်ပို၍လင်းလက်နေသယောင်ရှိသည်။ မီးအိမ်ကိုင်ထားသောပေတူးသည် အရှေ့မှလမ်းလျှောက်နေရင်း သူ၏နောက်မှလိုက်ပါလာသော သာအေးနှင့် ဘိုးထင်တို့အားစကားဆိုလိုက်လေသည်။

"ဟေ့ကောင်တွေ သန်းခေါင်ကျော်တဲ့အထိလမ်းလျှောက်ရမှာဆိုတော့ အတော်တော့ကြာအုံးမယ်ထင်တယ် အခုမှမှောင်စပျိုးတုန်းပဲရှိအုန်းမယ်"

"ပေတူးရာ မှောင်စတော့ မဟုတ်တော့ပါဘူးကွာ အတော်ကိုမှောင်နေပါပြီ"

"ဟိတ်ကောင် သာအေးရ သစ်ပင်ကြီး‌တွေပဲရှိတဲ့ သစ်တောထဲမှာမို့ ပိုမှောင်သယောင်ဖြစ်နေတာ ဒီတောထဲမှာမဟုတ်ရင် ဒီလောက်မမှောင်လောက်သေးဘူးကွ"

"မင်းကလည်းမှောင်နေပါပြီဆိုကွာ"

"သာအေး မင်းလည်းတောသား ငါလည်းတောသား တောထဲဝင်ရင်လိုတာထက် ပိုပြီးမှောင်သွားတယ်ဆိုတာလည်း မင်းအသိသားနဲ့ အခုချိန် အပြင်မှာဆို ညီအကိုမသိတသိအချိန်လောက်ပဲရှိဦးမှာ ဒီတောထဲမို့ပိုမှောင်နေတာ"

"မင်းရူးနေတာလား ပေတူး တို့တွေလမ်းလျှောက်လာတာဘယ်လောက်ကြာနေပြီလဲ အဲ့အချိန်နဲ့ပြန်တွက်ရင် အခုကအတော်မှောင်နေပြီပေါ့ဟ"

"မင်းမယုံဘူးလား မယုံရင်အပြင်ထွက်ကြည့်မယ် "

"လာလေ အပြင်ရောက်လို့မှ တအားမမှောင်နေရင် ငါမင်းကိုလုပ်မှာနော်"

"အေး မ‌မှောင်ရင် ငါလည်းမင်းကိုလုပ်မှာ"

ပေတူးနှင့် သာအေးတို့နှစ်‌ယောက် စကားနိုင်လုရင်း စကားများကြလေသည်။သူတို့သည် ရှေ့ဆက်မသွားပဲတောအုပ်အပြင်သို့ထွက်ရန်ပြင်နေလေရာ ဘိုးထင်မှစိတ်မသက်မသာဟန်ဖြင့် နှစ်ယောက်လုံးအားအသံခပ်ကျယ်ကျယ်နှင့်ငေါက်ငမ်းလိုက်လေသည်။

"ဟေ့ကောင်တွေ မှောင်မှောင် မမှောင်မှောင် မင်းမေကြီတော်ကြီးမို့ငြင်းနေတာလား မင်းတို့ကောင်တွေအတော်လျှာရှည်တဲ့ကောင်တွေပဲ ကိုယ်သွားစရာရှိတာ သွားနေတာကို အတော်ကိုလျှာရှည်တယ်"

ဘိုးထင်ထိုသို့ငေါက်ငမ်းလိုက်သည့်အခါမှ သကောင့်သားနှစ်ယောက်လည်း ငြင်းခုန်ခြင်းမပြုတော့ပဲ သူတို့သွားရမည့်လမ်းကိုသာဆက်၍သွားနေလေတော့သည်။ ကြည့်စရာ နာရီကမပါ၊ကောင်းကင်မှကြယ်တို့ကိုပါမမြင်ရသည့်အတွက် ဘယ်အချိန်မျှရှိနေပြီဆိုခြင်းအား သူတို့မသိကြပေ။အနောက်အရပ်အတိုင်းသာတည့်တည့်သွားလို့နေကြသည်။ထူးဆန်းသည်ဟုဆိုရမည့်အရာလည်းရှိ လေသည်။ထိုအရာမှာ တခြားမဟုတ် သူတို့သုံးယောက် သွားနေသည့်တောလမ်းလေးမှာ ဖြောင့်ဖြူးနေပြီး ခလုတ်ကန်သင်းဟူ၍လည်း မတွေ့ရပေ။ထိုအရာကိုစတင်ပြီးသတိထားမိသူမှာတော့ သာအေးဖြစ်လေသည်။ ထို့ကြောင့် သာအေးသည် သူ၏အရှေ့မှလမ်းလျှောက်နေသည့် ဘိုးထင်နှင့် ပေတူးအား သူသတိထားမိသည့်အကြောင်းအား‌ပြောပြလိုက်သည်။

"ဟေ့ကောင်တွေ ထူးဆန်းတာတခုကို မင်းတို့သတိထားမိလား"

"ဘာလဲ သာအေး"

"ဘာရမှာလဲကွာ တို့တွေ တောထဲတိုးလာတာမလား လမ်းကတအားများ ဖြူးနေသလားလို့ ပုံမှန်ဆိုတောထဲဝင်တာနဲ့ ခြုံတွေ၊နွယ်တွေရော မန်ကျည်းပေါက်ဆူးတွေရော ပေါမှပေါလေ"

"အေး အဲ့တာဟုတ်တယ်ဟ အခုမင်း‌ပြောမှ ငါလည်းသတိထားမိတယ် "

"အေး အခုကြည့်စမ်း လမ်းကပိုလို့‌တောင်ဖြူးလာသလိုပဲ ဒီတောထဲဘယ်သူကအဲ့လောက်သွားမှာလဲကွာ"

"ဟုတ်တယ် ဟုတ်တယ် လမ်းကပိုပိုကောင်းလာတယ်"

ဘိုးထင်သည် ပေတူး၏လက်ထဲမှမီးအိမ်အလင်းရောင်ကြောင့် မြင်နေရသည့်လူသွားလမ်းအားသေချာကြည့်ကာ ထိုသို့စကားဆိုလိုက်ခြင်းဖြစ်သည်။ပေတူးသည်လည်း သူတို့သွားနေသည့်လမ်းအားလက်ထဲမှမီးအိမ်ဖြင့်သေချာကြည့်လိုက်ကာ

"အေး ဟုတ်ပါ့ကွာ လမ်းကဖုံနေတာပဲ တခါမှ တောထဲမှာ အခုလောက်အဝေးကြီးအထိလမ်းဖုံတာမတွေ့ဖူးဘူး ရောက်ခါနီးနေပြီးလားမသိဘူး"

"လမ်းရှိနေတာပဲ ဆက်သွားတာပေါ့ကွာ အချိန်တန်ရင်တော့ ဘွား‌တော်ကြီးကိုတွေ့ရမယ်ထင်တာပဲ"

"အေးကွာ ဆက်သွားကြတာပေါ့"

ဘိုးထင်တို့သုံးယောက်မှာ သစ်တောအုပ်များအကြားအချိန်ကြာမြင့်စွာလမ်းလျှောက်ပြီးချိန်တွင်‌တော့ တောထဲဝင်လာကစကကဲ့သို့ အင်တောလေးထဲသို့ရောက်လာသည်။အင်တောအုပ်မို့‌ ကောင်းကင်ယံမှကြယ်များအား အင်ပင်များအကြားမှ တခါတခါလမ်းလျှောက်ရင်း မြင်နိုင်စွမ်းလာသည်။ထိုအခါ ဘိုးထင်သည် ကောင်းကင်ယံအားရှင်းလင်းစွာမြင်နိုင်သည့်တနေရာအရောက်တွင် လမ်းလျှောက်နေသည်ကိုခေတ္တရပ်လိုက်ပြီး ကောင်းကင်ယံကိုမော့ကြည့်ကာ သူ၏ရှေ့မှပေတူးအားစကားလှမ်းဆိုလိုက်သည်။

"ပေတူး သန်းခေါင်ကျော်တော့မယ်ကွ"

"ဟုတ်လား အဲ့တာဆို တို့ဘယ်ဆက်လုပ်ကြမလဲ"
384000
ဦးအုန်းထိုသို့ပြောလိုက်သည့်အခါ သာအေးနှင့် ပေတူးတို့နှစ်ယောက်သည်မျက်နှာမချိုမချဥ်ဖြင့် ဦးအုန်းအားမျက်နှာချိုသွေးလိုက်တော့သည်။

"ဘကြီးအုန်းကလည်းဗျာ ကျုပ်တို့ကစနေတာပါဗျ "

"စမနေနဲ့ တွေးတောကြံဆနည်းလမ်းရတဲ့ကွ အတွေ့အကြုံ‌ပေါင်းများစွာနဲ့ အတွေးအခေါ်ပြည့်ဝနေတဲ့ငါ့ဦးနှောက်ကို နေရာတကာအသုံးမချချင်တော့ဘူး အဲ့တော့ မင်းတို့လိုငစနူလေးတွေရဲ့ဦးနှောက်ကိုလည်း အသုံးပြုခွင့်‌ပေးရသေးတယ်ကွ"

ဦးအုန်းခပ်တည်တည်နှင့်ပြောလိုက်သည့်စကား‌ ကြောင့် သာအေးနှင့်‌ ပေတူးမည်သို့ပြန်ပြောရမည်မှန်းမသိဖြစ်သွားရလေသည်။ထို့နောက် ဦးအုန်းသည် ငြိမ်နေသည့် ဘိုးထင်ကိုကြည့်ကာ

"‌ဘိုးထင် မင်းသတိတော့ထားရလိမ့်မယ်"

"ဟုတ်တယ် အဘ ကျုပ်သတိထားရလိမ့်မယ်ဆိုတာကိုတွေးမိပါတယ်"

"ဘာဖြစ်ဖြစ်ကွာ စိတ်လိုက်မာန်ပါလုပ်တာတော့ရှောင်ဟေ့ မင်းသိတဲ့အတိုင်းပဲ ဒေါသအလျောက်လုပ်လိုက်တဲ့အရာတွေက ကောင်းကျိုးထက်ဆိုးကျိုးတွေချည်းဖြစ်တာများတယ်ကွ"

"ကျုပ်လည်းသတိထားမိပါတယ် ဒါ‌ပေမဲ့ဗျာ ကျုပ်စိတ်ကလည်းအခက်သားလား ဒေါသဖြစ်ရင်ထိန်းမရဘူးအဘရ တတ်နိုင်သလောက်တော့ထိန်းနေတာပဲ"

"ငါက မင်းကိုသာဆုံးမနေတာ မင်းအရွယ်တုန်းကဆို ငါလည်း မင်းအတိုင်းပဲ အတတ်နိုင်ဆုံးတော့ထိန်းပေါ့ကွာ တို့ပညာတွေကမကောင်းတဲ့အရာတွေမလား မာန်တက်နေတုန်းအရွယ်ကို ကောင်းကောင်းချိုးနှိမ်ထားမှပဲတော်ကာကျလိမ့်မယ် ဘိုးထင်"

"စိတ်ချပါ အဘ ကျုပ်စိတ်ကိုအတတ်နိုင်ဆုံး ထိန်းပါ့မယ် အခုတော့ ကျုပ်တို့ပြန်တော့မယ်အဘ မနက်ဖြန်သွားတော့မှာဆိုတော့ ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်ဦးမယ်"

"‌အေး အေး ဒါနဲ့ မင်း‌သက်ကောသက်သာရဲ့လား"

"နည်းနည်းပဲနာတော့တယ် တပတ်လည်းပြည့်တော့မယ်ဆိုတော့ သူပြောတဲ့အချိန်ကိုပဲသွားမလားလို့လေ"

"ကောင်းတယ် ကဝေ‌တွေဆိုတာသူတို့ကသာ ကတိမတည်တာ သူများက ကတိဖျက်ရင်တော့လုံးဝကြိုက်တာမဟုတ်ဘူး မင်းလည်းကတိ‌ပေးထားတယ်ဆိုတော့သူချိန်းတဲ့‌ရက်အတွင်းကိုပဲသွားလိုက်တာ‌ကောင်းတယ်"

"ကျုပ်လည်း အဲ့လိုပဲတွေးတယ် အဘ ကျုပ်တို့သွားပြီ"

"အေး‌ အေး ဘာတွေလိုအပ်သေးလဲ"

"ဘာမှမလိုအပ်တော့ဘူး အဘ"

"မင်းတို့အားလုံးသတိတော့ရှိကြ ကြားလား"

ဦးအုန်းသည် လူကြီးတယောက်ဖြစ်သည့်အလျောက် ဘိုးထင်တို့သုံးယောက်အားစိုးရိမ်နေလေသည်။ထို့ကြောင့် သတိထားရန်တွင်တွင်မှာကြားနေခြင်းသာဖြစ်၏။ဘိုးထင်တို့သုံးယောက်သည်ကား ကြောက်ခြင်း လန့်ခြင်းအလျင်းမရှိသောမျက်နှာများဖြင့် ဦးအုန်းအားနှုတ်ဆက်ပြီးနောက် ဦးအုန်း၏နေအိမ်မှထွက်ခွာသွားကြပါလေတော့သည်။

◾အခန်း (၃)

ပေပင်ရွာ၏အနောက်ဖက်ရှိလှည်းလမ်းလမ်းတွင် လူငယ်လေးသုံးယောက်လမ်းလျှောက်လို့နေသည် သူတို့မှာ ဘိုးထင်၊ပေတူးနှင့် သာအေးတို့ဖြစ်ချေ၏။ လွယ်အိတ်များကိုကိုယ်စီလွယ်ထားပြီး ပေတူး၏လက်ထဲတွင် ရေ‌နံဆီမီးခွက်ထည့်ထားသည့်မီးအိမ်လေးလည်းပါသေး၏။ညမိုးချုပ်အချိန်သို့မရောက်ရှိသေးသည့် အတွက် မီးအိမ်အားထွန်းညှိခြင်းမရှိသေးပေ။မိုးရာသီဖြစ်သော်ငြား မြေလတ်ဒေသများမို့ မိုးသိပ်မကောင်းသည့်အတွက် လမ်းသွားရသည်မှာ အဆင်ပြေပြီး တချို့သောကုန်းလမ်းများတွင် ဖုန်သိပ်အောင်သာမိုးရွာသည့်အတွက် လမ်းလျှောက်နေကြသည့်ဘိုးထင်တို့အဖို့များစွာအဆင်ပြေလေ၏။ဤသို့ဖြင့် သူတို့လမ်းလျှောက်နေရင်း သာအေးမှစတင်၍စကားဆိုလာသည်။

"ဟေ့ကောင်တွေ ခဏနားကြမလား လမ်းလျှောက်လာတာလည်းကြာနေပြီ "

"အေး နားတာပေါ့"

သူတို့သုံးယောက်ငည် လမ်းဘေးရှိအုန်းနှဲပင်ကြီးတပင်၏အရိပ်အောက်တွင်ထိုင်လိုက်ကြပြီးနောက် လွယ်အိတ်ထဲထည့်ကာ ယူဆောင်လာသည့်အစားအ သောက်အချို့အားထုတ်ယူစားသောက်လိုက်ကြသည်။ သူတို့သည်အချိန်အတန်ကြာသည်အထိ စကားမပြောပဲ အမောဖြေနေကြပြီးနောက် ပေတူးမှ ဘိုးထင်ကိုကြည့်ကာ သူသိလိုသည့်အကြောင်းအရာများအားမေးမြန်းလိုက်လေသည်။

"ဘိုးထင် ငါနားမလည်တာလေးတခုရှိတယ်ကွာ အဲ့တာမင်းပြောပြလို့ရမလား"

"ရတယ်လေ ဘာနားမလည်တာလဲ ပေတူး"

"တို့ကို ဟိုကဝေမကြီးက ဘယ်နားမှာစောင့်နေမှာလဲ မကြာခင်မိုးလည်းချုပ်တော့မယ်"

"အဲ့တာတော့ ငါလည်း ဘယ်ပြောတတ်မတုန်း သူပြောတယ်လေ တို့ကိုစောင့်နေမယ်တဲ့"

"အဲ့လိုပြောဝာာတော့ ငါတို့လည်းကြားပါတယ် အခုကလမ်းလည်းမပြောဘူး ရွာအနောက်ဖက်တည့်တည့်ဆိုလို့သာ တည့်တည့်သွားနေရတာ "

ပေတူးထိုသို့ညည်းညူလာသည့်အတွက် သာအေးသည် ပေတူးအားကြည့်ကာ သူစိတ်ထင်ရာများကိုပြောလိုက်သည်။

"မင်းကလည်း ကဝေမကြီးကသာမာန်လူမှမဟုတ်တာတို့ရောက်လာတာကို သိမှာပေါ့ကွ"

"အဲ့တာလည်းဟုတ်တာပဲ ဘိုးထင်ကိုမေးရဦးမယ် ငါတို့က ဘယ်အရွယ်လောက် ကလေးကိုများထိန်းရမှာလဲ မသိဘူး"

ပေတူးသည် သာအေး၏စကားအားထောက်ခံလိုက်ပြီး အေးအေးလူလူထိုင်နေသည့်ဘိုးထင်အား ထိုသို့မေးမြန်းလိုက်ပြန်သည်။ထိုအခါ ဘိုးထင်သည်ဦးခေါင်းအားခါရမ်းပြလိုက်ပြီး

"ငါလည်းမသိဘူးလေကွာ ကလေးထိန်းခေါ်တယ်ဆိုတော့ အများဆုံးရှိလှ လေး၊နှစ်ငါးနှစ်သားအရွယ်လောက်ပဲနေမှာပေါ့"

"အေး အဲ့လောက်လေးဆိုမဆိုးဘူး အူဝဲလေးဆိုရင်တော့ အဆင်မပြေဘူး ငါက ကလေးကောင်းကောင်းချီတတ်တာမဟုတ်ဘူး"

"မင်းကလည်း အဲ့တာတွေတွေးမနေနဲ့ အခု မင်းတို့အမောပြေပြီးမလား ဆက်သွားကြစို့"
377000
"မင်းကိုကျွေးတယ်လေကွာ ကျွေးလားမကျွေးဘူးလားပဲပြော"

"ကျွေးတယ်လေ ဒါပေမဲ့ ကျုပ်မှမစားနိုင်တာ ခင်ဗျားတို့စားပစ်တာလေ"

"ဘိုးထင် ငါပြောတာရှင်းရှင်းလေး မင်းကိုကျွေးတယ်လို့ပဲပြောတာ မင်းစားလို့ကုန်သွားတယ်လို့ပြောမိလို့လား မင်းတို့ကလည်းကွာ ငါတို့ သူ့ကိုကျွေးတယ် သူက မစားတော့ ငါတို့စားလိုက်တယ် အဲ့တော့ကုန်သွားတယ်ကွာ ငါတို့စေတနာတွေကိုမင်းတို့ကောင်တွေ မြင်စမ်းပါ"

ရုပ်တည်ကြီးနှင့်ခံခံစားစားပြောနေသည့် ပေါက်တူးအား ဘိုးထင်၊ပေတူးနှင့် သာအေးတို့မည်သို့ပြန်ပြောရမည်မှန်းမသိအောင်ပင်ဖြစ်သွားလေသည်။ထို့နောက် ဘိုးထင်သည် ပေတူးနှင့် သာအေးကိုကြည့်လိုက်ပြီး

"တို့တွေ ကလေးထိန်းဖို့ဘယ်နေ့သွားကြမလဲ"

"မင်းသက်သာရင်သွားကြတာပေါ့ မြန်မြန်သွားထိန်း‌ ပေးလိုက်ကြမယ်ကွာ "

"အေးလေ အဲ့တာဆိုသဘက်ခါလောက်တော့သွားလို့ရမယ်ထင်တယ် ငါ့ဒဏ်ရာတွေလည်းတော်တော်တော့သက်သာနေပါပြီ"

"အဲ့တာဆိုလည်း သဘက်ခါပဲသွားကြတာပေါ့"

ဘိုးထင်တို့ပြောနေသည်ကို နားမလည်သောဖိုးထွေးသည် စားပွဲခုံပေါ်မှ အကြော်အလှော်အချို့အားကောက်ယူ‌စားသောက်ရင်းမေးလိုက်လေသည်။

"ဟေ့ကောင်တွေ မင်းတို့ဘာတွေပြောနေတာလဲကလေးထိန်းရမယ်ဆိုတော့ ဘာလဲ မင်းတို့ကောင်တွေကလေးထိန်းအလုပ်ပြောင်းလုပ်တော့မလို့လား"

"မဟုတ်ပါဘူးဗျာ "

"အဲ့တာဆို ဘယ်သူ့ကလေးသွားထိန်းပေးမှာလဲပြောဦး"

"ဘယ်သူကလေးရမှာလဲ ကဝေမကြီးကလေးကိုထိန်းပေးရမှာ"

"ကဝေမကြီးကလေးဟုတ်လား ဘယ်ကကဝေမကြီးလဲ"

"ဘယ်ကရှိရမှာလဲဗျာ ကျုပ်တို့ရွာက ကလေးတွေကိုပြုစားခဲ့တဲ့ကဝေမကြီးပေါ့"

"မင်းတို့ဟာက ဘယ်လိုလဲကွာ ငါ နားမလည်ဘူးသေချာရှင်းပြစမ်းပါဦး"

သာရတယောက် အမှန်တကယ်သိလို၍ ဘိုးထင်တို့အားမေးမြန်းလိုက်ခြင်းဖြစ်သည်။ထိုအခါ သာ‌အေး သည် အစားအသောက်များအား အုပ်တလုံးတည်းပေါင်း ထည့်ရင်းမှ သာရာ၏အမေးအားဖြေလိုက်သည်။

"ရွာက ကလေးတွေ လွယ်လွယ်လေးနဲ့ပြန်ကောင်းလာတယ်လို့ ခင်ဗျားတို့ထင်နေကြတာလား"

"အဲ့လိုလည်းမထင်ပါဘူး ငါ မင်းတို့ကလေးသွားထိန်းမယ်ဆိုတာကိုပဲနားမလည်တာ"

"ဒီလိုဗျာ ကဝေမကြီးက ဘိုးထင်ကို အပြစ်နှစ်ခုပေးတယ် တခုတာအခုလိုဖြစ်အောင်နှိပ်စက်တာ နောက်တခုက သူ့ကလေးကိုတပတ်လာထိန်းပေးရမှာတဲ့လေ အဲ့လိုအပေးအယူတွေလုပ်ပြီးတော့မှပဲ ကလေးတွေပြန်ကောင်းလာတာဗျ အလွယ်လေးမဟုတ်ဘူး"

"အဲ့တာသိလို့လည်း ကလေးမိဘတွေကမင်းတို့ကောင်တွေကိုအခုလိုအစားအသောက်‌ကောင်းတွေလာပို့ပေးတာပေါ့"

သာရ ထိုသို့ပြောပြီး ‌နောက်ထပ်အစားအ‌သောက်များအားလွေးနေပြန်သည်။ပေတူးနှင့် သာ‌အေးတို့မှာဖြင့် ဘိုးထင်အားမျက်စပစ်ပြလိုက်ပြီးနောက် ဖိုးထွေးတို့အား အားမနာနိုင်တော့ပဲ ကျန်အစားအ‌သောက်များအား အနီးရှိ သစ်သားဖြင့်ပြုလုပ်ထားသည့်ကြောင်အိမ်ထဲသို့ ခပ်မြန်မြန်ပင်သိမ်းဆည်းလိုက်ကြပါလေ‌တော့သည်။

◾အခန်း (၂)

"မင်းတို့ကောင်တွေကို ဘာလို့များကလေးထိန်းခိုင်းတာလဲမသိဘူး"

"အဘရယ် ကျုပ်တို့လည်းမသိလို့အဘဆီလာမေးပါတယ်ဆိုမှ အဘကပါ ကျုပ်တို့ကိုပြန်ပြီးမေးခွန်းထုတ်နေတယ်"

"မင်းတို့ကိုမေးနေတာမဟုတ်ပါဘူးကွာ ငါ့ဘာသာတယောက်တည်း မေးခွန်းထုတ်နေတာပါ "

ဘိုးထင်တို့သုံးယောက်သည် ကဝေမကြီးထံသို့ကလေးထိန်းမသွားမီ ဦးအုန်းအိမ်သို့ရောက်လာကြပြီး အခြေအနေကိုလာရောက်တိုင်ပင်နေခြင်းဖြစ်လေသည်။ဦးအုန်းသည် အိမ်အောက်တန်းလျားတွင်ထိုင်၍ အမြဲလိုလိုသောက်ဖြစ်နေသည့်ဆေးတံကိုခဲကာ လေးလေး နက်နက်တွေးတောလို့နေသည်။မျက်နှာချင်းဆိုင် တန်းလျားတွင်တော့ ဘိုးထင်၊သာအေးနှင့် ပေတူးတို့ထိုင်‌ နေကြပြီး ဦးအုန်းစကားဆိုလာမည့်အချိန်အား စိတ်ဝင်တစားဖြင့်နားထောင်နေကြသည်။ဆိုခဲ့သလို ဦးအုန်းမှမသိဘူးဆိုလာသည့်အခါ ဘိုးထင်တယောက် မကျေမနပ်ဖြင့် ခွန့်တုံ့ပြန်စကားဆိုလိုက်မိသည်။ထိုအခါ ဦးအုန်းသည် သူစဥ်းစားနေသည့်အကြောင်းအားရှင်းပြလာပြီး‌ နောက် ယခုကဲ့သို့ထပ်မံစဥ်းစားနေပြန်လေရာ မည်သည့်စကားသံမှထပ်မပေါ်ပဲ တိတ်ဆိတ်လို့နေတော့သည်။ အတန်ကြာသည့်အခါမှ ဦးအုန်းသည် ဦးခေါင်းအား ဖြည်းညင်းစွာဖြင့်ညိတ်လိုက်ပြီး။

"အင်း ငါထင်တာကတော့ ကလေးထိန်းခိုင်းတယ်ဆိုတာအကြောင်းတခုတော့ရှိလောက်တယ်ကွ"

"ကျုပ်လည်းအဲ့လိုပဲထင်တယ် အဘ အသားလွတ်ကြီးတော့ ကလေးလာထိန်းခိုင်းမှာမဟုတ်ဘူး"

"အေး အဲ့တာဘာဖြစ်နိုင်မလဲ ဘိုးထင်"

ဦးအုန်းထိုသို့မေးခွန်းမေးလာသဖြင့် ဘိုးထင်ပါမကသာအေးနှင့် ပေတူးတို့သည် ဦးခေါင်းများကိုကုတ်လိုက်ကြပြီး မကျေမနပ်ဖြင့်တီးတိုးရေရွတ်ကြလေသည်။

"သူ့များအားကိုးရမလားလို့လာမေးပါတယ် သူ့ကချည်းပြန်မေးနေတယ် ဟုတ်‌တော့မဟုတ်တော့ဘူး"

"အေးကွာ စဉ်းစားနေတာပဲ ဘာလိုမှကိုဆက်စပ် တွေးတောလို့မရတော့လို့"

"ဘာတွေတွေးတာဖြစ်နိုင်မလဲ ဆေးတံထဲကဆေးကိုဘယ်လိုကောင်းအောင်စပ်ရမလဲတွေးနေတာ‌ပဲနေမှာ"

ပေတူးနှင့် သာအေးတို့၏စကားအား ကြားသွားဟန်ရှိသည့်ဦးအုန်းသည် ချောင်းတချက်ဟန့်လိုက်ပြီး

"ဟေ့ကောင်တွေ မင်းတို့‌ကောင်တွေဘာပြောနေတယ်ဆိုတာကို ငါသေချာကြားလိုက်တယ်နော်"
428000

Showing 10 of 10 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram သရဲဝတ္ထုများ စုစည်းမှု nói về gì?+

သရဲဝတ္ထုများ စုစည်းမှု (@ghoststory9) là kênh Telegram thuộc danh mục Thời trang, Làm đẹp & Lối sống trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 2.983 người đăng ký trên tgdio.

Làm sao để tham gia သရဲဝတ္ထုများ စုစည်းမှု (@ghoststory9)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @ghoststory9 miễn phí.

သရဲဝတ္ထုများ စုစည်းမှု có phải kênh Thời trang, Làm đẹp & Lối sống tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của သရဲဝတ္ထုများ စုစည်းမှု trước khi tham gia. Hiện có khoảng 2.983 người đăng ký trên tgdio. So sánh với các kênh Thời trang, Làm đẹp & Lối sống tương tự.

Xem thống kê và bài đăng သရဲဝတ္ထုများ စုစည်းမှု ở đâu?+

Trên tgdio, mở trang @ghoststory9 để xem thống kê, xếp hạng, đánh giá và bài đăng.