Hollywood lover Telegram channel photo

Hollywood lover

@holly_wood_mmPublic Channel

ခဏခဏပျက် ချန်နယ်

Phim HollywoodTiếng ViệtViệt Nam

23

Last views

463 (463 subscribers)
Thành viên
—
Rating
36
Total Posts
Oct 17, 2026, 9:35 AM
Cập nhật
Apr 26, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel NameHollywood lover
Username@holly_wood_mm
CategoryPhim Hollywood
LanguageTiếng Việt
CountryViệt Nam
Thành viên463
Channel TypePublic Channel
Created26 thg 4, 2026
Last Updated17 thg 10, 2026 • 6 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#126938+400
Xếp hạng ngôn ngữ
#2530+29
Xếp hạng danh mục
#49+2

Tăng trưởng người đăng ký

Tổng cộng: 46330 Days growth: +51.1%
09/1809/2309/2810/0310/0810/1310/17
Tăng trưởng người đăng ký - 30 Days
DateSubscribers
18:09:2026458
19:09:2026458
20:09:2026461
21:09:2026461
22:09:2026461
23:09:2026461
24:09:2026461
25:09:2026461
26:09:2026461
27:09:2026461
28:09:2026461
29:09:2026461
30:09:2026461
01:10:2026461
02:10:2026461
03:10:2026461
04:10:2026461
05:10:2026461
06:10:2026461
07:10:2026461
08:10:2026461
09:10:2026461
10:10:2026461
11:10:2026461
12:10:2026461
13:10:2026461
14:10:2026461
15:10:2026461
16:10:2026461
17:10:2026463
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 20:04:2026390
Week of 27:04:2026390
Week of 04:05:2026390
Week of 11:05:2026390
Week of 18:05:2026390
Week of 25:05:2026390
Week of 01:06:2026390
Week of 08:06:2026390
Week of 15:06:2026390
Week of 22:06:2026390
Week of 29:06:2026390
Week of 06:07:2026421
Week of 13:07:2026421
Week of 20:07:2026421
Week of 27:07:2026421
Week of 03:08:2026421
Week of 10:08:2026421
Week of 17:08:2026456
Week of 24:08:2026456
Week of 31:08:2026454
Week of 07:09:2026458
Week of 14:09:2026461
Week of 21:09:2026461
Week of 28:09:2026461
Week of 05:10:2026461
Week of 12:10:2026463
Tăng trưởng người đăng ký - Monthly
DateSubscribers
April 2026390
May 2026390
June 2026390
July 2026421
August 2026456
September 2026461
October 2026463
Tăng trưởng người đăng ký - Yearly
DateSubscribers
2026463

Bài đăng gần đây

Hollywood lover logo
Hollywood lover

18:50 14 thg 10, 2026

Photo1/2
The Daugh...ter S...he Left Be...hind (2026)

နိုင်ငံရပ်ခြားကနေ ပြန်လာပြီး သမီးငယ်လေးကို အန္တရာယ်ကြားကနေ ကာကွယ်ပေးရမယ့် မိခင်တစ်ဦးရဲ့သည်းထိတ်ရင်ဖို ဒရာမာ ဇာတ်ကားသစ်!

ရေခြားမြေခြားမှာ နှစ်ပေါင်းများစွာ အကြာကြီး နေထိုင်ခဲ့ပြီးနောက် မိခင်ဖြစ်သူ ရေချယ် (Rachel) ဟာ သူ့ရဲ့ သမီးဖြစ်သူ ဆမန်သာ (Samantha) နဲ့ အဆက်အသွယ်ပြန်လုပ်ဖို့၊ သံယောဇဉ်တွေ ပြန်လည်တည်ဆောက်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ အိမ်ကို ပြန်လာခဲ့ပါတယ်။

ဒါပေမဲ့ ပြန်ရောက်လာချိန်မှာတော့ အရာရာက လွယ်ကူမနေပါဘူး။ အန္တရာယ်ကြီးမားတဲ့ လူတစ်ယောက်က သမီးဖြစ်သူရဲ့ အသက်ကို ခြိမ်းခြောက်လာတဲ့အခါမှာတော့ ရေချယ်ဟာ အတိတ်မှာ မိခင်တစ်ယောက်အနေနဲ့ တာဝန်မကျေခဲ့တာတွေကို ပြင်ဆင်ပြီး သမီးကို ကာကွယ်ဖို့အတွက် အရာရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ရမယ့် ခရီးလမ်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

https://t.me/h_h_r_movie/769
23000
Hollywood lover logo
Hollywood lover

13:31 12 thg 10, 2026

Photo1/2
Mat...ter Of Ti...me (2026)

အချိန်ရပ်တန့်သွားစေတဲ့ ပစ္စည်းတစ်ခုကို ရရှိသွားတဲ့ ဗီဒီယိုဂိမ်းဒီဇိုင်နာ လူငယ်လေး…

ဆန်းကြယ်တဲ့ စွန့်စားခန်းတွေနဲ့ ရင်ဆိုင်ရမယ့် သည်းထိတ်ရင်ဖို ဖန်တီးမှု ဇာတ်ကားသစ်!

စိတ်ကူးယဉ်ဆန်ဆန်နဲ့ ရင်ခုန်စရာ စွန့်စားခန်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။

အသက် (၂၉) နှစ်အရွယ် ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်တဲ့ လူငယ်လေး ချာလီ ဖလက်ခ် (Charlie Fleck) ဟာ ထူးဆန်းတဲ့ အရုပ်ဆိုင်ပိုင်ရှင် သူငယ်ချင်းဖြစ်သူ ဂิဗ်စ် (Gibbs) ဆီကနေ အချိန်ကို ရပ်တန့်သွားစေနိုင်တဲ့ ထူးခြားဆန်းကြယ်တဲ့ ပစ္စည်းတစ်ခုကို လက်ဆောင်အဖြစ် လက်ခံရရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အဲဒီစက်ပစ္စည်းလေးရဲ့ စွမ်းအားကြောင့် သူ့ဘဝမှာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီး အံ့သြစရာကောင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် ခရီးလမ်းကို အစအဆုံးစိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

https://t.me/h_h_r_movie/767
29000
Hollywood lover logo
Hollywood lover

11:25 11 thg 10, 2026

Photo1/2
Do U..s P...art (2026)

မင်္ဂလာပွဲအချိန်အခါမှာ ကောလိပ်သူငယ်ချင်းမလေး ရောက်လာပြီး ချစ်ရေးဆိုလိုက်တဲ့အခါ ပွဲတစ်ခုလုံး အလွဲတွေနဲ့ ပြိုကွဲကုန်ပါတော့တယ်။ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားရင်း တစ်ကျော့ပြန် အလွဲပေါင်းစုံနဲ့ ရယ်မောရမယ့် ဟာသအက်ရှင် ရိုမန့်တစ် ဇာတ်ကားသစ်!

ရိုင်ယန် (Ryan) ရဲ့ မင်္ဂလာဆောင်ပွဲ တည့်တည့်ကို သူ့ရဲ့ ကောလိပ်ခေတ် အကောင်းဆုံးသူငယ်ချင်းမလေး ရို့စ် (Rose) က ရောက်ရှိလာပြီး ရင်ထဲက ခံစားချက်တွေကို ရုတ်တရက် ဖွင့်ဟဝန်ခံလိုက်တဲ့အခါ မင်္ဂလာပွဲကြီး တစ်ခုလုံး ဆူပူအုပ်စုကွဲကာ ပရမ်းပတာ ဖြစ်သွားပါတော့တယ်။

အဲဒီလို ရှုပ်ထွေးသွားတဲ့ အခြေအနေတွေကြားမှာ ရိုင်ယန်ရဲ့အပေါင်းအသင်း မာ့က် (Mark) က မူမမှန်တဲ့ဆုံးဖြတ်ချက်တွေ၊ လျှို့ဝှက်ချက်တွေနဲ့အတူ အခြေအနေကို ထိန်းသိမ်းပြီး မင်္ဂလာပွဲကို ကယ်တင်ဖို့ (သို့မဟုတ်) ပိုလို့တောင် မမေ့နိုင်စရာ ဖြစ်သွားအောင် လုပ်ဖို့ ဘယ်လိုတွေ လျှောက်လှမ်းကြမလဲဆိုတာကို ရယ်မောစရာ အလွဲလေးတွေနဲ့ အစအဆုံး ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

https://t.me/h_h_r_movie/764
34000
Hollywood lover logo
Hollywood lover

15:35 23 thg 9, 2026

Photo1/2
The Note....book (2004)

လူတန်းစားအလွှာ၂ခုကြားကချစ်ခြင်းကိုဖော်ပြမဲ့ကြည့်ကိုကြည့်သင့်တဲ့အချစ်ဇာတ်ကားလေး

အချစ်ရုပ်ရှင်တွေအကြောင်း ပြောရင် ဒီကားကို ချန်ထားခဲ့လို့မဖြစ်ဘူး။ ‌အ‌တော်လေးကို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ရှိတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုပါ။

ရူးရူးမိုက်မိုက် ဆယ်ကျော်သက်အရွယ်မှာ အဆင့်အတန်း မတူညီတဲ့ လူတန်းစားနှစ်လွှာက ကောင်လေးနဲ့ကောင်မလေး၂ယောက်ဟာ တစ်ခုသောနွေမှာ ချစ်မိခဲ့ပါတယ်။

ဒါပေမယ့် ချမ်းသာတဲ့ကောင်မလေးရဲ့ မိခင်ကြောင့် နွေရဲ့အချစ်ဇာတ်လမ်းလေးဟာ အသည်းကွဲစရာတွေနဲ့အဆုံးသတ်ခဲ့ပေမယ့် နှစ်တွေအများကြီးကြာမှ ကောင်မလေး မင်္ဂလာဆောင်ခါနီးမှ နှစ်ယောက်သား ပြန်ဆုံမိတဲ့အခါ...

https://t.me/h_h_r_movie/749
78001
Hollywood lover logo
Hollywood lover

16:16 20 thg 9, 2026

Photo1/2
Ju...st P...lay De...ad (2026)

လင်မယားနှစ်ယောက်ရဲ့ ရိုက်စားအကွက်

ရန်ပုံငွေ အလွဲသုံးစားလုပ်ခဲ့ကြတဲ့ ဂျက်နဲ့နိုရာတို့ လင်မယားနှစ်ယောက် သူတို့လုပ်ရပ်တွေပေါ်သွားပြီး စာရင်းစစ်နဲ့အဖမ်းမခံရခင် ရနေတဲ့အချိန်အတွင်းမှာ
လွတ်ရာထွက်ပြေးပြီး ဘဝအသစ်စနိုင်ဖို့အတွက် ဂျက်ရဲ့အသက်အာမခံကြေးရအောင် ဟန်ဆောင်သေပြဖို့ မပြေလည်နေကြတဲ့ လင်မယားနှစ်ယောက်က သဘောတူလိုက်ကြပါတယ်။

နိုရာကတော့ အသက်ကြီးပေမဲ့မပျက်စီးသေးဘဲ နိုပျိုနေဆဲမိန်းကလေးတစ်ယောက်ပေါ့။ အဲဒီတော့ နိုရာက အချဥ်တစ်ကောင်ဖမ်းပြီး ဂျက်ကိုသတ်ပေးအောင် မြူဖို့လုပ်ပါတော့တယ်။ နိုရာအချဥ်ဖမ်းတဲ့ကောင် ဒါနီကလည်းလူသတ်မှုရေးရာ စုံထောက်ဖြစ်နေတဲ့အခါမှာတော့....

ဒါနီ စုံထောက်ကနေ မမကြောင့် စောက်ထုံဖြစ်ပြီး ဂျက်နဲ့ နိုရာတို့အစီအစဥ်အောင်မြင်သွားမလား။ နိုရာကရော ငွေကြောင့် လင်တော်ထားရတဲ့ ဂျက်ကြိုးဆွဲရာဆက်ကသွားမလား။ ဒါနီကရော နွားမဟုတ်ဘဲ ကျားဖြစ်နေမလား စတဲ့မေးခွန်းတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုအားပေးလိုက်ကြပါဦးခင်ဗျာ...

https://t.me/h_h_r_movie/744
86000
Hollywood lover logo
Hollywood lover

19:49 13 thg 9, 2026

Photo1/2
Co....yote Vs Ac....me (2026)

သုံးသမျှ ပစ္စည်းတိုင်း အမြဲပေါက်ကွဲပြီး ဒုက္ခရောက်ခဲ့ရတဲ့ ဝိုင်းလေ ကိုယော့ (Wile E. Coyote) တစ်ယောက် နာမည်ကြီး ACME ကုမ္ပဏီကြီးကို တရားစွဲဖို့ ရှေ့နေတစ်ဦးနဲ့ လက်တွဲလိုက်တဲ့အခါ ရယ်စရာကောင်းပြီး ရင်ခုန်စရာ တရားခွင် ဟာသဇာတ်ကားသစ်!

နာမည်ကျော် လူးနီတျွန်း (Looney Tunes) ဇာတ်ကောင်တွေရဲ့နောက်ကွယ်မှာ အမြဲတမ်း ဒုက္ခရောက်ခဲ့ရတဲ့ ဝိုင်းလေ ကိုယော့ (Wile E. Coyote) ဟာ သူသုံးသမျှ ပစ္စည်းတိုင်း ပျက်စီးချို့ယွင်းနေတာကြောင့် ACME ကုမ္ပဏီကြီးကို တရားစွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီနောက် ဒေသခံ ကိုယ်ရေးထိခိုက်မှုဆိုင်ရာ ရှေ့နေတစ်ဦးနဲ့ လက်တွဲပြီး ACME ကုမ္ပဏီကြီးကို တရားခွင်မှာ ရင်ဆိုင်ဖို့ ပြင်ဆင်ပါတော့တယ်။ တရားရုံးထဲမှာ ဘယ်လို‌ေတွရယ်စရာကောင်းအောင် ရင်ဆိုင်ကြမလဲ၊ မျှော်လင့်ချက်တွေနဲ့ တရားမျှတမှုကို ဘယ်လို ရှာဖွေကြမလဲဆိုတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

https://t.me/h_h_r_movie/737
99000
Hollywood lover logo
Hollywood lover

09:41 05 thg 9, 2026

Photo1/2
The Run....ner (2026)

လန်ဒန်မြို့ရဲ့ထိပ်တန်း အမှုလိုက် ရှေ့နေမတစ်ယောက်ဖြစ်တဲ့ မိုင်ယာ (Gal Gadot) ဆီကနေ စတင်ပါတယ်။ သားဖြစ်သူနဲ့အတူအဆင်ပြေတဲ့ဘဝကို တည်ဆောက်ထားတဲ့ သူမဟာ မနက်ခင်း ပုံမှန်ပြေးနေကျ လမ်းကြောင်းအတိုင်း ပြေးနေတုန်းမှာပဲ အမည်မသိ လျှို့ဝှက်လူတစ်ယောက်ဆီကနေ သူမရဲ့ သားလေး ပြန်ပေးဆွဲခံလိုက်ရပြီဖြစ်ကြောင်း ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်လာပါတယ်။ သားဖြစ်သူကို အသက်ရှင်လျက် ပြန်လိုချင်ရင် ပြေးတာကို လုံးဝမရပ်တန့်ဖို့၊ ဘယ်သူ့ကိုမှ အသိမပေးဖို့နဲ့ ဖုန်းထဲကနေ ပေးတဲ့ အမိန့်တိုင်းကိုတစ်သဝေမတိမ်း လိုက်နာရမယ်ဆိုတဲ့ အကျပ်ကိုင် ခြိမ်းခြောက်မှုကို ရင်ဆိုင်ရပါတော့တယ်။

လျှို့ဝှက်ဖုန်းခေါ်ဆိုသူဟာ နည်းပညာတွေနဲ့ သူမရဲ့ဘဝတစ်ခုလုံးကို စောင့်ကြည့်ထိန်းချုပ်ထားပြီး၊ လန်ဒန်မြို့ကြီးရဲ့လူစည်ကားလှတဲ့ လမ်းမတွေပေါ်မှာအချိန်နဲ့အပြိုင် အသည်းအသန်ပြေးလွှားစေရင်း အန္တရာယ်ကြီးမားလှတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ အမိန့်ပေးပုံတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။

မင်းသမီး Gal Gadot ရဲ့ကြံ့ခိုင်တဲ့ သရုပ်ဆောင်ချက်နဲ့ Damian Lewis ရဲ့ဖုန်းထဲကနေ ခြိမ်းခြောက်နိုင်တဲ့စိတ်ပညာ အားပြိုင်မှုတွေကြောင့်အသက်ရှူမှားလောက်ပါတယ်

https://t.me/h_h_r_movie/733
114000
Hollywood lover logo
Hollywood lover

03:21 04 thg 9, 2026

Photo
The B...read win...ner [၂၀၂၆]

ဒီဇာတ်ကားကတော့ မိသားစုကို အဓိကထားပြီး ရိုက်ကူးထားတဲ့ Comedy ဇာတ်လမ်းကောင်းလေးပါ။

မိသားစု၊ မျှော်လင့်ချက်နဲ့ ဘဝရုန်းကန်မှုကို နွေးထွေးစွာ တင်ဆက်ထားတဲ့ Drama ဇာတ်ကားဖြစ်ပါတယ်။ကြီးကျယ်တဲ့ Action မပါပေမယ့် ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်နဲ့ သရုပ်ဆောင်မှုတွေက ကြည့်ရှုသူကို ထိမိစေတဲ့ အမျိုးအစားပါ။

စီးပွားရေးအခက်အခဲကြောင့် မိသားစုတစ်စုဟာ နေ့စဉ်ဘဝကို အခက်အခဲများစွာနဲ့ ဖြတ်သန်းနေရပါတယ်။ မိသားစုကို ထောက်ပံ့ပေးနေတဲ့ အဓိကဝင်ငွေရှာဖွေသူဟာ အလုပ်ပြုတ်သွားတဲ့နောက် အခြေအနေတွေ ပိုမိုဆိုးရွားလာပါတယ်။ ဒါပေမယ့် အရှုံးမပေးဘဲ အလုပ်သစ်တွေ ကြိုးစားရှာဖွေရင်း မိသားစုရဲ့ မျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းဖို့ အားထုတ်ကြပါတယ်။ စမ်းသပ်မှုတွေကြားက မေတ္တာ၊ တာဝန်ယူမှုနဲ့ မိသားစုရဲ့ အင်အားကို ခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။

https://t.me/h_h_r_movie
150000
Hollywood lover logo
Hollywood lover

03:21 04 thg 9, 2026

Photo
Absolute....ly Any...thing (2015)

ကမ္ဘာမြေကို အာကာသဂြိုဟ်သားတွေက စမ်းသပ်ဖို့ ဆုံးဖြတ်ပြီး သာမန်ကျောင်းဆရာ Neil Clarke ကို "ဆန္ဒတောင်းသမျှ အကုန်ဖြစ်စေနိုင်တဲ့ စွမ်းအား" ပေးလိုက်ပါတယ်။

အစပိုင်းမှာ Neil က ကိုယ်ရေးကိုယ်တာအကျိုးအတွက်ပဲ စွမ်းအားကိုသုံးပေမယ့်၊ နောက်ပိုင်းမှာ ကမ္ဘာကြီးကို ပိုကောင်းအောင်လုပ်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဆန္ဒတောင်းတဲ့စကားလုံးအနည်းငယ် လွဲမှားတာကြောင့် မထင်မှတ်ထားတဲ့ အကျိုးဆက်တွေဖြစ်လာပြီး အခြေအနေတွေ ပိုရှုပ်ထွေးသွားပါတယ်။

နောက်ဆုံးမှာတော့ သူ့ရဲ့စကားပြောတတ်တဲ့ခွေး Dennis က ကမ္ဘာမြေကို ကယ်တင်ဖို့ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။

https://t.me/h_h_r_movie
134000
Hollywood lover logo
Hollywood lover

03:21 04 thg 9, 2026

Photo
Romance ကြိုက်သူများအတွက် လူကြိုက်အတော်များနေတဲ့ ရုံတင်အချစ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်

Boule...vard (2026)

Wattpad မှာ ဖတ်ရှုသူသန်းချီပြီး အောင်မြင်ခဲ့တဲ့ နာမည်ကြီး Novel ကို ပြန်ရိုက်ကူးထားတဲ့ ရိုမန့်ဒ ရမ်မာ ရုပ်ရှင်အသစ်ပဲဖြစ်ပါတယ်။

စိတ်ဒဏ်ရာကိုယ်စီနဲ့ အထီးကျန်နေတဲ့ အထက်တန်းကျောင်းသား နှစ် ယောက်ဖြစ်တဲ့ ဟာစလေ (Hasley) နဲ့ လူခ် (Luke) တို့အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့နှစ် ယောက် ဆုံတွေ့မိရာကနေ တဖြည်းဖြည်း သံယောဇဉ်တွေတွယ်ပြီး ဘဝရဲ့နာကျင်စရာတွေကို အတူတူရင်ဆိုင်ကျော်ဖြတ်ဖို့ "Boulevard" လို့ခေါ် တဲ့ သူတို့နှစ်ယောက်တည်းရဲ့ စိတ်ကူးယဉ် အမိုးအကာကမ္ဘာလေးတစ်ခုကို တည်ဆောက်ခဲ့ကြတာပါ။ စိတ်ဒဏ်ရာတွေ၊ အချစ်ဦးရဲ့ ရင်ခုန်သံတွေနဲ့အတူ လူငယ်သဘာဝ ခံစားချက်တွေကို အလှပဆုံးနဲ့ အထိရှဆုံး ပုံဖော်ထားတာမို့ မျက်ရည်ဝဲစရာ ဇာတ် ဝင်ခန်းတွေလည်း ပါဝင်ပါတယ်။ ဇာတ်ရှိန် တက်တက်နဲ့ ရင်ကို ထိမှန်စေမယ့် လူငယ်အချစ်ဒ ရာမာ ကောင်းကောင်းလေး ရှာနေတယ်ဆိုရင်တော့ ဒီကားလေးက လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

https://t.me/h_h_r_movie
133000
Hollywood lover logo
Hollywood lover

03:21 04 thg 9, 2026

Photo
The De...vil We...ars Pra...da 2 (2026)

ခေတ်ရေစီးကြောင်းတွေ ပြောင်းလဲလာပြီး မဂ္ဂဇင်းစာစောင်တွေ လူစိတ်ဝင်စားမှုနည်းလာတဲ့ ခေတ်ကြီးထဲမှာ Runway မဂ္ဂဇင်းတိုက်ကြီး ဆက်လက်တည်ရှိနေအောင် ရုန်းကန်နေရတဲ့ အယ်ဒီတာချုပ်ကြီး Miranda Priestly ရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မမျှော်လင့်ဘဲ Runway ဟာ စာစဉ်တစ်ခုကို မှားပြီးဖြန့်ချီမိရာကနေ အကြီးအကျယ် ပြဿနာတက်ပြီးတော့ လုပ်ငန်းက ဘယ်လိုမှ ရှေ့ဆက်လို့မရတဲ့အထိကို အဝေဖန်ခံခဲ့ရပါတော့တယ်။ ထိုအချိန်မှာ နာမည်ကြီးသတင်းထောက် ဖြစ်နေပြီဖြစ်တဲ့ Andy Sachs တစ်ယောက် ရုတ်တရက်ကြီး အလုပ်ထုတ်ခံလိုက်ရပြီးတော့ Runway ရဲ့ သိက္ခာကို ပြန်ဆယ်ဖို့အတွက် အထူးဆောင်းပါး အယ်ဒီတာအဖြစ်နဲ့ အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပါတော့တယ်။

ခေတ်သစ် မီဒီယာလောကထဲမှာ ကိုယ်ပိုင်စည်းမျဉ်းတွေ HR ရဲ့ကန့်သတ်ချက်တွေကြားထဲ ပိတ်မိနေတဲ့ အာဏာရှင်ဆန်လှတဲ့ Miranda တစ်ယောက် သူ့အာဏာကို ဘယ်လိုထိန်းသိမ်းသွားမလဲ။

ခေတ်သစ် ဖက်ရှင်လောကရဲ့ပြိုင်ဆိုင်မှုတွေ၊ ထိုအမျိုးသမီးသုံးယောက်ရဲ့ ထက်မြက်ပုံတွေကိုပါ ကြည့်ရှုရမဲ့အပြင် သုံးယောက်ကြားက ပြိုင်ဆိုင်မှုတွေကိုပါ ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။

https://t.me/h_h_r_movie
160002
Hollywood lover logo
Hollywood lover

03:21 04 thg 9, 2026

Photo
La La La...nd (2016)

IMDb – (8/10) / Rotten Tomatoes (91%)

၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။ တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။

https://t.me/h_h_r_movie
153000
Hollywood lover logo
Hollywood lover

03:21 04 thg 9, 2026

Photo
Su...per Gi...rl (2026)

စူပါဂဲလ် ဟာ သူမရဲ့ အသက် ၂၀ ပြည့် မွေးနေ့အတွက် အပျော်အပါးလွန်ပြီး သောက်စား နေတုန်းမှာ သူမရှိနေတဲ့ ဘား တစ်ခုထဲကို အကူညီမဲ့နေတဲ့ ‌ကလေးမလေး ဟာရောက်လာပါတယ် ။

သူ့ရဲ့မိဘတွေအသတ်ခံခဲ့ရတာဖြစ်ပြီး ထိုရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးကြီးကို လက်စားချေဖို့ အကူညီတောင်းနေတာကြောင့် စူပါဂဲလ် ဟာနောက်ဆုံးမှာ မကြည့်ရက်တော့ဘဲ ကူညီပေးဖို့အကြောင်းဖန်လာပါတော့တယ်။

https://t.me/h_h_r_movie
194000
Hollywood lover logo
Hollywood lover

12:57 03 thg 9, 2026

Photo1/2
D-E_M-O (2025)

ဒီကားဟာ စကြဝဠာကြီးကို ကယ်တင်ဖို့ ကြိုးစားကြတဲ့ ရုံးဝန်ထမ်းနှစ်ယောက်ရဲ့အလွဲတွေကို ရိုက်ကူးထားတဲ့ ၄၅ မိနစ်စာ Sci-Fi / Action-Comedy Indie ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

Zach နဲ့ Tyler ဆိုတဲ့ လူငယ်နှစ်ယောက်ဟာ D.E.M.O. (Department of Energy and Matter Organization) ဆိုတဲ့ ဌာနမှာ လစာနည်းနည်းပဲရတဲ့ အခြေခံဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့ရုံးက ဟောင်းနွမ်းနေတဲ့စက်ပစ္စည်းတွေကို ကိုင်တွယ်ရင်း အမှားအယွင်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။

ဒီအမှားကြောင့် "အချိန်နဲ့အာကာသသန္တာန် (Time-Space Continuum)" မှာ အပေါက်ကြီးတစ်ခု ပွင့်သွားခဲ့ပြီး စကြဝဠာကြီးတစ်ခုလုံး ပျက်စီးသွားနိုင်တဲ့ "Reverse Big Bang" ဆိုတဲ့အန္တရာယ်ကြီး စတင်လာပါတော့တယ်။ ဒီတော့ ဒီငပျင်းဝန်ထမ်းနှစ်ယောက်ဟာ သူတို့ရဲ့အလုပ်ချိန်မပြီးခင် အချိန်မီ စကြဝဠာကြီးကိုကယ်တင်ဖို့အတွက် မမျှော်လင့်ဘဲ အချိန်လု တိုက်ပွဲဝင်ကြရပါတော့တယ်။

ဒီကားက ကြာချိန် ၄၅ မိနစ်ပဲ ရှိတာကြောင့် ခေါင်းရှုပ်မခံဘဲ မြန်မြန်ဆန်ဆန်နဲ့ အပြုံးမပျက်ကြည့်လို့ရတဲ့ Indie Sci-Fi ဟာသကားလေးဘဲဖြစ်ပါတယ်။

https://t.me/h_h_r_movie/730
107001
Hollywood lover logo
Hollywood lover

11:01 30 thg 8, 2026

Photo1/2
Land....ship (2026)

Battle Over Britain တို့ Lancaster Skies တို့လို စစ်ကားကောင်းတွေ ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Callum Burn ရဲ့လက်ရာသစ်ဖြစ်ပြီး၊ သရုပ်ဆောင်တွေအနေနဲ့ Vin Hawke, David Dobson, Matthew Canny တို့က အဓိကပါဝင်အားဖြည့်ထားပါတယ်။

၁၉၁၇ ခုနှစ်၊ Passchendaele တိုက်ပွဲကာလမှာ အခြေတည်ထားပါတယ်။ မဟာမိတ်တပ်တွေရဲ့အဓိကထိုးစစ်ကြီးစတင်ချိန်မှာ၊ ဗြိတိန် MKIV (Mark 4) တင့်ကား "Fray Bentos" ပေါ်က စစ်သား (၉) ယောက်ပါတဲ့ အဖွဲ့ဟာ ဂျာမန်ဘန်ကာတွေကို ချေမှုန်းဖို့ တာဝန်ပေးခံရပါတယ်။

ဒါပေမဲ့ သူတိုရဲ့ တင့်ကားကြီးက ရန်သူ့စခန်းနဲ့ ကိုက်အနည်းငယ်အကွာမှာရှိတဲ့ ဗုံးခိုကျင်းအကြီးကြီးထဲကို ပြုတ်ကျပြီး ပိတ်မိသွားတဲ့အခါ...

ရန်သူ့နယ်မြေထဲမှာ အပြင်လည်း ထွက်မရ၊ အကူအညီလည်း ခေါ်မရတဲ့ အခြေအနေဆိုးကြီးကို သူတို ့ဘယ်လိုရင်ဆိုင်ကြမလဲ။

အစားအသောက်ပြတ်လပ်မှု၊ အဆိပ်ငွေ့တွေ၊ ရန်သူ့ရဲ့အဆက်မပြတ်ပစ်ခတ်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေကြားမှာ ဒီ ၉ ယောက်သား သွေးစည်းညီညွတ်စွာနဲ့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

https://t.me/h_h_r_movie/727
115000
Hollywood lover logo
Hollywood lover

16:51 21 thg 8, 2026

Photo1/2
M...aid Ro....bot (2026)

တီထွင်ဖန်တီးရှင် Dr. Roth က Lisa နဲ့ Anastasia ဆိုတဲ့ လူသားနဲ့တူတဲ့ အဆင့်မြင့်နည်းပညာနဲ့ အိမ်ဖော်စက်ရုပ်နှစ်ရုပ်ကို တီထွင်ခဲ့တယ်။ ဒါပေမဲ့ လောဘကြီးတဲ့ စီးပွားရေး ရင်းနှီးမြှပ်နှံသူတစ်ယောက်ဖြစ်တဲ့ Dr. Race ရောက်လာပြီး အကျိုးအမြတ်ရဖို့အတွက် အဲ့ဒီနည်းပညာရဲ့ အသေးစိတ်ဒေတာတွေကို တောင်းလာတဲ့အခါမှာတော့ Dr. Roth က Dr. Race ကို မယုံဘဲ သူတို့နှစ်ယောက်ကြား ညှိနှိင်းငြင်းခုံရင်း အခြေအနေတွေ တင်းမာလာခဲ့ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ စက်ရုပ်နှစ်ရုပ်က ကြောက်စရာကောင်းလောက်အောင် လူသားဆန်တဲ့ ကိုယ်ပိုင်အသိစိတ်တွေဝင်လာပြီး ပရိုဂရမ်ထည့်ထားတဲ့အထဲ မပါတဲ့ အိပ်မက်တွေမက်လာတယ်၊ ကိုယ်ပိုင်စရိုက်တွေ ပေါ်လာကြတယ်။

အဲဒီအချိန်မှာ Dr. Roth က သူ့ရဲ့စက်ရုပ်နှစ်ရုပ်ကို လုံးဝ အထိန်းအကွပ်မဲ့ ဖြစ်မသွားခင် မကောင်းတဲ့လူလက်ထဲ ရောက်မသွားဖို့ ကာကွယ်တားဆီးနိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်  sci-fi dark comedy အမျိုးအစား အင်ဒီဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

https://t.me/h_h_r_movie/719
158000
Hollywood lover logo
Hollywood lover

09:17 13 thg 8, 2026

Photo1/2
The Out....er Th...reat (2026)

ဒန်နီရယ်ဟာ ရူပနက္ခတ္တပညာရှင်ဖြစ်ပြီး သူတို့မိသားစုလေးဟာ လူမသိသူမသိနေရာလေးမှာ တိတ်တဆိတ် နေထိုင်ခဲ့ကြပါတယ်

ဒန်နီရယ်နဲ့သူ့လက်တွဲဖော် မစ်ချဲတို့ဟာလည်း အဆင်မပြေမှုတွေကြောင့် နှစ်ယောက်ကြား ခဏ break ယူထားကာ ကိုယ်စိတ်ပျော်ရာသာ လုပ်နေခဲ့ပါတယ်။

ဒါပေမဲ့တစ်ရက်မှာ ဒန်နီရယ်တစ်ယောက် အလုပ်ဆက်လုပ်နေရင်း တခြားနေအစုအဝေးစနစ်မှာသက်ရှိတွေနေနေတယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေတစ်ခုကို တွေ့သွားတဲ့အခါမှာတော့...

သူ့အနေနဲ့ ဒါကိုသူ့ရုံးဆီ အီးမေးလ်ပို့ပြီး နောက်ရက်မှာပဲ တစ်ကမ္ဘာလုံး အင်တာနက်ပြတ် မီးတွေမရတော့တဲ့အခါ...

အဲဒါအပြင် သူတို့နေတဲ့နေရာကိုပါ ဗုံးလာကြဲချိန်မှာတော့ မိသားစုလေးယောက် ကိုယ်လွတ်ရုန်းထွက်ပြေးရပြီး လောကကြီးနဲ့အဆက်သွယ်ပြတ်ကာ ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတဲ့ အဖြေကိုရှာဖို့ ဖြစ်လာပါတော့တယ်။

ဘယ်လိုအရာကြောင့် တစ်ကမ္ဘာလုံးအင်တာနက်ပြတ် မီးတွေပြတ်ကုန်လဲ။ ​ဂြိုဟ်သားတွေကပဲ သူတို့ရှိတာကို မသိစေချင်လို့ နှုတ်ပိတ်ဖို့ကြိုးစားတာလား။ ဒါမှမဟုတ် တခြားရန်စွယ်လားဆိုတာကတော့...

https://t.me/h_h_r_movie/717
197001
Hollywood lover logo
Hollywood lover

19:01 05 thg 8, 2026

Photo1/2
F...ree Gu...y (2021)

ခေတ်နဲ့ စနစ်နဲ့ အညီ ဖန်တီးပြုလုပ်ထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။မြန်မာနိုင်ငံက ဂိမ်မာတွေအတွက်ဆိုရင်တော့ ရုပ်ရှင်ထက်ပိုတဲ့ ခံစားမှုကို ရနိုင်ပါသေးတယ်။

ဂိုင်း က လူတွေဖန်တီးထားတဲ့ အွန်လိုင်း ဗီဒီယိုဂိမ်းတစ်ခုရဲ့ ကမ္ဘာထဲမှာ နေထိုင်တဲ့ ကွန်ပြူတာဇာတ်ကောင်တစ်ကောင်ပါ။

သူ့ရဲ့တစ်နေ့တာဟာ ဖန်တီးသူတွေ သတ်မှတ်ထားတဲ့အတိုင်း တစ်သွေမတိမ်းဘဲ နေ့စဥ် ဖြစ်နေပါတယ်။

ဒါပေမယ့် တစ်နေ့မှာ မီလီဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီးနောက် သူ့ရဲ့နေ့စဥ်ဘဝကနေ သွေဖယ်ချင်စိတ်တွေ ဖြစ်လာပါတယ်။ သူ့ရဲ့ ဖြစ်တည်မှုကို မေးခွန်းတွေ ထုတ်လာခဲ့တယ်။

အဲလိုနဲ့ ဂိုင်းဟာ နေ့စဥ်လုပ်နေကျ လုပ်ငန်းစဥ်တွေကနေ သွေဖယ်ပြီးလုပ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့…

https://t.me/h_h_r_movie/711
216001
Hollywood lover logo
Hollywood lover

19:19 03 thg 8, 2026

Photo1/2
မိုအာနာ နဲ့ လူသန်ကြီးမာဝီ တို့ရဲ့live action

Mo...ana (2026)

တဖီတီ ရဲ့ နှလုံးသားကို မာဝီ ဆိုတဲ့ နတ်တစ်ပိုင်းလူတစ်ပိုင်း တစ်ယောက် ခိုးသွားတာကြောင့် ကျွန်းတွေကတစ်ဖြည်းဖြည်း ယိုယွင်းလာခဲ့ပါတယ်။

ယိုယွင်းလာတဲ့ဒဏ်ကို ခံစားနေရတဲ့ မိုအာနာ တို့ရဲ့ကျွန်းဟာလည်း အသီးအနှံ အစားသောက်ဖွယ်ရာတွေ မရ‌ရှိတော့ဘဲဖြစ်ကာ မိုအာနာ အတွက် မာဝီ ကိုရှာရင်း တဖီတီ ရဲ့ နှလုံးသားကို ပြန်ထားဖို့ အကြောင်းဖန်လာပါတော့တယ်။

https://t.me/h_h_r_movie/708
246001
Hollywood lover logo
Hollywood lover

16:51 02 thg 8, 2026

Photo1/2
Spider...man Br...and Ne...w Da...y (2026)

စပိုက်တာမန်း တစ်ယောက် သူဟာ ပီတာပါကာ ဆိုတဲ့ နာမည်ဆိုးနဲ့ နာမည်ပျက်ခဲ့တာကြောင့် လူတိုင်းကို သူဘယ်သူဆိုတာ မေ့အောင် လုပ်ခဲ့ပြီးတဲ့နောက်မှာတော့ အမည်မသိ ပင့်ကူလူသား အဖြစ်နဲ့ နယူးရော့ခ် မြို့ တစ်ခွင်မှာ လူတွေကို ကယ်တင်ရင်း နာမည်ပြန်ရလာပါတယ်။

တစ်နေ့မှာ အကြမ်းဖက်မှုကြီးတစ်ခုဟာ ပုံမှန်ထက်ပြင်းထန်ပြီးတော့ စိတ်‌ကိုညို့နိုင်တဲ့ လူဆိုးနဲ့ တွေ့ပြီးတဲ့ နောက်မှာ ပင့်ကူလူသားတစ်ယောက် အဖြစ်ဆန်းတွေနဲ့ ကြုံလာကာ လက်ကောက်ဝတ်ကနေ စက်တပ်စရာမလိုဘဲ အမျှင်တွေ အလိုလျောက် ထွက်လာပါတော့တယ်။

ထိုအဖြစ်အပျက်ကို ဆွေးနွေးရန် ဒေါက်တာ ဘန်နာ (ဟော့ခ်) နဲ့ ဆွေးနွေးဖို့ အကြောင်းဖန်လာကာ လူဆိုးတွေကိုချရင်း ဟော့ခ် ကြီးကိုပါ ထိန်းသိမ်းရကာ နယူးရော့ခ် မြို့ကြီးကို ပြန်ကယ်တင်ရပါတော့တယ်။

https://t.me/h_h_r_movie/705
275000
Hollywood lover logo
Hollywood lover

12:43 01 thg 8, 2026

Photo1/2
Sui...cide S...quad (2016)

အရမ်းကြည့်ကောင်း‌ေပမယ့် မကြည့်ဖူးသူများအတွက်ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီး Superman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာဇာတ်အိမ်တည်ထားပါတယ်။

အစိုးရအဖွဲ့အနေနဲ့ Superman လို လူစွမ်းကောင်းမျိုးသာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့် Villain တစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်Amanda Waller ဆိုတဲ့အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်ကDC ရဲ့နာမည်ကျော် Villains ကြီးများနဲ့အဖွဲ့တစ်ခုထူထောင်ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကိုသူ့ရဲ့Task Force X ခေါ် Suicide Squad အဖွဲ့ကိုလွှတ်ပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။

Amanda ရဲ့အကြံအစည်အောင်မြင်မလားဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလား Suicide Squad အဖွဲ့သားတွေကရောဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ

https://t.me/h_h_r_movie/704
228000
Hollywood lover logo
Hollywood lover

10:04 27 thg 7, 2026

Photo1/2
Find...ing Emi...ly (2026)

အိုဝင်က သူ အလုပ်လုပ်နေတဲ့ ဘားမှာ အမ်မလီ ဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်း သဘောကျသွားခဲ့ပါတယ်။
ဒါပေမဲ့ စင်ဒရဲလားလို ဖိနပ်တစ်ဖက်တော့ မချန်ခဲ့ဘဲ ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပေးပြီး ထွက်ပြေးသွားခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ ဖုန်းနံပါတ်က ဂဏန်းတစ်လုံးကျန်ခဲ့ရာမှာ အိုဝင်တစ်ယောက် နည်းလမ်းပေါင်း များစွာနဲ့ အမ်မလီကို ရှာဖွေပါတော့တယ်။

တစ်ဖက်မှာလည်း ချစ်ခြင်းမေတ္တာဟာ စိတ်ရောဂါတစ်ခုလို့ ယုံကြည်နေတဲ့ တခြား အမ်မလီ ရိန်းတစ်ယောက် ရှိနေပါတယ်။ သူ့ရဲ့ဘွဲ့ယူစာတမ်းအတွက် ကုန်ကြမ်းလိုနေတဲ့အချိန်မှာ အိုဝင်နဲ့ တွေ့ခဲ့ပြီး ကူညီပေးရင်း စာတမ်း ပြုစုပါတော့တယ်။

သူတို့ ၂ ယောက် အတူ ပူးပေါင်းပြီး ဘယ်လို ဂယက်တွေ ထကြမလဲ?
အချစ်ဆိုတာ ရူးသွပ်မှုတစ်ခုပဲလို့ ယုံကြည်နေတဲ့ အမ်မလီကို အချစ်ရူးလေး အိုဝင်ရဲ့ အပြုအမူတွေကအတွေးပြောင်းအောင် လုပ်နိုင်မလား?
ရှာပုံတော် မင်းသားကြီး အိုဝင် သူ့အမ်မလီကိုရော ရှာတွေ့နိုင်ပါ့မလားဆိုတာ...

https://t.me/h_h_r_movie/693
200000
Hollywood lover logo
Hollywood lover

20:22 23 thg 7, 2026

Photo1/2
Disclo....sure Day (2026)

ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေမယ့် အစိုးရလျှို့ဝှက်ချက်တစ်ခုထုတ်ဖော်မယ့်အချိန် နီးကပ်လာချိန်မှာ မိုးလေဝသပညာရှင် Margaret နဲ့ Cybersecurity ကျွမ်းကျင်သူ Daniel တို့ဟာ လူသားတွေအတွက် အမှန်တရားကို ဖော်ထုတ်ရမယ့် အန္တရာယ်များတဲ့ခရီးကို စတင်ရပါတယ်။

"ငါတို့တစ်ယောက်တည်း မဟုတ်ဘူး" ဆိုတဲ့ အမှန်တရားကို လူသားအားလုံး သိရှိသွားမယ့် Disclosure Day ရောက်လာတဲ့အခါ ဘယ်သူက အမှန်ကို ယုံမလဲ၊ ဘယ်သူက ဖုံးကွယ်ထားချင်မလဲဆိုတာကို Spielberg ရဲ့ ထုံးစံအတိုင်း စိတ်လှုပ်ရှားဖွယ် Sci-Fi Mystery ပုံစံနဲ့ တင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

https://t.me/h_h_r_movie/689
190001
Hollywood lover logo
Hollywood lover

14:01 22 thg 7, 2026

Photo1/2
P...an's Laby...rinth (2006)

လူသိနည်းတဲ့ အဟောင်းထဲမှအကောင်းဆုံးရွှေမှော်ကား IMDb Rating 8.2 အထိတောင်ရရှိထားပါတယ်။

မြေအောက်ကမ္ဘာမှာနေထိုင်နေပြီး ကမ္ဘာကြီးပေါ်ကိုသွားချင်နေခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ ဒါပေမယ့်အဲ့ဒါကပုံပြင်မဟုတ်ပဲတကယ့်အဖြစ်အပျက်ဖြစ်ပါတယ်။ အဲ့ဒီမင်းသမီးက ကမ္ဘာပေါ်ကိုရောက်သွားတဲ့အချိန်မှာ နေရောင်ခြည်ကိုမခံနိုင်ဘဲသေဆုံးသွားခဲ့ပါတော့တယ်။

ဒါပေမယ့်တကယ်တမ်းသေဆုံးသွားတာမဟုတ်ပဲ လူဝင်စားအဖြစ်နဲ့အိုလီဖီယာဆိုတဲ့ကောင်မလေးဆီမှာလူပြန်ဝင်စားနေတာဖြစ်ပါတယ်။ အိုလီဖီယာရဲ့အမေမှာ သူ့မောင်လေးရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီး ခင်ပွန်းဖြစ်သူကဆုံးပါးသွားတဲ့အတွက်အားကိုးရာအဖြစ်စစ်တပ်ကပ္ပတိန် တစ်ယောက်ကိုယူထားပါတော့တယ်။

အဲ့ဒီခေတ်တုန်းကကပ္ပတိန်တွေကသိတဲ့ အတိုင်းအရမ်းရက်စက်တတ်ပြီးသနားကြင်နာမှုကင်းမဲ့တဲ့အတွက် အိုလီဖီယာကတော့ကပ္ပတိန်ကိုသူ့အဖေအဖြစ်မသတ်မှတ်ပါဘူး။ အခုလဲသူ့အမေခေါ်သွားလို့ကပ္ပတိန်တာဝန်ကျရာနေရာကိုသွားပြီးနေထိုင်နေရတဲ့ အချိန်မှာနတ်သမီးလေးတွေနဲ့တွေ့ပြီး သူ့ရဲ့အရင်ဘ၀ကမြေအောက်ကမ္ဘာရဲ့ မင်းသမီးဖြစ်တယ်ဆိုလာကိုသိလာရပြီးနောက်ပိုင်းမှာဘယ်လိုစိတ်ဝင်စားစရာ ကောင်းလာမလဲ။

https://t.me/h_h_r_movie/687
176000
Hollywood lover logo
Hollywood lover

13:41 21 thg 7, 2026

Photo1/2
W...here to la...nd (2025)

ဒါရိုက်တာ Hal Hartley ရဲ့လက်ရာဖြစ်ပြီး ဘဝရဲ့အလှည့်အပြောင်းတွေကို ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Joe Fulton (Bill Sage သရုပ်ဆောင်ထားပါတယ်) ဆိုတဲ့ နာမည်ကြီး ဒါရိုက်တာတစ်ယောက်အကြောင်းပါ။ သူက အရင်က "Romantic Comedy" ကားတွေရိုက်ပြီးအောင်မြင်ခဲ့သူပေါ့။ ဒါပေမဲ့အသက်အရွယ်ရလာတဲ့အခါမှာ သူက အလုပ်တွေနားပြီး ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းချင်လာတယ်။

စိတ်ကူးပေါက်တာနဲ့ သူက ဘာလုပ်လဲဆိုတော့ သူ့အိမ်နားက သင်္ချိုင်းမှာ မြေပြင်ထိန်းသိမ်းရေးဝန်ထမ်းအဖြစ်အလုပ်ဝင်လျှောက်ပါလေရော။

အဲ့ဒီအချိန်မှာပဲ သူက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရှေ့နေနဲ့တွေ့ပြီး "သေတမ်းစာ" ရေးဖို့ လုပ်တာပေါ့။

သူ့ရဲ့ချစ်သူကောင်မလေးရုပ်ရှင်မင်းသမီး Muriel က Joe တစ်ယောက် သင်္ချိုင်းမှာ အလုပ်လုပ်ဖို့ပြင်နေတာရယ်၊ သေတမ်းစာ ရေးနေတာရယ်ကို သိသွားတဲ့အခါ...

https://t.me/h_h_r_movie/684
155000
Hollywood lover logo
Hollywood lover

12:46 18 thg 7, 2026

Photo1/2
S...top That T...rain (2026)

အလုပ်ကြမ်းပြီး ငြီးငွေ့စရာကောင်းတဲ့ ရထားလိုင်းမှာ အလုပ်လုပ်နေတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက် Tess နဲ့ DeeDee တို့ဟာ နာမည်ကြီး ဇိမ်ခံအမြန်ရထား Glamazonian Express ပေါ်ကို ပြောင်းရွှေ့အလုပ်လုပ်ခွင့် ရရှိလာပါတယ်။

ဒါပေမယ့် သူတို့ရဲ့ အိပ်မက်လို အလုပ်သစ်ဟာ မကြာခင်မှာပဲ အန္တရာယ်ကြီးတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။ Stormaganza လို့ခေါ်တဲ့ မုန်တိုင်းအကြီးကြောင့် အမြန်ရထားဟာ ထိန်းချုပ်မှုလွတ်သွားပြီး မြို့ထဲကို ဝင်တိုက်မယ့် အခြေအနေ ဖြစ်လာပါတယ်။

ဒီအချိန်မှာ Tess နဲ့ DeeDee တို့ဟာ First Class ဝန်ထမ်းတွေနဲ့ အတူပူးပေါင်းပြီး ခရီးသည်တွေရဲ့အသက်ကို ကယ်တင်ဖို့ အပြေးအလွှား ကြိုးစားရပါတယ်။ အန္တရာယ်တွေကြားက ဟာသ၊ အလွဲအချော်တွေနဲ့ ပြည့်နှက်နေတဲ့ action-comedy ဇာတ်ကားတစ်ကားဖြစ်ပြီး၊ Airplane! နဲ့ The Naked Gun တို့လို ဟာသပုံစံကို အမှီပြုထားတဲ့ camp comedy အမျိုးအစားဖြစ်ပါတယ်။

https://t.me/h_h_r_movie/676
172000
Hollywood lover logo
Hollywood lover

04:26 26 thg 4, 2026

Photo
T_h-e B_r-i_d-e ! (2-0-2-6)

The Dark Knight မင်းသားကြီး Christian Bale က Frank (Frankenstein) အဖြစ် အကြမ်းစား Make-up တွေနဲ့ မြင်တွေ့ရမယ့်အပြင် မင်းသမီး Jessie Buckley က သတို့သမီးလေးနေရာကနေ ပါဝင်ထားပါတယ်။ ဝါရင့်သရုပ်ဆောင် Maggie Gyllenhaal ကိုယ်တိုင် ရိုက်ကူးထားပြီး Penelope Cruz တို့လို မင်းသမီးကြီးတွေပါ အားဖြည့် အပြတ်လှော်ထားတာပါ။

၁၉၃၀ ပြည့်လွန်နှစ် ချီကာဂိုမြို့ကြီးမှာ အထီးကျန်နေတဲ့ ဘီလူးကြီး Frank ဟာ အဖော်တစ်ယောက်လိုချင်လို့ ဒေါက်တာ Euphronious ဆီ သွားအကူအညီတောင်းရာကနေ ဇာတ်လမ်းစပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး အသတ်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို အသက်ပြန်သွင်းလိုက်တဲ့အခါ... "The Bride" ဆိုတဲ့ သတို့သမီးလေး ဖြစ်လာပါတော့တယ်။

ပြဿနာက အဲဒီသတို့သမီးလေးဟာ သူတို့ထင်သလိုအေးအေးဆေးဆေးလေး မဟုတ်ဘဲ၊ သွေးဆူလွယ်ပြီး လွတ်လပ်မှုကို အရူးအမူးမက်မောတဲ့ အမွှေစိန်လေး ဖြစ်နေတာပါ။

ပုံမှန် အချစ်ကားတွေလို ရိုးအီမနေဘဲ Dark Romance ပုံစံ၊ Punk လိုလို ဘာလိုလို ခပ်ကြမ်းကြမ်း Vibe တွေနဲ့ သူတို့နှစ်ယောက်ရဲ့ မီးကုန်ယမ်းကုန် အချစ်ဇာတ်လမ်းကို ရင်တမမနဲ့ ရှုစားရမှာပါ။

https://t.me/h_movie_mm
54001
Hollywood lover logo
Hollywood lover

04:26 26 thg 4, 2026

Photo
Piz...za Movie (2026)

IMDb Rating (5.8) / Rotten Tomatoes (82%)

အပျော်တွေ ပေါ့နေတဲ့ ၂၀၂၆ မှာ အပီအပြင် ခွီရမဲ့ ဗျောက်သောက်ဇာတ်ကားကို မျှော်နေရင်တော့ ဒီဇာတ်ကားကို ကြည့်လိုက်ဖို့ပဲ အကြံပြုချင်ပါတယ်။

Stranger Things ကိုစိတ်မဖြတ်နိုင်သေးရင်လည်း Dustin ကို ဗရုတ်ကျတဲ့ ဇာတ်ကောင်ပုံစံတစ်မျိုးနဲ့ ကြည့်ရမှာပါ။

ဂျက်နဲ့ မောင့်ဂိုမာရီတို့ နှစ်ယောက်ဟာ တက္ကသိုလ်မှာ အဆောင်ခန်းတစ်ခန်းတည်း အတူနေရတဲ့ အခန်းဖော်တွေဖြစ်ပါတယ်။ အဲဒီမှာ ဂျက်ဟာ ဘောလုံးအသင်းတစ်သင်းလုံးကို ပြဿနာရှာခဲ့လို့ တစ်ကျောင်းလုံးက ဝိုင်းကြိတ်တာ ခံနေရတဲ့ကောင်ပါ။ မောင့်ဂိုမာရီကတော့ စာအုပ်ကြီးအတိုင်းသွားတဲ့ အခန်းဖော်ဖြစ်နေတဲ့အတွက် သူပါ ရောထောင်းခံနေရတာပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့နှစ်ယောက်သား သူတို့အခန်းမျက်နှာကြက်ပေါ်ကနေ ရှာတွေ့တဲ့ ဆေးပြားလေးတွေကို စိတ်ညစ်ညစ်နဲ့ စမ်းသောက်ကြည့်လိုက်ပါတော့တယ်။ အဲဒီမှာ သူတို့နှစ်ယောက်သား ဘယ်လိုဖြစ်သွားမလဲ၊ ဘယ်လိုဗျောက်သောက်နိုင်ကြမလဲဆိုတာကို တခွီခွီနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

https://t.me/h_movie_mm
54000
Hollywood lover logo
Hollywood lover

04:26 26 thg 4, 2026

Photo
The King....dom (2025)

၁၉၉၅ ခုနှစ်၊ ပြင်သစ်နိုင်ငံရဲ့ Corsica ကျွန်းပေါ်မှာ အခြေခံထားပါတယ်။ အသက် ၁၅ နှစ်အရွယ်ကောင်မလေးLesia ဟာသူမရဲ့နွေရာသီကျောင်းပိတ်ရက်ကို သူငယ်ချင်းတွေနဲ့အတူ ကမ်းခြေမှာ အေးအေးဆေးဆေး ဖြတ်သန်းနေပါတယ်။

ဒါပေမဲ့ တစ်နေ့မှာတော့ လူစိမ်းတစ်ယောက် ရောက်လာပြီး သူမကို ဆိုင်ကယ်နဲ့ တောထဲက လျှို့ဝှက်အိမ်တစ်လုံးဆီ ခေါ်သွားခဲ့တယ်။ အဲဒီမှာ သူမ စောင့်ကြိုနေတာကတော့ Corsica ကျွန်းရဲ့ နာမည်ကြီး ဂိုဏ်းစတားတစ်ဦးဖြစ်တဲ့ သူမရဲ့ဖခင် Pierre-Paul ပါပဲ။

ကျွန်းပေါ်မှာ ဂိုဏ်းအချင်းချင်း သတ်ဖြတ်မှုတွေ ပြင်းထန်နေပြီး သူမရဲ့ဖခင်ဟာလည်း ရန်သူတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပါတယ်။ သမီးဖြစ်သူကို ဘေးကင်းရာမှာ ထားချင်တဲ့ ဖခင်နဲ့ ဖခင်ရဲ့ အန္တရာယ်များလှတဲ့ လောကအကြောင်းကို တဖြည်းဖြတ်သိလာရတဲ့ သမီးဖြစ်သူတို့ဟာ ပုန်းရှောင်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ပြန်လည်နားလည်ဖို့ ကြိုးစားကြပုံကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးထားပါတယ်။

https://t.me/h_movie_mm
80000
Hollywood lover logo
Hollywood lover

04:26 26 thg 4, 2026

Photo
A_v-a_t-a_r: F-i_r-e a-n_d A-s_h (2-0-2-5)

1 တုန်းက Omaticaya မျိုးနွယ်စုတွေနဲ့အတူ လေထဲမှာပျံသန်းပြီး ပန်ဒိုရာဂြိုဟ်ရဲ့တောတောင်အလှတရားတွေကို ခံစားခဲ့ရတယ်။ Part 2 မှာတော့ Metkayina မျိုးနွယ်စုတွေနဲ့အတူ ရေအောက်ကမ္ဘာရဲ့ အံ့မခန်းစွန့်စားခန်းတွေကို ကြည့်ခဲ့ရတာ မှတ်မိကြဦးမှာပါ။

အရင်ကားတွေလို ကြင်နာတတ်၊ သဘာဝတရားကို ချစ်မြတ်နိုးတတ်တဲ့ Na'vi မျိုးနွယ်စုတွေအစား 'Ash People' လို့ခေါ်တဲ့ မီးကိုကိုးကွယ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ မီးမျိုးနွယ်စုအသစ်နဲ့ ထိပ်တိုက်တွေ့ရတော့မှာပါ။

ဒီတစ်ခါ ဂျိတ်ဆူဘီနဲ့ နေတီရီတို့ မိသားစု ရင်ဆိုင်ရမဲ့ အဓိက ဗီလိန်က သေနတ်ကိုင်ထားတဲ့ လူသားတွေမဟုတ်တော့ဘဲ ကိုယ်နဲ့ သွေးတူသားတူ Na'vi အချင်းချင်း ဖြစ်နေတာပါပဲ။

မီးတောက်တွေ၊ ပြာပူတွေကြားမှာ လျှို့ဝှက်ချက်တွေ၊ သစ္စာဖောက်မှုတွေနဲ့အတူ ကိုယ့်မိသားစုကို ကာကွယ်ဖို့ ဘယ်လို အသက်လု ရုန်းကန်ကြမလဲဆိုတာကို ရင်တမမနဲ့ ရှုစားရမှာပါ။ ဆရာကြီး James Cameron ကိုယ်တိုင် အချိန်ယူ ဖန်တီးထားတာဖြစ်လို့ CGI ရှယ်ဖလန်းတဲ့ အက်ရှင်ခန်းတွေနဲ့ Visual Effects တွေကတော့ ပြောစရာမလိုအောင် ရှယ်မိုက်နေဦးမှာ အသေအချာပါပဲ။

https://t.me/h_movie_mm
81000

Showing 30 of 36 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram Hollywood lover nói về gì?+

Hollywood lover (@holly_wood_mm) là kênh Telegram thuộc danh mục Phim Hollywood trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 463 người đăng ký trên tgdio.

Làm sao để tham gia Hollywood lover (@holly_wood_mm)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @holly_wood_mm miễn phí.

Hollywood lover có phải kênh Phim Hollywood tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của Hollywood lover trước khi tham gia. Hiện có khoảng 463 người đăng ký trên tgdio. So sánh với các kênh Phim Hollywood tương tự.

Xem thống kê và bài đăng Hollywood lover ở đâu?+

Trên tgdio, mở trang @holly_wood_mm để xem thống kê, xếp hạng, đánh giá và bài đăng.