ကမာရွတ် ၃ရပ်ကွက်တွင် အရပ်ဝတ်နှင့်ရဲများမှ သံတုတ်များဖြင့် ရိုက်နှက်၍ လူ ၃ဦးကိုဖမ်းဆီး
𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ မေလ ၂၆ ရက်၊ ၂၀၂၄ }
ယမန်နေ့ ၂၅ရက်၊ ညနေ ၅နာရီဝန်းကျင်တွင် ကမာရွတ်၊ အမှတ်(၃)ရပ်ကွက်၊ ရတနာလမ်း အလယ်၊ တိုက်နံပါတ် (၃၈)သို့ အိမ်စီးကား ၁စီး၊ စခ Dc ၁စီးတို့ဖြင့် လာရောက်ကာ အမျိုးသား ၂ဦး၊ အမျိုးသမီး ၁ဦကို သံတုတ်(နံပါတ်တုတ်) ဖြင့် ရိုက်နှက်၍ လူ ၃ဦးကိုဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ညနေ ၅နာရီဝန်းကျင် ရတနာလမ်းအတွင်းသို့ အရပ်ဝတ်၊ ရခ(၃ ယာယီနယ်ထိန်း စိုးမင်းပိုင်အပါ)အဖွဲ့မှ အိမ်စီးကားဖြင့် တိုက်နံပါတ် (၃၈)သို့ လာရောက်၍ အမျိုးသား ၂ဦး၊ အမျိုးသမီး ၁ဦးကို သံတုတ်များဖြင့် ရိုက်နှက်ကြကြောင်း၊ ထို့နောက် တိုက်ပေါ်မှဆွဲချ၍ အကျီတွင်သွေးများပေလျက် ကားပေါ်တင်ဆောင်သွားကြောင်း၊ စစ် dc မှ ဖမ်းဆီးမှုအပြီး အယောင်ပြ ရောက်ရှိလာသေးကြောင်း၊ တိုက်ခန်းပိုင်ရှင်ကိုပါ ရဲစခန်သို့ လာရောက်ရန် ခေါ်ထားကြောင်းနှင့် ဖမ်းဆီးပြီးနောက် ဗဟိုလမ်းမှတစ်ဆင့် ကမာရွတ်ရဲစခန်းသို့ဖမ်းခေါ်သွားကြောင်း စုံစမ်းသိရှိရသည်။
ကမာရွတ်မြို့နယ်တွင် မေလအတွင်း ဖမ်းဆီးခံရသူ (၇)ဦးထက်မနည်းရှိလာပြီး အဆိုပါ ဖမ်းဆီးမှုများသည် ၈ ရပ်ကွက်၊ ၄ရပ်ကွက်နှင့် ၃ရပ်ကွက်တို့တွင် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန်
Telegram Channel -
🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel -
https://t.me/KamayutInformationScoutChannel#KMY_INFO #KISC