
ရန်ကုန်၊ ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ရွှေကြာဗျိုက်ကျေးရွာအုပ်စု၊ သလိပ်ကျေးရွာရှိ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတိုက်၌ ကရင်ရိုးရာဝါခေါင်လ “ချည်ဖြူဖွဲ့မင်္ဂလာ” (လက်ချည်ပွဲ) အခမ်းအနားကို ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ဖျော်ဖြေရေးအကအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို အစီအစဉ် ၁၅ ရပ်ဖြင့် ကျင်းပခဲ့ပြီး ကရင်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းမြှင့်တင်နိုင်ရေးနှင့် တိုင်းရင်းသားများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးအတွက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#SN








