အောက်တိုဘာဟာတိတ်တဆိတ်ထွက်ခွာခဲ့ပေါ့။
ခွင့်ပြုပါ သို့မဟုတ် ခွင့်လွှတ်ပါ Elena.
ပျောက်ဆုံးနေတဲ့ရက်စွဲတွေရဲ့အလွန်မှာ
မနက်ဖြန်တွေရှိနေသေးရင်
အသက်ရှူနေမယ့်
လူသေတွေအကြောင်း။
ကြေးမုံပြင်နောက်က ကမ္ဘာမှာ
မျက်နှာဖုံးတွေ ကျန်ခဲ့တဲ့ဆိုတဲ့အကြောင်း။
လက်သည်းမဖွက်တတ်တဲ့ ကြောင်တွေအကြောင်း။
ငြူစူတတ်တဲ့သက္ကရာဇ်မိုးတိမ်တွေ အကြောင်း။
သတိရစိတ်ဟာရေစီးကမ်းပြိုလိုက်ကြောင်းနဲ့
နာကျည်းမှုတွေအကြောင်း။
တခါတရံတီးတိုးစကားတွေဟာပိုကျယ်ပါတယ်။
-ထက်အရုဏ်




![ခေတ်ရှေ့ပြေးမဲ့ ပျိုပျိုမေ [ Dream of Golden Years ] Telegram channel](https://cdn.tgdio.com/channels/2026/04/SK_Ch9.webp)





