🔞 Euphoria (2019_2026) Season 1,2,3
Euphoria Season 3 ကတော့ ၄ နှစ်ကျော်လောက် အချိန်အတော်ကြာ စောင့်စားခဲ့ရပြီးမှ အခု ၂၀၂၆ ဧပြီလမှာ တကယ်ကို ပြန်လာပါပြီ ဒီ Season ရဲ့ အကြီးမားဆုံး အပြောင်းအလဲကတော့ Time Jump ပါပဲ။
Season 2 ဇာတ်သိမ်းပြီး ၅ နှစ်အကြာကို ခုန်ကျော်သွားတာဆိုတော့ ဇာတ်ကောင်တွေအားလုံးက ကျောင်းသားဘဝကနေ တကယ့် လူကြီးတွေရဲ့ လောကဓံကို ရင်ဆိုင်ရတဲ့ အရွယ်တွေ ရောက်သွားကြပါပြီ။ ဖန်တီးသူ Sam Levinson က ဒီ Season ကို "Film Noir" (မှုန်မှိုင်းပြီး လျှို့ဝှက်သည်းဖိုဆန်တဲ့) ပုံစံမျိုး ချဉ်းကပ်ထားတယ်ဆိုတဲ့အတိုင်း ဇာတ်လမ်းက အရင်ကထက် ပိုပြီး လေးနက်၊ ရင့်ကျက်သွားပါတယ်။
ဒီတစ်ခေါက် Rue ရဲ့ ဇာတ်လမ်းကြောင်းက တော်တော်လေး အံ့သြစရာကောင်းပါတယ်။ မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် Laurie ဆီမှာ အကြွေးဆပ်ဖို့ မက္ကဆီကိုနဲ့ အမေရိကန်ကြား မူးယစ်ဆေးမှောင်ခိုသယ်ပေးနေရတဲ့ ဘဝကို ရောက်နေပါတယ်။ ပြန်လည်ထူထောင်ရေး လမ်းကြောင်းနဲ့ အမှောင်လောကကြားက လွန်ဆွဲနေရတဲ့ Rue ရဲ့ ရုန်းကန်မှုတွေကို Zendaya က သူ့ရဲ့ ထိပ်တန်းသရုပ်ဆောင်စွမ်းရည်နဲ့ ထပ်ပြီး သက်သေပြထားပါတယ်။
သူတို့နှစ်ယောက်ကတော့ စေ့စပ်ထားကြပြီး ဆင်ခြေဖုံးရပ်ကွက်မှာ အတူနေနေကြပါပြီ။ ဒါပေမယ့် သူတို့ရဲ့ Relationship က အပြင်ပန်းကြည့်ရင်သာ အဆင်ပြေနေတာပါ။ Cassie က OnlyFans Model တစ်ယောက်အနေနဲ့ ရပ်တည်နေတာကလည်း စိတ်ဝင်စားစရာ အချိုးအကွေ့တစ်ခုပါပဲ။ အားလုံးက ကိုယ်ပိုင်လမ်းကြောင်းတွေပေါ် ရောက်နေကြပါပြီ။ Jules က အနုပညာကျောင်းတက်နေသလို၊ Maddy က Talent Manager တစ်ယောက် ဖြစ်နေပါပြီ။ Lexi ကတော့ ဟောလိဝုဒ်က နာမည်ကြီး Showrunner တစ်ယောက် (Sharon Stone သရုပ်ဆောင်ထားပါတယ်) ဆီမှာ လက်ထောက်အနေနဲ့ အလုပ်လုပ်နေပါတယ်။
အရင် Season တွေတုန်းကလို ဆယ်ကျော်သက် သက်သက် ဒရာမာမျိုးကိုပဲ ဆက်ပြီး မျှော်လင့်ထားရင်တော့ ဇာတ်လမ်းအပြောင်းအလဲကြောင့် နည်းနည်း စိမ်းသွားသလို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဇာတ်ကောင်တွေနဲ့အတူ တဖြည်းဖြည်း ကြီးပြင်းလာခဲ့တဲ့ ပရိသတ်တစ်ယောက်အနေနဲ့ဆိုရင်တော့ ဒီအပြောင်းအလဲက တကယ့်ကို ရင့်ကျက်မှုတစ်ခုဖြစ်ပြီး ဆက်လက်ကြည့်ရှုဖို့ အကောင်းဆုံးတွန်းအားတစ်ခု ဖြစ်နေမှာ အသေအချာပါပဲ။
စီးရီးချန်နယ်လင့်
https://t.me/TNmovieSE