ဘဝရဲ့ အကောင်းဆုံး အမှတ်တရတွေဟာ ကျောင်းသားဘဝမှာပဲ ဖြစ် တည်ကြတာမလား။
မိသားစုလို ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ရှိမယ်။
ဘဝရဲ့ လက်တွဲဖော်ကို စပြီး ရှာတွေ့ခဲ့တယ်။ အားကစားပွဲတွေမှာ အတူယှဉ်ပြိုင်ခဲ့ကြတယ်။
ကျောင်းအနုပညာပွဲတွေမှာ အတူပါဝင်ခဲ့ကြဖူးတယ်။
ကျောင်းသားဘဝ အတိတ်မှတ်တမ်းဟာ ပြန်ဖတ်လို့ မရိုးအီနိုင်တဲ့ စာအုပ် တစ်အုပ်ပဲ။
ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ကောင်တွေကို Engineering College ကျောင်းသားတွေ အဖြစ် မြင်ရမယ်။
အရှုံးသမားအမည်ခံ ၊ တစ်ကျောင်းလုံးရဲ့ အဆိုးဆုံး အဆောင် H4 လေး ရဲ့ ချစ်ခင်မှု၊ပျော်ရွှင်ကြမှု၊ စည်းလုံးမှု ဒါတွေကို မြင်ရမယ်။ အရက်သမားရယ်၊ အချိန်ပြည့် အပြာစာအုပ်တွေ ထိုင်ဖတ်နေတဲ့ကောင် ရယ်၊
အရှုံးသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သုံးနှစ်လုံး စီနီယာလုပ်နေတဲ့သူရယ်၊ အမြဲလိုလို ငိုငိုပြီး ရိုးအ,လွန်းတဲ့ ကောင်ရယ်၊ အနိုင်ကျင့်ဗိုလ်ကျလွန်းတဲ့ကောင်ရယ်၊
H4ကို စိတ်ကုန်ရင်း H4ကို ချစ်တတ်သွားတဲ့ကောင်ရယ်၊ ဒါဟာ အရှုံးသမား ၆ယောက်၊ H4ရဲ့ အာဏာရှိတွေ။
သူတို့ဟာ အရှုံးသမားလို့ အခေါ်ခံနေရတာကို ခံပြင်းနေကြသူပါ။
ဘက်စုံထူးချွန်ပြိုင်ပွဲမှာ အနိုင်ရရင်တော့ ဒီနာမည်ဆိုးကို ဖျောက်ဖျက်နိုင် ကြလိမ့်မယ်လို့ သူတို့ ယုံထားတယ်။ ဒါပေမဲ့ အနိုင်ရဖို့ မပြောနဲ့ဦး၊
အားကစားနဲ့ ပတ်သက်ပြီး အရည်အချင်း ရှိသူတွေက နည်းနေသေးတယ်။ ဒီလိုနဲ့ ပြိုင်ပွဲနီးကပ်လာရာမှာတော့..
ဒီဇာတ်ကားကို နောက်ကြောင်းပြန်ပြီး ဖော်ပြထားပါတယ်။ ဒါကလည်း အရှုံးသမားလို့ အခေါ်ခံရမှာကို ကြောက်နေတဲ့ ကလေးတစ် ယောက်ကို အားပေးစကားပြောပုံနဲ့ တင်ဆက်ထားတာပါ။
ကျောင်းသားဘဝရဲ့ ပျော်ရွှင်မှုတွေကို ဖော်ပြရမှာ ရယ်စရာလေးတွေပါ မယ်။
သို့ပေမယ့် အပေါစားဆန်တဲ့ ဟာသတွေ တော့ မဟုတ်ပါဘူး။ ကဲ… ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေ ကျေနပ်စေနိုင်တဲ့ ဇာတ်ကားတစ် ကားဆိုတာ ယုံကြည်ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီ။
#crd_to_owner_with_respect
Channel အရင် Join ရန်လင့် ⏬⏬
https://t.me/+XAOL5SnF_IZlZTg1
ဇာတ်ကားကြည့်ရန်လင့် ⏬⏬
https://t.me/c
━━━━━━━━━━━━━━━━━━━━━━
🔰18+ဇာတ်ကားကောင်းအစုံသုပ်🔰
⚠️အပေါ်ကချန်နယ်ကိုမဂျိုင်းပဲ ဇာတ်ကားကြည့်ရန်လင့်ကိုနှိပ်ရင်ဇာတ်ကားမပေါ်ပါဘူးခင်ဗျာ⚠️










