🗣️ထောက်ခံတယ်၊ မင်းဘက်မှာ ငါရှိတယ်၊ မင်းကို ကူညီပေးမယ်လို့ ပြောချင်တဲ့အခါ .. (..got your back..)
🔸Don’t worry, I got your back.
(စိတ်မပူနဲ့ မင်းကို ငါထောက်ခံတယ်)
🔹 If anyone gives you trouble, I got your back.
(တစ်ယောက်ယောက် ပြဿနာ ရှာလာရင်မင်းဘက်မှာ ငါရှိတယ်)
▪️You help me with English, and I’ll have your back.
(အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ငါ့ကိုသာကူညီ၊ မင်းကိုပြန်ကူပေးမယ်)
➖➖➖➖➖➖➖➖➖➖
🗣️အောင်မြင်ဖို့ အားပေးနေတယ်လို့ ပြောချင်တဲ့အခါ (… rooting for you …)
🔸I’m rooting for you!
(မင်းအောင်မြင်ဖို့ ငါအားပေးနေတယ်)
🔻Who are you rooting for?
(ဘယ်အသင်းကို အားပေးနေတာလဲ)
🔺I’m rooting for Manchester United to win the Premier League.
(မန်ယူ ပရီးမီးယားလိဂ်ဖလားရဖို့ ငါအားပေးနေတယ်)
➖➖➖➖➖➖➖➖➖➖
🗣️ ငါ့တစ်နေ့တာကို ပျော်ရွှင်စေတယ်။ / ငါ့နေ့လေးကို အဓိပ္ပာယ်ရှိစေတယ် လို့ ပြောချင်တဲ့အခါ
(…makes my day…)
▫️Your message makes my day!
(မင်းရဲ့စာလေးက ငါ့နေ့ကို ပျော်ရွှင်စေတယ်)
🔹Seeing you smile makes my day.
(မင်းပြုံးတာမြင်ရရင် ငါ့နေ့လေး ပျော်ရတယ်)
▪️It makes my day when my students understand the lesson.
(ကျောင်းသားတွေ သင်ခန်းစာနားလည်တဲ့အခါ ငါ့နေ့လေး ပျော်ရွှင်ရတယ်)
🔸That compliment really made my day.
(အဲဒီချီးကျူးစကားကြောင့် ငါတကယ်ပျော်သွားတယ်)
➖➖➖➖➖➖➖➖➖➖
🗣️ ဖော်ဖော်ရွေရွေ၊ ရွှင်ရွှင်ပျပျ နေတတ်တယ်၊ ဆိုရှယ်ကျတယ်လို့ ပြောချင်တဲ့အခါ
(…outgoing…)
🔺 She’s very outgoing.
(ဖော်ရွေပြီး လူတွေနဲ့ရင်းရင်းနှီးနှီး ဆက်ဆံတတ်တဲ့ လူမှုဆက်ဆံရေးကောင်းတဲ့ သူ)
▪️He’s naturally outgoing and can talk to almost anyone.
(သူရဲ့ ပင်ကိုယ်ကို က ဖော်ရွေပြီး၊ လူတိုင်းလိုလိုနဲ့ ပလဲနံပ သင့်တာ)
➖➖➖➖➖➖➖➖➖➖
🗣️ငါ့အမှားပါ၊ တောင်းပန်ပါတယ်လို့ ပြောချင်တဲ့အခါ (…my bad…)
♦️ “I sent you the wrong file. My bad.”
(ဖိုင်မှားပို့မိတာ၊ ငါ့အမှား)
🔹 “My bad, I thought you were talking to me.”
(ငါမှားတာ၊ မင်းငါ့ကို ပြောနေတယ်ထင်လို့)
▫️“Oops, my bad! I forgot to call you.”
(ဖုန်းခေါ်ဖို့မေ့သွားတာ၊ တောင်းပန်ပါတယ်)
➖➖➖➖➖➖➖➖➖
🗣️ကြားရတာ ငါနဲ့ အဆင်ပြေတယ်၊ ငါလည်းကြိုက်တယ်၊ သဘောလည်းတူတယ်လို့ ပြောချင်တဲ့အခါ
(… sounds good)
▪️“How about we meet at 6 p.m.?”
(တို့တွေ ညနေ ၆ နာရီလောက် တွေ့ကြရင် ကောင်းမလား)
“Sounds good!”
(ကောင်းသားပဲ)
🔸“Let’s have dinner at that new restaurant.”
(ဆိုင်သစ်မှာ ညစာသွားစားရအောင်)
“Sounds good to me!”
(ငါလည်း သွားစားချင်တယ်)
🔹“I’ll send you the details tonight.”
(ညကျမှ အတိအကျပို့ပေးမယ်)
“Sounds good. Thanks!”
(အဆင်ပြေတယ်၊ ကျေးဇူး)
Keep 🔍Learning!
Tr.D (AL🎓T)
Language Proficiency Coach









