1/2စပိန်အသင်းဟာ လက်ရှိမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိတာ (၃၉)ပွဲဆက်တိုက်ရှိလာခဲ့ပြီး ဒီကာလအတွင်းမှာ ယူရို-၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
စပိန်အသင်းဟာ Nations League ပြိုင်ပွဲအုပ်စုမှာ အင်္ဂလန်၊ခရိုအေးရှား၊ချက်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး အဖွင့်ပွဲမှာ အင်္ဂလန်အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ခရိုအေးရှားအသင်းကလည်း အဖွင့်ပွဲမှာ ချက်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ကိုဗာချစ်က "ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ရမယ့် ဒီပွဲဟာ ခက်ခဲမှာဖြစ်ပြီး သူတို့အတွက်လည်း ခက်ခဲမှာပါ။ ကျနော်တို့ ဘယ်သူ့ကိုမှ မကြောက်ပေမယ့် လူတိုင်းကို လေးစားမှုရှိပါတယ်။ စပိန်အသင်းက အသင်းလိုက်စုစည်းမှုအားကောင်းတဲ့ ထိပ်တန်းအသင်းဖြစ်ပေမယ့် ကျနော်တို့ရဲ့အာရုံစိုက်မှုက ကိုယ့်ရဲ့စွမ်းဆောင်ရည်အပေါ်မှာပဲ ရှိမှာပါ"လို့ ဆိုခဲ့ပါတယ်။
#555mix
#ibet789
#moung556








