1/6ကျွန်မရဲ့အပုဒ်သစ်လေးဒီနေ့ထွက်ပါပြီ~ Younger T x Older B ပါ 🥹
အကြမ်းဖက်တတ်တဲ့ အဖေအရင်းကို ပြန်ခုခံတိုက်ခိုက်ခဲ့လို့ လူငယ်ထောင်ကျခဲ့ရတဲ့ ဂျူယောင်းရှင်းဟာ ထောင်ကလွတ်လာပြီးနောက် ဇိမ်ခံပင့်ဟောက်စ်တိုက်ခန်း သန့်ရှင်းရေးအလုပ်နဲ့ ဘဝသစ်ကို အစကနေ ပြန်စဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ လူသူမရှိတဲ့ အဲ့ဒီတိုက်ခန်းထဲက ထူးဆန်းတဲ့အသံတွေကြောင့် ဗီရိုတစ်ခုဆီ အရောက်သွားလိုက်ချိန်မှာတော့ ကြိုးတုပ်,ပါးစပ်စည်းခံထားရတဲ့ လူတစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရပါတော့တယ်။
အဲ့ဒီလူကတော့ တခြားသူမဟုတ်ဘဲ သတင်းအစအန ပျောက်ချင်းမလှ ပျောက်နေတဲ့ ဘတ်မူဂရုရဲ့ CEO ဘတ်ဂယောင်း ဖြစ်နေခဲ့တာပါ။ ဗီရိုထဲက အဖြစ်အပျက်တင်မကဘဲ သူတို့နှစ်ယောက်စလုံးရဲ့ လျှို့ဝှက်ချက်အမည်းစက်တွေကို ဖုံးဖိထားနိုင်ဖို့အတွက် သွေးအေးရက်စက်မှုနဲ့ နာမည်ဆိုးထွက်နေတဲ့ ဒီအမွေဆက်ခံသူက ယောင်းရှင်းရဲ့ ဘဝလမ်းကြောင်းတစ်ခုလုံးကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေနိုင်မယ့် ကမ်းလှမ်းချက်တစ်ခုကို ပေးလာခဲ့ပါတယ်။
အဲ့ဒီကမ်းလှမ်းချက်က ကောင်းကျိုးလား,ဆိုးကျိုးလားဆိုတာကတော့... ယောင်းရှင်းတစ်ယောက် ရှေ့ဆက်ပြီး စောင့်ကြည့်ရင်ဆိုင်ရုံကလွဲလို့ တခြားမရှိတော့ပါဘူး။
Link~
https://t.me/monsterinthecloset_white
#Deya









