📖စာစုလေးများ📚 Telegram channel photo

📖စာစုလေးများ📚

@kolay_black_sheepPublic Channel

Adminလက်မခံတော့ပါ Owner acc - @Kolay281024 ( New Acc ) [ 23.9.2024 ]

Tin kinh doanhTiếng ViệtViệt Nam

150

Last views

6.5k (6,539 subscribers)
Thành viên
—
Rating
98
Total Posts
Oct 21, 2026, 9:14 PM
Cập nhật
Apr 4, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Name📖စာစုလေးများ📚
Username@kolay_black_sheep
CategoryTin kinh doanh
LanguageTiếng Việt
CountryViệt Nam
Thành viên6,539
Channel TypePublic Channel
Created4 thg 4, 2026
Last Updated21 thg 10, 2026 • 19 giờ trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#40052+170552
Xếp hạng ngôn ngữ
#893+3132
Xếp hạng danh mục
#729+2562

Tăng trưởng người đăng ký

Tổng cộng: 6.5K30 Days growth: +4888.1%
09/2209/2710/0210/0710/1210/1710/21
Tăng trưởng người đăng ký - 30 Days
DateSubscribers
22:09:20266,051
23:09:20266,051
24:09:20266,051
25:09:20266,051
26:09:20266,051
27:09:20266,051
28:09:20266,051
29:09:20266,051
30:09:20266,051
01:10:20266,051
02:10:20266,051
03:10:20266,051
04:10:20266,051
05:10:20266,051
06:10:20266,051
07:10:20266,051
08:10:20266,051
09:10:20266,051
10:10:20266,051
11:10:20266,051
12:10:20266,051
13:10:20266,154
14:10:20266,154
15:10:20266,154
16:10:20266,154
17:10:20266,154
18:10:20266,154
19:10:20266,154
20:10:20266,154
21:10:20266,539
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 30:03:20267,014
Week of 06:04:20266,993
Week of 13:04:20266,886
Week of 20:04:20266,886
Week of 27:04:20266,792
Week of 04:05:20266,792
Week of 11:05:20266,651
Week of 18:05:20266,651
Week of 25:05:20266,651
Week of 01:06:20267,112
Week of 08:06:20267,112
Week of 15:06:20267,112
Week of 22:06:20267,112
Week of 29:06:20267,023
Week of 06:07:20267,023
Week of 13:07:20266,756
Week of 20:07:20266,756
Week of 27:07:20266,756
Week of 03:08:20266,578
Week of 10:08:20266,578
Week of 17:08:20266,487
Week of 24:08:20266,268
Week of 31:08:20266,268
Week of 07:09:20266,161
Week of 14:09:20266,051
Week of 21:09:20266,051
Week of 28:09:20266,051
Week of 05:10:20266,051
Week of 12:10:20266,154
Week of 19:10:20266,539
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20266,792
May 20266,651
June 20267,023
July 20266,756
August 20266,268
September 20266,051
October 20266,539
Tăng trưởng người đăng ký - Yearly
DateSubscribers
20266,539

Bài đăng gần đây

"ဘဝ"

ဝင်သက်၊ထွက်သက်ကအစ
သိပ်ပင်ပန်းရတယ်။

- နေညို။။။
- ပုထုဇဉ်တို့သက္ကရာဇ်များ
1500012
မိန်းကလေးချင်း ချစ်မိလို့
ပင်လယ်ရေတွေမခမ်းခြောက်သွားပါဘူး။
ယောကျ်ားလေးချင်း ချစ်မိလို့လဲ
ကမ္ဘာကြီးမပျက်သွားပါဘူး။
လူအချင်းချင်း
နှလုံးသားနဲ့ ချစ်မိသွားရုံပါ..
ဘယ်သူ့ကိုမှလဲ
မထိခိုက်စေသလို
ဘယ်အရာမှလဲ
မပျက်ဆီးသွားပါဘူး။

-ရှင်နှောင်း
2100027
Video
ရှမ်းပြည်နယ် အင်းလေးဒေသ၏ ဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့သို့ ကြွရောက်လာစဥ် ..

အင်း​လေး​ဒေသရဲ့ ရိုးရာပွဲလေးကိုလာရောက်ဖို့ဖိတ်ခေါ်အပ်ပါတယ်ခမျ။

-ဆူးကျော့မေ
-မူရင်းvdပိုင်ရှင်အား(-crd)
2270018
ကော်ဖီတစ်ခွက်နဲ့ နိုးထခြင်း

ခန်းစီးလိုက်ကာတွေ ဖွင့်လိုက်ရင်း
ကော်ဖီတစ်ခွက်နဲ့ ငါနိုးထပါတယ်
မနက်ခင်းနေရောင်ခြည်နဲ့ အတူ
ငါကော်ဖီတစ်ခွက်နဲ့ နိုးထပါတယ်
အဖြူရောင် ပိတ်စတွေကြားက
ဖြစ်တည်မှုလေးတစ်ခုကို လက်လှမ်းလို့
ငါကော်ဖီတစ်ခွက်နဲ့ နိုးထပါတယ်
အပြုံးချိုချိုတွေနဲ့ အတူ
ငါကော်ဖီတစ်ခွက်နဲ့ နိုးထပါတယ်
မျက်နှာသစ်ရင်း သွားတိုက်တံ
၂ချောင်းကနေ ၁ချောင်းပဲ
ဖြစ်သွားတာကို သတိရရင်း
ငါကော်ဖီတစ်ခွက်နဲ့ နိုးထပါတယ်
ဆံနွယ်ရှည်ရှည်တွေနဲ့
မျက်ဝန်းညိုညိုတွေကို တွေးရင်း
အဝေးတစ်နေရာဆီ စိတ်တွေကို
ယိမ်းယိုင်နေရင်း တစ်စုံတစ်ယောက်ကို
သတိတရရှိနေရင်း ချစ်တယ်ဆိုတဲ့
စကားတစ်ခွန်းကို ရေရွတ်ရင်းပဲ
ငါကော်ဖီတစ်ခွက်နဲ့ နိုးထပါတယ်
ရေမွန်ရဲ့ သီချင်းသံစဉ်တွေကို
ပိတ်လိုက်ရင်း တစ်ယောက်ယောက်ကို
လက်လှမ်းပြရင်း မျက်ရည်တွေသုတ်ရင်း
အဖြူရောင်ဝတ်စုံတွေကြားက
‌ဘာဘီရုပ်မလေးကို မြင်ယောင်ရင်း
ငါကော်ဖီတစ်ခွက်နဲ့ နိုးထပါတယ်
ချစ်တယ်လို့ တဖွဖွပြောနေပေမဲ့
မကြားနိုင်တော့တဲ့ အခါ
ငါကော်ဖီတစ်ခွက်နဲ့ နိုးထပါတယ်
မွေးနေ့မှာ ပျော်ရွှင်ဖို့ ကျန်းမာရေး
ဂရုစိုက်ဖို့တွေ မမှာဖြစ်တော့ပေမဲ့
ထောင့်ချိုးလေးမှာ တိတ်တိတ်ကလေး
သီချင်းညည်းနေမိပါတယ်
မျက်ရည်စတို့ကို ဖယ်ရှားရင်းပဲ
ငါကော်ဖီတစ်ခွက်နဲ့ နိုးထပါတယ်
ပိုင်ဆိုင်ရတော့မဲ့ သက်ရှိလေးကို
လက်လွှတ်လိုက်ပြီးတဲ့ နောက်တော့
ငါကော်ဖီတစ်ခွက်နဲ့ နိုးထပါတယ်။

- လိပ်ပြာ
၁၆ရက်၊ ၁၀လ၊ ၂၀၂၆
[ ၆နာရီ ၁၄မိနစ် ည ]
2890023
နေမဝင်အင်ပါယာမှာလည်း
မိုးချုပ်ခဲ့ရတဲ့နေ့တွေရှိမယ်...

▪️စာတိုငဖြူ
သဲတကျိကျိညနေခင်း ကဗျာမှ
2670012
မဖြစ်နိုင်မှန်းသိရက်နဲ့
ဆက်ချစ်ခဲ့သလို
ပြန်မချစ်နိုင်မှန်းသိရက်နဲ့လဲ
ဆက်ချစ်ခဲ့တယ်
အပြန်အလှန်မရှိတာကလွဲရင်
အချစ်တွေစစ်ခဲ့ပါတယ်။

-ရှင်နှောင်း
2610019
ဘောင်ထဲထည့်ထားတဲ့ ၁၅၀၀တန်ချစ်ခြင်း

တစ်ဖက်သတ်ဆိုတဲ့
ခေါင်းစဉ်အောက် ဘောင်ခတ်ထားတဲ့
ချစ်ခြင်းမေတ္တာတစ်ခုပါ။

အပေးရှိရင် အယူလည်းရှိရမယ်ဆိုတဲ့
စကားက ချစ်ခြင်းမေတ္တာအတွက်မဟုတ်ကြောင်း
ကျွန်မအသေချာကြီးကို သိခဲ့ရပါတယ်။

ကျွန်မချစ်မိခဲ့တဲ့ လူက
အမျိုးသမီးတစ်ယောက်တဲ့လား...
ဒါကြောင့် ကျွန်မဘောင်ခတ်ထားရတာပေါ့
ကျော်လို့မရတဲ့ စည်းတွေရှိတယ်။

တိတ်တခိုးချစ်ခြင်းက
ကျွန်မတို့ ၂ယောက်လုံးအတွက်
အကောင်းဆုံးသော လမ်းတစ်ခုပါပဲ။

ချစ်ခြင်းမေတ္တာလို့
စတင်ခံစားမိတဲ့ နေ့ထဲက
သူကြိုက်တဲ့အရာမှန်သမျှကို
ကြိုက်တတ်လာတာကလည်း
ချစ်ခြင်းမေတ္တာရဲ့ အနူးညံ့ဆုံးအစိတ်ပိုင်းဖြစ်မယ်။

ဆံနွယ်ရှည်ရှည်တွေနဲ့
ရယ်လိုက်တိုင်း ပေါ်ထွက်လာတဲ့
ပါးချိုင့်ခွက်နက်နက်တွေကြား
ခိုဝင်ချင်စိတ်တွေကိုလည်း
ထိန်းချုပ်ထားရပါတယ်။

တစ်ဖက်သတ်ဆိုတဲ့
ခေါင်းစဉ်အောက် ဘောင်ခတ်ထားတဲ့
ချစ်ခြင်းမေတ္တာတစ်ခုမှာ
ပေးသူက ကျွန်မ ယူသူက သူမ။

ဒါပေမဲ့ နာကျင်ခြင်းက
ချစ်ခြင်းနဲ့ အတူတွယ်ငြိကပ်ပါလာတယ်။

ချစ်တယ်လို့တောင်
ဖွင့်မပြောရဲတဲ့ ကျွန်မက
သူ့ရဲ့ စကားတချို့ကိုလည်း
တုံ့ပြန်နိုင်စွမ်းမရှိခဲ့ပါဘူး။

မပျော်ရွှင်ခြင်းတွေကြားကပဲ
ပျော်ရွှင်မှုတွေကို အရယူခဲ့ပါတယ်။

ခရမ်းနုရောင် ပါတိတ်ဝမ်းဆက်နဲ့
အမျိုးသမီးကို ချစ်မိခြင်းကလည်း
နာကျင်ရပါလားလို့ တွေးမိတဲ့ နေ့တိုင်း
မျက်ရည်က မိုးပြိုသလိုပါပဲ။

အပေးရှိရင် အယူလည်းရှိရမယ်ဆိုတဲ့
စကားက ချစ်ခြင်းမေတ္တာအတွက်မဟုတ်ကြောင်း
ကျွန်မအသေချာကြီးကို သိခဲ့ရပါတယ်။

သူမကြောင့်ပဲ
ရာသီဥတုတွေအကြောင်းကစလို့
ပန်းကလေးတွေအကြောင်းအထိ
စိတ်ဝင်စားခဲ့တယ်။

ထူးအိမ်သင်သီချင်းတွေ
နား‌ထောင်တတ်ခဲ့တယ်...
ဂစ်တာတွေတီးတတ်ခဲ့တယ်...
ကဗျာတွေဖွဲ့နွဲ့ဖြစ်ခဲ့တယ်။

ခရမ်းနုရောင် ပါတိတ်ဝမ်းဆက်နဲ့
အမျိုးသမီးကို ချစ်မိခြင်းကလည်း
နာကျင်ရပါလားလို့ ကျွန်မ မတွေးမိခဲ့ဘူး။

နာနာကျင်ကျင်နဲ့ ခိုးငိုခဲ့ရတဲ့ ညတွေ...
စိတ်ရှုပ်ထွေးစွာနဲ့ နိုးထလာရတဲ့ မနက်တွေ...

ကျွန်မကမ္ဘာရဲ့ ရာသီဥတုအခြေနေက
သူမရဲ့ မျက်နှာပေါ်က အပြုံးပမာဏနဲ့
တိုင်းတာလို့ရပါတယ်။

မပျော်ရွှင်ခြင်းတွေကြားကပဲ
ပျော်ရွှင်မှုတွေကို အရယူခဲ့ပါတယ်။

ချစ်တတ်ခဲ့တယ်...
ချစ်မိခဲ့တယ်... နာနာကျင်ကျင်နဲ့ပဲ
ကိုယ့်အပေါ် မကြင်နာသူရဲ့ လက်ကလေးကို
အမိအရဖမ်းဆွဲထားမိပါတယ်။

- လိပ်ပြာ
၆ရက်၊ ၁၀လ၊ ၂၀၂၆
[ ၁၁နာရီ ၃မိနစ် မနက် ]
3100014
Photo1/2
လက်ရှိဖြစ်နေတဲ့ ထရော်မာက

ရေတွေမြင်တိုင်း
ရေနစ်ခဲ့ဖူးတယ်ဆိုတာကိုသတိရ
ဝါးကူထိုးခဲ့သူတွေကိုလည်း
မေ့မရ...

▪️စာတိုငဖြူ
▪️ဘဝကျောင်းက ပေးတဲ့အိမ်စာ
164005
" ဆောင်းဦးရောင်ခြည် နွေးပါသည် "

ဆောင်းဦးလေတွေ တိုက်လို့
ဆောင်းဦးပန်းတွေတောင် ဝေနေပြီ
သတိရကြောင်းတွေ တဖွဖွမပြောဖြစ်ပေမဲ့
သတိရစိတ်က ရင်ထဲအမြစ်တွယ်လို့
ကိန်းအောင်းနေပါတယ် မမနွယ်။

မောင်တို့ နိုင်ငံရဲ့ ရာသီဥတုအခြေနေအရ
ဆောင်းတွင်းနွေဖြစ်နေလို့သာ
မဟုတ်ရင် မမနွယ်လည်း
အေးနေမယ်ထင်တယ်။

အချိန်တိုင်း သတိတရရှိနေမယ်လို့
မျှော်လင့်မိပါတယ် မမနွယ်။

အမိအရ ဖမ်းမဆုတ်နိုင်ခဲ့တဲ့
လက်တစ်စုံကို အမိအရဖမ်းဆုပ်ချင်ခဲ့ပါတယ်။

ဆောင်းရာသီကိုမှ
အကြိုက်ဆုံးပါဆိုတဲ့
မမနွယ်အတွက် အချစ်ကဗျာတွေ
တခမ်းတနား ခင်းကျင်းပြသချင်ပေမဲ့
မောင့်စိတ်က သတိရခြင်းနဲ့
ဝမ်းနည်းခြင်းကိုသာ ဦးတည်နေပါတယ်။

အရပ်လေးမျက်နှာကို
မျက်နှာမူခဲ့တဲ့ ကောင်က
မမနွယ်ရှိတဲ့ ဘက်ကိုတော့
တစ်ခါမျှသာ မျက်နှာမူမိခဲ့ပါတယ်
နာရပါတယ် မမနွယ်
ဒီဒဏ်ရာက နက်နက်နဲနဲနဲ့ကို နာရပါတယ်။

ချစ်တယ်လို့ တဖွဖွပြောနေတဲ့
မမနွယ်ရဲ့ အပြောတွေကို
မသိဟန်ပြုခဲ့တာ မဟုတ်ပါဘူး
အားနာနာနဲ့ပဲ မသိဟန်ဆောင်မိခဲ့တာပါ။

ဆောင်းမနက်ရဲ့ စိတ်ဒဏ်ရာက
မမနွယ်အနားမှာ မရှိတော့ဘူးဆိုတဲ့
အသိပဲ မမနွယ်။

မောင်တို့ လက်တွေမမြဲခဲ့တဲ့
ဆောင်းမနက်တွေပါပဲ မမနွယ်။

ဘောင်ခတ်ခံထားရတဲ့
စည်းဝိုင်းတွေကြောင့်သာ
သူစိမ်းဆန်ပြခဲ့တာပါ
မမနွယ် နားလည်မယ်လို့
ယုံကြည်ပါတယ်။

မမနွယ်က မောင့်အတွက်တော့
ဆောင်းမနက်ရဲ့ နေရောင်ခြည်လေးဖြစ်မယ်ထင်တယ်။

နားလည်မှုအရှိဆုံး
အနွေးထွေးဆုံးနဲ့
စိတ်လုံခြုံမှု အပေးနိုင်ဆုံး ချစ်သူပါ။

ဘာကြောင့် ကွဲကွဲ
မမြဲတော့တဲ့ လက်တွေကတော့
အေးတိအေးစက် မရှိလှပါဘူး
ဘယ်ချိန်ခိုဝင်ပါစေ အမြဲတမ်း
နွေးထွေးတဲ့ လက်တစ်စုံက
မမနွယ်ရဲ့ သွယ်လျလျလက်ဖဝါးတစ်စုံ။

မိုးပန်းတွေ ကြွေပြီ မမနွယ်
ဆောင်းဦး ပန်းတွေလည်း ဝေနေပြီ
သတိရစိတ်က ရာသီမပြောင်းပါဘူး။

အမြဲဝေးနေတဲ့ လူ ၂ယောက်က
ပိုပြီးဝေးရတော့မယ်ဆိုတဲ့ အသိကို
မမနွယ် ထည့်ပေးခဲ့တယ်။

ငိုခဲ့ရပါတယ်...
ငိုရတယ်... နာကျင်ရတယ်...
မလွှတ်ချင်ပဲ လွှတ်ချခဲ့ရတဲ့
လက်တစ်စုံနဲ့ မဝေးချင်ပဲ ဝေးရအုံးမယ့်
လူ ၂ယောက်ပေါ့ မမနွယ်။

ဆောင်းမနက်ခင်းရဲ့
မမနွယ်မရှိတော့ဘူးဆိုတဲ့
အသိကို ဖြေဖျောက်ခဲ့သလို
ခုလည်း ဖြေဖျောက်ရအုံးမယ်ထင်တယ်။

ဒီဇင်ဘာရဲ့ မြူနှင်းတွေကြားမှာ
ချစ်ရတဲ့ မမနွယ်နဲ့ အတူဆိုတဲ့
အိပ်မက်တစ်ချို့ကို မြှုပ်နှံထားပါ့မယ်။

- လိပ်ပြာ
၁၃ရက်၊ ၁၀လ၊ ၂၀၂၆
[ မနက် ၉နာရီ ၅၂မိနစ် ]
187007
၃နှစ်၃မိုးမက
၄နှစ်နဲ့၄မိုးကိုတောင်
ဖြတ်ကျော်ခဲ့ပြီးပါပြီ။
မမစီက အချစ်ရေစက်ကလေး
တစ်စက်မျှတောင်အခုထိ
မစီးဆင်းသေးပါဘူး။
အင်းလေ မြင်နေရတာလေးနဲ့တင်
ကျေနပ်မိပါတယ်။
ပိုင်ဆိုင်ချင်တာလေးကတော့
လောဘပေါ့လေ။

-လွန်းသန့်
2470020
မပိုင်ဆိုင်ရလဲ
ချစ်တယ်လို့
ပြောလိုက်ရတဲ့အချိန်က
အနာကျင်ဆုံးပဲထင်ပါတယ်
အချစ်ရယ်...။

-ရှင်နှောင်း
2880015
Photo1/2
ဆောင်း

ချစ်နှင်းဝေဆာ၊ ဆောင်းညမှာပါ
မျှော်ကာငေးလျက်သာ။

ဆောင်းဦးပန်းဝေ၊ မိုးပန်းကြွေခဲ့
တစ်နွေကူးပြောင်းလာ။

ချစ်သူ့မျက်နှာ၊ တစ်ကမ္ဘာလို
မြင်သာမြင်ခဲ့ကာ။

ကြင်နာသူကို၊ စွန့်လို့ငိုမိ
ကိုယ်ပြိုလဲခဲ့တာ။

မပွင့်သောပန်း၊ မလန်းသောနွေ
မဝေဆောင်းနှင်း၊ မ‌ဝင်းသောလက်
ပန်းတစ်ခက်နှင့်၊ အမြတ်တနိုး
မိုးကာထားမိမှာ။

- လိပ်ပြာ
3040015
Photo1/2
အပြုံးပွင့်လေးများစွာက
သူ့ နှုတ်ခမ်းဖျားလေးမှာ
ဝဋ်ကျေတန်းကျေ ပွင့်ဖူးလို့ ။

‌အိမ်မက်များ ဝိုးတဝါးနဲ့
ငါ့ရဲ့ ပုံမှန်မနက်ခင်းလေးထဲမှာ
အေးစက်စက် ကော်ဖီတစ်ခွက်ဟာ
ချိုမြိန်စွာနဲ့ သက်ဝင်လှုပ်ရှား ... ၊

ခေါင်းကျပါသလားမိန်းကလေး
ပန်းကျပါသလား မိန်းကလေး

ချစ်တဲ့စိတ်ဟာ မနက်ဝေလီဝေလင်းကစတယ် ၊
ချစ်တဲ့စိတ်ဟာ အိပ်မက်ကမ္ဘာမှာစောင့်တယ် ၊
ချစ်တဲ့စိတ်ဟာ မနက်ဝေလီဝေလင်းက စတယ် ။

ခေါင်းကျပါသလား မိန်းကလေး
ပန်းကျပါသလား မိန်းကလေး ၊
ဘာပဲကျကျ မင်းနိုင်ပါတယ် ။

ချစ်ခြင်းသီအိုရီ အပိုင်းအစများ
- ကလောင်
2560012
တိတ်ဆိတ်ခြင်းတွေမှာ
နာကျင်စရာ အသံတွေရှိနေသတဲ့...
နှလုံးသားကို စူးတဲ့ဆူး
အဆိပ်မပါလဲ
အဆိပ်ဟာ သင့်ပါတယ်...။

-Khi(ခီ)-
2710013
နွေဦးရဲ့ ရွက်ဝါ

နွေမနက်ခင်းတွေရဲ့
အဝါရောင်သစ်ရွက်ခြောက်တွေနဲ့အတူ
နိုးထခွင့်ရတဲ့ မနက်ခင်းတွေကို
ခန်းဆီးလိုက်ကာ အဖြူရောင်ပိတ်စတွေနဲ့
ပိတ်ကာထားလိုက်တဲ့ နောက်
ကျေးငှက်တို့ တေးသီသံတွေနဲ့
မင်းရဲ့ ကိုယ်သင်းရနံ့တွေက
နွေဦးရဲ့ ရွက်ဝါတွေလို
လေအဝှေ့မှာ ကြွေကျရတယ်။

ကိုယ်က မင်းနဲ့အတူ
နွေဦးပုံပြင်တစ်ပုဒ်ကို ရေးဆွဲခဲ့ဖူးတယ်။

ကိုယ်နွေဦးပုံပြင်ထဲ
ပိတ်မိခဲ့တယ် အသက်...
မင်းရှိခဲ့ဖူးတဲ့ နွေဦးပုံပြင်ထဲ
ကိုယ်တစ်ယောက်ထဲ ပိတ်မိခဲ့တယ်။

နွေလေညှင်းနဲ့ အတူ
ကိုယ်အမိအရဖမ်းဆွဲခဲ့ဖူးတဲ့
မင်းရဲ့ လက်ဖဝါးနုနုတို့က
အခုတော့ ကိုယ့်ကိုလှောင်ရယ်နေတယ် ထင်တယ်။

ချစ်ဖူးသူတိုင်းက
မုန်းလို့ မရခဲ့ကြဘူးဆိုတာရော
ချစ်ခြင်းမေတ္တာတိုင်းက
တရားမျှတမှုမရှိဘူးဆိုတာရော
မှန်တယ် အသက်။

ကိုယ်တို့ရဲ့ နွေဦးပုံပြင်လေးက
တစ်ဖက်သတ်တွေနဲ့ပဲ တည်ဆောက်ခဲ့တာ ထင်တယ်။

ပြန်ပြင်လို့မရတဲ့
ကြီးမားတဲ့ အမှားဆိုလို့
ကိုယ်တို့တွေ့ခဲ့ကြတာပဲရှိတာပါ။

ကိုယ်တို့မေတ္တာတွေ
နစ်ဝင်ဖူးကြတယ်.. ဒါပေမဲ့..
ညီမျှခြင်းချလို့တော့ မရခဲ့ဘူး။

မတူညီတဲ့ အလွှာတွေကြားက
ချစ်ခြင်းမေတ္တာဆိုတာ
တည်ဆောက်ဖို့သိပ်ခက်တယ်
၂ဦး ၂ဖက်လုံးပါဝင်ဖို့လိုအပ်တယ်။

ဒါပေမဲ့... ဒီပွဲမှာ ကိုယ်က
တစ်ဖက်သတ်ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

အဆုံးသတ်မလှခဲ့တဲ့
ကိုယ်တို့ရဲ့ နွေဦးပုံပြင်လေးက
အစလည်းမကောင်းခဲ့ဘူးထင်တယ်။

နွေလယ်ညတွေမှာ
မင်းနဲ့အတူဆိုတဲ့ အိပ်မက်တွေကို
ကိုယ်မက်ခဲ့တယ်။

ကဗျာတွေရေးဖြစ်ခဲ့တယ်...
မင်းကိုရည်ရွယ်တဲ့ ကဗျာတွေအများကြီး ကိုယ်ရေးဖြစ်ခဲ့တယ်။

ဆောင်းကုန် နွေကူးဆို ကိုယ့်အချစ်က
ရူးမတတ် လွမ်းနာကျရပါတယ်။

နွေလေညှင်းနဲ့ အတူ
ကိုယ်အမိအရဖမ်းဆွဲခဲ့ဖူးတဲ့
မင်းရဲ့ လက်ဖဝါးနုနုတို့က
အခုတော့ ကိုယ့်ကိုလှောင်ရယ်နေလောက်မယ်။

ပန်းကံ့ကော်နဲ့ ပိတောက်ဝါဝါတို့ကလည်း
သင်္ကြန်ရေနဲ့ အတူမင်းဆီမရောက်လာနိုင်တော့ဘူး။

မလာနိုင်ဘူးဆိုတာထက်
မလာသင့်တော့ဘူးထင်လို့
အရောက်မလှမ်းမိတော့တဲ့ ခြေလှမ်းတွေပါ။

နွေမနက်ခင်းရဲ့
နေရောင်ခြည်တွေကို
မင်းမရှိတော့ထဲက အလုံပိတ်လိုက်တယ်။

ရွက်ခြောက်ကြွေသံနဲ့
ရွက်ဝါတို့ကတော့ ကိုယ့်ကို
စောင့်မျှော်နေမယ်ထင်တယ်။

ကိုယ့်ရဲ့ ဖော်ပြခွင့်မရှိတော့တဲ့
ဘယ်ဘက်အိတ်ကပ်ထဲက
ပုံပြင်အဟောင်းလေးကို
အပ်ချည်ကြိုးနဲ့ အလုံပိတ်လိုက်ပါပြီ။

နွေဦးရဲ့ ရွက်ဝါ...
ပုံပြင်အဟောင်းထဲက နွေ...
သစ်ရွက်စိမ်းတို့ ပြောင်းလဲချိန်...
နွေပန်းတို့ပွင့်လန်းတဲ့ အခိုက်တန့်တစ်ခု...
အတိတ်ရဲ့ ပန်းကလေးတစ်ပွင့်...

ကိုယ်အကုန်လုံးကို
အိတ်ကပ်ထဲထည့်လို့
သိမ်းဆည်းထားလိုက်ပြီ။

- လိပ်ပြာ
၆၊ ၁၀၊ ၂၀၂၆
[ ၁၁နာရီ ၂၉မိနစ် မနက် ]
2810024
အချစ်တွေက
အပြစ်ဖြစ်သွားလို့ထင်ပါရဲ့
ပေးလိုက်တဲ့မေတ္တာတွေအစား
ဥပေက္ခာတွေပဲ
ပြန်ရောက်လာတယ်...။

-ရှင်နှောင်း
2340015
Photo1/2
ငါ့ဦးနှောက် ၊ငါ့ နှလုံးသား ၊ ငါ့ခြေလက်တွေ မသေဆုံးခင်အထိ ငါနာရီဖြစ်ချင်တယ် ။

- ဆရာမောင်လှမျိုး(ချင်းချောင်းခြံ) ရဲ့ အခန်းပျက်ဦးနှောက်နှင့် ရင်တွင်းဖွဲ့ဝေဒနာများ စာအုပ်မှ

#KaLaung
2430014
Video
နပိုလီယံ၏ နောက်ဆုံးနှင်းဆီ

ရေးသားသူ - ရွက်သစ်ဦး
ရွတ်ဖတ်သူ - လိပ်ပြာ
2570012
မျက်စိဘယ်လောက်နောက်နောက်
နီယွန်မီးသီးတွေကို ကျေးဇူးတင်ရတာပဲ။

လက်တစ်ဖက်ကတော့
မီးပွင့်ဖြူလေးကိုဖွက်ထားရတာပေါ့။

- နေညို
- ပုထုဇဉ်တို့သက္ကရာဇ်များ
2770013
တစ်သက်တာ အမှတ်တရ

ဆောင်းမနက်ရဲ့
နွေးထွေးတဲ့ အထိတွေ့နဲ့
နိုးထခဲ့ရတဲ့ အတိတ်တစ်ခု...

တစ်ညတာရဲ့ အထိတွေ့ကို
တစ်သက်တာအထိ ငြိတွယ်သွားမိခဲ့တယ်။

အတိတ်တစ်ခုကို
အိတ်တစ်လုံးထဲ ထည့်လို့
ငါခုချိန်ထိ သယ်ပိုးထားမိတယ်။

အဲ့ဒီနေ့က
သိခွင့်ရတဲ့ နာမည်တစ်ခုက
အယ်လီနာတဲ့လား။

မျက်ဝန်းညိုညိုတွေနဲ့
စတော်ဘယ်ရီရောင် နှုတ်ခမ်းပါးကို
ငါအခုချိန်ထိ မျက်ဝန်တွေထဲမှာ
သယ်ပိုးထားခဲ့မိတယ်။

အမည်းရောင်တွေ
စွန်းထင်စေမိခဲ့တဲ့ တစ်ညတာမှာ
ထင်ကျန်ရစ်ခဲ့တာဆိုလို့
ကော်လံပေါ်က နှုတ်ခမ်းနီရာတွေသာ...

စီးကရက်တစ်လိပ်ကို
ရှူရှိုက်နေတဲ့ မင်းရဲ့အသွင်ပြင်က
ဆောင်းညတစ်ညနဲ့ ဆောင်းမနက်ခင်းရဲ့လှပတဲ့ ပန်းချီကားဖြစ်မယ်ထင်တယ်။

လှလှပပ မရှိခဲပေမဲ့
လှလှပပတော့ သိမ်းထားမိစဲပါ။

ချစ်တယ်ဆိုတဲ့ စကားနဲ့မစခဲ့ရပေမဲ့
ချစ်တယ်ဆိုတဲ့ စကားကိုအသေချာကြီးကို ငါပြောချင်ခဲ့မိပါတယ် အယ်လီနာ။

ဆံနွယ်ရှည်ရှည်တွေက
မင်းရဲ့စွဲဆောင်မှုတစ်ခုလို့
ငါသတ်မှတ်ထားစဲပါပဲ...

လိုက်ရှာခဲ့ပါတယ်...
လိုက်ရှာနေစဲပါပဲ...
ဒါပေမဲ့ ငါတို့ကိုကံကြမ္မာက
တစ်ညတာပဲ ဆုံစည်းခွင့်ပြုခဲ့တယ်ထင်တယ်။

လှလှပပ မရှိခဲ့ပေမဲ့
လှလှပပတော့ သိမ်းထားမိစဲပါ။

ချစ်တယ် အယ်လီနာ...
ဒီစကားကို မင်းကိုတွေ့ရင်လည်း
ငါထပ်ပြောပြရအုံးမယ်။

- လိပ်ပြာ
၆ရက်၊ ၁၀လ၊ ၂၀၂၆
[ ၁၀နာရီ ၈မိနစ် မနက် ]
3010023
အားလုံးပဲမင်္ဂလာပါ။
ဂီတဝါသနာရှင်တွေအတွက်
အစီအစဥ်လေးတစ်ခုပြောပြပါမယ်။

ဒီထဲမှာ သီချင်းဆိုရတာ ဝါသနာပါတယ်
ဒါပေမဲ့ လူရှေ့မှာဆိုဖို့တော့
နည်းနည်းမရဲဘူးဆိုတဲ့သူတွေရှိမယ်။

“ငါဆိုတာကောင်းပါ့မလား”
“လူတွေက ဘယ်လိုထင်ကြမလဲ” ဆိုပြီး မဆိုဖြစ်ဘဲ သိမ်းထားတဲ့အသံလေးတွေလည်း ရှိမှာပါ။တကယ်တော့ သီချင်းဆိုတယ်ဆိုတာတာ ရှက်စရာကြောက်စရာမဟုတ်ပါဘူး။

အသံကောင်းဖို့ထက် ကိုယ်ခံစားချက်နဲ့
သီဆိုနိုင်တာက ပိုတန်ဖိုးရှိပါတယ်။ 🤍

စာဖတ်သူလေးတို့ထဲမှာ ကိုယ်ဆိုထားတဲ့သီချင်းလေးတွေကို မျှဝေချင်တဲ့သူတွေပဲဖြစ်ဖြစ် ၊ ပြီးတော့ သူများဆိုထားတဲ့ Cover Song လေးတွေကို အေးအေးဆေးဆေး နားထောင်ချင်သူပဲဖြစ်ဖြစ် ဂီတနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်နေရာလေးတစ်ခု ရှိပါတယ်။

🔜 https://t.me/Myanmar_Cover_Songs

ဒီChannelလေးမှာ မိမိသီဆိုထားတဲ့ သီချင်းများကို စိတ်ကြိုက်ပေးပို့နိုင်ပြီး၊ Music ကိုချစ်တဲ့သူတွေနဲ့ အတူ နားဆင်ခံစားနိုင်ပါတယ်။

အချင်းချင်း အားပေးမှုတွေ၊ အမြင်ဖလှယ်မှုတွေနဲ့ Music Community လေးတစ်ခုကို အတူတည်ဆောက်သွားကြမယ်။
191001
ဆရာသန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေ
ကဗျာတွေကြိုက်တဲ့ ကောင်မလေးရေ

အဲ့ဒီရာသီရောက်လို့
အဲ့ဒီပန်းတွေပြန်ပွင့်မယ်ဆိုရင်တောင်
မင်းကိုခူးပြီးပန်ပေးခွင့်
ကိုယ့်မှာမရှိတော့ပါဘူးကွယ်...။

▪️စာတိုငဖြူ
စက်တင်ဘာလ၊၅ရက်၊၂၀၂၆
170003
ဘာမှဖြစ်ဖြစ်မြောက်မြောက် မရှိတဲ့ဘဝမှာ
ဘာမှလည်းမဖြစ်ချင်တော့ပါ။

- နေညို။။။
190006
ကိုယ်ပေးတော့
ချစ်ခြင်းမေတ္တာ
မင်းပေးတော့
ဥပေက္ခာ

တရားပါတယ်
အချစ်မှာ ဥပဒေမှမရှိပဲ...။

-ရှင်နှောင်း
201007
Photo
"ကိုယ့်ရဲ့ လိပ်ပြာလေးရေ"

တစ်ခါမျှ မြင်ဖူးရုံလေးနဲ့
တစ်သက်လုံး အနားမှာဝဲနေစေ့ချင်...

-စာတိုငဖြူ
ဖေဖော်ဝါရီ၊၂၄၊၂၀၂၆
203002
ဘဝအထွေထွေ.....

‎ဘဝဆိုတာ အတိုလေးပဲလို့
‎ဘယ်သူက တိုင်းကြည့်လို့
‎ပြောနေကြတာလဲ။
‎ကိုယ့်ဘဝကိုယ် ကိုယ်ကသာ
‎ရှည်အောင်လုပ်စမ်းပါ
‎ရှည်လာမှာပဲ၊ တိုအောင်လုပ်နေကြရင်တော့
‎တိုနေမှာပဲ။
‎ကိုယ့်ဘဝကိုယ် ကိုယ်ကသာ
‎တိုင်းကြည့်စမ်းပါ၊
‎တိုင်းမကြည့်ရသေးပဲနဲ့တော့
‎သူများပြောတဲ့ တိုတိုလေးပဲဆိုတာကို
‎မျက်လုံးမှိတ် ယုံကြတော့မှာလား။
‎ကိုယ့်အကြောင်းနဲ့ ကိုယ်
‎ကိုယ့်ဘဝနဲ့ ကိုယ်
‎လူတိုင်းကို ကိုယ်လိုမထင်နဲ့
‎တခြားသူရဲ့ဘဝတွေကိုလည်း
‎လိုက်ပြီးတိုင်းတာမနေနဲ့
‎သူ့ဘာသာ ရှည်ချင်ရှည်နေမယ်
‎သူ့ဘာသာ တိုချင်တိုင်နေလိမ့်မယ်ပေါ့
‎ကိုယ့်ဘဝကိုယ်သာ တိုင်းကြစမ်းပါ၊
‎ပြီးရင် အဖြေထုတ်ပေါ့။
‎
တက္ကသိုလ်လွမ်းဝေ
174003
မပြတ်သားရင်
နာကျင်ရတယ်တဲ့

ပြတ်သားလိုက်တော့ရော
မနာကျင်ရတော့ဘူးတဲ့လား
အဲ့လိုဆို ကိုယ်အစောကြီးကတည်းက
ပြတ်သားခဲ့ရောပေါ့ အချစ်ရယ်...။

-ရှင်နှောင်း
2890017
Photo
ချစ်ရပါသော အန်တီ ( သို့ ) မင်းသမီး

ပစ်ချက်မရှိသော အလှတရားနဲ့ အန်တီ...
အပြုံးချိုချိုနဲ့ မြင်သူတိုင်းရဲ့ ရင်ကိုအေးစေသော အန်တီ...

သူမက လှတယ်..
ဒါကြောင့် ယဉ်ယဉ်လေးနဲ့ရူးမိပါတယ်။

ချိုသာလှတဲ့ စကား...
စွဲဆောင်မှုရှိလှတဲ့ အပြုံး...
ဝေဖန်ချင်စရာမရှိတဲ့ သရုပ်ဆောင်မှု...
ပစ်ချက်မရှိသော အလှတရားနဲ့ အန်တီပါလေ...

မြင်သူတိုင်းရှုငေးရအောင်
စွဲဆောင်မှုတွေရှိနေမှတော့
အာခံတွင်းထဲ ထည့်ငုံထားမတတ် ချစ်မိပါတယ်။

သူမရဲ့ ဇာတ်ကားတိုင်းဟာ နန်းစံသလို
သူမရဲ့ သရုပ်ဆောင်ချက်တွေဟာ တော်ဝန်ပန်းတစ်ပွင့်...

သူမက လှတယ်..
ဒါကြောင့် ယဉ်ယဉ်လေးနဲ့ရူးမိပါတယ်။

ကြည့်လေ.. ကြည့်လေ..
ပို၍.. ပို၍.. ကြည့်ချင်.. မြင်ချင်မိလေဖြစ်ရပါတယ်။

ဉယျာဉ်မှူးရှိပြီးသား ပန်းကလေးဟာ
ပို၍ပြည့်စုံပြီးသား ပစ်ချက်မရှိပြည့်စုံပြီးသားပါ။

တခါပြုံးရင် အဖန်တရာသေပါတယ်...
ယဉ်ယဉ်လေးနဲ့ လှပမှုဟာ အဖိုးတန်သဇင်ပင်တွေလိုပါပဲ...

သူမက လှတယ်..
ဒါကြောင့် ယဉ်ယဉ်လေးနဲ့ရူးမိပါတယ်။

- လိပ်ပြာ
315003
မေ့နိုင်ပါတော့မယ်ဆိုမှ
တိုက်ဆိုင်မှုတွေ
ပြန်ပြန်ပေါ်လာတယ်
သည်လိုနဲ့
ကိုယ်ဟာမင်းကို
မေ့နိုင်ပါအုံးမလား...။

-ရှင်နှောင်း
2910010

Showing 30 of 98 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram 📖စာစုလေးများ📚 nói về gì?+

📖စာစုလေးများ📚 (@kolay_black_sheep) là kênh Telegram thuộc danh mục Tin kinh doanh trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 6.539 người đăng ký trên tgdio.

Làm sao để tham gia 📖စာစုလေးများ📚 (@kolay_black_sheep)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @kolay_black_sheep miễn phí.

📖စာစုလေးများ📚 có phải kênh Tin kinh doanh tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của 📖စာစုလေးများ📚 trước khi tham gia. Hiện có khoảng 6.539 người đăng ký trên tgdio. So sánh với các kênh Tin kinh doanh tương tự.

Xem thống kê và bài đăng 📖စာစုလေးများ📚 ở đâu?+

Trên tgdio, mở trang @kolay_black_sheep để xem thống kê, xếp hạng, đánh giá và bài đăng.