ကိုလူပျို Telegram channel photo

ကိုလူပျို

@kolupho26Public Channel

သုတ/ရသ နှင့် ဘဝထဲက ဖြစ်ရပ်မှန်များကို ရေးသားတင်ဆက်ပေးမည်ဖြစ်ပါသည်...

80

Last views

519 (519 subscribers)
Thành viên
—
Rating
37
Total Posts
Oct 17, 2026, 12:28 AM
Cập nhật
Apr 22, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameကိုလူပျို
Username@kolupho26
CategoryBài học cuộc sống
LanguageTiếng Việt
CountryViệt Nam
Thành viên519
Channel TypePublic Channel
Created22 thg 4, 2026
Last Updated17 thg 10, 2026 • 5 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#92581+381
Xếp hạng ngôn ngữ
#1914+21
Xếp hạng danh mục
#575-7

Tăng trưởng người đăng ký

Tổng cộng: 51930 Days growth: +122.4%
09/1709/2209/2710/0210/0710/1210/16
Tăng trưởng người đăng ký - 30 Days
DateSubscribers
17:09:2026507
18:09:2026507
19:09:2026508
20:09:2026508
21:09:2026508
22:09:2026508
23:09:2026508
24:09:2026508
25:09:2026508
26:09:2026508
27:09:2026508
28:09:2026508
29:09:2026508
30:09:2026508
01:10:2026508
02:10:2026508
03:10:2026508
04:10:2026508
05:10:2026508
06:10:2026508
07:10:2026508
08:10:2026508
09:10:2026508
10:10:2026508
11:10:2026508
12:10:2026508
13:10:2026508
14:10:2026508
15:10:2026508
16:10:2026519
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 20:04:2026370
Week of 27:04:2026370
Week of 04:05:2026396
Week of 11:05:2026396
Week of 18:05:2026396
Week of 25:05:2026396
Week of 01:06:2026396
Week of 08:06:2026396
Week of 15:06:2026396
Week of 22:06:2026396
Week of 29:06:2026396
Week of 06:07:2026490
Week of 13:07:2026490
Week of 20:07:2026490
Week of 27:07:2026490
Week of 03:08:2026490
Week of 10:08:2026490
Week of 17:08:2026509
Week of 24:08:2026509
Week of 31:08:2026506
Week of 07:09:2026507
Week of 14:09:2026508
Week of 21:09:2026508
Week of 28:09:2026508
Week of 05:10:2026508
Week of 12:10:2026519
Tăng trưởng người đăng ký - Monthly
DateSubscribers
April 2026370
May 2026396
June 2026396
July 2026490
August 2026506
September 2026508
October 2026519
Tăng trưởng người đăng ký - Yearly
DateSubscribers
2026519

Top 10 posts

Most viewed posts from this channel

By views
  1. #1အသုံးချခံဘဝက ရုန်းထွက်လာကြဖို့ အချိန်တန်ပါပြီ4.9K
  2. #2[လောမနေနဲ့ အေးဆေး](https://t.me/kolupho26/746)2.9K
  3. #3လောမနေနဲ့ အေးဆေး2.4K
  4. #4ခွက်တစ်လုံးကို အကြောင်းပြု၍2.2K
  5. #5စိတ်ထောင်ချောက် ( ၁၆ )2.1K
  6. #6စိတ်ထောင်ချောက် ( ၁၇ )1.9K
  7. #7စိတ်ထောင်ချောက် ( ၁၈ )1.8K
  8. #8ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့1.8K
  9. #9ပေးဆပ်သူတို့၏ အခွင့်အလမ်း1.7K
  10. #10ကြည်နူးစေသူ1.6K

Bài đăng gần đây

ကိုလူပျို logo
ကိုလူပျို

12:38 20 thg 10, 2026

ပါးစပ်ကနေ အသံပြုသည်။ မမြနှင်း၏အသံက ထရံကြားကနေ ဖြတ်သန်းကာ လှေကားခြေ ရင်း ရောက်သွားမှာ သေချာသည်။ အိမ်ပေါ်ကနေ မဆင်းသေးဘဲ ပြန်ဖြေသံကို နားစွင့်သည်။ ဒီအချိန် ဒီကာလက မည်သူ့မည်သူကိုမျှ ယုံကြည်၍မရပေ။ အခြေအနေ မတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ အယောင်ဆောင်များက များလှသည်။ မမြနှင်း သတိဝီရိယရှိရှိ နေရသည်။ အသံ ပိုင်ရှင်ကိုတော့ ရင်းရင်းနှီးနှီးရှိလှသည်ဟု စိတ်က အလိုလိုတွေးထင်နေသည်။

“ကျွန်တော်ပါ… တိုးမောင်ပါ အမေ”

စကားသံအဆုံးမှာ မမြနှင်း၏ခြေလှမ်းတွေက လှေကားထိပ်ဆီ ရောက်ခဲ့ပြီ။ လှေကားထစ် တွေကို မည်သို့ ကျော်ဖြတ်ခဲ့သည်မသိ။ လှေကားခြေရင်းသို့ ရောက်သည်။ သားကြီး၏ မျက်ဝန်းတွေ က ဝင်းပနေသည်။ ခန္ဓာကိုယ်က ပြည့်ဖြိုးနေသည်။ မမြနှင်းတစ်ယောက် သားကြီးကို ကြည့်လို့မဝ ဖြစ်လို့နေသည်။ အလိုလိုဝဲတက်လာသည့် မျက်ရည်စများကို မမြနှင်း တားဆီးနိုင်စွမ်းမရှိခဲ့။

“သား… သားကြီး အမေ့ဆီ ပြန်လာတယ်နော်”

မမြနှင်း၏အသံက တုန်ယင်လျက်ရှိသည်။ သားကြီးက အဆက်မပြတ် ခေါင်းညိတ်ပြသည်။

“ဟုတ်တယ် အမေ၊ ကျွန်တော် အမေ့ဆီ ပြန်လာပြီ၊ အမေ နေကောင်းတယ်နော်”

“အမေ နေကောင်းပါတယ်ကွယ်၊ သားကြီးကို အမေ နေ့တိုင်းမျှော်နေတာ၊ သတင်းမကြား ဘာမကြားဆိုပေမယ့် အမေ့သားကြီး အသက်ရှင်နေသေးတယ်ဆိုတာ အမေ သိတယ်၊ အဲဒါကြောင့် ဘယ်သူတွေ ဘယ်လိုပြောပြော၊ အမေကတော့ သားကြီး ပြန်လာလိမ့်မယ်လို့ ယုံကြည်နေတုန်းပဲ၊ သားကြီးကို ပြန်တွေ့ရတာ ဝမ်းသာလိုက်တာကွယ်”

မမြနှင်း ဝမ်းသာအားရနှင့် စကားတွေကို အရှည်ကြီး ပြောသည်။ သားကြီး၏ မျက်ဝန်းက အနည်းငယ်မျှ တည်တံ့လို့သွားသည်။

“ကျွန်တော် အမေ့ဆီ အခုလိုပြန်လာနိုင်တာ တပ်မတော်ရဲ့ကျေးဇူးကြောင့်ပဲ အမေ၊ တပ်မတော်သားတွေ ကူညီခဲ့လို့သာ ကျွန်တော် ပြန်လာနိုင်တာ၊ မဟုတ်ရင် ကျွန်တော် ပြန်လာနိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့်…”

သားကြီးက စကားစကို ဖြတ်ပြီး နောက်ပြန်လှည့်ကြည့်သည်။ သားကြီး၏ အပြုအမူက တစ်စုံ တစ်ခုကို စိုးထိတ်နေသည့်ပုံ။ မမြနှင်း ထိတ်ခနဲ ဖြစ်သွားသည်။

“ဒါပေမယ့် ဘာဖြစ်လဲ သား”

သားကြီးက မမြနှင်းကို ကြည့်သည်။ မျက်ဝန်းမှာ စီးကျလာနေသည့် မျက်ရည်များကို လက်ကလေးဖြင့် အသာအယာသုတ်ပေးသည်။

“ကျွန်တော့်မှာ တာဝန်တွေ ရှိသေးတယ် အမေ၊ ကျွန်တော် တပ်မတော်သားတွေကို ကူညီရ ဦးမယ်၊ ကျွန်တော်မကူညီရင် သူတို့ ဒုက္ခရောက်သွားလိမ့်မယ်၊ ကျွန်တော့်ကျေးဇူးရှင်တွေကို ကျေးဇူး ပြန်ဆပ်ခွင့်ရတုန်း ကျွန်တော် ပြန်ဆပ်ရမယ် အမေ၊ ကျွန်တော့်ကို သွားခွင့်ပြုပါ”

ပြောပြီး သားကြီးက မမြနှင်းကို ကျောခိုင်းပြီး လှစ်ခနဲ ပြေးထွက်သွားသည်။ ရုတ်တရက် အတွင်းမှာပင် သားကြီး၏အရိပ်အယောင်တို့ မမြနှင်းမြင်ကွင်းထဲမှ ပျောက်ကွယ်လို့ သွားသည်။

“သား… သားကြီး နေဦးလေ၊ သား သားကြီး”

“အမေ… အမေ ဘာဖြစ်တာလဲ”

မမြနှင်း ရုတ်တရက် ထထိုင်လိုက်စဉ် သမီးငယ်၏ အသံလည်း တစ်ပြိုင်တည်း ထွက်ပေါ် လာသည်။ မမြနှင်း မျက်ဝန်းမှာ ချွေးသီးတို့ စို့နေသည်။ မောသလိုလည်း ရှိသည်။ သမီး၏ အမေး စကားကိုလည်း မဖြေအားသေးပါချေ။ သမီးငယ်က သောက်ရေအိုးစင်မှ ရေတစ်ခွက်ခပ်ပြီး တိုက် သည်။ မမြနှင်း တစ်ကျိုက်သောက်လိုက်သည်။

“အမေ အိပ်မက်မက်တယ် သမီး၊ အိပ်မက်ထဲမှာ သမီးကိုကြီးနဲ့ တွေ့တယ်”

“မဟုတ်တာ အမေရယ်၊ အမေ စိတ်စွဲနေလို့ ဖြစ်မှာပါ၊ ပြီးတော့ ကိုကြီးနဲ့ အဆက်အသွယ် မရတာလဲ ကြာပြီ၊ သေလူလို့ သတ်မှတ်ပြီးတော့တောင် သမီးတို့ ကောင်းမှုကုသိုလ်လုပ်ခဲ့ပြီးပြီလေ၊ စိတ်ကို လျော့ထားပါတော့ အမေရယ်”

“မဟုတ်သေးဘူး သမီး၊ ညည်းကိုကြီး မသေသေးဘူး၊ ပြန်လာလိမ့်မယ်၊ ညည်းကိုကြီး အသက်ရှင်နေသေးတယ်လို့ အမေ့စိတ်ထဲမှာ အလိုလိုထင်နေတယ်၊ အမေ့သားကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ သူတော်ကောင်း သူမြတ်လောင်းများနဲ့ တွေ့ဆုံပါစေကွယ်”

မမြနှင်း ပြောပြောဆိုဆိုနှင့် ဘုရားစင်ဘက် လှည့်ကာ လက်အုပ်ချီ အာရုံပြုပြီး တောင်းဆုပြု နေလေသည်။ သမီးငယ်ကတော့ မမြနှင်းကို ကြည့်ပြီး ခေါင်းတခါခါ၊ လည်တခါခါ လုပ်လို့နေပါတော့ သည်။ ဆောင်းလေအေးအေးက နှစ်သိမ့်ပေးနေဆဲပါပေ။

ကိုလူပျို
(၂၀-၁၀-၂၀၂၆)
80007
ကိုလူပျို logo
ကိုလူပျို

12:36 20 thg 10, 2026

Photo1/2
စိတ်ထောင်ချောက် ( ၁၉ )
================

ဆောင်းမနက်ခင်းက အေးမြမြ ရှိလှသည်။ မနှစ်ကထက်တော့ အအေးပေါ့သည်ဟု မမြနှင်း ခံစားရသည်။ လင်းကြက်သည် ဟိုမှ ဒီမှ အဆက်မပြတ် အော်နေလျက်ရှိသည်။ မမြနှင်း ထမင်းအိုးကို အရင် တည်သည်။ သမီးငယ်ကို ဒီနေ့မနက်ခင်း မီးဖိုခန်းမှ အနားပေးထားသည်။ မနေ့တုန်းက အလုပ်က ပြန်လာတာ နောက်ကျသည်မဟုတ်လားလေ။ ထမင်းအိုးတည်ရင်း လက်နှစ်ဖက်ကို မီးဖို ဘေးမှာ ဖြန့်ထားလိုက်သည်။ ရေအေးအေးနှင့် ထိတွေ့ထားသည့် လက်အစုံတို့ မီးအပူကြောင့် နေသာထိုင်သာ ရှိသွားသည်။

“အမေ… အမေ…”

လှေကားခြေရင်းမှ ခေါ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ တိတ်ဆိတ်နေသည့် ဆောင်း မနက်ခင်းမှာ ပီပီပြင်ပြင်ရှိလှသည်။ မမြနှင်း မျက်လုံးပြူးသွားသည်။ ကြက်သီးများလည်း ထသွား သည်။ ဒီအသံကို မမြနှင်း မကြားရတာ ကြာခဲ့ပြီ။ ကြာဆို မေ့မေ့ပျောက်ပျောက်ပင် ရှိခဲ့ပြီ။

“အမေရေ… အမေ…”

ခေါ်သံက အဆက်မပြတ်ထွက်ပေါ်နေဆဲ။ မမြနှင်း ထိုင်ရာမှ ထသည်။

“ဘယ်သူလဲ…”

ဆက်လက်ဖတ်ရှုရန်
749001
ကိုလူပျို logo
ကိုလူပျို

10:20 17 thg 10, 2026

သူ စိတ်သက်သာရာ ရသွားခဲ့သည်။ တပ်မတော်သားများမှာ မအားလပ်ကြ။ ရွာထဲမှ ကျန်းမာရေးလာပြသူ အဘိုး၊ အဘွားများကို ကြည့်ပေးနေကြသည်။ တစ်ယောက်ချင်းစီ၏ ကျန်းမာ ရေးအခြေအနေကို သေချာစမ်းသပ်စစ်ဆေးပြီး လိုအပ်သည့်ဆေးဝါးများ ပေးသည်။ ဆေးရုံတက် ကုသဖို့ လိုအပ်သူများကို သီးခြားမှတ်ချက်ပေးပြီး ဆေးရုံမှာ ကုသဆောင်ရွက်နိုင်ရေး ချိတ်ဆက်ပေး သည်။ ရွာသူ၊ ရွာသားများသည် ပျော်ရွှင်နေကြသည်။ အဘိုး၊ အဘွားများက တဖွဖွကျေးဇူးတင်နေကြ ပြီး တပ်မတော်သားများ ကျန်းမာ၊ ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာများ ပို့သနေကြသည်။ တစ်ယောက်ပြီးတစ်ယောက် မအားလပ်အောင် စမ်းသပ်ကုသပေးနေရသည့်တိုင် တပ်မတော်သား များ၏ မျက်နှာ တစ်ချက်ပျက်မသွားခဲ့ပါချေ။ ဘာကြောင့်ရယ်မသိ၊ ဤမြင်ကွင်းကို ကြည့်ပြီး သူ အလိုလိုဝမ်းနည်းလာမိသည်။

“အစ်ကို ဘယ်လိုခံစားနေရလဲ”

သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်နေရင်း မေးသည်။ သူ မည်သို့မျှ မခံစားရကြောင်း ပြောသည်။

“သွေးပေါင်ချိန်တော့ ပုံမှန်ပါပဲ”

သူ ဝမ်းသာသွားသည်။ အဘကို ပြုံးပြသည်။ အဘကတော့ သဘောကျဟန်မတူသေး။

“ဒါပေမယ့် စိတ်ကိုတော့ အနားပေးဖို့ လိုတယ်၊ အေးအေးဆေးဆေး အနားယူဖို့ လိုပါတယ်”

သူ့ကို ကြည့်ပြီး အေးအေးလူလူ ပြောနေသည်။ သူ ခေါင်းညိတ်ပြသည်။

“ဒီရက်ပိုင်း စိတ်ညစ်စရာတွေ၊ စိတ်ဆင်းရဲစရာတွေ မတွေးပါနဲ့၊ ဖြစ်နိုင်ရင် တစ်နေ့ကို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် တရားထိုင်ပါ”

သူ့စိတ်က အလိုလို လေးလံလာခဲ့ပြန်သည်။ ဆေးဝါးအနည်းငယ် ပေးလိုက်သည်ကို အဘက လက်ခံယူသည်။ တစ်နေ့ဘယ်နှကြိမ်သောက်ရမည်၊ ဘယ်နှမျိုးသောက်ရမည်ကိုလည်း အဘကသာ မှတ်သားလာခဲ့သည်။ အဘက ကျေးဇူးတင်စကားတွေ ပြောနေပေမယ့် သူကတော့ ပြောမထွက်ခဲ့။ ခြေလှမ်းတွေက လေးလံလို့နေဆဲ။ အဘကပင် သူ့ကို စောင့်ခေါ်ရလေသည်။

“မောင်ရင် ဘာတွေများ စိတ်ညစ်စရာရှိနေလဲ၊ စိတ်ညစ်စရာရှိရင်လဲ အဘကို ပြောပါ၊ အဘ ကူညီနိုင်တာဆိုရင် ကူညီမှာပေါ့”

အဘက သူ့ကို ကြည့်ပြီး စိုးရိမ်ပူပန်စွာ မေးသည်။ “ကျွန်တော့်ကိုယ် ကျွန်တော်လဲ ဘာတွေ စိတ်ညစ်လို့ ညစ်နေမှန်း မသိပါဘူး အဘရယ်၊ စိတ်ထဲမှာတော့ ရှုပ်ထွေးနေတာပဲ၊ ကျွန်တော် ညဘက် တွေလဲ အိပ်မပျော်ဘူး အဘ” ဟု သူ့စိတ်ထဲကနေ ပြောနေမိသည်။

“စိတ်ညစ်စရာရယ်လို့ မရှိပါဘူး အဘရယ်၊ အဘအိမ်မှာ နေရတာလဲ အဆင်ပြေပါတယ်”

သူ မုသားစကားကိုသာ ချိုချိုသာသာ သုံးလိုက်ရသည်။

“မောင်ရင် အဆင်ပြေရင်လဲ ပြီးတာပါပဲလေ”

အဘက သက်ပြင်းရှည်တစ်ချက်ကို ခပ်လေးလေး မှုတ်ထုတ်ပြီးမှ ပြောသည်။ သူ့အဖြေကို တော့ သဘောကျဟန်မတူခဲ့။ သူသည်လည်း မျက်နှာပူပန်စွာနှင့် အဘကို မကြည့်ဝံ့တော့။ မဆီမဆိုင် အမေ့ကို သူ သတိရလာသည်။ ငယ်ငယ်ကတည်းက အမေသည် သူ့ကို အရိပ်တကြည့်ကြည့် ကြည့် နေတတ်သည်။ သူနေထိုင်မကောင်းပုံပေါ်သည်နှင့် ဆေးခန်းသွားဖို့ အတင်းဆွဲခေါ်သည်။ ရွာထဲမှာ လိုက်လံဆေးကုသပေးနေသည့် ဆေးဆရာ တစ်ယောက်ရှိပါသည်။ အမေသည် သူ နေထိုင် မကောင်းသည့်အခါ ထိုဆေးဆရာထံ ပြသသည့်တိုင် သူနှင့် ညီမလေး နေထိုင်မကောင်းလျှင်တော့ ထိုဆေးဆရာထံ မပြ။ မြို့ပေါ်က ဆေးခန်းသို့သာ တကူးတက သွားပြတတ်သည်။ “ရွာက ဆေးဆရာ နဲ့ ပြလဲ ရတဲ့ဟာကို”ဟု သူက အထွန့်တက်လျှင် အမေက သူ့ခေါင်းကို ဒေါက်ခနဲ ခေါက်တတ်သည်။ “ဆေးမှားပြီး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”ဟု ဆိုရှာပြန်သည်။

“မောင်ရင် ပြုံးပြုံး ပြုံးပြုံးနဲ့ ဘာတွေများ တွေးနေတုန်း”

အဘက သူ့ကို ကြည့်ပြီး ပြောသည်။ သူ့အပြုံးသည် ပျက်ပြယ်မသွားခဲ့။

“ဘာမှမဟုတ်ပါဘူး အဘရယ်၊ ကျွန်တော် အမေ့ကို သတိရလို့ပါ”

သူ မကွယ်မဝှက် ဆိုလိုက်တော့ အဘက ခေါင်းတညိတ်ညိတ် လုပ်လို့နေသည်။ ဘာစကားမှ ပြောထွက်မလာသည့်တိုင် အဘ၏ မျက်ဝန်းမှာ အဓိပ္ပာယ်အမြောက်အမြား ပေါ်လွင်လို့နေပါသည်။ သူ့စိတ်သည်လည်း အနည်းငယ်မျှ ပေါ့ပါးလန်းဆန်းသွားသလို ရှိသည်။

ကိုလူပျို
(၁၇-၁၀-၂၀၂၆)
1830015
ကိုလူပျို logo
ကိုလူပျို

10:19 17 thg 10, 2026

Photo1/2
စိတ်ထောင်ချောက် ( ၁၈ )
===============

နှစ်ရက်အကြာ လင်းရောင်ခြည်ဖြာကျလာချိန်မှာ ဗိုလ်ကြီးမင်းခန့်ကျော်တို့ဆီမှ ဆေးအဖွဲ့များ ရွာထဲရောက်လာကြသည်။ ရွာဦးကျောင်းမှာ အခြေပြုသည်။ သူ မသွားချင်ပေမယ့် အဘ၏ ခေါ် ဆောင်မှုကြောင့် မငြင်းသာဘဲ လိုက်လာခဲ့ရသည်။ စိုးရိမ်မကင်းဖြစ်နေသည့် အဘ၏အကြည့်တွေကို သူ အားနာမိတာလည်းပါသည်။ အစား ကောင်းကောင်းမစားဘဲ မှိုင်မှိုင်တွေတွေဖြစ်နေသည့် သူ့ကို ကြည့်ပြီး အဘွားသည်လည်း စိတ်မချမ်းသာ။ ညီမလေး မအိသည်လည်း တညည်းညည်းနှင့်။ သူ အားနာစွာနှင့် စိတ်ကို ဆင်ခြင်ဖို့ ကြိုးစားပါသည်။

“ဗိုလ်ကြီးမင်းခန့်ကျော် မပါဘူးလား”

ခရီးရောက်မဆိုက်မှာပင် အဘက မေးသည်။ ရွှင်ပျနေသည့် တပ်မတော်သားများက အဘကို ကြည့်သည်။

“မပါဘူး အဘ၊ ဗိုလ်ကြီး အလုပ်ကိစ္စလေးရှိလို့ ကျန်နေခဲ့ပါတယ်”

ဆက်လက်ဖတ်ရှုရန်
1,790002
ကိုလူပျို logo
ကိုလူပျို

12:52 14 thg 10, 2026

“ဒီလိုမှန်းသိရင် ကျွန်မသားကိုလဲ ပြည်သူ့စစ်မှုထမ်းထဲ စောစောထည့်လိုက်ပါတယ်၊ အခုတော့ နှစ်တွေသာ ကုန်သွားတယ်၊ ဟိုမရောက်ဒီမရောက်နဲ့၊ ပြည်သူ့စစ်မှုမထမ်းချင်လို့ နိုင်ငံခြား ထွက်မယ်ဆိုပြီး ရန်ကုန်တက်သွားတာ နိုင်ငံခြားသာ ရောက်မသွားတယ်၊ ပိုက်ဆံတွေကုန်ချက်က လွန်ပါရောရှင်”

ပြောရင်း ဒေါ်သူဇာမင်း၏ မျက်ဝန်းမှာ မျက်ရည်တို့ ဝဲတက်လာပါသည်။ ဒေါ်သူဇာမင်းမှာ သမီးတစ်ယောက်၊ သားတစ်ယောက်ရှိသည်။ သမီးကြီးက အိမ်မှာရှိသည့်တိုင် သားငယ်ကတော့ ပြည်သူ့စစ်မှုထမ်းအသံကြားသည်နှင့် ရွာကနေ ထွက်သွားတာ ကြာခဲ့ပြီ။ သည်မှာနေလျှင် ပြည်သူ့ စစ်မှုထမ်းနေရမည်ဟုဆိုကာ နိုင်ငံခြား ထွက်ဖို့ လုပ်သည်။ ဘာကြေး၊ ညာကြေး ဆိုကာ အိမ်ပြန် တောင်းသည်မှာ မနည်းခဲ့။ ဒေါ်သူဇာမင်းမှာ ယာတစ်ကွက် ပြုတ်သွားသည်။ နွားတစ်ကောင် ရောင်း လိုက်ရသည်။ သားဖြစ်သူကတော့ နိုင်ငံခြားကို ရောက်မသွားသေး။ ပွဲစားများ လိမ်စားသွားသည်ဟု လည်း ဆိုသည်။

“ပြည်သူ့စစ်မှုထမ်းဆောင်တာများ ဘာဖြစ်လဲ မသူဇာရယ်၊ ကိုယ့်သားတစ်ယောက်တည်း ထမ်းဆောင်ရတာမှ မဟုတ်တာ၊ တစ်နိုင်ငံလုံးက အကျုံးဝင်တဲ့သူမှန်သမျှ တစ်နေ့မဟုတ် တစ်နေ့ ထမ်းဆောင်ရမယ့်ဟာကို၊ ပြီးရင် ၂ နှစ်တည်းရယ်၊ ၂ နှစ်ဆိုတာ ခဏလေးပါ မသူဇာရဲ့၊ နောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းတွေမှာ ပြည်သူ့စစ်မှုထမ်းပြီးတဲ့သူတွေကိုပဲ ဦးစားပေးမှာတဲ့၊ နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ချင်တယ်ဆိုရင်လဲ အစိုးရက ချိတ်ဆက်ပေးဦးမှာတဲ့”

“အလကား အပိုတွေပါအေ၊ အဲဒါ ညည်းတို့ ငါတို့ကို အယုံသွင်းနေတာ၊ ဒါကိုများ ညည်းက ယုံနေသေးတယ်၊ အံ့ပါ့အေ”

ဒေါ်မြခင် ဖြောင်းဖျခဲ့တုန်းက ဒေါ်သူဇာမင်း လက်မခံခဲ့။ ပြန်၍ပင် ရန်တွေ့လိုက်သည့်အတွက် ဒေါ်မြခင် ဆက်မပြောခဲ့တော့။ သားကြီး သူရအောင် ပြည်သူ့စစ်မှုထမ်း ၂ နှစ်ပြည့်လို့ ပြန်ရောက်သည် အထိ ဒေါ်သူဇာမင်းတစ်ယောက် စိတ်ချမ်းသာ၊ ပျော်ရွှင်နေသည်ကို မမြင်ဖူးခဲ့။ သူ့သားတော်မောင် နိုင်ငံခြားထွက်ရဖို့အရေး ရုန်းကန်လုံးပန်းနေရသည်နှင့် လူမွေးသူမွေးပင် မပြောင်တော့။ တစ်ခါ တလေတော့လည်း ဒေါ်သူဇာမင်းကို သနားမိရသည်။

“ဒါနဲ့ နေစမ်းပါဦး၊ အခု သူရအောင် နိုင်ငံခြားထွက်တော့ ရှင် ဘာမှမကုန်လိုက်ဘူးလား”

“ဟင့်အင် ဘာမှမကုန်ပါဘူး၊ ဘာမှလဲ လိုက်လုပ်စရာမလိုဘူး၊ သားကြီး စစ်မှုထမ်းပြီးလို့ ပြန်လာတုန်းကတော့ သူ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ချင်ကြောင်း ဆန္ဒပြုခဲ့တယ်တဲ့၊ အခုတော့ နိုင်ငံခြားမှာ အလုပ်တောင် ဆင်းနေပေါ့ မသူဇာ”

ဒေါ်မြခင်က ဝမ်းသာအားရ ပြောပြလိုက်တော့ ဒေါ်သူဇာမင်း၏ မျက်နှာလေး ညှိုးကျသွားပြန် ပါသည်။

“ဟန်ကျလိုက်တာရှင်”

အဝေးကို ငေးပြီး ပြောထွက်လာသည့် ဒေါ်သူဇာမင်း၏ အသံလေးက တိုးလျလျ။ မျက်ဝန်းမှာ ဝမ်းနည်းရိပ်တို့က ပြေးလွှားနေကြဆဲ။ ဒေါ်သူဇာမင်း၏ မျက်ဝန်းပေါ်မှ ပုံရိပ်တချို့၏ အဓိပ္ပာယ်ကို တော့ ဒေါ်မြခင် ဖော်ပြနိုင်ခြင်းမရှိခဲ့ပါချေ။

ကိုလူပျို
(၁၄-၁၀-၂၀၂၆)
2310012
ကိုလူပျို logo
ကိုလူပျို

12:51 14 thg 10, 2026

Photo1/2
ပေးဆပ်သူတို့၏ အခွင့်အလမ်း
=================

“ဒေါ်မြခင်တို့များ ဟန်ကျလိုက်တာ”

လူပေါ်မလာသေးဘဲ အသံက အရင်ရောက်လာသည်။ ဘယ်သူဘယ်ဝါ့အသံဖြစ်ကြောင်းကို တော့ ဒေါ်မြခင် သဘောပေါက်လိုက်ပါသည်။ ဒေါ်မြခင် ထင်သည့်အတိုင်းပင် ဒေါ်သူဇာမင်း တစ်ယောက် အိမ်ပေါ်ရောက်လာသည်။ လက်ဖက်ပွဲလေးနှင့် ထိုင်ပါ၊ ပြုပါ ဧည့်ဝတ်ပြုရ၏။

“ဒေါ်မြခင်တို့များ ဘယ်လောက်ပျော်နေတယ်မသိဘူး၊ မျက်နှာကြီးကို ပြုံးဖြီးနေတာပဲ”

ပြောပြီး ဒေါ်သူဇာမင်း၏ မျက်နှာလေး ညှိုးကျသွားသည်။ ဒေါ်မြခင်ရင်တွင်းမှာ အပျော်ထူးတို့ ပျောက်ကွယ်မသွားသေး။

“ကိုယ့်သားသမီး အဆင်ပြေတာမြင်တော့လဲ ဝမ်းသာရတာပေါ့ မသူဇာရယ်”       

“အင်း ဟုတ်ပါ့နော်… သူရအောင်တို့ အဆင်ပြေချင်တော့လဲ ချက်ချင်းလက်ငင်းကြီးနော်”

“ချက်ချင်းလက်ငင်းတော့လဲ မဟုတ်ပါဘူး မသူဇာရယ်၊ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ၂ နှစ်လောက် ထမ်းဆောင်ခဲ့ရပါသေးတယ်”

ဆက်လက်ဖတ်ရှုရန်
1,690003
ကိုလူပျို logo
ကိုလူပျို

08:24 14 thg 10, 2026

ကိုကျော်မင်းစံက မနက်ခင်းဆိုရင် ဆွမ်းလောင်းလေ့၊ လောင်းထ မရှိဘူး။ ရပ်ရေးရွာရေး အလှူငွေဆိုရင်တော့ ရက်ရက်ရောရော ထည့်ရှာပါတယ်။ ဒါပေမယ့် မနက်ခင်း စောစောထပြီး ဆွမ်းလောင်းတာကို မတွေ့ဖူးဘူးရယ်။ ကိုကျော်မင်းစံက ကုမ္ပဏီဝန်ထမ်း တစ်ယောက်၊ တစ်ကိုယ်တည်းနေတဲ့ လူပျိုကြီးရယ်ပါ။ မနက်ဆိုရင် ရုံးသွား၊ ညနေဆိုရင်လည်း နေရောင်ပျောက်မှ အိမ်ပြန်ရောက်လေတော့ မနက်ဆိုရင် စောစောထနိုင်လေ့မရှိဘူး။

ဒီနေ့မှ ဘယ်လိုဖြစ်ပြီး စောစောထလို့ ဆွမ်းလောင်းနေလဲဆိုတာ ကိုဖြိုးခန့် သိချင်မိတယ်။ သူ့မွေးနေ့ဖြစ်နေလို့များ ကုသိုလ်ယူတာလားလည်း တွေးတယ်။ မွေးနေ့ဆိုရင်တော့ လက်ဆောင် တစ်ခုခု ပေးဦးမှပဲ။ ဒါမှမဟုတ် သူ့ချစ်သူ မွေးနေ့များလား။ အင်း… ဒီလူကြီးမှာ ချစ်သူရှိမယ့်ပုံ မပေါ် ပါဘူး။ ကြိုက်မယ့်သူလည်း ရှိမယ်မထင်ပါဘူး။ အတွေးပေါင်းစုံက ကိုဖြိုးခန့်ကို ဝင်နှောက်နေတာများ ဆွမ်းကိုတောင် ဘယ်လို လောင်းမိသွားတယ်မသိဘူးရယ်။

ဆရာတော်နဲ့ ဘုန်းကြီးကျောင်းသားလေးဟာ ကိုကျော်မင်းစံ အိမ်ရှေ့ ရောက်သွားခဲ့ပြီ။ ကိုကျော်မင်းစံဟာ ဆွမ်းထမင်း၊ ဆွမ်းဟင်းကို တရိုတသေ လောင်းလှူလိုက်ပြီး မြေပြင်မှာဝပ်တွား၊ ရှိုခိုးဦးချကန်တော့ပြီး ပါးစပ်ကနေ တဖွဖွနဲ့ ဆုတောင်းနေတာများ အကြာကြီးရယ်ပါ။ ဒီလူကြီး ဘာဆုတွေများ တောင်းနေပါလိမ့်။

“ဗျို့… ကိုကျော်မင်းစံ ဆွမ်းတွေဘာတွေ လောင်းလို့ပါလား၊ မဟုတ်မှလွဲရော ဒီနေ့ ခင်ဗျား မွေးနေ့များလား”

ကိုဖြိုးခန့်ရဲ့ သိချင်စိတ်က ပါးစပ်ဖျားကို ရောက်သွားပါတယ်။ ကိုကျော်မင်းစံက ကိုဖြိုးခန့်ကို ကြည့်ပြီး ပြုံးတယ်။ မျက်လုံးတွေက အိပ်ရေးမဝတဲ့ပုံဖြစ်နေတော့ အပြုံးက မထင်ရှားလှဘူး။

“မဟုတ်ပါဘူး ကိုဖြိုးခန့်ရယ်၊ ဒီလိုပါ…”

ကိုကျော်မင်းစံက စကားစကို ခဏရပ်ပြီး ခေါင်းကုတ်လို့ နေတယ်။ ဆက်ပြောဖို့ ရှိနေသေး ဟန်တူလို့ ကိုဖြိုးခန့် စကားဝင်မထောက်လိုက်တော့ဘူး။

“ပြောရမယ်ဆိုရင်တော့ ဒီလိုဗျ၊ ညတုန်းက မန်ယူပွဲကြည့်ရင်း ဆဲခဲ့သမျှ၊ ဆူခဲ့သမျှ အကုသိုလ် လေးတွေ ပြေလိုပြေငြား၊ မနက်စောစော ဆွမ်းလောင်းပြီး ကုသိုလ်ယူနေတာဗျို့၊ အကုသိုလ်ကောင် တွေ ပေးတဲ့ အကုသိုလ်တွေ သက်သာလိုသက်သာငြားပေါ့ဗျာ”

ပြောပြီး ကိုကျော်မင်းစံတစ်ယောက် အိမ်ထဲ ပြေးဝင်သွားပါတော့တယ်။ ကိုဖြိုးခန့် တစ်ယောက် ကိုယ့်နဖူးကိုယ် ရိုက်ပြီး ပါးစပ်အဟောင်းသား ကျန်ခဲ့ရပါတော့တယ်။

ကိုလူပျို
(၁၄-၁၀-၂၀၂၆)
1530014
ကိုလူပျို logo
ကိုလူပျို

08:23 14 thg 10, 2026

Photo1/2
ဖြေဆေး မပြေတဲ့ တူးဇီးတစ်ည
==================

ကိုဖြိုးခန့်တစ်ယောက် မနက်စောစော ဆွမ်းလောင်းဖို့ ဆွမ်းအုပ်လေး ကိုင်ပြီး အိမ်ရှေ့ ထွက်လာလိုက်တယ်။ ဒါက ကိုဖြိုးခန့် ပုံမှန်ပြုလုပ်နေကျ ကုသိုလ်တစ်ခုရယ်ပါ။ ဇနီးဖြစ်သူက မီးဖိုခန်းမှာ မနက်စာနဲ့ ကလေးတွေအတွက် ထမင်းချိုင့်ပြင်နေရတော့ မအားလပ်ရှာဘူး။ ဒီတော့ ကိုဖြိုးခန့်ပဲ မနက်ခင်းတိုင်း ဆွမ်းလောင်းရတော့တာပေါ့။

နှစ်အိမ်ကျော်လောက်က “ဆွမ်းတော်ဗျို့”အသံ ကြားတာနဲ့ ကိုဖြိုးခန့် ဆွမ်းလောင်းဖို့ အသင့်ပြင်ထားလိုက်တယ်။ အဲဒီမှာ ကိုဖြိုးခန့်ကို အံ့ဩသွားစေတဲ့ မြင်ကွင်းတစ်ခုပေါ်လာတယ်။ ကိုဖြိုးခန့်နဲ့ အိမ်ချင်းကပ်လျက် ဘေးအိမ်က လူပျိုကြီး ကိုကျော်မင်းစံ ဆွမ်းလောင်းဖို့ စောင့်ဆိုင်း နေတာ တွေ့လိုက်လို့ပါ။

ဆက်လက်ဖတ်ရှုရန်
141002
ကိုလူပျို logo
ကိုလူပျို

17:32 13 thg 10, 2026

Photo1/6
ရုရှားသမ္မတ မြန်မာနိုင်ငံနှင့် ချုပ်ဆိုထားသည့် အာကာသ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အား အတည်ပြု

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အာကာသ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ရဲ့ အတည်ပြုချက်ရယူတဲ့ လုပ်ငန်းစဉ် (Ratification procedure) ပြီးစီးသွားပြီ ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် လက်မှတ်ရေးထိုးထားတဲ့ စာရွက်စာတမ်းအရ သိရတယ်လို့ ရုရှားနိုင်ငံပိုင် Tass သတင်းဌာနက အတည်ပြုထား‌ ကြောင်း သိရပါတယ်။

အဆိုပါ အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များမှာ ဂြိုဟ်တု လမ်းညွှန်စနစ်များ (Satellite navigation)၊ အာကာသဆက်သွယ်ရေး၊ ကျွမ်းကျင်သူများ လေ့ကျင့်သင်ကြားပေးခြင်း၊ အာကာသသိပ္ပံနှင့် ပြင်ပအာကာသ စူးစမ်းလေ့လာခြင်း၊ လူလိုက်ပါသော အာကာသခရီးစဉ်များ (Manned spaceflights) နှင့် အာကာသယာဉ် လွှတ်တင်ရေး ဝန်ဆောင်မှုများ ပါဝင်ကြောင်း သိရပါတယ်။
#News
2210013
ကိုလူပျို logo
ကိုလူပျို

12:39 13 thg 10, 2026

“ခင်ဗျား PDF ဆိုတာ ခင်ဗျားကို တွေ့ကတည်းက ကျွန်တော် သိတယ်၊ ခင်ဗျား ဘယ်လိုပဲ လိမ်ညာထား လိမ်ညာထား၊ ဘယ်လိုပဲ ဖုံးကွယ်ထား ဖုံးကွယ်ထား၊ ခင်ဗျားသရုပ်မှန်ကို ဖုံးကွယ်ထား လို့ မရပါဘူး၊ ခင်ဗျားကိုယ် ခင်ဗျား စိတ်မှမလုံခြုံပဲ၊ ဟန်ဆောင်မှုက ဘယ်ပီပြင်မှာလဲဗျာ မဟုတ်ဘူး လား… ဟဲဟဲ”

ဗိုလ်ကြီး မင်းခန့်ကျော်က သူ့ပခုံးကို ကိုင်လှုပ်ပြီး လှောင်ရယ် ရယ်သည်။ သူ မျက်လုံးအစုံကို ဖွင့်မကြည့်ရဲ။

“ခင်ဗျားဟာ ကျွန်တော်တို့ရဲ့ ရန်သူပဲ၊ ရန်သူဟာ ဒီနေရာကို အကြောင်းမဲ့ ရောက်လာစရာ အကြောင်းမရှိဘူး၊ ဟုတ်တယ်မဟုတ်လား ကိုတိုးမောင်၊ အေး… ရန်သူကို အလှကြည့်နေမယ့်ထဲမှာ တော့ ကျွန်တော်မပါဘူးဗျ”

သေနတ်ပြောင်းကို ဂျောက်ခနဲ တင်လိုက်သံကို သူ ကြားနိုင်စွမ်းမရှိတော့။ သူ့ကိုယ်သူ သေလူ ဟု သတ်မှတ်လိုက်ပြီး ဘုရား၊ တရားကို အာရုံပြုဖို့ ကြိုးစားသည်။ သို့သော် သူ့စိတ်အာရုံထဲမှာ ဘုရားသည်လည်း ပေါ်မလာ။ တရားသည်လည်း ပေါ်မလာ။ ပြုခဲ့ဖူးသည့် ကုသိုလ်ထူးများကို ပြန်ပြောင်းသတိရဖို့ ကြိုးစားသော်လည်း မရခဲ့။ မတောင့်တပါဘဲ စိတ်အာရုံထဲ အလိုလို ပေါ်လာ သည်က ရွာနီးတစ်ဝိုက်မှာ အမြင်မတူသူတွေကို ဒလန်စွပ်စွဲ ညှင်းပန်းနှိပ်စက်ခဲ့ပုံများ၊ တပ်မတော် အပေါ် မကောင်းပုတ်ချလိုစိတ်ဖြင့် ရပ်ရွာများကို မီးလောင်တိုက်သွင်းခဲ့သည့် ပုံရိပ်များ၊ သူ၏ ငယ်ဆရာအပေါ် ကျောင်းသွားလို့ဆိုပြီး အမျက်ဒေါသစိတ်နှင့် ပြောဆိုခဲ့သည်များ၊ ရွာဦးဆရာတော် ကို တပ်မတော်စစ်ကြောင်း လက်ခံမှုနှင့် ကိုယ်တိုင်ထုတ် ပုဒ်မတပ်ကာ ဒဏ်ပေးခဲ့သည်များ၊ ထိုမှ တစ်ဖန် အားကိုးရာ ပြုခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ အနိုင်ကျင့်ဗိုလ်ကျခံခဲ့ရသည့် တောတွင်းရောက်ဘဝများ၊ မျိုးနွယ်တူ PDF မိန်းကလေးငယ်များအပေါ် တောတွင်းစရိုက်ဆန်ဆန် အဓမ္မပြုကျင့်ခဲ့ပုံများ စသည့် စသည့်မြင်ကွင်းများက တရိပ်ရိပ်ပြန်လည်ပေါ်လာကာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို ချွေးများဖြင့် နစ်မွန်းစေခဲ့သည်။

“ဒါပေမယ့် ခင်ဗျားကို အခွင့်အရေးတစ်ခုတော့ ပေးလိုက်မယ်”

သူ၏ မျက်လုံးအစုံတို့ လင်းလက်လာခဲ့သည်။

“ကျွန်တော် ပြောတာလက်ခံရင် ခင်ဗျားကို အသက်ချမ်းသာခွင့် ပေးမယ် ကိုတိုးမောင်”

သူ မျှော်လင့်ခြင်းကြီးစွာဖြင့် ဗိုလ်ကြီး မင်းခန့်ကျော်ကို ကြည့်လိုက်သည်။

“ထွေထွေထူးထူးတော့လဲ မဟုတ်ပါဘူး၊ ခင်ဗျားအတွက်လဲ ခက်ခဲမယ်မထင်ပါဘူး၊ ခင်ဗျား အနေနဲ့ ခင်ဗျားကျင်လည်ခဲ့တဲ့ PDF ထဲကို ပြန်သွားရမယ်၊ ပြီးရင် ကျွန်တော် လိုချင်တဲ့ သတင်းအချက် အလက်ကို ခင်ဗျား ပေးရမယ်၊ ဘယ်လိုလဲ ကိုတိုးမောင်၊ ခင်ဗျား PDF ထဲ ပြန်သွားမယ်မဟုတ်လား”

“မသွားဘူး… မသွားဘူး… ဘယ်တော့မှ မသွားဘူး”

“မောင်ရင်… မောင်ရင် ဘာဖြစ်တာလဲ”

အဘတစ်ယောက် အိမ်ပေါ်ပြေးတက်လာပြီး စိုးရိမ်တကြီး မေးသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးဒီးများ စီးကျနေပြီး မောဟိုက်လို့ နေသည်။ သူ အဘကို အားကိုးတကြီး ကြည့်လိုက်မိသည်။

“နေ့ခင်းကြောင်တောင်ကြီး အိပ်မက်ဆိုးတွေ မက်နေပြန်ပြီလား၊ ရော့ ရော့ ရေလေး သောက် လိုက်စမ်းပါဦး”

အဘ ကမ်းပေးသည့် ရေတစ်ခွက်ကို သူ အငမ်းမရသောက်လိုက်သည်။ သို့တိုင် သူ အမော မပြေသေး။

“ဒီလို ပေနေလို့ မဖြစ်သေးပါဘူးကွာ၊ ဆေးခန်းသွားပြမှပါ၊ မောင်ရင့် တစ်ကိုယ်လုံးလဲ ချွေးတွေချည်းပဲ၊ ချွေးတွေ ပြောင်အောင်သုတ်လိုက်၊ ပြီးရင် အဝတ်အစားလေး လဲထား”

အဘက တဘက်တစ်ထည် ကမ်းပေးပြီး အင်္ကျီနှင့် ပုဆိုး ယူလာပေးသည်။ သူ အဘကို အားနာရကောင်းမှန်းပင် မသိတော့အောင် အိပ်မက်ကမ္ဘာထဲက မရုန်းထွက်နိုင်သေးပါချေ။ အဘကို ခေါင်းညိတ်ပြပြီး ဘာစကားမှ ပြောမထွက်ခဲ့။ ခန္ဓာကိုယ်က ချွေးတွေကို တဘက်နှင့် သုတ်သည်။ သို့တိုင် ချွေးများက ကုန်သွားသည်မရှိ။ အဆက်မပြတ် စီးကျနေဆဲပါပေ။

ကိုလူပျို
(၁၃-၁၀-၂၀၂၆)
1740011
ကိုလူပျို logo
ကိုလူပျို

12:38 13 thg 10, 2026

Photo1/2
စိတ်ထောင်ချောက် ( ၁၇ )
================

အမှောင်ထုက ကြီးစိုးနေလျက်ရှိသည်။

“ကိုတိုးမောင် ခင်ဗျားကိုခင်ဗျား ဟုတ်လှပြီ ထင်နေတာလား”

ဗိုလ်ကြီး မင်းခန့်ကျော်၏ စကားသံက သူ့အနီးမှာ ဗုံးတစ်လုံးပေါက်ကွဲသွားသည့်နှယ်။ ကူမယ့် ကယ်မယ့်သူကို ရှာကြံကြည့်သော်လည်း တစ်ယောက်တလေမှ မတွေ့ရ။ အဘနှင့် အဘွားတို့ ဘယ်ရောက်သွားပါလိမ့်။ ညီမလေး မအိကော၊ ဘယ်မှာပါလိမ့်။

“ကိုတိုးမောင် ခင်ဗျား မှန်မှန်ပြောစမ်း… ခင်ဗျား သူလျိုမဟုတ်လား”

သူ့အင်္ကျီစကို ဆတ်ခနဲ ဆွဲဆောင့်ခြင်း ခံလိုက်ရသည်။ သားကောင်ကို မာန်မဲနေသည့် ကျားကောင်ကဲ့သို့ အကြည့်တွေကို သူ ရင်မဆိုင်ရဲ။ ကြောက်လန့်နေမိသည်။ အားကုန်သုံး၍ ရုန်းသော် လည်း လက်များက ရွေ့လျားလိုက်ပါလာခြင်းမရှိခဲ့။

“မ… မဟုတ်ဘူး၊ မ ဟုတ်ဘူး”

ခေါင်းကို တွင်တွင်ခါရမ်းပြီး တောင်းပန်တိုးလျိုးနေသည့် သူ့ငြင်းဆိုသံက တုန်ယင်နေလျက်။ ဗိုလ်ကြီး မင်းခန့်ကျော်က ဟက်ဟက်ပက်ပက် ရယ်သည်။ သေနတ်ပြောင်းကို တင်လိုက်၊ ချလိုက် လုပ်နေသည့် အသံက သူ့နားထဲ သံရည်ပူလောင်းချနေသည့်နှယ်။ သူ မျက်လုံးအစုံကို မှိတ်ထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်
1,900003
ကိုလူပျို logo
ကိုလူပျို

08:34 12 thg 10, 2026

လောမနေနဲ့ အေးဆေး
=============

“ငါတို့ရှိတဲ့နေရာမှန်သမျှ တစ်ဖက်က သိနေကြတယ်၊ မြေပြင်ကော ဝေဟင်ကော ဝိုင်းသမတာ ငါတို့ တွေ ရစရာကို မရှိဘူး”

ပြေးရင်းလွှားရင်း အဖွဲ့နှစ်ဖွဲ့ ပေါင်းဖက်မိသွားချိန် ကိုယ်စီညည်းတွားမိကြတယ်။ ဟုတ်တော့လဲ ဟုတ်တယ်။ သူတို့တွေ ဘယ်လိုပြေးပြေး၊ ဘယ်လိုပုန်းပုန်း လွတ်တယ်လို့မရှိဘူး။ မြေပြင်စစ်ကြောင်း မရောက်လောက်ဘူးထင်လို့ အေးအေးဆေးဆေး နေမယ်ကြံနေတဲ့အချိန် ဝေဟင်ကနေ ဗုံးတွေ တစ်လုံးပြီး တစ်လုံး ကျလာတယ်။ အဲဒါနဲ့ ခြေဦးတည့်ရာ ပြေးရပြန်ပါရော။ ဝေဟင်က ဗုံးသံတိတ်သွားလို့ သက်ပြင်းလေး ချနေတုန်း မြေပြင်ကနေ တဒိုင်းဒိုင်းနဲ့ ထွက်လာတော့တာပဲ။ ပြေးရ လွှားရတာနဲ့ နားရတယ်လို့ကို မရှိပါဘူး။

“ကျုပ်တို့လဲ တူတူပါပဲဗျာ၊ ပြေးနေ လွှားနေရတာနဲ့ နားရတယ်လို့ကို မရှိဘူး၊ ဒီကြားထဲ ဘက်ပြောင်းပြီး အလင်းဝင်သွားတဲ့သူတွေလဲ တော်တော်အင်အားများနေပြီ”

“အဲဒါ ဟုတ်တယ်ဗျ၊ ထိန်းရတာ တော်တော်ခက်လာတယ်၊ အနုနည်းနဲ့ စည်းရုံးလဲ မရ၊ အကြောက် နည်းနဲ့ ခြိမ်းခြောက်လဲ မကြောက်ကြတော့ဘူး၊ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူး”

အချင်းချင်း အားတက်စရာ စကားတွေ ပြောသံအဆုံးမှာ တဲတံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက် သံနဲ့အတူ…

“ဘာတွေ တွေးပြီး ပူနေကြတာလဲ…”

အာလေးလျှာလေးနဲ့ ပြောထွက်လာသူထံ အားလုံးရဲ့အကြည့်တွေ ရောက်သွားကြတယ်။ ထိုသူက ဟိုယိုင် ဒီယိုင်နဲ့ လျှောက်လာရင်းက လက်ထဲကပုလင်းကို ကောက်မော့နေသေးတယ်။ ပြီးတော့ တစ်ယောက် ချင်းစီရဲ့ မျက်နှာတွေကို လိုက်ကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်တယ်။ တံတွေးကို ပစ်ခနဲ ထွေးတယ်။ လေချဉ်တစ်ချက် တက်တယ်။

“ဘာတွေ လောနေကြတာလဲကွာ၊ အေးဆေးပေါ့… ဟဲဟဲ”

ထိုသူရဲ့စကားကို တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆိုင်ပြီး အကဲခတ်နေကြတယ်။ သူတို့ရဲ့ အကြည့်တွေထဲမှာ ဒီလူ ရူးသွားတာလား၊ ဂေါက်သွားတာလား စသဖြင့် သုံးသပ်ချက်တွေ ပါနေတယ်။

“တော်လှန်ရေးပြီးဖို့က အဝေးကြီး လိုပါသေးတယ်၊ အဝေးကြီး လိုသေးတယ်၊ ၂၀၂၉ မှတဲ့၊ မင်း… မင်း… မင်းတို့တွေ အေးဆေး နှပ်နေလို့ရသေးတယ်၊ ငါတော့ သွားမော့လိုက်ဦးမယ်၊ မင်းတို့တွေ ဆူညံ ဆူညံ နဲ့ ဇိမ်ပျက်လို့ လာပြောတာ၊ ပြောချင်လဲ ဝေးဝေးသွားပြောကြ နားငြီးတယ်၊ ဇိမ်ပျက်တယ်”

ထိုသူဟာ လည်လေးတခါခါ ခေါင်းလေး တဆက်ဆက် လုပ်ရင်း ပြောတယ်။ ဟန်ချက်ညီအောင် မထိန်းနိုင်တော့တဲ့ ခန္ဓာကိုယ်က မြေပြင်ပေါ် ပစ်လဲတော့မယ့်ပုံပဲ။ တဲကလေးဘက် လှည့်ထွက်သွားတဲ့ ထိုသူ ရဲ့ ကျောပြင်ကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေကြတယ်။

“မင်း ဘယ်သူပြောလဲ”

“မင်းတို့အဖေ ပြောတာဟေ့၊ မင်းတို့အဖေ ပြောတာ”

ထိုသူဟာ နောက်ပြန်လှည့်မကြည့်ဘဲ ပြောဆိုရင်း တဲကလေးထဲ ဝင်သွားပါတော့တယ်။

ကိုလူပျို
(၁၂-၁၀-၂၀၂၆)
2,3500014
ကိုလူပျို logo
ကိုလူပျို

13:34 09 thg 10, 2026

“မောင်ရင် အိမ်အောက်လေး ဘာလေး ဆင်းစမ်းပါဦးကွ၊ မင်းအစား မွန်းကျပ်လိုက်တာကွာ၊ ဘာလို့လဲ… နေမကောင်းလို့လား”

သူ ပြာပြာသလဲ ငုတ်တုတ်ထထိုင်ရသည်။ အပြစ်လုပ်ထားသူတစ်ယောက်နှယ် မျက်လုံးများ က ဂနာမငြိမ်ဖြစ်လို့နေသည်။

“မ…မဟုတ်ပါဘူးအဘ၊ ကျွန်တော် နေကောင်းပါတယ်”

“နေကောင်းရင်လဲ အိမ်အောက်လေး ဘာလေး ဆင်း၊ စကားလေး ဘာလေး ပြောပေါ့ကွာ၊ ဘာလဲ အဘတို့ဆီမှာ နေရတာ မပျော်တော့လို့လား၊ မပျော်တော့ရင်လဲ ပြောနော် ငါ့တူ”

“ပျော်… ပျော် ပျော်ပါတယ် အဘရဲ့”

အဘက သဘောရိုးနှင့်ပြောဆိုနေသည့်တိုင် သူကတော့ တုန်တုန်လှုပ်လှုပ်ဖြစ်သွားရသည်။ အခန့်မသင့်လို့ အဘက နေရပ်ပြန်လွှတ်မည်ဆိုလျှင် သူ မည်သို့လုပ်ရမည်မသိ။ ဘယ်ကိုပြန်ရမည် မသိ။ အမေ့ဆီလည်း မပြန်ရဲ။ အမေက လက်ခံသည်ထားဦး၊ ရပ်ရွာက လက်ခံလိမ့်မည်မဟုတ်။ သူ ကျူးလွန်ခဲ့သည့် ရပ်ရွာ ပျက်စီးရာ ပျက်စီးကြောင်းတွေက နည်းသည်မှမဟုတ်ခဲ့ပဲ။ သည်တော့လည်း အဘ ပြန်လွှတ်လိုက်မည်ကို သူ စိုးရိမ်နေခဲ့ရသည်ပေါ့။

“ဒါဆိုလဲ ပြီးတာပါပဲကွာ”

အဘဆီက အေးအေးချမ်းချမ်း စကားတစ်ခွန်း ကြားရတော့မှ သူ စိတ်သက်သာရာ ရသွား သည်။ ရင်ထဲမှာ ပေါ့ပါးသွားသည့်နည်းတူ မျက်ဝန်းမှာ အပြုံးရိပ်တို့ ထိုးထွက်လာသလို ရှိသည်။

“အဘရေ… အဘ”

ခေါ်သံကြောင့် အဘ အကြည့်တွေ အိမ်ကပြင်ကနေ အိမ်အဝင်ဝဆီ ရောက်သွားသည်။

“ဪ ဗိုလ်ကြီးတို့ပဲ… လာကြပါ လာကြပါ ဗိုလ်ကြီးတို့”

အဘက အစပထမ တိုးတိုးသာသာ ပြောဆိုရာကနေ အိမ်ပေါက်ဝက ဗိုလ်ကြီးတို့ ကြားနိုင် သည်အထိ အော်ပြောလိုက်လေသည်။ အဘက သူ့ဘက်လှည့်လာစဉ်မှာ သူက စောင်ပုံထဲ ရောက် သွားချေပြီ။

“မောင်ရင်… ဗိုလ်ကြီးတို့ လာတယ်၊ လာ အောက်ဆင်းရအောင်”

“ကျွန်… ကျွန်တော် နေမကောင်းဘူးလို့ ပြောပေးပါ အဘ”

အဘက သူ့ကို ကြည့်ပြီး နားမလည်ဟန် ဖြစ်သွားသည့်တိုင် ဆက်ပြီးတော့ မခေါ်တော့ပါချေ။ ဗိုလ်ကြီး မင်းခန့်ကျော်တို့ အိမ်ထဲဝင်လာတာကြောင့် ဧည့်ခံဖို့ရာ အိမ်အောက် ဆင်းသွားပါတော့ သည်။ ခန္ဓာကိုယ်မှ ချွေးဒီးများကို သူ မနည်းသုတ်နေရသည်။ ချမ်းစိမ့်စိမ့်ရာသီမှာ ချွေးများထွက်နေ သည့် သူ့ကိုယ်သူ လိပ်ပြာမလုံလှ။

“ရေနွေးကြမ်းလေးသောက်၊ အမြည်းလေး စားပါဦး ဗိုလ်ကြီးတို့၊ ထမင်းကော စားပြီးကြပြီ လား၊ မစားရသေးရင် တစ်ခါတည်း စားသွားကြနော်”

“အဘကသာ စားသွား လုပ်နေတယ်၊ အဘွားက မကျွေးချင်မှန်းသိ၊ ကျွေးချင်မှန်းသိ”

ဗိုလ်ကြီး မင်းခန့်ကျော်က အဘွားဘက် လှည့်ပြီး ပြောသည်။

“ကျွေးမှာပါကွယ်၊ ဗိုလ်ကြီးတို့ လာမယ်မှန်းသိလို့ အဘွားက ထမင်း၊ ဟင်းတွေတောင် ပိုချက်ထားတာ”

“တကယ်နော် အဘွား၊ ဒီက အဖွဲ့တွေက ရှိမလောက်ဗျ”

“အဘွားကလဲ အဲဒီလို စားမှ သဘောကျတာကွဲ့”

“စတာပါ အဘွားရယ်၊ ကျွန်တော်တို့ အားလုံး စားပြီးမှ ထွက်လာကြတာပါဗျာ”

ရယ်ရယ်မောမော ပြောဆိုသံများကြားမှာ သူကတော့ အထိတ်တလန့် ဖြစ်လို့နေရပါသည်။

“ဒါနဲ့ အဘ ဧည့်သည်တစ်ယောက် မတွေ့ပါလား၊ ပြန်သွားပြီလား”

သူ့မျက်လုံးတွေ အလိုလို မှိတ်လျက်သား ဖြစ်သွားသည်။

“မပြန်သေးဘူး၊ ရှိတယ် ဗိုလ်ကြီး၊ နေသိပ်မကောင်းလို့ အိမ်ပေါ်မှာ လှဲနေပါတယ်”

“ဪ…ဪ… အင်း အင်း… ဒါကြောင့် ဖြစ်မယ်၊ မနေ့က နေရင်းထိုင်ရင်း ချွေးတွေ ပျံနေ တာလေ၊ ဂရုစိုက်လိုက်ပါဦး အဘ၊ ဒီရာသီက ဖျားတာ နာတာတွေ သိပ်များတယ်၊ အဲဒါကြောင့် ကျွန်တော့်ဆီက ဆေးအဖွဲ့တွေကိုတောင် ဒီအနီးတစ်ဝိုက်က ရွာတွေမှာ ကျန်းမာရေး လိုက်စစ်ခိုင်း ထားရတယ်၊ လိုအပ်တဲ့ ဆေးဝါးလေးတွေ ပေးပေါ့ အဘရယ်၊ နောက်နေ့တော့ အဘတို့ရွာကိုလဲ လွှတ် လိုက်ပါဦးမယ်”

“ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးရယ်၊ ဗိုလ်ကြီးတို့ ကျေးဇူးတွေကို ဘယ်လိုတောင် ပြန်ဆပ်ရ မယ် မသိတော့ပါဘူး”

ဗိုလ်ကြီးက ခပ်အေးအေး ရယ်သည်။

“ပြန်ဆပ်စရာမလိုပါဘူး အဘရယ်၊ ကျေးဇူးလည်း တင်စရာမလိုပါဘူး၊ ဒါက ကျွန်တော်တို့ တာဝန်လဲဖြစ်သလို တတ်လဲ တတ်နိုင်တာလေးတွေဖြစ်လို့ ဆောင်ရွက်ပေးတာပါ၊ ဖြစ်နိုင်ရင် ဒီထက် ကောင်းတာတွေကိုတောင် ကျွန်တော်တို့က ဖြည့်ဆည်းပေးချင်တာပါ”

ဗိုလ်ကြီး စကားသံတွေထဲမှာ စေတနာတရားတွေကို တွေ့မြင်လိုက်ရသည်။ ဖြစ်တည်နေသည့် မွန်းကြပ်နေမှုတို့ ပြေလျော့သွားသလို ရှိ၏။ သက်ပြင်းမောတစ်ချက်ကို သူ ခပ်လေးလေး မှုတ်ထုတ် လိုက်မိသည်။

“ကဲ ဒါဆို ကျွန်တော်တို့ သွားလိုက်ပါဦးမယ် အဘ၊ ကိုတိုးမောင်ကိုလဲ ကျွန်တော် မေးသွား တယ် ပြောပေးပါ၊ သူ နားနေတာ အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ အိမ်ပေါ်တော့ တက်မကြည့် တော့ပါဘူး၊ အဘွား… ကျွန်တော်တို့ကို သွားခွင့်ပြုပါဦးခင်ဗျ”

“ကောင်းပါပြီကွယ်… ကောင်းပါပြီ”

သူ့ခန္ဓာကိုယ်မှာ ချွေးဒီးတို့ အလိုလို ရပ်တန့်ပျောက်ကွယ်သွားသည်အထိ ပေါ့ပါးလန်းဆန်းလို့ သွားပါတော့သည်။ ထူးထူးဆန်းဆန်း။ ဗိုလ်ကြီး မင်းခန့်ကျော်တို့ နောက်တစ်ခေါက် ရောက်မလာဖို့ကို လည်း သူ ဆုတောင်းနေမိပါတော့သည်။

ကိုလူပျို
(၉-၁၀-၂၀၂၆)
271008
ကိုလူပျို logo
ကိုလူပျို

13:32 09 thg 10, 2026

Photo1/2
စိတ်ထောင်ချောက် ( ၁၆ )
================

အေးချမ်းသာယာမှုတို့သည် သူနှင့် မအပ်စက်၊ မထိုက်တန်သည့်အလား။ တုန်လှုပ်ခြောက်ခြား မှုတို့ကသာ မင်းမူနေလေသည်။ တစ်ညလုံးလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့။ ဗိုလ်ကြီး မင်းခန့် ကျော်၏ အကြည့်၊ ဗိုလ်ကြီး မင်းခန့်ကျော်၏ အပြော၊ ဗိုလ်ကြီး မင်းခန့်ကျော်၏ အပြုအမူများက သူ့ အတွေးအာရုံထဲကနေ ထွက်မသွားနိုင်ခဲ့။

အဘွားနှင့် မအိကသည်ပင် ချက်ပြုတ်ကျွေးမွေးသည်များကို မစားသောက်သည့်အတွက် လက်ရာမကောင်းလို့လား၊ မပျော်တော့လို့လား စသည်ဖြင့် မကျေမချမ်း ဖြစ်လာရလေသည်။ သူ့အနေနှင့် ထုတ်ဖော်ပြောဆိုနိုင်သည့် မယ်မယ်ရရ အကြောင်းပြချက်ရယ်လို့မရှိခဲ့။ အတင်းမေးမြန်း လာခြင်းမရှိသည်ကိုပင် ကျေးဇူးတင်ရသည်။

“ဗိုလ်ကြီး မင်းခန့်ကျော်က ငါ့ကိုများ သိနေတာလား၊ သူ့အကြည့်တွေက ငါ့အကြောင်းတွေကို သိနေသလိုပဲ၊ သူနဲ့ တစ်ခါမှလဲ မဆုံဖူးပါဘူး၊ ဟုတ်ပါတယ်… မဆုံဖူးပါဘူး”

သူသည် သူ့ကိုယ်သူ မေးပြီး သူ့မေးခွန်းကို သူ့ဖာသာ ပြန်ဖြေနေမိသည်။ အိမ်ပေါ်ကနေ အိမ်အောက်ဆင်းမလာသည့်အခါ အဘတစ်ယောက် အိမ်ပေါ်တက်လာပါတော့သည်။

ဆက်လက်ဖတ်ရှုရန်
2,130000
ကိုလူပျို logo
ကိုလူပျို

08:37 08 thg 10, 2026

ကော်ဇောနီထက်က ခြေလှမ်းများ
====================

သမ္မတကြီးရဲ့ မလေးရှားခရီးစဉ်ကတော့ မနေ့ကပဲ အစပြုခဲ့ပါပြီ။ မလေးရှားနိုင်ငံကို ရောက်တဲ့အချိန် ကော်ဇောနီခင်းပြီး ကြိုဆိုပုံက အနီတွေအတွက်တော့ အသည်းပေါက်စရာဖြစ်လိမ့်မယ်။ လမ်း တစ်လျှောက်က သမ္မတကြီးကို ဂုဏ်ပြုကြိုဆိုတဲ့ပုံတွေ၊ နှစ်နိုင်ငံ အလံတွေကို လွှင့်ထူထားတာ တွေက လှိုက်လှဲနွေးထွေးမှုကို ပြနေတာပဲ။

ရောက်ရောက်ချင်းပထမနေ့မှာပဲ သမ္မတကြီးအနေနဲ့ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲကို တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။ ရောက်တဲ့နိုင်ငံတိုင်းမှာ ပြည်သူ/ ပြည်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေနိုင်ဖို့ ကြိုးစားနေတဲ့ သမ္မတကြီးရဲ့ စေတနာကို မြင်ရလိမ့်မယ်။ မလေးရှား စီးပွားရေးလုပ်ငန်းရှင်တွေဘက် ကလည်း စိတ်ဝင်တစားနဲ့ အားတက်သရော ဆွေးနွေးခဲ့ကြပါတယ်။

ညနေပိုင်းမှာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံပြီး အမှာစကားပြောကြား ခဲ့တယ်။ အထူးသဖြင့် မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စကို အရေးတယူဆောင်ရွက်ပေးဖို့၊ ဥပဒေအရ ကာကွယ်ပေးဖို့၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်နိုင် အောင် ကြိုးစားဆောင်ရွက်ကြဖို့ မှာခဲ့တယ်။ ဘယ်နေရာပဲ ရောက်နေနေ ကိုယ့်နိုင်ငံသားတွေပဲဖြစ်လို့ ကိုယ့်နိုင်ငံသားတွေရဲ့ အခွင့်အရေးအပြည့်အဝ ရဖို့ကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း သမ္မတကြီးအနေနဲ့ လေးလေးနက်နက် ပြောဆိုခဲ့တာ တွေ့ရလိမ့်မယ်။  

ဒီကနေ့မှာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေတယ်။ ဝန်ကြီးချုပ်ရုံးမှာ ကော်ဇောနီခင်းပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့ တခမ်းတနားကြိုဆိုဖို့ ပြင်ဆင်နေတဲ့ မြင်ကွင်းပုံရိပ်တွေက အနီ တွေအတွက် ငိုမယ်ဆိုရင် ငိုချင်စရာပဲပေါ့။

ကိုလူပျို
(၈-၁၀-၂၀၂၆)
2560012
ကိုလူပျို logo
ကိုလူပျို

20:18 04 thg 9, 2026

လူတိုင်းမှာ အပူရှိတာမှန်ပေမယ့် ဒီတစ်ခါပူပန်နေရသည်က မမြနှင်းတစ်ယောက်သာ ဖြစ် လိမ့်မည်။ ထိုအပူသည်လည်း မည်သူတစ်ဦးတစ်ယောက်နှင့်မျှ တူလိမ့်မည်မဟုတ်ပေ။ မမြနှင်း၏ သားနှင့်အတူ ကိုဝင်းအောင်၏ သားအကြီးကောင်လည်း ပါသွားသည်။ ကိုဝင်းအောင်ကတော့ ရှင်း သည်။ သူ့စကားနားမထောင်ဘဲ သူ့လမ်းသူ လျှောက်သွားသည့် သူ့သားကို သူနှင့်မဆိုင်တော့ကြောင်း အစကတည်းက အမွေပြတ်ကြေညာသည်။ ရပ်ရွာပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်လာကြ သည့်အခါ ကိုဝင်းအောင်၏ ဆုံးဖြတ်ချက်က ပို၍ပင် ခိုင်မာလာပါသည်။ နဂိုကတည်းက သွေးဆိုး သည့် ကိုဝင်းအောင်၏သားက မမြနှင်းသားထက် နာမည်ဆိုးနှင့် ပို၍ပင် ကျော်ကြားပါသေးသည်။ သို့တိုင် ပြတ်သားသည့် ကိုဝင်းအောင်ကို ရပ်ရွာက ပုံမှန်အတိုင်း ဆက်ဆံကြသည်။ မပြတ်သားသည့် မမြနှင်းကိုတော့ သားကြီး၏လုပ်ရပ်များနှင့်အမျှ အပြစ်ဆိုခံရတော့သည်သာ။

“နင့်ခံစားချက်ကို ငါ နားလည်ပါတယ်၊ ကိုယ်ချင်းမစာလို့ ပြောတာတော့ မဟုတ်ဘူး၊ လူဆိုတာ ကိုယ်ပြုခဲ့တာ ကိုယ်ပြန်ခံစားရတာပဲ၊ ဒီအဖွဲ့တွေ လုပ်ခဲ့တာ ဘာကောင်းတာရှိသလဲ၊ အစကတည်းက ငါပြောခဲ့ပါတယ်၊ ဒီကောင်တွေ တစ်နေ့ ပြေးပေါက်ပိတ်လိမ့်မယ်လို့၊ အဲဒီလို ပြောလို့ပဲ နင့်သားက ငါ့ကို ရန်သူလို အောက်မေ့ခဲ့သေးတာ မဟုတ်လား”

အစကတည်းက လမ်းမှန်ပြဖို့ ကြိုးစားခဲ့သူ ဘကြီးစံမင်းကတော့ သူ့ဝသီအတိုင်း တွေးတွေး ဆဆ ပြောပါသည်။ နားမထောင်ခဲ့သည့် သားကြီးတို့တစ်တွေ ခုချိန်မှာ နောင်တရနေကြမည်လား မပြောတတ်။

“ပူတာလဲ ပူပေါ့၊ ကိုယ့်ကျန်းမာရေးကိုလဲ ဂရုစိုက်၊ အထိခိုက်မခံနဲ့၊ ကိုယ်တတ်နိုင်သမျှ လမ်းပြခဲ့ပြီးပြီပဲ၊ နားမထောင်တာကတော့ သူတို့အပိုင်းပဲလေ ဘယ်တတ်နိုင်မလဲ၊ ဟော… အိုးစည် ဒိုးပတ်သံတွေ ကြားတယ်၊ စစ်ကြောင်းတွေ ရွာထဲ ဝင်လာပြီ ထင်တယ်၊ ငါ သွားဦးမယ်၊ နင် လိုက်ဦးမလား”

ဘကြီးစံမင်းတစ်ယောက် ထိုင်ရာမှ ချက်ချင်းထကာ ထွက်သွားဟန်ပြင်ပြီးမှ မမြနှင်းကို ကြည့်ပြီး မေးလိုက်လေသည်။ မမြနှင်း ဖြေးဖြေးသာသာ ခေါင်းခါပြလိုက်လေမှ ဘကြီးစံမင်း ထွက် သွားလေသည်။ တောင်ဝှေးလေး ထောက်ကာ လျှောက်လှမ်းသွားသည့် ဘကြီးစံမင်း၏ ခြေလှမ်းတွေ က ပို၍ပင် သွက်လက်နေသယောင် ထင်ရသည်။

“အမေရေ… သမီး ရွာထဲ သွားလိုက်ဦးမယ်နော်”

သမီး၏ အလှတရားက အရင်နေ့ရက်များထက်ပင် ပြင်ဆင်လိမ်းခြယ်ထားသယောင် ထင်ရ သည်။ မမြနှင်း ခေါင်းညိတ်၊ ခေါင်းခါ မပြုရသေးခင်မှာပင် သမီး၏ခြေလှမ်းများက အိမ်ပေါက်ဝကို ကျော်လွန်၍ သွားသည်။ တခြားသော အိမ်များဆီကနေလည်း တစ်ယောက်ပြီးတစ်ယောက် ထွက် သွားကြသည်ကို မမြနှင်း တွေ့နေရသည်။ အိမ်လုံးကျွတ်တွေများ သွားကြလေသလား။ သွားနိုင်သူ တွေ သွားကြပေါ့။ ကြိုနိုင်သူတွေ ကြိုကြပေါ့။ မမြနှင်း အာရုံစိုက်၍မရတော့သည့်အဆုံး စိပ်ပုတီးကို အသာချထားလိုက်တော့သည်။

တဖြည်းဖြည်း သေနတ်သံတို့ တိတ်ဆိတ်လုနီးပါး ဖြစ်သွားသည်။ ကြိုကြား ကြိုကြား ကြားနေရသည့် သေနတ်သံတို့သည်လည်း ရွာကလေးနှင့် တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားပါတော့ ၏။


(၂-၉-၂၀၂၆)
1300013
ကိုလူပျို logo
ကိုလူပျို

20:18 04 thg 9, 2026

မအေးမာက ရင်ထဲရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်းကြီး ဆိုလိုက်လေသည်။ မမြနှင်း ရင်ထဲမှာ တော့ နင့်ခနဲ ဖြစ်သွားရပါ၏။ ညတုန်းက သေနတ်သံတွေကိုတော့ မမြနှင်း ကြားမိသည်။ ယခင်ည များထက် ခပ်စိပ်စိပ် ကြားမိသည်ကိုလည်း သတိပြုမိပါ၏။ သို့သော် ဒီလောက်ကြီး ဖြစ်သွားလိမ့် မည်ဟုတော့ တွေးထင်မထားမိခဲ့ပါချေ။ မမြနှင်း စိတ်တွေက သားကြီးဆီသို့ ရုတ်ချည်း ရောက်ရှိသွား သည်။ မအေးမာ၏ ဆုတောင်းတွေ မပြည့်ပါစေနှင့်ဟုလည်း ပြုခဲ့ဖူးသည့် ကုသိုလ်ထူးများကို တိုင်တည်ပြီး တောင်းဆုပြုမိရပြန်သည်။

“ဒါ.. ဒါဆို တစ်ရွာလုံး ဆူညံနေတာ အဲဒါကြောင့်ပေါ့”

“ဆူညံနေတာ မဟုတ်ပါဘူး မမြနှင်းရဲ့၊ ပျော်နေကြတာပါ”

မအေးမာသည် သူ၏ရင်တွင်းအပျော်များကို ဖုံးနိုင်ဖိနိုင်စွမ်းရှိဟန်မတူပါချေ။ မမြနှင်းကို ကြည့်ပြီး ပြုံးပြုံးလေးပင် ဆိုလိုက်ပါသေးသည်။ မမြနှင်း ရင်ထဲမှာတော့ မီးတောင်တစ်ခု ပေါက်ကွဲ သွားသည့်နှယ်။

“အဲဒီအကောင်တွေ မရှိမှ ကျုပ်တို့ရွာလေး အေးချမ်းမှာ မဟုတ်လား မမြနှင်းရဲ့၊ ဒီတော့မှပဲ အရင်လို အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လို့ရတော့မှာပေါ့၊ အခုတော့ဖြင့် အဲဒီအကောင်တွေ ကို ကြောက်နေ လန့်နေရတာနဲ့ ဘယ်မှကို မထွက်ရဲကြဘူး၊ ဒီကောင်တွေ ဘယ်လိုဖြစ်ပျက်နေကြလဲ သိချင်လိုက်တာ၊ ကျုပ်တို့ကို ပေးခဲ့သမျှ အကုသိုလ်တွေ ခံကြဦးပေါ့လေ၊ ကဲကဲ… စစ်သားတွေ ရွာထဲဝင်လာရင် လှလှလေး ကြိုလို့ရအောင် သွားပြင်လိုက်ဦးမယ် မမြနှင်းရေ”

ပြောဆိုပြီး ကော့ကော့လေး ထွက်သွားသော မအေးမာ၏ ကျောပြင်ကို မမြနှင်း ငေးမောနေမိ လေသည်။ မမြနှင်းသည် တစ်ရွာလုံးနှင့် တစ်ယောက် ဖြစ်သွားသည့်နှယ် ခံစားချက်တို့ ပြောင်းပြန် ဖြစ်လို့နေပါသည်။ တစ်ရွာလုံးပျော်ရွှင်နေသည့်တိုင် မမြနှင်းခမြာ ပျော်ရွှင်နိုင်ခြင်းမရှိခဲ့ပါချေ။ သားကြီး၏ လုပ်ရပ်တွေကို မနှစ်သက်သည့်တိုင် မိခင်စိတ်က ပူပန်မိသွားပြန်သည်။ သားကြီး တစ်ယောက် ပြေးပေါက်တွေ့ပါစေကြောင်းလည်း ဆုတောင်းမိပြန်ပါ၏။

“အမေ… မနက်စာ စားမယ်လေ”

သမီးအသံက ရွှင်လန်းနေပါ၏။ မမြနှင်း ဝဲတက်လာသည့် မျက်ရည်စများကို လက်ဖမိုးနှင့် အသာပွတ်သပ်လိုက်ပြီး…

“စားချင်စိတ်လဲ မရှိပါဘူးအေ”

“ဘာဖြစ်လို့လဲ အမေရဲ့”

သမီးငယ်က မမြနှင်းအနား တိုးကပ်လာပြီး ပြောသည်။ မမြနှင်းက ပြန်မဖြေဘဲ သမီးကိုသာ မျက်နှာငယ်လေးနှင့် ကြည့်နေပါ၏။ မမြနှင်း အကြည့်ထဲမှာ “ညည်းမသိဘူးလား”ဟူသည့် စကား ရောင် သမ်းနေပါသည်။ ဒါကို သမီးဖြစ်သူက သဘောပေါက်သွားဟန်တူ၏။

“ဪ… တပ်မတော်စစ်ကြောင်းတွေ ရောက်လာတဲ့ကိစ္စကြောင့်လား အမေ၊ အဲဒါများ ဘာဖြစ်လဲ အမေရယ်… ဝမ်းသာစရာ မဟုတ်ဘူးလား၊ ကိုယ့်ရပ်ရွာ အေးချမ်းဖို့အတွက် ရောက်လာ ကြတာ ကြိုတောင် ကြိုဆိုရဦးမှာ၊ တစ်ရွာလုံး ပျော်နေကြတာကို၊ အမေက ဘာကြောင့်များ စိတ်ဆင်းရဲခံနေရသေးလဲ”

သမီးငယ်သည်လည်း ဖြစ်တည်မှုအမှန်တရားကို ပြောဆိုနေပြန်ပါ၏။ သူ့အစ်ကိုအပေါ် ခံစား ချက်တစ်စုံတစ်ရာရှိဟန်မတူ။ သို့တည်းမဟုတ် ထိုခံစားချက်တွေကို နားကျည်းချက်တွေကပဲ အနိုင် ယူသွားလေသလား။ “ငါက အမေဟဲ့ အမေ”ဟုတော့ မမြနှင်း စကားစစ်ထိုး မပြောလိုတော့ပါ။

“ဝဋ်ကြွေးပေါ့ သမီးရယ်… ဝဋ်ကြွေးပေါ့”

မမြနှင်းတစ်ယောက် ရှည်ရှည်ဝေးဝေး ပြောမထွက်သည့်နောက် ဝဋ်ကြွေးဟုသာ ဖြေသိမ့်ရ လေသည်။ အများသူငှာ ပျော်ရွှင်နေကြချိန် လိုက်မပျော်နိုင်တာ ဝဋ်ကြွေးပဲမဟုတ်လားလေ။ မမြနှင်း သူ့စကားကိုယ်သူ ကျေနပ်၍ပင် သွားပါသေး၏။ မမြနှင်း သမီးငယ်ဘေးကနေ ရှောင်ထွက်လိုက်ပြီး မျက်နှာသစ်ဖို့ရာ ပြင်လိုက်ပါတော့သည်။

မမြနှင်း မျက်နှာသစ်ပြီးနောက် အိမ်အောက်ရှိ ကုလားထိုင်လေးမှာ ထိုင်ကာ ဒီရက်ပိုင်း မကိုင်ဖြစ်သည့် စိပ်ပုတီးကို ကိုင်လိုက်လေသည်။ ပါးစပ်ကလည်း ရသမျှ တရားစာ ရွတ်နေပါသေး၏။ သို့သော် စိတ်က မတည်ငြိမ်။ စိတ်မတည်ငြိမ်တော့ ရွတ်သမျှတရားစာတွေက အထစ်ထစ်အငေါ့ငေါ့။ စိပ်ပုတီးကို တစ်လုံးပြီးတစ်လုံး ချသွားသော်လည်း ဘာကိုရွတ်ဆိုပြီး စိပ်နေသည်မသိပါချေ။ ရွာအနီးဝန်းကျင်မှ ဆူညံနေဆဲ သေနတ်သံများကလည်း မမြနှင်းစိတ်ကို ပို၍ ယောက်ယက်ခတ် စေပါ၏။

“မြနှင်း ချွေးတွေလဲ ရွှဲလို့ပါလား၊ ဘယ်လိုဖြစ်တုန်း၊ နေမကောင်းဘူးလား…”

တောင်ဝှေးလေး ထောက်ကာ လျှောက်လှမ်းလာနေသည့် ဘကြီးစံမင်းက မမြနှင်းကို သေချာ ကြည့်ပြီး ပြောသည်။ ထိုအခါမှ မမြနှင်းတစ်ယောက် ဘကြီးစံမင်း သူ့အနား ရောက်နေသည်ကို သတိ ထားမိသည်။ သက်ပြင်းမောကို အလျင်မှုတ်ထုတ်လိုက်ပြီးမှ ဘကြီးစံမင်းကို ထိုင်ပါ၊ ပြုပါ ဧည့်ဝတ်ပြု ရသည်။

“ဒီလိုပါပဲ ဘစံမင်းရယ်၊ ဖြစ်နေ ပျက်နေတာတွေက စိတ်ချမ်းသာစရာမှ ကောင်းမနေပဲလေ၊ ဒီတော့လဲ ဟိုတွေးပူ ဒီတွေးပူပေါ့”

ဆွေမျိုးမကင်းသည့် ဘကြီးစံမင်းကိုတော့ မမြနှင်း ရင်ထဲရှိသည့်အတိုင်း ပြောဖြစ်သည်သာ။ ဘကြီး စံမင်းကလည်း ဆွေမျိုးမကင်းသည့် အကြီးပီပီ မမြနှင်းကို ဖေးဖေးမမရှိသည်မဟုတ်လားလေ။

“ပူတာလဲ ပူတာပေါ့၊ လူတစ်ခု ပူမှုရယ်တဲ့ တစ်ကုဋေတဲ့၊ လူတစ်ယောက်နဲ့ တစ်ယောက် တွေးပူတာချင်းတူပေမယ့် အားလုံးကတော့ သူ့အပူနဲ့ သူပါပဲ၊ ဘယ်တတ်နိုင်ပါ့မလဲ၊ ဖြစ်ချိန်တန်လို့ ဖြစ်တယ်ပဲ အောက်မေ့ရမှာပေါ့”
120004
ကိုလူပျို logo
ကိုလူပျို

20:18 04 thg 9, 2026

Photo
စိတ်ထောင်ချောက် ( ၁၁ )
================

မိုးမလင်းခင်ကတည်းက တစ်ရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ ဆူဆူညံညံ ဖြစ်နေကြ သည်။ တီးတိုးတီးတိုး စကားထိုးနေကြသည်။ မမြနှင်းတစ်ယောက် အိပ်ရာမှ နိုးလျှင် နိုးချင်း အိမ် အောက်ဆင်းလာလိုက်ကာ ဖြစ်ပျက်နေသည်များကို အကဲခတ်ကြည့်သည်။ သို့သော် သဘော မပေါက်။ သဘောပေါက်နိုင်သည့် အရိပ်အခြေကို တွေ့မှမတွေ့ရဘဲလေ။ သမီးငယ်ကတော့ သိပ်ပြီး စိတ်ဝင်စားပုံမပေါ်၊ မီးဖိုခန်းဝင်ကာ ချက်ပြုတ်နေပါသည်။

“မအေးမာ… ဘာတွေဖြစ်နေကြတာလဲဟင်”

ဘေးအိမ်မှ မအေးမာကို မမြနှင်း လှမ်းမေးလိုက်သည်။

“စစ်ကြောင်းတွေ ဝင်လာလို့တဲ့”

မမြနှင်းစကားပင် ကောင်းကောင်းမဆုံးသေး၊ မအေးမာက ဝမ်းသာအားရ ဖြေဆိုလာပါသည်။ မအေးမာသည် အင်မတန်ပျော်ရွှင်ကျေနပ်နေသယောင်၊ မျက်နှာတစ်ခွင် ပြုံးရွှင်နေပါ၏။  

“ဝင်လာတာမှ အင်အားအများကြီးတဲ့၊ ရွာနီးတစ်ဝိုက် ပိုက်စိပ်တိုက်ပြီး ရှင်းနေတာများ ဟိုအဖွဲ့တွေ နေစရာတောင် ရှိမယ်မထင်ဘူး၊ ဝမ်းသာချက်၊ အဲဒါကြောင့် တစ်ညလုံး သေနတ်သံတွေ ဆူညံနေတာပေါ့၊ ဟိုသေနာတွေ ပြေးပေါက်မရှိပါစေနဲ့လို့တောင် ဆုတောင်းမိတယ်… တကယ်”
1,110007
ကိုလူပျို logo
ကိုလူပျို

20:18 04 thg 9, 2026

ရုတ်တရက် ထရယ်လိုက်သံကြောင့် သူ့ဒေါသဟာ ငယ်ထိပ်ရောက်ခဲ့ပေါ့။ စူးစူးဝါးဝါးနဲ့ ထိုသူ ထံ ကြည့်လိုက်ချိန် ထိုသူကတော့ ဘာမှမဖြစ်သလိုပဲ။ မြေကြီးကို တုတ်တိုတစ်ချောင်းနဲ့ ခေါက်နေ ရင်း သီချင်းလေးတောင် ခပ်အေးအေး ညည်းနေပါရဲ့လေ။ လူတကာ အေးနေတဲ့အချိန်မှာ ထိုသူဟာ အပေါ်ပိုင်းအဝတ်ဗလာနဲ့။ သူ့ဘေးက တစ်ယောက်က တုတ်တိုတစ်ချောင်းကို ဂစ်တာသဖွယ် တီးပေး နေသေးတာ။

“ဘယ်လိုကောင်တွေလဲကွာ၊ ဒီလောက် အမှုပေါင်းတစ်ထောင် ရင်ဆိုင်နေရတာကို… တောက်”

သူ့ရဲ့ ဘဝင်မကျဟန် ပြောဆိုသံကိုလဲ ထိုသူတွေဟာ ဂရုစိုက်နေဟန်မတူဘူး။ သက်ပြင်းမော တစ်ချက်ကို ခပ်လေးလေး မှုတ်ထုတ်လိုက်ပြီး စိတ်ပြေလက်ပျောက် ဘေးဘီကို အကြည့်လွှဲလိုက် တော့ မြေပြင်မှာ ကွေးကွေးလေး ထိုင်ပြီး ငေးနေတဲ့တစ်ယောက်က ဆီးကြိုလို့နေပြန်တယ်။ မျက်လုံး တွေ စင်းနေတာများ စိတ်ဆင်းရဲစရာ ကောင်းလိုက်တာ။

“ကျုပ်တို့ တစ်ခုခုတော့ ဆုံးဖြတ်ချက်ချက်မှ ရလိမ့်မယ်၊ ဟိုဘက် အမျိုးသမီးအုပ်စုက အခုလို အဓမ္မပြုကျင့်တာကို ဘယ်လိုမှ ကျေအေးမပေးနိုင်ဘူးလို့ ပြောနေကြတယ်”

ဒီအမှုတွေဟာ သူ့တစ်သက် ရှင်းလို့မပြီးနိုင်ခဲ့လေဘူး။ အရင်တုန်းကတော့ သူ တစ်ခွန်းဆို တစ်ခွန်း ငြိမ်ကျသွားတတ်ပေမယ့် အခုနောက်ပိုင်းမှာတော့ သူ့စကားဟာလဲ အရာမထင်တော့လေ ဘူး။ အခါခါ အနိုင်ကျင့်ခံရတော့ ဘယ်ငြိမ်ခံနေကြတော့မလဲလေ။

“ငါလဲ မကြံတတ်တော့ဘူးကွာ၊ ဒီကောင်တွေကွာ… မဟုတ်တဲ့နေရာကျတော့ အားထည့်ကြ တယ်၊ တိုက်ကြခိုက်ကြဆိုရင် ဘယ်ပျောက်နေမှန်း မသိဘူး၊ အလှူငွေရအောင် လုပ်လားဆိုတော့လဲ ကိုယ့်ဖာသာ ဆေးသုံးဖို့တောင် ရအောင် မရှာနိုင်ကြဘူး၊ အလကား သုံးစားမရတဲ့ ဆေးသမားတွေ”

တစ်စုံတစ်ရာ ကြံမရတဲ့အဆုံး ပြစ်တင်ရှုတ်ချခြင်းကိုသာ သူ လုပ်ဆောင်နိုင်လေတယ်။ သူ့ဘေးက ကောင်တွေကလဲ အကြံဉာဏ်ပေးဖို့မပြောနဲ့၊ ငိုက်စိုက်ကျနေတဲ့ ခေါင်းတွေတောင် ပြန်ထောင်မတ်လာတာမျိုး မရှိဘူးရယ်။

“မင်းတို့ကလဲ ဘယ်လိုကောင်တွေ ခေါ်လာမှန်းမသိဘူး”

သူ့စကားအဆုံးမှာ ငိုက်စိုက်ကျနေတဲ့ ဦးခေါင်းတွေ တစ်ပြိုင်တည်း ထောင်မတ်လာကြတယ်။

“ကျုပ်တို့လဲ ရတဲ့လူ ခေါ်လာရတာပဲ”

“ဒါတောင် မပြေးနိုင်၊ မလွှားနိုင် သောက်စားမူးရူး ခိုးဆိုးလုဝှက် ဆေးစွဲနေတဲ့သူတွေမို့လို့ ခေါ်လာလို့ရတာ”

“ခင်ဗျားက ပြောတော့ လွယ်လွယ်လေး၊ ကိုယ်တိုင်လဲ လုပ်ကြည့်ပါဦး”

တန်ပြန်လာတဲ့ အသံပေါင်းစုံကြားမှာ သူ့ခေါင်းဟာ ပြန်ဖော်မလာနိုင်အောင် ငိုက်စိုက်ကျသွား ရတယ်။ စီတန်းနေတဲ့ ပြဿနာပေါင်းစုံကိုလဲ ဘယ်လိုဖြေရှင်းရမှန်း မသိသေးဘူး။ ဒီလိုကောင်တွေနဲ့ ဘယ်လိုရှေ့ဆက်သွားရမလဲဆိုတာလဲ သူ မစဉ်းစားချင်တော့ပါဘူးလေ။


(၃၁-၈-၂၀၂၆)
1,2200013
ကိုလူပျို logo
ကိုလူပျို

20:18 04 thg 9, 2026

Photo
အဆုံးမသတ်နိုင်တဲ့ အမှုပျက်များ
==================

“မဖြစ်သေးပါဘူးကွာ”ဆိုတဲ့ သူ့ရဲ့ ညည်းညူသံဟာ အခြားသော PDF တွေကို တိတ်ဆိတ်လို့ သွားစေတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာလဲ နည်းလမ်းရှာလို့မရလေဘူး။

“ဖြစ်လိုက်ရင် ဒီကောင်တွေချည်းပဲ”

သူဟာ ဒီလိုပဲ ညည်းညူလိုက်၊ ဒေါသတကြီးနဲ့ အခြားသောသူတွေကို အပြစ်တင်လိုက်နဲ့ပဲ ခြေလှမ်းတွေဟာ ရှေ့မရောက်တော့ဘူး။ အလှူငွေဟာလဲ နည်းသထက် နည်းလာတယ်။ ပြည်သူတွေအပေါ် အတင်းအဓမ္မ အနိုင်ကျင့်ထားလို့သာ ဟန်မပျက် စားနိုင်၊ သောက်နိုင်နေတာ။ မဟုတ်ရင် ငတ်ပြတ်နေတာကြာပေါ့။ ဒီကောင်တွေဆိုတာလေ အလှူငွေရဖို့ ပြည်သူတွေအကြိုက် လိုက်ဖို့လိုတယ်ဆိုတာကို သူ ဒီလောက်အခါခါပြောတာ။ နားမလည်ကြဘူး။ သဘောမပေါက်ကြဘူး။ တွေးရင်းနဲ့ ဒေါသတွေ အလိပ်လိုက်ထွက်လာပြန်တယ်။

“ဟား ဟား ဟား”
1,200002
ကိုလူပျို logo
ကိုလူပျို

20:18 04 thg 9, 2026

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
=====================

ယနေ့သည် ဝါ‌ခေါင်လပြည့် မေတ္တာအခါတော်နေ့ဖြစ်သည်။

အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းနာယူ၍ တောအုပ်အတွင်း တရားအားထုတ်ကြသည်။ ရဟန်းတို့၏ သီလကြောင့် သစ်ပင်ဗိမာန်မှ နတ်တို့ဆင်းပေးရလေရာ နတ်တို့က ရဟန်းတော်များ မနေနိုင်အောင် ခြောက်လှန့်ခြင်းကို ပြုလုပ်ကြသည်။ ထိုအခါ ရဟန်းတို့တရားရှုမှတ်၍မရသဖြင့် မြတ်စွာဘုရားအား လျှောက်ထားရာ မေတ္တာကမ္မဋ္ဌာန်းကို မပွားများကြသည့်အတွက် ခြောက်လှန့်ခံရခြင်းဖြစ်ကြောင်း မြတ်စွာဘုရားက ဟောကြားပြီး မေတ္တာကမ္မဋ္ဌာန်းကို သင်ပြတော်မူသည်။

ထို့နောက် ရဟန်းတို့လည်း မူလတောအုပ်သို့ပြန်လာကြပြီး နတ်တို့နှင့်တကွ အားလုံးသော ဝေနေယျသတ္တဝါတို့အပေါ် မေတ္တာဖြန့်လျက် ပို့လွှတ်သောအခါ နတ်များက ကြည်ညိုချစ်ခင်လာ ကြသည်။ ဝါတွင်းကာလ၌ နတ်အပေါင်းတို့၏ စောင့်ရှောက်မှုဖြင့် တရားအားထုတ်ကြရာ ရဟန်း ငါးရာတို့ ရဟန္တာဖြစ်သွားကြသည်။ မြတ်စွာဘုရားရှင်က ရဟန်းငါးရာတို့ကို ဝါခေါင်လပြည့်နေ့တွင် မေတ္တသုတ်ဒေသနာတော်ဟောကြားတော်မူသည်ကို ရည်မှန်း၍ ဝါခေါင်လပြည့်နေ့ကို မေတ္တာ အခါတော်နေ့အဖြစ် သတ်မှတ်ကြသည်။

မေတ္တာပို့သူသည် ချမ်းသာစွာအိပ်ပျော်ပြီး စိတ်ကြည်လင်စွာ အိပ်ရာမှနိုးထရသည်။ မကောင်းသောအိပ်မက်များမမြင်မက်ဘဲ လူအများ၏ ချစ်ခင်မှုကိုရစေ၏။ ထို့ပြင် ပရလောက သားများနှင့် နတ်ဗြဟ္မာများက စောင့်ရှောက်ကြသည်။ မေတ္တာဟူသည် ချစ်ခင်သောသဘော၊ သတ္တဝါအားလုံး၏ ကောင်းကျိုးချမ်းသာကို လိုလားသော စိတ်ဓာတ်များသက်ဝင်နေသည့် ချစ်ခြင်း သဘောဖြစ်သည်။

မေတ္တာတရားသည် အထက်အောက်ဘေးဘီအရပ်မျက်နှာအားလုံး၌ အတွင်းရန်၊ အပြင်ရန်မရှိ။ အတိုင်းမသိမြတ်နိုးတတ်သောမေတ္တာစိတ်ကို ပွားများစေရာ၏။ မတ်တတ်ရပ်နေစဉ် ဖြစ်စေ၊ လမ်းလျှောက်သွားနေစဉ်ဖြစ်စေ၊ ထိုင်နေစဉ်ဖြစ်စေ၊ လဲလျောင်းနေစဉ်ဖြစ်စေ အမြဲမပြတ် သတိချပ်လျက် မေတ္တာပို့သနေရာ၏ဟု မြတ်စွာဘုရားက ဟောကြားထားသည်။

သို့ဖြစ်ရာ မျက်မှောက်ကာလတွင် လူအချင်းချင်းနှိပ်စက်ခြင်းကင်းဝေးပြီး ဒေါသ၊ မောဟ၊ မာန်မာနများလျော့ပါးကာ အများသူငါသတ္တဝါတို့အပေါ် ကိုယ်နှင့်ထပ်တူချမ်းသာစေရန် မေတ္တာပို့ မည်ဆိုပါက ထိုပို့သသောမေတ္တာ၏ရောင်ပြန်ဟပ်မှုအကျိုးကို ရရှိကြမည်မှာ ဧကန်ဖြစ်သည်။


(၂၈-၈-၂၀၂၆)
1,7900022
ကိုလူပျို logo
ကိုလူပျို

20:18 04 thg 9, 2026

NUG နှင့် သူ၏လက်အောက်ခံများ၏ ကောင်းမှုအစုစု
===============================

အမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ်ပြီး သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် PDF တွေဟာ တစ်ဖက်အဖွဲ့အစည်းကို အပုပ်ချချင်တော့ သူတို့လုပ်တာမဟုတ်၊ ဝါရာဇွပ်ပါဆိုပြီး စွပ်စွဲခဲ့တယ်။ ဝါရာဇွပ်ဘက်က အချက်အလက်အထောက်အထားနဲ့ စာထုတ်ပြီး ရှင်းလိုက်တော့ အကြမ်းဖက် PDF တွေ ပါးစပ်ပိတ်သွားကြလေရဲ့။ အသတ်ခံလိုက်ရသူအမျိုးသမီးရဲ့ ဆွေမျိုးသားချင်းတွေကပါ လူလုံး ထွက်ပြ အဖြစ်မှန်ကို နာမည်နဲ့တကွ ရှင်းပြကြလေတော့ PDF တွေ အရှက်လုံးလုံး ကွဲပါလေရော။

ရုပ်သံဖိုင်ကို စတွေ့ကတည်းက ဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာ မြင်သမျှလူအားလုံး သိပြီးသားပါ။ လက်ရဲဇက်ရဲနဲ့ အစွန်းရောက်လုပ်ရပ်တွေကို လုပ်ရက်တာဆိုလို့ NUG လက်အောက်က ဒီကောင် တွေပဲ ရှိတာမဟုတ်လား။ PDF တွေကတော့ အရင်တုန်းကလိုပဲ သူတို့လုပ်သမျှ ပြည်သူတွေ လှုပ်ရဲမှာမဟုတ်ဘူးလို့ တွေးထင်ထားကြပုံပဲ။ ဒီလိုစိတ်နဲ့ပဲ ပေါ်တင်စွပ်စွဲလိုက်တာ ထင်ပါရဲ့။ NUG ရဲ့ လက်ကိုင်တုတ်တွေ မသိသေးတာက ပြည်သူတွေဟာ PDF တွေအပေါ် အင်မတန်နာကျည်း နေပြီဆိုတာပါ။ အင်မတန်ရွံရှာနေပြီ ဆိုတာပါ။ အမှန်တရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေကြပြီဆိုတာကိုပါ။ နောက်နောင်လည်း NUG ရဲ့ လက်ကိုင်တုတ်တွေ ယုတ်မာသမျှ သတ္တိရှိရှိ ဖော်ထုတ်ရင်ဆိုင်သွား ကြပါလိမ့်ဦးမယ်။

စစ်ကိုင်းဘက်က ဆရာတော်တစ်ပါးကိုလဲ NUG ရဲ့ လက်ကိုင်တုတ် ပလဖတွေက ဖမ်းဆီးခေါ်ဆောင် ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်သွားကြသေးတယ်။ ဒေသခံပြည်သူတွေ ဆန္ဒပြတောင်းဆိုခဲ့လို့သာ ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို ပြန်ရရှိခဲ့ကြတာ။ မဟုတ်ရင် ဘယ်လိုတွေ ဆက်လုပ်ပြီး ဘယ်အဖွဲ့ အစည်းကို အပုပ်ချဦးမလဲ မသိဘူး။ ရပ်ကျိုး၊ ရွာကျိုး၊ သာသနာအကျိုးကို ဆောင်ပိုးနေတဲ့ ဆရာတော်ကြီးကို ညှင်းပန်းနှိပ်စက်ထားတာများ လက်သည်းခွံတွေတောင် ခွာထားသတဲ့လေ။ ဒီလို အစွန်းရောက်တွေ နောင်ဘဝကူးရင်တောင် အမြင်မှန်ရကြပါ့မလား။

ဒီလိုအစွန်းရောက်တွေကို လက်ကိုင်ကြိုးတုတ်ခိုင်းစေနေတဲ့ ခေါင်းကိုင်ဖခင် NUG ကိုယ်တိုင်က တောင် ကိုယ်ကျိုးအတွက်ဆိုရင် တိုင်းပြည်ကို ဖျက်ဆီးမယ့်သူမျိုးတွေပါ။ ဘင်္ဂါလီတွေ တရားမျှတမှု ရဖို့ ဆက်လက်ရပ်တည်သွားမယ်ဆိုပြီး စာထုတ်လိုက်တာကိုပဲကြည့်။ အလှူငွေရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်မယ့်သူတွေ။ ဆိုတော့ ဒီလိုလူတွေ ပြောသမျှ လိုက်လုပ်နေတဲ့ PDF တွေ လူမဆန်တာ၊ စဉ်းစားဉာဏ်မရှိတာ၊ အစွန်းရောက်လုပ်ရပ်တွေ လုပ်ဆောင်တာတွေကို  ထည့်ပြောဖို့တောင် လိုမယ် မထင်ပါဘူး။  


(၂၇-၈-၂၀၂၆)
1,2800013
ကိုလူပျို logo
ကိုလူပျို

20:18 04 thg 9, 2026

ခွက်တစ်လုံးကို အကြောင်းပြု၍
==================

“မဖြစ်နိုင်ပါဘူးကွာ”

ဒေါသအမျက်ချောင်းချောင်းထွက်နေဟန်နဲ့ တစ်ယောက်က ပြောတယ်။

“အေး ဖြစ်လဲမဖြစ်သင့်ဘူးကွ”

နောက်တစ်ယောက်ရဲ့ အသံက ပိုပြီးတော့ မာတယ်။ ညမှောင်မှောင်မှာ ကိုယ်စီ တက်ခေါက် သံတွေက အနီးအနားက ပိုးကောင်မွှားကောင်တွေကိုတောင် လန့်ဖျပ်သွားစေပါရဲ့။

“ဖြစ်ခဲ့ရင်လဲ ဘယ်ကောင်လဲ ဘယ်သူလဲဆိုတာ ရအောင် ဖော်ထုတ်မယ်”

ဆုံးဖြတ်ချက်ပါတဲ့ စကားအသွားအလာကို ထိပ်ပြောင်ပြောင်နဲ့ ပုဂ္ဂိုလ်က ဆိုတယ်။ ဒီလို ညမှောင်မှောင်မှာ အဲဒီပုဂ္ဂိုလ်ရဲ့ နဖူးကြီးက ထင်းနေတော့တာပဲ။

“ဖော်ထုတ်ပြီးရင်လဲ ဒီတိုင်းမထားဘူး၊ ထိထိရောက်ရောက် အရေးယူရမယ်”

ဒီတစ်ယောက်ရဲ့ ပေါက်ကွဲသံက တော်တော်လေး ကျယ်တယ်။ ဒေါသလဲ တော်တော်ထွက်နေ ပုံပဲ။

“သတ်ပစ်ရင် သတ်ပစ်ရမယ်… ဘယ့်နှယ်ကွာ ဒါလေးနဲ့ လုပ်စားနေရတာကို… တောက်”

ဒီစကားကြားတော့ သစ်ပင်အောက် ချောင်ကလေးကနေ ချောင်းနားထောင်နေတဲ့ သူ့ အသားတွေ တဆက်ဆက်တုန်လာတယ်။ ဒီအချိန်မှာပဲ ဆိုင်းမဆင့် ဗုံမဆင့် ကျောလာပုတ်လိုက်တာ ကြောင့် “အမလေး”ဆိုပြီး ထအော်လိုက်မိတယ်။ ကျောလာပုတ်တဲ့တစ်ယောက် ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး သူ့ပါးစပ်ကို လက်နဲ့ ပြေးအုပ်တယ်။

“ငါပါကွ မင်းကလဲ” လို့ တိုးတိုးလေး ဆိုတယ်။ ဒီတော့မှ သူကြည့်လိုက်တယ်။ သကောင့်သား ကိုမြင်တော့ သူ သက်ပြင်းချနိုင်တယ်။ “မင်းကလဲ ဖြည်းဖြည်းသက်သာမလုပ်ဘူး၊ အသံလေးဘာ လေး ပေးလေကွာ”လို့ ပြောလိုက်တယ်။ သကောင့်သားက စောရီးလို့ လုပ်တယ်။

“နေပါဦးကွ… ဒီလူတွေ ဘာဖြစ်နေကြတာလဲ၊ အရေးယူမယ်တွေကော၊ သတ်ပစ်မယ် တွေကော ကြားလိုက်ပါတယ်၊ ဒီလူတွေကို ကြည့်ရတာ တော်တော်လေး ဒေါသ ဖြစ်နေပုံပဲ”

“ဒေါသဖြစ်မှာပေါ့ကွာ… ဖြစ်လဲ ဖြစ်ချင်စရာပဲလေ၊ မင်းမကြားမိဘူးလား၊ ရေဘေးသင့် ပြည်သူတွေကို အနူဂျီးက ခွက်တစ်လုံးစီ ထောက်ပံ့မယ်ဆိုတာ”

“ဟုတ်လား… ဒါတော့ မဖြစ်သင့်ဘူးကွာ၊ ငါတို့မှာ ဒါလေးနဲ့ လုပ်စားနေရတာ အနူဂျီးက မသိဘူးလား… တောက်”

သကောင့်သားကပါ ထပြီး ပေါက်ကွဲနေလို့ “ဟေ့ကောင် ဖြည်းဖြည်း”ဆိုပြီး ပါးစပ်ကို လက်နဲ့ ပြေးအုပ်ရတယ်။ အခန့်မသင့်လို့ ဟိုလူတွေ ကြားသွားရင် ခွက်တစ်လုံးကို အကြောင်းပြုတဲ့ ဒေါသတွေ သူတို့ဆီ စုပြုံလာနိုင်တယ်လေ။


(၂၄-၈-၂၀၂၆)
2,1600018
ကိုလူပျို logo
ကိုလူပျို

02:50 24 thg 4, 2026

ပြည်သူတွေရဲ့ တောင်းဆုနေ့ရက်
===================


မယ်ခင် ခေါ်လို့ လိုက်ခဲ့ရတယ်ဆိုပေမယ့် အစကတည်းက သူကိုယ်တိုင် သွားချင်ခဲ့တာပါ။ ငယ်ကတည်းက စစ်သားတစ်ယောက် ဖြစ်ချင်ခဲ့တာမဟုတ်လားလေ။ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်ခဲ့ရပေမယ့် စစ်သားဘဝကို သူ ခုံမင်နေတုန်းပါ။ စစ်သားတွေကို သူ လေးစားနေတုန်းပါ။

မယ်ခင်တစ်ယောက် တစ်ညလုံး အိပ်ပျော်ရဲ့လား မသိပါလေ။ စောစောထလို့ သူရဲကောင်း တွေရဲ့အိမ်ပြန်ချိန်ကို သွားရောက်ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပေါ့။ သူ့ကိုတောင် နောက်ကျလို့ဆိုပြီး အငေါ်တူးနေလိုက်သေး။ သူ အမြန်ပြင်ဆင်ပြီး မယ်ခင့်အလိုကို လိုက်ရတယ်။ သွားရတဲ့ခရီးလမ်းက သိပ်တော့လဲ မဝေးလှဘူး။ တစ်လမ်းလုံးက တွေ့သမျှနယ်ခံတွေ ပြုံးရွှင်နေကြရဲ့။ သူရဲကောင်းတွေရဲ့ အိမ်ပြန်ချိန်ကို သူတို့တွေလဲ ရင်ခုန်နေကြဟန်တူတယ်။ ဒီနယ်မြေခံတပ်ရင်းလေးအပေါ် သူတို့တွေ သံယောဇဉ်အတော်ရှိကြပါတယ်။ ဒီတပ်ရင်းကလေးရှိလို့ သူတို့တွေ လုံခြုံတယ်လို့ခံစားရတာ။ ဒီ တပ်ရင်းကလေးရှိလို့ပဲ သူတို့တွေ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ခွင့်ရတာမဟုတ်လားလေ။ ရှေ့မီ နောက်မီ လူကြီးသူမများရဲ့ ပြောစကားအရ ဒီတပ်ရင်းလေးမရှိခင်ကာလ ဒီနယ်မြေဟာ ဟိုလူ ကြောက်ရ၊ ဒီလူကြောက်ရ၊ ဟိုကလာ ဆက်ကြေးကောက်လိုက်၊ ဒီကလာ ဓားပြတိုက်လိုက်နဲ့ ဘဝ တွေဟာ မအေးချမ်းလှဘူးတဲ့။ ရောက်လာသမျှ အဖွဲ့အစည်းတွေဟာ ဘယ်ကမှန်းလဲ မသိပါဘူးတဲ့။ အခုတော့ ဒါတွေဟာ ပုံပြင်ပမာကျန်ရစ်ခဲ့ပြီး အေးချမ်းတဲ့အရသာကို နယ်ခံတွေ ခံစားနေကြရပြီ။

ဆိုတော့ ဒီတပ်ရင်းလေးရဲ့ နောက်တန်းဝင်ချိန်က သူတို့တွေအတွက် ရင်ခုန်စရာ ဖြစ်နေတော့ တာပေါ့။ လူသူအများနဲ့ စည်စည်ကားကား ကြိုဆိုနေကြတဲ့မြင်ကွင်းက သူ့တစ်ကိုယ်လုံးကို ကြက်သီး မွေးညင်းတွေ ထသွားစေတယ်။ အားမာန်အပြည့်နဲ့ လှမ်းလာခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့ မျက်နှာမှာ ပင်ပန်းဟန်မပြဘူး။ တိုင်းပြည်အကျိုး သယ်ပိုးခဲ့ရလို့ ဂုဏ်ယူနေကြဟန်။ ထိုထိုသော သူရဲကောင်း များက ဇနီးမယား၊ သမီးသားများနဲ့ ပြန်လည်ဆုံတွေ့ရချိန်မှာ မမာနိုင်တဲ့နှလုံးသားက မျက်ရည်စတွေ စီးကျလာစေတယ်။ သူတို့တွေလည်း လူသားတွေမဟုတ်လားလေ။

“ဟေ့ ငါ့တူ”

အပြန်လမ်းမှာ ခေါ်သံကြားလို့ မယ်ခင်ရော၊ သူပါ လှည့်ကြည့်လိုက်တယ်။ ဘဝင်းမောင်ပဲ။ သူတို့ဆီကို ခပ်သွက်သွက်ကြီး လျှောက်လာနေတာ။ မျက်နှာအထက်က အပြုံးလှလှကလည်း အိုဇာတာကြောင့် တွန့်လိမ်နေတဲ့ ပါးရေနားရေတွေကိုတောင် ပြန့်ပြူးသွားစေတယ်။

“ဘဝင်းမောင်လဲ လာကြိုတာလား”

“ဒါပေါ့ကွ… ဒါဟာ ဒို့တွေ မျှော်လင့်နေတဲ့အချိန်ပဲလေ၊ လာကြိုရတာပေါ့”

ဘဝင်းမောင်က မာန်အပြည့်နဲ့ ပြန်ဖြေတယ်။ ခြေလှမ်းတွေက အရွယ်နဲ့မလိုက် သွက်လွန်းနေ လို့ သူနဲ့မယ်ခင် မနည်းမီအောင် လိုက်နေရတယ်။

“တပ်မတော်ကတော့ တော်တော်လေး အခြေအနေကောင်းနေပြီ”

ဘဝင်းမောင်က ရှေ့ကို မျှော်ကြည့်ရင်း ပြောတယ်။ သူ နားမလည်စွာနဲ့ ဘဝင်းမောင်ကို ကြည့် ပြီး “ဘာလို့တုန်း”လို့ မေးလိုက်တယ်။ ဘဝင်းမောင်က သူ့ကို ကြည့်တယ်။ ဒါလေးတောင် မသိဘူး လားဆိုတဲ့ သဘော။

“ဒီရက်ပိုင်း နယ်မြေအနှံ့က တပ်မတော်သားတွေ နောက်တန်းပြန်ဝင်နေကြတာ ငါ့တူ သိမယ် ထင်တယ်”

“ဟုတ် သိပါတယ်”

“အေး အဲဒါဟာ သတင်းကောင်းပဲပေါ့ကွ၊ နောက်တန်းပြန်ဝင်တယ်ဆိုတာ အောင်ပွဲရလို့ ပြန် ဝင်နိုင်တာပေါ့ မဟုတ်ဘူးလား၊ ပြီးတော့ အချိန်းအပြောင်းလုပ်နိုင်တဲ့ အင်အားလဲ တပ်ဘက်မှာ ရှိနေပြီလို့ ဆိုလို့ရတယ်”

ဒီလောက်ကြီးတော့ သူ မတွေးမိတာ အမှန်ပါပဲ။

“တပ်ဘက်မှာ ဒီလိုတွေ မြင်တွေ့ရတာ ဘကြီးတော့ အားရတယ်၊ မင်းတို့ ငါတို့ မျှော်လင့်နေတဲ့ အေးအေးချမ်းချမ်း နေ့ရက်တွေ ရောက်လာတော့မှာပါ၊ ငါတို့ပြည်သူတွေရဲ့ တောင်းဆုတွေ ပြည့်တဲ့နေ့ ရောက်လာတော့မှာပါ၊ ဝမ်းသာတယ်… ဝမ်းသာတယ်ကွာ”

ဘဝင်းမောင်ရဲ့ စကားအဆုံးမှာ နေမင်းဟာ တိမ်တောင်တိမ်လိပ်များနောက် ဖုံးကွယ်သွားတာ ကြောင့် ကမ္ဘာတစ်ခွင် အေးချမ်းလို့ သွားပါတော့တယ်။


(၂၃-၄-၂၀၂၆)
Facebook 👉👉👉 https://www.facebook.com/profile.php?id=61588449317218
1,510009
ကိုလူပျို logo
ကိုလူပျို

02:50 24 thg 4, 2026

Photo
ပြည်သူတွေရဲ့ တောင်းဆုနေ့ရက်
====================

မယ်ခင် ခေါ်လို့ လိုက်ခဲ့ရတယ်ဆိုပေမယ့် အစကတည်းက သူကိုယ်တိုင် သွားချင်ခဲ့တာပါ။ ငယ်ကတည်းက စစ်သားတစ်ယောက် ဖြစ်ချင်ခဲ့တာမဟုတ်လားလေ။ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်ခဲ့ရပေမယ့် စစ်သားဘဝကို သူ ခုံမင်နေတုန်း။ စစ်သားတွေကို သူ လေးစားနေတုန်းပါ။
1,390002
ကိုလူပျို logo
ကိုလူပျို

02:50 24 thg 4, 2026

ကြည်နူးစေသူ
=========

လရောင်မရှိတော့ ညအမှောင်က ချက်ချင်းကျလာတယ်။ အိမ်ရောက်ဖို့ ခရီးလမ်းက အတော် လေး လိုပါသေးတယ်။ လက်ဆွဲခြင်းက ထွေထွေထူးထူးဘာမှမပါပေမယ့် ကြာလာတော့လည်း လေး လာပါတယ်။ ခြေထောက်တွေ ညောင်းလာတာနဲ့ လမ်းဘေးမှာ ခဏထိုင်ပြီး နားလိုက်တယ်။ အသက် အရွယ်က စကားပြောလာတော့ လမ်းကြာကြာ မလျှောက်နိုင်ပြန်ဘူး။
ဒီအချိန်မှာပဲ ကားလေးတစ်စီး သူမအနားမှာ ညင်ညင်သာသာ ရပ်လာရှာတယ်။ သတိမမူဘဲ ကိုယ့်အမောကို ဖြေနေပေမယ့် ကားပေါ်က လူငယ်လေးကတော့ သူမအနား ဆင်းလျှောက်လာပါ တယ်။

“အန်တီ ဘယ်သွားမှာပါလဲ၊ ကျွန်တော်လိုက်ပို့ပေးပါ့မယ်”

အပြုံးချိုချိုနဲ့ စကားအေးအေး ကြားလိုက်တော့ အမောတွေ အလိုလို ပြေသွားသလိုရှိရဲ့။ ခေတ်ကာလအနေအထားအရ လူတိုင်းကို မယုံရဘူးဆိုပေမယ့် ဒီလူငယ်ကတော့ ယုံကြည်စရာ ကောင်းလောက်အောင် ရည်မွန်လို့နေပါတယ်။ မသိစိတ်က ယုံကြည်စေလာတာကြောင့် လူငယ်ရဲ့ အဆိုကို သူမ မငြင်းလိုက်လေဘူး။ ခြေထောက်တွေကလည်း ဆက်လျှောက်နိုင်စွမ်းမရှိလောက် အောင် ညောင်းကိုက်လို့နေပါပြီ။

“ကျေးဇူးပါပဲကွယ်၊ အန်တီ့အိမ်က ရှေ့နားလေးဆို ရောက်ပါပြီ”

ရှေ့နားလေးဆိုပေမယ့် မမြင်ရတဲ့အထိ ဝေးကွာလို့ နေပါသေးတယ်။ လမ်းလျှောက်မယ်ဆိုရင် အတော်လေး လျှောက်ရဦးမှာပါ။ လူငယ်က အပြုံးမပျက် သူမရဲ့ လက်ဆွဲခြင်းငယ်ကို ကားပေါ် တင်ပေးပါတယ်။ သူမ တက်လှမ်းဖို့ကိုလည်း ကားတံခါးကို တရိုတသေ ဖွင့်ပေးရှာတယ်။ ဒီခေတ်ထဲ မှာ ဒီလိုရည်ရည်မွန်မွန်လူငယ်လေးတွေ ရှိနေသေးတာကို ဂုဏ်ယူမဆုံး ဖြစ်မိတယ်။ မြန်မာဆိုတာ အစဉ်အလာ မပြတ်သေးပါဘူးလို့လည်း စိတ်ထဲကနေ ပြောဆိုမိသေးရဲ့။ ကားထဲမှာ သန့်ပြန့် မွှေးကြိုင်နေတော့ စိတ်ကို ရွှင်လန်းသွားတာပါပဲ။ လူငယ်က ရေဘူးလေး ကမ်းပေးတော့လည်း သူမ သောက်လိုက်တာပါပဲ။

“သားက ဘယ်သွားမှာလဲကွဲ့”
“ရှေ့တစ်ရွာကျော်ကိုပါ အန်တီ၊ ကျွန်တော်က အဲဒီရွာကပါ”
“ဪ ဟုတ်လား၊ အန်တီက ရှေ့ရွာကလေ… ငယ်ငယ်ကတော့ သားတို့ရွာဘက်တွေ ရောက်ဖြစ်ပါရဲ့၊ အခုတော့ မရောက်ဖြစ်တာ ကြာပါပြီ”
“ဒါဆို ဦးတင်မောင်တို့၊ ဒေါ်ချောစိန်တို့ကို အန်တီ သိမှာပေါ့”
“သိတာပေါ့၊ အန်တီတို့နဲ့ ကျောင်းနေဖက်တွေလေ”
“ကျွန်တော်က ဦးတင်မောင်နဲ့ ဒေါ်ချောစိန်တို့ရဲ့ သားပါ”

သူမ ပါးစပ်အဟောင်းသားဖြစ်သွားရတဲ့အထိ အံ့အားသင့်သွားရတယ်။ ဒေါ်ချောစိန်ဆိုတာ သူမနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေပါ။ သို့ပေမယ့် အသက်တွေကြီးလာပြီး သားတွေသမီးတွေနဲ့ ဖြစ် လာတဲ့အခါ မတွေ့ဖြစ်ကြတော့ပါဘူး။

“ဟုတ်လား… သားမေမေနဲ့ အန်တီက သူငယ်ချင်းတွေပါ၊ အင်မတန်လဲ ရင်းနှီးကြပါတယ်၊ အသက်တွေကြီးလာလို့သာ မတွေ့ဖြစ်ကြတာ၊ နေကောင်းရဲ့မဟုတ်လား၊ အန်တီက မေးတယ် ပြောလိုက်ပါဦး”
“ဟုတ် ပြောလိုက်ပါ့မယ် အန်တီ၊ အမေတို့ နေကောင်းကြပါတယ်၊ ကျွန်တော် ပြန်ရောက် တော့ အမေ ပျော်နေတော့တာပဲ အန်တီ”
“သားက ဘယ်သွားလို့လဲ”
“ကျွန်တော် ပြည်သူ့စစ်မှုထမ်း သွားရတယ်လေ အန်တီ၊ ပြန်ရောက်တာ မကြာသေးဘူး”
“ဪ ဒါကြောင့် သားကို မြင်ကတည်းက တစ်ခုခု ထူးခြားနေပါတယ် အောက်မေ့တာ၊ သားက ပြည်သူ့စစ်မှုထမ်းကိုး”
“ဘာများထူးခြားလို့တုန်း အန်တီရဲ့၊ ဆံပင်လဲ ဒီလောက်ကြီး တိုမနေပါဘူး”
“အင်း… ဘယ်လိုပြောရမလဲ၊ သားကို မြင်ကတည်းက အန်တီ့စိတ်ထဲ အလိုလို ယုံကြည်သွား စေခဲ့တယ်၊ သားရဲ့ ဟန်ပန်အမူအရာ၊ ပြောပုံ ဆိုပုံက လူကြီးလူကောင်းဆန်တယ်၊ ဟန်ဆောင်နေ တာမျိုး မဟုတ်ဘူး၊ တခြား ထူးခြားတာတွေလဲ ရှိပါသေးတယ်၊ အန်တီ မပြောတတ်လို့၊ ပြည်သူ့စစ်မှု ထမ်းဆိုကတည်းက အန်တီတို့တွေ အလိုလို လေးစားပြီးသားပါ၊ ရှေ့နားဆို အန်တီ့အိမ် ရောက်ပါပြီ”

အိမ်နားရောက်တော့ လူငယ်က ကားကလေးကို ညင်သာစွာ စက်ရပ်လိုက်ပြီး သူမ ဆင်းဖို့ အတွက် ကားတံခါးကို ဖွင့်ပေးရှာတယ်။ လက်ဆွဲခြင်းလေး ကိုင်ပြီး သူမရှေ့က အမြန်သွားလို့ အိမ်ရှေ့ မှာ ချပေးရှာတယ်။ ခါးကလေးကိုင်းပြီး နှုတ်ဆက်ထွက်သွားရှာတဲ့ လူငယ်လေးရဲ့ အပြုအမူက သူမရဲ့ အမြင်အာရုံထဲမှာ စွဲထင်ကျန်ရစ်စေခဲ့တယ်။ ရင်ထဲမှာလည်း ကြည်နူးစေခဲ့ပါတယ်။

ဪ… ပြည်သူ့စစ်မှုထမ်းကောင်လေးတဲ့လားလေ။


(၂၂-၄-၂၀၂၆)
Facebook 👉👉👉 https://www.facebook.com/profile.php?id=61588449317218
1,5600014

Showing 30 of 37 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram ကိုလူပျို nói về gì?+

ကိုလူပျို (@kolupho26) là kênh Telegram thuộc danh mục Bài học cuộc sống trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 519 người đăng ký trên tgdio.

Làm sao để tham gia ကိုလူပျို (@kolupho26)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @kolupho26 miễn phí.

ကိုလူပျို có phải kênh Bài học cuộc sống tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của ကိုလူပျို trước khi tham gia. Hiện có khoảng 519 người đăng ký trên tgdio. So sánh với các kênh Bài học cuộc sống tương tự.

Xem thống kê và bài đăng ကိုလူပျို ở đâu?+

Trên tgdio, mở trang @kolupho26 để xem thống kê, xếp hạng, đánh giá và bài đăng.