
ငါအရင်လိုဘာမှမသိတဲ့ကလေးတစ်ယောက်မဟုတ်တော့ဘူးတဲ့
ကိုယ်ဘာတွေလုပ်နေလဲဆိုတာ ဘယ်သူ့ကိုမှမပြောပြတော့ဘူး
ကိုယ့်အိပ်မက်တွေအကြောင်း မတိုင်ပင်ဖြစ်တော့ဘူး။
တစ်ချို့သူတွေဖြစ်စေချင်သလို မပူလောင်တော့ဘူး။
ကိုယ်နဲ့မဆိုင်ရင်ပြုံးပြုံးလေးနဲ့ငြင်းပယ်တတ်လာတာကြောင့်
ကိုယ့်ကို အရင်လိုသဘောမကျတော့တာလည်းနားလည်တယ်။
စိတ်ထဲထည့်မနေတော့ပဲသန်မာအောင်နေတယ်
ကိုယ့်ကိုတန်ဖိုးထားတဲ့လူတွေနဲ့ ရပ်ဝန်းလေးမှာပဲ
နေတတ်လာတတ်တယ်။
ကံကောင်းခြင်းတွေဆိုတာ ကိုယ့်စိတ်ကလေးအကြည်ဓာတ်ရှိနေသရွေ့ ကိုယ့်ဆီမှာရှိနေပါလိမ့်မယ်လေ
#lavenderpan -လာဗန်ဒါပန်
14.10.2026









