ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း Telegram channel photo

ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

@legalserviPublic Channel

ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း shares Tin kinh doanh updates and media on Telegram. Join to stay updated.

Tin kinh doanhTiếng ViệtViệt Nam

553

Last views

1.8k (1,849 subscribers)
Thành viên
—
Rating
20
Total Posts
Oct 23, 2026, 7:03 AM
Cập nhật
Apr 10, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
Username@legalservi
CategoryTin kinh doanh
LanguageTiếng Việt
CountryViệt Nam
Thành viên1,849
Channel TypePublic Channel
Created10 thg 4, 2026
Last Updated23 thg 10, 2026 • 12 giờ trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#290905-18103
Xếp hạng ngôn ngữ
#5379-341
Xếp hạng danh mục
#4710-280

Tăng trưởng người đăng ký

Tổng cộng: 1.8K30 Days growth: -201.1%
09/2409/2910/0410/0910/1410/1910/23
Tăng trưởng người đăng ký - 30 Days
DateSubscribers
24:09:20261,869
25:09:20261,869
26:09:20261,869
27:09:20261,869
28:09:20261,869
29:09:20261,869
30:09:20261,869
01:10:20261,869
02:10:20261,869
03:10:20261,869
04:10:20261,869
05:10:20261,869
06:10:20261,869
07:10:20261,869
08:10:20261,869
09:10:20261,869
10:10:20261,869
11:10:20261,869
12:10:20261,869
13:10:20261,869
14:10:20261,869
15:10:20261,853
16:10:20261,853
17:10:20261,853
18:10:20261,853
19:10:20261,853
20:10:20261,853
21:10:20261,853
22:10:20261,853
23:10:20261,849
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 06:04:20262,005
Week of 13:04:20262,002
Week of 20:04:20262,002
Week of 27:04:20261,985
Week of 04:05:20261,985
Week of 11:05:20261,985
Week of 18:05:20261,967
Week of 25:05:20261,967
Week of 01:06:20261,967
Week of 08:06:20261,967
Week of 15:06:20261,967
Week of 22:06:20261,967
Week of 29:06:20261,915
Week of 06:07:20261,915
Week of 13:07:20261,915
Week of 20:07:20261,915
Week of 27:07:20261,915
Week of 03:08:20261,883
Week of 10:08:20261,883
Week of 17:08:20261,874
Week of 24:08:20261,875
Week of 31:08:20261,875
Week of 07:09:20261,869
Week of 14:09:20261,869
Week of 21:09:20261,869
Week of 28:09:20261,869
Week of 05:10:20261,869
Week of 12:10:20261,853
Week of 19:10:20261,849
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20262,002
May 20261,967
June 20261,967
July 20261,915
August 20261,875
September 20261,869
October 20261,849
Tăng trưởng người đăng ký - Yearly
DateSubscribers
20261,849

Top 10 posts

Most viewed posts from this channel

By views
  1. #1Post #3461.5K
  2. #2ဂရန်ခွဲစိတ်ဝယ်ယူမည့်သူများ သတိထားရမည့် အချက်[ ၁ ] ချက်1.4K
  3. #3မြေပုံနှင့် မြေရာဇဝင် (ပုံစံ ၁၀၅/၁၀၆) အရေးပါပုံ1.3K
  4. #4Post #3421.2K
  5. #5#ဘဏ်ချိတ် ဖြင့်ဝယ်ယူမည်ဆိုပါက သိထားသင့်သည့်အချက် ၃ ချက်1.2K
  6. #6နူတ်ကျန်ဂရန် ဝယ်မည်ဆိုပါက သတိထား-1.1K
  7. #7Post #3301.1K
  8. #8အိုးအိမ်တိုက်ခန်းဝယ်ပြီး Owner Book အမည်ပေါက်ရချင်သူများ အတွက်1.0K
  9. #9Post #3291.0K
  10. #10Post #3441.0K

Bài đăng gần đây

ပါမစ်မြေအကြောင်း အပိုင်း [၁]
====================

ရန်ကုန်မြို့တော်မှာ ပါမစ်မြေဝယ်တော့မည် (သို့) ဝယ်ယူပြီးသူတိုင်း ပါမစ်မြေအကြောင်းကိုတော့ သိရှိနားလည်းထားဖို့ လိုအပ်ပါတယ်---

ပါမစ်မြေဆိုတာ ရှင်းရှင်းပြောရရင် အာဏာပိုင်အဖွဲ့အစည်းများ၏စီမံမှုဖြင့် မြို့သစ်ကွက်များ ဖော်ထုတ်ကာ နိုင်ငံဝန်ထမ်းနှင့် အိမ်ရာမဲ့ပြည်သူများ/ မြေသိမ်းအက်ဥပဒေနှင့်အညီ မြေသက်ဆိုင်သူများက နိုင်ငံတော်ထံ မြေကို ပြန်လည်စွန့်လွှတ်ပြီး လျှော်ကြေးငွေအစား မြေကွက်အစားထိုးရရှိသူများ အတွက် မြေအ သုံးချရန် ခွင့်ပြုချက် (Permit)ပင် ဖြစ်ပါတယ်။ ဒေသအလိုက် မြေပေးမိန့်၊မြေချပါမစ် စသည့် အခေါ်အဝေါ်များ မတူညီကြပါ။

ရန်ကုန်မြို့တော်မှာ မြို့သစ်ကွက်များ ဖော်ထုတ်၍ မြေနေရာ ချထားပေးခြင်းလုပ်ငန်းများကိုတော့ အိုးအိမ်ဦးစီးဌာနက ဆောင်ရွက်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုကလည်းဆောင်ရွက်ပေးပါတယ်။ အခြားနယ်မြို့များမှာတော့ အိုးအိမ်ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဌာနဆိုင်ရာ အရာရှိအချို့နှင့် မြို့မိမြို့ဖအ ချို့တို့ဖြင့် မြို့ကွက်သစ်ဖော်ထုတ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး အကောင် အထည်ဖော်ဆောင်ရွက်စေခဲ့ကြပါတယ်။

ရန်ကုန်မြို့တော်မှာ မြို့သစ်ကွက်ဖော်ထားသည့် ဥပမာ-ဒဂုံ (၄) မြို့နယ်- မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း စသည့်မြို့နယ်တွေဟာ ( ၁၉၉၀ ) ခုနှစ်နောက်ပိုင်းမှ ထုတ်ပေးသည့် ပါမစ်များတွေ့ရှိရတတ်ပါတယ်။

ပါမစ် ဆိုတာဟာ မြေနေရာချထားတဲ့အမိန့်သာ ဖြစ်ပါတယ်၊ တရားဝင် မြေအ သုံးပြုခွင့်အမိန့်၊ မြေပိုင် ဆိုင်ခွင့်အမိန့် မဟုတ်ပါဘူး။

ပါမစ်မြေကို မြေငှားဂရန်လျှောက်ယူထားခြင်းမပြုဘဲ အသုံးပြုထားပါက ယင်းမြေသည် စနစ်တကျကျူးကျော်မြေ/ ယာယီအသုံးပြုရန် အသိအမှတ်ပြုထားသည့်မြေ (Recognize Squatter) ပါပဲ။
ဂရန်လျှောက်ဖို့ဆိုရင်လည်း မိမိရရှိသည့်ပါမစ်မြေက မြို့ နယ် နယ်နမိတ်အတွင်းသို့ ထည့်သွင်းထားပြီး၊ မြို့မြေပုံနှင့် မြို့မြေစာရင်းများ ပေါ်လာမှသာ (စီမံခန့်ခွဲပိုင်ခွင့်မြေ/ Disposal Land) အဖြစ်ရောက်ရှိလာပါမည်။

ဒါဖြင့်ရင် ပါမစ်မြေဟာ ရောင်းခြင်း ဝယ်ခြင်း ပြု လုပ်လို့မရဘူးလားလို့ မေးရင်..... ရပါတယ်။ အရပ်ကတိစာချုပ်နဲ့ ရောင်း ဝယ်နေကြပါတယ်။ ဒီလိုတွေ လုပ်နေကြတော့ အစိုးရအနေနဲ့ရရှိမယ့် အခွန်အခ (ဝယ်ခွန်၊ ရောင်းခွန်၊ တံဆိပ် ခေါင်းခွန်) များစွာ ဆုံးရှုံးရပါတယ်။
-------------------------------------------------------------------------------------------------------
(၂၀၂၄ ခုနှစ် (၇)လပိုင်း (၂၉) ရက် နောက်ပိုင်းမှစ၍ ရန်ကုန်မြို့မှာကတော့ ပါ မစ်ကနေ ဂရန်လျှောက်မည်ဆိုပါက ပါမစ်အမည်ပေါက်သူမှ အပ အရပ်ကတိ စာချုပ်တွေနဲ့ ဝယ်ယူသူတွေအနေဖြင့် ဂရန်လျှောက်ထားခြင်းအား ယနေ့အချိန်ထိ ရပ်ဆိုင်းထားပါတယ်။)

🚫Pls Do Not Copy🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417
#ပါမစ်
#အိမ်ခြံမြေ
#ဂရန်
553008
Struckoff အဆင့်ရောက်ရှိနေသော company များအားမြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၁ ( စ )အရကင်းလွတ်ခွင့်ပြန်လည်လျှောက်ထားခြင်း..
==================================================

DICAတွင်နှစ်စဉ်အစီရင်ခံစာ (AnnualReturn) တင်ပြရန် ပျက်ကွက်ခဲ့သည့်ကုမ္ပဏီများအနေဖြင့် Struck Off အခြေအနေမှRegistered ပြန်လည်ရရှိရန် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ အောက်ပါအတိုင်းဖြစ်ပါသည်။

မိမိတို့ DICA Accountမှ Z2 formလိုအပ်ပါမည်။

Z2form ရရှိပါက ကုမ္ပဏီလိပ်စာတည်ရှိသောသက်ဆိုင်ရာခရိုင်တရားရုံးတွင် တရားမ အထွေထွေမှု -ကုမ္ပဏီများ ဥပဒေပုဒ်မ -၄၃၁(စ) အရ ကင်းလွတ်ခွင့်လျှောက်ထားရပါမည်။

တရားရုံးမှအမိန့်ရပါက Myco DICAတွင် အမိန့်စာပူးတွဲတင်ပြကာRegistered company အဖြစ်သို့ပြန် လည်ရရှိနိုင်ပါမည်။

#Struck-off ဆိုတာက ဘာလဲ

အောက်ပါလင့်မှာ အသေစိတ်👇

https://www.facebook.com/share/p/18LPBxex1z/

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417
773001
ဂရန်ခွဲစိတ်ဝယ်ယူမည့်သူများ သတိထားရမည့် အချက်[ ၁ ] ချက်
=========================================

ဂရန်မြေ ခွဲစိတ် ပေ (၄၀×၆၀) မှ ပေ (၂၀×၆၀) ခွဲစိတ်ဝယ်ယူမည့်သူများ-

မိတ်ဆွေတစ်ဦးက ဂရန်ခွဲစိတ်ဝယ်ယူမှာမို့ ဆရာရေ လာရောက်ဆောင်ရွက်ပေးရန် ဖုန်းဆက်လာပါသဖြင့် အရောင်းအဝယ်ပြုလုပ်မည့် ဝင်းမြေဆီသို့ ပုဂံလုံးစီး ၍ အမြန်ဆုံး နှင်းမောင်းလိုက်ပါတော့တယ်။

အဲ့ရောက်တော့ ရောင်းသူ/ဝယ်သူ နှင့် အကျိုးဆောင်များမှ ခရီးစီးကြိုကြကာ စကားစမြည်းလေးတွေပြော၍ စာရွက်စာတမ်းများ စစ်လိုက်ပါတော့တယ်။

ပြသနာက အခုမှစတွေ့တော့တယ် ဂရန်စာရွက်ပေါ်မှာက ပေ (၄၀×၆၀) စတုရန်ပေ (၂၄၀၀) ပေါ့။ သို့သော် မြေပြင်မှာက ပေ (၄၃× ၆၀) ဖြစ်နေပြီး အဲ့ထဲမှ ပေ (၂၀× ၆၀) ခွဲရောင်းပါမည်။ ပိုနေတဲ့ ၃ ပေ သည် BDS ခေါ် လမ်းကြားမြေ (စည် ပင်ပိုင်) မြေဖြစ်နေပါတယ်။ ယင်း ၃ ပေ အပါအဝင် ပေ (၂၃ × ၆၀) ပေါ်မှာ ခိုင် မာတဲ့ အဆောက်အဦ ဆောက်ထားတာ တွေ့ရှိထားပြီး တစ်ခြမ်းဖြစ်သည့် ပေ (၂၀ × ၆၀) အား အရောင်းအဝယ်ပြုလုပ်ကြပါမည်။

စာရွက်စာတမ်းနှင့် ပိုင်ဆိုင်မူကလည်း ကင်းရှင်းပါသော်လည်း အရောင်းအဝယ်တော့ အထ မမြောက်ဖြစ်၊ ပွဲပျက်သွားတယ် ခေါ်ပါတော့။ ဘာကြောင့်လဲ ဆိုတော့------

BDS လမ်းကြားမြေ/ စည်ပင်ပိုင်မြေ ၃ ပေပေါ်မှာ ခိုင်မှာသည့် အဆောက်အဦ ဆောက်လုပ်ထားသဖြင့် မိမိအမည်ပေါက်ရရှိဖို့ရန် ဂရန်ခွဲပြုလုပ်သည့်အချိန်မှာ အရမ်းခက်ခဲသွားပါမည်။

- ယင်း ၃ ပေအား ရောင်းချသူမှ မြေပိုအနေဖြင့် လျှောက်မှာလား။ (သို့မဟုတ်)
- ၃ ပေပေါ်တွင် ဆောက်ထားတဲ့ အဆောက်အဦကို ဖျက်ပေးမှာလား။

အထက်ပါ အချက် ၂ ချက်အား ရောင်းသူက မဆောင်ရွက်ပေးနိုင်ရင် ဂရန်ခွဲစိတ်ပြုလုပ်ရန်အတွက် တိုင်းခွဲ/ ဦးပိုင်ခွဲစိတ်အဆင့်မှာပင် ရပ်စဲနေလိမ့်မည့် ရှေ့ဆက် ရန် အလားအလားမရှိတော့ပါ။

စာဖတ်မိတ်ဆွေများ ကျန်းမာရွှင်လန်းကြပါစေ🙏

🚫Pls Do Not Copy🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

09 986 252 417

#ဂရန်မြေ
#အိမ်ခြံမြေ
#ဂရန်ခွဲစိတ်
1,3500012
နူတ်ကျန်ဂရန် ဝယ်မည်ဆိုပါက သတိထား-
===========================

(၂) ပူးတွဲပိုင် ဂရန်မြေကို အပြန်အလှန်စွန့်လွှတ်စာချုပ်ပြုလုပ်ကြပြီး တစ်ဖက် သတ် ဂရန်ခွဲထွက်သွားမည်ဆိုပါက ကျန်တဲ့အခြမ်းသည် "နူတ်ကျန်ဂရန်"လို့ ဆို ရပေမည်။

ပေ (၄၀×၆၀) ဂရန်မြေအား A နှင့် B သည် ပူးတွဲပိုင်ဆိုင်ထားပါစို့။

ပေ (၂၀×၆၀) စီ ခွဲကြမည်ဆိုပါက A ကလည်း B ရယူမည့်အခြမ်းဘက်ကို စွန့်လွှတ်ရပေမည်။ ထိုနည်းတူစွာ B ကလည်း A ရယူမည့်အခြမ်းဘက်ကို စွန့်လွှတ်ရပေမည်။ ဒါ့ကြောင့် အပြန်အလှန်စွန့်လွှတ်စာချုပ် ချုပ်ဆိုရမည်။

ယင်းစွန့်လွှတ်စာချုပ် ချုပ်ဆိုပြီးနောက် A နှင့် B (၂) ဦးတစ်ပြိုင်တည်း ဂရန်ခွဲထွက်မပြုလုပ်ဘဲ A ဆိုတဲ့ တစ်ဦးက ဂရန်ခွဲထွက်မည်ဆိုပါက ယင်းလူသည် ပေ (၂၀×၆၀) ဆိုတဲ့ ဂရန်ခွဲ စာအုပ်အသစ် တစ်အုပ်ရရှိသွားပါမည်။

ကျန်ရှိ B မှာတော့ မူလဂရန်စာအုပ်ပဲကျန်ရှိခဲ့ပြီး ယင်းစာအုပ်၏ ပထမစာမျက် နှာတွင် မင်နီဖြင့် ကန့်လန့်ဖြတ်ရေးသားမှတ်သားထားသည်မှာ---

[ A၊ B နှစ်ဦးတို့အနက်မှ အမည်ပေါက်တစ်ဦးဖြစ်သည့် B ထံမှ စွန့်လွှတ်စာချူပ်ကို့ အထောက်အထားပြု၍ A အမည်ဖြင့် ပေ (၂၀×၆၀) အား မြေကွက်အမှတ် (၁၂၁၄/ က) ဖြင့် ဂရန်ခွဲထုတ်ပေးပြီး ဖြစ်ပါသဖြင့်...(မူလအမည်ပေါက် A၊ B အမည်ဖြင့် ကျန်ဧရိယာ ပေ (၂၀×၆၀) အား မြေကွက်အမှတ် (၁၂၁၄/ခ) ဖြင့် ကျန်ရှိပါသည်)။ ]

အဆိုပါ နူတ်ကျန်ဂရန် ပေ (၂၀×၆၀) သည် A၊ B အမည်ဖြင့် ဆက်လက်ကျန်ရှိနေသေးကြောင်း ထင်ရှားမြင်သာပါသည်။

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417

🚫 Pls Do Not Copy 🚫

#နူတ်ကျန်ဂရန်
#ဂရန်မြေ
#အိမ်ခြံမြေ
1,0900011
#ဘဏ်ချိတ် ဖြင့်ဝယ်ယူမည်ဆိုပါက သိထားသင့်သည့်အချက် ၃ ချက်
=============================================

အိမ်ခြံမြေအား ဘဏ်ချိတ်ဖြင့်ဝယ်ယူမည် ဆိုပါက ရောင်းချသူ၊ ဝယ်ယူသူများအနေဖြင့် လိုအပ်သည့်စာရွက်စာတမ်းများအား မိမိချိတ်ဆက်မည့် ဘဏ်၏ သတ်မှတ်ထားသည့် စာရွက်စာတမ်း အထောက်အထားများပြသပေးရမည်ဆိုတာ အားလုံးနားလည်းကြပြီဆိုတော့ အထူးအထွေတင်ပြစရာမလိုတော့ပါဘူး။

ယခုတင်ပြသွားမှာကတော့---
ဘဏ်ချိတ်ဖြင့် အိမ်ခြံမြေဝယ်ယူမည်ဆိုပါက အောက်ပါအချက် (၃)ချက်များကိုတော့ သတိထားစေချင်ပါတယ်။

၁။ စရန်ငွေပေးပြီးနောက် အကြောင်းကြောင်းကြောင့် ဘဏ်မှ ချေးငွေမရရှိပါက မိမိအနေဖြင့် ကျန်ငွေအား ပေးချေနိုင်ရန် အင်အားရှိပါသလား။

၂။ ဆက်လက်ပေးချေရန်အင်းအားမရှိပါက ပေးချေထားသည့်စရန်ငွေ အဆုံးအ ရှုံးခံနိုင်ပါ့မလား။

၃။ ဘဏ်မှ ချေးငွေခွင့်မပြုပါက ပေးချေထားသည့်စရန်ငွေအား မဆုံးရှုံးစေရန် ရောင်းသူ/ဝယ်သူကြား ဘယ်လိုကတိကဝတ်တွေ ထည့်သွင်းချုပ်ဆိုထားသင့်မလဲ။

ဘဏ်ချိတ်နဲ့ပတ်သတ်၍ ဆရာ့ကိုယ်တွေ့လေး တစ်ဆက်တည်းတင်ပြပေးလိုက်ပါ့မယ်-

မိတ်ဆွေ​တစ်​ဦးက ဂရန်မြေအမည်ပေါက်သူထံမှ ဘဏ်ချိတ်ဖြင့် ဝယ်ယူမှာမို့ ရောင်းချသူထံမှ စာရွက်စာတမ်းများ စိစစ်ပေးရန် အကူအညီတောင်းခံလာသ ဖြင့် သွားရောက်၍ စစ်ဆေးရာ-

ပိုင်ဆိုင်မှု ခိုင်မာတယ်ဆိုပြီး စရန်စွတ်မချလိုက်ပါနဲ့။
-------------------------------------------------------------‐------
ပိုင်ဆိုင်မှုအနေဖြင့် ရောင်းသူ၏ ဂရန်အမည်ပေါက် ဖြစ်နေ၍ ပြဿနာမရှိပါ။

ပြဿနာက ဒီကစပါပြီ_ ရောင်းချသူ၏ ဂရန်မြေက ပေ (၄၀×၆၀) အနက်မှ ပေ (၁၀×၆၀) က အခြားသူအား ခွဲခြမ်းရောင်းချထားပြီး ၎င်းပိုင်ဆိုင်တဲ့ ပေ ( ၃၀ × ၆၀) ပေါ်မှာ ဆောက်ထားတဲ့ အဆောက်အဦးကို ဘဏ်ချိတ်နဲ့ ဝယ်မှာပါ။

သို့သော်ဂရန်ခွဲစိတ်အနေဖြင့်ပြုလုပ်ဖို့ကလည်း မရပါတော့ မူလအမည်ပေါက်သူကပဲ ပေ (၄၀×၆၀) ဂရန်ပဲဆက်လက်ကိုင်ဆောင်ထားပါတယ်။ ယင်းအခြေအနေအရ ဘဏ်က လုံးဝလက်မခံပါ။

ဘဏ်ချိတ်အနေဖြင့်အဆင်ပြေအောင် ပေ (၄၀× ၆၀) ဂရန်အား ရောင်းချသူက ပိုင်ဆိုင်ပါတယ်ဆိုပြီး ဝယ်ယူသူအမည်ပေါက်ပြောင်းလိုက်၍ ဘဏ်အား အာမခံအနေဖြင့် ပေးထားမယ်ဆိုင်ရင် ဘဏ်က လက်ခံမယ်သော်လည်း ပေ (၁၀×၆၀) ပိုင်ဆိုင်တဲ့တစ်ဖက်က လက်ခံပါ့မလား။

အကြံပြုချက်
------------------
အထက်ပါ အခြေအနေများကြောင့် မိတ်ဆွေအား အဆိုပါ ဂရန်မြေကွက်အား မဝယ်ယူရန် အကြံပြုလိုက်ပါတယ်။

🚫Pls Do Not Copy🚫

နှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ🙏

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

Tele Link -

Viber No- 09 986 252 417

#ဘဏ်ချိတ်
#homeloan
#အိမ်ခြံမြေ
#ဂရန်မြေ
1,210003
ဂရန်မြေဝယ်ယူမည်ဆိုပါက- သိရှိထားသင့်သည့် ဂရန်မြေပိုင်ရှင်များ။
=============================================
#ဂရန်မြေဆိုတာ-------

+ ဂရန်အမည်ပေါက်တိုင်း ပိုင်ရှင်လို့သတ်မှတ်လို့ရပါသလား။
+ ဂရန်အမည်မ​ပေါက်တိုင်း မြေပိုင်ရှင်မဟုတ်ဘူးလို့ သတ်မှတ်လို့ရပါသလား။
+ လက်ဝယ်ထားရှိတိုင်း မြေပိုင်ရှင်လို့ သတ်မှတ်လို့ရပါသလား။

ဂရန်မြေဝယ်ယူတော့မည်ဆိုပါက မိမိတို့အနေဖြင့် မဖြစ်မနေ ဖော်ပြပါပိုင်ရှင်များနဲ့ တွေ့ကြုံရပါလိမ့်မယ်။ ၎င်းတို့ထံမှ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူများအနေဖြင့် မိမိတို့အမည်ပေါက်ပြုလုပ်ရန် အဆင့်များအား တစ်ဆင့်ချင်း ရှင်းပြပေးသွားပါ့မယ်။

၁။ ဂရန်အမည်ပေါက်သူထံမှ တိုက်ရိုက်ဝယ်မလား။
၂။ ကိုယ်စားလှယ်ရရှိထားသူထံမှ ဝယ်မလား။
၃။ အမှတ်စဥ် ၁၊ ၂တို့ထံမှမဟုတ်ဘဲ၊ အမွေဆက်ခံရရှိသူများထံမှ ဝယ်ယူကြမလား။
၄။ အမှတ်စဥ် ၁၊ ၂၊ ၃ တို့ထံမှမဟုတ်ဘဲ၊အရပ်စာချုပ်အဆက် အစပ်နဲ့ ဝယ်ယူသူထံမှ ဝယ်ယူမလား။
၅။ မှတ်ပုံတင်စာချုပ်ဖြင့် အရောင်းအဝယ်စာချုပ်/ပေးကမ်းစာချုပ်/ စွန့်လွှတ် စာချုပ်ဖြင့်ပြုလုပ်ထားသူထံမှ ဝယ်ယူမလား။

1️⃣ အမှတ်စဥ် ၁ အနေဖြင့် ဂရန်အမည်ပေါက်သူထံမှ ဝယ်ယူမည်ဆိုပါက ဂရန်အမည်ပေါက်သူမှ ၎င်းကိုယ်တိုင် (က) အဆင့်ဆောင်ရွက်ရပါမည်။

(က) အရောင်းအဝယ်မြေပုံကူး။
(ခ) ရာဖြတ်ဌာနသို့ တင်ရမည့် လုပ်ငန်းစဥ်။
(ဂ) ရာဖြတ်ဌာနက သတ်မှတ်သည့် အခွန်နူန်းထားအတိုင်း မြန်မာ့စီးပွားရေးဘဏ်တွင် အခွန်ဆောင်။
(ဃ) အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်လုပ်ငန်စဥ်။
(င) ဂရန်အမည်ပြောင်းလုပ်ငန်းစဥ်။

2️⃣ အမှတ်စဥ် ၂ အနေဖြင့် ကိုယ်စားလှယ်ရရှိသူထံမှ ဝယ်ယူမည်ဆိုပါက ကိုယ် စားလှယ်ရရှိသူမှ ၎င်းကိုယ်တိုင်---
(၁) တရားရုံးကျမ်းကျိန်လွှာ (ကိုယ်စားလှယ်လွှဲစာသည် ယနေ့ချိန်ထိ ပြန်လည်ရုတ်သိမ်းထားခြင်းမရှိကြောင်း၊ လွှဲပေးသူသည် ယနေ့ချိန်ထိသက်ရှိထင်ရှားရှိကြောင်း)နှင့်အတူအထက်ပါ (၂) အမှတ်စဥ် ၁ ပါအတိုင်းဆောင်ရွက်ရပါမည်။

[မှတ်ချက်။ အခုလောလောဆယ် (GP/SP) ဖြင့် မြေပုံရေးကူးခြင်းအား ခတ္တယာယီပိတ်ပင်ထားပါတယ်။]

3️⃣ အမှတ်စဥ် ၃ အနေဖြင့် အမွေဆက်ခံခွင့်ရှိသူထံမှ ဝယ်ယူမည်ဆိုပါက ၎င်းကိုယ်တိုင်-

(၁) အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်အား မှတ်ပုံတင်ပြီးနောက် ၎င်းတို့အမည်ဖြင့် ဂရန်အမည်ပေါက်အရင်ပြု လုပ်ရပါမည်။ ထို့နောက် အထက်ပါ အမှတ်စဥ် ၁ ပါအတိုင်းဆောင်ရွက်ရပါမည်။

4️⃣ အမှတ်စဥ် ၄ အနေဖြင့် ဂရန်အမည်ပေါက်သူ(သို့) အမည်ပေါက်သူ၏အမွေဆက်ခံသူများ ဆက်သွယ်၍မရပါက-
(၁) တရားရုံး၏အနိုင်ဒီကရီရရှိအောင်ပြုလုပ်ရပေမည်။ ထို့နောက် တရားရုံးအာရှိအနေဖြင့် ဂရန်အမည်ပေါက်သူ၏ ကိုယ်စား----
(၂) အထက်ပါ အမှတ်စဥ် ၁ ပါအတိုင်းဆောင်ရွက်ရပါမည်။

🚫 Pls Do Not Copy🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417
732005
ဂရန်မြေကွက် ခွဲစိတ်ဝယ်ယူမည်ဆိုပါက မဝယ်ခင် သတိထားရမည့်အချက် (၄) ချက်
==================================================

အဲ့လို မြေကွက်ဝယ်ယူပြီး မိမိ၏ ဂရန်အမည်ပေါက် ဆောင်ရွက်မည်ဆိုပါက အ ခက်အခဲများမဖြစ်စေရန် အောက်ဖော်ပြပါ အချက် (၄) ချက်သတိထား-

၁။ အနည်းဆုံးစတုရန်ပေ (၁၂၀၀)၊ ပေ (၂၀ × ၆၀) ပြည့်ဖို့လို။

၂။ ကွက်ပျက်မဖြစ်သည့်မြေ ဖြစ်ဖို့လို။

ခွဲစိတ်မည့်မြေသည် "ပေ" ပြည့်သော်လည်း ခွဲစိတ်လို့ ကျန်ရစ်မည့်အခြမ်းသည် ကွက်ပျက်မဖြစ်သွားဖို့လိုအပ်ပါတယ်--- [ ကွက်ပျက်ဆိုတာ ပေ (၄၀ × ၆၀) အ နက် ပေ (၃၀ × ၆၀) အား ဂရန်ခွဲစိတ်မည်ဆိုပါက ပေ ( ၁၀ × ၆၀ )သာ ကျန်ရစ်မည့်အခြမ်းကို ဆိုလိုပါတယ်။

၃။ မြေပိုပေါ် ကျူးကျော်ဆောက်လုပ်ထားခြင်း မဖြစ်စေဖို့လို။

ခွဲစိတ်မည့်မြေ နှင့် ကျန်သည့်အခြမ်းကလည်း "ပေ" ပြည့်ကြသော်လည်း ခွဲစိတ်လို့ကျန်ရစ်မည့်အခြမ်း၏ ဆက်စပ်လျှက်ရှိသည့် အစိုးမြေ/စည်ပင်မြေပေါ် တွင် ကျန်ရစ်မည့်အခြမ်းပိုင်ရှင်က ကျူးကျော်၍ အခိုင်အမာအဆောက်အဦး ဆောက် လုပ်ထားပါက ဂရန်ခွဲစိတ်ဖို့ ခက်ခဲတတ်ပါတယ်။
ဘာကြောင့်ခက်သွားလဲဆိုရင် မြေတိုင်းမြေပုံ၊ တိုင်းခွဲ အတည်ပြုမြေပုံ အတွက် ကွင်းဆင်းစစ်ဆေးသည့်အခါ ကျန်ရစ်အခြမ်း၏ ပိုင်ရှင်သည့် အခြားမြေပေါ်တွင် ကျူးကျော်နေတယ်- ယင်းကျူးကျော်မူကို ဖယ်ရှားပေးမှ လုပ်ငန်းကဆက် လက်ဆောင်ရွက်လို့ရမှာဖြစ်နေလို့ပါ။

၄။ ဂရန်မူရင်းကိုင်ဆောင်သူမှ သက်ဆိုင်ရာဌာနသို့ လိုအပ်သည့်အချိန် လိုက်လံပြသ ဆောင်ရွက်ပေးနိုင်ဖို့လို။

အားလုံး ကျန်းမာရွှင်လန်းကျပါစေ🙏🙏🙏

🚫 Pls Do Not Copy🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
U Zin Lin Aung- Legal Service
09 986 252 417

#realestate
#အိမ်ခြံမြေ
#ဂရန်မြေ
#တိုက်ခန်း
#အိုးအိမ်တိုက်ခန်း
716008
#ပါမစ်ပျောက်ဖြင့်ဂရန်လျှောက်ထားရရှိထားသူများသတင်းကောင်း
============================================

ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားရရှိထားသူများသည် ယခင်ကာလအပိုင်းအ ခြားတစ်ခုတုန်းက မိမိပိုင်ဆိုင်သည့် ဂရန်မြေအား ပြန်လည်ရောင်းချရန်အတွက် အခက်အခဲ များစွာရှိခဲ့ကြပါတယ်။

အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာမြေယာဌာနမှ အရောင်းမြေပုံများ ရေးကူး ခွင့် ခေတ္တယာယီပိတ်ပင်ထားတော့ အရောင်းအဝယ် မဖြစ်ကြပါ။

ယခု မကြာမီ မြေယာဌာနမှ အရောင်းမြေပုံများ ရေးကူးခွင့် လက်ခံဆောင်ရွက်ပေးတော့ပါမည်ဖြစ်ကြောင်း....

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

09 986 252 417
898007
အိုးအိမ်တိုက်ခန်းဝယ်ပြီး Owner Book အမည်ပေါက်ရချင်သူများ အတွက်
=================================================

အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ရပါတယ်။ "နှစ်ဦးသဘောတူ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်" ချုပ်ရမှာပေါ့။

ပထမဦးစွာ အရောင်းအဝယ်မပြုလုပ်ခင်---

အရှုပ်အရှင်း ရှိ/မရှိတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသင့်ပါတယ်။ ထို့ ပြင်အိုးအိမ်မှာ ရှိ/ မရှိ စုံစမ်း ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ၊

ပိုပြီးသေချာအောင် လူသိရှင်ကြား သိအောင် မြန်မာ့အလင်း/ကြေးမုံ သတင်းစာကြော်ငြာလိုက်ပါ။

စာချုပ်ပြီးတာနဲ့ တိုက်ခန်းကို အရယူမယ်။ ကိုယ့်သော့နဲ့ ပြောင်းပြီး ခတ်မယ်။
ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီးဆောင် ရွက်ပေးဖို့ လိုပါတယ်။

တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ရတယ်။
--------------------------------------------------------------------
အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။

ဒီလိုလျှောက်မယ်ဆိုရင်တော့မိမိဝယ်ယူထားတဲ့အခန်းရဲ့ရှေ့တည့်တည့်က(၄-၆) ဓါတ်ပုံ(၁)ပုံ၊ ခေါင်းရင်းဘက်ခြမ်းကဓါတ်ပုံ(၁)ပုံ၊ ခြေရင်းဘက်ခြမ်းက ဓါတ်ပုံ(၁)ပုံစုစုပေါင်းဓါတ်ပုံ(၃)ပုံနဲ့တကွ ယာယီတိုက်ခန်းအရောင်းအဝယ် ကတိစာ ချုပ်ဝယ်ယူ/ရောင်းသူတို့ရဲ့မှတ်ပုံတင်/အိမ်ထောင်စုစာရင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်ရေးရုံးမှာအခွန်ထမ်းဆောင်ဖို့တင်ပြရပါတယ်။

အခွန်နှုန်းကတော့ -----

(၃%)ပဲဆောင်ရပါတယ်။မြေကွက်မဟုတ်တဲ့အတွက်..တံဆိပ်ခေါင်းဖိုး (၄%)မဆောင်ရဘူးလေ။

အခွန်ထမ်း ဆောင်ထားတဲ့ ပြေစာနှင့်အတူ ပိုင်ဆိုင်မူစာရွက်စာတမ်းများ ယူ ဆောင်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လျှောက်ထားရပါမည်။

ဌာနမှ ကွင်းဆင်းစစ်ဆေးခြင်း၊ သတင်းစာကြေညာထည့်သွင်းခြင်း ဆောင်ရွက်ပြီး ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ Owner Book အမည်ပြောင်းလဲပေးပါမည်။

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

အိုးအိမ်တိုက်ခန်း အမည်ပြောင်း ဝန်ဆောင်မှု

09 986 252 417

#ဥပဒေ
#အိုးအိမ်တိုက်ခန်း
#ဂရန်မြေ
#realestate
#တိုက်ခန်း
1,030009
မြေပုံနှင့် မြေရာဇဝင် (ပုံစံ ၁၀၅/၁၀၆) အရေးပါပုံ
================================

ရန်ကုန်မြို့မှာ ဂရန်၊ ဘိုးဘပိုင်မြေ စသည့်အိမ်ခြံမြေတို့အား အရောင်းအဝယ်ပြု လုပ်ကြမည်ဆိုပါက အရောင်းအဝယ်မြေပုံ ရေးကူးကြရပါတယ်။

မြေအရောင်းအဝယ်ပြုလုပ်ကြရင် အရောင်းမြေပုံကို ရောင်းချသူက တာဝန်ယူ၍ ရေးကူးခိုင်းလေ့ရှိတတ်ကြပြီး၊ ငွေပေးချေမူကိုလည်း (၄/၅) ကြိမ်လောက် ခွဲ၍ အောက်ပါအတိုင်း ငွေပေးချေကြလေ့ရှိတတ်ကြပါတယ်။

၁။ ပထမအနေဖြင့် စရံ၊
၂။ ဒုတိယအရစ်အနေဖြင့် သတင်းစာကြေငြာထည့်သွင်းပြီး ၁/၂ ပတ်ကြာချိန်။
၃။ တတိယအရစ်အနေဖြင့် အရောင်းအဝယ်မြေပုံထုတ်ပြီးချိန်။
၄။ စတုတ္ထ/ နောက်ဆုံးအရစ်အနေဖြင့် အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်ပြုလုပ်ပြီးချိန်။

ပထမအရစ်နှင့် ဒုတိယအရစ်ကိုတော့ ငွေအနည်းငယ် ပေးချေလေ့ရှိတတ်ကြပြီး အရောင်းအဝယ်မြေပုံနှင့်တကွ မြေနှင့် ပိုင်ဆိုင်မူစာရွက်စာတမ်းမူရင်းတွေ ဝယ် ယူသူလက်ထဲသို့ အပြီးအပိုင်လွှဲပြောင်းပေးအပ်ရင် တတိယအရစ်မှာ နောက်ဆုံးရစ်အတွက် ငွေအနည်းအငယ်သာချန်ပြီး အကုန်နီးပါး ပေးချေတတ်ကြပါတယ်။

ဘာကြောင့် တတိယအရစ်မှာ ငွေကို အကုန်နီးပါး ပေးချေကြသလဲဆိုတော အ ရောင်းမြေပုံ အရေးပါပုံလေး ပြောပြပါရစေ...

အရောင်းမြေပုံရေးကူးတဲ့အခါ- အရောင်းအဝယ်ပြုလုပ်ကြသည့် မြေဟာ

၁။မည်သူ မည်ဝါက ကန့်ကွက်မူတွေပြုလုပ်ထားခြင်း မူ ရှိ/မရှိ၊
၂။မြေရာဇဝင် ကင်းရှင်းမူ ရှိ/မရှိ၊
၃။ အရှုပ်အရှင်း ကင်းရှင်းမူ ရှိ/မရှိ
၄။ ရုံးတွင်းမိန့်ပြုလုပ်စရာ ရှိ/မရှိ
၅။ မြေငှားခ ကြွေးကျန် ရှိ/မရှိ

စသည့် အချက်များ သိရှိနိုင်ပါတယ်။ ယင်းအချက်များ ကင်းရှင်းမှသာလျှင် အရောင်းမြေပုံကို သက်ဆိုင်ရာဌာနမှ ထုတ်ပေးနိုင်မှာပါ။

စာဖတ်မိတ်ဆွေများအားလုံး ရွှန်လန်းချမ်းမြေ့ကြပါစေ🙏

မြေပုံ မြေရာဇဝင် ၁၀၅/၁၀၆ နမူနာအား Comment တွင် ကြည့်ရူ့နိုင်ပါတယ်။

🚫Pls Do Not Copy🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

U Zin Lin Aung- Legal Service

09 986 252 417

#ဂရန်မြေ
#အိမ်ခြံမြေ
#တိုက်ခန်း
#realestate
#ဥပဒေ
1,2700020

Showing 20 of 20 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း nói về gì?+

ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း (@legalservi) là kênh Telegram thuộc danh mục Tin kinh doanh trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 1.849 người đăng ký trên tgdio.

Làm sao để tham gia ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း (@legalservi)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @legalservi miễn phí.

ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း có phải kênh Tin kinh doanh tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း trước khi tham gia. Hiện có khoảng 1.849 người đăng ký trên tgdio. So sánh với các kênh Tin kinh doanh tương tự.

Xem thống kê và bài đăng ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း ở đâu?+

Trên tgdio, mở trang @legalservi để xem thống kê, xếp hạng, đánh giá và bài đăng.