ပုံပြင်ကမ္ဘာ Telegram channel photo

ပုံပြင်ကမ္ဘာ

@ponpyingabarPublic Channel

ပုံပြင်ကမ္ဘာ shares Sách nói (Audiobooks) updates and media on Telegram. Join to stay updated.

154

Last views

2k (1,968 subscribers)
Thành viên
—
Rating
34
Total Posts
Oct 15, 2026, 6:32 PM
Cập nhật
Apr 11, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameပုံပြင်ကမ္ဘာ
Username@ponpyingabar
CategorySách nói (Audiobooks)
LanguageTiếng Việt
CountryViệt Nam
Thành viên1,968
Channel TypePublic Channel
Created11 thg 4, 2026
Last Updated15 thg 10, 2026 • 6 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#276850-463
Xếp hạng ngôn ngữ
#5106-38
Xếp hạng danh mục
#1332+1

Tăng trưởng người đăng ký

Tổng cộng: 2.0K30 Days growth: -180.9%
09/1609/2109/2610/0110/0610/1110/15
Tăng trưởng người đăng ký - 30 Days
DateSubscribers
16:09:20261,986
17:09:20261,986
18:09:20261,978
19:09:20261,978
20:09:20261,978
21:09:20261,978
22:09:20261,978
23:09:20261,978
24:09:20261,978
25:09:20261,978
26:09:20261,978
27:09:20261,978
28:09:20261,978
29:09:20261,978
30:09:20261,978
01:10:20261,978
02:10:20261,978
03:10:20261,978
04:10:20261,978
05:10:20261,978
06:10:20261,978
07:10:20261,978
08:10:20261,978
09:10:20261,978
10:10:20261,978
11:10:20261,978
12:10:20261,978
13:10:20261,978
14:10:20261,978
15:10:20261,968
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 06:04:20261,830
Week of 13:04:20261,825
Week of 20:04:20261,825
Week of 27:04:20261,843
Week of 04:05:20261,843
Week of 11:05:20261,843
Week of 18:05:20261,867
Week of 25:05:20261,867
Week of 01:06:20261,867
Week of 08:06:20261,867
Week of 15:06:20261,867
Week of 22:06:20261,867
Week of 29:06:20261,895
Week of 06:07:20261,895
Week of 13:07:20261,895
Week of 20:07:20261,895
Week of 27:07:20261,895
Week of 03:08:20261,895
Week of 10:08:20261,928
Week of 17:08:20261,923
Week of 24:08:20261,971
Week of 31:08:20261,971
Week of 07:09:20261,986
Week of 14:09:20261,978
Week of 21:09:20261,978
Week of 28:09:20261,978
Week of 05:10:20261,978
Week of 12:10:20261,968
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20261,825
May 20261,867
June 20261,867
July 20261,895
August 20261,971
September 20261,978
October 20261,968
Tăng trưởng người đăng ký - Yearly
DateSubscribers
20261,968

Bài đăng gần đây

ကျွန်တော့် ချစ်သူ ရေသူ Ep 12


ထိုသို့ပြောလိုက်သော အခါ ရွယ်ကျူချင်တစ်ယောက် ဘာစကားမှ မပြောနိုင်လောက်အောင် ခေါင်းတယိမ်းထိုးဖြစ်သွားသည်။ထိုအချိန်‌တွင် တောတွင်းထဲမှာ မလို့ တစ်ချက်တစ်ချက် တိုက်သွားတဲ့ မုတ်သုံလေကြမ်းကြီးကလည်း မီးမွှေးထားသော မီးရဲ့အပူကို အနိုင်ယူတော့မည့်အလား။အေးစိမ့်သွားတော့သည်။အသက်ကို ပြင်းပြင်းဝအောင်ရှူလိုက်ပြီးတော့မှ တန်လျောင်းအား

" မင်းဆိုလိုချင်တာက ဘာကိုပြောတာလဲ မင်းမဟုတ်ဘဲနဲ့တစ်ခြားတစ်ယောက်လုပ်လိုက်တယ်လို့ပြောချင်တာလား"

လို့ ခက်သွက်သွက်မေးလိုက်သည်။သို့သော်အသံမှာတုန်ယင်နေသည်။ထိုအခါ တန်လျောင်းက ရွယ်ကျူချင်မျက်နှာကို ကြည့်ကာ တစ်ချက်ပြုံးပြလိုက်ပြီး

"မင်းကို ကိုယ်ပြောပြ‌ပါမယ် အစကနေ အတိတ်ကိုပြန်သွားရတော့မှာပေါ့ "

ထိုသို့ပြောပြီးသည်နင့်တစ်ပြိုင်နက် တန်လျောင်းရဲ့ အတိတ်သမိုင်းအား ပြောပြတော့သည်။

** ( ကိုယ်တို့က ရေသူတွေပေါ့ မင်းသိတဲ့အတိုင်းပေါ့ကွာ...အရမ်းပျော်ရွှင်ခဲ့ရတယ်..ကိုယ်တို့က ထူးခြားတဲ့ အစွမ်းတွေပိုင်ဆိုင်ထားကြတယ် ပြောရမယ်ဆို အကုန်လုံးလိုတရနေတော့တာပေါ့ကွာ...ပြီးတော့ ကိုယ်ကအဲ့ထဲမှာ အထူးခြားဆုံးပဲ
ဘာလို့လဲဆိုတော့ ကိုယ်က လူစကားပြောတက်တဲ့အပြင် ကိုယ့်ကို မွေးချိန်တုန်းက အရပ်လေးမျက်နှာမှာ လက်နက်ကြီးလေးခု ပေါ်ပေါက်လာခဲ့တယ်...အရပ်လေးမျက်နှာ အလယ်မှာက လက်နက်တစ်ခု ထပ်ပေါ်ပေါက် လာပြန်တယ်...
စုစုပေါင်းငါးခုပေါ့။အဲ့ငါးခုကို ကိုယ်တို့ အသက်ပြည့်မှ ထာဝရပိုင်ဆိုင်ကြမှာ။ စည်းမျဉ်းတွေကိုလည်းလိုက်နာရအုံးမယ် ။အဓိကတော့ ရသင့်ရထိုက်တဲ့သူပေါ့။.....
.......ဒါမဲ့ တစ်နေ့မှာ ကိုယ်တို့ရဲ့ပျော်ရွှင်နေတဲ့နေရာလေးကို ကိုယ်တို့နေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာနေတဲ့ ကိုယ့်နဲ့ တန်းတူရည်တူ အင်အားကြီးတဲ့ ရေသူတစ်ယောက်ရောက်လာတယ်။ဖြစ်ချင်တော့သူက မကောင်းဆိုးဝါးစေတန်ပေါ့။ရုပ်ပြောင်းရုပ်လွှဲကလည်းတက်သေးတယ်။ပြီးတော့ အရပ်လေးမျက်နှာမှာ ပေါ်လာတဲ့ နက်လက်အကြောင်း‌ ကြားကြားချင်း သူကချက်ချင်း ရောက်လာတာ။ပြီးတော့ သူက တစ်လကို ခြောက်ခါ လူစားလဲပစ်တယ်။ပြောရရင် လူကို သတ်ပစ်ပြီး သူ့အစွမ်းတွေ ပိုရဖို့အတွက် ယစ်‌ပူဇော်တာပေါ့။.......
ဒါမဲ့ သူနဲ့ကိုယ်နဲ့က ထူးခြားချက်တစ်ချက်ရှိတယ်။သူက လပြည့်ညမှာ သူရဲ့အစွမ်းတွေကို လုံးဝအသုံးပြုလို့မရဘူးးး။ကိုယ်ကကျတော့ လပြည့်ညမှာရပြီး လကွယ်ညကျမှ အစွမ်းတွေက အသုံးပြုလို့မရဘူး။အဲ့လို့လဲ ညတစ်ညမှာ
ကိုယ်တို့နေတဲ့ ပိုင်နက်ထဲကို သူကဝင်လာတယ်။အခု ဒီဂူကြီးပေါ့။သူ့အစွမ်းတွေကအရမ်းအင်အားကြီးနေတော့ ကိုယ်ကမယှဉ်နိုင်ခဲ့ဘူး။အကို့ရဲ့ အဖေနဲ့အမေက ကိုယ့်ကို ကာကွယ်ဖို့အတွက် ဒီဂူကြီးထဲမှာ ရေကန်တစ်ခု ဖန်ဆင်းပေးခဲ့တယ်။မကြာပါဘူး ကိုယ့်အဖေနဲ့အမေလည်းကျဆုံးသွားသလို ကိုယ်တို့ရဲ့ မိတ်ဆွေတွေပါကျဆုံးသွားတယ်။ကိုယ်တစ်ယောက်ပဲ ကျန်တော့တယ် ။ပြီးတော့ အဲ့ကောင်က ကိုယ်ရှိတဲ့ဂူထဲကို ဝင်လာတယ်။ဒါမဲ့ဝင်လာလို့မရဘူး။ဘာဖြစ်လို့လဲ ကိုယ်မသိ။ဒါနဲ့သူက ကျိန်စာတစ်ခုတိုက်ချပစ်လိုက်တယ်။ ''မင်းဒီဂူထဲကနေပြီးတော့ ရာသက်ပန်ထွက်လို့မရပါစေနဲ့.... မင်းတကယ်လို့အပြင်ကိုထွက်လို့ရသည် ရှိသော် တစ်ပြိုင်နက် မင်းခန္ဓာကိုယ်ဟာ ကျောက်ရုပ်တစ်ရုပ်ဖြစ်သွားပြီး ဟော့ဒီ့တောကြီးတစ်ခုလုံးလည်း ကပ်ဆိုဒ်ပါစေသား" အဲ့လိုကျိန်ခဲ့တာ ဒါနဲ့ကိုယ်ထွက်လို့မရခဲ့တာ နှစ်ပေါင်း ရာချီခဲ့ပြီ။အဲ့အကောင်ကျတော့ သူ့ကို ရွာသားတွေက လန့်လာလို့ ဒီတောကိုတားမြစ်တောလို့ ပြောပြီးမလာခိုင်းခဲ့ကြဘူး။
ဒါမဲ့ မင်းရောက်လာပြကိုယ့်ကို ကယ်တင်လိုက်ကတည်းက ကိုယ်ကျိန်စာပြေသွားခဲ့တယ်။ကိုယ်ကျိန်စာပြေသွားတာသိလိုက်ရတာက ကိုယ့် စွမ်းအားတွေပိုကြီးလာသလိုခံစားရတယ်..အစက ဘယ်လိုပဲထွက်ထွက်မရဘူး..ဒါမဲ့မင်းပြန်သွားတော့ ကိုယ်မင်းကို စိတ်မချဘဲ မင်းနောက်ကို ‌လိုက်ချင်စိတ်တွေပေါ်ပေါက်လာခဲ့တယ်။ဒါနဲ့ ကိုယ်လည်း ကိုယ့်စိတ်တွေကို ထိန်းမရတော့တာနဲ့ ဂူထဲကနေအပြင်ကို ထွက်လိုက်တဲ့အခါမှာ ကိုယ်ထွက်လို့ရတာကို သတိပြုမိသွားတယ်။ကိုယ်ပျော်ရွှင်သွားတယ်။ဒါမဲ့ကိုယ်ရဲ့ ပျော်ရွှင်မှုတွေက ကြာကြာမခံလိုက်ဘူး..မင်းရဲ စူးစူးရှရှ အော်လိုက်တဲ့ နာကျင်တဲ့အသံကြီးက ကိုယ့်နားထဲစီရောက်လာတယ် ...ဒါနဲ့ကိုယ်လည်း မင်းတစ်ခုခု ဖြစ်ပြီးဆိုတာသိသိချင်း မင်းဆီကို စိတ်ညွှန့်ပြီး လာခဲ့တယ်။ရောက်တော့ မင်းဘေးနားမှာ အဲ့အကောင်ကရှိနေပြီး မင်းကို တစ်ခုခုလုပ်ဖို့ ကြံနေတာ ။ကိုယ့်ကို မြင်တော့ သူ့လည်းအံ့ဩပြီးလန့်သွားတာထင်မယ်။ပျောက်သွားတာချက်ချင်းပဲ။ကိုယ်လည်းသူ‌ကို လိုက်ဖမ်းမလို့ပဲ ဒါမဲ့မင်ူကို စိတ်မချတာနဲ့ ဒီကိုပြန်သယ်လာခဲ့တာ....အဲ့ဒါကို မင်းက ကိုယ့်ကို အပြစ်တင်တယ်ကွာ😭😭 )""**.....

တန်လျောင်းတစ်ယောက် မျက်စိလေးဇုံမှိတ်ကာ မျက်ရည်များ ကျလာပြီး အသက်ပြင်းပြင်းရှုကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ရွယ်ကျူချင်လည်း တန်လျောင်းအား ပွေ့ဖတ်လိုက်ပြီး

"ငါ့အားလုံးအခုသဘောပေါက်သွားပါပြီ...ငါအခုပြန်သွားရင်လည်း သူ့က ရုပ်ပြောင်းရုပ်လွှဲတက်တော့ ငါ့ရဲ့ရုပ်သွင်ပြင် ကို ယူထားမှာမလား
ငါအားလုံး နားလည်သွားပြီ...မင်း စိတ်ဓာတ်မကျနဲ့ သူငယ်ချင်း ငါရှိတယ် မင်းမိဘ‌တွေအတွက်အဲ့
အကောင်ကို လက်စားပြန်ချေ "
154006
Episode 10ကျန်ခဲ့လို့ပြန်တင်ပေးချင်းဖြစ်ပါတယ်ဗျ
431002
ထိုအချိန် ရွယ်ကျူချင်တစ်ယောက် အမှတ်မထင် သတိပြန်ရလာကာ မျက်လုံးလေးနှစ်လုံးမှာ ဖြည်းဖြည်းချင်းပွင့်လာလေသည်။ရွယ်ကျူချင်လည်း သူ့ဘေးနားမှာ ဘယ်သူရှိသည်ဆိုတာမသိ ဝိုးတိုးဝါးတား မှုန်ဝါးဝါးသာ ဖြစ်နေတော့သည်။သေချာအားယူကြည့်လိုက်တော့မှ

သူကယ်တင်ခဲ့သည့် ရေသူဖြစ်နေသည်။ သူလည်း ခေါင်းကဒ‌ဏ်ရာနဲ့ပတ်သတ်ပြီး နောက်က ချောင်းရိုက်တာခံလိုက်ရတာကို တန်လျောင်း(ရေသူ)ဟု ထင်သွားပုံရသည်။

"ဟေးးး မင်း မင်းးးကျေးဇူးးမသိတဲ့အကောင်ပဲ
မင်းငါ့ကို စားမလို့လား သတ်ချင်လို့လား"

လို့ နာကျင်ကိုက်ခဲနေရတဲ့ကြားထဲကနေ အသံကို မာန်တင်းကာပြောပြီး အနားတွင် ရှိနေသော တန်လျောင်း ကိုတွန်းထုတ်ပစ်လိုက်သည်။
တန်လျောင်းကတော့ သတိရှိပုံရပါသည်။ပစ်လဲမသွား။အသာရှောင်လိုက်သည်။ထိုနောက်

"ငါမင်းကို ကယ်လာတာပါ မင်းအော်သံကြားလို့ လာကယ်တာပါ"

"မင်း ဘာ‌တွသရုပ်ဆောင်နေတာလဲ မင်း မဟုတ်ကမပြောနဲ့ တန်‌လျောင်း မင်းမလုပ်လို့ ဘယ်သူလုပ်မှာလဲပြော...ပြော....ပြောစမ်း..."

"ဟာ...ငါလုပ်တာ မဟုတ်....."

"မင်းငါ့ကို ဘာလုပ်ချင်နေတာလဲပြော သတ်ချင်တာလား လာသတ်လာ..လာ"

လို့ အားကုန်နင်းကန်ပြောနေသည်။ တန်လျောင်းမှာ လူစကားကို နားလည်သော်လည်း သိပ်အမြန်မပြောတက်။ဖြည်းဖြည်းသာပြောနေရသည်။

"ငါ မင်းကိုမလုပ်ပါဘူးးး မင်းကိုတစ်ခြားတစ်ယောက်လုပ်သွားတာ မင်းလုပ်သွားတဲ့သူကို မင်းမြင်လို့လား သူငယ်ချင်း"

လို့ ဖြည်းဖြည်းချင်း မေးလိုက်သည်။ရွယ်ကျူချင်က လည်း လုံးဝမရ။

"မင်း ငါမမြင်ရတာကိုအခွင့်ကောင်းမယူနဲ့ ငါကို သိတာမင်းပဲရှိတာ ဘယ်သူရှိလို့လဲ သူငယ်ချင်းလို့တောင် လာမခေါ်နဲ့ကွာ အခုချိန်ဆို ငါ့သူငယ်ချင်းတွေ စိတ်ပူနေလောက်ပြီကွ"

လို့ အော်ပြောပစ်လိုက်သည်။တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ စိုရွဲနေသည်။တစ်ဖြည်းဖြည်းမောဟိုက်စပြုလာသည်။
တန်လျောင်းလည်း စိတ်ကိုအေးအေးထားကာ ရွယ်ကျူချင်အနားသို့ ဖြည်းဖြည်းကပ်သွားလိုက်သည်။ထိုနောက်ရွယ်ကျူချင် အရှေ့တွင် ဒူးထောက်လိုက်ကာ သူလက်ဝါးကို ဖြန့်လိုက်ကာ ပါးစပ်မှ မန္တန်တစ်ချို့ရွက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် တန်လျောင်း လက်ဝါးပေါ်တွင် ဓားမြောင်တစ်ချောင်းပေါ်လာသည်။ထိုနောက်

"မင်းတစ်ကယ်လို့ ကိုယ့်ကို မယုံဘူးဆိုရင် ဒီဓားနဲ့သာ ထိုးပစ်လိုက်ပါ မသေမချင်း ကိုယ်ရှင်းပြတာကိုလည်း မင်းလက်မခံဘူး အခုမင်ကြိုက်သလိုလုပ်ပါ"

လို့ တန်လျောင်းတစ်ယောက် ဝမ်းနည်းစွာပြောပြီး ရွယ်ကျူချင်ကို ဓားပေးလိုက်သည်။
ထိုအခါရွယ်ကျူချင်ကလည်း

"မင်းတော်တော်ဖြစ်နေတာလား ငါစိတ်တိုလာပြီ
ရတယ်လေမင်းကထိုးခိုင်းတော့ ငါ့ကထိုးပေးရတာပေါ့ ငါတောင်ခေါင်းထိပြီးပြီပဲ"

လို့ပြောကာ တန်လျောင်းလက်ထဲက ဓားမြောင်ကို ယူချလိုက်ကာ ထိုးချလိုက်တော့သည်။

Next coming soon Episode - 13
434002
ကျွန်တော်ချစ်သူရေသူ Episode 10

အချိန်က မသေးတော့ပေ။ည ကိုးနာရီခွဲချေပြီ။ရွယ်ကျူချင်တစ်ယောက်ပြန်မရောက်သေးပေ။ဆောနက‌တော့ ရွာတောင်ပိုင်းက ဘကြီးထန်ကျောက်စီ စုန်လယ်ဟန်နဲ့ ဟော်လန်တစ်ယောက် သွားလိုက်ကြသည်။ကျန်နေခဲ့တာကတော့ ပင်ကီရယ်၊နျန်နျန်ရယ်၊ဟောင်ဇီဂွမ်၊ဟိုင်းရှီ တို့လေးယောက်ပဲကျန်ခဲ့တော့သည်။ ပင်ကီကတော့ သတိမရသေး။ အိပ်ယာထဲ‌တွင် လဲလျောင်းနေလျက်ရှိသည်။တောသဘာဝမို့ အိပ်ယာအခင်းကို ဝါး၊မြတ်၊ကောက်ရိုးများ ဖြင့် သေသေချာချာလုပ်ထားသည်။သို့ပင်မဲ့ အေးလာလျှင် စောင်၊ခြုံထည်မရှိချေ။ ဒီတိုင်းသာမီးလှုံကြရသည်။

"ဟူးးးရွယ်ကျူချင် ဘယ်တွေသွားနေတာလဲမသိဘူး...သူကလည်း ‌မပြောမဆိုပဲထွက်သွားတယ် ငါ့နှယ်စိတ်ညစ်ပါတယ်"

လို့ နျန်ျနျန်တစ်ယောက် ငြီးငြူနေတော့သည်။
တစ်ခုခုကို လွမ်းဆွေးသော မျက်နှာထားဖြင့်
ဟိုင်းရှီတစ်ယောက်

"ငါပြောပြမယ် သူဒီနေ့စိတ်မကြည့်ဘူး သူ့လာရင်သူ့ဘာသာနေပါစေ သူလည်းငါတို့ကို စိတ်တိုသွားမှာသေချာတယ်"

လို့ နျန်နျန်နဲ့ ဟောင်ဇီဂွမ်ကို ကြည့်ရင်း ခေါင်းကို ဖြည်းဖြည်းခါပြကာ ပြောလိုက်သည်။
ထို့သို့ပြောနေချိန် ရွယ်ကျူချင်တစ်ယောက် ခြံဝန်းအတွင်းသို့ ဝင်လာသည်။ဟောင်ဇီ တစ်ယောက် မြင်လိုက်သောအခါ

"ဟာ ဟိုမှာ ငါတို့သူငယ်ချင်းလာပြီကွ "

လို့ပြောရင်းဆိုရင်း ရွယ်ကျူချင်ဘေးနားအား သုံးယောက်လုံးသွားကာ

"သူငယ်ချင်း နင်ဘယ်တွေသွားနေတာလဲ ငါတို့မှာစိတ်ပူနေလိုက်ရတာဟာ"

"အေးကွာ မင်းကဘာမပြောညာမပြောထွက်သွားတာကို"

"မင်းကိုရှာဖို့တောင် ငါ့တို့သူငယ်ချင်းနှစ်ယောက်ထွက်သွားတယ်"

ထို့သို့ သုံးယောက်သားပြောသော်လည်း ရွယ်ကျူချင်မှာ

"အေး ငါပင်ပန်းနေပြီ အိပ်တော့မယ် လာမနှောက်ယှက်နဲ့ "

ထိုမျှသာပြောပြီး သူ့အခန်းထဲရှိရာစီသို့ ဝင်သွားကာ အိပ်ရာပေါ် တွင် တန်းပြီးလဲလျောင်းကာ အိပ်လိုက်တော့သည်။
နောက်တွင် ဘာမသိညာမသိကြောင်တောင်တောင်လေးကျန်ခဲ့ရသူ သုံးယောက်မှာ သူဘာဖြစ်သွားမှန်းမသိ ငုံတိတိငုံအအဖြစ်နေကြသည်။
ဟောင်ဇီဂွမ်က ကြောက်ရွံထိန့်လန့်သောအသံဖြင့်

"မင်းတို့ သတိထားမိလား သူစိတ်မကြည့်ဘူး တစ်ခုခုပဲ ဘာဖြစ်သွားလဲမသိဘူး"

လို့ပြောပြလိုက်သည်။သူတို့လည်းတွေဝေပြီးစဉ်းစားနေစဉ်အတောအတွင်း ခဏကြာတွင် စုန်လယ်ဟန်နဲ့ ဟော်လန်ပြန်ရောက်လာသည်။
ရောက်ရောက်ချင်းပင် ဟော်လန်က

"မတွေ့ဘူးဟာ ငါ့သူငယ်ချင်းကို ငါတို့သွားမေးတာ သူ့မလာပါဘူးတဲ့ အကုန်လုံးလည်းပတ်မေးပြီးပြီ ဘယ်လိုလုပ်ရမလဲ"

လို့ ငိုသံပါတဲ့အနေနဲ့ မျက်လုံးတွေမျက်ရည်များ ဝဲလာကာ ပြောနေသည်။

"ရှူးးးးငါပြောပြမယ် ရွယ်ကျူချင်ပြန်ရောက်နေပြီ ဒါမဲ့သူစီမသွားနဲ့အုံး သူတစ်ခုခုထူးဆန်းနေတယ် စကားသိပ်မပြောဘူး"

လို့ နျန်နျန်က ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်တစသည်။
ဟော်လန်က

"သူဘယ်ကပြန်လာလဲမမေးဘူးလား"

ကြားဖြတ်ကာ စုန်လယ်ဟန်က

"ဘယ်အချိန်လောက်က ပြန်လာတာလဲ "

လို့ မေးလိုက်သည်။နျန်နျန်မပြောခင် ‌ဟိုင်းရှီက

"သူပြန်လာတာက မင်းတို့သွားပြီးနာရီဝက်လောက်ပေါ့ သူဘယ်ကပြန်လာလဲဆိုတာတော့ ငါတို့ကသိမလား သူတောင် စကားလာမပြောနဲ့ပါဆို "

"အေးလေကွာ ဘယ်လိုလုပ်ပြောရမလဲ"

ဟိုင်းရှီပြောတဲ့စကားကို ဟောင်ဇီထောက်ခံလိုက်သည်။ထိုနောက်ဟော်လန်က နျန်နျန်အားတစ်ချက်ကြည့်လိုက်ကာ ရွယ်ကျူချင်အခန်းထဲသို့ ဝင်သွားတော့သည်။
အခန်းထဲတွင် တွေ့ကရာ အဝတ်အစားကို အေးလွန်းလို့ ထင်ပါရဲ့။ခြုံအိပ်နေသော ရွယ်ကျူချင်ကိုတွေ့လိုက်သည်။ထိုနောက် ဟော်လန်လည်း မေးမလို့ကို အိပ်နေတာမနှိုးရက်တာနဲ့ သူ့ဝတ်ထားတဲ့ အပေါ်ကုဒ်အကျီ ချွတ်ပြီး ဆောင်လိုမျိုး ခြုံပေးခဲ့သည်။ ထို့နောက်အခန်းထဲမှ ထွက်လာကာ
ဟော်လန်က

"သူအိပ်ပစေ သူ့ကိုသွားမနှိုးနဲ့အုံး သူ့ကျောပိုးအိတ်ပြန်ပါလာတာတွေ့လား"

လို့ မေးလိုက်သောအခါ အားလုံးကလည်း
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ

"မပါလာဘူး သူ့တစ်ယောက်ပဲတွေ့တာ ဘာမှမပါလာဘူး"

ထို့သိုပြောလိုက်သောအခါ ဟော်လန်က

"သူ့ကိုစကားမပြောနဲ့အုံး မနက်ကျမှမေးကျတာပေါ့ အခုကအနားယူတော့ တစ်ခုခုတော့ထူးဆန်းနေတယ်"

လို့ ခေါင်းလေးတစ်ငြိမ့်ငြိမ့်ပြောလိုက်လေသည်။

နျန်နျန်ကလည်း

"ငါလည်း အဲ့လိုပဲထင်တာဟာ သူငါတို့ကိုကြည့်တဲ့အကြည့် ပြောတဲ့လေသံက နင်မသိပါဘူးဟယ် ငါတို့သူငယ်ချင်းလေသံနဲ့ကိုမတူဘူး"

လို့ပြောပြလိုက်သည်။ဟိုင်းရှီကလည်း

"ကဲ့ ဘာပဲဖြစ်ဖြစ် ဒီညက ငါတို့တွေခဏကင်းစောင့်မယ် နင်တို့တွေသာ အိပ်ကြ မနက်ကျမှစကားပြောကြမယ်"

ထို့သို့ပြောကာ အားလုံးကလည်း ကိုယ့်အခန်းရှိရာစီသို့ လာခဲ့တော့သည်။

တစ်ဖတ်တွင်လည်း သတိမေ့နေသော ရွယ်ကျူချင်အား ရေသူမင်းသားလေး တန်လျောင်းမှာ ဆေးဝါးပေါင်းစုံဖြင့်ကုသပေးနေရသည်။
အချိန်မီ တန်လျောင်း ရောက်လာပေလို့။နို့မိုဆို
တစ်ခြားတစ်ယောက်ကြောင့် သေနေလောက်ပြီ။တန်လျောင်းလည်းဒဏ်ရာ ရခဲ့သည်။
အခုလည်း ခေါင်းတွင် သွေးများထွက်နေသော ရွယ်ကျူချင်အားကြည့်ပြီး သူဘယ်လိုလုပ်ရမလဲမသိ။တန်လျောင်း ပေါင်ပေါ်မှာသာ ခေါင်းကို ပက်လက်လန်ထားရသည်။ နောက်ဆုံးတွင် အကြံရသွားသည်လားမသိ။ ရွယ်ကျူချင် လည်ပင်းနားကို ဖွဖွလေးနမ်းလိုက်သည်။
314002
ထိုသို့ ပြောလိုက်သောအခါ ရွယ်ကျူချင်တစ်ယောက်.......
Next coming soon Ep-12
287000
ကျွန်တော် ချစ်သူ ရေသူ Episode 11

တန်လျောင်းလက်ထဲက ဓားကို ယူပြီး ထိုးချလိုက်တော့သည်။.............🍂🍂🍃

" ဇွပ်......ဇွပ်...........အားးးးးး"

ရွယ်ကျူချင်တစ်ယောက် ကြောက်ကြောက်လန့်လန့်နဲ့ နှစ်ချက်ဆက်တိုက် ရင်ဝသို့ ထိုးချလိုက်ကာ တန်လျောင်းလည်း နာကျင်လွန်းတဲ့အသံကြီး‌သည် တောအုပ်တစ်ခုလုံး ဟိန်းထွက်သွားတော့သည်။

"ဘုတ်...."

ရုတ်တရက် တန်လျောင် မြေကြီးပေါ်ကို ပစ်လဲကျသွားသည်။ရင်ဘက်မှ သွေးများမှာလည်း
ဒလန်ဟောစီးကျနေတော့သည်။ထို့နောက် ပါးစပ်မှ မပွင့်တစ်ပွင့်လေသံဖြင့်

"ရွယ်....ကျူ....ချင်...မင်းကိုယ့်ကို အသေသတ်လိုက်ပါ ဒီလောက်မုန်းတီးနေရင်လည်း...ကိုယ်မင်းကို ဘာမှမလုပ်ဘူးးးကိုယ်ကသေလူပါပဲ"

လို့ ဖြည်းဖြည်းချင်းသာ ပြောနေရသည်။ရွယ်ကျူချင်တစ်ယောက် ပြန်တွေးကြည့်ရင် ကြည့်ရင်းနဲ့ သူ့မှားမှန်း သူသိလာကာ ...နဂိုကတည်းကသနားတက်ပြီး ကြင်နာသူလေးမို့ သူ့ရှေ့မှာ အဲ့လို ဖြစ်နေတော့လည်း သူမကြည့်ရက်နိုင်ဖြစ်နေတော့သည်။ထို့ကြောင့် သူ့အနားကိုအရင်သွား
ကာ

"မင်းးးးမင်းးးးအဆင်ပြေရဲ့လားးးငါမှားသွားပါတယ် ...ငါပြန်စဉ်းစားကြည့်မှ မင်းအခုလိုငါလုပ်တာ မင်းဘက်ကပြန်လုပ်ရင်ရသားပဲ ဆိုတာ ....ငါမှားတာပါ"

ထို့သို့ အနားတွင် ငိုယိုအော်ဟစ်ပြောဆိုနေကာ တန်လျောင်းတစ်ယောက် ရုတ်တရက် ပါးစပ်မှ

"အာ့ကာင့်မို့ လို့ ကိုယ်က မင်းကိုရှင်းပြခွင့်တောင်းတာပေါ့....ကိုယ့်အတွက်လည်းစိတ်မပူပါနဲ့.....ကိုယ့်တို့ကမသေမျိုးတွေပါ မင်းထိုးလိုက်တာကလည်း မင်းသံသရတွေကြောင့်ပါ မင်းနဲ့မဆိုင်ပါဘူး ကိုယ်မှားတာပါ...."

ထိုသို့ပြောပြီး ရွယ်ကျူချင်ထိုးလိုက်သော ရင်ဝကဒဏ်ရာကို လက်နှစ်ဖက်နဲ့ ဖိထားလိုက်ကာ ချက်ချင်းဆိုသလို အလင်းတန်းကြီးရုတ်တရက်ထွက်လာသည်။ ထိုနောက် ပင်ကိုယ်မူလ အသားအတိုင်း ပြန်ဖြစ်သွားတော့သည်။ရွယ်ကျူချင်လည်း ပါးစပ်အဟောင်းသားနဲ့ပင် ဖြစ်နေတော့သည်။တန်လျောင်း လည်း အားယူကာ ထမည်အလုပ်တွင် ရွယ်ကျူချင်က

"ဟ..ဟ...မထနဲ့အုံး ငါလာမယ် မင်းချော်လဲအုံးမယ်...မင်းခြေထောက်တွေက လမ်းလျှောက်ဖို့ အတွက် မလုံလောက်သေးဘူး ...လာ လာ ငါကူပြီး တွဲ ခေါ်ပေးမယ်..."

အလန့်တကြားစိုးရိမ်တစ်ကြီးပြောကာ တန်လျောင်းအား တွဲထူလိုက်ပြီး နံရံဘေးနားအားမှီထားလိုက်တော့သည်။

"မင်း ဘာဖြစ်လို့လဲ အေးနေလို့လားးး"

လို့ တန်လျောင်း ရုတ်တရက်မေးလိုက်သည်။
ထိုအမေးကြောင့် ရွယ်ကျူချင်တစ်ယောက် ဆွံ့အသွားကာ

"ငါအေးမှန်း ဘယ်လိုသိတာလဲ..ဟုတ်တယ် အခုငါအေးနေပြီ ငါ့သူငယ်ချင်းတွေလည်း စိတ်ပူနေကြမှာအမှန်"

လို့ စိတ်ပျက်လက်ပျက် အသံနဲ့ပြောလေသည်။ထိုအခါ တန်လျောင်းကလည်း ရွယ်ကျူချင်ဘေးနားသို့ တိုးကာ သူ့လက်တစ်ဖတ်နဲ့ ရွယ်ကျူချင် လက်ကို ကိုင်လိုက်ကာ ကျန်လက်တစ်ဖတ်ကို ရှေ့သို့ အားနဲ့ ဆောင့်တိုးလိုက်သလို တွန်းချပစ်လိုက်သည်။ထိုအခါ သူတို့နှစ်ယောက်၏ခပ်လှမ်းလှမ်းအကွာတွင် မီးပုံတစ်ခု အလိုလို နေရင်း ဖြစ်ပေါ်လာတော့သည်။ ထိုမီးပုံလေးကြောင့် ဂူတစ်ခုလုံး လင်းထိန်သွားသလို အားလုံးနွေးထွေးသွားတော့သည်။ ရွယ်ကျူချင်လည်း မျက်လုံးအပြူးသားသာကြည့်နေရ။သူအိမ်မတ်မတ် နေတာများလားဆိုပြီး သူ့ကိုယ့်သူ ပြန်ကိုက်ကြည့်လိုက်သည်။

ထိုအခါ တန်လျောင်းက

"မင်းအိမ်မတ်မတ်နေတာမဟုတ်ပါဘူး တကယ်ပါ ..ကဲ့အခုမင်းနွေးသွားပြီးမလား...လိုတာရှိရင် ကိုယ့်ကို ပြော ဘာမှစိတ်မပူနဲ့"

လို့ စကားပြောဆိုလိုက်သည်။ရွယ်ကျူချင်လည်း စိတ်ထဲကသိကအောင့်ဖြစ်ကာ ပါးစပ်ထဲတွင် တွေ့ကရာမေးလိုက်သည်။

"မင်း မအေးဘူးလား မင်းတို့က ရေထဲနေရတာဆိုတော့ ပြီးတော့ မင်းစကားပြောရင်ကွာ ဘာလို့ ကိုယ်လို့ထည့်သုံးတာလဲ"

လို့ အထစ်ထစ်အငေါ့ငေါ့ မရဲတရဲမေးပစ်လိုက်သည်။ထိုအခါ တန်လျောင်းလည်း မျက်နှာတွင် တစ်ချက်ပြုံလိုက်ကာ ဆက်ပြီး

"မင်းမေးတာမှန်ပါတယ် ကိုယ်က မအေးဘူး ရေသူမို့လို့ပါ ရေထဲနေရတာတွေက ကိုယ့်တို့ငယ်စဉ်ကတည်းက ကုန်းပေါ်မှာဆို မနေဖူးဘူး ..အရင်ကပြသာနာတွေမဖြစ်ခင်ကပေါ့..ရေသူတွေက အေးရင်ပိုကြိုက်တယ် ပူတာမကြိုက်ကြဘူး..တစ်ခါတစ်လေကျမှ အပေါင်းအဖော်တွေနဲ့ ရေမျက်နှာပြင်ပေါ်မှာ ပျော်မြူးကြလေ့ရှိတယ်...နောက်တစ်ခုက ကိုယ်က စကားပြောရင် မေးပြောတာမှန်တယ် ကိုယ်လို့ထည့်ပြောတယ်
အဲ့ဒါက အကုန်လုံးကို ပြောတာပါ ရွယ်ကျူချင်တစ်ယောက်တည်းကိုလည်း မဟုတ်ပါဘူး..အဓိကတော့ ခင်မင်မှု.ရက်နှီးမှု.ဖော်ရွေမှု.ကြင်နာမှု.ချစ်ခြင်း အဲ့ဒီငါးချက်ကို ကိုယ်စားပြုတာ..ဒါမဲ့တစ်ချက်ကမထားထားဘူး ပယ်ဖျတ်ထားတယ်"

ထို့သို့ အကြောင်းစုံလင်စွာ အတိအကျပြောပြလိုက်တော့သည်။ရွယ်ကျူချင်လည်းစိတ်ဝင်စားစွာ‌နားထောင်နေရင်း အသိစိတ်ပြန်ဝင်သွားသည်လားမသိ တန်လျောင်းပြောတဲ့စကားတွေထဲမှာ မြောသွားတော့သည်။

"အော်...အေးပါ မင်းတို့ရေသူတွေကတော်တော်ထူးဆန်းတာပဲ မိုက်တယ် စွမ်းအားတွေလည်းရှိတယ် နောက်တစ်ခုမေးမယ်...ငါ့ကို ဘယ်သူလုပ်သွားတာလဲ မင်းမလုပ်ဘူးဆို"

ထို့သို့မေးလိုက်သည်။တန်လျောင်းလည်းအခြေအနေကိုကြည့်ကာ ပြောသင့်မပြောသင့်ချင့်ချိန်နေပုံရသည်။ပြီးတော့မှ

"မင်းကို လုပ်တာ ကိုယ်မဟုတ်ဘူး ဒါမဲ့ မင်းအခုပြန်ရင် မင်းနဲ့တူတဲ့လူတစ်ယောက် မင်းတွေ့လိမ့်မယ်..သူက ကိုယ့်ရဲ့ရန်သူပဲ ကိုယ့်ချစ်တဲ့သူတွေပါ အသက်နှုတ်ယူခဲ့တာ"
299003
ညကိုပုံပြင်လေးဖတ်ပြီးအိပ်ကြနော်

အားလုံးပဲကောင်းသောညလေးဖြစ်ကြပါစေဗျ။❤️
272006
ကျွန်တော့်ရဲ့ ချစ်သူ ရေသူ Ep-9

နောက်ဆုံးသူကြည့်လိုက်သောအခါ အရမ်းကို လူသားတွေထက်ချောမောတဲ့ ယောက်ကျာ်းလေးတစ်ယောက်ဖြစ်နေတော့သည်။ရုပ်ခေျာဖြောင့်မတ်တည်ငြိမ်ပြီးတော့ အသားအရေဖြူစွတ်ရုံသာမက အလွန်ကြည့်လိုကောင်းသည်။ခန္ဓာကိုယ်အချိုးအစားကလည်း ကြည့်လို့ကောင်းသည်။
သို့ပေမဲ့ သူ့ထက်အရပ်နည်းနည်ရှည်သည်။သူလည်းဘာမှမေးမနေတော့ဘဲ ပစ္စည်းတွေကိုကောက်သိမ်းကာ ထွက်မည်အလုပ်တွင် ရေသူက

"မ....သွား....ပါ....နဲ့.....၊ခ...ဏ...လောက်...နေ...ပေး....ပါ..လား"

လို့တစ်လုံးချည်းမနည်းပြောနေရသည်။ထိုအခါရွယ်ကျူချင်ကလည်း

"မင်းလူစကားပြောတက်တာလား"

"နည်း...နည်း...ပါ"

လို့ပြန်ဖြေလိုက်သည်။ထို့နောက်ရေသူလည်း ထိုင်ကာကနေထလိုက်ကာ ချော်လဲသွားတော့သည်။သို့ပေမဲ့ ရွယ်ကျူချင်ထိန်း
လိုက်သည်။

"ရပါတယ် မင်းဒီမှာပဲနေ မင်းကိုလည်းငါမသိဘူး မေးစရာတွေကတော့ရှိတယ် မင်းခြေထောက်နဲ့ လမ်းမလျှောက်တက်သေးဘူး
ငါနေပေးမယ် မင်းကို"

လို့ သေသေချာချာလေးပြောပြလိုကိသည်။ထိုအခါရေသူက

"ငါ့....ရဲ့...အ..မြှီး...က...ရော...ဘယ်...ရောက်...သွား...တာ....လဲ..."

လို့မေးလိုက်ရာ ရွယ်ကျူချင်က

"အဲ့ဒါက ဒီလိုရှိတယ် ဆောနက ငါမင်းပေါ်ပြုတ်ကျ‌တုန်းက မင်းနှုတ်ခမ်းနဲ့ ငါ့နှုတ်ခမ်းနဲ့ထိခဲ့ကြတယ် အဲ့ဒါကြောင့်ခြေထောက်ဖြစ်သွားတာ သမိုင်းထဲမှာအာ့လိုပဲ လူသားနဲ့ရေသူနဲ့ နမ်းမိရင် ရေသူကခြေထောက်ဖစ်တယ်တဲ့ အာ့ကြောင့်မလို့"

လို့ သေချာရှင်းပြလိုက်သည်။

(မှတ်ချက်။ ။ရေသူပြောတဲ့စကားတွေကိုတစ်လုံးတည်း ခြားမရေးတော့ဘဲ ပုံမှန်ပဲရေးသွားပါတော့မယ် ဖတ်ရမကောင်းမှာစိုးလို့ပါ )

ရေသူက ရွယ်ကျူချင်ပြောတဲ့စကားတွေကို ထိုင်ပြီးနားထောင်နေကာ ရွယ်ကျူချင်အားကြည့်နေသည်။ရွယ်ကျူချင်က

"မင်းနာမည်ဘယ်လိုခေါ်လဲ မင်းကရောဘယ်သူလဲ"

လို့ ထိုရေသူမျက်နှာကို ကြည့်ပြီးမေးလိုက်သည်။ရေသူက

"ကိုယ့်နာမည် တန်လျောင်း(Ta.naung)ပါ ကိုယ်ကမင်းတို့နဲ့မတူဘူး ကိုယ့်ကရေသူတစ်ကောင်ပါ"

" မင်းဒီမှာနေ နေတာဘယ်လောက်ရှိပြီလဲ"

"ကိုယ်ဒီမှာနေတာနှစ်ပေါင်း100ကျော်နေပြီ
မင်းလိုလူသား အခုမှကိုယ်တွေ့ဖူးတာ"

လို့ ပြုံးပြီးပြောလိုက်သည်။ဆက်ပြီးတော့

"ကိုယ်က တစ်ယောက်ခဲ့နေခဲ့ရတာ ဒီမှာပိတ်‌ လှောင်ထားခဲ့တာ လူတွေက"

"ဟမ် ပိတ်လှောက်ထားခဲ့တာ ဘာဖစ်လို့လဲ မင်းကဆိုးလို့လား ပြီးတော့ မင်းအသက်ကရာချီနေပြီ အခုထိပုံမပြောင်းသွားဘူး"

"ကိုယ်က မဆိုးခဲ့ပါဘူး ဆိုးခဲ့တာက တစ်ခြားလူတွေပါ အသက်ကကြီးပေမဲ့ ပုံမပြောင်းတာက ရေသူတွေရဲ့ မျိုးဗီဇကြောင့်ပါ"

လို့သေချာလေးပြောပြလိုက်သည်။

"အော်ဟုတ်ပါပီ မင်းငါနဲ့လိုက်ခဲ့ပါလား ခြေထောက်ရှိနေပြီပဲကိုးးး"

ထို့သို့ မေးလိုက်သောအခါ ‌‌တန်လျောင်းရဲ့မျက်နှာမှာ ကြောက်ရွံ့မှုတွေပြည့်သွားတော့သည်။

"ကိုယ်လိုက်လို့မရလောက်ဘူး "

လို့ ဝမ်းနည်းတဲ့မျက်နှာနဲ့ ရွယ်ကျုချင်ကိုကြည့်ပြီး "ဟူးးးး" ဆိုတဲ့သက်ပြင်းချသံနဲ့အတူ ပြောလိုက်သည်။

"ဘာဖစ်လို့လဲ မင်းခြေထောက်နဲ့မသွားတက်လို့လား တစ်ခြားလူတွေကြောင့်လား အဲ့လိုဆိုရင်တော့ ငါ့ကိုသာအားကိုး ငါကူညီပေးပါမယ်"

"ငါသိပါတယ် ငါဒါမဲ့အမြီးလိုချင်တယ် ဘယ်လိုလုပ်ရမလဲ"

လို အားငယ်သံလေးဖြင့် တန်လျောင်း တစ်ယောက်မေးလိုက်သည်။
ထိုအမေးကို

"မပူပါနဲ့ ငါနည်းလမ်းရှာပေးပါမယ် ဒီညတော့ဒီမှာပဲနေ မနက်ကျမှပဲလာတော့မယ် အခုဆိုငါ့သူငယ်ချင်းတွေ ငါ့ကိုစိတ်ပူနေလောက်ပြီ"

"အော် အေးပါကွာ ဒါနဲ့ မင်းနာမည်ကရော"

"ငါ့နာမည်က ရွယ်ကျုချင်"

"ရွယ်...ကျူ..ချင်...တဲ့လား"

တစ်လုံးချင်းပါးစပ်မှရေရွက်ကာ တန်လျောင်းက

"မင်းနာမည်က လှသားပဲ မိုက်တယ် မှတ်ထားလိုက်မယ် အခုငါ့မှာအဖော်တစ်ယောက်ရသွားပီ"

ပြုံးရွှင်သောအရိပ်အယောင်များမျက်နှာပေါ်တွင်ပေါ်သွားသည်ကို ရွယ်ကျူချင်သတိပြုလိုက်မိသည်။

"ကဲ့အာ့ဆို တန်လျောင်း ငါပြန်တော့မယ် နက်ကျမှလာမယ် မိုးတော်တော်ချုပ်နေပြီ "

ထို့သို့ပြောကာသွားမည်အလုပ်တွင် တန်လျောင်းက

"ကိုယ် လိုက်မပို့ပေးတော့ဘူးနော် သတိထားသွားအုံး ကိုယ်ကအပြင်ထွက်လို့မရဘူး အရေးအကြောင်းဆိုရင် ကိုယ့်နာမည်ကိုသာ လှမ်းခေါ်လိုက်"

စိုးရိမ်တစ်ကြီးလေသံဖြင့်ပြောလိုက်သည်။အမှန်တကယ်တော့ တကယ်ကိုစိုးရိမ်သင့်ပေသည်။သူတို့ပြောသမျှအရာတွေကို နားထောင်နေသူတစ်ဉီးရှိနေသည်။မြင်တော့မမြင်ရ ကြားပဲကြားနေရသည်။ထိုသူကား ဘယ်သူနည်း။

ရွယ်ကျုချင်တစ်ယောက် ဖုန်းမီးနဲ့အမြန်ပြန်ကာ အချိန်ကြည့်တော့ ရှစ်နာရီခွဲနေပြီ။တောကြီးထဲမှာ သူတစ်ယောက်တည်း တစ်ချက်တစ်ချက်အော်လိုက်တဲ့ သားရိုင်းတိရစ္ဆာန်တွေရဲ့ အသံတွေဟာလည်း ကြောက်စရာကောင်းနေတော့သည်။ရွယ်ကျူချင်လည်း အမှောင်ထဲမှာ လမ်းမမှားအောင် သေချာသတိပြုသွားနေရသည်။သူ့အနောက်တွင် နောက်ယောင်ခံလူတစ်ယောက်ကပ်ပါလာသည်ကို သူသတိမထားမိချေ။ထိုသူစိမ်းသည် လက်ထဲတွင် ရိုက်စရာသစ်သားတုတ်ကို ကိုင်လျက် ရွယ်ကျူချင်မသိချိန် အတောအတွင်းမှာပင် အနောက်ကနေပြီး
အားကုန်လွှဲရိုက်ပစ်လိုက်သည်။

"ဒုတ်.....အားးးးးး"

*အား*ဆိုသောအသံနဲ့အတူ ရွယ်ကျူချင်တစ်ယောက် ထိုနေရာမှာပင် သတိမေ့မြောသွားခဲ့တော့သည်။

Next coming soon
Ep-10
322007
"ခင်ဗျားတို့ဗျာ ကြောက်တက်လိုက်တာ ဘာဖစ်နေတာလဲ လူ့အသက့်ကို"

ထို့သို့ ရွယ်ကျုချင်တစ်ယောက်ပြောပြီး ဟောင်ဇီဂွမ်နဲ့အတူ သူတို့တည်းခိုခန်းရှိရာသို့ပြန်သွားလိုက်တော့သည်။အခန်းသို့ပြန်ရောက်သောအခါ အနောက်မှ ရွာသားတစ်ချို့နဲ့ ကျန်တဲ့သူငယ်ချင်းငါးယောက်လည်းလိုက်လာ‌ကြတော့သည်။ဟော်လန်က ရောက်ရောက်ခြင်းပင်

"ငါတောင်းပန်"
"ထားလိုက်တော့ မပြောပါနဲ့တော့"

လို့ရွယ်ကျုချင်တစ်ယောက် စကားမဆုံးခင် အေးတိအေးစက်လေသံဖြင့် ပင်ကီကိုရေပတ်တိုက်ရင်း ပြောလိုက်သည်။စိတ်ဆိုးလည်းစိတ်ဆိုးချင်စရာ။ရှိတာဖြင့်ဒီ သူငယ်ချင်းတွေပဲရှိ အပြင်မှာအငြင်းပွားပြီးနေခဲ့တယ်။ကူဖော်တောင်မရ။

ထို့နောက် ရွာသားတွေလည်း ပင်ကီနိုးလာဖို့ကူညီပေးနေကြရင်း အလုပ်ရှုပ်ကာ တစ်ဖြည်းဖြည်း ညနေခြောက်နာရီထိုးသွားတော့သည်။ထိုအခု ရွယ်ကျုချင်က ဘာစိတ်ကူးပေါက်သည်မသိ။အပြင်သို့ထွက်လိုက်သည်။ထိုအခုဟော်လန်နဲ့ ဟိုင်းရှီက

"ဟေးးးမင်းဘယ်သွားမလို့လဲ"
"တစ်ခုခုပြောသွားအုံးလေသူငယ်ချင်း"

လို့နှစ်ယောက်သားလှမ်းပြောလိုက်သည်။ထိုအခါရွယ်ကျုချင်က တင်းမာပြတ်သားတဲ့လေသံဖြင့်

"ငါအဘိုးထန်ကျောက်စီသွားမလို့ ဘယ်သူမှလိုက်မလာနဲ့ လိုက်လာရင် ငါကို တစ်သက်လုံး
လာမခေါ်နဲ့ "

လို့အပြတ်ပြောကာ ထွက်လာခဲ့တော့သည်။နောက်တွက်ကျန်ခဲ့သော သူငယ်ချင်းများကလည်းဘာပြောရမှန်းမသိ။ကျန်ရစ်ခဲ့တော့သည်။အမှန်တကယ်တော့ ရွယ်ကျူချင်တစ်ယောက် တားမြစ်နယ်ထဲ ပြန်သွားမလို့ပါ။ပင်ကီရဲ့ဖုန်းထဲကဗီရိုကို ကြည့်ပြီးပြီသူ။ပင်ကီအဲ့ထဲဝင်တုန်း ဗီဒို ရိုက်ထားသေးတယ်။ဒါမဲ့ရိုက်နေရင်း ဘာကိုတွေ့သွားလဲမသိ ငယ်သံပါအောင်အော်ကာ ကျောက်တုံးနဲ့ခေါင်းဆောင့်ကာမေ့သွားတော့သည်။ယခုမှောင်ရီစ‌သန်းနေသောအချိန်‌ဖြစ်သည်။ငှက်တွေလည်း အိပ်တန်းအသီးသီးတတ်နေကြကာ နေမင်းကြီးလည်းပျောက်ကွယ်သွားတော့သည်။

နောက်ဆုံးတွင် ရွယ်ကျူချင်တစ်ယောက် လက်နှိမ့်မီးကို ထိုးလိုက်ကာ တောထဲသို့ ဝင်ကြည့်ပါတော့သည်။ တောကနက်သည်။အပင်ရိုင်းတွေကအများကြီးပဲရှိနေသည်။ကြောက်စရာလေထုကြီးကလည်း ရင်ထဲကို ကျောချမ်းစေသွားသည်။တောကောင်တွေရဲ့အော်သံတွေလည်းကြားနေရသည်။ရွယ်ကျူချင်နဲ့ သတိရှိရှိနဲ့သွားရင်း နာရီဝက်ရှိခဲ့တော့သည်။လမ်းသွားရင်းပင် တောကနက်လာသည်ဟုခံစားရသည်။သို့ပေမဲ့ လမ်းတစ်ဝက်အရောက်တွင် ကျဉ်းမြောင်းသော ရေစီးကြောင်းလမ်းကိုတွေ့သဖြင့် ရေတံခွန်ရှိလိမ့်မည်ဟုခန့်မှန်းလိုက်ကာ ရေစီးကြောင်းအတိုင်း လိုက်သွားတော့သည်။
ဟုတ်ပါသည်။ရေတံခွန်းအကြီးကြီးပဲဖစ်ပါသည်။ရွယ်ကျူချင်လည်း မီးကိုထိုးပြီး ဟိုကြည့်ဒီကြည့်လုပ်နေသည်။အရာအားလုံးမှာကြောက်စရာကောင်းလှသည်။ထိုအချိန် ရေတံခွန်ရဲ့ ဘေးနားမှာ လှိုဏ်ဂူလို ဝင်ပေါက်ကြီးရှိနေသည်ကိုတွေ့လိုက်ရသည်။အစကတော့မသွားဘူးလို့ ဆုံးဖြတ်ထားသော်လည်း ရောက်တုန်းရောက်ခိုက်မထူးပါဘူးဟုဆိုကာ သိချင်စိတ်ဇောဖြင့် သတိရှိစွာ ဂူအဝသို့ရောက်အောင်သွားလိုက်လေသည်။ဂူထဲသို့ တစ်ချက်ဝင်ကြည့်ကာ ဟိုရှာဒီရှာလုပ်ရင်း ဂူရဲ့အစွန်းဘက်နံရံတွင် ရေပွက်အိုင်လေးတစ်ခုတွေ့လိုက်ရသည်။ထိုအရာကိုသာမက ရေပွတ်အိုင်ထဲတွင် အမြီးကရေထဲမှာတစ်ပိုင်း  လူကအပေါ်မှာတစ်ပိုင်းနဲ့မြင်တွေ့လိုက်ရသဖြင့် ကြောက်ရွံ့သွားကာ

"အားးးးး"
လို့နဲ့အတူ ပြေးမည်အလုပ်တွင် ထိုသတ္တဝါက

"ကယ်ပါ...ကျေးဇူးပြုပြီး ကယ်ပါ"

လို့ ပြောသံကိုကြားလိုက်ရသဖြင့် ရွယ်ကျူချင်လည်းတစ်ချက်လန့်သွားသည်။သို့ပေမဲ့ သနားတက်သောစိတ်ထားရှိသူမို့ အနားနီးသွားကြည့်လေရာ ဘဝတွင် တစ်ခါမှ မတွေ့ဖူးသော ရေသူထီးတစ်ကောင် ဖြစ်လို့နေသည်။သူ့ကိုကြည့်ရတာ မျက်လုံးမှိတ်ပြီး ပါးစပ်က

"ကယ်ပါကယ်ပါ"

လို့ပြောနေသဖြင့် သူ့အမြီးနဲ့သူ့လက်တွေမှာဒဏ်ရာရထားသည်ကိုတွေ့လိုက်ရသည်။သူလည်း သူ့ရဲ့ဖုန်းရယ် ပင်ကီရဲ့ဖုန်းရယ် လက်နှိမ့်မီးရောပါ ထွန်းလိုက်သဖြင့် ဂူတစ်ခုလုံးလင်းထိန်သွားတော့သည်။ရွယ်ကျုချင်အနားသိုကပ်သွားကာ အဲ့ရေသူက ရွယ်ကျူချင်လက်ကို ရုတ်တရက်လာကိုင်လိုက်သည်။

"ကယ်....ပေး....ပါ... ကျေး....ဇူး...ပြန်..ဆပ်..ပါ့..မယ်"

လို့ပြောလိုက်သည်။
Next coming soon
Ep-9
448006
ကျွန်တော့် ချစ်သူ ရေသူ Ep-8

တည်းခိုခန်းနေရာလေးက အရမ်းသေသပ်လှပလွန်းလှသည်။အိမ်ကလေးများကလည်း ချစ်စရာကောင်းလှနေတော့သည်။ဟော်လန့်တို့သုံးယောက် နေရာထိုင်ခင်းများချနေကြတော့သည်။ရွာသားများကလည်းဧည့်ဝတ်ကျေပွန်ကျပါသည်။စုန်လယ်ဟန်တစ်ယောက်

"ကဲ့ငါတို့ နေရာထိုင်ခင်းချပြီးရင် ဒီကရွာသားနှစ်ယောက်ကိုခေါ်ပြီး ရွာကိုပတ်ပြခိုင်းမယ်"

"အဲ့ဒါအရေးမကြီးဘူး ဟိုင်းရှီနဲ့ ရွယ်ကျူချင်သွားတာကြာပြီ မလာသေးဘူးခုထိ"

လို့ စိတ်ပူသောအသံဖြင့် ဟော်လန်ပြောလိုက်သည်။ထိုအခု အနား‌တွင်ရှိနေသူ ဟောင်ဇီက

"ဘာတွေစိတ်ပူ သူတို့လည်းလည်နေပြီထင်တယ် ပင်ကီတို့တောင်ပြန်မလာသေးဘူး ဘာဖစ်"

"ကဲ့လာ ငါတို့တွေလည်း လျှောက်ပတ်ကြည့်ရအောင်ကွာ ပြီးရင်တွေ့မှာပဲကို"

လို့ စုန်လယ်ဟန်တစ်ယောက် ဟောင်ဇီစကားကိုထောက်ခံသော အပြောဖြင့် ပြောလိုက်ကာ သူတို့ကိုလိုက်ပို့သော ရွာသားလေးနှစ်ယောက်ကို ခေါ်ပြီး ရွာရိုးတစ်လျှောက် လိုက်ပြခိုင်းတော့သည်။
..............+.................+...................+.............

" အဘိုးရေ အဘိုးထန်ကျောက်ရေ "

ဟု အဒေါ်ကြီးခေါ်ပေးနေသည်။ထို့နောက် အသက်ကြီးကြီးအဘိုးအိုတစ်ယောက်ထွက်လာကာ

"ဘယ်သူတွေတုန်းဟ ဧည့်သည်တွေလား"

လို့မေးလိုက်သည်။ထိုအခါ အဒေါ်ကြီးက

"အဘိုးရေ သူတို့က အခုမှရွာကို လာလည်တာ
အဲ့ဒါသူတို့ရောက်တုန်းရောက်ခိုက် အဘိုးကိုမေးစရာလေးတွေရှိလို့တဲ့ ဗဟုသုတ‌အနေနဲ့မှတ်သားသွားမလို့တဲ့"

လို့အဒေါ်ကြီးအာသွက်လျှာသွက် ဖြင့်အမြန်ရှင်းပြလိုက်သည်။ထိုအခါအဘိုးကြီးက ရွယ်ကျူချင်နဲ့ ဟိုင်းရှီကို တစ်ချက် ကြည့်လိုက်ကာ

"ငါ့မြေးတွေ အားနာပါတယ် ညကျမှလာလို့ရမလား အဘိုးလုပ်စရာလေးတွေရှိသေးလို့ မြေးတို့အဆင်ပြေလား"

လို့မေးလိုက်သည်။ဘာပြောရမှန်းမသိ။နောက်ဆုံးတွင်

"ပြေပါတယ်အဘိုး ကျနော်တို့ ညကျမှလာခဲ့မယ်လေ"

လို့ အကျိုးအကြောင်းပြောပြလိုက်ကာ အဒေါ်ကြီးနဲ့ရွာလမ်းမကြီးအတိုင်းအတူသွားပြီး ရွာရှေပိုင်းမှာ ဟော်လန်တို့နဲ့တွေ့သဖြင့် လိုက်သွားလိုက်တော့သည်။

"‌ရွယ်ကျူချင်နဲ့ ဟိုင်းရှီ မင်းတို့ဘာတွေသွားမေးတာလဲ"

"အေးဟုတ်တယ် အဆင်ပြေလား"
လို့ ဟော်လန်ရဲ့အမေးကို စုန်လယ်ဟန်ကပါ ဝင်ပြောလိုက်သည်။ဟိုင်းရှီက

"ရွာလေးကိုရောက်တုန်းရောက်ခိုက် ငါသမိုင်းအကြောင်းဗဟုသုတလေးတွေမေးမလို့ပါထွေထွေထူးထူးမဟုတ်ပါဘူး"

လို့ပြောပြလိုက်သည်။

"အခုကတော့ အဘိုးကမအားသေးဘူး ညကျမှလာလို့ပြောတယ် အာ့ကျမှသွားမယ် အခုတော့ ရွာလှည့်ကြည့်မလို့"

လို့ ပြုံးကာပြောပြလိုက်သည်။သူတို့တွေးစကားပြောနေရင်း ရုတ်တရက် မိုးတွေအုံ့ဆိုင်းလို့လာသည်။ထိုနောက် ပင်ကီတို့ကို လမ်းပြသော ကလေးသုံးယောက် ယောက်လာပြီး
သူတို့မိဘတွေကို

"အမေရေ အမေရေမကောင်းတော့ဘူး မမပင်ကီသားတို့နဲ့ စကားပြောနေတုန်း တားမြစ်နယ်ထဲဝင်သွားတယ် "

"ဟေ နင်တို့က မရှင်းပြထားဘူးလား"

"မဟုတ်ဘူး အန်တီသားတို့ရှင်းပြနေတာကို မမနျန်နျန်ကနားထောင်နေရင်း မမပင်ကီက သူလမ်းမှာတစ်ခုခု ကျန်ခဲ့တယ်တဲ့ အဲ့ဒါသားတို့လည်း မမပင်ကီအော်သံကြားလို့သွားရှာတာ အဲ့တော့အုပ်ထဲကကြားတာ"

"ဟာဒုက္ခပါပဲကံဆိုးမိုးမှောင်ကျတော့မှာပဲ"
"မြန်မြန်လိုက်သွားကြ"

ရွာထဲတွင် အုတ်အော်သောင်းနင်း ဖြစ်သွားသံများကို ကြားလိုက်ရသည်။မိဘတွေနဲ့ကလေးတွေကလည်း တစ်ယောက်တစ်ပေါက်ပြောဆိုနေကြတော့သည်။ရွယ်ကျူချင်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့သူငယ်ချင်းရှိရာစီသို့ အားကုန်ပြေးသွားတော့သည်။
နောက်ဆုံးတော့ရောက်ခဲ့ပါပြီ။တားမြစ်နယ်လို့တော့ ဆိုင်းပုဒ်တက်ထားတယ်။ဒါမဲ့ အဲ့တောအုပ်လမ်းထဲကို နေ့ခင်းကြောင်တောင်ကြီးမဝင်ရဲဖြစ်နေသော ရွာသာများကိုကြည့်ရင်း ရွယ်ကျုချင်တစ်ယောက်စိတ်တိုလာကာ

"ဖယ်ကျ ဖယ်ကျ အကုန်ဖယ် ငါ့သူငယ်ချင်း ငါ့ဘာသာသွားရှာမယ် ဘာကိုကြောက်နေကြတာလဲ"

တစ်ဖတ်တွင်လည်း ဟော်လန်နဲ့ဟိုင်းရှီက နျန်နန်ကို  ဘာဖြစ်ခဲ့တာလဲဆိုတာမေးမြန်းနေတော့သည်။

"နင်တို့အဲ့မှာဘာဖစ်ခဲ့တာလဲ ပြောစမ်းဟာ ဘာတွေလဲ"

လို့ ဟော်လန်မေးလိုက်သည်။နျန်နျန်က

"အဲ့တားမြစ်လမ်းကိုမသွားဖို့ ငါ့တို့ကိုမသွားဖို့ပြောတယ်ကလေးတွေက
အဲ့ဒါသူတို့လည်းငါတို့ကို အဲ့ရာဇဝင်အကြောင်းပြောပြနေတာကို နားထောင်‌ နေရင်း ပင်ကီက ရုတ်တရက် သူပြန်လာခဲ့မယ်တဲ့ ပစ္စည်းကျန်ခဲ့လို့ဆိုပြီး သွားတာ ပြီးတော့ သူ့အော်သံကြားလိုက်တော့ ငါတို့တွေလိုက်သွားတာ သူ‌အဲ့တားမြစ်ထားတဲ့ လမ်းကနေအော်တာ"

"ဟာချီးပဲ ကိုယ့်ဒေသလည်းမဟုတ်တာကို ဘာလို့ တစ်ယောက်တည်းလွှတ်တာလဲ"

လို့ တစ်ယောက်တစ်ပေါက်အငြင်းပွားနေစဉ်
ရွယ်ကျူချင်တစ်ယောက် တားမြစ်တဲ့လမ်းထဲကို ဝင်သွားလိုက်တော့သည်။ရွယ်ကျူချင်နောက်သို့ ဟောင်ဇီဂွမ်ပါဝင်လိုက်သည်။ဒါကို ဟိုငါးကောင်မသိ အငြင်းပွားနေဆဲ။
‌တားမြစ်နယ်ထဲသို့ အမြန်ပြေးဝင်လိုက်ကာ ခပ်သွက်သွက်ရှာနေလိုက်သည်။တောကအပင်ပေါင်းများစွာပေါက်နေသဖြင့် မြင်ရခတ်ခဲသည်။နွယ်ပင်တွေကလည်ရှိသေးသည်။သူတို့တွေရှာရင်းရှာရင်း နောက်ဆုံးတွေ ကျောက်တုံးပေါ်တွင် သတိမေ့နေသော ပင်ကီကိုတွေ့လိုက်ရသည်။ပင်ကီဘေးတွင် သူ့ဖုန်းလည်းပြုတ်ကျနေသည်။သူတို့၂‌ ယောက်လည်းတွေ့တွေ့ချင်းပင် အမြန်ပွေ့ချီလိုက်ကာ အပြင်သို့ ခေါ်ထုတ်လာတော့သည်။
ထို့နောက် အားလုံးကလည်း အပြင်သို့ထွက်လာသောရွယ်ကျူချင်နဲ့ ဟောင်ဇီကို အံ့ဩစွာကြည့်ရင်း
514009
ထပ်တင်ပေးရမယ်ဆိုအသည်းလေးတွေနိပ်သွားကြပါအုံး တင်ရတာအားမရှိတော့သလိုပဲ🥹
4370011
ကျွန်တော် ချစ်သူရေသူ Ep-7

နေ့လည်2နာရီလောက်ဖြစ်နေပြီ။ကုန်းကျီရွာကလေးသို့ ဝင်လိုက်ရုံ‌လေးပင် လန်းဆန်းသော လေပြည်လေညှင်းလေးများက တိုက်ခိုက်လိုက်သဖြင့် လူတို့အားလုံးစိတ်ကို ကြည်နှုးသွားစေသည်။ကုန်းကျီရွာကလေးဟာ ကြည့်ရ‌လောက်ဆိုရင် တောင်အောက်ခြေမှာရှိတဲ့ ရွာကလေးတစ်ရွာပေါ့။သူအထက်ရှိ တောင်တွေအထပ်တစ်နေရာစီမှာ ‌ရွာတစ်ရွာအမြဲရှိသည်။
အဲ့ရွာတွေကတော့ ကုန်းကျီ၊ ဆန်ကျဲ၊ ဖန်းစီ၊ မန်းမာ၊ ထျန်းပင်တို့ဖြစ်သည်။ ကဲ့ စာရေးသူနဲ့အတူသွားကြပါစို့။

ရွာကလေးသို့ ကားတန်းဝင်လိုက်ကျခြင်းပင် ရွာလေးက ကလေးများကလည်း ထွက်ပြေးကြည့်လာကြတော့သည်။

"ဟေးးး လာကြလာကြ..ငါတိုရွာကိုလာလည်တာထင်တယ်"
"ဟုတ်တယ် ထင်တယ် ဟ"

လို့ရွာသားတွေလည်း တစ်ယောက်တစ်ပေါက်ပြောနေကြတော့သည်။ကြည့်ရတာရွာကလေးကို ခရီးသွားသူများမရောက်တာ ကြာပြီထင်သည်။ထိုသို့ပြောချိန်နေချိန် အားလုံးကားပေါ်မှ ဆင်းလာကြကာ ပထမဉီးဆုံး ပင်ကီစီကို
ကလေးလေး တစ်ဉီးက ပြေးလားပြီး

"မမတို့က သားတို့ရွာကိုလာလည်တာလား"

ထိုအချိန်နောက်ထပ် ခလေးတစ်ယောက်ရောက်လာပြီ ဟော်လန်စီကို သွားကာ

"ကိုကိုတို့မမတို့က သားတို့စီအလည်လာကြတာလား "

ထိုအခါနျန်နျန်က

"သားတို့စီလည်း လာရင်ပေါ့ မမတို့က တိတ်ဆိတ်ခြင်းမြို့တော်ကိုသွားမလို့ "

ထိုသို့ ပြောလိုက်သောအခါခလေးတစ်‌ယောက်က

"တိတ်ဆိတ်ခြင်းမြို့တော်ကို တစ်ခါရောက်ဖူးတယ် အရမ်းလှပတယ် အေးချမ်းတယ် တောင်ပေါ်ရှု့ခင်းတွေဆိုအများကြီးပဲ"

လို့ ပြောလိုက်သည်။ထို့သို့ ခလေးများနဲ့ စကားပြောနေသော လူငယ်လေးများကိုကြည့်ပြီး ရွာသားတစ်ချို့က

"ဒီက မိန်းမလှလေးနဲ့ လူချောလေးတွေ ရောက်တုန်းရောက်ခိုက်ဒီမှာတည်းခိုသွားလိုက်ကြပါလား"

"ဟုတ်တယ်ကောင်လေးတို့ ရှု့ခင်းလေးတွေနဲ့ခံစားရင်ပေါ့ "

"ကျနော်တို့ရွာသားတွေဧည့်ခံပါမယ်ဗျာ"

လို့တစ်ယောက်တစ်ပေါက်နဲ့ ပြောဆိုနေကြတော့သည်။ကြည့်ရတာတော့ ကုန်းကျီရွာကလေးက ရွာသားတွေမှန်သမျှဖော်‌ရွေပုံရသည်။ရွယ်ကျူချင်တစ်ယောက်

"ဒီမှာပဲနားလိုက်ကျတာပေါ့ ဒီညဒီမှာတည်ခိုးမယ် မနက်ကျစောစောထပြီးသွားကြတာပေါ့"

"ကောင်းတယ် ကောင်းတယ် ငါလည်းအဲ့လိုစဉ်းစားတယ်"

လို့ ရွယ်ကျူချင်ပြောတဲ့ စကားကို ဟိုင်းရှီကထောက်ခံလိုက်သည်။ ထောက်ခံသည်မှာလည်း အကြောင်းရှိသည်။ မေးစမ်းစရာတစ်ချို့ကိစ္စများရှိနေသောကြောင့်ဖြစ်သည်။
ထိုအခါ စုန်လယ်ဟန်က

"ကဲ့ ငါ့သူငယ်ချင်းတို့ ဒီမှာပဲနားလိုက်ကျတာပေါ့ သူတို့မိန်းကလေးတွေလည်း ဓာတ်ပုံရိုက်ရင်ရိုက်ပါစေ ငါတို့လည်း လေ့လာကျတာပေါ့"

လို့ တည်ငြိမ်စွာနဲ့ အပြောမထူး အပြောထူးတဲ့လေသံဖြင့် ပြောလိုက်သည်။ဟောင်ဇီက

"ဒါနဲ့ အဒေါ်တို့ ဒီရွာကိုကျွမ်းကျင်တဲ့သူ လေးတွေရှိရင် ခေါ်သွားပေးခွင့်ပြုနော် လေ့လာမလို့လျှောက်ပြီး"

ထိုအခါ အသက်ကြီးကြီးအမျိုးသမီးတစ်ဉီးက

"ရပါတယ် ကောင်လေးတို့ရေ အကုန်လုံးက ကျွမ်းကျင်ကျပါတယ် မင်းတို့ကလေးခေါ်သွားသွား လူလတ်ပိုင်းပဲခေါ်သွားသွားရပါတယ်"

လို့ပြောလိုက်သည်။

"အော် ဟုတ်ကဲ့ပါဗျ "

လို့ပြန်ပြောရင်း ဟိုင်းရှီတစ်ယောက်

"အဒေါ် ဒီရွာမှာ ရှေးသမိုင်းကြောင်းတို့ ဘာတို့သိတဲ့သူရှိလား"

"ရှိတယ် ရွာအလယ်ပိုင်းပိုင်းမှာ နေတဲ့ အဘိုးထန်ကျောက် ရှိတယ်။သူကအကုန်သိတယ်"

လို့ဆောနက အဒေါ်ကြီးကပဲ ဖြေလိုက်သည်။

"ကျနော်ကို ပြီးရင် တစ်ချက်လိုက်ပို့ပေးအုံးနော် ကျနော်မေးစရာလေးတွေရှိလို့"

လို့ပြောလိုက်သည်။ထိုအခုရွယ်ကျူချင်က

"ကဲ့ ပင်ကီတို့ နင်တို့တွေ လျှောက်ကြည့်ကြ ကလေးတွေခေါ်သွားကြ လျှောက်မသွားကြနဲ့အုံး ငါဟိုင်းရှီစီ ခဏလိုက်သွားအုံးမယ်"

လို့လှမ်းပြောလိုက်သည်။

"အင်းပါ အင်းပါ ငါတို့လည်းရောက်တုန်းရောက်ခိုက် ဓာတ်ပုံအဝရိုက်သွားမယ် ဟဲ..ဟဲ"

လို့ မျက်နှာပြောင်ကာလှမ်းပြောဆိုလိုက်ပြီး ပင်ကီရော နျန်နျန်ရော ကလေးတစ်စုကိုခေါ်သွားကာ ထွက်သွားကြတော့သည် ။

"ကဲ့ လူလေးတို့ ဟိုကောင်လေးတွေနောက်လိုက်သွားကြ သူတို့တည်းခိုစရာနေရာပေးလိမ့်မယ်"

လို့ အသက်ကြီးကြီးအမျိုးသားတစ်ဉီးက ဟော်လန်အား ပြောလိုက်သည်။ဟော်လန်က

"ရွယ်ကျူချင် လာလေ မလိုက်ဘူးလား"

လို့လှမ်းမေးလိုက်သည်။

"အော်..ငါဟိုင်းရှီနဲ့ ဟိုဘက်သွားစရာရှိလို့ မင်းရယ်၊စုန်လယ်ဟန်ရယ်၊ဟောင်ဇီရယ်သွားကြ
ငါတို့ပြီးမှလာခဲ့မယ် လာမရှာနဲ့အုံး လည်အုံးမလို့"

လို့ ရွယ်ကျူချင်တစ်ယောက်လှမ်းအော်ပြောလိုက်သည်။ဟော်လန်က ဘုထစ်ထစ်အသံဖြင့်

"ဟော ငါတို့ကျတော့လိုက်သွားရတယ် မြန်မြန်သွားပြီပြန်လာခဲ့"

"အေးဟုတ်တယ် ဒါမဲ့ငါတို့လည်းလျှောက်လည်ကြလို့ရပါတယ် သူတို့လည်း သူတို့ဘာသာသွားကြပေါ့"

လို့ အနားက စုန်လယ်ဟန်တစ်ယောက်‌ဝင်ပြောလိုက်သည်။

"ကဲ့ လာသွားကြမယ်ငါတို့တွေ"

လို့ ဟောင်ဇီပြောလိုက်တော့မှ ရွာသားတစ်ချို့နောက် လိုက်သွားကြသည်။

"ကဲ့ဟိုင်းရှီသွားကြစို့"
"အေးသူငယ်ချင်းသွားကြမယ်"

လို့အပြန်အလှန်ပြောကာ အဒေါ်ကြီးနောက် လိုက်သွားကြတော့သည်။လမ်းတွင် မြင်ရသောမြင်ကွင်းနေများမှာချစ်စရာကောင်းလှသည်။အိမ်လေးများမှာ ဆောက်ထားတာ သေသပ်လှသည်။အေးချမ်းတိတ်ဆိတ်လှသည်။လမ်းသွားရင် အဒေါ်ကြီးက

"ငါတူလေးတွေက ဘယ်မြို့ကလာကြတာလဲ"

ထိုအမေးကို ဟိုင်းရှီက

"ကျနော်တို့က ပေကျင်းကပါ ဒါက ကျနော်ရဲ့အချစ်ဆုံးသူငယ်ချင်းတွေလေ"

လို့ပြောရင်း ရွယ်ကျူချင်ပုခုံးကိုဖတ်ပြလိုက်သည်။
607009
ကျွန်တော်ရဲ့ ချစ်သူ ရေသူ Ep-6


အချိန်ကား မနက် ခြောက်နာရီထိုးချေပြီ။ပတ်ဝန်းကျင်တစ်ခုလုံး ညကရွာထားသော မိုးရေကြောင့် စိမ်းလန်းစိုပြေလျက်ရှိပြီး တစ်ချက်တစ်ချက် တိုက်ခက်သွားသော လေပြည်လေညှင်းများမှာလည်း မနက်အိပ်ရာထသူတို့အဖို့ ရင်ထဲဝယ် လူ၏စိတ်ကို ကြည်နှုးစေပြီး တက်ကြွစေသည်။

"ရွယ်ကျူချင်ရေ ထတော့ မနက်မိုးလင်းနေပြီသူများတွေလည်း‌နိုးနေပြီ"

လို့ ဟော်လန်တစ်ယောက် ရွယ်ကျူချင် ပုခုံးကိုကိုင်ကာ လှုပ်နိုးရင်း ရွယ်ကျူချင်တစ်ယောက် ဖျတ်ခနဲ့ နိုးလာကာ

"ဟာ...ဘယ်နှစ်နာရီတုန်းဟ ကျန်တဲ့သူတွေရောနိုးပြီလား"

လို့ အိပ်ချင်မူးတူးအသံနဲ့ ပျာတိပျာယာ မေးနေတော့သည်။ဟော်လန်က

"စိတ်လျှော့အခု ခြောက်နာရီကျော်ကျော်ပဲရှိသေးတယ် ကျန်တဲ့သူတွေကနိုးနေပြီ မင်းကိုပဲစောင့်နေရတာ ပင်ကီက မနှိုးနဲ့ဆိုတော့ မနှိုးတာ"

လို့ ဘုတစ်တစ် အသံနဲ့ပြန်ပြောလိုက်သည်။ရွယ်ကျူချင်တစ်ယောက် သုတ်သီးသုတ်ပြာ မျက်နှာသစ်သွားတိုက်ရေမိုးချိုးကာ အောက်ထပ်သို့ဆင်းလာခဲ့တော့သည်။ဆင်းဆင်းလာချင်းပင် ဟောင်ဇီဂွမ်က

"မင်းအဆင်ရောပြေရဲ့လား ညကသောက်တာများသွားတာထင်"

"အေး‌ဟုတ်မယ်ထင်တယ် ..အခုကတော့အဆင်ပြေနေပါပြီ.."

လို့ ‌ပြန်ပြောလိုက်သည်။နျန်နျန်ကလည်း

"ဒါနဲ့ ငါတို့တွေ ခရီးထွက်မဲ့ကိစ္စကိုရက်ရွေးအုံး
ဘယ်နေ့ထွက်ကျမလဲ"

လို့အားလုံးကိုမေးလိုက်ကာ စုန်လယ်ဟန်နဲ့ပင်ကီက

"ဒီနေ့ နေ့လည်ထွက်ကြမယ်"

လို့ပြိုင်တူ ပြောလိုက်လေသည်။ဟော်လန်တစ်ယောက်

"ကောင်းတယ် တစ်အောင့်နေရင် အိမ်ပြန်ပြီးမိဘတွေကို ခရီးထွက်ဖို့အကြောင်းပြော အနည်းဆုံးငါးရက်ပါပဲလို့ .... အာ့ဆိုအခုငါတို့လိုတာတွေပြင်ဆင်လို့ရပြီ"

လို့ပြောလိုက်သည်။ထိုအခါ စုန်လယ်ဟန်က

"ကြာပါတယ်ခုနစ်ခွဲထွက်မယ်စောစောထွက်မယ်မြန်မြန်အိမ်ကိုဖုန်းဆက် သွက်သွက်လက်လက်လုပ်" လို့နှိုးဆော်လိုက်သည်။

သိုပေမဲ့ဒီနေ့သွားမယ်လို့ပြောလိုက်သံကိုကြားသွားသော ဟိုင်းရှီက

"မင်းတို့တွေဒီနေ့ကြီးသွားကျမလို့လား"

လို့ ကတုန်ကယင်အသံဖြင့်မေးလိုက်သည်။ရွယ်ကျူချင်က အနားကနေပြီး

"ဟုတ်တယ်လေ ...ဟိုင်းရှီ...ဘာဖစ်လို့လဲကွ"

"မဟုတ်ပါဘူး...ငါဒီခရီးကိုမလိုက်တော့ဘူးမင်းတို့ဘာသာသွားကြနော်..."

လို့ပြောကာ အားလုံးကလည်း

"မင်း ဘာလုပ်တာလဲကွ မအားလို့လား..တကယ်လို့မင်းမအားရင် နောက်နေ့ချိန်းလို့ရတယ်"

"အေးဟာနင်ကလည်း ဘာလို့မလိုက်တာလဲ
နင့်ကိုအဲ့ဆိုငါတို့အားလုံးကစိတ်ဆိုးမှာနော်"

လို့ ဟော်လန်နဲ့ ပင်ကီတို့နှစ်ယောက် ဟိုင်းရှီကိုပြောနေကျတော့သည်။‌နောက်ပိုင်း ဟိုင်းရှီလည်း ဘာမှမပြောလိုစိတ်မရှိတော့ဘဲ သွားဖို့ပဲ ဆုံးဖြတ်ခဲ့တော့သည်။ အိမ်ကမိဘတွေကိုလည်းအကျိုးသင့်အကြောင်းသင့် ပြောပြခဲ့ကျသည်။မိဘတွေကလည်း စာမေးပွဲပြီးတော့ ကလေးတွေကို လွတ်လပ်ခွင့်ပေးခဲ့သည်။ဒါနဲ့ သူငယ်ချင်း 7ယောက်လည်း သူတို့လိုအပ်တဲ့ ကိရိယာတန်ဆာပလာ၊အစားအစာ၊အသုံးအဆောင်၊ရိက္ခာ၊ပါဝါဘက် စသည့်လိုအပ်သော ပစ္စည်းများအား ထည့်ခဲ့ကျသည်။ကျောပိုးအိတ်တစ်ယောက်တစ်လုံးနဲ့ ပင် အရမ်းကိုလိုက်ဖက်နေတော့သည်။သူတို့လည်း စုန်လယ်ဟန်အိမ်တွင် မထွက်ခင် သူငယ်ချင်းများစုပြီးဓာတ်ပုံတစ်ပုံရိုက်ခဲ့သည်။

" ကဲ့ လာ အခုခုနှစ်ခွဲပြီ ကားပေါ်တက်လိုက်တော့ခုချိန်သွားရင် တောင်ပေါ်ရှု့ခင်းကိုကြည့်လို့ရတယ်"
လို့ ဟိုင်းရှီကပြောလိုက်သည်။ကားကိုမောင်းသူမှာ သတိအင်မတန်‌ကောင်းတဲ့ ဟိုင်းရှီဖစ်ပြီး သူနဲ့အဖော်အတူတူ ဟောင်ဇီဂွမ် ကိုပါ ကားရှေ့ခန်းတွင် အတူထိုင်သည်။ကျန်တဲ့ အုပ်စုများကတော့ နောက်မှာ ဖုန်းကိုယ်စီ၊မုန့်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။
သူတို့လည်း အဝေးပြေးမိန်းကားလမ်းမကြီးအတိုင်း မောင်းနှင်ထွက်လာတော့သည်။

"ဟေးးးငါတို့ပျော်စရာခရီးစဉ်လေးဖစ်မှာပေါ့ ငါတို့အဲ့မြို့တော်ရောက်သွားရင်ပျော်မှာ"

လို့ပင်ကီတစ်ယောက် ပြုံးစိစိနဲ့ပြောနေသည်။ဟော်လန်ကလည်း

"အေးဟာ ငါတို့သူငယ်ချင်းတွေ ခရီးမထွက်ရတာတောင်ကြာပြီ အခုမှထွက်ရတာ ပျော်စရာလေးဖစ်မှာပါ"

"အေးကွာငါလည်းပျင်းနေတာ အခုမှသူငယ်ချင်းတွေနဲ့ စိတ်တူကိုယ်တူထွက်ရတယ်"

လို့ စုန်လယ်ဟန်ကဝင်ပြောလိုက်သည်။နျန်နျန်က ကားမှန်တံခါးဖွင့်ထားကာ အပြင်မှလေပြည်‌ လေညင်းများက တစ်ဟူးဟူးတိုက်ခိုက်နေသည်။

"မိုက်တယ်ဟာ ‌စိတ်ထဲကြည်နှုးသွားတာပဲ အေးချမ်းလိုက်တာ သဘာဝအလှတရားတွေက"

လို့နျန်နျန်တစ်ယောက် သူ့အတွေးနဲ့သူပြောနေကြသည်။ဟိုင်းရှီက

"ခါးပတ်လည်းပတ်ထားကြအုံးနော် လမ်းခရီးကကြမ်းတယ် အရမ်းလည်းမပျော်ကြနဲ့အုံး ငါကခုကားမောင်းနေရတာ မပျော်ဘူးနော်"

လို့လှမ်းစလိုက်သည်။ထိုစကားကို ဟိုင်းရှီဘေးနားမှာထိုင်နေတဲ့ ဟောင်ဇီဂွမ်က

"ဟုတ်တယ် ဟုတ်တယ် ငါရောပဲနော် သူပြောတာငါထောက်ခံတယ် "

လို့ပြောလိုက်သည်။ရွယ်ကျူချင်လည်း မျက်စိမှေးနေရာကနေ သူပြောတာကြားပြီး

"ဘာလဲ မင်းကလည်းတူတူပဲ ဘေးနားထိုင်ပြီး ဖုန်းကြည့်မုန့်စားနေတာ ငါ့သူငယ်ချင်းဟိုင်းရှီက မောင်းနေရတာ"

လို့ဝင်ပြောလိုက်ရာ ပင်ကီက

"အားလုံးကအတူတူပါပဲ..ဟိုင်းရှီမောင်းရင်စိတ်ချရတယ် ဘေးကင်းတယ်"

လို့ပြောလိုက်သည်။ဟိုင်းရှီက တစ်ချက်ရယ်ပြီး

"မြှောက်မပြောနဲ့နော် အခုဝင်တိုက်ပစ်လိုက်မယ်"
လို့လှမ်းပြောလိုက်သည်။နျန်နျန်နဲ့ စုန်လယ်ဟန်က
"အေးပါဟာ ဝင်တိုက်ရင်လည်းတိုက်ကျ ခံရတော့တူတူခံရမှာပေါ့ ..ဟားးး"
493008
ကျွန်တော်ရဲ့ ချစ်သူ ရေသူ Ep-5

အားလုံးကလည်း စိတ်ဝင်စားကာ စုန်လယ်ဟန်က

"အဲ့နေရာကို ကြိုက်ကျရဲ့လား ကောင်းတာက ကောင်းတယ် စွန့်စားလွန်းရာကျတယ်"

လို့ပြောလိုက်သည်။ပင်ကီက

"ဟုတ်တယ်..စွန့်စားလွန်းရာကျတယ် သွားမယ်ဆိုရင်လည်း သတိနဲ့သွားမှရမယ် ဘာလို့လဲဆိုတော့ အဓိက ကားမောင်းတာလေ"

"ဟုတ်တယ် တောင်စောင်းတောင်ကွေ့ကများသေး၊ရွာတွေကိုလည်းဖြတ်ရအုံးမယ်"

လို့ ဟိုင်းရှီတစ်ယောက် ဝင်ပြောလိုက်သည်။ရွယ်ကျူချင်က

"ကဲ့ အားလုံးက သွားချင်လား မသွားချင်ဘူးလားပြောကြည့်အုံး မသွားချင်ဘူးဆိုရင်တစ်နေရာရွေးမလို့"

လို့ပြောလိုက်သည်။အားလုံးကလည်း တိတ်ဆိတ်ခြင်းမြို့တော်ကို ရွေးခဲ့ကြသည်။ထို့နောက် ဟောင်ဇီဂွမ်က

"ငါမင်းတို့က မေးခွန်းတစ်ခုမေးမလို့...အဲ့နေရာကိုငါတို့မရောက်ဖူးတာမှန်တယ်..ပြီးတော့ သွားရင်ဘယ်နှစ်ရက်လောက်ကြာမှ အဲ့မြို့ကိုရောက်မှာလဲ...ပြီးတော့ ရွာကြီး‌ငါးရွာရှိတာကို မန်းမာရွာက ဘာလို့ပျက်သွားရတာလဲ ..တကယ်လို့သွားမယ်ဆိုရင်လည်း အဲ့ရွာကိုဖြတ်ရမှာပဲလေ "

လို့ တစ်ချက် ဝင်ထောက်လိုက်သည်။ အားလုံးကလည်း အတွေးပေါင်းများစွာ နဲ့စဉ်းစားနေပြီးတော့

"ဟုတ်တယ် သူပြောတာ ယုတ္တိရှိတယ် ငါ မန်းမာရွာ ဘာလို့ပျက်သွားလဲဆိုတာ ရှာလိုက်မယ်..ခဏလေးစောင့်"

လို့ ဟိုင်းရှီတစ်ယောက် ပြောလိုက်သည်။ဟိုင်ရှီတစ်ယောက် သူ့ကွန်ပြူတာကို လွယ်အိတ်ထဲမှ ထုတ်ပြီး ရှာလိုက်ရာ တစ်ခဏအကြာတွင် မန်းမာရွာ ပျောက်သွားပုံအကြောင်းကို သိရှိလိုက်ရတော့သည်။

"ကဲ့ သူငယ်ချင်းတို့...ငါတွေ့ပြီ"

လို့အားလုံးကို ပြလိုက်သည်။ရွယ်ကျူချင်တစ်ချက်ကြည့်လိုက်ပြီး

"မန်းမာရွာကလည်း အထင်ကရ ရွာပဲကိုးးးသမိုင်းကလည်း ရှိသေး..ကဲ့ ငါဖတ်ပြမယ်"

လို့ပြောကာ

"မန်းမာရွာက အရမ်းအေးချမ်းတာတဲ့။ရွာသူရွာသားတွေကလည်း တစ်ယောက်ကို တစ်ယောက်ပျော်ရွှင်စွာနဲ့ နေထိုင်တက်ကျတာတဲ့ တစ်နေ့ သူတို့ရွာကို လူစိမ်းတစ်ယောက်ရောက်လာပြီး ရွာမှာနေထိုင်ခဲ့တယ်တဲ့။မန်းမာရွာကိုအုပ်ချုပ်တဲ့သူ ရွာခေါင်းဆောင် ချင်ပိုင် က
နောက်ပိုင်းမှာ ထိုသူစိမ်းအကြောင်းသိသွားလို့ လားမသိ။ဘာအကြောင်းလဲဆိုတာတော့ မရေးထားဘူး။သူကိုရွာက မောင်းထုတ်လိုက်တယ်။အဲ့ဒါ အဲ့လူရွာကထွက်သွားပြီးတော့ မန်းမာရွာမှာ တစ်နေ့ကို လူနှစ်ယောက်သေပြီး မမြင်နိုင်တဲ့ ရောဂါတစ်မျိုးကူးစက်လာတယ်တဲ့။အဲ့ရောဂါက ခြေထောက်တွေက လမ်းလျှောက်လို့မရတော့ဘဲ တွန့်လိန်ကွေးပြီး သွားရတာတဲ့။နောက်ပိုင်း အစားလည်းငတ်အကူအညီလည်း မဲ့ပြီးသေဆုံးသွားရတာတဲ့ "

လို့ရှင်းပြလိုက်သည်။ဟော်လန်က

"အဲ့လူစိမ်းရော.."

"သူကမရှိတော့ဘူး"

လို့ ရွယ်ကျူချင်တစ်ယောက် ဟော်လန်အမေးကို ဖြေလိုက်တော့သည်။ဟိုင်းရှီက

"ပုံပြင်တစ်ပုဒ်လားဘာလားတော့မသိပင်မဲ့ အဲ့ရောက်မှ စုံစမ်းပြီးဗဟုသုတရှာကြည့်ကျတာပေါ့"

လို့ပြောလိုက်လေသည်။အချိန်ကလည်းမသေးတော့။မိုးကလည်းမတိတ်သေး။စုန်လယ်ဟန်က

"သူငယ်ချင်းတို့ ငါ့အိမ်မှာ ဘယ်သူမှမရှိဘူး အိပ်ကျမလားဒီည..ငါအခန်းစီစဉ်ပေးမယ်"

လို့ပြောလိုက်သည်။အားလုံးကလည်း

"အေးဟုတ်ပြီး အိပ်ကျတာပေါ့ကွာ"

လို့ပြောပြီး အိမ်ကမိဘများကို ကျိုးကြောင်းသင့်လျော်အောင် ဖုန်းဆက်ပြီး ပြောလိုက်လေသည်။စုန်လယ်ဟန်က

"အခု ညနေခြောက်နာရီခွဲနေပြီ နျန်နျန်နဲ့ ပင်ကီနဲ့က တစ်ခန်းအိပ်ကျ"

ထိုအချိန် ဟော်လန်က

"ငါနဲ့ရွယ်ကျုချင်နဲ့ကို တစ်ခန်းပေး"

လို့ပြောလိုက်သည်။ရွယ်ကျူချင်တစ်ယောက်ပြုံးလိုက်ကာ

"မင်းကလည်း အိမ်ရှင်စီမံပစေပေါ့ဟ"

လို့‌ရယ်ရင်းပြောလိုက်သည်။စုန်လယ်ဟန်က

"အေးပါကွာ မင်းတို့သဘောပဲ ကြိုက်သလိုနေလို့ရတယ် ကိုယ့်အိမ်လိုသဘောထား လိုတာရှိရင် ငါ့ကိုပြော"

လို့ ပြောဆိုကာ အချင်းချင်းသောက်ကျစားကျရင်း မူးသွားတော့သည်။အချိန်မသေးတော့ပေ။ညဉ့်နက်နေပြီ ဖစ်နေသောကြောင့် အားလုံးကိုယ်စီ အခန်းရှိရာဆီသို့ သွားကြလေသည်။အရာရာတွင် သတိရှိပါးနပ်လှသော ဟိုင်းရှီက မူးအောင်မသောက်။အာဆွတ်ရုံမျှသာ သောက်သဖြင့် သတိရှိသေးသည်။ ထိုနောက် စုန်လယ်ဟန်က သူ့ကိုယ်ပိုင် အခန်းထဲတွင် အိပ်ပြီး နျန်နျန်နဲ့ ပင်ကီတို့ကတော့ နှစ်ယောက်တစ်ခန်းအိပ်ကျသည်။ဟိုင်းရှီနဲ့ ဟောင်ဇီဂွမ်က နှစ်ယောက်တစ်ခန်း၊ ရွယ်ကျူချင်နဲ့ ဟော်လန်နဲ့က နှစ်ယောက်တစ်ခန်းစီ ဆီရာသို့ သွားကာ အိပ်နေကျတော့သည်။
သို့သော် အားလုံးအိပ်သွားပင်မဲ့ တစ်ဖက်ခန်းက ဟိုင်းရှီနဲ့ အခြားတစ်ဖတ်ခန်းက ဟော်လန် တို့ကမအိပ်ကျသေး။ဟိုင်းရှီမအိပ်တာက အကြောင်းရင်းရှိပါသည်။ဒီခရီးကို စိုးရိမ်ပူပန်နေချင်းသာ ဖြစ်သည်။ထို့နောက် ဟိုင်းရှီမအိပ်သေးဘဲ သူတို့သွားမဲ့ ခရီးနဲ့ ပတ်သတ်သောအချက်အလက် မှန်သမျှအား တက်နိုင်သလောက် အမြန်ဆုံးရှာဖွေစုဆောင်းနေသည်။အချက်အလက် သမိုင်းကြောင်းစုံစမ်းရင်း

"ဟာ.....ဘုရားရေ"

ဟူသော ပါးစပ်မှ အာမေဋိတ် စကားလုံး ထွက်သွားတော့သည်။ကွန်ပြူတာ‌တွင် တစ်ခုခုကို သိမြင်လိုက်ရလို့ လန့်သွားသည်လားမသိ။ချက်ချင်းအိပ်ရာပေါ်တက်ကာ အိပ်နေလိုက်တော့သည်။တစ်ဖတ်ခန်းတွင် ရှိနေသော ရွယ်ကျူချင်တစ်ယောက် အမူးလွန်အောင် သောက်ထားသည့် အတွက် ပါးစပ်မှ

"ပူတယ် ...အရမ်းပူတယ်ကွာ....ချီးပဲ"

လို့ ကယောင်ကတန်းပြောနေသည်။ဒါကို ဘေးနားကမအိပ်သေးသော ဟော်လန်က

"ဟူးးးဒီကောင်လည်း သူ့ဘာသာအလွန်အကျွံ သောက်ပြီးတော့ အခုတော့ ပူတယ်ပူတယ်နဲ့"
670009
ကျွန်တော်ရဲ့ချစ်သူ ရေသူ (Ep-4)

အပြင်မှာ မိုးကရွာတော့မည်။လေတွေတိုက်နေသဖြင့် ပင်ကီအမေဖြစ်သူ စန်းယီ က

"သမီးရေ တစ်ယောက်တည်းမသွားနဲ့အုံးနော် နျန်နျန်လာခေါ်တာစောင့်အုံး"

လို့ သမီးဖြစ်သူကို စိတ်ကမချ၊စိုးကရိမ်ဖြစ်နေသောမျက်နှာမျိုးဖြင့် ပင်ကီကိုပြောနေသည်။ပင်ကီကလည်း

"ရပါတယ် အမေရယ် စိတ်ချ သမီးတို့ခုမှ စာမေးပွဲဖြေပြီးတာ စိတ်ရှုပ်အောင်မလုပ်နဲ့အုံး သမီးသူငယ်ချင်းလာခေါ်မှသွားမယ် ဟုတ်ပြီလား"

"ဟုတ်ပါပီ ဒါမှအမေ့သမီးလေး"

လို့ ပြောလိုက်လေသည်။ပင်ကီအမေဖြစ်သူ စန်းယီမှာလည်း အလွန်အာဏာကြီးပြီး နယ်ပိုင်ကတော်လို့ လူသိများလှသည်။ထို့ကြောင့် သူ့သမီးချောလေးဖြစ်သော ပင်ကီကို လာကြိုက်သော ကောင်လေးတွေမှန်သမျှ အကုန်လုံးကို မဖြစ်နိုင်သောတာဝန်များပေးကာ သူ့သမီးဘေးနားမှ ထွက်ခွာခဲ့ခိုင်းသည်။သို့သော် သူ့သမီးမှာ ရည်းစားရှိနေသည်ကို သူအမေမသိ။ပင်ကီ အမေ့ဖြစ်သူ စန်းယီမှာလည်း ဒီသူငယ်ချင်းခုနှစ်ယောက်အပြင် တစ်ခြားသူကို မယုံကြည်ရဲ။

"တီ.....တီ....တီ....."

အိမ်ရှေ့မှ ကားဟွန်းတီးသံကြားလိုက်ရသဖြင့် ပင်ကီတစ်ယောက် ထွက်ကြည့်လိုက်ကာ နျန်နျန်ဖြစ်နေသောကြောင့် အမေဖြစ်သူကို

"အမေရေ သမီးသူငယ်ချင်း နျန်နျန်လာခေါ်ပြီ...သွားတော့မယ်နော်...ဘိုင်ဘိုင်"

လို့ပြောရင်းဆိုရင်း ထီးတစ်ချောင်းယူကာ ထွက်သွားတော့သည်။ကားထဲသို့ဝင်ဝင်ချင်းပင်နျန်နျန်က

"ဒီနေ့ကျမှ မိုးကကောင်းနေလိုက်တာ ဘာလို့အာ့လောက်တောင်ဖြစ်နေလဲမသိဘူး"

"အေးဟာ ငါတို့အခု စုန်လယ်ဟန် အိမ်ဆီ သွားကြမှာမလား"

"အေးဟုတ်တယ် ကျန်တဲ့သူတွေတော့ရောက်နေလောက်ပြီထင်တယ် အားနာစရာကြီး ဟီးးး"

လို့ရှက်တိုးရှက်ရီ ပြုကာ နျန်နျန်က ပင်ကီအားပြောလိုက်လေသည်။ပင်ကီကလည်း အားကျမခံသောလေသံဖြင့်

"နျန်နျန်ဘာမှမပူနဲ့ ငါတို့ကမိန်းကလေးတွေ သူတို့ကယောက်ကျာ်းလေး ငါတို့က ပြင်ရဆင်ရတယ် သူတို့ကကျ တစ်ကိုယ်ရည် တစ်ကာရပဲ
ဘာမှစိတ်မပူနေနဲ့ အမြန်သာမောင်း"

"အေးပါဟယ် နင်စားစရာ‌ ကုန်သွားမှာကြောက်လို့မလား ကောင်မ နင်အတွက် မကျန်မှာစိုးလို့လား ငါသိတယ်နော်"

လို့ သူငယ်ချင်းနှစ်ယောက် ကားမောင်းကာ အပြန်အလှန်ပြောရင်း စုန်လယ်ဟန်အိမ်ဆီ သို့ရောက်သွားတော့သည်။

"ဟေးးးလာကျလာကျ နင်တို့ကိုစောင့်နေတာလူတွေစုံနေပြီ"

လို့ ဟိုင်းရှီတစ်ယောက်ပြောလိုက်သည်။ပင်ကီကလည်း

"အေးပါဟယ် ငါထင်တဲ့အတိုင်းလူကစုံနေ...ကဲ့ထားလိုက်ပါ အခုတော့ပျော်ကျမယ်လေ"

လို့ ချစ်စရာကောင်းသောအသံလေးနဲ့ပြောလိုက်လေသည်။ရွယ်ကျူချင်က အားလုံးကို

"ငါဒီမှာ ဝိုင်တွေဝယ်လာတယ် မင်းတို့သောက်ရအောင်လို့ "

"ဟာ...အများကြီးပဲဟ"

လို့ ဟောင်ဇီဂွမ် တစ်ယောက်ပြောလိုက်သည်။ဟော်လန်က

"ကဲ့ လာ...အားလုံးခွက်ထဲထည့်ကျ ...ပြီးရင်အတူတူသောက်ကျမယ်"

လို့ပြောကာ အားလုံးကိုယ်စီ ထည့်ပြီးသည်နှင့်တစ်ပြိုင်နက် အားလုံးပါးစပ်မှ

"ချီးယားးးးး"

လို့ ပြိုင်တူအော်ကာ သောက်ကျတော့သည်။ထို့နောက်တစ်ယောက်နဲ့တစ်ယောက် ငယ်စဉ်ကအကြောင်းတွေပြောလိုက်၊စာအကြောင်းရောက်သွားလိုက်၊သတိရအမှတ်ရစရာတွေ ပြောလိုက်နဲ့ အားလုံးရယ်မောပျော်ရွှင်နေကျတော့သည်။ထိုအချိန် ဟော်လန်က ထလာပြီး ရွယ်ကျုချင် ဘေးနားတွင် ကပ်ထိုင်လိုက်ကာ

"ကဲ့ ငါတိုတွေ ခရီးထွက်ဖို့လေးဆွေးနွေးကျမယ်လေ..ဘယ်ကိုထွက်ရင်ကောင်းမလဲလို့'"

လို့ပြောလိုက်သောအခါ နျန်နျန်က

"ဟုတ်တယ် ငါတို့ဘယ်ကိုထွက်ရင်ကောင်းမလဲ အရင်ဆုံးနေရာရှာကျရအောင်လေ"

"ဟုတ်တယ် ငါတို့ရဲ့ပျော်ရွှင်စရာအားလပ်ရက်လေးဖြစ်အောင် ..ဘယ်လိုအတူတူဖြစ်သန်းပြီး အမှတ်ရစရာတွေ ပြည့်နှက်နေတဲ့ နေရာမျိုးပေါ့ဟာ"

လို့ ပင်ကီကလည်း နျန်နျန်ပြောတဲ့စကားကို အနားမှဝင်ထောက်ခံလိုက်သည်။စုန်လယ်ဟန်တစ်ယောက် ဟော်လန်မျက်နှာကိုကြည့်ရင်း

"ကဲ့ အာ့ဆိုရင် ထွက်မဲ့နေရာကို ရွေးကျ တစ်ယောက်တစ်မျိုးရွေး...ပြီးရင်အကောင်းဆုံးနေရာကိုရွေးမယ်..ဘယ်လိုလဲ"

လို့ပြောလိုက်သည်။ပင်ကီက စုန်လယ်ဟန်ပြောသောစကားကို

"အေးကောင်းတယ် ကဲ့ငါတို့တွေရွေးကျမယ်အခု စာမေးပွဲပြီးပြီဆိုတော့ ဘာမှ နောက်ဆံတင်းစရာမလိုတော့ဘူး...."

လို့ပြောသော အသံနဲ့အတူ

"အမလေး ကယ်ကျပါအုံး ...အမ်းးး"

ဟူသော အသံကြီးလည်း ပင်ကီပါးစပ်မှထွက်ပေါ်တော့သည်။ရွယ်ကျူချင်တစ်ယောက်

"မိုးခြိမ်းတာပါဟာ လန့်စရာလား .နင့်ကိုလည်းလေ တကယ် ပြောကိုမပြောချင်တော့ဘူး"

လို့ပြောလိုက်သည်။ထို့နောက် အားလုံးက ပင်ကီမျက်နှာကိုတစ်ချက်ကြည့်ရင်း ဝိုင်းရယ်ကျတော့သည်။ပင်ကီက

"အော်..မိန်ကလေးပဲ ကြောက်တက်တာဆန်းလား"

လို့‌ ရွဲစောင်းသော မျက်နှာထား ထားကာ လေသံနဲ့ ပြောလိုက်သည်။ထိုအခွင့်အရေးကိုအသင့်စောင့်နေသော နျန်နျန်က

"သူငယ်ချင်း...ငါကျတော့ ဘာလို့မကြောက်တာလဲ..ငါက ယောက်ကျာ်ကြီးလားဟင်"

လို့ ပင်ကီမျက်နှာရှေ့တည့်တည့်အောက်မှ ရွေ့ချင်စဖွယ်ကောင်းလောက်ပုံပေါက်အောင် သွားပြီးမျက်နှာပြောင်နေတော့သည်။

ဟိုင်းရှီက

"ကဲ့ ပင်ကီကိုသွားမစနဲ့ အခု ငါတို့တွေထွက်မဲ့နေရာလေးတွေရှာကျရအောင်"

လို့ စကားတွန်းပို့ပေးလိုက်တော့မှ အားလုံးကိုယ်စီ ဖုန်းကို ယူကာ အပန်းဖြေထွက်မဲ့နေရာကို ရှာနေတော့သည်။အပြင်ဘက်တွေလည်း မိုး‌ကကောင်းနေစမြဲဖြစ်သည်။ခဏနေရင်မီးပျက်တော့မည်ထင်သည်။လေတွေပါ ပါလာသည်။

ဟောင်ဇီဂွမ်က ရုတ်တရက် သွားမဲ့နေရာကိုရှာတွေ့သွားသည့် အလား။တစ်ခြားသူတွေအားလုံးကို
698007
Good night ပါ
    ပင်ပန်းနေပြီမလား

မိသားစုအဆင်မပြေတာတွေများနေပြီလား
အချစ်ရေးကော် အဆင်မပြေဘူးလား

အရမ်းပင်ပန်းနေရင်အိပ်တော့လေ
ညဘက်မိုးချုပ်တဲ့ထိမနေနဲ့လေ

မငိုရဘူးနော် သန်မာပါတယ်မင်းက
ညဘက်အိပ်ချိန်လေးမှာ ခေါင်းအုံးပေါ်
ခေါင်းလေးချ

ကိုယ်သဘောကျတဲ့အရာလေးတွေနားထောင်ရင်းအိပ်တော့နော်

ဘာမှတွေးမနေနဲ့

အဆင်ပြေသွားမှာပါ

Good night
4,7500043
Relationship ပဲဖြစ်ဖြစ်
Friendship ပဲဖြစ်ဖြစ်

Level မတူရင် ဘယ်ဆက်ဆံရေးမှ
ကြာရှည်မခံဘူးဆိုတာ နောက်နေတာမဟုတ်ဘူးနော်

Brain Level,thinking level နဲ့
Behavior levelတို့ပေါ့

ပညာတတ်တာ မတတ်တာချည်းကိုပဲ ပြောတာမဟုတ်၊

ကိုယ်တွေးသလို သူပြန်တွေးပေးမလား၊
သူပြောလိုက်တဲ့စကား သူရော ပြန်အပြောခံနိုင်လား၊

ကိုယ်ချင်းစာစိတ်နဲ့ သည်းခံစိတ်ကရော
ဘယ်levelရှိမလဲ အဲလိုတွေပေါ့
6,2700054
မြစ်ကျဥ်းတော့ရေစီးသန်တယ်

အမြင်ကျဥ်းတော့ အငြင်းသန်တယ်

အမြင်ချင်းမတူဘူးဆိုရင်/ မပြိုင်နဲ့ /မရှင်းနဲ့/မငြင်းပါနဲ့

ပြိုင်လေရန်များလေပဲ
ရှင်းလေရှုပ်လေပဲ
ငြင်းလေဆိုးလေပါပဲ

အရူးတစ်ယောက်နဲ့ငြင်းခုန်နေတာဟာ
အရူးနှစ်ယောက် ရှိတယ်လို့သတ်သေပြလိုက်တာပါပဲ

။
လင်းနို့က လူတွေကိုကြည့်ရင် ဇောက်ထိုးမြင်မှာပဲ
လင်းနို့အတည့်မြင်အောင် ကိုယ်ကကင်းမြှီးကောက်
ထောင်ပြစရာမလိုပါဘူး

ကိုယ့်သမိုင်းကို ရေးတဲ့နေရာမှာ သူတစ်ပါးချီးမွမ်းတာ
ကဲ့ရဲ့တာကို လိုက်ခံစားမနေပါနဲ့

မှန်ရှေ့ရပ်ကြည့်လို့ကိုယ့်မျက်နှာကို လိပ်ပြာလုံလုံကြည့်ရဲဖို့ပဲလိုတာပါ
5,8200035
မိန်းခလေးတွေဖတ်ဖို့

မိန်းမဖြစ်ရတာ သနားဖို့သိပ်ကောင်းတယ်

ဖင်မရှိရင်လည်းပြားချပ်နေတာပဲလိုအလှောင်ခံရမယ်

ကိတ်ပြန်တော့လည်းမမြင်ရစေနဲ့ မကောင်းပြောခံရမှာပဲ

ရင်သားမရှိလည်းပြားချပ်နေတာပဲလို့ အလှောင်ခံရမယ်

ရင်သားရှိပြန်တော့လည်း နောက်ကွယ်မှာမိန်းမယုတ်လို့ပြောကျပြန်တယ်

အရပ်ပုတော့လည်းပုလို့ ဒေါက်ဖိနပ်စီးရတယ်

ယောကျာ်း လေးအချို့ထက်အရပ်ရှည်ပြန်တော့လည်းကြည့်မကောင်းပြန်ဘူး.

ပိန်တော့လည်းပိန်လို့ အစားများများစားပါအုံး

ဝတော့လည်းဝလို့ ဝိတ်ချပါအုံး။ဘယ်သူမှဝတာမကြိုက်ဘူးဆိုတာပဲ

တစ်ခါမှရည်းစားမထားတော့လည်း မိန်းကလေးချင်းကြိုက်နေသလိုလို

ရည်းစားတစ်ယောက်ထပ်ပိုထားဖူးပြန်တော့လည်း
ဖ>တဲ့

ဓမ္မတာလာတော့ရွံစရာကြီးတဲ့
မလာပြန်တော့လည်းမရင့်ကျက်သေးလို့တဲ့

Living Together နေဖူးထားတော့ မကောင်းတဲ့မိန်းမတဲ့

မာနထားပြန်တော့ ကြိုက်မဲ့သူမရှိလို့ /ကြောက်လို့တဲ့

Kaked Photo မပေးတော့Blockခံရ
ပေးပြန်တော့လည်းရောင်းစားခံရ/Lineပေါ်တင်ခံရ

ဒါနဲ့များ ယောက်ကျားလေးတွေက
မိန်းကလေးတွေအတွေးများတယ်ထင်ရင်

မျက်လုံးတွေဖွင့်ကြည့်❤️

================
ပါတ်ဝန်းကျင်ကိုဂရုစိုက်နေရင်တော့အဆင်ပြေမှာမဟုတ်ဘူး မိန်းမကောင်းလေးတို့ရေ❤️❤️
5,6900093
P3 End🫁

“နှစ်လုံးထိုးဖို့ မရှိတာ မဟုတ်လား”

“စကားမများနဲ့ နင်တို့ မျိုဖို့ ဆို့ဖို့မရှိလို့ ... သွား ... လမ်းထိပ်မှာ ထမင်းငါးထုပ်နဲ့ ဟင်းသွားဝယ်”

ဦးမြင့်အေးက ဝင်ပြောသည်

“ထမင်းက နင်ချက်တော့ ဘာဖြစ်မှာလဲ ... ခလုတ်နှိပ်ပြီး ချက်ရတာကို”

“အေး ... အဲဒီလို ခလုတ်နှိပ်ဖို့ မီးလာမှဖြစ်မှာ ... တော်ကြာ မီးပျက်တော့မှာ”

“တစ်နေ့လုံး အိပ်နေ ညစာလေးတော့ ထမင်းလေးတစ်လုံး တည်ဖို့တောင် စိတ်မဝင်စားကြဘူး”

“အလို ... ရှင်ကျရော ဘာလုပ်နေလို့လဲ ... တစ်နေကုန် ရုပ်ရှင်ထိုင်ကြည့်နေပြီးတော့”

“ငါ့ဘာသာ ရုပ်ရှင်ကြည့်တာ ဘာဖြစ်လဲ”

“ကျွန်မလည်း အိပ်တာဘာဖြစ်သလဲ”

“ဝုန်း ... ဒိုင်း” ဆူညံ သောသောညံ

ထိုအချိန်တွင် ဦးခင်စိုးအိမ်မှ မိသားစုအားလုံးက ဘုရားစင်ရှေ့ထိုင်ကာ လက်အုပ်လေးတွေချီပြီး ရွတ်ဆိုနေကြ သည်မှာ

“တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ” ဟု ရွတ်ဆိုကာ ဘုရားရှိခိုးသံကို အရပ်ထဲကလည်း တစ်ချိန်တည်း တွင် ကြားနေရသည်။

(အနက် - ခြိုးခြံစွာကျင့်ခြင်း၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန် ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ မှတ်လော့)

***

တင်ညွန့်

#Credit_To_Original_Writer #မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည် #

နှလုံးသားအဟာရပြည့်ဝဘို့ ရသစာပေဖတ်ကြပါစို့။
မေတ္တာဖြင့်.........

            ❤❤❤
6,2800025
P2

“ဟာ ဒီမနက် ဘာစားသွားရမှာလဲ ... စောစောလည်း ဘာမှ ထမချက်ထားဘူး”

“နင် မျိုဆို့ရအောင် ချက်ဖို့ နင့်အစေခံလား”

“မမ အကြီးဖြစ်ပြီး အကြောကြီးနဲ့ မပြောနဲ့ ... အဖေ ... ဘာမှမရှိဘူးတဲ့ ပိုက်ဆံပေး ... သားဘာသာ လမ်းက ဝယ်စားသွားမယ်”

“ကဲ ... ကဲ ... စကားများမနေကြနဲ့ အားလုံး အတူတူ ထွက်စားကြမယ် ... နင့်အမေကို ခေါ်လိုက်”

သူတို့ မိသားစု ငါးယောက် ၁၁ နာရီကျော်မှ နံနက်စာစားရန် အပြင်ထွက်ကြသည်။

လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ထမင်းကြော် အသီးသီး မှာစားကြသည်။

“ဘယ်လောက်ကျသလဲဟေ့ ရှင်းမယ်”

စားပွဲထိုးလေးကလာသည်။ တွက်ချက်ပြီး

“အားလုံး သုံးထောင်နှစ်ရာ ကျပါတယ်”

“မိန်းမ မင်းဆီမှာ တစ်ထောင်နှစ်ရာ လောက်ပါလား”

“မပါဘူး”

“ဟေ့ ... ဒီမှာ နှစ်ထောင် ယူထားလိုက် ... တသ်ထောင်နှစ်ရာ ကတော့ နောက်နေ့မှယူ”

“ ဦးမြင့်အေး ... အကြွေးတွေက များနေပြီ”

“ပေးမှာပေါ့ကွာ ... မပေးဘဲ နေလို့လား ... မင်းတို့ဆိုင် နေ့တိုင်း လာပြီးအားပေးနေတာကို”

သားသမီးတွေ ကိုယ်စီ ကိုယ်စီ ထွက်သွားကြသည်။ ဒေါ်မိမိက

“ကံစီလာဦး ... ဒီနေ့ ဘာဂဏန်းကောင်းလဲ”

“ခြောက် တစ်လုံးကတော့ အပိုင်ပဲအစ်မ”

“ခြောက်ရှစ် နဲ့ ရှစ်ခြောက် နှစ်ကွက်ပေးဟာ”

“ဘယ်လောက်ဖိုးယူမှာလဲ အစ်မ”

“တစ်ထောင် ဖိုးစီ”

“အစ်မ အကြွေးမရဘူးနော် ... အစ်မ အရင်ကြွေးက တစ်သိန်းကျော်နေပြီ”
“တိုးတိုးပြောပါ ... ငါ့ယောက်ျား ကြားသွားမယ် ... ပေးမှာပေါ့ ... ဒီနေ့ ပေါက်ရင် နင့်အကြွေး အကုန်ဆပ်မယ် … ငါညက အိပ်မက်ရထားတယ် ... ရော့ ဒီနေ့ လက်ငင်းထိုးတာ”

ထိုအချိန်တွင် ဦးမြင့်အေးက ဘောလုံးလောင်းနေသည်။

သူတို့ လင်မယားပြန်လာသည့် အခါတွင် ဦးခင်စိုးက သူ့ခြံလေးထဲတွင် ပေါက်တူးတစ်လက်နှင့် အလုပ်ရှုပ်နေ သည်။

“ခင်စိုး ဘာတွေ လုပ်နေသလဲ”

“ကြက်သွန်မြိတ်ပင်တွေ မြောင်းပေါင်ဖော်နေတာ”

“မင်းကွာ တစ်ရာ ဖိုးဝယ်ရင် အများကြီးရတာ”

“ဝယ်မစားချင်လို့ပေါ့ကွာ”

“အဖေကြီးကလည်း သွားပြောမနေနဲ့ ... ကပ်စေးတွေကို”

ညနေခင်းတွင် မိသားစုတွေ အားလုံး ပြန်ဆုံကြသည်။

ဦးခင်စိုးအိမ်

“ဖေဖေ ... ဖေဖေစားဖို့ ရွှေပုစွန် နံကထိုင်တစ်ထုပ်ဝယ်လာတယ်”

“ဈေးကြီးပါတယ် သမီးကြီးရယ် နောက်ဝယ်မလာနဲ့”

“ဖေဖေကလည်း အားရှိအောင်တော့ စားရမှာပေါ့”

သမီးအလတ်မက သူ့မိခင်ကို

“မေမေရေ ... မနက်ဖြန်အတွက် လက်ဆွဲအိတ် အလုံး နှစ်ဆယ် အော်ဒါပါတယ်”

“ဟုတ်လား ... သမီး မနက်ကယူသွားတဲ့ ငါးလုံးကုန်သွားပြီလား”

“အဲဒီဆိုင်ကပဲ ယူလိုက်တာမေမေ ... နောက်ထပ် နှစ်ဆယ် ထပ်မှာတာ”

သူတို့မိခင်ကြီးက လက်ဆွဲအိတ်လေးတွေကို ဒီဇိုင်းဆန်းဆန်းလေးတွေ ချုပ်တတ်သည်။ သမီးလတ်က ဈေးထဲတွင် ဆိုင်ကြီးတစ်ဆိုင်၏ အရောင်းဝန်ထမ်းဖြစ်ပြီး သူ့မိခင် အိတ်လေးတွေကို လိုက်စပ်ရောင်းပေး သည်။

“အိတ် နှစ်ဆယ် ဆိုရင် ဒီည ပြီးပါ့မလားမသိဘူး”

“သမီးတို့လည်း ဝိုင်းချုပ်မှာပေါ့မေမေ”

“ကဲ ... ထမင်းစားပြီးရင် အလုပ် လုပ်ကြမယ်”

“ချက်ပြီးပြီလား မေမေ”

“အားလုံးအသင့် ... နင်တို့ အဖေကြီးကို ရေချိုးခိုင်းတော့”

ညထမင်းဝိုင်း ကွန်ဖရင့်တွင် သူတို့မိသားစု လိုအပ်ချက်များ၊ ပြောစရာများကို ပွင့်လင်းစွာ ဆွေးနွေးရင်း ပျော်ရွှင်နေစဉ်

“ခင်စိုးရေ” ဟုခေါ်သံကြားလိုက်သည်။

“ဟ ... မြင့်အေး ... လာ ထမင်းစားရအောင်”

“နေပါကွာ”

“စားပြီးပြီလား ကိုမြင့်အေး”

“ဒီအချိန် ညစာစားဖို့လား အဝေးကြီး”

“ကိုမြင့်အေးတို့ မချက်ရသေးဘူးလား”

“နင်လည်း သိသားနဲ့ တို့အိမ်က နံနက်စာနဲ့ နေ့လယ်စာ ပေါင်းစားတာ”

“ကိုမြင့်အေးရယ် ... နေ့တိုင်းဆိုင်ထွက်စားတာ ပိုမကုန်ဘူးလား”

“ကုန်တာပေါ့ ... ဒီမနက်ဆို သုံးထောင်ကျော်”

“သုံးထောင်ကျော်ဆိုရင် ကျွန်မတို့ အိမ်မှာ နှစ်ရက်ဟင်းချက်စရာဖိုးပဲ”

“နင်ကလည်း သိသားနဲ့ ငါ့မိန်းမက ၁၀ နာရီ ၁၁ နာရီတောင် နှိုးမှထတာ”

ဦးခင်စိုးက လက်ဆေးပြီး

“လာသူငယ်ချင်း အပြင်သွားထိုင်ရအောင်”

ဧည့်ခန်းတွင် သူတို့ ထိုင်ပြီးနောက်

“မြင့်အေး ဘာကိစ္စရှိသလဲပြော”

“ခင်စိုးရေ ... ငါ့ကို ငွေ ငါးသောင်းလောက် ချေးပါကွာ”

“ဘာဖြစ်လို့လဲကွ”

“ဘောပွဲရှုံးထားတာ ပေးရမှာ”

“မရှိပါဘူးကွာ ... မင်းနဲ့ ပင်စင်အတူတူ ယူတာပဲ ... ပင်စင်ငွေလေးနဲ့ ထိုင်စားနေရတာ ဘယ်က ငါးသောင်း ရှိမှာလဲ”

“မင်းက စုမိ ဆောင်းမိ ရှိပါတယ်ကွာ ... ငါ အသုံးပြတ်နေလို့ပါ”

“မရှိပါဘူးကွာ”

“မင်းကွာ သူငယ်ချင်း အချင်းချင်း အကူအညီလာတောင်းတာကို”

“အေးပါကွာ ... မင်းလည်း မိသားစုအတွက် ရပ်တည်နေရတာ ... ငါလည်း မိသားစုအတွက် ရပ်တည်နေရတာ အတူတူပါပဲကွာ ... ငါ့မှာ ရှိလည်း ငါ့မိသားစုအတွက် မနက်ဖြန်ဆိုတာရှိတယ်။ မနက်ဖြန်အတွက် သူတို့မှာ အာမခံချက်လေးတွေရှိအောင် ငါသိမ်းထားပေးရမယ်။ မင်းရော ငါပါ အသက်ကြီးလာပြီကွ။ ခြောက်ဆယ် ကျော်လာပြီ။ ဒီအတိုင်း နေချင်မှ နေရမှာ။ ကျန်းမာချင်မှ ကျန်းမာမှာ။ ကျန်းမာရေးအတွက်လည်း သိမ်းထားရသေးတယ်ကွ”

“အပိုတွေ မပြောပါနဲ့ကွာ ... ချေးမှာလား ... မချေးဘူးလား”

“ငါ့မှာ မရှိပါဘူးကွာ”

ဦးမြင့်အေးက စိတ်ဆိုးကာ ဆင်းသွားသည်။

ဦးမြင့်အေးအိမ်

“အမေရေ ... စက်ဘီး ဘယ်ရောက်သွားလဲ”

“သွားပေါင်ထားတယ်”

“ဟာ ... သားစက်ဘီးကို ဘာဖြစ်လို့ သွားပေါင်ရတာလဲ”

“မရှိလို့ဟေ့ ... မရှိလို့”

P3စောင့်ပေးပါ💋
5,6900019
#စရိုက်
----------------တင်ညွန့်

အိမ်လေးနှစ်အိမ်က ပုံစံတူ သစ်သားအိမ်လေးတွေဖြစ်သည်။ ခြံလေးတွေကလည်း နှစ်အိမ်ကို ခွဲခြားခတ်ထား သည်။

သူငယ်ချင်းနှစ်ယောက် ဌာနတစ်ခုတည်းတွင် အမှုထမ်းခဲ့ကြသည်။ ခြံကျယ်ကြီးကို စုစပ်ပြီးဝယ်သည်။ နှစ်ခြမ်း အညီအမျှခွဲကာ အိမ်လေးတွေကိုလည်း ပုံစံတူ ဆောက်ပြီး နေထိုင်ကြသည်။

ဦးမြင့်အေး

သားသမီး သုံးယောက်ရှိသည်။ သူ့ဇနီးအပါအဝင် အိမ်တွင် မိသားစု ငါးယောက်ရှိသည်။

ဦးခင်စိုး

သားသမီး ငါးယောက်ရှိသည်။ သူ့ဇနီးအပါအဝင် အိမ်တွင် မိသားစု ခုနှစ်ယောက်ရှိသည်။

နံနက် ငါး နာရီထိုးပြီ။ ဦးခင်စိုးအိမ်တွင် မီးလင်းလာသည်။

“သမီးရေ ... ဖေဖေ လမ်းလျှောက်ထွက်ပြီ”

“ဟုတ်ကဲ့ဖေဖေ”

“ရေလာတုန်းလေး တင်ထားဦးနော်”

“သွားပါဖေဖေ ... သမီး လုပ်လိုက်ပါ့မယ်”

သမီးကြီးက ခြံရှင်းရင်း ရေမော်တာကို ဖွင့်သည်။ သူက ထမင်းအိုးကိုတည်ခဲ့ပြီးပြီ။

“ညီမလေးနုရေ”

“ရှင်မမ”

“ငါးပိအိုးလေး နွှေးထားလိုက်ဦးနော် ... မောင်လေးကို ထတော့လို့ပြော ... စာကျက်ခိုင်းဦး”

“ဟုတ်ကဲ့မမ”

“သီသီ ... မေမေ့ကို ဝိုင်းကူလိုက်ဦး ... မေမေက အိမ်နောက်ဖေးမှာ ချဉ်ပေါင်တွေ စိုက်နေတယ်”

“ဟုတ် မမ”

တစ်အိမ်လုံး ဗြောင်းဆန်အောင် လှုပ်ရှားနေချိန်တွင် ခေါင်းရင်း ဦးမြင့်အေးတို့အိမ်က အိပ်ကောင်းတုန်း ဖြစ်သည်။ မီးက မှောင်နေသည်။

သမီးကြီးက အမှိုက်တွေ မီးရှို့သည်။ မေမေက ဟင်းချက်သည်၊ သားတွေ သမီးတွေအတွက် ထမင်းဘူးတွေ အသင့်ပြင်ပြီးပြီ။

ထိုစဉ် ဦးခင်စိုး ပြန်ရောက်လာသည်။

“သား ... မောင်တိုး ... လာပါဦးကွ ... ဖေဖေ့ဆီက အကြော်အိတ်လာယူပါဦး”

မောင်တိုးက ပြေးသွားပြီး သူ့ဖခင် လက်ထဲမှ အကြော်အိတ်ကို ပြေးဆွဲသည်။
“ဖေဖေ သားကြိုက်တဲ့ ပဲကြော် ပါလား”

“ပါတယ် ... ဘူးသီးကြော် ... ပဲကြော် ... ကြက်သွန်ကြော် အားလုံးပါတယ် ... ဖေဖေ ခြေလက်တွေ ဆေးလိုက်ဦးမယ် ... မေမေ့ကို သွားပေးလိုက်”

ဦးခင်စိုးက ခြေလက်ဆေးသည်။ ထို့နောက် အိမ်ရှေ့တွင် အသင့်ချထားသည့် ပက်လက် ကုလားထိုင်ပေါ် ထိုင်ကာ သတင်းစာဖတ်သည်။

“ဖေဖေ ... နံနက်စာ အသင့်ဖြစ်ပြီ”

“အေး ... အေး ... လာပြီ”

မိသားစု ခုနှစ်ယောက်၏ ကြည်နူးဖွယ်ရာ နံနက်စာဖြစ်သည်။ အားလုံး စားပွဲဝိုင်းကြီးတွင် ဝိုင်းထိုင်ကြသည်။ ဤစားပွဲဝိုင်းသည် နံနက်ပိုင်း မိသားစု၏ ကွန်ဖရင့်စားပွဲဝိုင်းလည်း ဖြစ်သည်။

“ကဲ ... ကိုယ်ကြိုက်တဲ့အကြော် တစ်ယောက်တစ်ခုစီယူကြ”

သူတို့ မိခင် မီးဖိုးချောင်သခင်မကြီးက အမိန့်ပေးလိုက်သည်။

ပန်းကန်ထဲမှ အကြော် တစ်ယောက်တစ်ခု ယူကြသည်။ အလယ်တွင် ငါးပိရည်ပန်းကန်ကြီးက ဝင့်ထည်စွာ ရှိနေသည်။

“ဖေဖေ ... သား ဗလာစာအုပ်ကုန်ပြီ”

“ဖေဖေ့ကို မပြောနဲ့လေ မမဝယ်ပေးမှာပေါ့”

“ဆန်ကုန်တော့မယ်နော် ... ညစာအတွက်ပဲရှိတော့တယ်”

“အေးပါ ညနေ သွားဝယ်ပေးထားမယ်”

“ညစာကို ဘာလေးစားချင်ကြသလဲဟေ့”

“ပဲကုလားဟင်းချက်ပါမေမေ”

“သူ့ချည်းသာလော”

“သားက ဘာစားချင်လို့လဲ”

“ကြက်ရိုးလေးထည့်ရင် ပိုကောင်းပေါ့”

“အေးပါ ... အေးပါ ... သားကြိုက်တဲ့ တောင်ပံထည့်ချက်မယ်”

သူတို့ စားသောက်ပြီးသော် ပန်းကန်ဆေးသူဆေး၊ ထမင်းဝိုင်း သိမ်းသူသိမ်း၊ တံမြက်စည်း လှည်းသူလှည်း၊ ဘာမျှ မခိုင်းဘဲ ကိုယ့်တာဝန်ကိုယ်ယူကာ လုပ်ကြသည်။

နံနက် ၈ နာရီထိုးလောက်ကစပြီး ကြောင်အိမ်ပေါ်တွင် ပြင်ထားသည့် ထမင်းဘူးလေးတွေကို တစ်ယောက် တစ်လုံးဆွဲကာ သားသမီး ငါးယောက်က အိမ်မှ ထွက်ကြသည်။ ကျောင်းသွား၊ အလုပ်သွားကြခြင်းဖြစ်သည်။ ဦးခင်စိုး ပင်စင်စားကြီးကတော့ သတင်းစာဆက်ဖတ်ကာနေသည်။ သူ့ဇနီးကတော့ စက်ချုပ်နေသည်။

နံနက် ဆယ် နာရီထိုးပြီ

“ခင်စိုးရေ”

“ဟေ”

ခေါင်းရင်းအိမ်မှ သူငယ်ချင်း ဦးမြင့်အေးက ခေါ်ခြင်းဖြစ်သည်။ ထိုအချိန်မှ ဦးမြင့်အေးအိမ်မှ အသံလေးတွေ ကြားလာရသည်။

“ဒီနေ့ ရေမလာဘူးလားကွ”

“လာတယ်လေ ... ရေက ခွန်နှစ်နာရီအထိပဲပေးတာလေ ... ခု ဆယ် နာရီထိုးနေပြီ”

“အေးကွာ ... ရေမဖွင့်လိုက်မိလို့ မင်းရေတင်ထားရင် ငါ့ကို တစ်စည်လောက် မျှပေးပါဦး”

“ယူလေကွာ”

ဦးမြင့်အေးက

“ဇော်ဇော်ရေ ... ဟိုဘက်ခြံမှာ ရေသွားဆွဲ”

“အဖေ့သားက ခုထိ မထသေးဘူး”

“ဟာ ဒီခွေးမသား ... ကန်နှိုးလိုက်”

“သူ့ကိုကန်လို့ရှိရင် ထထိုးမှာပေါ့”

“ထထိုးရင် အဲဒီမအေမျိုး ငါနဲ့တွေ့မယ်”

“ဇော်ဇော် ... အဖေခေါ်နေတယ်”

“ဟာ ညက ဘောလုံးပွဲကိုက်ထားတာ ... အိပ်ချင်ရတဲ့အထဲ ... ဘာလဲ”

“ဟိုဘက်အိမ်မှာ ရေသွားဆွဲ”

“ဝုန်း ... ဒိုင်း ... ဂလုံး ... ဂလွမ်း”

အိမ်ထဲတွင် ဆူညံသံတွေပေါ်လာသည်။

“ဟဲ့ မိမိ ... မိမိ ... ထတော့လေ”

ဦးမြင့်အေးက သူ့မိန်းမကို အော်နှိုးနေသည်။

“အမေက ခေါင်းကိုက်လို့တဲ့”

“ခေါင်းကိုက်ရင် ဆေးသောက်”

ထိုစဉ် အိမ်သာရှေ့မှ သမီးတစ်ယောက်က

“မမ ... မြန်မြန်ထွက်လေ ... ဒီမှာ ဗိုက်နာနေပြီ”

“ဗိုက်နာရင် ... ဟိုဘက်အိမ်ကိုသွား ... ငါ ခုမှဝင်တာ”

“မမက အကျင့်ယုတ်တာ ... သူများဝင်မယ်လုပ်မှ ဝင်တာ ... အကျင့်ယုတ်ကြီး”

“အောင်မှာ နင်ကများ နေဦး ... ငါထွက်လာမှတွေ့မယ်”

“ဟဲ့ ... ဘာဖြစ်နေကြတာလဲ ... စောစောစီးစီး”

စောစောစီးစီးသာဆိုသည် ဆယ်နာရီခွဲပြီ။

နံနက် ဆယ်တစ် နာရီထိုးပြီ

“ထမင်းကြမ်းရှိလား”

“မရှိဘူး ... ညက ပိုတာတွေ လွှင့်ပစ်လိုက်ပြီ”

P2စောင့်ပေးပါရှင့်❤️
4,7900032
တင်ပေးတော့လည်း အသဲမပေးကြဘူး စိတ်ကဆိုးသွားပြီ🤨
3,9600020
အတ္တနဲ့မာနကြားကသူတို့ - အပိုင်း 9

အဖေကို သူတို့နေရာတစ်နေရာ ခေါ်သွားတယ်။ သူတို့ပြောတာက “ဟေ့ ဒါမင်း အိပ်ရမယ့်နေရာဘဲ။ မနက်ဖြန် သခင်ကြီးနဲ့ မင်းတွေ့ရမယ်။ မနက်ဖြန် မင်း ၀တ်ရမယ့် အဝတ်တွေ ဗီရိုထဲမှာ ရှိတယ်။” ပြီးတော့ သူတို့ ထွက်သွားတယ်။ အဖေက “မနက်ဖြန် ဘာဖြစ်မလဲ” စိတ်ပူနေတဲ့အတွက် တစ်ညလုံး အိပ်မရဘူး။

မနက်ရောက်တော့ ရေမိုးချိူးပီး ဗီရိုထဲက အဝတ်တွေ ထုတ်လိုက်တာ၊ ကျွန်တော်လည်း ၀တ်ပီးတော့ လူတစ်ယောက် အဖေကိုလာခေါ်တယ်။ အဖေကလည်း နောက်ကလိုက်သွားလိုက်တယ်။

သူခေါ်သွားတဲ့နေရာက မနေ့က တွေ့ခဲ့တဲ့ ဒီစံအိမ်ရဲ့ ခေါင်းဆောင်ရဲ့ အိပ်ခန်းဖြစ်တယ်။ အဖေ ဝင်သွားတော့ သူက အိပ်ယာပေါ်မှာ ပီးတော့ ထလာပီး အဖေကို ပြောတယ် “ကောင်လေး မင်းနာမည် ဘယ်လိုခေါ်လဲ?” ဟုသခင်ရီး “ကျွန်တော်နာမည် ကျော်၀ဏ ပါ။ အေး မင်း ဒီနေ့ကစပြီး ငါ့သမီးရဲ့ အစေခံလုပ်ရမယ်။ ရှင်းရှင်းပြောရရင် မင်းက သူ့နားမှာပဲ နေပီး သူ့ကို ကာကွယ်ပေးရမယ်။ မင်းမနက်ဖြန် ကစပီး ကျောင်းတက်ရမယ်။ ဒါနဲ့ မင်းကို မေးခွန်းတစ်ခု မေးမယ်။ မင်းဘာကြောင့် လှည့်ပြန်လာခဲ့တာလဲ?”

“ပြေးနေတာကလေ၊ မင်းဘာသာ မင်းကိုယ်လွတ်ရုန်းသွားလို့ ရတာဘဲကို။” ကျော်၀ဏက ပြောတယ်၊ “ကျွန်တော်လည်း အစက ကိုယ်လွတ်ရုန်းပီး ပြေးမလို့ပါဘဲ။ ပြေးနေရာမှာ သတိရသွားတယ်။ ကျွန်တော် ဒီကလေထွက်သွားတော့ရော ဘယ်သွားရမာလဲ၊ ဘယ်မာနေရမာလဲ၊ ဘယ်လိုရှင်သန်ရမလဲဆိုပြီး။ ပြီးတော့ သက်ထားစံဆိုတယ့် ကောင်မလေးကရော ဘယ်လိုဖြစ်သွားမလဲဆိုပြီး တွေးမိတာကြောင့် ကြောက်ကြောက်နဲ့ ပြန်လှည့်လာခဲ့တာပါ။”

အဲ့ချိန်မှာ အဲ့လူရီးက ထရယ်ပါလေရော “ဟ ဟ ဟ မင်း ငါ့နာမည်သိလား ကလေး။” ကျော်၀ဏက “မသိပါဘူးဗျ” လို့ ပြောပြီ။ အဲ့လူရီးက “ငါ့နာမည်က ကျော်ဇေယျဘဲ။ ဒီနေ့ကစပြီး မင်းရဲ့ သခင်က ငါ့သမီးဘဲ။ ကဲ ဒီနေ့တော့ နားလိုက်အုန်း၊ မနက်ဖြန်ကျရင် မင်း ငါ့သမီး တက်တယ့် ကျောင်းကိုလိုက်တက်ရမယ်။”

၀ဏက “ဟု သခင်ရီး” လို့ ပြောတယ်။ အဲ့ဒါပြီးတော့ အဖေတို့ အခန်းထဲက ထွက်သွားပီး လူရီးတစ်ယောက်က အဖေ့ကို “မင်း ငြိမ်ငြိမ်နေ၊ ဘယ်မှ မသွားနဲ့၊ အခန်းထဲမှာပဲနေ” ဆိုပီး အခန်းကို ပြန်သွားတယ်။ ကျွန်တော်လည်း အိပ်ယာပေါ်တက်ပီး လှဲလိုက်တယ်။ ပီးတော့ လက်ကို အပေါ်မြှောက်ပီး ငိုလိုက်တယ်။ နောက်ဆုံးတော့ ငရဲတွင်းထဲက လွတ်ပီ။ မနက်ဖြန်ဆို ငါ့ဘ၀ အသစ်တစ်ဖန် ပြန်စတော့မယ်ဆိုပီး လုပ်နေတုန်းဘဲ ရှိ တစ်စုံတစ်ယောက်က ပြတင်းပေါက်လေ ကျော်တက်လာတယ်။ ကျွန်တော်လည်း လန့်သွားတယ်။

သွားကြည့်လိုက်တော့ အိမ်တော်ရဲ့ သခင်မလေး သက်ထားစံ ဖြစ်နေတယ်။ သူက ငါ့ဆီကို လမ်းလျှောက်လာတယ်၊ ပီးတော့ ပြောတယ် “ဟဲ့ ဘာလုပ်နေတာလဲ? ငါက ခုနင့် သခင်မလေး ဖြစ်သွားပီ။ သခင်ကိုတွေ့တာ ဒီတိုင်း ရပ်နေတယ်လား? ဒူးထောက်စမ်း”။ ကျွန်တော်လည်း ချက်ချင်း ဒူးထောက်လိုက်တယ်။

နောက်တော့ သူက မျက်နှာတည်နေရာကလေ “ဟ ဟ ဟ ဆိုပီး ထရယ်ပါလေရော၊ ငါ စတာပါ ဟာ။ ဘာပဲဖြစ် ငါ့ကို ပစ်မထားခဲ့တယ့်အတွက် ကျေးဇူးဘဲ။ ဒီနေ့ကစပြီး ငါတို့က သခင်နဲ့ အစေခံဆက်ဆံမဟုဘူးနော်။ သူငယ်ချင်းဆက်ဆံရေးလုပ်ကြရအောင်” လို့ ပြောတယ်။

အဲ့နေ့က ငါတို့ တစ်နေ့ကုန် စကားပြောခဲ့တယ်။ သက်ထားစံက ညနေစောင်းတော့ “ကဲ ငါ ပြန်တော့မယ် ၀ဏ။ မနက်ဖြန်မှတွေ့ရအောင်” ဆိုပြီး ပြတင်းပေါက်လေ ဆင်းမလို့လုပ်နေတုန်း မမလေးအဲ့က မဆင်းနဲ့ အန္တာရယ်များတယ်။ အရှေ့တံခါးပေါက်လေ “သွားပါလား” ဆိုတယ်။ အဲ့ဒါကို သက်ထားစံက ကြားတော့ “ဘာမှ မဖြစ်ဘူး အေးဆေး” ဆိုပြီး မျက်လုံးတစ်ဖက်မှတ်ပီး အောက်ကို သေနတ်ပစ်တယ့် စတိုင်နဲ့ ခုန်ချသွားတယ်။ ကျွန်တော်လည်း စိုးရိမ်သွားပီး အမြန် ပြေးသွားကြည့်တာ အောက်မှာ ဖော့တွေရှိနေတယ်။ သူက အောက်ကလေ “bye bye” ဆိုပီး နှုတ်ဆက်သွားတယ်။ ကျွန်တော်လည်း တွေးလိုက်တယ် “ဘယ်လိုတောင် ထူးခြားလိုက်တယ့် ကောင်မလေးဘဲ” ဆိုပြီး တွေးရင်း ပြုံးမိသွားတယ်။

မနက်ရောက်တော့ အန်တီရီးတစ်ယောက်က “ကလေး ဒါမင်း ၀တ်ရမယ့် uniform” ဆိုပြီး မနက်စာစားပီး သူတို့တွေ ငါ့ကို အပြင် ခေါ်သွားတယ်။ ပြီးတော့ ကားပေါ် ခေါ်သွားတယ်။ အဲ့ကားပေါ်မှာ သက်ထားစံရှိနေတယ်။ ကျွန်တော်လည်း “မမလေး ကျွန်တော်က ဘယ်ကျောင်းတက်ရမာလဲဗျ” လို့ မေးလိုက်တော့ သက်ထားစံက “ငါ့အတွက် ကံကောင်းတယ်။ ငါနဲ့တူ၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးကျောင်းကို သွားပီး မူကြိုတက်ရမယ်” ဆိုပီး အနားကိုလာက “၀ဏ နင် chocolate စားအုန်းမလား” ဆိုပီးလာပေးတယ်။

“ရတယ် မမလေး၊ မစားတော့ပါဘူး” ဆိုတော့ သက်ထားစံက အတင်းထိုးကျွေးနေတာနဲ့ စားလိုက်တယ်။ ကျွန်တော်တို့တွေ စကားများနေတုန်း ကျောင်းကို ရောက်သွားတယ်။ အထဲကို ၀င်လိုက်တာနဲ့ အရှိန်ဝါတွေ ပြည့်ခံစားရတယ်။ အဲ့ချိန်မာကျွန်တော် တစ်ခုကို သိလိုက်ရတယ် ခုငါဖြတ်သန်းခဲ့တယ်လောကနဲ့ သူဌေး  သားသမီးတွေရဲ့ ဘ၀ကကွာခြားတယ်ဆိုတာကို။

ကဲကျော်၀ဏကနောက်တစ်ပိုင်မာ ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ စိတ်၀င်စားစရာပါဘဲ။


#မကြာမှီလာမယ်မျှော် လာမယ်မျှော် (သူမကတော့လာမာမဟုတ်တော့ဘူး မျှော်မနေနဲ့)
5,2100043
ကျွန်တော်ရဲ့ ချစ်သူ ရေသူ (Ep-3)


ကောင်းကင်တစ်ခုလုံး မိုးသားများ တက်လာနေပြီး လေဟုန်တိုးသံ သဲ့သဲ့ ကြားနေရသည်။ကလေးတွေ စာမေးပွဲ ရှိတော့မှ မိုးကရွာတော့မည်အလား။မိုးရွာနေပင်မဲ့လည်း စာမေးပွဲအခန်းတွင် ကျောင်းသားများ တိတ်ဆိတ်လျက် ဖြေဆိုလျက်ရှိကျသည်။

တစ်ဖတ်တွင်လည်း ဝမ်ခယ်းရဲ အဖေဖြစ်သူ ထန်ကျန်းမှာ သုသေသနပညာရှင် ဖြစ်သည့်အပြင် လူသတ်ရမှာကိုပင် ဝန်မလေး။ပိုက်ဆံရဖို့အရေးသာမြင်တက်သည်။အခု အိမ်မှာ ထန်ကျန်းတစ်ယောက်

"စောက်...ဒီမိုးကတော့ကွာ..ငါ့သားတွေစာမေးပွဲဖြေမှရွာရတယ်...တစ်ခြားအချိန်တွေသွားရွာပါလား..."

လို့ အော်ဟစ် ကျိန်ဆဲနေတော့သည်။ယနေ့ကျောင်းတွင် ရွယ်ကျုချင်တို့ ဝမ်ခယ်းနဲ့ ဖြစ်တဲ့ပြသာနာကို ဝမ်ခယ်းရဲ့အဖေဖြစ်သူ ထန်ကျန်းမသိသေးလို့။သိများသာသိရင် မိုးတောင်မီးတက်နိုင်မလားဘဲ။ယခု စကားကိုဟိုပြောဒါပြော ပြောရင်းနဲ့ပင် ရုတ်တရက်

"အဖေ....အဖေ..."

လို့ အနောက်မှ ခေါ်လိုက်သည့် ထန်ကျန်းရဲ့သား ဝမ်ခေးဖြစ်နေတော့သည်။

"သား..စာမေးပွဲ ပြီးပြီလား...ဖြေနိုင်ခဲ့ရဲ့လား"

လို့ ထန်ကျန်းသူ့ရဲ့သား ဝမ်ခယ်းကိုအတင်းမေးနေတော့သည်။သူ့သားက သူ့အဖေမေးတာကိုမဖြေဘဲ

"အဖေ...သားဒီနေ့အာ့ကောင် တွေကို မကျေနပ်ဘူးလုံးဝမကျေနပ်ဘူး...မျိုးမစစ်ကောင်တွေ"

လို့ အော်ကြီးဟစ်ကျယ်ပြောလိုက်မိသည်။

"မင်းကို ဘယ်သူတွေအနိုင်ကျင့်ကျ ရဲတာလဲ အဖေကိုပြောစမ်း ငါကိုယ်တိုင် သွားသတ်ပစ်မယ် ပြော"

လို့ ဒေါသထွက်သော အသံဖြင့် ကျိန်းမောင်းလိုက်ကာ သူ့သားအား မေးလို့နေသည်။ဝမ်‌ခယ်းကလည်း

"ဒီနေ့အဖေ ကျောင်းမှာ သားတို့စာမေးပွဲဖြေဖို့အခန်းထဲဝင်တာ သားကို ရွယ်ကျူချင်တို့ အဖွဲထဲက လူတစ်ယောက်က ဝင်တိုက်လိုက်တယ်။ သားက တစ်ယောက်တည်းဆိုတော့ သူတို့ကအဖွဲ့လိုက်ဝိုင်း အနိုင်ကျင့် ပြောဆိုတယ် သားမကျေနပ်ဘူး"

လို့ပြောလိုက်သည်။အဖေဖြစ်သူ ထန်ကျန်းကလည်း

"မင်းရဲ့ အပေါင်းအသင်းဘော်ဒါတွေရော မင်းဘေးနားမှာမရှိဘူးလား"

"မရှိဘူး‌အဖေ အစကရှိတယ် သူတို့လည်းစာမေးပွဲတစ်ခြား အခန်းကို သွားဖြေရတာဆိုတော့"

"ထားလိုက်ပါ..စာမေးပွဲပြီးမှ သူတို့ကို ကောင်းကောင်းသင်ခန်းစာပေးရမယ် အခုတော့ငါ့သား ....ခဏလွှတ်ပေးထားလိုက်"

လို့ ကြောက်မန့်ဖွယ်ရာ အံကြိတ်သံကြီးနဲ့ ပြောလိုက်တော့သည်။

အချိန်တွေကလည်း တစ်ဖြည်းဖြည်းကုန်တာမြန်လာသည်နှင့် အမျှ ကျောင်းသားကျောင်းသူတိုင်း ရဲ့စာမေးပွဲလည်း နောက်ဆုံးနေ့သို့ ရောက်ရှိကာ ပြီးနေစမြဲ ဖြစ်သည်။

ကဲ့ဒီနေ့တော့ ရာသီဉတုလေးက သာယာသည်နှင့်အမျှ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေပြီးသောကြောင့် အကုန်လုံးကျောင်း‌ဝန်းထဲမှာ အချင်းချင်း အဆင်ပြေလားလို့ မေးမြန်းနေကြသည်။ မိုးမခသစ်ပင်ကြီးအောက်မှာ ရပ်စောင့်နေသော ရွယ်ကျူချင်၊ ဟော်လန် ၊ဟိုင်းရှီနဲ့ စုန်လယ်ဟန် တို့လေးယောက်ကို ပင်ကီတစ်ယောက် တွေ့လိုက်ရသည်။

"ဟေးးပင်ကီရေမြန်မြန်လာ ဒီနေ့ငါတို့အောင်ပွဲခံမဲ့နေ့နော် "

လို့ ဟိုင်းရှီတစ်ယောက် လှမ်းအော်ပြောလိုက်သည်။ပင်ကီအနောက်မှာ ကပ်ပါလာသော နျန်နျန်နဲ့ ဟောင်ဇီဂွမ် တို့ကလည်း

"ဟေးးးနင်တို့ကလည်း အောင်ပွဲခံဖို့ပဲပြောနေ ငါတို့ကို‌ ဖြေနိုင်လားတောင်မမေးဘူး ကောင်စုတ်တွေ"

"အေးကွာ"

လို့ နျန်နျန်နဲ့ ဟောင်ဇီ တစ်ယောက် အတိုင်အဖောက်ညီနေလိုက်တော့သည်။ရွယ်ကျူချင်က လည်း

" မင်းတို့ ငါတို့တွေအားလုံးက စာတွေ ရနေကြပြီးသားလေ ဘာခတ်တာမလို့လဲ"

လို့ မျက်လုံးပင့်ပြီးပြောလိုက်သည်။ဟော်လန်ကလည်း

"ကဲ့ အားလုံးဖြေနိုင်ရင် ဒီနေ့ငါတို့ စုန်လယ်ဟန် အိမ်မှာ ပါတီကျင်းပမယ် ပြီးတော့ ခရီးသွားဖို့ နေရာကိုလည်း သေသေချာချာစဉ်းစားရမယ်"

လို့ ပြောပြလိုက်သည်။အားလုံးကလည်းသဘောတူကျကာ ကိုယ်စီအိမ်အသီးသီးပြန်ကျပြီး အိမ်ကမိဘများကို ဖြေနိုင်ကြောင်း သွားပြောဆိုကြတော့သည်။

သို့ပေမဲ့ သူတို့ကို တစ်ချိန်လုံးစောင့်ကြည့်နေသော လူတစ်အုပ်စုကို ကား မည်သူမျှသတိမထားမိပေ။သိုပေမဲ့ သတိအမြဲတမ်းရှိသော ဟိုင်းရှီက သူတို့လုပ်ပုံကိုင်ပုံ ပြောဆိုပုံတွေကိုတစ်ယောက်ယောက် နောက်ယောင်ခံနေတာကိုတော့ ရိပ်မိပါသည်။သို့သော်မည်သူနည်း။ခရီးကရော ပျော်ရွှင်စရာဖြစ်ပါ့မလား။အနှောက်အယှက်တွေလားဆိုတာကို နောက်‌လာမဲ့ အပိုင်း၃ မှာ စိတ်ဝင်တစားဖတ်ရှု့ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။
1,090007
ကျွန်တော်ရဲ့ ချစ်သူ ရေသူ Ep-2

နေသာတဲ့ မနက်ခင်းလေးတစ်ခုမှာ ရွယ်ကျူချင်တစ်ယောက် ကျောင်းပိတ်ရက်ဖြစ်သည့်အတွက် အိပ်ရာထဲတွင် ဆက်ပြီးအိပ်နေစဲ ဖြစ်သည်။ဟော်လန်တစ်ယောက်လည်း သူ့အိမ်တွင် ရေမိုးချိုးပြီး ရွယ်ကျူချင်အား ဖုန်းဆက်ခေါ်လိုက်သည်။

"တီ.....တီ....တီ....တီ...."

ရွယ်ကျူချင်တစ်ယောက် ဖုန်းလာနေသဖြင့် ကောက်ကိုင်လိုက်ကာ ဘယ်သူမှန်းလဲမကြည့်မိ၊အိပ်ချင်မူးတူးအသံဖြင့်

"ဟယ်လို..ဘယ်သူလဲမသိဘူးဗျ"

လို့ အပျင်းတစ်၊ အပျင်းကြီးလေသံနဲ့ပြောလိုက်သည်။ဟော်လန်တစ်ယောက် ဖုန်းထဲက ကြားကြားချင်းပင် ဒိတ်ပေါက်သွားကာ

"မင်း ခုထိမနိုးသေးဘူးလား...စာလေးဘာလေးပြန်နွှေးမယ် မရှိဘူး..နက်ဖြန်ဆိုရင် စာမေးပွဲနော်ကြည့်လုပ်အုံး..."

"အေးပါကွာ ငါက စာရပါတယ် စိတ်မပူပါနဲ့ ငါညကပင်ပန်းသွားလို့ပါကွာ"

"အေးအေး ဒါနဲ့ ငါရယ် စုန်လယ်ဟန်ရယ် မင်းဆီကိုလာမလို့ မင်းအားလား"

ဟော်လန်တစ်ယောက် မေးလိုက်သည့်အမေးကို ရွယ်ကျူချင်တစ်ယောက် တုန်လှုပ်သွားကာ တစ်ချက်သူ့ရဲ့ အခန်းကို ဝှိုက်ကြည့်လိုက်သည်။ရှုပ်ပွနေသည်မှာ အမှိုက်များ တောင်ပုံယာပုံ စုပုံထားသည့်အလား ဖြစ်နေသည်။
ဆက်လက်ပြီး

" ငါအိမ်ကိုမလာခဲ့နဲ့ပါလား ငါတို့စားသောက်ဆိုင်မှာတွေ့ကြမယ်လေ အဆင်ပြေတယ်မလား"

လို့ပြန်ပြောလိုက်သည်။

"အေးပြေပါတယ် ဒါဆို တွေ့နေကျ စားသောက်ဆိုင် နေရာမှာ ပဲတွေ့ကျတော့မယ်နော် ခဏနေ မင်းထွက်ခဲ့"

လို့ပြောကာဖုန်းချသွားလေတော့သည်။
ရွယ်ကျူချင်တစ်ယောက် အခန်းထဲကပစ္စည်းများကို အမြန်သိမ်းကာ ရေမိုးချိုးပြီး အပြင်သို့ထွက်ခဲ့တော့သည်။
ဆိုင်သို့ ရောက်ရောက်ချင်းပင် ဆိုင်ရဲ့ ညာထောင့်တစ်နေရာ စားပွဲဝိုင်းတွင် သူလာမည်ကို ထိုင်စောင့်နေသော စုန်လယ်ဟန် နဲ့ ဟော်လန်ကိုတွေ့လိုက်ရသည်။စားပွဲပေါ်မှကတော့ စားစရာတွေအများကြီး မှာ ထားတာကို တွေ့ရသော်လည်း သူ့ကို စောင့်နေကြသည်ထင်။ ဒါနဲ့ပင် ရွယ်ကျူချင်က

"ငါလာတာ နောက်ကျသွားတာထင် မင်းတို့ရောစောင့်နေလိုက်ရလား"

လို့ မေးလိုက်သည်။စုန်လယ်ဟန်က

"မစောင့်ရပါဘူး မင်းနဲ့ထမင်းတူတူစားမလို့တဲ့ ..ဟော်လန်က အာ့ကြောင့် ငါ့ကို အဖော်ခေါ်လာတာ"

လို့ ‌ပါးစပ်ကပြောရင်း အအေးခွက်တစ်ခွက်ကို မော့ချပစ်လိုက်သည်။ ရွယ်ကျုချင်ကလည်း

"ဟော်လန်..ဘာတွေများစိတ်ကူးပေါက်နေလို့လဲ ငါ့ကို ဝယ်ကျွေးတာ ကျန်တဲ့သူတွေရော မပါဘူးလား...နက်ဖန်စာမေးပွဲနီး လာပြီဆိုတော့ မင်းက အစာဝအောင်စားထားမလို့လား"

"ဟားးးဟားးးဟားးးဟားးး"

လို့ ရွယ်ကျုချင်ပြောတာကို သဘောကျကာ ဟော်လန်တစ်ယောက်ရယ်လိုက်သည်။စုန်လယ်ဟန်ကဟော်လန်ကို တစ်ချက်ကြည့်ကာ

"ဘာရယ်တာလဲကွ ဟော်လန်ရ သူပြောတဲ့ထဲမှာ ရယ်စရာပါလို့လား "

"အေးပါကွာ မပါဘူး စားကျစားကျ ဒီတိုင်းငါကဝယ်...."

ဟော်လန်တစ်ယောက် စကားတောင်မဆုံးသေး စုန်လယ်ဟန်နဲ့ ရွယ်ကျူချင် ‌ဟော်လန်ပါးစပ်ကို လက်ဝါးနဲ့ပိတ်ကာ သူတို့လည်း ဆိုင်ကိုနောက်ကျောပေးထိုင်လိုက်သည်။

ဟော်လန်တစ်ယောက် ဘာမှမသိသော အူကြောင်ကြောင်ပုံစံဖြင့်

"မင်းတို့ဘာလုပ်ကြတာလဲကွ"

လို့မေးလိုက်သည်။ စုန်လယ်ဟန်က

"တိုးတိုးပြော ငါတို့ဆိုင်ထဲမှာ နျန်နျန် နဲ့ ပင်ကီရောက်နေကျတယ် သူတို့လိုတာလာဝယ်တာထင်တယ်"

လို့ပြောလိုက်တော့မှ ဟော်လန်တစ်ယောက် အနောက်မသိမသာလှည့်ကြည့်လိုက်ရာ ဟုတ်ပါသည်။နျန်နျန် နဲ့ပင်ကီ နှစ်ယောက် လိုအပ်သောမုန့်များကို လာဝယ်နေသည်။သူတို့အားလုံးကိုတော့သတိမထားမိသေး။ငြိမ်နေရသည်။ရွယ်ကျုချင်က

"ကဲ့ ..ဒါကမင်းဝယ်ကျွေးတာ သူတို့ကိုသာမခေါ်ဘူးဆိုရင် မင်းတော့သွားပြီ...ကျွတ်...ကျွတ်..ကျွတ်.."

လို့ ပြတ်ရယ်‌ပြုကာ လှောင်ပြီးပြောဆိုလိုက်သည်။ဟော်လန်တစ်ယောက် စိတ်ရှုပ်သောငြီးငြူးသံဖြင့်

"ဟူး ....မင်းတို့ကို ငါက ထမင်းကောင်းကောင်းဝယ်ကျွေးပြီး ငါနဲ့အတူတူစားမလို့ဟာ ခုကတော့ဒီကောင်မနှစ်ကောင်နဲ့ လာပြီးတိုင်ပတ် ..မြန်မြန်စား...စားပြီးရင်သွားမယ်"

လို့ ပြောကာ နောက်ပိုင်းမြန်မြန်းစားပြီးအိမ်သို့ပြန်လာခဲ့သည်။ရွယ်ကျူချင် အိမ်ရှေ့သို့ ကားရောက်သည်နှင့် တစ်ပြိုင်နက် ဟော်လန်က

"ကဲ့ ငါတို့သွားပြီးနော်...စာမေးပွဲဖြေဖို့ စာတွေပြန်ပြီး နွှေးနေလိုက်အုံး "

"အေးအေးသူငယ်ချင်း..မင်းတို့နှစ်ယောက်လဲ ဂရုစိုက်ပြန် စာတွေလည်းပြန်နွှေးအုံး နက်ဖြန်မှကျောင်းမှာတွေ့မယ်.."

လို့ အချင်းချင်းနှုတ်ဆက်စကားပြောကြကာ ခွဲခွာသွားကျတော့သည်။အိမ်ပြန်ရောက်သည်နဲ့ တစ်ပြိုင်နက် သူငယ်ချင်း ခုနှစ်ယောက်လည်း မိမိအိမ်တွင် အသီးသီးစာကျတ်ကျကာ နက်ဖြန်ဖြေဆိုမည့်စာမေးပွဲကြီး အတွက် ပြင်ဆင်စရာရှိတာ ပြင်နေတော့သည်။ထိုညက သူတို့တွေအတွက်လည်း စားကြိုးစားရသည့်ညတစ်ညမဟုတ်။ကျောင်းသားကျောင်းသူတိုင်းစာကြိုးစားနေကျသောအချိန်ကာလဖြစ်လို့နေသည်။

.......................++++.....................


ကဲ့ ဒီနေ့တော့ ပထမဆုံးစာမေးပွဲကြီး နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။လူတိုင်း စာအုပ်ကိုယ်စီနဲ့ တက်ကြွလက်ကြွဖြစ်နေကျသည်။စာမပိုင်သေးတဲ့ လူတွေကတော့ ငြိမ်သက်နေကျရသည်။ ပင်ကီတို့သူငယ်ချင်း ခုနှစ်ယောက် စုံဖို့ တစ်ယောက်လိုနေသေးသည်။ထိုသူမှာ ရွယ်ကျူချင် ဖြစ်လို့နေသည်။
ပင်ကီက

"ဟ..ဘာလို့မလာသေးတာလဲ စာမေးပွဲဖြေဆိုချိန်က နီးနေပြီးလေ
အိပ်ရာထနောက်ကျလို့များလား"

လို့ အတွေးပေါင်းများစွာနဲ့ မေးလိုက်သည်။ထိုအဖြေကို ဟောင်ဇီ က
1,000007
အားလုံးပဲ မအားလို့မတင်ဖြစ်တာပါ ကြိုက်တယ် အဆင်ပြေတယ်ဆိုရင် ပြန်runပေးပါမယ်ဗျ Ep2ဆက်ကြည့်ကြမယ်ဆို မန့်ခဲ့ကြပါရှင့်❤️
992008
ကျွန်တော်ရဲ့ ချစ်သူ ရေသူ (Ep-1)

ကောင်းကင်တစ်ခွင်လုံး ကြည်လင်သာယာနေပြီး လန်းဆန်းသောလေပြေလေညှင်းများလည်း ပတ်ဝန်းကျင်ကို တစ်ဟူးဟူး တိုက်ခိုက်လျှက်ရှိသည်။ တစ်ချက်တစ်ချက်...တွန်ကျူးလိုက်သော ကျေးငှက်သာရက တို့၏ အသံများမှာလည်း သာယာနာပျော်ဖွယ်ကောင်းလှသည်။

ဒီနေ့ကား ကျောင်းပိတ်ရက်ဖြစ်သည်။ဝင်ခွင့်စာမေးပွဲကြီးနီးလာသဖြင့် ကျောင်းသားများ စာကြိုးစားနေကြရသည်။ ဒီနေ့ ရွယ်ကျူချင်၊ ဟော်လန် နဲ့ ပင်ကီတို့ သူငယ်ချင်းသုံးယောက် ရွယ်ကျူချင် အိမ်တွင်စာစုလုပ်နေကျသည်။ စာတွေအတူကျက်ရင်း ပင်ကီက

" ရွယ်ကျူချင် ဘာတွေစားစာရာရှိလဲဟာ ငါဗိုက်ဆာလို့သေတော့မယ်..."

လို့ ပြောလိုက်သည်။ဒါတောင်ကျန်တဲ့သူငယ်ချင်း4ယောက်က မလာသေး။သူတို့သာလာရင် ဗိုက်ဆာတယ်....ဗိုက်ဆာတယ် ဆိုပြီးတစ်ချိန်လုံးငြီးငြူနေမှာအမှန်ပင်။ ရွယ်ကျူချင်တစ်ယောက်

"ဗိုက်ဆာလို့လား....အပေါ်ထပ်က ငါ့ရဲ့အခန်းထဲမှာ သစ်သီးတွေကို ရေခဲသေတ္တာထဲ ထည့်ထားတယ်...ဟော်လန် မင်းသွားယူပေးလို့ရမလား "

လို့မျက်ခုံးတစ်ချက်ပင့်ကာ ပြောလိုက်သည်။ပင်ကီက နှစ်ယောက်လုံးကိုအကဲခတ်ကာ

"ငါသေတော့မယ် ငါကမိန်းကလေးနော် နင်တို့ဝိုင်းအနိုင်မကျင့်နဲ့ ငါကိုကိုလာရင် တိုင်ပြောမယ် ဘာမှတ်နေလဲ "

လို့ မခံချင်တဲ့ စပ်စပ်ထိမခံလေသံမျိုးနဲ့ ပြောပစ်လိုက်သည်။စားပွဲဝိုင်းတွင် စာလုပ်နေသော ဟော်လန်က

"အေးပါဟာ...ငါသွားယူပေးမယ် ခဏလေးစောင့်..နင်ပဲအားမနာတာ"

လို့ ပင်ကီကို တစ်ဇွတ်ထိုးပြောပြီး အပေါ်ထပ်သို့ တက်သွားကာ စားစရာ အသီးများကို သွားယူနေတော့သည်။ ရွယ်ကျူချင်က

" ပင်ကီ ကျန်တဲ့အကောင် လေးယောက်ကိုလည်းခေါ်လိုက်အုံး"

လို့ပြောကာ ပင်ကီကလည်း

"..အေးအေးရွယ်ကျူချင် ငါခေါ်လိုက်မယ် ခဏလေးစောင့်..."

လို့ပြောကာ ဖုန်းခေါ်လိုက်သည်။အိမ်ထဲက ရွယ်ကျူချင်လည်း

"ဟေးးးးးပင်ကီ တစ်ခါတည်းပြော အဲ့ဒီလေးကောင်ကို ‌ဆိုင်မှာတစ်ခါတည်း စားစရာရှိတာတွေကိုဝယ်လာခဲ့လို့...တော်ကြာဗိုက်ဆာအုံးမယ်လို့ပြောလိုက်အုံး"

လို့လှမ်းအော်ပြောလိုက်သည်။ ပင်ကီကလည်း

"အေးပါဟာ ပြောလိုက်ပါ့မယ် "

လို့ပြောကာ ဖုန်းဆက်ပြီးစကားပြောနေတော့သည်။ အပေါ်ထပ်တွင် ဟော်လန်တစ်ယောက် ရေခဲသေတ္တာကို ဖွင့်ကာ သစ်သီးများကို ယူ‌‌ နေတော့သည်။ သစ်သီးများယူပြီးသောအခါ အခန့်ထဲက ထွက်မယ်လို့ကြံကာ မထွက်သေးဘဲ ရွယ်ကျူချင် အခန်းကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် ပါးစပ်က

"အဲ့ကောင်ကလည်း အိမ်မှာသူ့မိဘခရီးသွားတယ်ဆိုတိုင်း ထင်တိုင်းဗုံကြဲနေတော့တာပဲ..အိပ်ယာတွေလည်းမသိမ်းထားဘူး...အခန်းတစ်ခန်းလုံးကလည်း ရှုပ်ပွနေတာပဲ "

လို့ပြောကာ ဟော်လန်တစ်ယောက် အခန်းထဲတွင် ရှုပ်ပွနေသော ပစ္စည်းများကို သိမ်းလိုက်လေသည်။ ပစ္စည်းများကိုလည်း သူ့နေရာနဲ့သူ ထားလိုက်လေသည်။ထိုနောက် ကြမ်းပြင်ပေါ်တွင် ကျနေသော စာရွက်များအား ကောက်သိမ်းလိုက်ရာ တစ်ရွက်နှစ်ရွက် ပြုတ်ကျကုန်တော့သည်။
ထိုစာရွက်များကို ဟော်လန် ယူကြည့်လိုက်သောအခါ

" ဟာ ရေသူမတွေ ရေသူထီးတွေအကြောင်းပဲ
ဒီအကောင်စာမေးပွဲနီးနေတာ ကို ဘာတွေလျှောက်လုပ်နေလဲမသိဘူး.."

လို့ပါးစပ်မှ ရေရွက်လိုက်ကာ ထိုစာရွက်များကို အံဆွဲထဲသို့ထည့်လိုက်လေသည်။ ထို့နောက်သစ်သီးများကို ယူပြီး အခန်းတံခါး ပိတ်ကာ အောက်ထပ်သို့ ဆင်းလာတော့သည်။ ဆင်းလာချင်းပင် ပင်ကီတစ်ယောက်

"အမလေးဟယ် ကြာလိုက်တာ ငါကဗိုက်ဆာလို့ သေတော့မယ်.."

လို့ အပြစ်ပြောလိုက်သည်။ဟော်လန်ကလည်း

"ကြာတယ်ဆိုတာက အာ့မှာ ဟိုကောင်ပေါ့ သူအခန်းထဲဝင်သွားတာ ရှုပ်နေလို့ အကုန်လုံးရှင်းပေးလိုက်တာ "

လို့ ရွယ်ကျူချင်ဘက်ကို မျက်လုံးမှေးပြီး ပြန်ပြောလိုက်သည်။ ရွယ်ကျူချင်ကလည်း

"အော်...မင်းရှင်းလိုက်တာလား ...ကျေးဇူးပဲ ငါလည်းမအားလို့ပါ"

လို့ပြုံးပြီး ဟော်လန်ဘက်ကိုလှည့်ကာ ပြောလိုက်သည်။ရွယ်ကျူချင်လည်း သိပါသည်။သူတို့မှာ ငယ်ငယ်ကတည်းက ပြောမနာဆိုမနာ သူငယ်ချင်း 7ယောက်ရှိခဲ့သည်။
ဒီသူငယ်ချင်းတွေနဲ့ အခုလို သွားအတူလာအတူအိပ်အတူနေလာတာက ကြာလှချေပြီ။ထို့သို့တွေးတော့နေခိုက် အိမ်ရှေ့က ဘဲလ်မြည်သံကို ကြားလိုက်ရသည်။

ဟော်လန်က

"ဘယ်သူတွေတုန်းဟ..."

လို့မေးလိုက်သည်။ရွယ်ကျူချင်က

"ဟိုအကောင်လေးယောက်ပေါ့ ဘယ်သူတွေရှိရအုံးမလဲ .."

လို့ပြောလိုက်သည်။ဟော်လန်တစ်ယောက်တံခါးသွားဖွင့်ပေးလိုက်ပြီး ဝင်ဝင်ချင်းပင် နျန့်နျန့် က

"ဟာ...ဟော်လန် နင်လည်းရောက်နေတာပဲ
ကောင်းတာပေါ့..ဒီမှာမုန့်တွေလည်းဝယ်လာပါတယ်နော်...အာ့လိုအကြည့်မျိုးကြီးနဲ့တော့ လာမကြည့်နဲ့ ...ဟွန့် "

လို့ပြောကာ အိမ်ထဲဝင်သွားလိုက်သည်။ဟော်လန်က ထပ်ပြီး

"ဘာလုပ်နေတာလဲ ယျောင့် မင်းတို့ကဧည့်သည်တွေလား..မဝင်ဘဲနဲ့ ဘာမတ်တပ်ရပ်လုပ်..."

လို့ပြောလိုက်ကာ ယောက်ျားလေးများ ဖြစ်ကျတဲ့ ဟောင်ဇီဂွမ်၊ ဟိုင်းရှီ နှင့် စုန်လယ်ဟန် တို့လည်း ဝင်လာကျတော့သည်။ပင်ကီကလည်း

""ဟေးးးလာကြလာကြ နင်တို့ကိုစောင့်နေတာကြာပြီ "

လို့ စကားတန်းစလိုက်သည်။ရွယ်ကျုချင်က

"လာ..သားကြီးတို့ ဒီမှာထိုငိကျ ..အေးဆေးနေ ငါအဖေနဲ့အမေကခရီးသွားကျတယ် အိမ်မှငါတစ်ယောက်တည်း အေးဆေးနေကြ"

လို့ပြောကာ စကားမဆက် ဟော်လန်က

"အဟမ်း...စကားများတဲ့သူတွေကို ငါအရမ်းသောက်မြင်ကပ်တာ"

လို့ နျန့်နျန့် အားလှမ်းစလိုက်သည်။
1,2400012
ချစ်ခြင်းမေတ္တာဟာ ကစားစရာ မဟုတ်ပါ

“လေရူးက ကျီစယ်ပေမဲ့ လက်ပံကတော့ တကယ်ကြွေရ တယ်” ဆိုတဲ့ စကားလေး ကြားဖူးကြမှာပါ။

တစ်ခါတလေမှာ ကိုယ့်ဘက်က ဘာမှမဟုတ်ပါဘူးလေ ဆိုပြီး ပြုမူလိုက်တဲ့အရာတွေက တစ်ဖက်လူအတွက်တော့ ဘဝကြီး နဲ့ချီပြီး နစ်နာသွားတာမျိုး ဖြစ်တတ်ပါတယ်။

ဥပမာ ချစ်ခြင်းမေတ္တာလို အရာမျိုးဆို ပိုဆိုးတာပေါ့။ အချစ်က လူငယ်တွေရဲ့ ဘဝကို သိပ်ဖျက်ဆီးနိုင်တာ။ အချစ် ကြောင့် Suicide လုပ်သွားတဲ့သူတွေ ရှိတယ်။ အချစ်ကြောင့် ဘဝ ပျက်သွားတဲ့သူတွေလည်း ရှိတယ်။ ကိုယ်က အပျော်တွဲလိုက်တာ ဆိုပေမဲ့ တစ်ဖက်က ကိုယ့်ကို ဘဝကြီးနဲ့ရင်းပြီး ချစ်တာဆို ဘယ်လို လုပ်မလဲနော်။

လူတစ်ယောက်ကို တကယ်မချစ်နိုင်ရင် ချစ်လည်း မချစ်ပါ နဲ့။ ချစ်တယ်လို့လည်း မပြောလိုက်ပါနဲ့။

ကိုယ်က လူတစ်ယောက်ကို အသက်လောက် မြတ်မြတ်နိုးနိုး ချစ်နေတဲ့အချိန်မှာ တစ်ဖက်က ကိုယ့်ကို အပျော်တွဲနေကြောင်း သိလိုက် ရမယ်ဆို ကိုယ်ရော ဘယ်လို ခံစားရမှာပါလဲ။ ကိုယ် ခံစားရသလိုပဲ
6,0300039

Showing 30 of 34 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram ပုံပြင်ကမ္ဘာ nói về gì?+

ပုံပြင်ကမ္ဘာ (@ponpyingabar) là kênh Telegram thuộc danh mục Sách nói (Audiobooks) trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 1.968 người đăng ký trên tgdio.

Làm sao để tham gia ပုံပြင်ကမ္ဘာ (@ponpyingabar)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @ponpyingabar miễn phí.

ပုံပြင်ကမ္ဘာ có phải kênh Sách nói (Audiobooks) tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của ပုံပြင်ကမ္ဘာ trước khi tham gia. Hiện có khoảng 1.968 người đăng ký trên tgdio. So sánh với các kênh Sách nói (Audiobooks) tương tự.

Xem thống kê và bài đăng ပုံပြင်ကမ္ဘာ ở đâu?+

Trên tgdio, mở trang @ponpyingabar để xem thống kê, xếp hạng, đánh giá và bài đăng.