面接練習အတွက် သတိထားသင့်တဲ့အချက်လေးတွေကို PartIIအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
ကိုယ်ရေးမိတ်ဆက် (自己紹介)
ကြာချိန် - ၁ မိနစ်ခန့်
❌ こんにちは
❌ 初めまして
ထက်
「本日はお時間をいただき、ありがとうございます。」
(ယနေ့ အချိန်ပေး၍ အင်တာဗျူးပြုလုပ်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်)
ဟု စတင်နိုင်ပါသည်။
____________________________________
တက္ကသိုလ်တွင် သင်ယူခဲ့သည့်အရာ
အရင်ဆုံး
• ဘယ်အင်ဂျင်နီယာ ဘာသာရပ်ကို သင်ယူခဲ့သည်
• ဘာတွေကို သင်ယူခဲ့သည်
• ဘာတွေ လုပ်ဆောင်နိုင်လာသည်
တို့ကို ရှင်းပြပါ။
____________________________________
လျှောက်ထားရသည့် အကြောင်းရင်းက ဘာလဲ?
(応募した理由は何ですか?)
အင်တာဗျူးတွင် မကြာခဏ မေးလေ့ရှိသော မေးခွန်းဖြစ်ပါသည်။
____________________________________
① ကိုယ်ရေးမိတ်ဆက်
• ၁ မိနစ်ခန့်အတွင်း အကျဉ်းချုပ် ပြောပါ
• အလုပ်အတွေ့အကြုံအားလုံး မပြောပါနှင့်
• မိသားစုအကြောင်း မိတ်ဆက်ရန် မလိုပါ
• ဖြည်းဖြည်းချင်း၊ တစ်ဖက်သူ နားလည်နိုင်သော အရှိန်နှုန်းဖြင့် ပြောပါ
____________________________________
② တက္ကသိုလ်တွင် လေ့လာခဲ့သည့်အရာ
❌
"စက်ပစ္စည်းအကြောင်း လေ့လာခဲ့ပါတယ်"
"Computer Science ကို လေ့လာခဲ့ပါတယ်"
ဟုသာ ပြောခြင်း မလုံလောက်ပါ။
အသေးစိတ် ရှင်းပြရပါမည်။
ဥပမာ (Mechanical)
機械工学部 တွင် မော်တော်ကားအကြောင်းကို လေ့လာခဲ့ပါသည်။
အတန်းထဲတွင်
• Chassis Design ရေးဆွဲခြင်း
• မော်တော်ကား Maintenanceနဲ့ပတ်သက်တာတို့ကို သင်ယူခဲ့ပါသည်။
____________________________________
ဥပမာ (IT)
Computer Science ကို အဓိကအားဖြင့် Web System များကို လေ့လာခဲ့ပါသည်။
Internship ကာလအတွင်း Customer Company အတွက်
勤怠管理システム (Attendance Management System)
ကို ဖန်တီးခဲ့ပါသည်။
အသုံးပြုသော Language သည် Java ဖြစ်ပြီး
ကျွန်တော်၏ တာဝန်မှာ
• Coding
• Testing
တို့ကို Design Document အတိုင်း လုပ်ဆောင်ခြင်း ဖြစ်ပါသည်။
____________________________________
③ အလုပ်အတွေ့အကြုံ
မေးခွန်း -
「ဒီကုမ္ပဏီမှာ ဘယ်လိုအလုပ်တွေကို တာဝန်ယူခဲ့ပါသလဲ?」
ဆိုလျှင်
「ကျွန်တော်/ကျွန်မ ရဲ့ ဌာနမှာ ...」ဟု စတင်၍ ရှင်းပြပါ။
____________________________________
④ 志望動機 (လျှောက်ထားရသည့် အကြောင်းရင်း)
ဒီအပိုင်းက
"ဘာကြောင့် ဒီကုမ္ပဏီကို ဝင်ချင်တာလဲ"
ကို ရှင်းပြရသည့် အပိုင်းဖြစ်သည်။
မကောင်းသော ဥပမာ
❌ Mechanical Design အလုပ်လုပ်နိုင်လို့
❌ 派遣 မဟုတ်ဘဲ တိုက်ရိုက်အလုပ်ခန့်လို့
ဒါမျိုးက ဘယ်ကုမ္ပဏီကိုမဆို ပြောလို့ရတဲ့ အကြောင်းအရာဖြစ်နေပါတယ်။
ကောင်းသော ဥပမာ
• ကုမ္ပဏီရဲ့ အားသာချက်
• ကုမ္ပဏီရဲ့ Culture
• ကုမ္ပဏီက အရေးထားသည့် အကြောင်းအရာများကို သဘောကျကြောင်း ပြောပါ။
ပြီးတော့
မိမိရဲ့ Skill၊ အတွေ့အကြုံ၊ Career Plan နဲ့ ကိုက်ညီကြောင်း ပြောနိုင်ရင် ပိုကောင်းပါတယ်။
ဥပမာ
ကျွန်တော်မှာ ဒီလို Skill တွေရှိတယ်
↓
ဒီ Skill တွေက ကုမ္ပဏီရဲ့ အားသာချက်၊ Position နဲ့ ကိုက်ညီတယ်
↓
ကုမ္ပဏီကို အကျိုးပြုနိုင်တယ်
↓
ဒါကြောင့် ဒီကုမ္ပဏီကို ဝင်ရောက်လုပ်ကိုင်ချင်ပါတယ်
____________________________________
⑤ စကားပြောပုံ
• အရင်ဆုံး မေးထားတာကို ဖြေပါ
• ပြီးမှ အသေးစိတ် ရှင်းပြပါ
• တစ်ဖက်သူ နားလည်လွယ်မယ့် အရှိန်နှုန်းနဲ့ ပြောပါ
• နိုင်ငံခြားသားများ၏ အင်္ဂလိပ်စကားကို ဂျပန်လူမျိုးများက နားထောင်ရခက်တတ်သောကြောင့် ဖြည်းဖြည်းပြောပါ
• ကုမ္ပဏီနာမည်ကို株式会社 ကရှေ့ကလားနောက်ကလား စစ်ဆေးပြီး မှန်ကန်စွာ ခေါ်နိုင်အောင် ပြင်ဆင်ထားပါ
____________________________________
⑥ လိုလားသည့် အလုပ်အခြေအနေ (希望条件)
• လစာတောင်းဆိုရာတွင် လက်ရှိလစာထက် အလွန်အကျွံ မြင့်မသွားစေရပါ
• ကိုယ့် Skill နှင့် Experience အပေါ် မူတည်၍ လက်တွေ့ကျသော ပမာဏကို တောင်းဆိုပါ
နှစ်စဉ်ဝင်ငွေ (年収)
年収は、基本給とボーナスで、○○円です。
残業代を含めると、○○円です。ဟု ဖြေပါ။
※ 通勤手当 (သွားလာစရိတ်) နှင့် 家賃補助 (အိမ်ငှားထောက်ပံ့ကြေး) မပါဝင်ပါ။
အင်တာဗျူးမတိုင်မီ ကိုယ့်လက်ရှိလစာကို သေချာ စစ်ဆေးထားပါ။
____________________________________
⑦ ပြန်လည်မေးမြန်းရန် မေးခွန်းများ (逆質問)
• စိတ်အားထက်သန်မှုကို ပြချင်လျှင် မေးခွန်းမေးသင့်သည်
• အလုပ်ခေါ်စာမှာ ရေးထားပြီးသားကို တိုက်ရိုက်မေးခြင်း မကောင်းပါ
ဥပမာ
Q. Qualification ရယူရန် Support ရှိပါသလား?
❌ Qualification Support ရှိပါသလား?
⭕ 求人မှာ Qualification Support ရှိတယ်လို့ တွေ့ပါတယ်။
အသေးစိတ် ဘယ်လို Support တွေ ပေးပါသလဲ?
____________________________________
Q. နိုင်ငံခြားသား ဝန်ထမ်း ရှိပါသလား?
⭕ 求人မှာ နိုင်ငံခြားသား ဝန်ထမ်းများ ရှိတယ်လို့ တွေ့ပါတယ်။
• ခန့်မှန်းခြေ ဘယ်နှယောက်လောက် ရှိပါသလဲ?
• ကျွန်တော် လျှောက်ထားတဲ့ Position မှာလည်း ရှိပါသလား?
____________________________________
Q. သောက်ပွဲ (飲み会) များပါသလား?
⭕ ဝန်ထမ်းအချင်းချင်း ဆက်ဆံရေး တိုးတက်စေဖို့ အခွင့်အရေးများ ရှိပါသလား?
ဟု ယဉ်ကျေးစွာ မေးနိုင်ပါသည်။
ဂျပန်ပြည်တွင်း အင်ဂျင်နီယာအလုပ်များရှာရန် -
https://www.risefor-career.com/job/search