#လူခေါ်ရပ်လိုက်ပါပြီနော်
Hello ဒီနေ့မှာတော့ Semperရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ချင်သူများအတွက် ကိုယ်တို့
PQ Position (3) ယောက် ခေါ်သွားပါ့မယ်ရှင့်။
PQ ဆိုတာက ဘာလဲဆိုရင် Proofreader and Quality Checker ပါ။
ဒါဆိုဘာတွေလုပ်ရမလဲ ?
- manhwa,manhua တွေကို ဘာသာပြန်အရေးအသားစစ်ပေးရမယ်။
- သတ်ပုံစစ်ပေးရမယ်။
- photo quality နဲ့ edit qualityတွေကို စစ်ပေးရမှာပါ။
ဘယ်လိုလူမျိုးတွေလျှောက်နိုင်မလဲ?
- manhwa,manhua ဖတ်ရတာ ဝါသနာပါသူတွေ။
- မြန်မာစာကို ထဲထဲဝင်ဝင်လေ့လာနိုင်တဲ့သူတွေ။[ လေ့လာချင်စိတ်ရှိတဲ့သူတွေ]
- အလုပ်ကိုစေ့စေ့စပ်စပ်လုပ်ပေးနိုင်ပြီး၊ စေ့စေ့စပ်စပ် စစ်ပေးနိုင်တဲ့သူတွေ လျှောက်နိုင်ပါတယ်။
- team နဲ့လုပ်ရတာဖြစ်တဲ့အတွက် လူအများနဲ့ဆက်ဆံပြောဆိုနိုင်ရင်ပိုကောင်းပါတယ်။
- PQ ဆိုပေမဲ့ အဖွဲ့အစည်းနဲ့လုပ်ရတာဖြစ်တဲ့အတွက် အဖွဲ့အစည်းစိတ်ဓာတ်တော့ရှိရပါမယ်။
- အဖွဲ့နဲ့ဆိုင်တဲ့ တခြားသောအလုပ်တွေကိုလည်း အဆင်ပြေပြေလိုက်လုပ်နိုင်ရပါမယ်။ [ ဥပမာ - စာစစ်စနစ်ပြောင်းလဲတာမျိုး၊ မီတင်လုပ်တာမျိုး၊ ဆွေးနွေးတာမျိုးတွေပါ။ ]
ဘယ်လိုသတ်မှတ်ချက်တွေရှိမလဲ။
- Training ဆင်းရပါမယ်ရှင့်။ Trainingကာလ သတ်မှတ်ချက်မရှိဘဲ ကိုယ်လိုက်လုပ်နိုင်သလောက် Trainingကနေ မြန်မြန် pass ဖြစ်မှာပါ။
- လာလျှောက်တာနဲ့ အခြေခံသတ်ပုံစစ်မှာဖြစ်ပြီး pass မှသာလျှင် Training ဆင်းရမှာဖြစ်ပါတယ်။
- Training ကာက အနည်းဆုံး ၁ လမှ - ၃ လအထိကြာမြင့်နိုင်ပါတယ်။ [ မိမိရဲ့ကြိုးစားလေ့လာမှုအပေါ်မူတည်ပါတယ်။]
- Training ကနေ pass ဖြစ်ပြီး main ထဲ စရောက်တာနဲ့ intern စတွက်မှာဖြစ်ပြီး၊ intern ကာလက (၃)လ ကြာမြင့်မှာဖြစ်ပါတယ်။🚨 Intern ကာလမှာ fee ရရှိမှာမဟုတ်ဘဲ စောင့်ကြည့်ကာလဖြစ်ပါတယ်။🚨
- intern (၃)လ ပြည့်တဲ့နေ့ကစလို့ fee စရမှာဖြစ်ပြီး intern ကာလမှာ ကိုယ်ကြိုးစားရင်ကြိုးစားခဲ့သလောက် + Bonus ထည့်ပေးသွားတာတွေလည်းရှိပါမယ်ရှင့်။
- fee က လကုန်ရှင်းဖြစ်ပြီး အပိုင်း(၅၀) ကို ၃၀၀၀( ၃ထောင် ) ရရှိမှာဖြစ်ပါတယ်။
- လာလျှောက်တာနဲ့အရင်ဆုံး အခြေခံဖြစ်တဲ့ သတ်ပုံ testအရင်စစ်ပါမယ်ရှင့်။
- ဘယ်သူမဆို ကိုယ်တို့စနစ်နဲ့ကိုက်အောင် Trainingတော့ဆင်းရမှာဖြစ်ပါတယ်။
- စည်းကမ်းရှိရှိကိုင်တွယ်သွားမှာဖြစ်တဲ့အတွက် စည်းကမ်းလိုက်နာနိုင်သူများသာ လျှောက်ပေးဖို့ ကြိုတင်ပြောကြားထားလိုပါတယ်။
- တစ်နေ့ ၁၀ ပိုင်းအနည်းဆုံးစစ်ပေးရမှာဖြစ်ပြီး
ကိုယ့်တာဝန်ပြီးဆုံးအောင်မလုပ်နိုင်ရင်က Fine ကြေးတွေလည်းရှိသွားမှာပါ။
- Traning ဆင်းနေဆဲ၊ Traingဆင်းပြီး intern ကာလ(၃)လအတွင်း၊ နောက် offical ကာလ(၃)လအတွင်း ထွက်မယ်ဆိုပါက Fine ကြေး (၅၀၀၀) ပေးရမှာဖြစ်ပါတယ်။
Fee Rate က ဘယ်လောက်လဲ။
- အပိုင်း (၅၀)ကို ၃၀၀၀(၃ထောင်ပါ)
PQ positionကို လျှောက်ချင်ပါက
ဒီacc ကို ဆက်သွယ်ပေးပါရှင်။
https://t.me/kageyama_K☃️ည 9 နာရီမှ 10 နာရီအတွင်း reply ပြန်ပေးပါ့မယ်☃️