တိုင်းဒေသကြီး၏မြို့တော်ဖြစ်သော ပဲခူး၌ ဝန်ထမ်းအိမ်ရာ သုံးနေရာတွင် တိုက် ၃၁ လုံး၊ အခန်း ၅၇၆ ခန်း နေရာချပေးထားလျှက်ရှိ
ပဲခူး အောက်တိုဘာ ၂၂၊၂၀၂၆
တိုင်းဒေသကြီး၏မြို့တော်ဖြစ်သော ပဲခူး၌ ဝန်ထမ်းအိမ်ရာ သုံးနေရာတွင် တိုက် ၃၁ လုံး၊ အခန်း ၅၇၆ ခန်း နေရာချပေးထားလျှက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာလိုအပ်ချက် ရှိသည်မှာမှန်ကန်သော်လည်း တက်နိုင်သမျှ တိုင်းဒေသကြီးအစိုးရအနေဖြင့် နိုင်ငံ့ဘဏ္ဍာရငွေအပေါ်မူတည်၍ ဝန်ထမ်းအိမ်ယာများကို စဥ်ဆက်မပြတ် ဆောက်လုပ်ပေးနေကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိဆောက်လုပ်ထားသည့် ဝန်ထမ်းအိမ်ရာများအနက် ပဲခူးမြို့ရှိ ရှင်စောပုဝန်ထမ်းအိမ်ရာတွင် တိုက် ၂၁ လုံး၊ အခန်း ၄၁၂ ခန်း၊ ဟံသာဝတီဝန်ထမ်းအိမ်ရာတွင် တိုက်သုံးလုံး၊ အခန်း ၂၄ ခန်းနှင့် ဘုရင့်နောင်ဝန်ထမ်းအိမ်ရာတွင် တိုက်ခုနစ်လုံး၊ အခန်း ၁၄၀ ရှိကြောင်း သိရသည်။
ခရိုင်မြို့များဖြစ်သော ပြည်မြို့၊ ရွှေဟင်္သာဝန်ထမ်းအိမ်ရာ၌ တိုက်အလုံးပေါင်း ၃၀လုံး၊ အခန်းပေါင်း ၃၇၆ ခန်း၊ နတ်တလင်းမြို့ ဝန်ထမ်းအိမ်ယာ၌ တိုက်အလုံးပေါင်း ၃လုံး၊ အခန်းပေါင်း ၆၀ ခန်း၊သာယာဝတီမြို့ ဝန်ထမ်းအိမ်ယာ၌ တိုက်အလုံးပေါင်း ၃လုံး၊ အခန်းပေါင်း ၆၀ ခန်း၊ တောင်ငူမြို့၊ ပြည်တော်သာဝန်ထမ်းအိမ်ရာ၌ ဝန်ထမ်းအိမ်ယာ၌ တိုက်အလုံးပေါင်း ၂၆ လုံး၊ အခန်းပေါင်း ၃၀၈ ခန်း၊ ညောင်လေးပင်ဝန်ထမ်းအိမ်ယာ၌ တိုက် ၃ လုံး၊ အခန်း ၆၀ ခန်း နေရာချပေးထားလျှက်ရှိသည်။
မြို့နယ်များအလိုက် ဝန်ထမ်းအိမ်ယာများ ဆက်လက်ဆောက်လုပ်ပေးလျှက်ရှိရာ ဝေါမြို့ဝန်ထမ်းအိမ်ယာ၌ တိုက် ၁ လုံး၊ အခန်း ၂၀ ခန်း၊ ကျောက်တံခါးမြို့ဝန်ထမ်းအိမ်ယာ၌ တိုက် ၁ လုံး၊ အခန်း ၂၀ ခန်း၊ ကဝမြို့ဝန်ထမ်းအိမ်ယာ၌ တိုက် ၁ လုံး၊ အခန်း ၁၆ ခန်း၊ ရေတာရှည်မြို့ဝန်ထမ်းအိမ်ယာ၌ တိုက် ၄ လုံး၊ အခန်း ၈၀ ခန်း၊ မင်းလှမြို့ ပြည်တော်သာဝန်ထမ်းအိမ်ယာ၌ တိုက် ၃ လုံး၊ အခန်း ၆၀ ခန်း နေရာချပေးထားလျှက်ရှိကြောင်း သိရသည်။
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဖြူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းနိုင်က ဖြူးမြို့တွင် တောင်ငူမြို့နှင့် ရေတာရှည်မြို့တို့ကဲ့သို့ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးဌာနက လတ်တလောအစီအစဉ် မရှိသေးကြောင်း ဖြေကြားထားသည်။
ဝရဇိန်သတင်းအေဂျင်စီ၊ပဲခူးမြေ
https://t.me/Armyfamily007/12389?single