အိပ်ပျော်နေသူတို့ နိုးထချိန်တန်ပြီ
(ကလောင်ရှင်ဖိတ်ခေါ်စာ)
ကျွန်ုပ်တို့ ပြည်သူများ၏ ရင်တွင်းတွင် ပုန်းခိုလျက်ရှိသော မျိုးချစ်ဇာတိနှောင်ကြိုးများသည် ပြေလျော့လျက်ရှိလေသည်။ အာဏာရှင်တို့၏ ယုတ်မာရက်စက်မှုများကို မခံချင်သောအလင်းရောင်သည် အချိန်၏တိုက်စားမှုကြောင့် ဖယောင်းတိုင်အရည်ပျောသကဲ့သို့ ကွယ်ပျောက်လုနီးနီးဖြစ်နေလေသည်။ ထိုသို့ အားပျက်မှုများ၏ နိဂုံးသည် ဤစာထဲတွင်ပါဝင်သည်။ သင်တို့နိုးထချိန်တန်ပြီ မြန်မာတို့ နိုးကြားချိန်တန်လေပြီ။ သင်တို့၏ လမ်းမထက်မှာ သွေးမစွန်းနေသော်ညား မြန်မာပြည်မြေပုံတွင် သွေးချောင်းစီးနေရပြီ။ သင်တို့ဘယ်အချိန်ထိ အိပ်ပျော်နေကြမည်နည်း။
ကျွန်ုပ်တို့မြန်မာနိုင်ငံသည် အတိတ်ကာလများကပင် နယ်ချဲ့အင်္ဂလိပ်တို့၏ ကျူးကျော်သိမ်းပိုက်မှုကိုမခံကာ မိမိတို့လူမျိုးသည် မည်သူတစ်ဦးတစ်ယောက်၏ လက်ဝါးကြီးအုပ်မှုကိုမျှ ငြိမ်ခံမည့်လူမျိုးမဟုတ်ပေ။ သေနတ်မရှိရင် လက်၊ လက်မရှိရင်အသက်နှင့်ပါ ရရာနည်းဖြင့် ပုန်ကန်ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာတို့ အားမပျော့၊ အားမလျှော့ဘဲ သူငါကအစ ပြည်သူပြည်သားအားလုံးတို့သည် စစ်အာဏာရှင်၏ အကြမ်းဖက်လုပ်ရပ်များကို တော်လှန်ဖို့အချိန်တန်လေပြီ။
သင်တို့ဘယ်အချိန်ထိ မျက်ကွယ်ပြုမည်နည်း။ သင်တို့လျစ်လျူရှုလေလေ သင်တို့၏အသက်ကို သူတို့ပိုင်လေလေသာဖြစ်သည်။ အချိန်နှင့်ဒီရေသည်လူကိုမစောင့်... ထိုသူတို့၏ သေနတ်ပြောင်းဝမှ ကျည်ဆန်တစ်တောင့်သည်လည်း သင်တို့ အမြင်မှန်ရလာမည့်အချိန်ကို စောင့်မည်မဟုတ်။
မကောင်းမှုကို တပ်အပ်မြင်နေပါလျက် မိမိလက် သွေးမစွန်းသေးသ၍ မျက်စိမှိတ်နားပိတ်နေသူသည် နောင်တစ်ချိန် တိုင်းပြည်ငြိမ်းချမ်းသော အခါတွင် ငြိမ်းချမ်းရေး၏ အနှစ်သာကို ခံစားရရန် မထိုက်တန်ပေ။ နိုင်ငံ့အရေးသည် ကျွန်ုပ်တို့၏အရေး၊ တိုင်းပြည်အရေးသည် ကျွန်ုပ်တို့၏အရေးသာဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံရေးဆိုင်ရာ စာပေလက်ရာများဖြင့် ငြိမ်သက်နေသောသွေးတို့ကို ပြန်လည်ဆူပွက်လာစေရန် ကျွန်ုပ်တို့၏ လူထုစာစဉ်ဌာနတွင် ပူးပေါင်းလုံ့ဆော်ပေးကြဖို့ ဖိတ်ခေါ်လိုက်သည်။
သင်တို့အသက်ကို သင်တို့ပိုင်သည်လော။
သင်တို့စိတ်ကို သင်တို့နိုင်သည်လော။
သင်တို့သည်ပင်
လွတ်လပ်ရေး၏နှောင်ကြိုးဖြစ်သည်။
သင်တို့သည်ပင်
တော်လှန်ရေး၏အလင်းရောင်ဖြစ်သည်။
သင်တို့သည်ပင်
တိုင်းပြည်၏အနာဂတ်ဖြစ်သည်။
သင်တို့ကြိုးကို
သင်တို့ကိုယ်တိုင်ခိုင်မြဲစေရမည်။
သင်တို့အလင်းကို
သင်တို့ကိုယ်တိုင်တောက်ပနိုင်ရမည်။
သင်တို့အနာဂတ်ကို
သင်တို့ကိုယ်တိုင်ငြိမ်းချမ်းစေရမည်။
စဉ်းစားဖို့ကောင်းသည်၊ တွေးတောဖို့ကောင်းသည်၊ နိုးထချိန်တန်လေပြီဖြစ်သောကြောင့် ကျွန်ုပ်တို့၏ လူထုစာစဉ်ဌာနမှ ကလောင်ရှင်များကို ဖိတ်ခေါ်လျက်ရှိပါသည်။
ဆက်သွယ်ရန်
https://t.me/Alp_ll2010-နွေဦးတော်လှန်ရေး ကျောင်းသားများသမဂ္ဂ (န.က.သ)
-လူထုစာစဉ်ဌာန