1/4■ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ထိုင်ခုံလုပွဲ ပြင်းထန်လာနေပြီး စစ်ကောင်စီလော်ဘီတွေက လူမှုကွန်ရက်အမျိုးမျိုးမှာ ဦးကျော်မိုးထွန်းကို ဖယ်ရှားပေးရန် ဘာသာစကားပေါင်းစုံနဲ့ ရေးသားဝါဒဖြန့်နေတာကို တွေ့ရတယ်။
■ ဦးကျော်မိုးထွန်းကို ထောက်ခံသူများကလည်း လူထုထောက်ခံပွဲတွေပြုလုပ်ပြီး ဖယ်ရှားမှု မခံရစေရေး တောင်းဆိုနေလို့ လတ်တလောမှာ ကုလသမဂ္ဂထိုင်ခုံလုပွဲသတင်းများ အပြန်အလှန် အုံလိုက်ကျင်းလိုက် ရေးသားနေကြတာ တွေ့ရပါတယ်။
■ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ အစိုးရနေ့စဉ်ထုတ်သတင်းစာများမှာ “ဝရမ်းပြေး ကျော်မိုးထွန်း ရဲ့ သရုပ်အမှန်” ခေါင်းစဉ်နဲ့ ဆောင်းပါးဖော်ပြလာပြီး ဦးကျော်မိုးထွန်းရဲ့ မိဘများ၊ သူ့လက်ထောက်များကို ခိုးဝင်နေထိုင်သူများ၊ Bank Of America ရဲ့ Joint Account ကို ရည်ရွယ်ချက်ရှိရှိ တစ်ဦးတည်းထုတ်လို့ရအောင်လုပ်ပြီး ငွေကြေးအလွဲသုံးစားမှုများနဲ့ NUG ကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာက စောင့်ကြည့်နေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေးသားထားပါတယ်။
■ လေ့လာသူများရဲ့အဆိုအရတော့ မြန်မာအစိုးရအနေဖြင့် ရွေးကောက်ခံအစိုးရဖြစ်လို့ ကုလသမဂ္ဂထိုင်ခုံကို ပြည်လည်ရရှိဖို့ ယခုနှစ်မှာ ဘက်ပေါင်းစုံက ကြိုးစားနေကာ မီဒီယာနည်းလမ်းအသုံးပြုပြီး Credentials Committee အဖွဲ့ဝင်နိုင်ငံတွေကို လှုံ့ဆော်ပေးနေကြောင်း သိရပါတယ်။
သတင်းလမ်းညွှန်









