ဦးဝါသဝ (၅၅၀ဆရာတော်) Telegram channel photo

ဦးဝါသဝ (၅၅၀ဆရာတော်)

@uwtw550Public Channel

ဗုဒ္ဓသာသနာစီရံတိဌတု

Tâm linhTiếng ViệtViệt Nam

6.5k

Last views

7.4k (7,395 subscribers)
Thành viên
—
Rating
34
Total Posts
Oct 21, 2026, 5:52 PM
Cập nhật
Apr 3, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameဦးဝါသဝ (၅၅၀ဆရာတော်)
Username@uwtw550
CategoryTâm linh
LanguageTiếng Việt
CountryViệt Nam
Thành viên7,395
Channel TypePublic Channel
Created3 thg 4, 2026
Last Updated21 thg 10, 2026 • Hôm kia
StatusActive

Xếp hạng

Xếp hạng toàn cầu
#276306-55
Xếp hạng ngôn ngữ
#5102+9
Xếp hạng danh mục
#1845-3

Tăng trưởng người đăng ký

Tổng cộng: 7.4K30 Days growth: -690.9%
09/2209/2710/0210/0710/1210/1710/21
Tăng trưởng người đăng ký - 30 Days
DateSubscribers
22:09:20267,464
23:09:20267,464
24:09:20267,464
25:09:20267,464
26:09:20267,464
27:09:20267,464
28:09:20267,464
29:09:20267,464
30:09:20267,464
01:10:20267,464
02:10:20267,464
03:10:20267,464
04:10:20267,464
05:10:20267,464
06:10:20267,464
07:10:20267,464
08:10:20267,464
09:10:20267,464
10:10:20267,464
11:10:20267,464
12:10:20267,464
13:10:20267,377
14:10:20267,377
15:10:20267,377
16:10:20267,377
17:10:20267,377
18:10:20267,377
19:10:20267,377
20:10:20267,377
21:10:20267,395
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 30:03:20268,247
Week of 06:04:20268,193
Week of 13:04:20268,137
Week of 20:04:20268,137
Week of 27:04:20268,083
Week of 04:05:20268,083
Week of 11:05:20268,017
Week of 18:05:20268,017
Week of 25:05:20268,017
Week of 01:06:20267,930
Week of 08:06:20267,930
Week of 15:06:20267,930
Week of 22:06:20267,766
Week of 29:06:20267,766
Week of 06:07:20267,766
Week of 13:07:20267,642
Week of 20:07:20267,642
Week of 27:07:20267,642
Week of 03:08:20267,567
Week of 10:08:20267,567
Week of 17:08:20267,524
Week of 24:08:20267,486
Week of 31:08:20267,486
Week of 07:09:20267,432
Week of 14:09:20267,464
Week of 21:09:20267,464
Week of 28:09:20267,464
Week of 05:10:20267,464
Week of 12:10:20267,377
Week of 19:10:20267,395
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20268,083
May 20268,017
June 20267,766
July 20267,642
August 20267,486
September 20267,464
October 20267,395
Tăng trưởng người đăng ký - Yearly
DateSubscribers
20267,395

Top 10 posts

Most viewed posts from this channel

By views
  1. #1ကန့်ဘလူ၊ကျွန်းလှ ၊တန့်ဆည်ဒေသ ပြည်သူ့စစ်ဦးဆောင်နာယကဆရာတော် ဦးဝါသဝ( ၅၅66.1K
  2. #2ပဌာန်းအောင်ပွဲ၊ဘုရားအနေကဇာတင်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ(2.3.47.4K
  3. #3🇲🇲အမြင့်မြတ်ဆုံးသောဂုဏ်ဒြပ် ၊ တုနှိုင်းဖွယ်ရာမရှိသော စွန့်လွှတ်၊ပေးဆ46.9K
  4. #4၁၃၈၇နှစ်၊တန်ဆောင်မုန်းလဆန်း(၉)ရက် ၊29-10-2025 ရက်နေ့ဟာ စစ်ကိုင်းတိုင်း44.6K
  5. #5ကန့်ဘလူမြို့ အမှတ် (၃)ရပ်ကွက် ဦးဝါသဝ (၅၅၀)ဆရာတော်၏ သာသနာ့အလင်းရောင်ကျ34.3K
  6. #6အနောက်အာဖရိကနိုင်ငံ တစ်ခုဖြစ်တဲ့ ဂမ်ဘီယာက နယ်သာလန်နိုင်ငံ၊ the Hague မ33.7K
  7. #7ထာဝရကုသိုလ်တော်မှတ်တမ်း(16.8.2026)32.8K
  8. #8ယနေ့ကျရောက်သော “ကရင်နှစ်သစ်ကူးနေ့” ကို ဂုဏ်ပြုကြိုဆိုရင်း ကောင်းခြင်းမ30.1K
  9. #9မြန်မာနိုင်ငံကြီး အေးငြိမ်းချမ်းသာစေရန်ဟူသော အောင်နိမိတ်ဖြင့် နိုင်ငံတ29.1K
  10. #10၈ရက်၆လ ၂၀၂၄ တုန်းက ဗိုလ်နဂါးနဲ့ပတ်သက်ပြီး ဆရာတော်မိန့်ကြားခဲ့တဲ့ Video26.5K

Bài đăng gần đây

Video
ထာဝရကုသိုလ်တော်မှတ်တမ်း (18.10.2026)
(အဟာရဒါနကုသိုလ်ရှင်* အပါတ်စဥ် (၁၅))

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၃)ရပ်ကွက် ဦးဝါသဝ(၅၅၀)ဆရာတော်၏ သာသနာ့အလင်းရောင်ကျောင်းတိုက်တာအတွင်း၌သာသနာ့အလင်းရောင်ဓမ္မစကူးလ်နှင့်မြို့ပေါ်ဖွင့်လှစ်သင်ကြားလျက်ရှိသောဓမ္မစကူးလ်ဘုန်းတော်ကြီး (၁၀)ကျောင်း၊ကျွန်းလှမြို့နယ်တွင်ဖွင့်လှစ်ထားသော ဓမ္မစကူးလ် (၇)ကျောင်းတို့ရှိ ဓမ္မစကူးလ်သားငယ်သမီးငယ် (၅၀၀၀) ကျော်တို့အား မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များနှင့်အညီ သင်ကြားပို့ချနိုင်စေရန်ရည်သန်၍ ကန့်ဘလူမြို့အမှတ် (၃) ရပ်ကွက်နေဦးမင်းဇော်+ဒေါ်မိုးသူဇာ (သား)မောင်ဇင်မင်းသူ (သမီး)မနှင်းနဒီထွန်း မိသားစု စေတနာရှင်မိသားစုမှ အာဟာရဒါနအတွက် (မုန့်ဟင်းခါး)ကုသိုလ်ဒါနလှူဒါန်းပါသည်။

မိဘများကူညီအားပေး ဓမ္မအမွေပေး
ပညာပြည့်ဝ နှလုံးလှဖို့ ဓမ္မအမွေဖြန့်ဝေစို့
ဓမ္မစကူးလ်အဓိဋ္ဌာန် (၃)ချက်
(၁)ကျွန်ုပ်တို့သည် ဓမ္မဖြင့်ဘဝကို တည်ဆောက်ပါမည်။
(၂)ကျွန်ုပ်တို့သည် အများအကျိုးကို သယ်ပိုးဆောင်ရွက်ပါမည်။
(၃)ကျွန်ုပ်တို့သည် ဗုဒ္ဓသာသနာတော်နှင့်နိုင်ငံတော်၏အကျိုးကို သယ်ပိုးထမ်းဆောင်ပါမည်။

ဦးဝါသဝ (၅၅၀ဆရာတော်)
https://t.me/UWTW550
6,50000111
Video
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်လှိုင်၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း
(၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်း
1,1600091
Photo1/4
⭐️ထာဝရကုသိုလ်တော်မှတ်တမ်း (4.10.2026)
(အဟာရဒါနကုသိုလ်ရှင်* အပါတ်စဥ် (၁၄))

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၃)ရပ်ကွက် ဦးဝါသဝ(၅၅၀)ဆရာတော်၏ သာသနာ့အလင်းရောင်ကျောင်းတိုက်တာအတွင်း၌သာသနာ့အလင်းရောင်ဓမ္မစကူးလ်နှင့်မြို့ပေါ်ဖွင့်လှစ်သင်ကြားလျက်ရှိသောဓမ္မစကူးလ်ဘုန်းတော်ကြီး (၁၀)ကျောင်း၊ကျွန်းလှမြို့နယ်တွင်ဖွင့်လှစ်ထားသော ဓမ္မစကူးလ် (၇)ကျောင်းတို့ရှိ ဓမ္မစကူးလ်သားငယ်သမီးငယ် (၅၀၀၀) ကျော်တို့အား မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များနှင့်အညီ သင်ကြားပို့ချနိုင်စေရန်ရည်သန်၍ ကန့်ဘလူမြို့နေ စေတနာရှင်မိသားစုမှ အာဟာရဒါနအတွက် (မုန့်ဟင်းခါး)ကုသိုလ်ဒါနလှူဒါန်းပါသည်။

မိဘများကူညီအားပေး ဓမ္မအမွေပေး
ပညာပြည့်ဝ နှလုံးလှဖို့ ဓမ္မအမွေဖြန့်ဝေစို့
ဓမ္မစကူးလ်အဓိဋ္ဌာန် (၃)ချက်
(၁)ကျွန်ုပ်တို့သည် ဓမ္မဖြင့်ဘဝကို တည်ဆောက်ပါမည်။
(၂)ကျွန်ုပ်တို့သည် အများအကျိုးကို သယ်ပိုးဆောင်ရွက်ပါမည်။
(၃)ကျွန်ုပ်တို့သည် ဗုဒ္ဓသာသနာတော်နှင့်နိုင်ငံတော်၏အကျိုးကို သယ်ပိုးထမ်းဆောင်ပါမည်။

ဦးဝါသဝ (၅၅၀ဆရာတော်)
https://t.me/UWTW550
12,00000166
Video
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ Time Magazine မှ သတင်းထောက် Charlie Campbell ၏ တွေ့ဆုံမေးမြန်းမှုများအပေါ် ဖြေကြားချက်
3,29000132
Video
ထာဝရကုသိုလ်တော်မှတ်တမ်း (13.9.2026)
(အဟာရဒါနကုသိုလ်ရှင်* အပါတ်စဥ် (၁၀))

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၃)ရပ်ကွက် ဦးဝါသဝ(၅၅၀)ဆရာတော်၏ သာသနာ့အလင်းရောင်ကျောင်းတိုက်တာအတွင်း၌သာသနာ့အလင်းရောင်ဓမ္မစကူးလ်နှင့်မြို့ပေါ်ဖွင့်လှစ်သင်ကြားလျက်ရှိသောဓမ္မစကူးလ်ဘုန်းတော်ကြီး (၅)ကျောင်းရှိ ဓမ္မစကူးလ်သားငယ်သမီးငယ် (၃၂၀၀) ကျော်တို့အား မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များနှင့်အညီ သင်ကြားပို့ချနိုင်စေရန်ရည်သန်၍ -----

အာဟာရဒါနအဖြစ် ကန့်ဘလူမြို့အမှတ် (၃) ရပ်ကွက်နေ ဗိုလ်ကြီးဖြိုးမာန်ဝင်း ဒေါ်ယဥ်ထွေးဝင်း(သား)မောင်ဇေအားမာန်(သမီး)မပြည့်ဖူးမာန် မိသားစုတို့မှ အာဟာရဒါနအတွက် (မုန့်ဟင်းခါး)ကုသိုလ်ဒါနလှူဒါန်းပါသည်။

မိဘများကူညီအားပေး ဓမ္မအမွေပေး
ပညာပြည့်ဝ နှလုံးလှဖို့ ဓမ္မအမွေဖြန့်ဝေစို့
ဓမ္မစကူးလ်အဓိဋ္ဌာန် (၃)ချက်
(၁)ကျွန်ုပ်တို့သည် ဓမ္မဖြင့်ဘဝကို တည်ဆောက်ပါမည်။
(၂)ကျွန်ုပ်တို့သည် အများအကျိုးကို သယ်ပိုးဆောင်ရွက်ပါမည်။
(၃)ကျွန်ုပ်တို့သည် ဗုဒ္ဓသာသနာတော်နှင့်နိုင်ငံတော်၏အကျိုးကို သယ်ပိုးထမ်းဆောင်ပါမည်။

ဦးဝါသဝ (၅၅၀ဆရာတော်)
https://t.me/UWTW550
11,70000179
Video
၂၃.၈.၂၀၂၆

၅၅၀ ဆရာတော်၏ကျောင်းတိုက်တာအတွင်း၌ အနယ်နယ်အရပ်ရပ်မှရောက်ရှိလာကြသော နာမကျန်းသူတို့အား ကုသိုလ်ဒါနအဖြစ် အခမဲ့ဆေးကုသနိုင်ရန်အတွက် ကျောင်းဆောင်အား နေရာရွေ့စီစဥ်ပေးနေခြင်းဖြစ်ပါတယ်။

လူလုပ်အားနဲ့လူတို့ရဲ့ ညီညွတ်အားနဲ့ အောင်မြင်စွာပြီးစီးခဲ့သည့် မြင်ကွင်းကိုနှလုံးမူမိပြီး တိုင်ရေးပြည်ရေး စစ်ရေးစစ်ရာမှာ အချင်းချင်းညီညွတ်မှ ညီညွတ်စွာနေမှ အန္တရာယ်ဘေးကင်းပြီး အရာရာကိုအောင်မြင်နိုင်မယ်ဆိုတာ ဆရာတော့်နည်းတူ နှလုံးသွင်းနိုင်ကြစေရန် ရည်ရွယ်၍ မှတ်တမ်းရုပ်သံဖိုင်အား​ ဖော်ပြအပ်ပါသည်။

⭐️ဦးဝါသဝ (၅၅၀ဆရာတော်)
9,36000166
Photo
ထာဝရကုသိုလ်တော်မှတ်တမ်း(16.8.2026)

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၃)ရပ်ကွက် ဦးဝါသဝ (၅၅၀)ဆရာတော်၏ သာသနာ့အလင်းရောင်ကျောင်းတိုက်တာအတွင်း၌
သာသနာ့အလင်းရောင်ဓမ္မစကူးလ်နှင့်မြို့ပေါ်ဖွင့်လှစ်သင်ကြားလျက်ရှိသော ဓမ္မစကူးလ်ဘုန်းတော်ကြီး (၅)ကျောင်းရှိ ဓမ္မစကူးလ်သားငယ်သမီးငယ် (၂၅၀၀) ကျော်တို့အား မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များနှင့်အညီ သင်ကြားပို့ချနိုင်စေရန်ရည်သန်၍ ....

သာသနာ့အလင်းရောင်ဓမ္မစကူးလ် သားငယ် သမီးငယ်လေးများအား အဟာရဒါနကုသိုလ်ရှင် ဦးဇော်မင်းထွန်း + ဒေါ်ကေခိုင်စိုး သားရတနာ မောင်သူရဇော် မောင်အောင်ကိုဟိန်း၊သမီးရတနာ မစန်းယုလှိုင် ၊မယမင်းခိုင် မိသားစုတို့မှ မုန့်ဟင်းခါးဒါန လှူဒါန်းပါသည်။

မိဘများကူညီအားပေး ဓမ္မအမွေပေး
ပညာပြည့်ဝ နှလုံးလှဖို့ ဓမ္မအမွေဖြန့်ဝေစို့
ဓမ္မစကူးလ်အဓိဋ္ဌာန် (၃)ချက်
(၁)ကျွန်ုပ်တို့သည် ဓမ္မဖြင့်ဘဝကို တည်ဆောက်ပါမည်။
(၂)ကျွန်ုပ်တို့သည် အများအကျိုးကို သယ်ပိုးဆောင်ရွက်ပါမည်။
(၃)ကျွန်ုပ်တို့သည် ဗုဒ္ဓသာသနာတော်နှင့်နိုင်ငံတော်၏အကျိုးကို သယ်ပိုးထမ်းဆောင်ပါမည်။

ဦးဝါသဝ (၅၅၀ဆရာတော်)
32,80000186
Photo1/4
ထာဝရကုသိုလ်တော်မှတ်တမ်း (6.9.2026)
(အဟာရဒါနကုသိုလ်ရှင်* *အပါတ်စဥ် (၉))

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၃)ရပ်ကွက် ဦးဝါသဝ(၅၅၀)ဆရာတော်၏ သာသနာ့အလင်းရောင်ကျောင်းတိုက်တာအတွင်း၌သာသနာ့အလင်းရောင်ဓမ္မစကူးလ်နှင့်မြို့ပေါ်ဖွင့်လှစ်သင်ကြားလျက်ရှိသောဓမ္မစကူးလ်ဘုန်းတော်ကြီး (၅)ကျောင်းရှိ ဓမ္မစကူးလ်သားငယ်သမီးငယ် (၃၂၀၀) ကျော်တို့အား မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များနှင့်အညီ သင်ကြားပို့ချနိုင်စေရန်ရည်သန်၍ အာဟာရဒါနအား ကန့်ဘလူမြို့ အမှတ် (၅)ရပ်ကွက်နေအစ္စလာမ်ဘာသာခြားအလှူရှင် ၁ဦးမှ  သဒ္ဒါတရားထက်သန်စွာဖြင့်လှူဒါန်းပါသည်။

မိဘများကူညီအားပေး ဓမ္မအမွေပေး
ပညာပြည့်ဝ နှလုံးလှဖို့ ဓမ္မအမွေဖြန့်ဝေစို့
ဓမ္မစကူးလ်အဓိဋ္ဌာန် (၃)ချက်
(၁)ကျွန်ုပ်တို့သည် ဓမ္မဖြင့်ဘဝကို တည်ဆောက်ပါမည်။
(၂)ကျွန်ုပ်တို့သည် အများအကျိုးကို သယ်ပိုးဆောင်ရွက်ပါမည်။
(၃)ကျွန်ုပ်တို့သည် ဗုဒ္ဓသာသနာတော်နှင့်နိုင်ငံတော်၏အကျိုးကို သယ်ပိုးထမ်းဆောင်ပါမည်။

ဦးဝါသဝ (၅၅၀ဆရာတော်)
https://t.me/UWTW550
22,70000186
Photo
🇲🇲နမခနယ်မြေ၊စစ်ကိုင်းတိုင်း ၊ကန့်ဘလူခရိုင် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကျင်းပ

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကန့်ဘလူခရိုင် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအကြား အားကစားစိတ်ဓာတ်မြှင့်တင်ပေးရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု တိုးတက်စေရန်နှင့် အချင်းချင်း စည်းလုံးညီညွတ်မှု ရရှိစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲများအတွင်း ရှင်ပြိုင်သူကျောင်းသားလူငယ်များမှ ဘောလုံးအားကစား၏ စည်းကမ်းနှင့် အားကစားသမားစိတ်ဓာတ်ကို အလေးထားကာ အပြန်အလှန်လေးစားမှုဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲသည် ကျောင်းသားလူငယ်များ၏ အားကစားစွမ်းရည်ကို ဖော်ထုတ်ပေးနိုင်သည့်အပြင် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု၊ စည်းကမ်းလိုက်နာမှုနှင့် မိမိကိုယ်ကိုယုံကြည်မှုတို့ကိုလည်း တိုးတက်စေသည့် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်သည်။

ပြိုင်ပွဲသို့ ပြည်သူ့စစ်ဦးဆောင်နာယကဆရာတော် ဦးဝါသဝ (၅၅၀ဆရာတော်)နှင့်အတူ ခရိုင်စီမံဥက္ကဌကြီးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊တပ်မတော်မှအရာရှိကြီးများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများမှလာရောက်အားပေးကြပြီး စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိသည်။

https://t.me/kyunhlanews
2,04000140
Photo1/8
🔂နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် ယနေ့ကလေးငယ်များ၏ အသိပညာ၊ အကျင့်စာရိတ္တနှင့် တာဝန်ယူစိတ်တို့ပေါ်တွင် အများကြီးမူတည်ပါတယ်။ ယဉ်ကျေးမှု၊ စည်းကမ်း၊ တာဝန်ယူမှုနှင့် အများအကျိုးကို ဦးစားပေးတတ်သော လူငယ်များ များပြားလာပါက လူမှုအသိုင်းအဝိုင်းလည်း ပိုမိုတည်ငြိမ်ကောင်းမွန်လာနိုင်ပါတယ်။

🔂ဆရာတော်၏သာသနာ့အလင်းရောင်ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းရဲ့ ရည်ရွယ်ချက်မှာ ရိုးသား၊ စည်းကမ်းရှိ၊ တာဝန်ယူတတ်၊ အခြားသူကိုလေးစားတတ်ပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်သော လူငယ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးခြင်း ဖြစ်ပါတယ်။ကလေးငယ်များ၏ ပညာရေးတစ်ခုတည်းမဟုတ်ဘဲ လူမှုဘဝ၊ ကိုယ်ကျင့်တရားနှင့် အနာဂတ်နိုင်ငံသားကောင်းတစ်ဦးဖြစ်လာရေးအတွက်ရည်ရွယ်ပါတယ်။

🔂ဆရာတော်အနေဖြင့် သာသနာအရေး၊ပရဟိတအရေး၊နိုင်ငံ့​အရေးနှင့်နယ်မြေလုံခြုံရေးတို့ကို အဖက်ဖက်ကလှစ်ဟင်းမှုမရှိအောင် ဆရာ၊ဒကါညီညွတ်စွာ ထမ်းဆောင်လျှက်ရှိပါကြောင်း ဖော်ပြအပ်ပါတယ်။

⭐️ဦးဝါသဝ (၅၅၀ဆရာတော်)
https://t.me/UWTW550
14,00000183
Photo
လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ တဲ့ ။

မိဘက အသိညဏ်မဲ့တော့ သားသမီးကပါ လမ်းမှားရောက်ရ။

အညာမြေ ပြာပုံဘဝကရုန်းမထွက်နိုင်တာ ဒီလိုမိဘတွေကြောင့်ပါ။

မိဘဟူသည် သားသမီးကိုလမ်းမှားမရောက်စေလိုတဲ့ စိတ်ရင်းစေတနာရှိသည်ဟုသာ ကြားဖူးပါသည်။

ဒီနိုင်ငံမှာတော့ သားသမီးတွေကို လမ်းမှားတွန်းပို့သည့်မိဘများစွာရှိလို့နေသည်။

သဗ္ဗေ သတ္တာ ကမ္မသကာ

ဦးဝါသဝ(၅၅၀ဆရာတော်)🇲🇲
12,50000158
အလင်းဝင်ရောက်လိုသူများအား ဖိတ်ခေါ်ခြင်း
---------------------------------

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံလူငယ်များစွာသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့တဖွဲဖွဲ ဝင်ရောက်လျှက်ရှိသည်။

ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည်ဒေသနှင့် အခြားဒေသများမှ လမ်းမှားရောက်နေကြသော Pdf လူငယ်များအနေဖြင့် မိမိတို့ဒေသငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ကြရန် ဖိတ်ခေါ်အပ်ပါသည်။အလင်းဝင်ရောက်လိုသော လူငယ်များအနေဖြင့် ဆရာတော့်ထံတိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

Telegram 📱 https://t.me/wtw550
Viber 📱 09892013132

🇲🇲ဦးဝါသဝ (၅၅၀ဆရာတော်)
15,80000192
Video
🇲🇲နိုင်ငံအတွင်း နိုင်ငံရေးခံယူချက်မတူညီမှုကြောင့်လက်နက်စွဲကိုင်ထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်သူများ၏အသက်အိုးအိမ်များကို ထောက်ထားသက်ညှာသောအားဖြင့် နိုင်ငံရေးနည်းလမ်းဖြင့်သာဆွေးနွေးအဖြေရှာကြရန်၊ဗမာPdf လူငယ်များအနေဖြင့်လည်း မိမိတို့ဒေသ၊မြို့ရွာများမပျက်စီးရေးအတွက် လက်နက်ချအလင်းဝင်ကြရန် ဆရာတော်မှမေတ္တာထားဖိတ်ခေါ်အပ်ပါသည်။

နိုင်ငံတော်အကြီးအကဲများအနေဖြင့်လည်း ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနောက်ခြမ်းရှိ အကြမ်းဖက်များ၏ဝင်ငွေစီးဆင်းရာ ရေနံမှော်ဒေသနှင့်ဆည်အတွင်းရှိတရားမဝင်ရွှေဖောင်များအားရှင်းလင်းပေးရန် သတင်းပေးတင်ပြအပ်ပါသည်။

ဦးဝါသဝ (၅၅၀ဆရာတော်)
14,80000219
Photo
ကန့်ဘလူမြို့ အမှတ် (၃)ရပ်ကွက် ဦးဝါသဝ (၅၅၀)ဆရာတော်၏ သာသနာ့အလင်းရောင်ကျောင်းတိုက်တာအတွင်း....

အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပခြင်း။

ပဋ္ဌာန်းသိမ်းအောင်ပွဲ ပင့်သံဃာတော်အပါး (၁၀၀)တို့အား သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်း လှူဒါန်းပွဲကျင်းပခြင်း။

ဗုဒ္ဓပူဇနိယဘုရားပွဲတော်၊ ဘုရားအနေကဇာတင်ခြင်းမင်္ဂလာအလှူတော်နှင့်ဓမ္မကာရီသိမ်ကျောင်း ရေစက်သွန်းချအလှူတော်မင်္ဂလာကျင်းပခြင်း။

စသည့်အလှူတော် မှတ်တမ်းများအား အများပြည်သူကုသိုလ်တော်ယူနိုင်ရန် ဖော်ပြအပ်ပါသည်။

ဦးဝါသဝ (၅၅၀ဆရာတော်)
34,30000241
Video
ဆရာတော်အနေဖြင့် မိမိတို့ဒေသအေးချမ်းလုံခြုံရေးအတွက် တပ်မတော်နှင့်ပူးပေါင်းကာ နိုင်ငံအတွက်တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသလို သာသနာရေးမှာလည်း မပျက်မကွက် သာသနာ့တာဝန်ကိုထမ်းဆောင်လျှက်ရှိပါသည်။ကျန်းမာစွာရှိပါကြောင်း တပည့်ဒါယကာအားလုံးကို အသိပေးအပ်ပါသည်။နိုင်ငံအေးချမ်းရေးအတွက် တပ်မတော်အတူနှင့်ပူးပေါင်းပါဝင်ကြရန် ထပ်မံတိုက်တွန်းအပ်ပါသည်။

ဦးဝါသဝ (၅၅၀ဆရာတော်)
15,40000252
Photo
⭐️ယနေ့ နိုင်ငံတော်သမ္မတကြီးမှ အကြမ်းဖက်များ ထကြွရာဒေသများကို အရေးပေါ်အခြေအနေအဖြစ်ကြေညာပြီး ၎င်းဒေသများ၏ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပြည့်အဝပေးလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှလည်း အရေးပေါ်ဒေသများအဖြစ်သတ်မှတ်ထားသည့် ဒေသများအား စစ်အုပ်ချုပ်ရေးအာဏာအပြည့်အဝကျင့်သုံးရန် သက်ဆိုင်ရာစစ်တိုင်းမှူး၊စစ်နယ်မြေမှူးတွေထံအမိန့်ပေးလိုက်သည်။

မြန်မာပြည်ငြိမ်းချမ်းချိန်တန်ပါပြီ🇲🇲

https://t.me/kyunhlanews
4,80000200
Photo
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် မိမိတို့နေထိုင်ရာနိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးရေးကို ရှေးရှူကာ ငြိမ်းချမ်းရေးအတွက်ပါဝင်ဆွေးနွေးကြရန်တိုက်တွန်းပါသည်။

မိမိတို့ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကို လက်နက်မကိုင် သွေးမစွန်းသောနည်းလမ်းဖြင့်သာ တောင်းဆိုကြရန် အကြံပြုလိုပါသည်။

မိမိတို့ဒေသ၊မိမိတို့ပြည်သူအတွက် ငြိမ်းချမ်းရေးလမ်းပေါ်သို့  စိတ်ရင်းစေတနာမှန်ဖြင့် ရဲရဲဝံ့ဝံ့လျှောက်လှမ်းကြရန် တိုက်တွန်းအပ်ပါသည်။

ဦးဝါသဝ (၅၅၀ဆရာတော်)
14,90000176
Photo
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်‌သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အစိုးရသစ်အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များအား ထည့်သွင်းပြောကြားသွား။

https://t.me/kyunhlanews
3,05000130
Photo
၁၃၈၇ ခုနှစ် ကဆုန်လဆန်း(၁)ရက်
16.4.2026 ကြာသပတေးနေ့
မဟာသင်္ကြန်အတက်နေ့ ။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်
ကန့်ဘလူမြို့ သင်္ကြန်ပွဲတော်သို့
ပြည်သူတွေ ကြိတ်ကြိတ်တိုး
ပါဝင်ဆင်နွှဲရေကစားနေကြတဲ့မြင်ကွင်းမှတ်တမ်းဖြစ်။

🇲🇲ပြည်သူ့စစ်
https://t.me/myanmarMilitia
3,04000186
Photo
သမ္မတကြီး ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။နိုင်ငံ့တာဝန်ကို ဆထက်ထမ်းပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်းပါးအပ်ပါသည်။

၅၅၀ဆရာတော်
25,40000427
Photo
ပဌာန်းအောင်ပွဲ၊ဘုရားအနေကဇာတင်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ(2.3.2026 -ကျွန်းလှ)

နိုင်ငံတော်အကြီးကဲများ နမခတိုင်းမှုးကြီး နှင့် စစ်ကိုင်းတိုင်းအစိုးရဌာနအကြီးကဲများကို အမှုထား၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့ ဇေယျာမုနိပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ (၂)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို (၅)ရက်တိုင်တိုင်ကျင်းပပြုလုပ်ပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပခြင်း၊ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်ခြင်းမင်္ဂလာကျင်းပပြုလုပ်ခြင်းနှင့် ပင့်သံဃာတော် (၁၅၀)ပါးတို့အား သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ဆွမ်းအစရှိသောလှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းတို့ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် ရပ်ဝေးရပ်နီး ဧည့်ပရိတ်သက် (၅၀၀၀)ကျော်တို့အား စတုဒီသာအာဟာရများ ကျွေးမွေးဧည့်ခံကာအခမ်းအနားကို အောင်မြင်စွာ ပြီးစီးခဲ့ပါကြောင်း ထာဝရကုသိုလ်တော်မှတ်တမ်းအား ဖော်ပြအပ်ပါသည်။

ဦးဝါသဝ(၅၅၀ဆရာတော်)
47,40000370
Video
၈ရက်၆လ ၂၀၂၄ တုန်းက ဗိုလ်နဂါးနဲ့ပတ်သက်ပြီး ဆရာတော်မိန့်ကြားခဲ့တဲ့ Video ဖိုင်ကို ပြန်တင်ပေးလိုက်ပါတယ်။ယခုအအချိန်မှာတော့ ဗိုလ်နဂါးခေါ် ဒကာနိုင်လင်းက တပ်မတော်ရဲ့အရိပ် ၊ဥပဒေရဲအရိပ်အောက်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ဦးဝါသဝ (၅၅၀ဆရာတော်)
26,50000308
Video
BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါး နှင့် ၎င်း၏ မိသားစုဝင်များ တပ်မတော်လုံခြုံရေးစခန်းမှတစ်ဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်သည်။ နေပြည်တော် ၊ ဖေဖော်ဝါရီလ ၁၈ ရက်။
7,71000279
Video
🇲🇲ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည်ဒေသ ပြည်သူ့စစ်ဦးဆောင် နာယကဆရာတော် ဦးဝါသဝ(၅၅၀ဆရာတော်)ရဲ့အကြောင်းသီချင်းကို ဂုဏ်ပြုရေးသားတင်ဆက်လိုက်ပါတယ်။

https://t.me/kyunhlanews
7,32000290
Photo
အနောက်အာဖရိကနိုင်ငံ တစ်ခုဖြစ်တဲ့ ဂမ်ဘီယာက နယ်သာလန်နိုင်ငံ၊ the Hague မြို့ အခြေစိုက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို Genocide လုပ်ပါတယ်ဆိုပြီး စွပ်စွဲထားတဲ့အချက်ကို မြန်မာကိုယ်စားလှယ်အဖွဲ့မှတုန့်ပြန်ခြေပရန် နယ်သာလန်၊သဟိတ်ဂ်မြို့၊ ICJ ရုံးသို့ ရောက်ရှိနေပြီဖြစ်သည်။

ဒီနေရာမှာ မြန်မာနိုင်ငံပြည်သူများအနေဖြင့် တစ်ချက်သိိထားရန်ဖြစ်ပါတယ်။ICJ မှာ တရားစွဲဆိုတာဟာ မြန်မာနိုင်ငံကို တရားစွဲဆိုထားခြင်းဖြစ်ပြီး ဒီကိစ္စဟာနိုင်ငံဂုဏ်သိက္ခါ၊နိုင်ငံသားတိုင်းရဲ့ ဂုဏ်သိက္ခါနဲ့သက်ဆိုင်နေပါတယ်။ဒီအချက်ကို သိစေချင်တာက ခု ပြည်သူတွေထဲမှာ ပါတီ၊ပုဂ္ဂိုလ်၊လူတစ်ဦးတစ်ယောက်စွဲတာလို့ မြင်နေပြီး မိမိနိုင်ငံအပေါ်တရားစွဲဆိုခြင်းကို အားပေးအားမြောက်ပြုနေတာတွေကို တွေ့မြင်နေရလို့ပဲဖြစ်တယ်။

လူမျိုးတုံးသတ်ဖြတ်မှုခေါင်းစဥ်နှင့်စွပ်စွဲမှုနောက်မှာ ရိုဟင်ဂျာ ဆိုတဲ့ မရှိတဲ့လူမျိုးစုကို မြန်မာနိုင်ငံအတွင်းကို အတင်းသွတ်သွင်းနေတဲ့ကိစ္စဖြစ်ပါတယ်။အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိဘူးလို့ အထောက်အထား အပြည့်အစုံနဲ့ကန့်ကွက်နေပေမယ့် ရခိုင်ပြည်နယ် မှာ လူမျိုးရရှိရေးကို အသည်းအသန်လုပ်ဆောင်လာတာကို တွေ့ရှိရပါတယ်။

လွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရလက်ထက် ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်နှင့်  ၁၉၃၁ ခုနှစ် တွင်ကောက်ယူခဲ့သော သန်းခေါင်စာရင်းများတွင်လည်းကောင်း၊ လွတ်လပ်ရေးရပြီး ၁၉၅၃၊ ၁၉၅၄ ခုနှစ် သန်းခေါင်စာရင်း ၊၁၉၇၃ ခုနှစ် သန်း ခေါင်စာရင်းနှင့် ၁၉၈၃ ခုနှစ်သန်းခေါင်စာရင်းတို့တွင်လည်းကောင်း ကောက်ယူခဲ့သော သန်းခေါင်စာရင်းများအရ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် ရိုဟင်ဂျာ လူမျိုးအမည်ကို မည်သည့်သန်းခေါင်စာရင်းမှာမှ မတွေ့ရှိခဲ့ပါ။သမိုင်းအရ မရှိခဲ့သလို ဥပဒေအရ လက်ခံလို့မရပါဘူး။

မြန်မာပြည်သူများအနေဖြင့် အနောက်နိုင်ငံတွေရဲ့  မိမိတို့နိုင်ငံအပေါ်ထိုသို့ လုပ်ဆောင်မှုတွေကို အားပေးအားမြောက်မပြုပဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ရမှာပဲဖြစ်ပါတယ်။

ဆရာတော်အနေနဲ့ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကိုကာကွယ်ရန် အမှန်တရားဘက်မှရပ်တည်ဆောင်ရွက်နေသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ပြည်ထောင်စုရှေ့နေချုပ်) ဒေါက်တာ သီတာဦး တို့ခေါင်းဆောင်တဲ့ (Agent of Myanmar) ကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းမှုများကိုအပြည့်အဝထောက်ခံအားပေးပါကြောင်း၊အသိအမှတ်ပြုပါကြောင်း၊အောင်မြင်ပါစေကြောင်း ဖော်ပြအပ်ပါသည်။

ဦးဝါသဝ (၅၅၀ဆရာတော်)
33,70000467
Photo
ယနေ့ကျရောက်သော “ကရင်နှစ်သစ်ကူးနေ့” ကို ဂုဏ်ပြုကြိုဆိုရင်း ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း၊နှစ်သစ်မှစ၍ ကရင်လူမျိုးအပေါင်း စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ကရင်ပြည်နယ်ရှိ လက်နက်ကိုင်များအနေဖြင့် ခေတ်အဆက်ဆက် တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာရှိခဲ့ ၊ပေါင်းစည်းခဲ့ကြသည့် ကောင်းမွန်တဲ့အစဥ်အလာများကို အမှတ်ရပြီး မိမိတို့နိုင်ငံမပျက်စီးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုအပ်ပါကြောင်း ပြောကြားလိုပါသည်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးများစွာစုပေါင်းထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ ကရင်လူမျိုးများအနေဖြင့် မိမိတို့နိုင်ငံအေးချမ်းသာယာရေး၊စစ်မက်ကင်းစင်ရေးအတွက် များစွာတာဝန်ရှိပေသည်။

ထို့ကြောင့် နိုင်ငံအတွင်းဖြစ်ပျက်နေသော အကြမ်းဖက်မှုများ ၊ပဋိပက္ခများတွင် ပါဝင်ခြင်းမပြုပဲ တပ်မတော်နှင့်လက်တွဲကာ တိုင်းပြည် နှင့်လူမျိုးအကျိုးရှိစေမည့် လုပ်ရပ်၊အပြောအဆို၊အပြုအမူ၊ မွန်မြတ်သောစိတ်ဓာတ်တို့ဖြင့် ကောင်းမွန်သောလုပ်ရပ်များကို လုပ်ဆောင်ကာ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

ဦးဝါသဝ (၅၅၀ဆရာတော်)
30,10000291
Video
မြန်မာနိုင်ငံကြီး အေးငြိမ်းချမ်းသာစေရန်ဟူသော အောင်နိမိတ်ဖြင့် နိုင်ငံတော်အကြီးအကဲများကိုအမှုထားပြီး ဘုရားထီးတော်တင်ပွဲ ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မြေထူးအုပ်စု လင်းဒအံကျေးရွာ ရတနာသီရိကျောင်းတိုက်တာအတွင်း၌ လွန်ခဲ့သော (၁၁)နှစ်က တည်ထားကိုးကွယ်တော်မူအပ်သော ပြည်တော်အေးစေတီတော်မြတ်ကြီး၏ ထီးတော်တင်မင်္ဂလာပွဲအား နိုင်ငံတော်အကြီးအကဲများကိုအမှုထားပြီး နိုင်ငံတော်ကြီးအမြန်အေးချမ်းစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဦးဝါသဝ (၅၅၀)ဆရာတော်ဘုရားမှ ဦးစီး ဦးဆောင်ကါ 11.12.2025 ရက်နေ့ နံနက်ခင်း (၈)နာရီ (၈)မိနစ် (၈)စက္ကန့်အချိန်တွင် ပင့်သံဃာတော် (၅၅)ပါးတို့နှင့် ထီးတော်တင်မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့သည်။

ထီးတော်တင်အခမ်းအနားတွင် ရွှေပြည်​အေးစေတီတော်မြတ်ကြီးအား ထီးတော်တင်လှူဒါန်းခြင်း၊ ပင့်သံဃာ(၅၅)ပါးဖြင့်ဘုရားအ​နေကဇာတင်ခြင်း၊ ဘုရားမတည်ဒကာ ဒကာမများဖြစ်​သော ဦးငြိမ်းအောင်+ဒေါ်တင်ချို မိသားစုနှင့် ဘုရားဒါယကာ ဘုရားဒါယိကာမ မိသားစုများမှ ပင့်သံဃာတော်များအား စာရေးတံမဲများနှင့် နဝကမ္မအလှူ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ဆွမ်းဆန်စိမ်း​လောင်းခြင်း၊ဧည့်ပရိတ်သတ်တို့အား စတုဒိသာအာဟာရကျွေးမွေး လှူဒါန်းပူဇော်ပါသည်။

ရွှေပြည်​အေးဘုရားထီးတော်တင်ပွဲသို့ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်ဌာနဆိုင်ရာဝန်ထမ်းများမှလည်း လာရောက်ပူဇော်ဖူးမြော်ပြီး ရပ်ဝေးရပ်နီး ဧည့်ပရိတ်သတ် (၂၀၀၀)တို့အား စတုဒိသာအာဟာရကျွေးမွေးဧည့်ခံကာ
ကန့်ဘလူမြို့ (ရတနာတင်လင်း)ဆိုင်းဖြင့်ဧည့်ခံဖျော်ဖြေခဲ့ပါကြောင်း နှင့်အခမ်းအနားကို နံနက်(၁၁)နာရီ(၁၁)မိနစ်(၁၁)စက္ကန့်အချိန်တွင်အောင်မြင်စွာပြီးစီးခဲ့ပြီး အလှူ​တော်​အောင်ပွဲကို အလှူရှင်မိသားစုတို့က​ ရတနာရွှေမိုး​ ငွေမိုးများ ရွာသွန်းခဲ့ပါ​ကြောင်း ကုသိုလ်တော်မှတ်တမ်းအား သာဓုခေါ်ဆိုနိုင်ရန် ဖော်ပြအပ်ပါသည်။

ဦးဝါသဝ (၅၅၀ဆရာတော်)
29,10000345
Photo
🇲🇲အမြင့်မြတ်ဆုံးသောဂုဏ်ဒြပ် ၊ တုနှိုင်းဖွယ်ရာမရှိသော စွန့်လွှတ်၊ပေးဆပ်ခြင်းများနှင့် တိုင်းပြည်အတွက် အသက်စွန့်လှူသွားခဲ့ကြသော သူရဲကောင်းစစ်သည်များအား လေးစားစွာဖြင့် အလေးပြုအပ်ပါသည်။

မိမိတို့အသက်ရှင်နေသ၍.....
မိမိတို့၏ ဝင်သက်၊ ထွက်သက်တိုင်း....
နိုင်ငံနဲ့ပြည်သူအတွက် အသက်ကိုစွန့်လွှတ်ပေးခဲ့ကြသော သူရဲကောင်းများကို သစ္စာရှိဦးညွတ်နေပါမည်။

ကျဆုံးစစ်သည်သူရဲကောင်းတို့၏ အသက်သွေးချွေးအတွက်....
ကျဆုံးစစ်သည်သူရဲကောင်းတို့၏ မပြီးဆုံးခဲ့သော အောင်ပွဲများအတွက်....
မိမိတို့စစ်သည်များမှတာဝန်ယူတိုက်ခိုက်သွားမည်ဟု ကတိပြုပါသည်။

နိုင်ငံအတွက် အသက်ကိုစွန့်လွှတ်ခဲ့သော သူရဲကောင်းအားလုံး ကောင်းရာသုဂတိလားပါစေ.....။

ဦးဝါသဝ (၅၅၀ဆရာတော်) 7-12-2025
46,90000427

Showing 30 of 34 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram ဦးဝါသဝ (၅၅၀ဆရာတော်) nói về gì?+

ဦးဝါသဝ (၅၅၀ဆရာတော်) (@uwtw550) là kênh Telegram thuộc danh mục Tâm linh trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 7.395 người đăng ký trên tgdio.

Làm sao để tham gia ဦးဝါသဝ (၅၅၀ဆရာတော်) (@uwtw550)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @uwtw550 miễn phí.

ဦးဝါသဝ (၅၅၀ဆရာတော်) có phải kênh Tâm linh tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của ဦးဝါသဝ (၅၅၀ဆရာတော်) trước khi tham gia. Hiện có khoảng 7.395 người đăng ký trên tgdio. So sánh với các kênh Tâm linh tương tự.

Xem thống kê và bài đăng ဦးဝါသဝ (၅၅၀ဆရာတော်) ở đâu?+

Trên tgdio, mở trang @uwtw550 để xem thống kê, xếp hạng, đánh giá và bài đăng.