
မိုးမြေဖန်ဆင်းရှင်
မူရင်းစာစဥ်အမည် - Endless Dantian
( ကောင်းကင်ဘုံစာကြည့်တိုက်ရဲ့ ဖန်ဆင်းရှင် )
မူရင်းစာရေးဆရာ - Heng Sao Tian Ya ( စာကြည့်တိုက် မူရင်းရေးသူ )
ဘာသာပြန် - တင်အောင်ခိုင်
Summary…
ချီပင်လယ် ဆိုသည်မှာ ကျင့်ကြံသူ တစ်ဦး ချီစုဆောင်းဖို့ အခြေခံ ဖြစ်ပြီး ဒန်တျန်းဆိုသည်မှာ ပါရမီနှင့် ချီအသွင်ပြောင်းခြင်း၏ အခြေခံ ဖြစ်သည်။ ပါရမီရှိသော ကျင့်ကြံသူများ၏ ချီပင်လယ်ထဲတွင် မျောလွင့်နေသည့် ဒန်တျန်းများစွာ ရှိတတ်သည်။
ချီပင်လယ်ထဲမှ ဒန်တျန်း အရေအတွက်ဆိုသည်မှာ မွေးရာပါ ဖြစ်ချေသည်။ သို့သော်လည်း ကံကောင်းစွာဖြင့် ဒန်တျန်း အရေအတွက်ကို ပြောင်းလဲနိုင်သည့် မှော်ကျင့်စဥ် တစ်ခုကို ရရှိသွားလျှင် အဘယ်သို့ ဖြစ်မည်နည်း။ နိုင်းယွမ် ပြန်လည်မွေးဖွားလာပြီးနောက်တွင် ကံကောင်းစွာဖြင့် ဒန်တျန်း အရေအတွက်ကို ပြောင်းလဲပေးနိုင်သည့် မှော်ကျင့်စဥ် တစ်ခုကို ရရှိခဲ့သည်။ အခြားသူများက ကျင့်ကြံဖို့အတွက် ဒန်တျန်း တစ်ခုကို သုံးသော်လည်း သူကတော့ ဆယ်ခု သို့တည်းမဟုတ် အခုတစ်ရာကို သုံးကာ ကျင့်ကြံတော့၏။
( ဘာသာပြန်သူ အမှာစာ - ဒီစာစဥ်ဟာ ကျန်းရွှမ် မူရင်းရေးသူရဲ့ စာစဥ် တစ်ခု ဖြစ်ပြီး ကျန်းရွှမ် မရေးခင် ရေးခဲ့တာ ဖြစ်ပါတယ်။ လော့ယို့ရှင်း ( နိုင်းလင်ရှီ ) ရဲ့ အဖေ.... ကျန်းရွှမ်ရဲ့ ယောက္ခမကြီး အကြောင်းပါ။ လော့ယို့ရှင်းက သူ့အမေရဲ့ မျိုးရိုးနာမည် လော့ကိုပဲ သဘောကျလို့ ‘လော့’ ဖြစ်နေတာပါ သူ့အမည်ရင်းက နိုင်းလင်ရှီ ဖြစ်ပါတယ်။ ကျန်းရွှမ်တို့ နေထိုင်ရာ လောကတွေဟာ နိုင်းယွမ် ( မိုးကောင်းကင် ) ဖန်ဆင်းခဲ့တဲ့ လောကတွေပဲ ဖြစ်ပါတယ်။ ကျန်းရွှမ်ကို ပါမောက္ခကုန်းမြေကြီးဆီ ရောက်လာအောင် ကမ္ဘာကူးပြောင်းပေးခဲ့တာလည်း သူပါပဲ ။ ကောင်းကင်မပြည့်စုံခြင်း တဖြစ်လဲ ကောင်းကင်ဘုံစာကြည့်တိုက်ကို ဖန်ဆင်းခဲ့တာလည်း သူပါပဲ။ ကျန်းရွှမ်ကို ရင်းမြစ်ကမ္ဘာဆီ ခေါ်သွားတဲ့သူ ဖြစ်သလို ကျန်းရွှမ်ရဲ့ သားရဲယဥ် သေခြင်းမဲ့ဧကရာဇ်က တစ်ချိန်တုန်းက သူ့သားရဲ ဖြစ်ခဲ့ဖူးပါတယ်။ ဒီစာစဥ်ဟာ ကျန်းရွှမ် ပရိတ်သတ်ကြီးအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ စာစဥ်တစ်ခုပါ)
Free Page link
https://www.facebook.com/share/1DJKjkBZWR/?mibextid=wwXIfr
Telegram Link 👇👇👇
https://t.me/c/mythhorizon/234











