ယောအလင်းတန်း Telegram channel photo

ယောအလင်းတန်း

@yawalinntanPublic Channel

ယော‌နယ်အတွက် ယောအလင်းတန်းရှိတယ်

Ảnh thiên nhiênTiếng ViệtViệt Nam

2.5k

Last views

10.7k (10,683 subscribers)
Thành viên
—
Rating
92
Total Posts
Oct 14, 2026, 10:35 AM
Cập nhật
Apr 5, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameယောအလင်းတန်း
Username@yawalinntan
CategoryẢnh thiên nhiên
LanguageTiếng Việt
CountryViệt Nam
Thành viên10,683
Channel TypePublic Channel
Created5 thg 4, 2026
Last Updated14 thg 10, 2026 • 7 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#313137-678
Xếp hạng ngôn ngữ
#5827-31
Xếp hạng danh mục
#2395-11

Tăng trưởng người đăng ký

Tổng cộng: 10.7K30 Days growth: -1521.4%
09/1509/2009/2509/3010/0510/1010/14
Tăng trưởng người đăng ký - 30 Days
DateSubscribers
15:09:202610,835
16:09:202610,835
17:09:202610,795
18:09:202610,795
19:09:202610,795
20:09:202610,795
21:09:202610,795
22:09:202610,795
23:09:202610,795
24:09:202610,795
25:09:202610,795
26:09:202610,795
27:09:202610,795
28:09:202610,795
29:09:202610,795
30:09:202610,795
01:10:202610,795
02:10:202610,795
03:10:202610,795
04:10:202610,795
05:10:202610,795
06:10:202610,795
07:10:202610,795
08:10:202610,795
09:10:202610,795
10:10:202610,795
11:10:202610,795
12:10:202610,795
13:10:202610,795
14:10:202610,683
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 30:03:202611,148
Week of 06:04:202611,059
Week of 13:04:202611,059
Week of 20:04:202611,059
Week of 27:04:202610,961
Week of 04:05:202610,961
Week of 11:05:202611,094
Week of 18:05:202611,094
Week of 25:05:202611,094
Week of 01:06:202611,204
Week of 08:06:202611,204
Week of 15:06:202611,204
Week of 22:06:202611,204
Week of 29:06:202611,059
Week of 06:07:202611,059
Week of 13:07:202611,059
Week of 20:07:202611,089
Week of 27:07:202611,089
Week of 03:08:202611,099
Week of 10:08:202611,099
Week of 17:08:202611,012
Week of 24:08:202610,919
Week of 31:08:202610,919
Week of 07:09:202610,835
Week of 14:09:202610,795
Week of 21:09:202610,795
Week of 28:09:202610,795
Week of 05:10:202610,795
Week of 12:10:202610,683
Tăng trưởng người đăng ký - Monthly
DateSubscribers
April 202610,961
May 202611,094
June 202611,059
July 202611,089
August 202610,919
September 202610,795
October 202610,683
Tăng trưởng người đăng ký - Yearly
DateSubscribers
202610,683

Top 10 posts

Most viewed posts from this channel

By views
  1. #1Post #42455.6K
  2. #2မိတ္ထီလာကထွက်လာသည့် တပ်မ ၇၇ ၏ ၃၀ စီးပါစစ်ကားတန်း ချောက် ခလရ ၁၃ မှာရောက5.4K
  3. #3Post #40755.2K
  4. #4ရှေ့တန်းတစ်ခါထွက်ရင် ၃ နှစ်ကျော်ကြာကြောင်း တပ်မ ၇၇ တပ်ရင်းမှူးဝန်ခံပြေ5.2K
  5. #5လောင်းရှည်ဒေသတွင် စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုများဆက်တိုက်လုပ်ဆောင်နေ5.0K
  6. #6စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၅ ဦးခန့် ယမန်နေ့ညက ထော်လာဂျီဖြင့် မဆာတွီရွာကို ထ4.9K
  7. #7စစ်အုပ်စုက ဆောနယ်နှင့် ကျောက်ထုနယ်များကို လေကြောင်းကနေ အဆမတန်ဖိအားပေးတ4.9K
  8. #8Post #40774.9K
  9. #9🔴 သက်ငယ်မုဒိမ်းမှုကျူးလွန်ကာ လူသတ်အလောင်းဖျောက်ခဲ့တဲ့ မင်းမင်းစိုးကို4.7K
  10. #10Post #40794.7K

Bài đăng gần đây

ဆောမြို့နယ်က လမ်းပိုင်းအချို့ကို ကားများသွားလာခြင်းမပြုလုပ်ကြရန် အသိပေးတားမြစ်ထား

အောက်တိုဘာ ၁၇၊၂၀၂၆ေ၊ ဆော

မကွေးတိုင်း၊ယောဒေသ ဆောမြို့နယ် ပုပ္ပကိုင်း-လယ်ဖြူ-ဝက္ကု ကားလမ်းပိုင်းကို ကားကြီး၊ကားငယ်များ သွားလာခြင်းမပြုလုပ်ကြရန် ဒေသခံပြည်သူ့တော်လှန်ရေးတပ် ဂန့်ဂေါခရိုင်တပ်ရင်း ၆ က ယနေ့ရက်စွဲဖြင့် အသိပေးထုတ်ပြန်တားမြစ်ထားသည်ကို တွေ့ရသည်။

ယနေ့အောက်တိုဘာလ ၁၇ ရက်နေ့မှစ၍ အဆိုပါလမ်းပိုင်းကို ကားကြီး၊ကားငယ်များသွားလာခွင့် ယာယီကန့်သတ်လိုက်ကြောင်းနှင့် ဆိုင်ကယ်များ မပါဝင်ကြောင်း သိရသည်။

ကြေညာချက်တွင် ယခုအသိပေးထုတ်ပြန်ထားသည့် လမ်းပိုင်းဆိုင်ရာကန့်သတ်ချက်ကို လိုက်နာခြင်းမရှိပါက ​ဖြစ်ပေါ်လာမည့် နောက်အကျိုးအဆက်ကို တာဝန်ယူမည်မဟုတ်ကြောင်း၊ ယခုထုတ်ပြန်အသိပေးချက်သည် ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးအတွက်သာဖြစ်ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း ၆ က အသိပေးထားသည်။

https://www.facebook.com/share/1DXV8NaHEH/

@မင်းဒဿ

Facebook

Laung She Regional People's Defence Force

📢 အသိပေးထုတ်ပြန်ကြေညာချက်ပြည်သူများသို့ အသိပေးကြေညာအပ်ပါသည်။ဆောမြို့နယ်၊ ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်း အား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှစ၍ ​ ကားကြီး၊ ကားငယ် များ...

2,4900016
လောင်းရှည်ဒေသမှ လက်ကျန်အင်အားများကို ထပ်မံဖြည့်တင်းပြီး စစ်အုပ်စုက ကန်ပက်လက်နယ်ကို အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်နေ

အောက်တိုဘာ ၁၇၊၂၀၂၆၊ ကန်ပက်လက်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုက ယောဒေသ ဆောမြို့နယ်၊ လောင်ူရှည်ဒေသတွင် ခြေကုပ်ယူကာ ယခင်စက်တင်ဘာလ ၂၆ ရက်နေ့မှ အင်အား ၂၀၀ ကျော်ဖြင့် စတင် ထိုးစစ်ဆင်ခဲ့တာဖြစ်ကြောင်း သိရသည်။

စစ်ကြောင်းအတွက် နောက်ပါအင်အား ၃၀၀ ကျော်ကိုလည်း လောင်းရှည်-ဆွဲလွှဲကျင်း-မဆာတွီ လမ်းပိုင်းများတွင် အသုံးပြုထားပြီး လေကြောင်းမှ လေယာဥ်ပစ်ကူ၊ မြေပြင်မှ လက်နက်ကြီးပစ်ကူများဖြင့် ကျင်ဒွေးမြိုသို့ ထိုးစစ်ဆင်ခဲ့တာဖြစ်ကြောင်း သိရသည်။

ယခုအခါ စစ်အုပ်စုသည် လောင်းရှည်မြို့နှင့် ဒေသတွင်းမှ လက်ကျန်အင်အားများကို ထုတ်နှုတ်ကာ အဆိုပါစစ်ကြောင်းကို ထပ်မံအင်အားဖြည့်ထားကြောင်းသိရပြီး စုစုပေါင်းအင်အား ၁ ထောင်ခန့်ဖြင့် ထိုးစစ်ဆင်နေကြောင်းသိရသည်။

စစ်အုပ်စုက ကန်ပက်လက်မြို့နယ် ကျင်ဒွေးထိုးစစစစ်အဖြစ် ယောဒေသ ဆောမြို့နယ် ကပစ ၂၅ (လောင်းရှည်)တပ်သို့ စစ်အင်အား ၈၀၀ ကျော်ပါ စစ်ကား ၂၀၀ စီးခန့်ဖြင့် ယခင်စက်တင်ဘာ ၂၀ ရက်နေ့ကစတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ကပစ ၂၅ မှတဆင့် စက်တင်ဘာ ၂၃ ရက်နေ့ညပိုင်းတွင် စစ်ကား ၃၀ စီး၊စစ်အင်အား ၅၀၀ ခန့်ကို လောင်းရှည်မြို့သို့ ပထမအကြိမ် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ထိုအင်အားများကို စက်တင်ဘာ ၂၄ ရက်နေ့တွင် လောင်းရှည်ဒေသ အင်ဘူး၊ကြိမ်ကြီး၊ ဖိုးချင်တောင် စသည့်နေရာများကို စတင်ဖြန့်ကျက်ခဲ့ပြီး ဆွဲလွဲကျင်းရွာဖက်မှတဆင့် ကန်ပက်လက်နယ် မဆာတွီရွာဖက်ကို စက်တက်ဘာ ၂၆ ရက်နေ့က အင်အား ၂၀၀ ကျော်ဖြင့် စတင်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

တပ်မ ၇၇ ဘက်တံဆိပ်ပါ ကပစ ၂၅ မှလက်ကျန်အင်အား ၁၀၀ ကျော်ကိုလည်း ခြေလျင်ပို့ဆောင်ခဲ့ပြီး အောက်တိုဘာ ၆ ရက်နေ့နံနက်ပိုင်းတွင် လောင်းရှည်မြို့ကို ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုနောက် စစ်အုပ်စုက ယခုအောက်တိုဘာ ၇ ရက်နေ့တွင် လောင်းရှည် ကပစ ၂၅ ကို စစ်ကား ၁၅ စီး၊စစ်အင်အား ၄၀၀ ခန့်ကိုထပ်မံပို့ဆောင်ခဲ့ကြောင်းသိရသည်။ထိုစစ်ကား ၁၅ စီးကို အောက်တိုဘာ ၈ ရက်နေ့တွင် လောင်းရှည်မြို့ကို ဒုတိယအ​ကြိမ်မြောက် ထပ်မံပို့ဆောင်ပေးခဲ့ပြီး အင်ဘူးရွာကို စစ်ကား ၉ စီး၊လောင်းရှည်မြို့ကို ၄ စီး ဝင်ရောက်ခဲ့ကြောင်းသိရသည်။

စစ်အုပ်စုသည် လောင်းရှည်မြို့၊အင်ဘူး၊ကြိမ်ကြီးရွာများတွင် တပ်ဖြန့်နေရာယူထားသည့် စစ်အင်အားများကို ယခုရက်ပိုင်းတွေမှာ ကျင်ဒွေးထိုးစစ်အတွက် ထပ်မံပို့ဆောင်ပေးထားပြီး လောင်းရှည်မြို့တွင် ယခင်မြို့စောင့်တပ်သာ ကျန်ရှိတော့ကြောင်းနှင့် အင်ဘူးရွာညောင်ပင်ကြီးအောက်တွင် အထိုင်စခန်းချ နောက်ချန်အင်အားအချို့ရှိနေသေးကြောင်းသိရသည်။ကြိမ်ကြီး၊ယမ်း စသည့်ဒေသဖက်တွင် စစ်အုပ်စုအင်အား ကျန်/မကျန်ကို အတည်ပြုဆဲဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။

လက်ရှိ စစ်အုပ်စုစစ်ကြောင်းသည် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသ လှိုင်ဒုတ်ရွာ ရွာသစ်အနီးတွင် ရောက်ရှိနေကြပြီး ဆွဲလွဲကျင်း-မဆာတွီ-မောချောင်း ရွာလမ်းပိုင်းများတွင်လည်း ရှိနေကြောင်းသိရသည်။

အင်အား ထောင်ချီဖြင့်ထိုးစစ်ဆင်နေသည့် ကန်ပက်လက်နယ် ကျင်ဒွေးဒေသက စစ်အုပ်စုစစ်ကြောင်းကို အာရက္ခတပ်တော် AA၊ ချင်းပြည်သူ့တပ်တော် CPA နှင့် ယောကာကွယ်ရေးတပ်တော် YDF တပ်ပေါင်းစုက ခုခံတွန်းလှန်တိုက်ထုတ်လျက်ရှိပြီး စစ်အုပ်စုက လေကြောင်းပစ်ကူများပေးနေတာကြောင့် ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

@မင်းဒဿ
2,5500018
ဂန့်ဂေါခလရ ၅၀ ကစစ်ကြောင်းမြစ်သာဆည်ပေါ်ရှိ စစ်တပ်စခန်းကိုရောက်ရှိ

ဂန့်ဂေါကိုပြန်ဆုတ်လာလျှင် ကျေးရွာများအတွင်းဝင်ရောက်မွှေနှောက်နိုင်

အောက်တိုဘာ ၁၅၊၂၀၂၆၊ ဂန့်ဂေါ

ဂန့်ဂေါမြို့ခလရ ၅၀ တပ်ကနေ ယမန့်နေ့နံနက် အစောပိုင်းက ကား ၄ စီးဖြင့်ထွက်လာပြီး ရှောက်ပင် (အောင်မြင်)ရွာမှတဆင့် တောင်ဖက်အရပ်ကိုထွက်လာသည့် အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းသည် ယနေ့ညနေပိုင်းမှာ မြစ်သာဆည်ပေါ်ရှိ စစ်အုပ်စုကာကင်းစခန်းကိုရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

စစ်ကြောင်းသည် ဆည်ပေါ်ကာကင်းစခန်းအတွက် အင်အားဖြည့်တင်းရန်နှင့် တပ်သားအလဲအပြောင်းပြုလုပ်ရန် ဆိုသည့်အချက်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းနှင့် ပြည်သူ့တော်လှန်ရေးစိုးမိုးနယ်များကို စစ်ရေးအရအကဲစမ်းရန်ဖြစ်နိုင်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။

ယခုလက်ရှိ ဂန့်ဂေါခရိုင်စစ်အုပ်စုတပ်နယ်ကို ဂန့်ဂေါမြိုအနီးပြည့်ဝ (ပြစ်မ) ၃၇၁ အမြောက်တပ်မှာနေထိုင်သူ ဒုတိယဗိုလ်မှူးကြီးတင်ဇော်ဝင်း (DSAဆင်း အပတ်စဥ်စုံစမ်းဆဲ)က ကြီးကြပ်ကွပ်ကဲကာ ယခု ၂၀၂၆ ခုနှစ် ဇွန်လပိုင်းက အသစ်ရောက်ရှိလာသည့် ဗိုလ်မှူးဖြိုးသူ (DSAဆင်း အပတ်စဥ် ၄၉)ကခလရ ၅၀ တပ်ရင်းမှူး တာဝန်ယူထားတာဖြစ်ပြီး မုံရွာနမခ (အနောက်မြောက်ပိုင်းစစ်ဌာနချုပ်) ၏ ဖိအားပေးခိုင်းစေမှုကြောင့် ယခုကဲ့သို့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုများကို စတင်ပြုလုပ်လာတာဖြစ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။

ထိုစစ်ကြောင်းသည် မြစ်သာဆည်ပေါ်တွင် မည်မျှအကြာ နေထိုင်မည်မသိရသေးသလို၊ ဆည်ပေါ်မှ ဂန့်ဂေါမြို့သို့ ပြန်ဆုတ်လာသည့်အခါ မည်သည့်လမ်းကြောင်းကပြန်ဆုတ်လာမည်ကိုမသိရသေးသော်လည်း လမ်းကြောင်းတလျှောက် တွေ့ရာ ကျေးရွာများကို ရွာစဥ်ထိုးဝင်ရောက်မွှေနှောက်နိုင်ကြောင်းနှင့် မြင်မြင်သမျှ ပြည်သူများကိုပါ ဖမ်းဆီးခေါ်ဆောင်သွားနိုင်ကြောင်း စစ်သတင်းရင်းမြစ်ကပြောသည်။

မြစ်သာဆည်နှင့် ဂန့်ဂေါမြို့ကြား ဒေသခံကျေးရွာများမှ ပြည်သူများ ကြိုတင်သတိထားနေထိုင် သွားလာကြရန် လိုအပ်ကြောင်း သိရသည်။

#ဖမ်းဆီး
#မွှေနှောက်
#အကဲစမ်း
#စစ်ရေး
#မြစ်သာဆည်

@မင်းဒဿ
3,0800029
ခလရ ၅၀ ကစစ်ကြောင်းအောင်မြင်ရွာမှ တောင်အရပ်သို့ထွက်ခွာလာနေ၊ မြစ်သာဆည်သို့ဦးတည်နိုင်

အောက်တိုဘာ ၁၄၊၂၀၂၆၊ ဂန့်ဂေါ

ယနေ့အောက်တိုဘာ ၁၄ ရက်နေ့နံနက် ၅ နာရီခန့်က ဂန့်ဝေါမြို့ခလရ ၅၀ တပ်က စစ်ကားကြီး ၄ စီးဖြင့်တင်ဆောင်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀၀ ဦးခန့်ကို အောင်မြင် (ရှောက်ပင်)ရွာမှာ ချပေးထားခဲ့ကြောင်းသိရသည်။

စစ်ကား ၁ စီးတွင် အမြောက် လက်နက်ကြီးတစ်ခု တင်ဆောင်လာခဲ့ကာ အောင်မြင်ရွာတွင် ချထားခဲ့ပြီး စစ်ကား ၃ စီး၊ ဂန့်ဂေါမြို့ကိုပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

ထိုအင်အား ၁၀၀ ခန့်သည် အောင်မြင်ရွာတောင်ဖက်အရပ်သို့ ဆက်လက်ထွက်ခွာလာနေကြပြီး မြစ်သာဆည်သို့ ဦးတည်နိုင်ကြောင်း သတင်းရင်းမြစ်ကပြောသည်။

စစ်ကြောင်းထွက်လာစဥ် အောင်မြင်ရွာတောင်ဖက် လမ်းခရီးတနေရာတွင်တွေ့ရသည့် အသက် ၃၀ နှစ်ခန့်အရွယ်အမျိုးသား ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

စစ်ကြောင်းသည် မြစ်သာဆည်ပေါ်ရှိစစ်အုပ်စုကာကင်းစခန်းမှ တပ်သားများ အလဲအပြောင်းပြုလုပ်ရန် ဆည်ပေါ်သို့သွားတာဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထိုနောက် အောင်မြင်ရွာ ကာကင်းစခန်းမှ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ခလရ ၅၀ တပ်မှ ကားဖြင့်တင်ဆောင်လာသည့် လက်နက်ကြီး (အမြောက်)တစ်ကိုကို ရွာတောင်ဖက် ဘုရားကုန်းတွင် အထိုင်ပြုတပ်ဆင်နေကြကြောင်းသိရသည်။

#ဖမ်းဆီး
#လက်နက်ကြီး
#မြစ်သာဆည်

@မင်းဒဿ
4,3000042
ဂျက်ဖိုက်တာ ၄ စီးနှင့် တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးကာဗာပေးပစ်ကူယူပြီး ကျောက်ထုအမြောက်တပ်ကို စစ်ထောက်ပို့ရဟတ်ယာဥ် ၁ စီးဆင်းသက်

တပ်ဆရာဝန် အပြောင်းလုပ်

အောက်တိုဘာ ၁၃၊၂၀၂၆၊ ကျောက်ထု

မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်ကို ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ် ၁ စီးဆင်းသက်ခဲ့ကြောင်း သိရသည်။

ထိုရဟတ်ယာဥ် မန္တလေးတိုင်းညောင်ဦးမြို့မှ ပျံတက်လာတာဖြစ်ပြီး ကျောက်ထုမြို့ကိုဆင်းသက်ရန်အတွက်နှင့် ဆင်းသက်နေစဥ်အတွင်း မကွေးလေတပ်မှ ဂျက်ဖိုက်တာထေယာဥ် ၄ စီး၊ညောင်ဦးလေဆိပ်မှ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ် ၁ စီးတို့က ကာဗာပေးပစ်ခတ်ခဲ့ကြကြောင်းသိရသည်။

စစ်ထောက်ပို့ Mi 17 ရဟတ်ယာဥ်သည် ကျောက်ထု အမြောက်တပ်တွင်း စက်မရပ်ဘဲ ၅ မိနစ်ခန့် ဆင်းသက်ခဲ့ပြီး တပ်တွင်းဆရာဝန် ၁ ဦးကို အစားထိုးပေးခဲ့ကြောင်းနှင့် အပြန်တွင် ယခင်ဆရာဝန်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ကျောက်ထု ၃၆၈ အမြောက်တပ် တပ်ရင်းမှူးဗိုလ်မှူးကြီးဘုန်းဝင်းကိုပါ အလဲအပြောင်းပြုလုပ်မည်ဟု သတင်းရရှိထားသော်လည်း ယနေ့ ရဟတ်ယာဥ်ဖြင့် ပါသွား၊မသွားကို သီးခြားအတည်ပြု၍ မရသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။

ယခုအခြေအနေအရ ကျောက်ထုမြို့တိုက်နယ်ဒေသ အပါဝင် ဆောမြို့နယ်နေရာအတော်များများတို့တွင် စစ်အုပ်စုက ယခုနစ် မေလလယ် ကနေ ယနေ့ထိ တပ်ဖြန့်နေရာယူထားပြီး ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှက့် ၂ ဖက်ကြား စစ်ရေးတင်းမာနေကြောင်းသိရသည်။

စစ်အုပ်စုဖက်မှ ဆောနယ်ကို အင်အား ၅၀၀၀ ခန့်အသုံးပြုကာ ယောနယ်တွင်း ​ခြေကုပ်ယူတပ်ဖြန့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေတာဖြစ်ပြီး ချင်းပြည်နယ်တောင်ပိုင်းကို ထိုးစစ်ဆင်နေတာဖြစ်ကြောင်း၊ ထို ၅ လတာစစ်ရေးလှုပ်ရှားမှုများအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု နေ့စဥ်နီးပါးပြုလုပ်ခဲ့ပြီး အကြိမ်ရေ ၈၀၀ ခန့်ရှိနိိုင်ကြောင်း စစ်သတင်းရင်းမြစ်များအရ သိရသည်။

@မင်းဒဿ
4,6100022
ဟံသာဝတီတပ်စခန်းက စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၄ ဦးကို ကလေးမြို့သို့ပြန်ခေါ်

ပွင့်လင်းရာသီကာလအတွင်း ကလေးတောင်ပိုင်းနယ်များကို နယ်မြေစိုးမိုးရေးစတင်မည်

အောက်တိုဘာ ၁၂၊၂၀၂၆၊ ဂန့်ဂေါ

မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဟံသာဝတီရွာကို ယမန်နေ့ အောက်တိုဘာ ၁၁ ရက်နေ့ညနေ ၃ နာရီခန့်က စစ်ကိုင်းတိုင်း ကလေးမြို့ ထပရ ၉၃၄ တပ်မှပျံတက်လာသည့် Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ်တစ်စီး ဆင်းသက်ခဲ့ကြောင်းသိရသည်။

ထိုရဟတ်ယာဥ်သည် မိနစ်အနည်းငယ်ရပ်နားခဲ့ပြီး ဟံသာဝတီရွာရှိ စစ်အုပ်စုကာကင်းစခန်းမှ တပ်ဖွဲ့ဝင် ၂၄ ဦးကိုတင်ဆောင်ပြီး ကလေးမြို့ဖက်ကို ပြန်လည်ပျံသန်းသွားခဲ့ကြောင်းသိရသည်။

"ညနေ ၃ နာရီလောက်က ကလေးထက်ကလာတဲ့ရဟတ်ယာဥ်တစ်စီးဆင်းတယ်၊ ဟံသာဝတီစခန်းက စစ်သား ၂၄ ယောက်ကိုတင်ခေါ်သွားတယ်၊ စစ်စခန်းမှူးလဲ အချိန်းအပြောင်းလုပ်သွားတယ်လို့တော့ကြားတယ်၊ နောက်ပြီး ခုသီတင်းကျဠတ်ပြီးရင် ဒီအနီးနားပျူရွာတေံက ပျူစောထီးတွေကို အထက်က စစ်ကြောင်းထိုးခိုင်းနေတယ်လို့ကြားတယ်၊ ဟံသာဝတီ မြောက်ဖက်လမ်းပိုင်းတွေကိုပေါ့လေ " ဟု ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။

ဟံသာဝတီတပ်စခန်းက တပ်ဖွဲ့ဝင် ၂၄ ဦးကိုကလေးမြို့သို့ ရဟတ်ယာဥ်ဖြင့်ပြန်လည်ခေါ်ဆောင်သွားပြီး တပ်စခန်းတာဝန်ခံ (စစ်ကြောင်းမှူး)ကိုပါ အလဲအပြောင်းပြုလုပ်သွားကြောင်းသိရသည်။

ထိုနောက် ယခုသီတင်းကျွတ်ပြီး ပွင့်လင်းရာသီရောက်ပါက ဟံသာဝတီ၊မြောက်ခင်ရန်း စသည့် စစ်တပ်ထောက်ခံအမာခံကျေးရွာမျာယအပါဝင် အနားနီးကျေးရွာများရှိ ပျူစောထီးများကို စစ်အုပ်စုက စစ်ကြောင်းထိုး၊ နယ်မြေစိုးမိုးမှုရရှိရေးအတွက် ဖိအားပေးခိုင်းစေနေကြောင်း သိရသည်။

ထိုကြောင့် အဆိုပါဒေသစစ်ရေးပြင်ဆင်နိုင်ရန်အတွက် စစ်ကြောင်းမှူးအလဲအပြောင်းပြုလုပ်တာဖြစ်ပြီး လိုအပ်သည့် လက်နက်ခဲယမ်းရိက္ခာများကို ဟံသာဝတီရွာတပ်စခန်းမှာ ဖြည့်တင်းပေးတာဖြစ်ကြောင်း သိရသည်။

@မင်းဒဿ
4,5400032
စစ်အုပ်စုက လေကြောင်း၊လက်နက်ကြီးပစ်ကူများရယူပြီး အင်အားအလုံးအရင်းဖြင့် ကျင်ဒွေးမြို့ကို ဝင်ရောက်ရန်ကြိုးစား

ကျောက်ထုနယ်ကိုလည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်

အောက်တိုဘာ ၁၁၊၂၀၂၆၊ ကန်ပက်လက်

ယောဒေသ ဆောမြို့နယ် လောင်းရှည်ဒေသကို ခြေကုပ်ယူထားသည့် တပ်မ ၇၇ လက်အောက်ခံ စစ်အုပ်စုတပ်ဖွဲ့များသည် လေကြောင်း လေယာဥ်ပစ်ကူ၊မြေပြင်က လက်နက်ကြီးပစ်ကူများဖြင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ဝင်ရောက်နိုင်ရန် အင်အားအလုံးအရင်းအသုံးပြုကာ စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးနေစဓ် ကျင်ဒွေးဒေသ၊ လောင်းရှည်ဒေသများကို စစ်အုပ်စုက နေ့စဥ်ရက်ဆက် လေကြောင်းမှ လေယာဥ်များဖြင့် ဗုံးကြဲ နေကြောင်းသိရသည်။လောင်းရှည်နယ် ဒေသအခေါ် သရက်တော တောတိုက်တွင် တပ်ဆင်ထားသည့် ဟောင်ဝှစ်ဇာဟုယူဆရသည့် လက်နက်ကြီးဖြင့်လည်း စစ်ကြောင်းထိုးမည့်အရပ်ဒေသဖက်ကို ပစ်ကူပေးနေကြောင်းသိရသည်။

စစ်အုပ်စုက ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့တို့ကို ပြန်လည်ထိန်ူချုပ်နိုင်ရေး ကြိုးစားနေတာဖြစ်ပြီး ယခင်စက်တင်ဘာလ နောက်ဆုံးပတ်ကနေ လောင်းရှည်မြို့မှတဆင့် ကန်ကပ်လက်နယ် (ကျင်ဒွေး) ဖက်ကို အင်းအားအလုံးအရင်းဖြင့် စတင်ထိုးစစ်ဆင်လာတာဖြစ်ကြောင်း သိရသည်။

ယခုအခါ စစ်အုပ်စုဖက်က ကပစ ၂၅ ကနေ ထပ်မံအင်အားဖြည့်တင်းထားပြီး တပ်ဖွဲ့ဝင်ထောင်ကျော် အသုံးပြုကာ လောင်းရှည်ဒေသနှင့် ကျင်ဒွေးဒေသများတွင် ဖြန့်ကျက် လှုပ်ရှားနေပြီး ဆွဲလွဲကျင်းရွာ၊မဆာတွီရွာ များတွင် ရှေ့တန်းအခြေပြုထားကြောင်းလည်း သိရသည်။

"လေယာဥ်တွေက နေ့တိုင်းလို လာကြဲနေတာပါ၊ မနေ့ကလဲ ၂ စီးလာကြဲတယ်၊ မောချောင်းရွာဖက်ကနေ အထက်ဖက် ကျင်ဒွေးကို တက်နေကြတာပါ၊ လက်နက်ကြီးတွေလဲ ပစ်ပါတယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့အောက်တိုဘာ ၁၀ ရက် နေ့လည် ၂ နာရီကျော်မှာ မောချောင်းရွာ အနီးနားဝန်းကျင်ကို စစ်အုပ်စုက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရပြီး မဆာတွီ-မောချောင်း-ကျင်ဒွေး လမ်းပိုင်းနေရာများကို ယခုရက်ပိုင်းများတွင် နေ့စဥ်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်းသိရသည်။

စစ်အုပ်စုစစ်ကြောင်းသည် ယခုအခါ လောင်းရှည်ဒေသ ဆွဲလွဲကျင်းရွာမှနေ၍ ကန်ပက်လက်နယ် မဆာတွီရွာနှင့် မောချောင်းရွာ ကြားရှိနေရာများတွင် အင်အား ၅၀၀ ခန့် ရောက်ရှိနေပြီး မဆာတွီနှင့် ဆွဲလွဲကျင်း ရွာထဲကလူနေအိမ်များတွင်လည်း နေထိုင်နေကြကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါရွာ ၂ ရွာတွင် အခြေပြုကာ မောချောင်ူရွာဖက်မှတဆက့် ကျင်ဒွေးမြို့ကိုဝင်ရောက်နိုင်ရေးကြိုးစားနေတာဖြစ်ပြီး လောင်းရှည်မြို့ဖက်ကနေ အင်အားနှင့် ရိက္ခာခဲယမ်းများကိုဖြည့်တင်းပေးနေကြောင်းသိရသည်။

စစ်အုပ်စုသည် ညပိုင်းအချိန်များကို အဓိကထား စစ်ရေးလှုပ်ရှားမှုများကို ပိုမိုပြုလုပ်လေ့ ရှိကြောင်းသိရပြီး ကျင်ဒွေးမြို့ကို ထိန်းချုပ်ပြီး ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်ရန် စီစဥ်တာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အလားတူ စစ်အုပ်စုက ဆောမြို့နယ် ကျောက်ထုဒေသ ကြီးရွာ မြောက်ဖက်တနေရာကိုလည်း ယမန်နေ့က မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အဆိုပါဒေသကိုလည်း စစ်အုပ်စုက နေ့စဥ်နီူပါး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

@မင်းဒဿ
4,3800030
စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၅ ဦးခန့် ယမန်နေ့ညက ထော်လာဂျီဖြင့် မဆာတွီရွာကို ထပ်မံဝင်ရောက်

အောက်တိုဘာ ၁၀၊၂၀၂၆၊ ကန်ပက်လက်

မကွေးတိုင်း၊ယောဒေသ၊ ဆောမြို့နယ် လောင်းရှည်မြို့မှ စစ်အုပ်စုတပ်သား ၂၅ ဦးခန့်သည် ၂ လုံးထိုးထော်လာဂျီ ၁ စီးဖြင့် ယမန်နေ့ည ၁၀ နာရီကျော်က ချင်းပြည်နယ်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာကို ဝင်ရောက်လာကြကြောင်းသိရသည်။

"မနေ့ည ၁၀ နာရီကျော်က လောင်းရှည်မြို့ဖက်ကနေ ဆွဲလွဲကျင်းလမ်းအတိုင်း ဝင်လာတာဖြစ်တယ်၊ အရင်မဆာတွီမှာ ရောက်ခဲ့ကြတဲ့ စစ်အုပ်စုတပ်သားတွေက အထက်ဖက် မောချောင်းရွာဖက်ကို တက်နေကြတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်အုပ်စုတပ်သား ၂၅ ဦးခန်လတင်ဆောင်ထားသည့် ၂ လုံးထိုးထော်လာဂျီဖြင့်ဝင်ရောက်လာသည့် တပ်ဖွဲ့ဝင်များသည် လက်ရှိ မဆာတွီရွာအတွင်းမှာ ရှိနေကြပြီး ယခင်ရောက်ရှိထားသည့် စစ်အင်အား ၃၀၀ ခန့်သည် အထက်ဖက် မောချောင်းရွာဖက် မဆာတီ-မောချောင်း လမ်းပိုင်းနေရာများတွင် ရောက်ရှိနေကြပြီး ရွာထဲဝင်ရောက်နိုင်ရန်တရွေ့ ရွေ့ ကြိုးစားလာနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

အဆိုပါဒေသကို စစ်အုပ်စုက ယောဒေသ ဆောမြို့နယ် လောင်းရှည်ဒေသကို ခြေကုပ်ရယူကာ အင်အား ထောင်ချီအသုံးပြုပြီး ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ဦးတည် စစ်ကြောင်းထိုးနေတာဖြစ်ကြောင်း သိရသည်။

@မင်းဒဿ
4,9400022
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် ဆောနယ်တနေရာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်

အောက်တိုဘာ ၉၊၂၀၂၆၊ဆော

စစ်ရေးလှုပ်ရှားမှာမရှိ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ဆောမြို့နယ် အရှေ့ဖက်ခြမ်းက နေရာတခုကို စစ်အုပ်စုက ယနေ့ညနေ ၅ နာရီခန့်တွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၂ လုံးကြဲချ အကြောင်းမဲ့တိုက်ခိုက်သွားကြောင်းသိရသည်။

ဂျက်ဖိုက်တာလေယာဥ်မှ ကြဲချသည့် ဗုံး ၂ လုံးသည် ကျေးရွာ ၁ ရွာအနီး နေရာများတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လမ်းသွားလမ်းလာပြည်သူ (ဆိုင်ကယ်စီး) အမျိုးသားတစ်ဦး ခြေသလုံးထိမှန် ပွတ်ရှ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိကသည်။အနီးနားရှိ လူနေအဆောက်အဦးအချို့လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် စစ်အုပ်စုက ယောဒေသအပါဝင် စစ်ရေးတင်းမာနေသည့် ကချင်၊ချင်းပြည်တောင်ပိုင်း ရခိုင်၊ကရင်နီ၊မကွေး၊စစ်ကိုင်း စသည့် တိုင်းနှင့်ပြည်နယ်များကို လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ၂ ဆတိုး လုပ်ဆောင်နေကြောင်း စစ်သတင်းရင်းမြစ်များအရ သိရသည်။

သို့ဖြစ်ပါ၍ ဒေသခံပြည်သူများအနေဖြင့် မြေပြင်စစ်ကြောင်းရန်နှင့် ဝေဟင်လေကြောင်းရန်များကို ယခင်ကထက် ပိုမိုသတိထားကြရန် လိုအပ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။

ပုံ-ယနေ့ညနေ စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာနေရာ

@မင့းဒဿ
4,4600013
လောင်းရှည်ဒေသတွင် စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုများဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရ

စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်

အောက်တိုဘာ ၉၊၂၀၂၆၊ လောင်းရှည်

ယခင်စက်တင်ဘာလ ၂၃ ရက်နေ့ညနေ ပိုင်းက ကပစ ၂၅ ကနေ ယောဒေသ ဆောမြို့နယ် လောင်းရှည်မြို့ကို ၃၀ စီးခန့်ပါစစ်ကားတန်း လောင်းရှည်မြို့တွင်းကို ထပ်မံဝင်ရောက်လာခဲ့ကြပြီးနောက်ပိုင်း မြို့တွင်း၊မြို့ပြင် နေရာအားလုံးကို စစ်အုပ်စုက တပ်ဖြန့်နေရာယူထားခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကားတန်းပါ စစ်အုပ်စုတပ်ဖွဲ့ဝင်များကို နောက်နေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် လောင်းရှည်ဒေသ နယ်ကျေးရွာများနှင့် အချက်ခြာကျရာ နေရာများကို ထပ်မံပို့ဆောင်တပ်ဖြန့်နေရာယူခြင်းများပြုလုပ်လာခြင်းကြောင့် ထောင်ချီရှိသည့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်းသိရသည်။

ယခုအချိန်ထိ ဒေသတွင်း စစ်ရေးတင်းမာမှုများ၊ စစ်အုပ်သု၏ပိတ်ဆို့ စစ်ရေးလှုပ်ရှားနေခြင်းများကြောင့် စစ်ကှောင်ပြည်သူများ စားနပ်ရိက္ခာအတွက် အခက်အခဲများဖြစ်ပေါ်နေပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ လောင်းရှည်ဒေသနှင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသ တို့တွင် ဒေသခံတော်လှန်ရေးတပ်နှင့် စစ်အုပ်စုများကြား စစ်ရေးတင်းမာလျက်ရှိနေဆဲ ဖြစ်ပြီး စစ်အုပ်စုဖက်က လေကြောင်းတိုက်ခိုက်မှုများပါ ရက်ဆက်ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်အုပ်စုတပ်သည် လောင်ူရှည်မြို့တွင်း၊မြို့ပြင်နေရာအနှံအပြားတွင် ကင်းပုန်းများချထားပြီး လောင်းရှည်မြို့သစ်ဇရပ်မှာလည်း အင်အား ၁၀၀ ခန့်တပ်စွဲနေထိုင်နေကြကြောင်းသိရသည်။ယမန်နေ့ညပိုင်းမှာလည်း မြို့အထွက် ပိန်းချောင်းရွာနှင့် အနီးဝန်းကျင်နေရာတွေအထိ တပ်ဖွဲ့ဝင်အင်အား ၁၅၀ ခန့် တပ်ဖြန့်နေတာချထားသည်ကို တွေ့ရကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထို့အတူ အင်ဘူးရွာကိုလည်း ယမန်နေ့က စစ်ကား ၉ စီးနှင့် စစ်အုပ်စုတပ်သား အင်အား ၂၀၀ ကျော် ထပ်မံရောက်ရှိလာပြီး ဆွဲလွဲကျင်းရွာအထိ တပ်ဖြန့်နေရာယူထားပြီး လက်နက်ကြီးတပ်ဆင်အသုံးပြုပစ်ခတ်နေသည့် ရွာအနောက်ဖက် ဒေသအခေါ် သရက်တော တောတိုက်ထဲကိုလည်း ထပ်မံပို့ဆောင်အင်အားဖြည့်ထားကြောင်း သိရသည်။

"ဆွဲလဲကျင်းမှာရွာသားတွေအကုန်ရှောင်ရတယ် စခတွေပဲနေတာ အရာရှိတွေကတိုက်အိမ်အကောင်းမှာနေတယ်ရဲဘော်တွေကအိမ်စုတ်တွေမှာနေကြတယ် ရွာခံတွေမရှိတော့ဘူး အကုန်ပြေးနေကြရတယ်" ဟု ဒေသတွင်း သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။

စစ်အုပ်စုဖက်မှ လောင်းကှည်ဒေသ ဆွဲလွဲကျင်းရွာကို ယခင် စက်တက်ဘာ ၂၆ ရက်နေ့ကစ၍ ဝင်ရောက်နေရာယူခဲခြင်းဖြစ်ပြီး ယခုချိန်ထိ ရွာထဲရှိ ပြည်သူလူနေအိမ်များတွင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်းသိရသည်ယမန်နေ့ညကလည်း စစ်အုပ်စုတပ်သားများသည် ကားဖြင့် မဆာတွီရွာဖက်ကို တက်သွားတာကို တွေ့မြင်ရကြောင်း သတင်းရင်းမြစ်ကပြောသည်။

စစ်အုပ်စုစစ်ကြောင်းသည် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဖက်သို့ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး ယခုအခါ မဆာတွီကျေးရွာအထိ ဝင်ရောက်ထားကာ မောချောင်းရွာအနီးသို့ အင်အားအချို့ရောက်နေကြောင်း သိရသည်။

@မင်းဒဿ
4,9900024
မင်းဘူးကထွက်လာသည့် စစ်ကား ၁၅ စီး ကပစ ၂၅ မှတဆင့် လောင်းရှည်နှင့် အင်ဘူးရွာဖက်ကို ခွဲဝင်လာ

အောက်တိုဘာ ၈၊ ၂၀၂၆၊ လောင်းရှည်

ယမန်နေ့အောက်တိုဘာ ၇ ရက်နေ့ မင်းဘူးမြို့မှထွက်လာခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အင်အား ၄၀၀ ခန့်တင်ဆောင်လာသည့် စစ်ကား ၁၅ စီးသည် ညပိုင်းတွင် လောင်းရှည် ကပစ ၂၅ သို့ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် ထိုစစ်ကား ၁၅ စီးသည် ကပစ ၂၅ မှ လောင်းရှည်ဖက်ကိုပြန်လည်ထွက်ခွာလာပြီး လောင်းရှည်မြို့ကို ၆ စီးနှင့် လောင်းရှည်ဒေသ အင်ဘူးရွာဖက်သို့ စစ်ကား ၉ စီး အသီးသီးမောင်းနှင်သွားကြကြောင်း သိရသည်။

စစ်အုပ်စုဖက်မှ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသကို ထိုးစစ်ဆင်လျက်ရှိပြီး တပ်ဖွဲ့ဝင်အင်အား ပြုန်းတီးမှုများဖြစ်ပေါ်နေတာကြောင့် ယခုလို အင်အားပြန်လည် ဖြည့်တင်းပေးနေတာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အဆိုပါစစ်ကားများတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ အပြည့်တင်ဆောင်ထားကြပြီး အင်ဘူးရွာမှတဆင့် ဆွဲလွဲကျင်းရွာနှင့် ကန်ပက်လက်နယ် မဆာတွီရွာ တွေဖက်ကို ပြန်လည်ပို့ဆောင်နိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

@မင်းဒဿ
4,6600021
Breaking News

ယောနယ်၊မြိုင်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်နယ်ကို စစ်အုပ်စုက လေယာဥ် ၇ စီးအုပ်စုလိုက်ပျံသန်းလာပြီး ဂျက်ဖိုက်တာ လေယာဥ် ၅ စီးဖြင့် ယနေ့ အောက်တိုဘာ ၇ ရက်နေ့ညနေ ၄ နာရီ ၃၂ မိနစ်ခန့်ကနေ ၅ နာရီခန့်အထိ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်းသိရသည်။ကျန် လေယာဥ် ၂ စီးမှာ တိုက်ခိုက်မှုမလုပ်ဘဲ လာရာဌာနေဆီ ပြန်လှည့်ပျံသွားခဲ့ ကြောင်းသိရသည်။

မကွေးလေတပ်မှ တိုက်လေယာဥ် ၅ စီး၊တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးနှင့် နေပြည်တော်လေတပ်က ဂျက်ဖိုက်တာ ၁ စီး စုစုပေါင်း လေယာဥ် ၇ စီးအုပ်စုလိုက်ရှေ့ နောက်ပျံသန်းလာပြီး ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တနေရာကို မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၃ စီး၊ ယောဒေသ ကျောက်ထုမြို့နယ် ကြီး-ရွှေအောင်သာ ကြားကို တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁ စီး၊ မြိုင်မြို့နယ်တနေရာကို နေပြည်တော်လေတပ်တက် ဂျက်ဖိုက်တာ ၁ စီးတို့ဖြင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနောက်ဆက်တွဲ သတင်းများကို ဆက်လက်အတည်ပြုဆဲ ဖြစ်သည်။

@မင်းဒဿ
ယောအလင်းတန်း
4,6300022
မင်းဘူးကထွက်လာတဲ့ စစ်ကား ၁၆ စီး လောင်းရှည်ကပစ ၂၅ သို့ဦးတည်လာနေ

အောက်တိုဘာ ၇၊၂၀၂၆၊ လောင်းရှည်

ယနေ့နံနက် မကွေး၊ မင်းဘူးမြို့ကနေထွက်လာသည့် စစ်ကား ၁၆ စီးသည် မင်းဘူး-ပွင့်ဖြူ-စလင်း လမ်းပိုင်းအတိုင်း လောင်းရှည် ကပစ ၂၅ သို့ဦးတည်မောင်းနှင်လာနေကြောင်းသိရသည်။

"မင်းဘူးကနေ ယနေ့မနက်အစောပိုင်းကစထံက်လာတာ၊ အခုက ကံပြားကိုကျော်သွားပြီး ကျွန်းတောဖက်ကို မောင်းသွားကြပြီ ၊မကြာမီမြောင်းဦးကတဆင့် ကပစ ၂၅ ထဲကိုဝင်တော့မယ်" ဟုသတင်းရင်းမြစ်ကပြောသည်။

စစ်ကား ၁၆ စီးတွင် ကား ၁ စီးက လမ်းကြောင်းအတံက် လိုက်ပါပို့ဆောင်ပေးသည့်ကားဖြစ်ပြီး ကျန် ၁၅ စီးတွင် စစ်အုပ်စုတပ်သားများအပြည့်တာင်ဆောင်ထားကြောင်းသိရသည်။

အဆိုပါကားတန်းတွင် စစ်သည်အင်အား ၄၀၀ ခန့်ပါဝင်ပြီး ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်က စလင်း-စေတုတ္တရာလမ်းပိုင်းရှိ ကံပြားလမ်းဆုံကိုဖြတ်ကျော်က ကျွန်းတောဖက်ကို မောင်းနှင်သွားပြီးဖြစ်ကာ ယနေ့ညနေပိုင်းတွင် မြောင်းဦးမှတဆင့် ကပစ ၂၅ (လောင်းရှည်) ကိုဝင်ရောက်နိုင်ကြောင်း သိရသည်။

ယခု ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်အုပ်စုဖက်က အင်အားအလုံးအရင်းဖြင့် ကျင်ဒွေးမြို့ဖက်ကို ထိုးစစ်ဆင်နေတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံတွန်းလှန်စစ်ကြောင့် ၂ ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ စစ်အုပ်စုဖက်က အထိနာတပ်လန်ကျနေတာဖြစ်ကြောင်း သိရသည်။

ထိုတိုက်ပွဲ ပြုန်းတီးအင်အားများအတွက် စစ်အုပ်စုက ပြန်လည်ဖြည့်တင်းနိုင်ရန် ယခုလို မကွေးမြို့တပ်မ ၈၈ မှ မင်းဘူး-စလင်း-စေတုတ္တရာလမ်းပိုင်းမှတဆင့် ကပစ ၂၅ (လောင်းရှည်)ကို စစ်ကားများဖြင့် ပို့ဆောင်ပေးနေတာဖြစ်ကြောင်း သိရသည်။

၁၆ စီးနှင့် အင်အား ၄၀၀ ခန့်ပါစစ်ကားတန်းသည် ယနေ့ ကပစ ၂၅ ကိုဝင်ရောက်နိုင်ပြီး နောက်ရက်များတွင် ကပစ ၂၅ မှတဆင့် လောင်းရှည်မြို့ကိုထပ်မံပို့ဆောင်နိုင်ကြောင်းနှင့် လောင်းရှည်မြို့မှတဆင့် ဆွဲလွဲကျင်းရွာ၊မဆာတွီရွာတွေဖက်သို့ ထပ်မံစစ်ကြောင်းဝင်ရောက်လာနိုင်ကြောင်း စစ်သတင်းရင်းမြစ်များအရ သိရသည်။

@မင်းဒဿ
ယောအလင်းတန်း
4,1900024
ကပစ ၂၅ ကထွက်လာတဲ့ တပ်မ ၇၇ လက်အောက်ခံစစ်ကြောင်း လောင်းရှည်မြို့ကို ဝင်ရောက်

စစ်အုပ်စုတပ်သားတစ်ဦး လောင်းရှည်တံတားမှာ ကြိုးဆွဲချသေဆုံး

အောက်တိုဘာ ၆၊၂၀၂၆၊ လောင်းရှည်

ကပစ ၂၅ (လောင်းရှည်) ကထွက်လာသည့် တပ်မ ၇၇ ဘတ်တံဆိပ်နှင့် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းသည် ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က လောင်းရှည်မြို့ထဲကို ဝင်ရောက်လာကြကြောင်း သိရသည်။

" မနေ့ညကနေ ကပစ ၂၅ ကနေထွက်လာကြတာနေမယ်၊ ဒီနေ့မနက် ၇ နာရီခွဲလောက်က မြို့ထဲကိုဝင်သွားကြတယ်၊ ၇၇ ဘတ်တံဆိပ်တွေနဲ့ အင်အား တစ်ရာကျော်မယ်၊ မဆာတွီဖက်ကို ပို့ဖို့ဖြစ်နိုင်တယ် " ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ ဆောမြို့နယ် လောင်းရှည်ဒေသနီင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်၊ကျင်းဒွေးမြို့အတက်လမ်း မဆာတွီကျေးရွာဖက်တွင် ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစုနှင့် စစ်အုပ်စုကြား မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေကြောင်းသိရသည်။

တိုက်ပွဲများအတွင်း စစ်အုပ်စုဖက်က အကျအဆုံး၊ထိခိုက်ဒဏ်ရာရမှုတွေ များပြားနေပြီး တော်လှန်ရေးတပ်ဖွဲ့များထံ အညံ့ခံကာ အရှင်ဖမ်းဆီးရမိမှုတွေပါ ဖြစ်ပေါ်နေတာကြောင့် စစ်အုပ်စုက လောင်းရှည်မြို့ကနေ ထပ်မံအင်းအားဖြည့်တင်းရန် ကြိုးစားနေတာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ယမန်နေ့အောက်တိုဘာ ၅ ရက်နေ့နံနက် ၁၁ နာဂီကျော်ခန့်က လောင်းရှည် ကပစ ၂၅ သို့ Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ်တစ်စီးဆင်းသက်ခဲ့ကြောင်း၊ မဆာတွီတိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာရ အရာရှိတစ်ဦးကို ဆေးကုသနိုင်ရန် လာရောက်ခေါ်ဆောင်တာဖြစ်နိုင်ကြောင်း စစ်သတင်းရင်းမြစ်ကပြောသည်။

ထိုနောက် ယမန်နေ့က လောင်းရှည်မြို့ ဒေသအခေါ် လောင်းရှည်တံတားတွင် စစ်အုပ်စုတပ်သား ၁ ဦး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့ကြောင်းသိရပြီး ရုပ်အလောင်းကို မြို့ထဲသို့ ပြန်သယ်ဆောင်သွားကြောင်း သတင်းရင်းမြစ်က ပြောသည်။

@မင်းဒဿ
ယောအလင်းတန်း
4,6600030
၄၉၂၆ (4926) စစ်ဆင်ရေး

စက်တင်ဘာ ၈၊ ၂၀၂၆

၄၉၂၆ ဆိုတာ မင်းအောင်လှိုင်၏ စစ်အုပ်စုဖက်ကပေးထားတဲ့ စစ်ဆင်ရေးနာမည်ဖြစ်ပါသည်။

စစ်အုပ်စုက လူ၊လက်နက် (ကျည်း၊ရေ၊လေ) အင်အားအလုံးအရင်းအသုံးပြုကာ ရခိုင်ပြည်နယ်ကို စစ်မျက်နှာပေါင်းစုံ ဖွင့်ကာ ယခု ၂၀၂၆ ခုနှစ်စက်တင်ဘာလ (၉ လပိုင်း) ၄ ရက်နေ့တွင် စတင်ထိုးစစ်ဆင်သည့်နေ့ကို ရည်ညွှန်းအစွဲပြု အမည်တပ်ခေါ်ဝေါ်ထား အမှတ်သားနမည်တစ်ခုဖြစ်သည်။

အဖက်ဖက်မှချွတ်ခြုံကျစစ်ရှုံးနေသည့် စစ်အုပ်စုသည် ၎င်းတို့၏ဂုပ်သိက္ခာပိုင်း နှင့် တပ်သားများ၏စိတ်ဓာတ်ရေးရာပိုင်းများကို ပြန်လည်အဖတ်ဆယ်မြှင့်တင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်ကို ယခုလို ကျည်း၊ရေ၊လေ ၃ မျိုးလုံးကိုအသုံးပြုကာ အင်အားအလုံးအရင်းဖြင့် စစ်မျက်နှာ ပေါင်းစုံဖွင့်ပြီး အထွေထွေထိုးစစ်ကြီးကို စတင်ခဲ့တာဖြစ်ကြောင်း သိရပါသည်။

ရခိုင်ပြည် အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် သံတွဲ၊ဂွ၊ကျောက်ဖြူ၊စစ်တွေ၊ပန်းတောင်း၊ပဒါန်း၊ဖလမ်း၊မင်းတပ်၊လေးမျက်နှာ စသည့်နယ်မြေများသို့ စစ်မျက်နှာပေါင်းစုံဖွင့်ပြီး စက်တင်ဘာလ ၄ ရက် (4.9.2026) နေ့မှာ အထွေထွေထိုးစစ်ကြီး စတင်ခဲ့သည်။

ထို အထွေထွေထိုးစစ်ကြီးတွင် စစ်အုပ်စုဖက်မှ ကုန်းလမ်း၊ရေလမ်း၊လေကြောင်းတို့မှနေ၍ နည်းမျိုးစုံဖြင့် လူနှင့် လက်နက်အင်အား အများအပြားတို့ကို အသုံးပြုထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်သည်။

သို့အတွက်ကြောင့် အထက်ဖော်ပြပါ စစ်မျက်နှာများနှင့် ထိစပ်နယ်မြေများတွင် နေထိုင်နေကြသည့် ဒေသခံပြည်သူများအနေဖြင့် မြေပြင်စစ်ကြောင်းရန်၊ ဝေဟင်လေကြောင်းရန်များကို ကြိုတင်သတိထားသွားလာနေထိုင်ကြရန်လိုအပ်ပါသည်။

#ချွတ်ခြုံကျ
#စစ်ရှုံး
#အထွေထွေထိုးစစ်
#လက်နက်
#တိုက်ခိုက်

@မင်းဒဿ
ယောအလင်းတန်း
1,8700014
ဂန့်ဂေါတပ်နယ်တွင် ၈ ဦးအလင်းဝင်လာဟု စစ်တပ်လော်ဘီတယ်လီဂရမ််ချန်နယ်တစ်ခုတွင် ဖော်ပြနေ

စက်တင်ဘာ ၇၊ ၂၀၂၆၊ဂန့်ဂေါ

ယောဒေသ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်သို့ အလင်းဝင်ရောက်လာသူ ၈ ဦးရှိကြောင်း စစ်အုပ်စု၏ တပ်လော်ဘီတယ်လီဂရမ်ချန်နယ် လူမှုကွန်ယက်တွင် ယနေ့ ဖော်ပြမျှဝေထားသည်ကို ဓာတ်ပုံများနှင့်တကွ တွေ့ရှိရသည်။

၎င်းချန်နယ်တွင် မည်သူ့တပ်ဖွဲ့ မည်သည့် အရပ်ဒေသနှင့် အလင်းဝင်လာသည်ဆိုသူ ၈ ဦးတို့သည် မည်သူဖြစ်ကြောင်းကို ဖော်ပြထားခြင်းမရှိဘဲ " ဂန့်ဂေါတပ်နယ်တွင် အလင်းဝင်လာသူ အမျိုးသား ၈ ဦး " ဟုသာ ရေးသားထားကာ ဓာတ်ပုံ ၈ ပုံဖြင့် မျှဝေထားသည်ကို တွေ့ရသည်။

ယခင်ဩဂုတ်လ ၁၂ ရက်နေ့ ည ၁၁နာရီကျော်ခန့်တွင် ဂန့်ဂေါမြို့အနောက်ဖက် ရာဇမုနိဘုရားအနီတွင် KKG တပ်ရင်း ၆ မှ ဥက္ကဌ ဖြစ်သူ ဘဖြိုးနဲ့ ရဲဘော်တစ်ဦး ၊ပြည်သူတစ်ဦး စုစုပေါင်း ၃ ဦးကို သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် Black Dragon force အဖွဲ့ခေါင်းဆောင် ချမ်း‌မင်းအောင် (ခ) ငြိမ်းသော် နှင့် ၎င်း၏ နောက်လိုက် ၇ ဦးဖြစ်နိုင်ကြောင်း ဒေသတွင်းစစ်ရေးလေ့လာနေသူတစ်ဦးမှ သုံးသပ်ပြောဆိုသည်။

ယောအလင်းတန်းအနေဖြင့် အဆိုပါကိစ္စကို ဆက်လက်စုံစမ်းအတည်ပြုနေဆဲသာ ဖြစ်ပါသည်။

ဓါတ်ပုံ-တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွင် မျှဝေထားသည့် ပုံများ

@မင်းဒဿ
ယောအလင်းတန်း
2,6400014
ကျောက်ထုမြို့အမြောက်တပ် နှင့် ကြီးရွာရှိ စစ်အုပ်စုများအတွက် ထောက်ပို့လေယာဥ်ဖြင့် ရိက္ခာ၊ခဲယမ်းထုပ်များချပေး

ဆောစစ်ကြောင်းရှေ့ပွိုင့် တောင်ဘို့ကြီးရွာမှာရောက်နေ

စက်တင်ဘာ ၇ ၊၂၀၂၆၊ ဆော

ယောဒေသ ဆောမြို့နယ် ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်နှင့် ကြီးကျေးရွာရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်များအတွက် ထောက်ပို့လေယာဥ် ၁ စီးဖြင့် ယနေ့နံနက်ပိုင်းက ရိက္ခာ၊ခဲယမ်းထုပ်များ ချပေးခဲ့ကြောင်းသိရသည်။

မိတ္ထီလာရှမ်းတဲလေးလေတပ်မှ ပျံသန်းလာသည့် Y 8 စစ်ထောက်ပို့လေယာဥ်ဖြင့် ကျောက်ထုမြို့ပေါ်တွင် ယခုနံနက် ၁၀ နာရီ ၂၈ မိနစ်ခန့်ကနေ ၁၁ နာရီ ၂၀ မိနစ်ခန့်အထိ ၉ ကြိမ်ပတ်ပျံဝဲပြီး ရိက္ခာ၊ခဲယမ်းထုပ် ၃၄ ထုပ်ကို လေထီးများဖြင့်ချထားပေးခဲ့ကြောင်း သိရသည်။

ထိုမှတဆင့် ကျောက်ထုမြို့မြောက်ဖက်အရပ်ရှိ ကြီးကျေးရွာသို့ ဆက်လက်ပျဲသန်းသွားကာ ရိက္ခာ၊ခဲယမ်းထုပ် ၁၂ ထုပ်ခန့်ချထားပေးခဲ့ပြီး ၁၁ နာရီ ၃၅ မိနစ်ခန့်မှာ အရှေ့တောင်အရပ်သို့ ပျံသန်းသွားကြောင်းသိရသည်။

ယခင်သြဂုတ်လ ၃၀ ရက်နေ့က သီးကုန်းရွာတွင် ရောက်ရှိနေကြသည့် ဆောမြို့နယ်လှုပ်ရှားစစ်ကြောင်းက စစ်အုပ်စု တပ်ဖွဲ့ဝင်များသည် ယမန်နေ့ညနေပိုင်းက တောင်ဖက် တောင်ဘို့ကြီးရွာသို့ ရှေ့ပွိုင့်အင်အားအချို့ ရောက်ရှိနေတာကို တွေ့မြင်ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

"မနေ့က ညနေပိုင်းက တောင်ဘို့ကြီးရွာထဲကိုဝင်လာတာတွေ့ရတယ်၊ သီးကုန်းအရှေ့ဖက် စိုက်ခင်းရွာမှာဝင်ခိုးနေကြတဲ့ စစ်သားတွေလဲ မနေ့ကညနေပိုင်းမှာ သီးကုန်းဖက်ကို ပြန်သွားကြပါတယ်၊ တချို့ကလဲ သီးကုန်းရောက်နေတဲ့စစ်ကြောင်းဟာ လောင်းရှည်မြို့ဖက်ကို ပြန်ဆုတ်မယ်လို့ ခန့်မှန်းပြောဆိုနေကြတယ် " ဟု ဒေသတွင်းသတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။

ဆောလှုပ်ရှားစစ်ကြောင်းသည် သီးကုန်းရွာတွင် ဆက်လက်ရှိနေကြသေးပြီး ရှေ့ပွိုင့်အချို့ တောင်ဘို့ကြီးရွာတွင်ရောက်ရှိနေကြတာကြောင့် လောင်းရှည်မြို့ဖက်သို့ ပြန်ဆုတ်နိုင်၊ မဆုတ်နိုင်နှင့် သီးကုန်းရွာတွင် အထိုင်ချ၊ မချကိုမူ ယောအလင်းတန်းအနေဖြင့် ဆက်လက်စောင့်ကြည့်နေဆဲသာ ဖြစ်ပါသည်။

Vd-ယနေ့နံနက် ကျောက်ထုအမတ ၃၆၈ တပ်ကို Y 8 လေယာဥ်ဖြင့်အထုပ်ချပေးနေပုံ

@မင်းဒဿ
ယောအလင်းတန်း
2,7100015
ကျောက်ထုစစ်ကြောင်း လူနာထမ်း ၁၂ ထမ်းဖြင့် မြို့ထဲပြန်ဝင်၊ သေဆုံးစစ်သည်ရုပ်အလောင်း ၅ ခုကို ကြီးရွာအနောက်ဖက် ဘုရားကုန်းမှာမြေမြှပ်ထားခဲ့

စစ်အုပ်စုတပ်သားများအတွက် ဆောမြို့ကို လေယာဥ်ဖြင့် ရိက္ခာထုပ်များချပေးပြန်

စက်တင်ဘာ ၅၊ ၂၀၂၆၊ ဆော

ယောဒေသ ဆောမြို့နယ် ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်ကနေ ယနေ့နံနက်ပိုင်းက ထွက်ခွာလာခဲ့ကြသည့် အင်အား ၆၀ ပါစစ်ကြောင်းသည် မိအယ်ရွာမြောက်ဖက် ဒေသအခေါ် နှော်တံတား (ညောင်ကားယား) အထိသွားရောက်ခဲ့ကြပြီး နေ့လည်ပိုင်းမှာ လူနာထမ်း ၁၂ ထမ်းဖြင့် ပြန်ဆုတ်လာခဲ့ရာ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှာ ပန်းဆန်ရွာမှတဆင့် ယောချောင်းကိုဖြတ်ကူးကာ ကျောက်ထုမြို့ကို ပြန်ဝင်လာကြကြောင်း သိရသည်။

စစ်ကြောင်းသည် ကျောက်ထုမြို့နယ် ကြီးရွာတွင် တပ်စွဲနေထိုင်နေကြပြီး ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် ကြီးစစ်ကြောင်းမှ ဒဏ်ရာရ စစ်သည်များကို နှော်တံတား (ညောင်ကားယား) အထိ သွားရောက်သယ်ယူရတာဖြစ်ကြောင်းသိရသည်။

"ကြီးက စစ်သားလူနာထမ်း ၈ ထမ်း ညောင်ကားယား အထိလာပို့တယ်၊ အဲတာကို သွားသယ်ရတာပါ၊ လူနာလာသယ်တဲ့ ကျောက်ထုစစ်ကြောင်း ညောင်ကားယားတောတိုက်ထဲကိုအဝင်မှာ မိုင်းမိလို့ သေတာ ဒဏ်ရာရတာတွေထပ်ဖြစ်တယ်၊ ကျောက်ထုဖက်ကိုပြန်လာတော့ ကြီးကပို့တဲ့ အထမ်းက ၈ ထမ်း၊ ညောင်ကားယားမှာ မိုင်းမိလို့ ဒဏ်ရာရတာက ၄ ထမ်း၊ အားလုံး အထမ်း ၁၂ ထမ်းဖြစ်သွားတယ် " ဟု ဒေသခံစစ်သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။

ကျောက်ထုစစ်ကြောင်းသည် ကြီးရွာဖက်မှ လာပို့သည့် စစ်သည်လူနာများကို မိအယ်ရွာနှင့် လယ်ဆောရွာကြားရှိ နှော်တံတား(ညောင်ကားယား)အထိ သွားရောက်သယ်ယူရာတွင် ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကြီးရွာမှ ဒဏ်ရာရစစ်အုပ်စုတပ်သားလူနာများကို ထမ်းစင် ၈ ထမ်းဖြင့် လာပို့တာဖြစ်ပြီး နှော်တံတား (ညောင်ကားယား)တွင် မိုင်းထပ်မိတာကြောင့် ဒဏ်ရာရတပ်သားလူနာ ၄ ဦးကိုထမ်းစင် ၄ ခုဖြင့် ထပ်မံသယ်ဆောင်ခဲ့ကြရပြီး ယနေ့ညနေပိုင်းမှာ ကျောက်ထုမြို့ကို အထမ်း ၁၂ ထမ်းဖြင့်ပြန်လည်ဝင်ရောက်လာတာဖြစ်ကြောင်း သိရသည်။

ယမန့်နေ့ကဖြစ်ပွားခဲ့သည့် ကြီးရွာနှင့် ရွှေအောင်သာရွာကြားက တိုက်ပွဲမှ သေဆုံးခဲ့သည့် စစ်အုပ်စုတပ်သား ၅ ဦး၏ ရုပ်အလောင်းများကို ကြီးရွာအနောက်ဖက်ရှိ ဘုရားကုန်းတွင် ယမန်နေ့က မြေမြှပ်သင်္ဂြိုလ်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။

ထိုနောက် ယနေ့နေ့လည် ၂ နာရီ ၅ မိနစ်ခန့်ကနေ ၃ နာရီ ၂ မိနစ်အထိ ၁၅ ကြိမ်မက ဆောမြို့ပေါ်ကို ပတ်ပျံဝဲခဲ့သည့် မိတ္ထီလာရှမ်းတဲလေးလေတပ်မှ ပျံသန်းလာသည့် Y 8 စစ်ထောက်ပို့လေယာဥ်တစ်စီးဖြင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များအတွက် ရိက္ခာထုပ် ၇၀ ခန့်ကိုလေထီးများဖြင့် ချပေးခဲ့ကြောင်းသိရသည်။

လက်ရှိတွင်စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ဆောမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေပြီး မြို့တောင်ဖက် လောင်းရှည်လမ်းပိုင်းရှိ သီးကုန်းရွာအထိ စိုးမိုးနေရာယူထားတာလည်းဖြစ်သည်။ယနေ့ နံနက်ပိုင်းတွင် သီးကုန်းရွာတွင် တပ်စွဲနေထိုင်နေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ အရှေ့ဖက် စိုက်ခင်း (ကြံခင်း) ရွာကိုရောက်ရှိလာကြပြီး ရွာအတွင်းပြည်သူ့လူနေအိမ်များမှာ စားနပ်ရိက္ခာများနှင့် အခြားပစ္စည်းများကို ဖောက်ထွင်းဝင်ရောက်ခိုးယူသွားကြကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

@မင်းဒဿ
ယောအလင်းတန်း
3,2800029
ကျောက်ထုစစ်ကြောင်း ပန်းဆန်ရွာမှတဆင့် မြောက်ဖက်အရပ်သီု့ ထွက်ခွာနေ

သီးကုန်းရွာကို စစ်ကြောင်းဝင်ရောက်စဥ် ဖမ်းဆီးခံခဲ့ကြရသည့် ဒေသခံပြည်သူများ ပြန်လည်လွတ်မြောက်လာ

စက်တင်ဘာ ၅၊၂၀၂၆၊ဆော

ယောဒေသ ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ ယနေ့နံနက်အစောပိုင်းကထွက်လာသည့် အင်အား ၆၀ ကျော်ပါစစ်အုပ်စုစစ်ကြောင်းသည် ပန်းဆန်ရွာမှတဆင့် ပန်းဆန်-ကြီး-ရွှေအောင်သာ ကားလမ်းမကြီးအတိုင်း မြောက်ဖက်အရပ်သို့ ထွက်ခွာသွားကြောင်း သိရသည်။

စစ်ကြောင်းသည် ကြီးရွာအထိ သွားရောက်နိုင်သကဲ့သို့ ယခင်နည်းတူ နှော်ချောင်းတံတား အထိသာသွားရောက်ပြီး ကြီးရွာရှိ စစ်အုပ်စုတပ်ဖွဲ့ဖြင့် အချိတ်ဆက်ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ယခင်သြဂုတ်လ ၃၀ ရက်နေ့ နေ့လည်ခန့်က ဆောမြို့နယ် သီးကုန်းရွာသို့ စစ်အုပ်စုစစ်ကြောင်း ဝင်ရောက်ခဲ့စဥ် လမ်းခရီးနှင့် ကျေးရွာတွင်းတို့တွင် တွေ့ရှိခဲ့သည့် ဒေသခံအရပ်သားပြည်သူ ၄၀ ဦးခန့်ကို စစ်အုပ်စုတပ်သားများက ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုဖမ်းဆီးခံ အရပ်သားပြည်သူများကို သီးကုန်းရွာမှာ တပ်စွဲနေထိုင်လျက်ရှိနေသည့် စစ်အုပ်စုတပ်သားများက ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများတွင် ဓားစာခံလူသားဒိုင်း အဖြစ်အသုံးချခဲ့ပြီး ၅ ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့စက်တင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးခံပြည်သူအားလုံးကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

အတည်ပြုဆဲသတင်းအရ ဖမ်းဆီးခံအရပ်သားပြည်သူ ၄၀ ဦးဖြစ်ပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေစဥ် ဖမ်းဆီးခံအမျိုးသားပြည်သူတစ်ဦးကို စစ်အုပ်စုတပ်သားများက နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

၎င်းဖြစ်ရပ်များကို အသေးစိပ်အတည်ပြုနိုင်ရန် ပြန်လည်လွတ်မြောက်လာသည့် ပြည်သူများကို ယောအလင်းတန်းမှ ဆက်သွယ်ရန်ကြိုးစားခဲသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်ထိ ဆက်သွယ်၍ မရရှိသေးပါ။

ဆောမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်အုပ်စု စစ်ကြောင်းသည် ယခုအခါ ဆော-ရင်းခေါ်-မင်းလယ်-သီးကုန်း လမ်းပိုင်းကို အပြည်ဘအဝထိန်းချုပ်ထားပြီး စစ်အုပ်စုတပ်သား အင်အား ၁၅၀ ကျော်ခန့်ဖြင့် သီးကုန်းရွာတွင် ၆ ရက်မြောက်နေ့အဖြစ် အထိုင်ချတပ်စွဲနေထိုင်လျက် ရှိနေကြောင်းသိရသည်။

#နှိပ်စက်သတ်ဖြတ်
#လူသားဒိုင်း
#ဓားစာခံ
#ဖမ်းဆီး

@မင်းဒဿ
ယောအလင်းတန်း
3,0800021
ရှေ့တန်းတစ်ခါထွက်ရင် ၃ နှစ်ကျော်ကြာကြောင်း တပ်မ ၇၇ တပ်ရင်းမှူးဝန်ခံပြောကြား

သြဂုတ် ၁၈၊ ၂၀၂၆

စစ်အုပ်စုစစ်တပ် ရှေ့တန်းတစ်ခါထွက်ရင် ၃ နှစ်ကျော်ကြာမြင့်တတ်ကြောင်း တပ်မ ၇၇ တပ်ရင်းမှူးက ဝန့်ခံပြောကြားထားသည်။

လူမှုကွန်ပေါ်တွင်တွေ့ရှိရသည့် ရုပ်/သံ ဖိုင်တစ်ခုတွင် "အောင်သီဟ စစ်ဆင်ရေးအမည်ဖြင့် ၂၀၂၃ ခုနှစ်မတ်လ ၈ ရက်နေ့ကစ၍ ၂၀၂၆ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့အထိ ၃ နှစ် ၅ လကျော်ကြာ " ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းခဲ့ကြရကြောင်း ဝန်ခံပြောဆိုထားသည်ကို တွေ့ရသည်။

တပ်မ ၇၇ တပ်ရင်းသည် ပဲခူးတိုင်းအခြေစိုက်တပ်ရင်းတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ချင်းပြည်နယ်မြောက်ပိုင်း စသည့် နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

ယခုအခါ အဆိုပါတပ်မ ၇၇ တပ်သားများကို ကလေးမြို့နယ်နှင့် ချင်းပြည်နယ်မြောက်ပိုင်းနယ်တွင် ရဲကွန်မန်ဒိုတပ်သားများဖြင့် အလဲအပြောင်းလုပ်ကာ ကလေးမြို့မှတဆင့် Y 8 စစ်ထောက်ပို့လေယာဥ် ၈ စီးဖြင့်သယ်ဆောင်ပြီး အချို့ကို မိခင်တပ်ရင်းသို့ပြန်လည်ပို့ဆောင်ကာ အချို့ကို မိတ္ထီလာမှတဆင့် တပ်သားအင်အား ၇၀၀ ခန့်ကို Sinotruck ကားကြီး အစီး ၃၀ ဖြင့် မကွေးတိုင်း ချောက်မြို့ ခလရ ၁၃ တွင်စုရပ်အဖြစ်ပြန်လည် ပို့ဆောင်ခဲ့ကြောင်း စစ်သတင်းရင်းမြစ်အရသိရသည်။

ယမန်နေ့ညနေပိုင်းတွင် ချောက်ခလရ ၁၃ မှတဆင့် ဆိပ်ဖြူမြို့သို့ စစ်ကားကြီး ၅ စီးဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းလည်း စစ်သတင်းရင်းမြစ်အရ သိရသည်။

ထိုတပ်မ ၇၇ စစ်ကြောင်းသည် ဆိပ်ဖြူ၊ ပေါက်မြို့နယ်တို့မှတဆင့် ယောဒေသ ဖက်ကိုထပ်မံဝင်ရောက်လာနိုင်ပြီး ချင်းပြည်နယ် မင်းတပ်မြို့ဖက်သို့ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်းကို စစ်သတင်းရင်းမြစ်အဆိုအရ သိရှိရသည်။

ယောအလင်းတန်းအနေဖြင့် ထိုစစ်ကြောင်းသွားလာလှုပ်ရှားနိုင်မည့် အခြေအနေများကို သီးခြားအတည်ပြုနိုင်ရန်အတွက် မျက်ခြေမပြတ်စောင့်ကြည့် ဆက်လက်စုံစမ်းနေပါသည်။

Vd-လူမှုကွန်ယက်
#စစ်ရေးလှုပ်ရှားမှု
#လူမှုကွန်ယက်
#မျက်ခြေမပြတ်စောင့်ကြည့်

@မင်းဒဿ
ယောအလင်းတန်း
5,1500022

Showing 30 of 92 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram ယောအလင်းတန်း nói về gì?+

ယောအလင်းတန်း (@yawalinntan) là kênh Telegram thuộc danh mục Ảnh thiên nhiên trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 10.683 người đăng ký trên tgdio.

Làm sao để tham gia ယောအလင်းတန်း (@yawalinntan)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @yawalinntan miễn phí.

ယောအလင်းတန်း có phải kênh Ảnh thiên nhiên tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của ယောအလင်းတန်း trước khi tham gia. Hiện có khoảng 10.683 người đăng ký trên tgdio. So sánh với các kênh Ảnh thiên nhiên tương tự.

Xem thống kê và bài đăng ယောအလင်းတန်း ở đâu?+

Trên tgdio, mở trang @yawalinntan để xem thống kê, xếp hạng, đánh giá và bài đăng.