1/2🔶သုခဒဂုံပြည်သူ့အငှားအိမ်ရာ မှ ပန်းဆိုးတန်း (မဟာဗန္ဓုလလမ်း)သို့ ပြေးဆွဲလျက်ရှိသော Translink ကုမ္ပဏီ အောက်ရှိ 🔴YBS - 81 ယာဥ်လိုင်းသည် ယခုကာလအတွင်းဖြစ်ပေါ်လျက်ရှိသော သဘာဝဓာတ်ငွေ့(CNG)ရရှိိမှုအခက်အခဲကြောင့်ဆိုကာ ယာဥ်ပြေးဆွဲမှုအား ၁၀ရက်ခန့် ရပ်နားမည်ဟု သုခဒဂုံအိမ်ရာအတွင်းနေထိုင်သူများမှတဆင့်သိရှိရပါသည်။
၎င်း🔴 YBS - 81 သည်
📍သုခဒဂုံအိမ်ရာ - စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) - တောင်/မြောက်လမ်းဆုံ - သုဝဏ္ဏစျေး - ကမာကြည်လမ်း - သာကေတအ၀ိုင်း - (၇)စျေး - မြင်တော်သာလမ်း - ဇင်ဂမလမ်း - (၁)စျေးကွေ့ - သင်္ဘောကျင်း - မဟာဗန္ဓုလတံတား - လမ်း(၅၀) - ကုန်သည်လမ်း - ပန်းဆိုးတန်း - မဟာဗန္ဓုလလမ်း
စသည့်တို့အားပြေးဆွဲလျက်ရှိပြီး ၎င်းယာဥ်လိုင်းပြေးဆွဲရာလမ်းကြောင်းရှိခရီးသည်များအနေဖြင့် အခက်အခဲဖြစ်လာနိုင်ပါသည်။
❗Edited: CNG ပြန်လည်ရရှိပြီဖြစ်သောကြောင့်နံနက်ဖြန် အောက်တိုဘာလ ၁၇ရက်နေ့မှစတင်ကာ ပုံမှန်ပြန်လည်ပြေးဆွဲမည်ဟုသိရပါသည်။🔁
#@ybs_directory_23
#YBSလမ်းညွှန်
#ybs_info








