NIEC International school တာချီလိတ်ကျောင်း
(Cameraman / Photographer)
Job Purpose
ကျောင်းပွဲများ၊ အခမ်းအနားများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် အခြားကျောင်းလှုပ်ရှားမှုများကို ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးမှတ်တမ်းတင်ရန် ဖြစ်သည်။
##။ အဓိကတာဝန်များ (Main Duties)
* DSLR ကင်မရာကို အသုံးပြု၍ ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးရန်။
* ကျောင်းပွဲများ၊ အခမ်းအနားများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးရန်။
* ဓာတ်ပုံနှင့် ဗီဒီယိုမရိုက်ကူးမီ Camera Setting၊ Focus နှင့် Lighting များကို သင့်တော်အောင် ပြင်ဆင်ရန်။
* သင့်တော်သော ကင်မရာထောင့်များကို ရွေးချယ်ပြီး အရေးကြီးသော Eventများကို မှတ်တမ်းတင်ရန်။
* ပွဲမစမီနှင့် ပွဲပြီးနောက် ကင်မရာနှင့် အခြားပစ္စည်းကိရိယာများကို စစ်ဆေးရန်။
* ရိုက်ကူးထားသော ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များကို လုံခြုံစွာ သိမ်းဆည်းပြီး သက်ဆိုင်ရာ Folder များအလိုက် စနစ်တကျ ခွဲခြားထားရန်။
* အခြေခံ ဓာတ်ပုံနှင့် ဗီဒီယိုတည်းဖြတ်ခြင်းများ ကိုနာလည်သူဖြစ်ရမည်။
* ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ရန် ဆရာ၊ ဆရာမများနှင့် အခြားဝန်ထမ်းများ ပူးပေါင်းလုပ်ဆောင်ရန်။
## ။ လိုအပ်သော အရည်အချင်းများ (Requirements)
* DSLR ကင်မရာကို ကောင်းစွာ အသုံးပြုတတ်ရမည်။
* ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခြင်းကို နားလည်ပြီး လုပ်ဆောင်နိုင်ရမည်။
* ပွဲများ၊ အခမ်းအနားများနှင့် ဖျော်ဖြေတင်ဆက်မှုများကို ရိုက်ကူးမှတ်တမ်းတင်နိုင်ရမည်။
* Focus၊ Lighting၊ ကင်မရာဆက်တင်များနှင့် ဓာတ်ပုံဖွဲ့စည်းပုံ (Framing) ဆိုင်ရာ အခြေခံအသိပညာများ ရှိရမည်။
* ဓာတ်ပုံပညာ သို့မဟုတ် ဗီဒီယိုရိုက်ကူးရေးနှင့် သက်ဆိုင်သော သင်တန်းဆင်းလက်မှတ် တစ်ခုခုရှိရမည်
* ယခင်လုပ်ငန်းအတွေ့အကြုံ သို့မဟုတ် မိမိရိုက်ကူးထားသော ဓာတ်ပုံ၊ ဗီဒီယိုနမူနာများ ရှိပါက ပိုမိုဦးစားပေးမည်။
* တာဝန်ယူမှုရှိပြီး အလုပ်ကို ဂရုတစိုက်လုပ်ဆောင်နိုင်ကာ အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။
* ကျောင်းပွဲများရှိပါက ကျောင်းချိန်ပြင်ပ သို့မဟုတ် စနေ၊ တနင်္ဂနွေနေ့များတွင် လိုအပ်သလို အလုပ်လုပ်နိုင်ရမည်။
အလုပ်လျှောက်ထားရန်:
https://app.qhrm.io/careers/job/33fea1fd-85f3-48bf-b735-0d1be44e1ab4