အာရက္ခမှုခင်းနန့်ဆက်စပ်သတင်းများ
ထုတ်ပြန်ရီးအဖွဲ့
မှုခင်းသတင်းထုတ်ပြန်ချက်
(၂၄/၂၀၂၆)
မြောက်ဦးမြို့နယ်နန့် ပလက်ဝမြို့နယ်မှ ပြည်ပ၌ အလုပ်လုပ်ရန် အကျိုးဆောင် လိုင်စန်မဟိဘဲ တရားမဝင် လူပို့ပီးနီသည့် အမျိုးသမီး (၂) ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် ဒီလပ် အမှုဖွင့် အရေးယူထားပြီးဖြစ်
၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ (၆) ရက်
တရားခံများကိုဖမ်းမိသည့်ရက်- ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၁၀) ရက်နန့် (၁၄) ရက်။
တရားခံများကို ဖမ်းမိသည့်နီရာ - ချင်းပြည်၊ ကျင်ဒွေးမြို့နန့် အာရက္ခပြည်၊ မြောက်ဦးမြို့နယ်၊ အိုးထိမ်းရွာ။
၁။ သတင်းအကျဉ်း
မြောက်ဦးမြို့နယ်နန့် ပလက်ဝမြို့နယ်ရို့မှ ပြည်ပ၌ အလုပ်လုပ်ရန် အကျိုးဆောင်လိုင်စန်မဟိဘဲ တရားမဝင် လူပို့ပီးနီသည့် အမျိုးသမီး(၂) ဦးကို ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ (၂၆) ဖြင့် တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးဌာန (ဒီလပ်)မှ ဩဂတ်စ် (၃၀) ရက်နိတွင် အမှုဖွင့် အရေးယူထားပြီး ဖြစ်သည်။
ဖြစ်စဉ်မာ မြောက်ဦးမြို့နယ်၊ အိုးထိမ်းရွာနီ (အဖ)ဦးမောင်စံလင်း ၏ သမီး ယဉ်ယဉ်ဝင်း(၃၀နှစ်)နန့် ပလက်ဝမြို့နယ်၊ ဟုန်းရွာနီ (အဖ)ဦးသိန်းစိုးမောင်၏ သမီး ခိုင်မြတ်မွန်(၂၁နှစ်) ရို့သည် ပြည်ပသို့ လူပို့သည့်အလုပ်ကို လုပ်ကိုင်ရန် နှစ်ဦး သဘောတူညီချက်အရ ပြည်ပနိုင်ငံများနန့် ရန်ကုန်မြို့သို့ လားလိုသည် လူများအား ရှာဖွီခကတ်သည်။
ယင်းသို့ရှာဖွီရာ၌ မြောက်ဦးမြို့နယ်၊ လက္ကာရွာမှ မဦးခိုင်စော (၂၄နှစ်)နန့် မအေးခိုင်စော (၂၃နှစ်) ရို့(၂)ဦးမာ မလေးသျှားနိုင်ငံသို့ လားလိုကြောင်း နန့် မြောက်ဦးမြို့နယ်၊ အိုးထိမ်းရွာမှ မနှင်းနှင်းချို(၂၄နှစ်)နန့် မတင်တင်ဝေ (၃၃နှစ်) ရို့(၂)ဦးမာ ရန်ကုန်မြို့သို့ လားလိုကြောင်း ပြောပြလာကတ်သဖြင့် မလေးသျှားနိုင်ငံသို့လားလိုသူ မဦးခိုင်စော နန့် မအေးခိုင်စော ရို့(၂)ဦးထံမှ တဦးလျှင် ဖေသာသိန်း (၅၀) ကျပ်နန့် ရန်ကုန်မြို့သို့ လားရောက်လိုသူ မနှင်းနှင်းချို နန့် မတင်တင်ဝေ ရို့(၂)ဦးမာ ယဉ်ယဉ်ဝင်း နန့်ဆွေမျိုးတော်စပ်သူ များ ဖြစ်၍ ပွဲစားခမယူဘဲ ပို့ပီးရန်သဘောတူခကတ်ပြီး လမ်းစရိတ်၊ စားစရိတ်ကုန်ကျမည့် ဖေသာများနှုတ်ကာ ကျန်ဟိသည့် ဖေသာများကို နှစ်ဦး အချိုးကျခွဲဝီယူ ကတ်မည်ဟု သဘောတူထားကတ်သည်။
ယင်းနောက် မဦးခိုင်စော၊ မအေးခိုင်စော၊ မနှင်းနှင်းချို နန့် မတင်တင်ဝေရို့(၄)ဦးအား ခိုင်မြတ်မွန် ဦးဆောင်ကာ ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၅) ရက်နိ မိုးထ (၉)နာရီအချိန်ခန့်တွင် မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးရွာ ဆိပ်ကမ်းမှတဆင့် စက်လောင်းဖြင့် ပလက်ဝမြို့ နယ်၊ ပီချောင်းဆုံရွာသို့ ထွက်ခွာလာခရာ ယဉ်ယဉ်ဝင်းမာ နီမကောင်း၍ ပီချောင်းဆုံရွာသို့ ဆက်မလိုက်တော့ဘဲ ၎င်း၏နီအိမ်သို့ ဆင်အိုးကြီးဆိပ်ကမ်းမှ ပြန်လားခသည်။
ယင်းနောက် ကျန်သူ (၅)ဦး ဆက်လက်ထွက်ခွာလာရာ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၆) ရက်နိ၊ ညဇာ (၆)နာရီအချိန်ခန့်တွင် ပလက်ဝမြို့နယ်၊ ဟုန်းရွာသို့ ရောက်ဟိခပြီး ခိုင်မြတ်မွန်၏ နီအိမ်၌ (၃)ညည့် အိပ်စက်ခသည်။
၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၉) ရက်နိ မိုးထ (၈)နာရီ၊ မိနစ် (၃၀)ခန့်တွင် ဟုန်းရွာမှ ပီချောင်းဆုံရွာသို့ စက်လောင်းဖြင့် ဆက်လက်ထွက်ခွာခရာ ယင်းနိ၊ နိခင်း (၁)နာရီ၊ မိနစ် (၃၀) ခန့်တွင် ပီချောင်းဆုံရွာသို့ ရောက်ဟိခသည်။
ယင်းမှတဆင့် မဦးခိုင်စော၊ မအေးခိုင်စော နန့် မနှင်းနှင်းချို ရို(၃)ဦးအား ဆိုင်ကယ် ကယ်ရီများဖြင့် မကွေးတိုင်း၊ ဆောမြို့နယ်၊ ရန်းကဲရွာသို့ ရှိမှ လားစီကာ ခိုင်မြတ်မွန် နန့် မတင်တင်ဝေ ရို့ (၂)ဦးမာ ပီချောင်းဆုံရွာဟိ ထမင်းဆိုင်တဆိုင်၌ တညည့် အိပ်ခကတ်သည်။
၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၁၀) ရက်နိ၊ မိုးထ (၈) နာရီအချိန်ခန့်တွင် ခိုင်မြတ်မွန်နန့် မတင်တင်ဝေ ရို့နှစ်ဦးသည် ဆိုင်ကယ်ကယ်ရီဖြင့် မကွေးတိုင်း၊ ဆောမြို့နယ်၊ ရန်းကဲရွာသို့ ဆက်လိုက်လားခရာ ယင်းနိမာပင် ပလက်ဝမြို့ နယ်၊ မကျားအီနုန်းရွာအလွန် ထမင်းဆိုင် တဆိုင်၌ မဦးခိုင်စော၊ မအေးခိုင်စော နန့် မနှင်းနှင်းချို ရို့(၃)ဦးအား တွိဆုံကာ ခိုင်မြတ်မွန်သည် ၎င်းရို့ (၄)ဦးအား ဆိုင်ကယ်ကယ်ရီဖြင့် တင်ဆောင်ကာ ချင်းပြည်၊ ကျင်ဒွေးမြို့သို့ ဆက်လက် ထွက်လာခသည်။
၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၁၀) ရက်၊ (ယင်းနိ)၊ ညည့်၌ ကျင်ဒွေးမြို့ဟိ နီအိမ်တအိမ်တွင် တည်းခိုနီကတ်စဉ် အာရက္ခတပ်တော် (AA)၊ ထောက်လှမ်းရီးဌာနမှ တပ်ဖွဲ့ဝင်များမှ စစ်ဆီး ဖမ်းဆီးထိန်းသိမ်းခပြီး ယဉ်ယဉ်ဝင်းကိုတော့ ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၁၄) ရက်နိတွင် မြောက်ဦးမြို့နယ်၊ အိုးထိမ်းရွာဟိ ၎င်း၏နီအိမ်၌ ဖမ်းဆီး ထိန်းသိမ်းခသည်။
ယင်းသို့ဖမ်းဆီးထိန်းသိမ်းပြီးနောက် အာရက္ခတပ်တော်၊ ထောက်လှမ်းရီးဌာနသည် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် မြောက်ဦးမြို့မဒီလပ်စခန်းသို့ လာရောက် လွှဲပြောင်းအပ်နှံခ၍ အကျိုးဆောင် လိုင်စန်မဟိဘဲ အကျိုး ဆောင်လုပ်ငန်းကို အခဖေသာရယူကာ ပြည်ပ၌ အလုပ်လုပ်ကိုင်ရန် ပို့ပီးခသူများဖြစ်သော ယဉ်ယဉ်ဝင်း နန့် ခိုင်မြတ်မွန် ရို့(၂)ဦးအား မြောက်ဦးမြို့မဒီလပ်စခန်းက ၂၀၂၆ ခုနှစ်၊ ဩဂတ်စ် (၃၀)ရက်နိ၊ ညဇာ (၄)နာရီ၊ မိနစ် (၃၀) တွင် (ပ)၄၃/၂၀၂၆၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ပုဒ်မ (၂၆) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခသည်။
ယင်းနောက် ဒီလပ်သည် ဒီလပ်လုပ်ငန်းများ ကုန်စင်အောင် ဆောင်ရွက်နိုင်ရီးအတွက် ၂၀၂၆ ခုနှစ်၊ ဩဂတ်စ် (၃၁) ရက်နိတွင် ချုပ်မိန့် ရီမန်ရယူစစ်ဆီးကာ အမှုအား ခိုင်မာစွာတည် ဆောက်လျက် ဥပဒေအကြံပြုချက်နန့်အညီ အယင် တရားစွဲတင်ပို့လားမည် ဖြစ်သည်။
၂။ အများပြည်သူသို့ အသိပီးနှိုးဆော်ချက်
ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂(က)အရ ပြည်ပအလုပ်အကိုင်ဆိုသည်မာ အောက်ပါအလုပ်အကိုင်များမှအပ ကာလအကန့်အသတ်ဖြင့် ပြည်ပသို့ လားရောက်၍ အလုပ်လုပ်ကိုင်လျက်ဟိသည့် လုပ်ငန်းတခုခုကို ဆိုသည်။
ယင်းစကားရပ်တွင် ပြည်ပဟိ ကုလသမဂ္ဂအဖွဲ့အစည်းများနန့် ယင်းအဖွဲ့များ၏ လက်အောက်ခံအဖွဲ့အစည်းများတွင် ပုဂ္ဂလိကအနီဖြင့် လားရောက်လုပ်ကိုင်လျက်ဟိသော လုပ်ငန်းလည်းပါဝင်သည်။
(၁) ပင်လယ်ကူးသင်္ဘောသားအလုပ်အကိုင်၊
(၂) အစိုးရဌာန၊ အဖွဲ့အစည်းတခုခု၏ တာဝန်ပီးချက်အရ အစိုးရဝန်ထမ်းများနန့် ကျွမ်းကျင်သူများက ပြည်ပသို့ လားရောက်လုပ်ကိုင်သည့်အလုပ်အကိုင်၊
အကျိုးဆောင်ဆိုသည်မာ ပြည်ပအလုပ်အကိုင်ရှာဖွီသူများ အလုပ်ရဟိရီးအတွက် သတ်မှတ်သည့် ဝန်ဆောင်ခရယူ၍ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ပီးသည့် ပုဂ္ဂိုလ် (သို့မဟုတ်)အဖွဲ့အစည်းကို ဆိုသည်။ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်လိုသူသည် အကျိုးဆောင်လိုင်စန်ထုတ်ပီးရန် ဦးစီးဌာန သို့ သတ်မှတ်ချက်များနန့်အညီ လျှောက်ထားရမည်။
"မည်သူမဆို အကျိုးဆောင်လိုင်စန်မဟိဘဲ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် (၇)နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်"ဟု ပုဒ်မ-၂၆ တွင် ပြဋ္ဌားန်းထားသည်။
အများပြည်သူရို့အနီဖြင့် ပြည်ပတွင် အလုပ်အကိုင်ရဟိမည်ဟု စည်းရုံးသိမ်းသွင်းပြီး ဖေသာများ ရယူကာ တရားမဝင် လိုင်စန်မဟိဘဲ လူပို့ဆောင်နီသော လူများကို အထူးသတိပြု ယှောင်ယှားကတ်ရန် လိုအပ်ပါသည်။
ပြည်ပသို့ အလုပ်အကိုင် လုပ်ရန် လားရောက်လိုပါက-
အလုပ်အကိုင်ရဟိမည်ဟု ပြောဆိုစည်းရုံးသူများ၏ အထောက်အထားများကို စိစစ်ရန်၊
လိုင်စန်ရ ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီ ဟုတ်/မဟုတ် သက်ဆိုင်ရာဌာန၏ တရားဝင် စာရင်းများတွင် စစ်ဆီးရန်၊
အလုပ်အကိုင်၊ လစာ၊ အလုပ်လုပ်ရမည့် နိုင်ငံ၊ အလုပ်သျှင်၏ အချက်အလက်များကို သီချာစွာ စစ်ဆီးရန်၊
စာချုပ်စာတမ်းနန့် တရားဝင် ခွင့်ပြုချက်မဟိဘဲ ဖေသာပီးအပ်ခြင်းနန့် တရားမဝင် လမ်းကြောင်းမှ ပြည်ပသို့ ထွက်ခွာခြင်း မပြုရန်၊
သံသယဖြစ်ဖွယ် စည်းရုံးသိမ်းသွင်းမှု၊ ဖေသာ တောင်းခံမှု (သို့မဟုတ်)လူများအား တရားမဝင်ပို့ဆောင်ရန် ကြိုးပမ်း မှုများ တွိဟိပါက သက်ဆိုင်ရာ တာဝန်ဟိဌာနများသို့ အချိန်မီ သတင်းပို့တိုင် ကြားကတ်ရန်၊
လူပွဲစားများ၏ မသီချာသောစကားများကို မယုံကြည်ရန်၊
ပြည်ပအလုပ်အကိုင် ရှာဖွီသူများအနီဖြင့် ပွဲစား၊ အကျိုးဆောင် (သို့မဟုတ်) အေဂျင်စီသည် သက်ဆိုင်ရာဌာန၏ တရားဝင်လိုင်စန် ရဟိထားခြင်း ဟိ/မဟိ မစစ်ဆီးဘဲ ဖေသာများအား အယင်စလို မပီးကတ်ရန်၊
လားရောက်မည့်နိုင်ငံ၊ အလုပ်သျှင်နာမည်၊ အကျိုးဆောင်နာမည်၊ ဖုန်းနံပါတ်၊ ခရီးစဉ်နန့် နီထိုင်မည့် နီရပ်လိပ်စာများကို မိသားစုထံ ပီးထားရန်၊
အလုပ်စာချူပ်၊ ဗီဇာ၊ ဖေသာပီးချီပြေစာနန့် အကျိုးဆောင်သူ၏ အချက်အလက်များကို ကိုယ်တိုင် နန့် မိသားစုများထံ ပီးထားရန်
စသည့်အချက်များအား သတိထားလိုက်နာဆောင်ရွက်လားပါက အများပြည်သူများအနီဖြင့် ကရို့၏ဖေသာများ မတရားဆုံးယှုံးမှု မဟိဘဲ လူမှုဒုက္ခများ ကင်းဝီးကာ တရားမဝင် လိုင်စန်မဟိသည့် ပြည်ပသို့ လူပို့သူပွဲစားများ၊ အကျိုးဆောင်များ၏ အန္တရာယ်များမှ ယှောင်ယှားနိုင်မည်ဖြစ်သည်။
၃။ ဒီလပ်ဌာန၏ ရည်မှန်းချက်တာဝန် (၄) ရပ်
(က) ပြည်တွင်းလုံခြုံရီးနန့်ရပ်ရွာအီးချမ်းသာယာရီး။
(ခ)တရားဥပဒေစိုးမိုးရီး။
(ဂ)မူးယစ်ဆီးဝါးအန္တရာယ်တားဆီးကာကွယ်ရီး။
(ဃ) ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရီး။
၄။ ဆက်သွယ်ရန် -
နီးစပ်ရာဒီလပ်စခန်း-👮🚉
တယ်လီဂြမ်လိပ်စာ-
@arakkhadlepsအီးမေး(လ်)
လိပ်စာ[email protected]အာရက္ခမှုခင်းနန့်ဆက်စပ်
သတင်းများထုတ်ပြန်ရီးအဖွဲ့
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ