GhostWhispers Telegram channel photo

GhostWhispers

@ghostwhispers7Public Channel

မူရင်းရေးသားသော ဆရာအဂ္ဂဇော်အား crd ပေးပါသည်။

167

Last views

280 (280 subscribers)
Thành viên
—
Rating
10
Total Posts
Oct 17, 2026, 3:44 PM
Cập nhật
Apr 28, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel NameGhostWhispers
Username@ghostwhispers7
CategorySách nói (Audiobooks)
LanguageTiếng Việt
CountryViệt Nam
Thành viên280
Channel TypePublic Channel
Created28 thg 4, 2026
Last Updated17 thg 10, 2026 • 4 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#62892+287
Xếp hạng ngôn ngữ
#1387+2
Xếp hạng danh mục
#140+3

Tăng trưởng người đăng ký

Tổng cộng: 28030 Days growth: +124.5%
09/1809/2309/2810/0310/0810/1310/17
Tăng trưởng người đăng ký - 30 Days
DateSubscribers
18:09:2026268
19:09:2026268
20:09:2026271
21:09:2026271
22:09:2026271
23:09:2026271
24:09:2026271
25:09:2026271
26:09:2026271
27:09:2026271
28:09:2026271
29:09:2026271
30:09:2026271
01:10:2026271
02:10:2026271
03:10:2026271
04:10:2026271
05:10:2026271
06:10:2026271
07:10:2026271
08:10:2026271
09:10:2026271
10:10:2026271
11:10:2026271
12:10:2026271
13:10:2026271
14:10:2026271
15:10:2026271
16:10:2026271
17:10:2026280
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 27:04:2026134
Week of 04:05:2026137
Week of 11:05:2026137
Week of 18:05:2026137
Week of 25:05:2026137
Week of 01:06:2026137
Week of 08:06:2026137
Week of 15:06:2026137
Week of 22:06:2026137
Week of 29:06:2026137
Week of 06:07:2026191
Week of 13:07:2026191
Week of 20:07:2026191
Week of 27:07:2026191
Week of 03:08:2026191
Week of 10:08:2026191
Week of 17:08:2026262
Week of 24:08:2026262
Week of 31:08:2026265
Week of 07:09:2026268
Week of 14:09:2026271
Week of 21:09:2026271
Week of 28:09:2026271
Week of 05:10:2026271
Week of 12:10:2026280
Tăng trưởng người đăng ký - Monthly
DateSubscribers
April 2026134
May 2026137
June 2026137
July 2026191
August 2026262
September 2026271
October 2026280
Tăng trưởng người đăng ký - Yearly
DateSubscribers
2026280

Top 10 posts

Most viewed posts from this channel

By views
  1. #1ဆရာခမ်းကတော့ လက်ရှိမှာ စာစဥ် အတွဲ ၄ စာစဥ် ၆ထိပဲ ထွက်ပါသေးတယ်ဗျ348
  2. #2"ရွှေပျားကောင်မှာ အဆိပ်တစ်မျိုးပါတယ်၊ ဒါပေမယ့် အဲဒီအဆိပ်က ပျားဆူးမှာရှ292
  3. #3လုံဒီက အမျိုးစုံလှုပ်နှိုးသော်လည်း ချောင်ဖန်းမှာတော့ လူသေကောင်ကြီးတစ်က218
  4. #4Post #1868215
  5. #5ရောက်ခဲ့ဖူးသည် ကျတ်ဌာနီ (စဆုံး)210
  6. #6တစ်ရာတောင်ပြည့်ချင်မှပြည့်မယ်၊ ရွာသားတွေကတော့ ဥယျာဉ်ခြံစိုက်စားတာများတ167
  7. #7နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် ဖိတ်ခေါ်မထားသောဧည့်သည်153
  8. #8ပြာကျသွားလေသည်။145
  9. #9ပြောပြောဆိုဆိုနှင့် လုံဒီမှာ ပြိုကျပျက်စီးနေသည့်် သစ်သားစများကို လိုက်141
  10. #10လက်နက်ကောင်းကောင်းမထောက်ပံ့နိုင်ဘဲ ရရာလက်နက်စွဲကိုင်ကြသည်။136

Bài đăng gần đây

GhostWhispers logo
GhostWhispers

14:47 03 thg 9, 2026

တစ်ရာတောင်ပြည့်ချင်မှပြည့်မယ်၊ ရွာသားတွေကတော့ ဥယျာဉ်ခြံစိုက်စားတာများတယ်၊ ကွမ်း၊ ကွမ်းသီး၊ သရက်၊ သီဟိုဠ်ခြံတွေ တော်တော်များများရှိတယ်။

ရွာသားတွေက တော်တော်ကိုဖော်ရွေကြပါတယ်၊ ကျုပ်ကိုလည်း လေးလေးစားစားဆက်ဆံကြတယ်၊ ရွာအနားက ဟိုဘုရား ဒီဘုရားကိုလည်း လိုက်ပို့တယ်၊ စနေနေ့က အလှူဝင်နေ့၊ တနင်္ဂနွေနေ့က အလှူနေ့ပေါ့ဗျာ၊ အလှူက ဆိုင်းတွေဘာတွေမပါပေမယ့် သူ့ဟာနဲ့သူတော့ စည်ပါတယ်၊ အလှူရှင်တွေက ဆရာလေးရဲ့အမျိုးအဆွေတွေလို့ပြောတယ်၊ အလှူပြီးလို့ နေ့တစ်ပိုင်းကျိုးတော့ ကျုပ်မှာပြန်ဖို့ပြင်ရတယ်၊ မပြင်လို့လည်းမရဘူးလေဗျာ၊ မနက်ဖြန်တနင်္လာနေ့ဆိုတော့ ကျောင်းဖွင့်ရက်မဟုတ်လား၊ ကျောင်းမှာ ကျောင်းစောင့်ဆိုတာလည်းမရှိတော့ ကျောင်းရဲ့သော့တွေအကုန်လုံးကို ကျုပ်ပဲကိုင်ထားရတာ၊ ကျောင်းကိုကျုပ်ဖွင့်မှရမယ်။

"ဆရာကြီး ပြန်တော့မလို့လားဗျ"

"ပြန်မှဖြစ်မယ် ဆရာလေးရေ၊ အခုချိန်ခါပြန်မှ မနက်ဖြန်ကျောင်းဖွင့်နိုင်မှာမဟုတ်လား"

"ကျွန်တော်ကတော့ ပြန်လို့မဖြစ်သေးလို့ ဆရာကြီးရဲ့၊ ဒီလိုလုပ်ပါလား ဆရာကြီးအရင်ပြန်နှင့်လေ၊ ကျွန်တော် ဒီကအလုပ်တွေ နည်းနည်းပါးပါးရှင်းပြီးရင် အနောက်ကနေလိုက်လာခဲ့မယ်၊ တကယ်လို့ အချိန်မမီတော့ရင်လည်း မနက်အစောကြီးထပြန်လာခဲ့မယ်"

"မင်းနေချင်ရင် နေခဲ့ပါကွာ၊ ခွင့်တစ်ရက်တစ်လေ ငါလုပ်ပေးပါ့မယ်၊ ငါကတော့ ပြန်မှဖြစ်မယ်ဟေ့၊ သော့တွေအကုန်လုံးက ငါ့လက်ထဲမှာမဟုတ်လား၊ မနက်ဖြန် ဆရာမတွေကျောင်းလာရင် ကျောင်းထဲဝင်မဘဲဖြစ်နေမယ်ကွ"

"အားနာလိုက်တာဆရာကြီးရာ"

"ရပါတယ်ကွာ၊ ကိစ္စမရှိပါဘူး"

ဆရာလေးရဲ့ မိဘတွေ၊ ဆွေမျိုးတွေက ကျုပ်အတွက် အသီးအနှံတွေ၊ စားစရာတွေထည့်ပေးလိုက်ကြသေးတယ်ဗျာ၊ ကျုပ်ရွာကပြန်ဖို့လုပ်တော့ ညနေသုံးနာရီလောက်ရှိရောပေါ့၊ ဆရာလေးက ကျုပ်အနားကပ်လာပြီး

"ဆရာကြီးကို ဖြတ်လမ်းညွှန်လိုက်မယ်၊ အဲဒီလမ်းကသွားရင် ကျောင်းကိုအလွန်ဆုံးသွားရ သုံးနာရီလောက်ပဲ"

"ဟေ၊ ဟုတ်လို့လားကွ"

"ဟုတ်တယ်ဆရာကြီး၊ အလာတုန်းက လမ်းက ရွာစဉ်တွေဖြတ်ပြီးလာရတဲ့လမ်းဆိုတော့ တစ်ကွေ့တစ်ပတ်ကြီးဖြစ်နေတာဗျ၊ အခုပြောတဲ့လမ်းက လှည်းလမ်းဟောင်းကြီး၊ ရွာဆက်ကျဲတယ်ဆိုပေမယ့် လမ်းကဖြူးလို့ဗျ၊ ခေတ်စကားနဲ့ပြောရင် မြို့ရှောင်လမ်းပေါ့ ဆရာကြီးရယ်၊ အမြန်မောင်းရင် နှစ်နာရီသာသာလောက်ဆိုရောက်ပါတယ်၊ မှန်မှန်ကလေးမောင်းရင်တော့ သုံးနာရီလောက်ပေါ့"

"မဆိုးဘူးဟ၊ ငါးနာရီလောက်မောင်းရတဲ့လမ်းကို သုံးနာရီလောက်နဲ့ရောက်မယ်ဆိုတော့ ခရီးတွင်တာအမှန်ပဲကွ"

"ရွာကနေထွက်ရင် တာလမ်းအတိုင်း ဆယ့်ငါးမိနစ်လောက် ဆက်မောင်းလိုက်ဆရာကြီး၊ အဲဒီမှာ လမ်းခွဲကြီးတစ်ခုတွေ့လိုက်မယ်၊ အဲဒီလမ်းကြီးအတိုင်း တန်းတန်းမတ်မတ်သာလိုက်သွား လမ်းဆုံးရင် ကားလမ်းမကိုရောက်မယ်ဆရာကြီး၊ ကားလမ်းမအတိုင်းဆက်မောင်းသွားရင် ဆယ့်ငါးမိနစ်လောက်ဆို ကျောင်းကိုရောက်တာပေါ့ဆရာကြီး"

"အေး၊ လမ်းကသိပ်တော့မခက်ပါဘူးကွာ"

"ကျွန်တော် ဒီမှာ ကိစ္စလေးတွေ နည်းနည်းရှင်းပြီးရင် လိုက်လာခဲ့မယ်ဆရာကြီး"

"အေးပါ၊ ဒါဆို ငါသွားပြီဟေ့"

(၂)

ကျုပ်လည်း ဆရာလေးပြောတဲ့အတိုင်း မောင်းလာခဲ့လိုက်တယ်၊ ဆယ့်ငါးမိနစ်လောက်မောင်းပြီးတော့ လှည်းလမ်းဟောင်းကြီးကိုတွေ့ပါပြီဗျာ၊ လှည်းလမ်းဘေးနားမှာ မြက်တွေပေါက်နေတယ်ဆိုပေမယ့် မြေသားလမ်းကြီးကတော့ ဖြူးလို့ဗျ၊ ဆရာလေးပြောတဲ့အတိုင်း အဲဒီလမ်းကိုချိုးဝင်လာခဲ့တယ်၊ လမ်းဘေးမှာတော့ မြက်ရိုင်းတွေပြည့်နှက်နေတဲ့ကွင်းကြီးတွေ၊ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တောတန်းကလေးတွေပဲရှိတယ်၊ လူနေအိမ်ဆိုလို့ တစ်အိမ်မှကိုမရှိဘူးဗျာ၊ မောင်းလာရင်း ဂျိန်းခနဲမိုးခြိမ်းသံကြီးကိုကြားလိုက်ရတယ်၊ မနက်ကတည်းက မိုးက ခပ်အုံ့အုံ့ရယ်၊ အခုတော့ မိုးသားတိမ်လိပ်ကြီးတွေက ကောင်းကင်တစ်ခွင်မှာ အုံ့ဆိုင်းနေပါရော၊ ကြည့်ရတာ အချိန်အခါမဟုတ် မိုးရွာတော့မယ်ထင်တယ်ဗျ၊ မိုးလေကင်းလွတ်သွားပြီဆိုပေမယ့် တစ်ခါ တစ်ခါတော့လည်း ဒီလိုမျိုး မိုးရွာတတ်တယ်မဟုတ်လား၊ ကျုပ်လည်း ဆိုင်ကယ်လီဗာကိုဆွဲပြီး အရှိန်တင်လိုက်ရတယ်။

လှည်းလမ်းကြီးက လူမသုံးတာကြာပြီဆိုတော့ မြေသားတွေက ပဲ့ကျတဲ့နေရာက ပဲ့ကျနေတယ်၊ တစ်ချို့နေရာလည်း ချိုင့်ခွက်ကြီးတွေ၊ ကျင်းကြီးတွေဖြစ်နေတယ်၊ လှည်းဆိုရင်တော့ သွားဖို့မလွယ်ဘူးဆိုပေမယ့် ဆိုင်ကယ်ကျတော့ အဲဒီကျင်းတွေ ချိုင့်တွေကို ရှောင်ကွင်းပြီးသွားလို့ရတယ်။

ရွာဆက်ကျဲတာကတော့ ပြောမနေပါနဲ့၊ လေးဆယ့်ငါးမိနစ်လောက် မောင်းလာတာတောင် လူနေအိမ်ခြေတစ်အိမ်မှမတွေ့ဘူး၊ တစ်ခါတစ်ခါ အုတ်ဂူပျက်ကြီးတွေရှိတဲ့ သချိုင်းကုန်းဟောင်းကြီးတွေအနားက ဖြတ်သွားရတယ်၊ လွမ်းစေတီလိုလို ဘုရားအို ကျောင်းပျက်တွေလည်း တစ်ချက် တစ်ချက် တွေ့ရသေးတယ်၊ ဒီလိုလူမရှိတဲ့လမ်းကြီးမှာ တစ်ယောက်တည်းမောင်းနေရတယ်ဆိုတဲ့အသိနဲ့ ကျောတောင်နည်းနည်းချမ်းလာတယ်၊ မိုးကလည်း ဖျောက်တောက် ဖျောက်တောက်ကျလာပြီ၊ ကျုပ်လည်း လန့်လန့်နဲ့ သမ္ဗုဒ္ဓေဂါထာကို တဖွဖွရွတ်ရင်းမောင်းလာခဲ့တယ်၊ မကြာခင် မိုးတွေကဆက်တိုက် ဝေါခနဲကျလာခဲ့တယ်၊ ကျုပ်မှာ မိုးကာမပါ ဘာမပါနဲ့ဆိုင်ကယ်ကို အရှိန်လျှော့ပြီးမောင်းရတယ်၊ မိုးမှောင်ကြီးကျလာပြီး မိုးတွေသည်းလိုက်တာလည်း ပြောမနေပါနဲ့တော့၊ မိုးသီးမိုးပေါက်ကြီးတွေက ကျုပ်ကိုယ်လုံးကို တပေါက်ပေါက်နဲ့လာထိတာ တော်တော်စပ်တယ်ဗျာ။ ဆိုင်ကယ်ကိုတောင်
167000
GhostWhispers logo
GhostWhispers

14:47 03 thg 9, 2026

ရောက်ခဲ့ဖူးသည် ကျတ်ဌာနီ (စဆုံး)

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်။

(၁)

ကျုပ်ဘဝမှာ မှတ်မှတ်ရရ ကျတ်ရွာကြီးဆီကို ရောက်ခဲ့ဖူးတယ်ဗျ၊ ဒီအဖြစ်တွေက ကျုပ်အသက် သုံးဆယ့်ငါးလောက်မှာဖြစ်ခဲ့တာ၊ (၂၀၁၁" ၁၂) ခုနှစ်လောက်ကပေါ့ဗျာ၊ ကျုပ်က မူလတန်းကျောင်းအုပ်အနေနဲ့ ရာထူးတိုးပြီး ရွာကြီးတစ်ရွာကိုပြောင်းလာခဲ့ရတယ်၊ သြော် . . . ကျုပ်ကိုကျုပ်တောင် မိတ်ဆက်ဖို့မေ့နေတယ်၊ ကျုပ်နာမည်က စိုးထွန်းပါ၊ အသက်က အဲဒီတုန်းက သုံးဆယ့်ငါးလောက်ပေါ့၊ အလုပ်အကိုင်ကတော့ ပညာရေးဝန်ထမ်း ကျောင်းဆရာပေါ့ဗျာ၊ ရာထူးတိုးပြီး ရွာကြီးတစ်ရွာက မူလတန်းကျောင်းကို ကျောင်းအုပ်ဘဝနဲ့ရောက်လာခဲ့ရတယ်၊ အဲဒီရွာကတော့ ရန်ကုန်မန္တလေး လမ်းဟောင်းပေါ်မှာ မေးတင်ပြီးတည်ဆောက်ထားတဲ့ ရွာကြီးပေါ့ဗျာ၊ အိမ်ခြေတင် ထောင်ကျော်ရှိတယ်၊ ရွာဆိုပေမယ့် ရွာမက မြို့မကျဖြစ်နေပြီ၊ ရွာမှာ မူလတန်းလွန်ကျောင်းတစ်ကျောင်းရှိတယ်၊ ရဲကင်းရှိတယ်၊ ကျေးလက်ကျန်းမာရေးဌာနခွဲရှိတယ်၊ စာကြည့်တိုက်တွေ၊ အော်တိုအိတ်ချိန်းရုံးတွေလည်းရှိတယ်၊ ကားလမ်းဘေးမမှာ တည်ဆောက်ထားတဲ့ရွာဆိုတော့ စည်တာလည်း တော်တော်စည်တယ်၊ အနီးအပါးရွာကလေးတွေက ဘာပဲလိုလို ဒီရွာကိုပဲ အားကိုးရတယ်၊ ဈေးနေ့ဆိုရင် စည်လိုက်တာမှပြောမနေပါနဲ့တော့ဗျာ၊ ကားလမ်းကြီးက ရွာအလယ်ကနေဖြတ်သွားတာမို့လို့ ကားလမ်းအရှေ့ဘက်အခြမ်းကို အရှေ့ခြမ်း၊ အနောက်ဘက်အခြမ်းကို အနောက်ခြမ်းလို့ခေါ်သဗျ။

ရွာကလူတွေကတော့ ကျုပ်ကိုဆရာကြီးလို့ခေါ်ကြတယ်၊ အသက်ငယ်ပေမယ့် ဆရာလေးလို့မခေါ်ကြတဲ့အကြောင်းက ကျုပ်တို့ကျောင်းမှာ ကျောင်းဆရာနောက်ထပ်တစ်ယောက်ရှိလို့ပဲဗျ။ သူ့ကိုတော့ ဆရာလေးလို့ခေါ်ပြီး ကျုပ်ကိုတော့ ဆရာကြီးလို့ခေါ်ကြသဗျာ၊ ကျောင်းအုပ်ကြီးမို့လို့ ဆရာကြီးလို့ခေါ်တာလည်းဖြစ်နိုင်ပါတယ်။ ရွာကလူတွေက ကျုပ်ကိုလေးလေးစားစားဆက်ဆံကြတယ်၊ ကျောင်းအုပ်တွေနေဖို့ဆိုပြီး ကျောင်းနဲ့တစ်ခေါ်သာသာလောက်မှာ ခြေတံရှည်အိမ်ကြီးတစ်လုံးဆောက်ပေးထားတယ်၊ အရင်က တာဝန်ကျတဲ့ကျောင်းအုပ်ဆရာမကြီးက သူ့မိသားစုနဲ့အဲဒီမှာနေတယ်ဆိုပဲ၊ အခုကျုပ်က တစ်ယောက်တည်းသမားဆိုတော့ ခြေတံရှည်အိမ်ကြီးက ကျုပ်အတွက် ကျယ်လွန်းနေတယ်။

ဆရာလေးနာမည်က မြင့်မြတ်လို့ခေါ်တယ်ဗျ၊ အသက်ကတော့ နှစ်ဆယ့်ခုနစ်လောက်ပဲရှိတယ်၊ ဆရာလေးက ဒီရွာနဲ့ ခပ်လှမ်းလှမ်းက ညောင်ပင်ကြီး(အမည်လွှဲ) လို့ခေါ်တဲ့ ရွာမှာမွေးတာဆိုပဲ၊ ကျောင်းဆရာဖြစ်တော့ ဒီရွာကိုတာဝန်ကျတယ်၊ အခုရွာကြီးနဲ့ ညောင်ပင်ကြီးရွာနဲ့က တော်တော်လှမ်းတယ်၊ ဆိုင်ကယ်နဲ့သွားရင် လေးငါးနာရီလောက်မောင်းရတယ်ဆိုပဲဗျ၊ ယောက်ျားသားချင်းဆိုတော့ ကျုပ်နဲ့ဆရာလေးနဲ့ ပေါင်းမိကြတယ်ပေါ့ဗျာ၊ ဆရာလေးက ရွာဝေးလို့ ဒီရွာက သူ့ဆွေမျိုးတစ်ယောက်ဆီမှာ ကပ်နေရတယ်၊ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆိုရင် ရွာကိုပြန်တယ်၊ မပြန်တဲ့အခါလည်း မပြန်ဘူးပေါ့၊ ဆရာလေးက ရိုးသားပါတယ်၊ သူနဲ့ကျုပ်နဲ့ ပေါင်းလို့ပိုကောင်းသွားတာက သူကလည်း စာဖတ်တဲ့သူ၊ ကျုပ်ကလည်း စာသမားပေသမားဆိုတော့ ဝါသနာချင်းတူပြီး တကယ့်ညီအကိုအရင်းတွေလို ခင်မင်သွားမိတယ်။

တစ်ရက်တော့ ဆရာလေးနေတဲ့အိမ်ကိုလိုက်သွားဖြစ်တယ်၊ သူ့ဆွေမျိုးအိမ်က သစ်သားအိမ် ကုပ်ကုပ်ကျဉ်းကျဉ်းကလေးဗျ၊ အိမ်မှာလည်း ကလေးတွေနဲ့ ဆူညံပွက်လောရိုက်နေတာပဲ၊ ဆရာလေးအတွက် သီးသန့်အခန်းတွေဘာတွေမရှိဘဲ ဘုရားစင်အရှေ့မှာအိပ်ရတယ်၊ ခေါင်းရင်းမှာ စာအုပ်တွေပုံလို့ပေါ့၊ ကျုပ်သနားသွားတာနဲ့ ဆရာလေးကို ကျုပ်အိမ်မှာခေါ်ထားလိုက်တယ်၊ ခြေတံရှည်အိမ်အကျယ်ကြီးဟာ ကျုပ်တို့နှစ်ယောက် ကောင်းကောင်းကြီးနေလောက်ပါတယ်ဗျာ၊ ကျုပ်ပြောတော့ ဆရာလေးက တော်တော်ပျော်သွားပုံပဲ၊ သူလည်း ဒီမှာ နေချင်ပုံမရဘူး၊ ဒါနဲ့ ကျုပ်နေတဲ့အိမ်ကိုပြောင်းလာတယ်၊ ကျုပ်လည်း အဖော်ရတယ်မဟုတ်လား၊ တစ်အိမ်တည်းအတူနေတော့ ပိုပြီးရင်းနှီးသွားတယ်၊ ညညဆို ရေနွေးကြမ်းသောက်ရင်း စာအကြောင်းပေအကြောင်းတွေ ပြောဖြစ်တယ်၊ ကျုပ်ဆီကစာအုပ်တွေကို သူကငှားဖတ်၊ သူ့ဆီက စာအုပ်တွေကိုလည်း လဲလှယ်ဖတ်ကြနဲ့ပေါ့ဗျာ။

ဒီလိုနဲ့ ပွင့်လင်းရာသီရောက်လာခဲ့တယ်၊ ဆရာလေးနဲ့ ကျုပ်လည်း တော်တော်ခင်နေကြပြီ၊ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်မှာ ဆရာလေးက သူတို့ရွာကို လိုက်ခဲ့ပါလားလို့ ခေါ်တယ်၊ သူတို့ရွာမှာ ရှင်ပြုအလှူတစ်ခုရှိတယ်ဆိုပဲ၊ မိုးတွင်းတုန်းက လမ်းမကောင်းပေမယ့် အခုတော့ လမ်းတွေဖြူးသွားပါပြီတဲ့၊ ကျုပ်လည်း ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်းပဲ နေ့စဉ်သွားနေရတာဆိုတော့ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် လိုက်သွားမယ်ဆိုပြီး ခေါင်းညိတ်လိုက်တယ်၊ စနေနေ့မနက်မှာ ကျုပ်နဲ့ဆရာလေးနဲ့ ဆိုင်ကယ်တစ်ယောက်တစ်စီးစီ စီးပြီးထွက်လာခဲ့ကြတယ်၊ ဆရာလေးတို့ရွာကိုရောက်ဖို့က ကားလမ်းမကြီးအတိုင်း အတော်ကြာအောင်မောင်းရတယ်၊ မြို့တစ်မြို့ကိုဖြတ်ပြီးတော့ တာလမ်းမကြီးတစ်ခုကိုတွေ့တယ်၊ အဲဒီ တာလမ်းမကြီးကနေ တောင်တန်းတွေရှိတဲ့ဘက်ကို ဆက်မောင်းရတယ်၊ တာလမ်းကြီးက အစပိုင်းမှာ လမ်းခင်းထားတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ မြေသားလမ်းကြီးဖြစ်သွားတယ်၊ တစ်ချို့နေရာမှာ ကျောက်ခဲတွေခင်းထားလို့ ဆိုင်ကယ်ဘီးမပေါက်အောင် တော်တော်မောင်းယူရတယ်၊ ဒီလိုနဲ့ မောင်းလာကြရင်း နေမွန်းတည့်ချိန်လောက်မှာ ရွာကိုရောက်ခဲ့တယ်၊ ရွာက တောင်ခြေရွာကလေးပါ၊ အိမ်ခြေက
210001
GhostWhispers logo
GhostWhispers

14:47 03 thg 9, 2026

ဆရာခမ်းကတော့ လက်ရှိမှာ စာစဥ် အတွဲ ၄ စာစဥ် ၆ထိပဲ ထွက်ပါသေးတယ်ဗျ
348000
GhostWhispers logo
GhostWhispers

14:47 03 thg 9, 2026

"ရွှေပျားကောင်မှာ အဆိပ်တစ်မျိုးပါတယ်၊ ဒါပေမယ့် အဲဒီအဆိပ်က ပျားဆူးမှာရှိတာ၊ ပျားကောင်တုပ်ပြီးလို့ ပျားကောင်ကိုဆွဲနှုတ်လိုက်တဲ့အခါ ဆံချည်မျှင်လောက် သေးငယ်တဲ့ပျားဆူးကလေးက ခန္ဓာကိုယ်ထဲကို ဝင်သွားလိမ့်မယ်၊ အဲဒီပျားဆူးက သွေးကြော၊ လေကြောတွေကို ပိတ်ဆို့စေလိမ့်မယ်ကွ"

ငခမ်းက လုံဒီ၏ကျောကုန်းကို တစ်ချက်ကြည့်လိုက်မိသည်။ ထိုအချိန်ကျောကုန်းရှိ ပျားတုတ်ထားသည့်ဒဏ်ရာမှ ရွှေရောင်တစ်ချက်ဝင်းလက်သွားကာ ပျောက်ကွယ်သွားလေသည်။ လုံဒီမှာလည်း အရှေ့သို့ ဟပ်ထိုးလဲကျသွားသည်။ ငခမ်းက လုံဒီအား ပြေးပွေ့လိုက်ပြီး

"လုံဒီ၊ မင်းအားတင်းထားစမ်းပါအုံးကွ"

ချောင်ဖန်းက သက်ပြင်းချလျှက်

"ရွှေပျားအဆိပ်က တော်ရုံအဆိပ်မဟုတ်ဘူးနော်"

လုံဒီက ငခမ်းအားသေချာကြည့်ရင်း

"ငခမ်း၊ ရှင်ကျွန်မကို ကတိတစ်ခုပေးပါ၊ တကယ်လို့ ကျွန်မသေဆုံးသွားခဲ့တယ်ဆိုရင်တောင် ကျွန်မမှာရှိနေတဲ့ တာဝန်တစ်ခုကို ရှင်ဆက်ပြီးထမ်းဆောင်ပေးပါ"

"သေစကားမပြောပါနဲ့အုံးကွာ၊ ငါမင်းကို ရအောင်ကုမှာပါကွ"

"ရှင်က မသေနိုင်တဲ့တပ်တွေကိုဆင့်ခေါ်ပြီး ဦးဆောင်ပေးပါ"

လုံဒီမှာပြောဆိုပြီးနောက် ဇက်ကျိုးကျသွားတော့သည်။ ချောင်ဖန်းက လုံဒီ၏လည်ပင်းသွေးကြောကို စမ်းသပ်ကြည့်နေရင်း

"မကောင်းဘူး၊ အဆိပ်တွေပြန့်လာပြီဟေ့"

"ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ"

"ငါတို့မှာ အချိန်တစ်ရက်ရတယ်၊ မနက်ဖြန်ညသန်းခေါင်မတိုင်ခင် ရွှေပျားဆိပ်ကို ကုသနိုင်ရင်ကုသ၊ မကုသနိုင်လို့ကတော့ မင်းသမီးသေမှာပဲ"

"ဟာဗျာ၊ ကျုပ်က ဆေးဝါးပညာတွေမှမတတ်တာပဲ၊ ဘယ်လိုလုပ်ပြီး ကုသနိုင်မှာလဲ"

ချောင်ဖန်းက တစ်ချက်တွေဝေသွားကာ စဉ်းစားနေလိုက်ရင်း

"လူတစ်ယောက်တော့ငါသိတယ်၊ သူက မင်းသမီးကို ကုသပေးနိုင်လိမ့်မယ်"

(၃)

ရွှေပျားကောင်များမှာ ကောင်းကင်တွင်ပျံဝဲလာပြီးနောက် ဘုံကိုးဆင့်ရှိသည့် ကျောင်းဆောင်ကြီးတစ်ခုအပေါ်သို့ ပျံသန်းဝင်ရောက်သွားသည်။ ကိုးဆင့်မြောက်ဘုံပေါ်ရှိ အခန်းအတွင်းသို့ဝင်သွားပြီး လူကြီးတစ်ယောက်ဖြစ်သွားကာ ကြမ်းပြင်ပေါ်တွင်လဲကျသွားလေ၏။ ထိုအခါ အဝါရောင်ပိုးသားခြုံထည်ကြီးကို ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်က လဲကျနေသည့် လူကြီးထံသို့ တစ်လှမ်းချင်းလှမ်းလျှောက်လာပြီး လဲကျနေသည့်လူကြီးအား ဆွဲထူလိုက်လေသည်။

"ပုထို၊ မင်းဘယ်လိုဖြစ်လာတာလဲ"

"မိစ္ဆာ . . . မိစ္ဆာကောင်ကြီး"

ရွှေခြုံထည်ကြီးကို ဝတ်ဆင်ထားသည့် လူကြီးမှာ ပုထို၏ရင်ဘတ်တွင်စိုက်ဝင်နေသည့် ဓါးမြှောင်ကလေးကို ဆွဲထုတ်လိုက်သည်။ ဝင်းလက်တောက်ပြောင်နေသည့် ဓါးမြှောင်ကလေးမှာ ထိုလူကြီး၏ လက်အတွင်းသို့ရောက်သွားသောအခါ တဖြည်းဖြည်းပျော့လာပြီးနောက် သွေးများအဖြစ်သို့ပြောင်းလဲသွားကာ လက်ကြားအတွင်းမှ ကြမ်းပြင်ပေါ်သို့ စီးကျသွားသည်။ ထိုလူကြီး မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး

"သွေးကို လက်နက်လိုသုံးနိုင်တယ်ဆိုတော့၊ မဟုတ်မှလွဲရော ဒီလူကြီးက ကျောက်ကုန်းကုန်းကြီးများလား"

ပုထိုမှာ ခေါင်းကိုသာညိတ်ပြနိုင်သည်။ ရွှေခြုံထည်နှင့်လူကြီးက တဟင်းဟင်းနှင့်ရယ်မောရင်း

"ယုန်ထောင်ကြောင်မိဆိုတာ ဒါပဲဟေ့၊ ဘာပဲပြောပြော မင်းတာဝန်ကျေပါတယ် ပုထို၊ မင်းက ငါတို့ ရွှေဝတ်လုံဂိုဏ်းအတွက် ဦးဆွေးဆံမြည့် တာဝန်ထမ်းဆောင်ခဲ့ပါပေတယ်"

ထိုလူကြီးပြောဆိုပြီးသည့်အခါ ပုထိုမှာ နာကျင်စွာအော်ဟစ်လျက် ကြမ်းပြင်တွင်လူးလိမ့်ရင်း မကြာခင်ငြိမ်သက်သွားတော့သည်။ သူသေဆုံးသွားသည့်အခါ သူ့ပါးစပ်အတွင်းမှ ပျားကောင်များက ပျံဝဲကာထွက်သွားကြလေသည်။ ရွှေခြုံထည်နှင့်လူကြီးမှာ ကိုးဆင့်မြောက်ဘုံပေါ်ရှိ ကြေးခေါင်းလောင်းတစ်လုံးအား ထိုးလိုက်လေသည်။ နှုတ်မှလည်း

"ငါ့တပည့်တွေ လာခဲ့ကြတော့၊ ငါတို့ နှစ်ပေါင်းခြောက်ရာတိတိ လိုက်လံဖမ်းဆီးနေတဲ့ ကုန်းကုန်းကြီးကို ခြေရာခံမိပြီ"

ထိုသို့ရေရွတ်ပြီးနောက် ထိုလူကြီးက မျက်မှောင်ကြုတ်လျှက်

"အကိုကြီး၊ ဒီတစ်ခါတော့ အကိုကြီးကို ကျုပ်အလွတ်မပေးတော့ဘူး"

ဆက်ရန်။

#အဂ္ဂဇော်#ငခမ်း
292001
GhostWhispers logo
GhostWhispers

14:47 03 thg 9, 2026

လုံဒီက အမျိုးစုံလှုပ်နှိုးသော်လည်း ချောင်ဖန်းမှာတော့ လူသေကောင်ကြီးတစ်ကောင်ပမာ ငြိမ်သက်လျက်ရှိသည်။ ငခမ်းနှင့် ပုထိုတို့၏ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာသည်။ အလွန်များပြားလှသည့် ပျားကောင်များနှင့် တိုက်ခိုက်နေရသည်မို့ ငခမ်းမှာလည်း အခြေအနေသိပ်မဟန်လှပေ။ ငခမ်း၏ ကျောကုန်း၊ လက်မောင်းနှင့် ရင်ဘတ်တွင် ရွှေပျားကောင်များက ထိုးစိုက်နေကြသည်။ လုံဒီမှာ မနေသာတော့သဖြင့် ပျားကောင်များကိုဝင်ရောက်တိုက်ခိုက်လေသည်။ ရွှေကြာပွင့်လက်နက်ကို တဝှီးဝှီးမြည်အောင်လွှဲခတ်ရင်း ပျားကောင်များကို ရိုက်ပုတ်ချသည်။ ငခမ်းက လုံဒီအားကြည့်လိုက်ရင်း

"လုံဒီ၊ ငါတို့ရဲ့ရန်သူဟာ ပျားကောင်တွေမဟုတ်ဘူး"

လုံဒီက ခေါင်းညိတ်လိုက်ကာ ပုထိုအားပြေးဝင်ရောက်၍ တိုက်ခိုက်တော့သည်။ ပုထိုမှာလည်း လုံဒီ၏တိုက်ကွက်များကို ကျွမ်းကျင်စွာရှောင်ရှားနေသည်။ ယခုအတိုင်းဆက်လက်တိုက်ခိုက်နေလျင် မလွယ်မှန်းလုံဒီကသိလိုက်ကာ ကြမ်းပြင်တွင်ကျနေသည့် အုတ်ခဲအပိုင်းအစတစ်ခုကို ခြေထောက်ဖြင့်ခတ်ကန်ကာ ပုထိုထံသို့ကန်ထည့်လိုက်သည်။ သူ့ထံပျံဝဲ၀င်လာသည့် အုတ်ခဲပိုင်းကို ပုထိုက လက်သီးတစ်ချက်ဖြင့်ထိုးနှက်လိုက်လေရာ နှစ်ကြာရှည်နေသည့် အုတ်ခဲမှာ အပိုင်းပိုင်းအစစဖြစ်သွားပြီး မြေမှုန်များမှာ လေထုအတွင်းပြန့်ကျဲထွက်သွားလျှက် ပတ်ဝန်းကျင်မှာမှုန်ဝါးသွားတော့သည်။ ထိုအခိုက်ကို အခွင့်ကောင်းယူကာ လုံဒီက ပုထို၏ လည်ပင်းအား ရွှေကြာပွင့်လက်နက်ရှိ သံကြိုးနှင့််ပစ်ခတ်ရစ်ပတ်လိုက်လေရာ ပုထိုမှာမရှောင်နိုင်တော့ပဲ သံကြိုးမှာလည်ပင်းကိုရစ်ပတ်သွားလေသည်။

လုံဒီက သံကြိုးအား ဆွဲဆောင့်လိုက်ရာ ပုထိုမှာအရှေ့သို့ယိမ်းကျသွားသည်။ ငခမ်းက ထိုအဖြစ်ကို အခွင့်ကောင်းယူလျှက် လေပေါ်သို့ခုန်တက်လိုက်ကာ လက်ထဲမှာဓါးဖြင့် ပုထို၏လည်ပင်းကို ခုတ်ပိုင်းဖြတ်ချလိုက်လေသည်။ ပုထို၏ခေါင်းမှာ လည်ပင်းမှပြတ်ကျသွားကာ မြေပေါ်တွင်လိမ့်သွားသည်။ သို့သော်လည်း မြေကြီးနှင့်ထိသည့်အခါ ခေါင်းပြတ်ကြီးမှာ မြောက်များစွာသော ပျားကောင်များအဖြစ်အသွင်ပြောင်းသွားကာ လေပေါ်တွင်ပျံဝဲသွားလျှက် လည်ပင်းပြတ်နေရာတွင် သွားရောက်စုပြုံကာ နားနေကြရင်း မကြာခင် လူခေါင်းကြီးအဖြစ်ပြန်လည်ဖြစ်ပေါ်လာလေသည်။

ငခမ်းနှင့် လုံဒီတို့မှာ ပုထို၏အဖြစ်ကို အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိသည်။ ပုထိုက ပါးစပ်ကြီးကိုဖြဲကာ တဟားဟားနှင့် ရယ်မောရင်း

"မင်းတို့က တော်ပါပေတယ်၊ ဒါပေမယ့် ငါ့လောက်တော့ မတော်ကြသေးဘူးကွ"

ပုထိုက ပြောဆိုရင်း ကျောဘက်သို့လှည့်လိုက်လေသည်။ သူ၏ကျောတွင်လည်း သစ်သာားသေတ္တာကြီးတစ်လုံးကို ကျောပိုးလွယ်ထားလျှက်သားဖြစ်နေသည်။ ပုထိုက ပြောပြောဆိုဆိုနှင့် ထိုသေတ္တာကြီးအား ဆွဲဖွင့်ချလိုက်လေရာ အတွင်းမှ ထောင်နှင့်ချီသည့် ပျားကောင်များက ပျံဝဲထွက်လာကြသည်။

ထိုစဉ်မှာပင် ချောင်ဖန်းက မျက်လုံးများပွင့်လာကာ ငေါက်ခနဲထလိုက်လေသည်။ ပြီးနောက် သူ၏ပါးစပ်အားဖြဲလိုက်ကာ အသံအကျယ်ကြီးနှင့််ဟစ်အော်လိုက်သည်။ ချောင်ဖန်း၏အသံမှာ ခပ်စူးစူးနှင့် အလွန်ကျယ်လောင်လှသည်ဖြစ်ရာ လုံဒီနှင့် ငခမ်းတို့မှာ နားကိုလက်နှင့်ပိတ်ထားကြရသည်။ ချောင်ဖန်းအော်ဟစ်နေရင်း သူ၏ပါးစပ်အတွင်းမှ လှိုင်းတစ်ခုက အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့ထွက်လာလေရာ ပျံဝဲနေသည့် ပျားကောင်များမှာ ထိုလှိုင်းနှင့်ထိတွေ့သည့်အခါ လေပေါ်မှာပင် တဝုန်းဝုန်းပေါက်ကွဲကုန်ကြသည်။

ပုထိုမှာ ချောင်ဖန်းကို အံ့သြတကြီးနှင့်ကြည့်နေမိသည်။

"မင်း . . . မင်းက ဘာကောင်လဲ"

ချောင်ဖန်းက အချိန်ဆွဲမနေတော့ဘဲ ပုထိုဆီသို့ လျှင်မြန်စွာပြေးဝင်သွားလိုက်ကာ အင်္ကျီလက်အတွင်းမှ ဓါးမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်ကာ ထိုဓါးမြှောင်ဖြင့် ပုထို၏ ရင်ဝတည့်တည့်သို့ထိုးစိုက်ချလိုက်လေသည်။ ပုထိုမှာ မျက်လုံးကြီးပြူးထွက်လျှက် အနောက်သို့ခုန်ဆုတ်လိုက်ပြီးနောက် ပျားကောင်များအဖြစ်ပြောင်းလဲသွားကာ အုံလိုက်ကျင်းလိုက် ခေါင်မိုးအပေါက်မှနေ၍ ပျံသန်းထွက်ခွာသွားလေတော့သည်။

လုံဒီက ချောင်ဖန်းအားကြည့်လျှက်

"ဦးလေးချောင်ဖန်း နိုးလာတာ အချိန်ကောင်းပဲ၊ မဟုတ်ရင် ကျွန်မတို့တော့ မတွေးရဲစရာပဲ"

ငခမ်းက သူ့ကိုယ်တွင်စိုက်ဝင်နေသည့် ရွှေပျားကောင်များကို ဆွဲဖြုတ်နေရင်း လုံဒီအားကြည့်လိုက်မိသည်။

"ဟင်၊ လုံဒီ၊ မင်းရဲ့ကျော၊ မင်းရဲ့ကျောမှာ"

လုံဒီက တစ်ဖက်သို့လှည့်လိုက်သည့်အခါ ကျောကုန်းအလယ် လက်ပြင်ကြားတည့်တည့်တွင် ရွှေပျားတစ်ကောင်က ထိုးစိုက်နေသည်ကိုတွေ့လိုက်ရသည်။ ချောင်ဖန်းက ထိုအဖြစ်အားကြည့်ရင်း

"ဟေ့၊ မလုပ်နဲ့"

ဟုအော်ဟစ်ကာ ဟန့်တားလိုက်သော်လည်း ငခမ်းက လက်မြန်ခြေမြန်ဖြင့် ရွှေပျားကောင်အား ဆွဲဖြုတ်လိုက်တော့သည်။ လုံဒီမှာ နာကျင်စွာဖြင့်အော်လျှက် ဒူးထောက်ထိုင်ကျသွားသည်။ ချောင်ဖန်းက ငခမ်းအားကြည့်လျှက်

"မင်းဘယ်လိုလုပ်လိုက်တာလဲ"

"သူ့ဆီက ပျားကောင်ကို နှုတ်ပေးလိုက်တာလေဗျာ"

"မင်းတော်တော်ရူးမိုက်တဲ့ကောင်ပဲကွာ၊ ရွှေပျားပုထိုရဲ့ ပျားကောင်အတုပ်ခံရရင် ပျားကောင်ကိုမဆွဲနှုတ်ရဘူးကွ"

ငခမ်းမှာ ထိတ်လန့်သွားလျှက်

"ဆွဲနှုတ်လိုက်ရင်ဘာဖြစ်သလဲဗျ"
218002
GhostWhispers logo
GhostWhispers

14:47 03 thg 9, 2026

ပြာကျသွားလေသည်။

"ဘယ်သူလဲ၊ သတ္တိရှိရင်ထွက်လာခဲ့ဟေ့"

(၂)

ငခမ်းက အော်လိုက်သည့်အခါ သူတို့တည်းခိုသည့်အဆောက်အဦ၏ ပြိုကျနေသည့်အမိုးပေါ်တွင် လူရိပ်တစ်ခုကိုလှမ်းမြင်တွေ့လိုက်ရသည်။ တစ်ဖန် တဝီဝီအသံများကိုကြားလိုက်ရကာ ရွှေရောင်ပျားကောင်ကလေး ငါးကောင်မှာ ပျံသန်းလာပြန်သည်။ ငခမ်းမှာ ကျောကုန်းတွင်လွယ်ထားသည့် ဓါးကိုဆွဲဖြုတ်လိုက်ကာ လေပေါ်တွင်လေးငါးချက်ခန့် လွှဲခုတ်ထည့်လိုက်ရာ ပျားကောင်ကလေးများမှာ မြေပေါ်သို့ပြုတ်ကျကုန်သည်။

ခေါင်မိုးပေါ်မှလူမှာ လက်ခုပ်လက်ဝါးတီးလျှက် အမိုးပေါ်မှခုန်ချလာလေသည်။ မီးပုံအလင်းရောင်နှင့်မို့ ထိုလူကိုသဲကွဲစွာမြင်တွေ့လိုက်ရသည်။ အသက်လေးဆယ်ခန့်အရွယ်ရှိသည့်လူတစ်ဦးဖြစ်ပြီး သူ၏ပခုံးတွင် သစ်သားဖြင့်ပြုလုပ်ထားသည့် သေတ္တာအပြားအချပ်နှစ်ခုကို လွယ်ထားသည်။

"ကောင်းလိုက်တဲ့ဓါးချက်၊ ငါ့ရဲ့ ရွှေပျားတွေကိုတောင်မှ မင်းက ဓါးနဲ့ခုတ်ချနိုင်တယ်တဲ့လား၊ စွမ်းတယ် . . . သိပ်စွမ်းတယ်"

ငခမ်းက ထိုလူအား ဓါးဦးဖြင့်ထိုးချိန်လိုက်ရင်း

"ခင်ဗျားဘယ်သူလဲ"

"ငါ့နာမည်ပုထို လူတွေကတော့ ရွှေပျား ပုထိုလို့ခေါ်ကြတယ်"

"ခင်ဗျားနဲ့ကျုပ်နဲ့ ရန်ငြိုးမရှိဘူး၊ ခင်ဗျားက ဘာဖြစ်လို့ကျုပ်ကို ရန်ပြုရတာလဲ"

"မင်းနဲ့ငါနဲ့ကြားမှာ တခြားရန်ငြိုးရန်စမရှိပါဘူး၊ မင်းကိုတောင် ငါကမသိဘူး"

"ဒါဖြင့် ဘာဖြစ်လို့များ ခင်ဗျားက တိုက်ခိုက်ရတာလဲ"

"အဲဒါကတော့ မင်းက မိစ္ဆာဖြစ်နေလို့ပေါ့ကွ"

ငခမ်းမှာ ပုထို၏စကားကိုကြားလိုက်ရပြီး အံ့အားသင့်သွားသည်။ ပုထိုက ဆက်လက်၍

"မင်းဟာ မိစ္ဆာဖြစ်နေသမျှကာလပတ်လုံး မင်းနဲ့ငါက ရန်သူတွေဖြစ်နေမှာပဲ"

ပုထိုက ပြောဆိုလိုက်ကာ ပခုံးတွင်လွယ်ထားသည့် သစ်သား သေတ္တာအရှည်ကလေးအား အဖုံးဖွင့်လိုက်သည်။ ထိုအခါ သေတ္တာအတွင်းတွင် ပျားအုံကွက်သဏ္ဍာန် အကွက်ကလေးများကိုမြင်တွေ့လိုက်ရလေသည်။

"ငါ့သားတွေ ထွက်ကြစမ်း၊ မင်းတို့စားဖို့ မိစ္ဆာတစ်ကောင်တော့ တွေ့ထားပြီဟေ့"

ထိုအကွက်ကလေးများအတွင်း ရွှေရောင်အလင်းရောင်များ ဝင်းလက်လာကာ အတွင်းမှ ပျားကောင်ကလေးများ ပြေးထွက်လာကြလေသည်။ ယခုတစ်ခါတွင်တော့ ပျားကောင်ပေါင်း လေးငါးဆယ်ခန့်ရှိမည်ထင်သည်။ ပျားကောင်များမှာ ငခမ်းအနီးတွင်ပျံဝဲနေကြကာ ငခမ်းထံသို့ တစ်ကောင်ပြီးတစ်ကောင် ထိုးစိုက်ဝင်ရောက်လာသည်။ ငခမ်းမှာ ဓါးချက်ဖြင့်လိုက်လံခုတ်ဖြတ်နေသော်လည်း ပျားကောင်အချို့ကိုတော့ မကာကွယ်နိုင်ဘဲရှိလေရာ ရွှေပျားကောင်တစ်ကောင်မှာ ငခမ်း၏ ဘယ်ဖက်လက်မောင်းထံသို့တိုးဝင်ကာ ပျားဆူးဖြင့်ထိုးချလိုက်လေသည်။

"အား . . ."

ငခမ်းက အော်ဟစ်လိုက်ကာ အနောက်သို့ခုန်ဆုတ်လိုက်ရသည်။ ဓါးကို ကြမ်းပြင်တွင်ထိုးစိုက်ချလိုက်ကာ ဘယ်ဘက်လက်မောင်းတွင်စိုက်ဝင်နေသည့် ပျားကောင်ကို ညာဘက်လက်ဖြင့် ဖမ်းဆီးလိုက်ကာ လက်အတွင်းချေမွပစ်လိုက်တော့သည်။

"ဘယ်လိုလဲ မိစ္ဆာကောင်ရ၊ ပျားတစ်ကောင်တုပ်တာတောင်မှ မင်းက အတော်နာနေတာလားကွ၊ ငါ့မှာ ပျားကောင်ပေါင်း ထောင်သောင်းချီရှိသေးတယ်ကွ၊ ဒီကောင်တွေကိုသာ လွှတ်ပေးလိုက်ရင် မင်းလိုမိစ္ဆာမျိုးဆို တစ်ချက်တည်းနဲ့ သေသွားမှာပဲ"

ငခမ်းက အံကြိတ်လိုက်ကာ ဓါးကိုဆွဲနှုတ်လိုက်လေသည်။ သို့သော် ပျားတုပ်ခံထားရသည့် ဘက်ဘက်လက်မောင်းအုံမှာ ထုံကျင်နေကာ လှုပ်ရှား၍မရတော့ပေ။ သာမန်ထိခိုက်ဒဏ်ရာများကို မနာမကျင် မခံစားရသည့်ငခမ်းမှာ အခုတော့ နာကျင်မှုဝေဒနာကို ခံစားနေရပြီဖြစ်သည်။

"မင်းကို ငါမသတ်ချင်ပါဘူးကွာ၊ မင်းလိမ်လိမ်မာမာနဲ့ အညံ့ခံလိုက်စမ်းပါ""

"မင်းလိုကောင်ကို အညံ့ခံမယ်များထင်နေသလားကွ"

ငခမ်းမှာ အော်ဟစ်လိုက်ပြီး ပုထိုကို ဓါးဖြင့်ပြေးပိုင်းလိုက်သည်။ ပုထိုမှာပေါ့ပါးစွာဖြင့် အနောက်သို့ ခုန်ဆုတ်ကာရှောင်ရှားလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့ပခုံးမှ သေတ္တာကပွင့်ထွက်သွားကာ ရွှေပျားကောင်များ ပျံထွက်လာပြန်သည်။ ပျားကောင်များမှာ ငခမ်းထံသို့ အုပ်စုလိုက်ဖွဲ့ကာ ပျံသန်းလာလေရာ ငခမ်းလည်း မဟန်တော့သည်မို့ သူ့ကျောကုန်းမှ လင်းနို့တောင်ပံကြီးထုတ်ကာ ပျားအုပ်ကို တောင်ပံနှင့်ရိုက်ထည့်လိုက်သည်။ ပျားကောင်များမှာ အခန်းအတွင်းသို့ပြန့်ကျဲကျသွားကာ ပျက်စီးသွားကြလေသည်။ ပုထိုမှာ ငခမ်းအား တအံ့တသြနှင့်ကြည့်ကာ

"လတ်စသတ်တော့ မင်းက အကောင်ကြီးပဲ၊ အကောင်အကြီးကြီးပဲကွ"

ပုထိုမှာ အားရဝမ်းသာဖြစ်နေဟန်တူသည်။ ထိုအခိုက် ငခမ်းတို့၏တိုက်ခိုက်သံများကြောင့် လုံဒီမှာလန့်နိုးလာသည်။ လုံဒီက မျက်လုံးကိုဖွင့်လိုက်ပြီး ရွေကြာပွင့်လက်နက်ကို လက်ဖြင့်ဆွဲကိုင်ထားလိုက်သည်။

"ငခမ်း၊ သူကဘယ်သူလဲ"

"သူ့နာမည် ပုထိုတဲ့"

"သူက ဘာလုပ်တာလဲ"

"ငါတို့ရဲ့ရန်သူပဲ"

ပြော၍ပင်မဆုံးသေး ငခမ်းထံသို့ ပျားတစ်အုပ်က ပျံဝင်လာပြန်သည်။ ငခမ်းက အတောင်ပံနှင့်တိုက်ခိုက်နေသည်မို့ လုံဒီက ငခမ်းတိုက်ချက်များကို ရှောင်တိမ်းရင်း အခန်းထောင့်တွင်အိပ်ပျော်နေသည့်် ချောင်ဖန်းအနီးသို့တိုးကပ်သွားလိုက်သည်။

"ချောင်ဖန်း၊ ဦးလေးချောင်ဖန်း၊ ထပါအုံး"
145001
GhostWhispers logo
GhostWhispers

14:47 03 thg 9, 2026

ပြောပြောဆိုဆိုနှင့် လုံဒီမှာ ပြိုကျပျက်စီးနေသည့်် သစ်သားစများကို လိုက်လံကောက်ယူကာ လေကွယ်သည့်တစ်နေရာတွင် စုပုံလိုက်လေသည်။ ထို့နောက် မီးခတ်ကျောက်ကိုထုတ်လိုက်ပြီး မီးခတ်နေလိုက်သည်။ သစ်သားစများက အနည်းငယ်စိုစွတ်နေသဖြင့်် အတော်နှင့်မီးမစွဲပေ။ ထိုအခါ ချောင်ဖန်းက လုံဒီ၏လက်ကိုဆွဲယူလိုက်ပြီး

"မီးအတွက်နဲ့ ဒီလောက်အပင်ပန်းမခံပါနဲ့ မင်းသမီး"

ထိုသို့ပြောဆိုရင်း သစ်သားစများဆီသို့ စိုက်ကြည့်လိုက်လေသည်။ ချောင်ဖန်း၏ မျက်လုံးနှစ်လုံးမှာ အနီရောင်ဝင်းခနဲလက်ခနဲဖြစ်သွားကာ သစ်သားစများမှာ တဖြည်းဖြည်းညိုမဲလာပြီး မီးခိုးများအူထွက်လာသည်။ မျက်စိရှေ့တွင်ပင် မီးတောက်တစ်ခုက ဟုန်းခနဲထတောက်ကာ မီးပုံတစ်ခုအဖြစ်ပြောင်းလဲသွားတော့သည်။ လုံဒီမှာ ချမ်းအေးနေသည်မို့ မီးလှုံရင်း

"ဦးလေးချောင်ဖန်းက ဘယ်ဆိုးလို့လဲ၊ ဦးလေးသာ ရှိရင် ဟောဒီမီးခတ်ကျောက်က လိုမှာမဟုတ်ဘူး"

ငခမ်းက ချောင်ဖန်းအား မသင်္ကာသည့်မျက်လုံးများဖြင့်် စိုက်ကြည့်နေလေရာ ချောင်ဖန်းမှာ ခပ်အမ်းအမ်းဖြစ်နေသည်။

"ဒီလိုပါ မင်းသမီးရဲ့၊ ကျိုးအော့လော့က မှော်ဆရာမဟုတ်လား၊ သူနဲ့ပေါင်းရင်း သူ့ဆီက မှော်ပညာနည်းနည်းပါးပါးလောက် သင်ယူထားလို့ပါ"

လုံဒီက ခေါင်းညိတ်လျှက်

"မီးရတာကတော့ဟုတ်ပါပြီ၊ ပြောရင်းဆိုရင်း ရေဆာလာသလိုပဲ၊ ရေနွေးလေးသောက်လိုက်ရရင် သိပ်ကောင်းမှာပဲ"

ငခမ်းက ထိုင်နေရာမှ ထလိုက်ရင်း

"ကျုပ်ရေသွားရှာပေးမယ်"

ထိုအခါ ချောင်ဖန်းက လက်ကာပြလိုက်ကာ

"မလိုပါဘူး၊ ခွက်သာရှာလာခဲ့"

"ဟင်၊ ဦးလေးက ရေတောင်လုပ်တတ်တာလား"

ချောင်ဖန်းက ဘာမှမပြောဘဲ မုတ်ဆိတ်မွှေးများကိုသာ လက်ဖြင့်ပွတ်နေသည်။ ငခမ်းက အပြင်သို့ထွက်လိုက်ပြီး ခွက်တစ်ခုကိုရှာဖွေနေမိသည်။ သို့သော် ဘုန်းကြီးကျောင်းပျက်အတွင်း မည်သည့်အရာမှ အကောင်းမရှိပေ။ နောက်ဆုံး ဝါးရုံကြိးကိုလှမ်းကြည့်မိလိုက်သည်။ ဝါးရုံကြီးဆီသို့ပြေးသွားလိုက်ပြီး ပင့်ကူသံဖြူဓါးဖြင့် ဝါးပင်တစ်ပင်အားခုတ်ဖြတ်ပြီး ဝါးဆစ်ပိုင်းကလေးများအား ခွက်သဏ္ဍာန်ခုတ်ဖြတ်ကာ ပြန်ယူလာခဲ့သည်။ ချောင်ဖန်းအား လှမ်းပေးလိုက်သည့်အခါ ချောင်ဖန်းက ဝါးဆစ်ပိုင်းတစ်ခုကိုယူလိုက်ပြီး လက်တစ်ဖက်နှင့်ကိုင်ကာ အခြားလက်တစ်ဖက်မှ လက်ညှိုးဖြင့် ဝါးဆစ်ပိုင်းခွက်အတွင်းသို့ ထိုးချိန်လိုက်သည်။

ထိုအခါ ချောင်ဖန်း၏လက်ညှိုးအတွင်းမှ ရေများက ကရားအိုးသွန်သကဲ့သို့ထွက်လာပြီး ဝါးဆစ်ပိုင်းမှာ တခဏအတွင်းမှာပင် ပြည့်လျှံသွားလေသည်။

"မင်းသမီးက ရေနွေးအပူသောက်ချင်တယ်မဟုတ်လား"

ထိုသို့ပြောလိုက်ပြီး ဝါးဆစ်ပိုင်းကို မျက်လုံးနှင့်စိုက်ကြည့်လိုက်ရာ ဝါးဆစ်ပိုင်းအတွင်းမှ ရေများမှာ ပလုံစီကလေးများတက်လာပြီး မကြာခင်မှာပင် ပွက်ပွက်ဆူလာတော့သည်။ လုံဒီမှာ အံ့သြလွန်း၍ လက်ခုပ်လက်ဝါးပင်တီးမိသည်။

"ဦးလေးချောင်ဖန်းက သိပ်စွမ်းတာပဲ"

"မင်းသမီးက ချီးကျူးလွန်းနေပါပြီ"

လုံဒီက ချောင်ဖန်းထံမှ ဝါးဆစ်ပိုင်းကလေးကိုလှမ်းယူလိုက်ကာ ရေနွေးပူပူများကို တဖူးဖူးနှင့်မှုတ်သောက်နေတော့၏။ ညက တဖြည်းဖြည်းနက်လာသည်။ ချောင်ဖန်းမှာ အိပ်ချင်သည်ဟုဆိုကာ အခန်းထောင့်နားတွင်ထိုင်လျှက် ကွေးကွေးကလေးအိပ်သွားသည်။ လုံဒီမှာလည်း မီးပုံနံဘေးတွင်ထိုင်ကာ ငိုက်မြည်းနေလေသည်။ ငခမ်းတစ်ယောက်ကသာ ပင့်ကူသံဖြူဓါးကြီးထမ်းကာ ငုတ်တုတ်ထိုင်နေမိသည်။ ချောင်ဖန်း၏ အိပ်ပျော်နေပုံကိုကြည့်ကာ ငခမ်းစိတ်ထဲမရိုးမရွဖြစ်လာလေသည်။ သို့နှင့် ညာဘက်လက်ဖဝါးကိုဖြန့်လိုက်ပြီး

"အသေးလေး၊ မင်းပြောတာဟုတ်မှဟုတ်ရဲ့လား"

"ဘာကိုပြောတာလဲ"

"ချောင်ဖန်းကိုကြည့်ရတာ မသင်္ကာဘူး၊ ပြီးတော့ စတွေ့တုန်းက ပုံစံနဲ့သိပ်မတူတော့သလိုပဲ"

"ဘယ်လိုမတူတော့တာလဲငခမ်းရ"

"ဒီလိုပါကွာ၊ ချောင်ဖန်းက အခုရေတွေထုတ်ပြ၊ မီးတွေမွှေးပြနဲ့ ဒီလောက်တောင်စွမ်းနေရင် အရင်က ဖုတ်ကောင်တွေဝိုင်းတိုက်တဲ့အချိန်မှာ သူကဖုတ်ကောင်တွေရန်ကို ဘယ်ကြောက်စရာလိုပါ့မလဲ၊ အဲဒီအချိန်ကတည်းက ဒီလိုပညာတွေကို ထုတ်သုံးပါတော့လား"

"မင်းပြောတာလည်းဟုတ်တယ်ကွ၊ ဒါပေမယ့် ချောင်ဖန်းက မျက်လှည့်ပညာလောက်ပဲတတ်ပြီး မှော်ပညာကို မတတ်ဘူးဆိုရင်ရော"

"ငါဒီအချက်ကို သေသေချာချာသိချင်တယ်"

"မင်းက ဘာကိုသေချာချင်တာလဲ"

"ချောင်ဖန်းကို ငါ့စိတ်ထဲ လူလို့ကိုမထင်ဘူး အသေးလေး၊ မင်းက လူတွေကို လူလားမိစ္ဆာလားဆိုပြီး အကဲဖြတ်နိုင်တယ်မဟုတ်လား၊ ဒီတော့ မင်းနဲ့ငါစမ်းသပ်ကြည့်ချင်တယ်"

ငခမ်းက ထိုင်နေရာမှ ထလိုက်ကာ ချောင်ဖန်းအနီးသို့ တစ်လှမ်းချင်းလျှောက်လာခဲ့လေသည်။ အိပ်ပျော်နေသည့် ချောင်ဖန်းမှာ တုတ်တုတ်မျှပင်မလှုပ်ပေ။ ငခမ်းက သူ၏ညာဘက်လက်ကို ကမ်းလိုက်ကာ ချောင်ဖန်း၏ နဖူးပြောင်ပြောင်ကြီးဆီသို့ တဖြည်းဖြည်းတိုးကပ်သွားလိုက်သည်။ ငခမ်း၏လက်နှင့် ချောင်ဖန်း၏နဖူးထိတော့မည့်အချိန်မှာပင် အပြင်ဘက်မှ တဝီဝီမြည်သံများကိုကြားလိုက်ရသည်။

ငခမ်းက အလျင်အမြန်လှည့်ကြည့်လိုက်သည့်အခါ ရွှေရောင်ဝင်းလက်တောက်ပနေသည့် ပျားပိတုန်းကောင်ကဲ့သို့ အကောင်ကလေးများဖြစ်နေသည်။ ထိုအကောင်ကလေး နှစ်ကောင်မှာ ငခမ်းထံသို့ အလွန်လျှင်မြန်သည့်အရှိန်နှင့်ပြေးဝင်လာလေရာ ငခမ်းက ညာဘက်လက်ဖြင့် အလျှင်အမြန်ပုတ်ချလိုက်ရသည်။ ငခမ်း၏ ပုတ်ချက်ကြောင့် ပျားပိတုန်းကောင်လေး နှစ်ကောင်မှာ မြေပြင်သို့ကျသွားပြီး ရွှေရောင်မီးတောက်များ ဟုန်းခနဲတောက်လောင်သွားကာ
141001
GhostWhispers logo
GhostWhispers

14:47 03 thg 9, 2026

နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် ဖိတ်ခေါ်မထားသောဧည့်သည်
အတွဲ(၄) စာစဉ်(၆)

(၁)

ငခမ်းတို့မှာ တောင်တက်လမ်းအတိုင်း လှည်းကြီးကိုမောင်းနှင်လာခဲ့သည်။ တောင်တက်လမ်းမှာ အနည်းငယ်မတ်စောက်လှသည်မို့ လှည်းအိမ်ဆွဲသည့် မြင်းကြီးနှစ်ကောင်မှာ အားကုန်ရုန်းကာ တက်နေရသည်။ လေအေးများကလည်း တစ်ချက်တစ်ချက်ဝေ့ဝေ့တိုက်နေပြန်သည်။ ငခမ်းမှာ ချမ်းအေးသည့်အတွေ့အထိကို မခံစားနိုင်သည်မို့သာ တော်သေးသည်။ လှည်းအိမ်ကြီးအတွင်းတွင်တော့ လုံဒီနှင့် ချောင်ဖန်းတို့မှာ စောင်ကြီးများကိုခြုံလျှက် လိုက်ပါလာကြသည်။

တောင်ပေါ်မို့ နေဝင်သည်ကစောလွန်းနေသည်။ နေလုံးကြီးက တောင်စောင်းပေါ်တွင်မေးတင်ကာ ပျောက်ကွယ်သွားသည်နှင့် အအေးဓါတ်က ပိုမိုလာခဲ့သည်။ မြင်းများ၏ နှုတ်ခေါင်းပေါက်များမှ အသက်ရှူလိုက်တိုင်း အခိုးအငွေ့များက တဖွားဖွားနှင့်ထွက်နေသည်။ မတ်စောက်သည့် တောင်တက်လမ်းကြီးကို ရုန်းကန်တက်ရသည့်မြင်းများမှာ အချိန်ကြာလာသည့်အခါ မောပန်းလာပုံရပြီး သွားနှုန်းကျလာလေသည်။ တောင်တက်လမ်းတစ်နေရာအရောက် လမ်းချိုင့်ကျင်းတစ်ခုအတွင်းသို့ လှည်းဘီးနစ်သွားလေရာ မြင်းများမှာ မရုန်းကန်ဆွဲနိုင်တော့သဖြင့် ငခမ်းက လှည်းပေါ်မှခုန်ချလိုက်ပြီး လှည်းအိမ်ကြီးအား အနောက်မှတွန်းကာ တက်လာရလေသည်။

လှည်းအိမ်အတွင်းမှ ချောင်ဖန်းက

"တို့ဒီအတိုင်းဆို ခရီးဆက်လို့သိပ်တွင်မယ်မထင်ဘူး၊ တစ်နေရာမှာ နားမှဖြစ်မယ်"

"ဟုတ်တယ်၊ မြင်းတွေသိပ်ပင်ပန်းနေပြီ"

"အရှေ့နားနည်းနည်းသွားရင် ဘုန်းကြီးကျောင်းတစ်ခုရှိတယ်၊ အဲဒီမှာ ငါတို့တည်းခိုလို့ရမှာပါ"

"ကောင်းတာပေါ့၊ လောလောဆယ်တော့ အဲဒီကိုရောက်ဖို့ တော်တော်သွားရအုံးမယ်ထင်တယ်"

ငခမ်းမှာ မြင်းလှည်းကိုတွန်းခဲ့ရင်း တောင်ခါးပန်းတစ်နေရာသို့ရောက်လာခဲ့ကြသည်။ ထိုနေရာတွင် တောင်ကြီးမှာ အနည်းငယ်ပြန့်ပြူးသွားကာ ထူထဲလှသည့် ဝါးရုံပင်များပေါက်ရောက်နေကြသည်။ ထိုဝါးရုံပင်များအကြားတွင်တော့ ဘုန်းကြီးကျောင်းတစ်ခု၏ ခေါင်မိုးကို မသဲမကွဲလှမ်းမြင်ရလေသည်။

ဘုန်းကြီးကျောင်းအနီးရောက်သည့်အခါ ကျောင်းဝန်းအုတ်တံတိုင်းမှာ ပျက်စီးယိုယွင်းကာ ပဲ့ကျနေလေသည်။ ကျောင်းအဝင်တံခါးမှာလည်း ပြိုကျပျက်စီးနေ၏။ ငခမ်းက ကျောင်းအတွင်းသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး

"ချောင်ဖန်း၊ ခင်ဗျားပြောတဲ့ ဘုန်းကြီးကျောင်းဆိုတာ ဒီဟာနဲ့တူတယ်"

ချောင်ဖန်းက လှည်းအိမ်ပြတင်းတံခါးပေါက်မှ ခေါင်းပြူထွက်ကြည့်ရင်း

"ဘုရားရေ၊ ဒီဘုန်းကြီးကျောင်းက ဘာဖြစ်လို့ပျက်စီးသွားရတာလဲ"

"မသမာတဲ့လူတွေလက်ချက်ကြောင့် ဖြစ်မယ်ထင်တာပဲ ဦးလေးချောင်ဖန်း၊ ကဲပါ၊ ဒီလှည်းပေါ်မှာ တစ်ညတာကုန်ဆုံးလို့တော့မဖြစ်ဘူး ကျောင်းပျက်ကြီးဆိုပေမယ့်လည်း အထဲမှာ ကျွန်မတို့တည်းခိုလို့ရမယ့် နေရာတစ်နေရာလောက်တော့ ရှိမှာပါ"

လုံဒီကဝင်ပြောသည်။ သူတို့အားလုံး လုံဒီ၏စကားကိုထောက်ခံလိုက်ကြကာ မြင်းလှည်းကိုကျောင်းဝန်းအနီးသို့မောင်းဝင်လာခဲ့သည်။ မြင်းများကိုဝါးရုံပင်တစ်ခုတွင်ချည်နှောင်ပြီးသည့်နောက် သူတို့အားလုံး ဘုန်းကြီးကျောင်းဝန်းအတွင်းဝင်ခဲ့ကြသည်။ ကျောင်းဝန်းအတွင်း အဆောင်သုံးဆောင်ခန့်ရှိပြီး အားလုံးများပျက်စီးယိုယွင်းနေသည်။ ယခုမှ ပျက်စီးခြင်းမျိုးမဟုတ်ဘဲ နှစ်ကာလများစွာကြာညောင်းကာ ပျက်စီးနေသည့်ပုံစံမျိုးဖြစ်သည်။ အဆောင်သုံးဆောင်အနက် အလယ်ကျောင်းဆောင်မှာ အတော်အတန်ကြီးမားကာ ပျက်စီးမှုနည်းပါးသည်ကိုတွေ့ရသည်။

အလယ်ကျောင်းဆောင်အတွင်းတွင် အုတ်အင်္ဂတေများဖြင့် ပြုလုပ်ထားသည့် ဘုရားဆင်းတုတစ်ဆူရှိသည်။ နှစ်ကာလများစွာကြာမြင့်သော်လည်း ဘုရားဆင်းတုမှာ အကောင်းပကတိအတိုင်းသာရှိနေသေးသည်။ ငခမ်းက ဘုရားဆင်းတုကိုတွေ့သည့်အခါ လန့်သွားမိသည်။ လုံဒီကတော့ ကျောင်းဆောင်အတွင်းသို့ဝင်သွားကာ ဟိုဟိုဒီဒီကြည့်နေလေသည်။ ငခမ်းနည်းတူ ချောင်ဖန်းမှာလည်း ဘုရားကျောင်းဆောင်အတွင်းသို့ မဝင်ရဲဘဲ အပြင်တွင်သာရပ်နေသည်။ လုံဒီက ငခမ်းတို့နှစ်ယောက်ကိုကြည့်ပြီး

"ဦးလေးချောင်ဖန်း၊ အထဲကိုဝင်လာခဲ့ကြလေ"

ငခမ်းက လုံဒီအားခေါင်းခါပြလိုက်သည်။ ချောင်ဖန်းကတော့ ချောင်းတစ်ချက်ဟန့်လိုက်ပြီး

"ဒီနေရာကို ကျုပ်မသင်္ကာဘူး၊ ဒီနေရာက ကျုပ်တို့အတွက် အတားအဆီးတွေရှိလောက်တယ်လို့ ကျုပ်ယူဆတယ်"

လုံဒီက ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ကာ

"ဘာမှမရှိပါဘူး ဦးလေးချောင်ဖန်းရဲ့"

"ဘယ်ကိစ္စကိုမှ အလွယ်ကလေးမတွေးနဲ့ မင်းသမီး၊ ကျုပ်တို့လုပ်နေတဲ့လုပ်ငန်းက လုပ်ငန်းကြီးနော်၊ လုပ်ငန်းကြီးမှန်သမျှမှာ အဖျက်ဆိုတာ ရှိစမြဲပဲ"

"ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ"

ချောင်ဖန်းက ဘုရားကျောင်းဆောင်၏ နံဘေးတွင်ရှိသည့် အဆောင်တစ်ခုကိုလက်ညှိုးထိုးပြလိုက်ကာ

"ဟောဟိုအဆောင်မှာနေကြမယ်ဆိုအဆင်ပြေမယ်"

လုံဒီလည်း ဘာမှမပြောသာတော့ဘဲ ထိုအဆောင်ဆီသို့လာခဲ့သည်။ တံခါးရွက်များပြိုလဲနေသည့် အခန်းတစ်ခုအတွင်းသို့ ဝင်လိုက်ကြသည်။ အခန်း၏ ခေါင်မိုးအုပ်ကြွပ်ပြားများမှာ ပေါက်ပြဲနေသဖြင့် လေကတဝူးဝူးနှင့််ဝင်နေလေသည်။ လုံဒီက လက်မောင်းနှစ်ဖက်ကို လက်ဖဝါးနှင့်ပွတ်သပ်လိုက်ရင်း

"ကျွန်မတို့ မီးဖိုတစ်ခုဖိုမှရမယ်၊ ကျွန်မအရမ်းအေးနေပြီ"

"ဒီဟာက ဟိမဝန္တာရဲ့အစပဲရှိသေးတယ်မင်းသမီး၊ ရှေ့လျှောက်ဆက်သွားရင် ဒီထက်အေးတဲ့နေရာတွေကို ဖြတ်သန်းရအုံးမှာ"

"ကျွန်မက ဗမာပြည်မှာနေခဲ့တာဆိုတော့ ဒီလောက်အအေးဓါတ်ကိုမခံနိုင်သေးဘူးရှင့်"
153000
GhostWhispers logo
GhostWhispers

14:47 03 thg 9, 2026

လက်နက်ကောင်းကောင်းမထောက်ပံ့နိုင်ဘဲ ရရာလက်နက်စွဲကိုင်ကြသည်။

"ကဲ ငါတို့ ဟန်ကျိုးမြို့ကို သွားတိုက်ခိုက်ကြမယ်၊ ငါတို့ဘက်ကလူဆိုရင် အနီရောင်ခေါင်းပေါင်းပေါင်းထားကြ၊ အနီရောင်ခေါင်းပေါင်းမပါတဲ့လူမှန်သမျှကို သုတ်သင်ကြ"

သို့နှင့် ကြာဖြူဂိုဏ်း၏ တော်လှန်ရေးမှာ ခေါင်းပေါင်းနီတော်လှန်ရေးကြီးဖြစ်သွားရတော့သည်။

ချောင်ဖန်းပြောပြသမျှကိုနားထောင်နေရင်း လုံဒီမှာ မျက်လုံးများအရောင်လက်လာသည်။

"ခေါင်းပေါင်းနီတော်လှန်ရေး . . . ဒါဆို ဦးလေးတို့ တော်လှန်ရေးကလည်း ခေါင်းပေါင်းနီတော်လှန်ရေးမဟုတ်လား"

ချောင်ဖန်းက ခေါင်းညိတ်ကာ

"ဟုတ်တယ်၊ ခေါင်းပေါင်းနီတော်လှန်ရေး အောင်မြင်သွားပြီးတော့ မင်မင်းဆက်ကို ထူထောင်နိုင်ခဲ့သလို၊ ငါတို့ကလည်း ချင်းမင်းဆက်ကိုတော်လှန်တဲ့အခါ ဘိုးဘေးတွေအောင်မြင်ခဲ့သလိုမျိုး ခေါင်းပေါင်းနီတော်လှန်ရေးတစ်ခုကို ပြန်လည်ဖန်တီးခဲ့တာပေါ့၊ ငါတို့တော်လှန်ရေးအောင်မြင်ရင် ဒုတိယ မင်မင်းဆက်ကို ဆက်ပြီးတည်ထောင်ကြမယ်လေ"

လုံဒီမှာ အလွန်အားတက်သွားကာ ခေါင်းညိတ်လိုက်လေသည်။ ငခမ်းက မတ်တပ်ထရပ်လိုက်ပြီးနောက်

"ကဲပါ၊ ခင်ဗျားတို့အတိတ်အကြောင်းတွေပြောတာ တော်လောက်ပြီ၊ ကျုပ်တို့ ဒီတောင်ကြီးအပေါ် နေမဝင်ခင်ရောက်မှကောင်းမယ်"

အားလုံးခေါင်းညိတ်လိုက်ကာ လှည်းကြိးကိုမောင်းနှင်လျှက် တောင်ပေါ်သို့တက်လာခဲ့ကြလေတော့သည်။

ဆက်ရန်
#အဂ္ဂဇော်#ငခမ်း#ဆရာခမ်း

ံ
136000

Showing 10 of 10 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram GhostWhispers nói về gì?+

GhostWhispers (@ghostwhispers7) là kênh Telegram thuộc danh mục Sách nói (Audiobooks) trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 280 người đăng ký trên tgdio.

Làm sao để tham gia GhostWhispers (@ghostwhispers7)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @ghostwhispers7 miễn phí.

GhostWhispers có phải kênh Sách nói (Audiobooks) tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của GhostWhispers trước khi tham gia. Hiện có khoảng 280 người đăng ký trên tgdio. So sánh với các kênh Sách nói (Audiobooks) tương tự.

Xem thống kê và bài đăng GhostWhispers ở đâu?+

Trên tgdio, mở trang @ghostwhispers7 để xem thống kê, xếp hạng, đánh giá và bài đăng.