1/2အဲ့လိုဖြစ်ရတာက ခန္ဓာကိုယ်တွင်းမှာ အလျင်အမြန်ပွါးနေတဲ့ ဆဲလ်တွေကို ဓာတုကုထုံးဆေးတွေက ပစ်မှတ်ထား ဖျက်ဆီးတဲ့အတွက် ဆံပင်မွေးညင်းပေါက်တွေနဲ့ အရောင်ထုတ်ပေးတဲ့ ဆဲလ်တွေအပေါ်မှာလည်း သွားပြီး သက်ရောက်မှုရှိလို့ပါ။ ဆံပင်မွေးညင်းပေါက်တွေ တဖြည်းဖြည်း နာလန်ပြန်ထူလာနေချိန်မှာ အရင်ကနဲ့မတူတဲ့ ဆံလုံးပုံစံနဲ့ အရောင် ထွက်လာပါတယ်။ လူအများအတွက် ဒီလိုပြောင်းလဲမှုက ခေတ္တမျှသာဖြစ်ပြီး အချိန်တန်တဲ့အခါ မူလဆံပင်အမျိုးအစားအတိုင်း ပြန်ထွက်လာလေ့ရှိပါတယ်။
#Health @MHAATSARR









