MHAAT θARR Telegram channel photo

MHAAT θARR

@mhaatsarrPublic Channel

တိုးတိုးလေးငိုနေသူတွေရှိလို့ တိတ်တိတ်လေးပျော်ပေးပါ

261

Last views

1.7k (1,719 subscribers)
Thành viên
—
Rating
29
Total Posts
Oct 15, 2026, 3:35 PM
Cập nhật
Apr 10, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel NameMHAAT θARR
Username@mhaatsarr
CategoryĐộng lực hàng ngày
LanguageTiếng Việt
CountryViệt Nam
Thành viên1,719
Channel TypePublic Channel
Created10 thg 4, 2026
Last Updated15 thg 10, 2026 • 7 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#359423-946
Xếp hạng ngôn ngữ
#6922-35
Xếp hạng danh mục
#3005-12

Tăng trưởng người đăng ký

Tổng cộng: 1.7K30 Days growth: -362.1%
09/1609/2109/2610/0110/0610/1110/15
Tăng trưởng người đăng ký - 30 Days
DateSubscribers
16:09:20261,755
17:09:20261,755
18:09:20261,737
19:09:20261,737
20:09:20261,737
21:09:20261,737
22:09:20261,737
23:09:20261,737
24:09:20261,737
25:09:20261,737
26:09:20261,737
27:09:20261,737
28:09:20261,737
29:09:20261,737
30:09:20261,737
01:10:20261,737
02:10:20261,737
03:10:20261,737
04:10:20261,737
05:10:20261,737
06:10:20261,737
07:10:20261,737
08:10:20261,737
09:10:20261,737
10:10:20261,737
11:10:20261,737
12:10:20261,737
13:10:20261,737
14:10:20261,737
15:10:20261,719
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 06:04:20261,944
Week of 13:04:20261,938
Week of 20:04:20261,938
Week of 27:04:20261,910
Week of 04:05:20261,910
Week of 11:05:20261,910
Week of 18:05:20261,882
Week of 25:05:20261,882
Week of 01:06:20261,882
Week of 08:06:20261,882
Week of 15:06:20261,882
Week of 22:06:20261,882
Week of 29:06:20261,821
Week of 06:07:20261,821
Week of 13:07:20261,821
Week of 20:07:20261,821
Week of 27:07:20261,821
Week of 03:08:20261,775
Week of 10:08:20261,775
Week of 17:08:20261,767
Week of 24:08:20261,755
Week of 31:08:20261,755
Week of 07:09:20261,755
Week of 14:09:20261,737
Week of 21:09:20261,737
Week of 28:09:20261,737
Week of 05:10:20261,737
Week of 12:10:20261,719
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20261,938
May 20261,882
June 20261,882
July 20261,821
August 20261,755
September 20261,737
October 20261,719
Tăng trưởng người đăng ký - Yearly
DateSubscribers
20261,719

Top 10 posts

Most viewed posts from this channel

By views
  1. #1တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မွေးဖွားလာတဲ့ ကလေးငယ် ၅၀၀ ကနေ ၁၀၀၀ ကြားမှာ ခ901
  2. #2အဆင်မပြေမှုတွေကြားကသာ ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဘဝဟာ ဒီထက်မ763
  3. #3"ချောကလက်စားရင် ကော်ဖီသောက်သလို လန်းဆန်းနိုင်သလား?"698
  4. #4ပြုန်းတီးသွားတဲ့ သစ်တောတွေနေရာ ကုန်းခေါင်ခေါင်မှာ သစ်တောပြန်စိုက်လို့ရ680
  5. #5ခွေးတွေရဲ့ မျက်လုံးထဲမှာ Cryptochrome 1 လို့ခေါ်တဲ့ မော်လီကျူးတစ်မျိုး636
  6. #6ကလေးလို အသားအရေမျိုး ၃ ရက်နဲ့ ရနိုင်သလား?620
  7. #7မပေးဘဲ မလိုလင့်၊ မမေးဘဲ မဆိုလင့်။590
  8. #8မိုးပေါ်က လေယာဉ်တွေက ဘာလို့ ဖြေးဖြေးလေးသွားနေတာလဲ။585
  9. #9Fatty Liver (အသည်းအဆီဖုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ551
  10. #10ရေမြင်းတွေရဲ့ အရိုးတွေဟာ အလွန်သိပ်သည်းလွန်းတာကြောင့် အခြားရေနေသတ္တဝါတွ533

Bài đăng gần đây

MHAAT θARR logo
MHAAT θARR

19:39 06 thg 9, 2026

Photo1/2
ကင်ဆာဝေဒနာရှင်တွေ ဆေးသွင်းကုသမှု ခံယူပြီးတဲ့အခါ ပြန်ထွက်လာတဲ့ ဆံပင်တွေက ယခင်ကနှင့် မတူဘဲ အရောင် သို့မဟုတ် ဆံပင်အမျိုးအစား ပြောင်းလဲသွားတတ်ပါတယ်။ မူလက ဆံပင်ဖြောင့်စင်းနေသူဆိုရင်တောင် ဆံပင်တွေကောက်သွားတာ လှိုင်းတွန့်လိုဖြစ်သွားတာမျိုးတွေ ကြုံရလေ့ရှိပါတယ်။
အဲ့လိုဖြစ်ရတာက ခန္ဓာကိုယ်တွင်းမှာ အလျင်အမြန်ပွါးနေတဲ့ ဆဲလ်တွေကို ဓာတုကုထုံးဆေးတွေက ပစ်မှတ်ထား ဖျက်ဆီးတဲ့အတွက် ဆံပင်မွေးညင်းပေါက်တွေနဲ့ အရောင်ထုတ်ပေးတဲ့ ဆဲလ်တွေအပေါ်မှာလည်း သွားပြီး သက်ရောက်မှုရှိလို့ပါ။ ဆံပင်မွေးညင်းပေါက်တွေ တဖြည်းဖြည်း နာလန်ပြန်ထူလာနေချိန်မှာ အရင်ကနဲ့မတူတဲ့ ဆံလုံးပုံစံနဲ့ အရောင် ထွက်လာပါတယ်။ လူအများအတွက် ဒီလိုပြောင်းလဲမှုက ခေတ္တမျှသာဖြစ်ပြီး အချိန်တန်တဲ့အခါ မူလဆံပင်အမျိုးအစားအတိုင်း ပြန်ထွက်လာလေ့ရှိပါတယ်။
#Health @MHAATSARR
2610021
MHAAT θARR logo
MHAAT θARR

10:48 03 thg 9, 2026

Photo1/2
ဥစိမ်း

အီးမျူး (Emu) ငှက်ဥတွေဟာ အစိမ်းပုပ်ရောင်ရှိပြီး ပြောင်လက်နေတာကြောင့် အမှတ်တမဲ့ကြည့်လိုက်ရင် ထောပတ်သီးအကင်းကြီးတွေနဲ့ အတော်တူပါတယ်။ ငှက်ဥတစ်လုံးဟာ အလေးချိန် ဂရမ် ၆၀၀ ခန့် ရှိတာကြောင့် ကြက်ဥ ၁၀ လုံးကနေ ၁၂ လုံးစာ မကတဲ့ ပမာဏနဲ့ ညီမျှပါတယ်။
#Bird @MHAATSARR
3060018
MHAAT θARR logo
MHAAT θARR

20:08 01 thg 9, 2026

ကမ္ဘာကြီးမှာ မရောက်ဖူးသေးတဲ့
နေရာတွေအများကြီးရှိနေတာတောင်

ဖုန်းမျက်နှာပြင်လေးသေးသေးလေးကနေပဲ
အဲ့နေရာတွေကိုကြည့်နေရတာက

တကယ်တော့ စိတ်ဓာတ်ကျဖို့ကောင်းတယ်

- ဖုန်းမပါပဲထမင်းစားကြည့်
- ဖုန်းမပါပဲ အိမ်သာသွားကြည့်
- ဖုန်းမပါပဲ coffee ဆိုင်ထိုင်ကြည့်
- ဖုန်းမပါပဲ ကိုယ့် partner နဲ့စကားပြောကြည့်
- ဖုန်းမပါပဲ ရပ်ကွက်ထဲလမ်းလျှောက်ထွက်ကြည့်

ကျနော်တို့သတိမထားမိတာတွေအများကြီးက
ပတ်ဝန်းကျင်မှာပြောင်းလဲနေတာသိလာလိမ့်မယ်

Live in the real one, not in illusion

@thelapyae
3390018
MHAAT θARR logo
MHAAT θARR

19:04 22 thg 8, 2026

Photo
နှင်းကျားသစ်တွေဟာ သူတို့ရဲ့ အမြီးကို ပါးစပ်နဲ့ ကိုက်ထားတတ်တဲ့ ချစ်စရာကောင်းတဲ့ အလေ့အကျင့်ရှိပါတယ်။ ဒါဟာ အမွေးပွပွ အမြီးကြီးကို လည်စည်းပဝါတစ်ခုလို အသုံးချပြီး အေးစက်တဲ့ တောင်ပေါ်လေဒဏ်ကနေ အသက်ရှူလမ်းကြောင်းကို နွေးထွေးအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။
#Animal
4410030
MHAAT θARR logo
MHAAT θARR

19:04 22 thg 8, 2026

Photo
ပျမ်းမျှအားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတစ်ခုခုဟာ အပတ်စဉ်တိုင်း ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရရှိခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပလေ့ရှိပါတယ်။
#FantasticFacts
4180022
MHAAT θARR logo
MHAAT θARR

19:04 22 thg 8, 2026

Photo
မိန်းမမရဘဲ ဖရုံသီးရသွားတာပေါ့။

ယူကရိန်းမှာ အမျိုးသမီးတစ်ယောက်က လက်ထပ်ခွင့်တောင်းခံရတာကို ငြင်းပယ်ချင်တယ်ဆိုရင် လာတောင်းတဲ့အမျိုးသားကို ဖရုံသီးတစ်လုံး လက်ဆောင်ပြန်ပေးလေ့ရှိပါတယ်။ ဒီရိုးရာကို "daryty harbuz" လို့ခေါ်ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ လူသိရှင်ကြား ငြင်းတဲ့ နည်းလမ်းတစ်ခုပါ။ မိန်းမမရဘဲ ဖရုံသီးရသွားတာပေါ့။
#Weird_facts
5250024
MHAAT θARR logo
MHAAT θARR

21:56 09 thg 8, 2026

ရေသန့်မှာ သကြား၊ ပရိုတင်း ဒါမှမဟုတ် အော်ဂဲနစ်ဒြပ်ပစ္စည်းတွေ မပါဝင်တာကြောင့် အခြားအစားအသောက်တွေလို အချိန်ကြာလာတာနဲ့အမျှ ပုပ်သွားတာ၊ သိုးသွားတာမျိုး မရှိပါဘူး။ ရေသန့်ဗူးတွေမှာ ရိုက်နှိပ်ထားတဲ့ သက်တမ်းကုန်ဆုံးရက်က ထုတ်ပိုးမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကြောင့် ပါလာတာဖြစ်ပါတယ်။
#Drink @MHAATSARR
4810025
MHAAT θARR logo
MHAAT θARR

22:43 18 thg 5, 2026

Photo
လူဝံတွေက တိရစ္ဆာန်တွေထဲမှာ မိခင်အပေါ် မှီခိုမှု သက်တမ်းအရှည်ဆုံး ဖြစ်ပါတယ်။ လူဝံမိခင်တစ်ကောင်က သူ့ရင်သွေးကို ပထမ ၁ နှစ်အတွင်းမှာ အောက်မချတမ်း ချီပိုးထားလေ့ရှိပြီး၊ နို့တိုက်ကျွေးတဲ့ သက်တမ်းလည်း ၈ နှစ်ကနေ ၉နှစ် အထိ ကြာမြင့်တတ်ပါတယ်။ အဲ့လို ပြုစုစောင့်ရှောက်တာက အပူပိုင်းမိုးသစ်တောထဲမှာ ရှင်သန်ဖို့ ခက်ခဲနက်နဲတဲ့ အတတ်ပညာတွေ သင်ကြားပေးဖို့ပါ။
#Animal
4150025
MHAAT θARR logo
MHAAT θARR

13:26 18 thg 4, 2026

Photo1/2
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မွေးဖွားလာတဲ့ ကလေးငယ် ၅၀၀ ကနေ ၁၀၀၀ ကြားမှာ ခြေပွါးလက်ပွါးပါသူ တစ်ယောက်ရှိတတ်ပါတယ်။ ဒါပေမဲ့ အာဖရိကန်မျိုးနွယ်တွေမှာတော့ ၁၀၀ ကနေ ၃၀၀ ကြားမှာ တစ်ယောက်ပါတတ်ပါတယ်။

ခြေပွါးလက်ပွါးပါတဲ့ ပုံစံသုံးမျိုးရှိပါတယ်။ ပုံမှန်အားဖြင့် ခြေသန်းလက်သန်းဘေးနားမှာ ပွါးတတ်ပြီး ခြေမလက်မဘေးမှာလည်း ပွါးတတ်ပါတယ်။ ရှားရှားပါးပါး ခြေချောင်းလက်ချောင်းကြားထဲမှာလည်း ပွါးတတ်ပါသေးတယ်။

မျိုးရိုးဗီဇအရ မိဘတွေမှာ ခြေပွါးလက်ပွါးပါရင် သားသမီးမှာလည်း ပါလာနိုင်ခြေ ၅၀% ရှိတတ်ပါတယ်။
#Human @MHAATSARR
9010025
MHAAT θARR logo
MHAAT θARR

04:09 18 thg 4, 2026

Photo
တကယ်တော့ ပျစားပိုးတွေဟာ တခြားအင်းဆက်တွေနဲ့ ယှဉ်ရင် လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါ (STD) ဖြစ်ပွါးမှုနှုန်း အမြင့်ဆုံး အင်းဆက်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ သောင်းပြောင်းမိတ်လိုက်တဲ့ အလေ့အထကြောင့် တစ်ကောင်နဲ့တစ်ကောင်ကြား ကပ်ပါးပိုးမွှားတွေနဲ့ မှိုပိုးတွေ မကြာခဏ ကူးစက်တတ်ကြပါတယ်။
#Insect
4140020
MHAAT θARR logo
MHAAT θARR

18:02 16 thg 4, 2026

အဆင်မပြေမှုတွေကြားကသာ ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဘဝဟာ ဒီထက်မက ပြောင်းလဲသွားမှာပါ။ ဒါပေမဲ့ လူအများစုကတော့ ဒီအမှန်တရားကို မျက်ကွယ်ပြုထားလေ့ ရှိပါတယ်။
#Life_lessons @MHAATSARR
7630024
MHAAT θARR logo
MHAAT θARR

17:53 15 thg 4, 2026

ပြုန်းတီးသွားတဲ့ သစ်တောတွေနေရာ ကုန်းခေါင်ခေါင်မှာ သစ်တောပြန်စိုက်လို့ရသလား။

ရတယ်။ အမြန်ဆုံးသစ်တောပြန်ဖြစ်တဲ့ အပင်က တို့မြန်မာနိုင်ငံရဲ့ ဒေသရင်းသစ်ပင် တမာပဲ။ သူက မြေဆီလွှာပြုန်းတဲ့ မြေညံ့မှာ အလွယ်တကူပေါက်တယ်။ ၆ နှစ်အတွင်းမှာ ပေ ၃၀ အမြင့်ရောက်တယ်။
အကိုး။ ။ကျွန်မချစ်သောနိုင်ငံ-ဂျူး
#Plant @MHAATSARR
6800028
MHAAT θARR logo
MHAAT θARR

21:37 13 thg 4, 2026

Photo
ကိုယ်လုံးတီးပွဲတော်လို့လည်း လူသိများပါတယ်

ဟာဒါက ပွဲတော်က နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဂျပန်ရိုးရာ ပွဲတော်တစ်ခုပါ။ ကိုယ်လုံးတီးပွဲတော်လို့လည်း လူသိများပါတယ်။ ပါဝင်ဆင်နွှဲသူတွေက Fundoshi လို့ခေါ်တဲ့ ရိုးရာလန်ကွတ်တီတစ်ခုကိုသာ ဝတ်ဆင်ထားကြပြီး ဘုန်းကြီးတွေ ပစ်ချလိုက်
တဲ့ ကံကောင်းခြင်းအဆောင်ပစ္စည်းတွေကို လုကြပါတယ်။ ဒီပွဲတော်ကို နှစ်စဉ် ဆောင်းရာသီမှာကျင်းပလေ့ရှိပြီး နောက်တစ်နှစ်ပတ်လုံး ကံကောင်းခြင်းတွေရဖို့ ရည်ရွယ်ပြီး အမျိုးသား ထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲကြပါတယ်။
#Fun_fact
4440022
MHAAT θARR logo
MHAAT θARR

21:37 13 thg 4, 2026

Photo
အပြေးသမားတွေ ဘာလို့ ကုန်းပြီး တာထွက်ကြတာလဲ။
ဒါကို သားပိုက်ကောင် ပုံစံလို့ ခေါ်ပါတယ်။ သားပိုက်ကောင်တွေက အဝေးကြီးကို မခုန်ခင်မှာ ခန္ဓာကိုယ်ကို အောက်နှိမ့်ပြီး ကိုင်းညွတ်လိုက်တဲ့ ပုံစံကို နမူနာယူထားတာပါ။ ၁၉ ရာစုက အားကစားသမားတွေဟာ ဒီလို ခန္ဓာကိုယ်ကို ကုန်းထားတာဟာ အလှပြရုံသက်သက် မဟုတ်ဘဲ အရှိန်အဟုန်အပြည့်နဲ့ ပြေးထွက်နိုင်ဖို့အတွက် ဇီဝသဘောအရ လောက်လေးခွတစ်ခုလို အထောက်အကူပြုတာကို သဘောပေါက်ခဲ့ကြပါတယ်။
#Sport
4040024
MHAAT θARR logo
MHAAT θARR

10:39 13 thg 4, 2026

Photo1/2
"ချောကလက်စားရင် ကော်ဖီသောက်သလို လန်းဆန်းနိုင်သလား?"
ချောကလက်မှာ ကဖင်း (Caffeine) ပါဝင်တာ မှန်ပေမဲ့ အဲ့ဒီပမာဏက ချောကလက်ရဲ့ ကိုးကိုး (Cocoa) ပါဝင်မှုအပေါ်မှာ မူတည်ပါတယ်။ ကိုးကိုးမှုန့် ပါဝင်မှုများတဲ့ Dark Chocolate တွေမှာ ကဖင်းဓာတ် ပိုများပြီး ကိုးကိုးထောပတ်နဲ့ပဲ လုပ်ထားတဲ့ White Chocolate မှာတော့ ကဖင်းလုံးဝ မပါဝင်ပါဘူး။

ထူးခြားတာက ချောကလက်စားလို့ စိတ်ကြည်လင်လန်းဆန်းတာဟာ ကဖင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ သူ့မှာ ကဖင်းရဲ့ မျိုးကွဲဓာတ်ပေါင်းဖြစ်တဲ့ သီအိုဘရိုမင်း (Theobromine) အဓိက ပါဝင်ပါတယ်။ သူက ကဖင်းလောက် အာနိသင် မပြင်းပေမဲ့ ခန္ဓာကိုယ်ထဲမှာ ပိုပြီး ကြာကြာခံတာကြောင့် စိတ်ကို တည်ငြိမ်ပြီး လန်းဆန်းနေစေတာ ဖြစ်ပါတယ်။ ဒါကြောင့် ချောကလက်ဟာ ကော်ဖီလို ချက်ချင်းကြီး တက်ကြွသွားစေတာမျိုးထက် စိတ်ကို ကြည်လင်လန်းဆန်းအောင် ပိုပြီး ကူညီပေးနိုင်ပါတယ်။
#Food @MHAATSARR
6980021
MHAAT θARR logo
MHAAT θARR

18:47 12 thg 4, 2026

Fatty Liver (အသည်းအဆီဖုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အသည်းအဆီဖုံးခြင်းဖြစ်ရသည့် အများဆုံးအကြောင်းရင်းမှာ အရက်သောက်ခြင်းကြောင့်ဟု ယုံကြည်ထားကြသည်။ ဖြစ်ရပ်အများအပြားတွင် အရက်မသောက်သူများ၌ အသည်းအဆီဖုံးခြင်း၏အကြောင်းရင်းကို ဆရာဝန်များ မသိရပါ။ အသည်းအဆီဖုံးခြင်းမှာ ခန္ဓါကိုယ်မှအဆီထုတ်လုပ်မှု များနေလျှင်သော်လည်းကောင်း အဆီများကို လုံလုံလောက်လောက် မချေဖျက်နိုင်လျှင်သော်လည်းကောင်း ဖြစ်လာတတ်၏။
ပိုလျှံနေသော အဆီများကို အသည်းဆဲလ်များတွင် သိုလှောင်ရာမှာ အသည်းအဆီဖုံးရခြင်းဖြစ်သည်။ အဆီများများစားခြင်းက အသည်းဆီဖုံးခြင်းနှင့် တိုက်ရိုက်တော့လည်း မသက်ဆိုင်တတ်ပါ။
အကိုး။ ။Hello ဆရာဝန်
#Health @MHAATSARR
5510017
MHAAT θARR logo
MHAAT θARR

18:59 10 thg 4, 2026

၁၉၄၈ ခုနှစ်မှာ အိုကလာဟိုးမားတက္ကသိုလ်က ပထမဆုံး လက်ခံခဲ့တဲ့ လူမည်းကျောင်းသား George W. McLaurin ဟာ လူမျိုးရေးခွဲခြားမှုဥပဒေတွေကြောင့် သူ့ရဲ့ လူဖြူအတန်းဖော်တွေနဲ့ သီးခြားခွဲပြီး ပညာသင်ကြားခဲ့ရပါတယ်။
ဟောပြောပို့ချမှုတွေကို နားထောင်ဖို့အတွက် အတန်းပြင်ပ ဒါမှမဟုတ် အခန်းထဲက သီးခြားနေရာတစ်ခုမှာ သီးသန့်ထိုင်ခဲ့ရတာမျိုး မကြာခဏ ရှိခဲ့ပါတယ်။
ဒီလို ခွဲခြားဆက်ဆံခံခဲ့ရပေမဲ့လည်း နောက်ပိုင်းမှာ သူ့နာမည်က တက္ကသိုလ်ရဲ့ ထူးချွန်ကျောင်းသားစာရင်းမှာ အတော်ဆုံးကျောင်းသား ၃ ဦးထဲက တစ်ဦးအဖြစ် ပါဝင်လာခဲ့ပါတယ်။
တစ်ခါက သူ အခုလို ပြောခဲ့ဖူးပါတယ် -
"အဖော်တချို့က ကျွန်တော့်ကို တိရစ္ဆာန်တစ်ကောင်လို ကြည့်ခဲ့ကြတယ်။ ဘယ်သူမှ ကျွန်တော့်ကို စကားမပြောကြဘူး။ ဆရာတွေကလည်း ကျွန်တော့်ကို မရှိသလိုမျိုး ဆက်ဆံခဲ့ပြီး ကျွန်တော့်ရဲ့ မေးခွန်းတွေကိုလည်း လျစ်လျူရှုခဲ့ကြတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် စာပေလေ့လာလိုက်စားမှုမှာ ဘယ်လောက်တောင် အာရုံစိုက်ခဲ့သလဲဆိုရင် နောက်ဆုံးမှာ သူတို့ကိုယ်တိုင်ကပဲ ရှင်းပြချက်တွေနဲ့ အဖြေတွေသိဖို့ ကျွန်တော့်ဆီကို လာရောက်ရှာဖွေခဲ့ကြရပါတယ်။"
လူတွေ ကိုယ့်ကို လက်ခံလာအောင် အတင်းအကျပ် ကြိုးစားနေခြင်းက အချိန်ဖြုန်းတီးခြင်းပါပဲ။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့နဲ့ ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်ဖို့သာ အာရုံစိုက်ပါ။ နောက်ဆုံးမှာတော့ လူတွေက သူတို့လိုအပ်တဲ့ အကူအညီတွေတောင်းဖို့ ကိုယ့်ဆီကို အလိုလို ရောက်လာပါလိမ့်မယ်။
#Story
4040022
MHAAT θARR logo
MHAAT θARR

14:22 07 thg 4, 2026

Photo1/2
ကလေးလို အသားအရေမျိုး ၃ ရက်နဲ့ ရနိုင်သလား?
ဈေးကွက်ထဲမှာ "၃ ရက်အတွင်း ကလေးလေးလို နူးညံ့သွားမယ်" ဆိုတဲ့ ကြော်ငြာတွေက တကယ်တော့လုံးဝမဖြစ်နိုင်တဲ့ "ရိုက်စား" တွေပါ။
ကျွန်တော်တို့ရဲ့ အရေပြားဟာ ဆဲလ်အသစ်တွေ အောက်ခြေကနေ အပေါ်ယံကို ရောက်လာဖို့ အချိန်ယူရပါတယ်။ ဒီဖြစ်စဉ်ကို Cell Turnover လို့ ခေါ်ပါတယ်။ ယေဘုယျအားဖြင့် ကလေးငယ်တွေမှာ ရက်သတ္တပတ်နှစ်ပတ်ကြာတတ်ပြီး ဆယ်ကျော်သက်နဲ့ လူငယ်တွေမှာတော့ ၂၁ ရက်ကနေ ၂၈ ရက်အထိ ကြာတတ်ပါတယ်။ အသက် ၃၀ ကျော်လာရင်တော့ တစ်လခွဲအထိ အချိန်ယူတတ်ပြီး အသက် ၅၀ နောက်ပိုင်းမှာတော့ သုံးလအထိ အချိန်ယူတတ်ပါတယ်။

မြွေလို အရေခွံလဲနိုင်တဲ့ သတ္တဝါမဟုတ်ရင် ဘယ်လို ကောင်းတဲ့ Skin Care သုံးသုံး ထိရောက်တဲ့ ရလဒ်ကို မြင်ရဖို့ အနည်းဆုံး တစ်လ ကတော့ စောင့်ရမှာပါ။ အသားအရေ ထိန်းသိမ်းမှုမှာ "ဖြတ်လမ်း" မရှိဘူးဆိုတာ သတိပြုစေချင်ပါတယ်။
#Beauty @MHAATSARR
6200023
MHAAT θARR logo
MHAAT θARR

18:28 03 thg 4, 2026

မပေးဘဲ မလိုလင့်၊ မမေးဘဲ မဆိုလင့်။

သူတစ်ပါးမပေးဘဲ တောင်းရမ်းခြင်း မပြုပါနှင့်၊ သူတစ်ပါးမမေးဘဲလျက် တင်ကြို ပြောဆိုရှင်းပြခြင်း မပြုပါနှင့်။
အကိုး။ ။မြန်မာဆိုရိုးစကား
#Adage @MHAATSARR
5900026
MHAAT θARR logo
MHAAT θARR

19:21 31 thg 3, 2026

Photo1/2
ခွေးတွေရဲ့ မျက်လုံးထဲမှာ Cryptochrome 1 လို့ခေါ်တဲ့ မော်လီကျူးတစ်မျိုး ရှိနေတာကြောင့် သူတို့ဟာ ရွှေ့ပြောင်းငှက်တွေလိုပဲ ကမ္ဘာ့သံလိုက်စက်ကွင်းတွေကို အာရုံခံနိုင်စွမ်း ရှိကြပါတယ်။ ဒီလို ကိုယ်တွင်းသံလိုက်အိမ်မြှောင်ပါရှိနေတာဟာ သူတို့အတွက် မရင်းနှီးတဲ့ နယ်မြေတွေမှာ လမ်းကြောင်းမှန်ကို ရှာဖွေနိုင်ဖို့ အထောက်အကူပြုပါတယ်။ ခွေးတွေဟာ အလွန်ဝေးကွာတဲ့နေရာကနေ အိမ်ကိုပြန်ရှာတဲ့အခါမှာတော့ သူတို့ရဲ့ အလွန်ထက်မြက်တဲ့ အနံ့ခံအာရုံနဲ့ သံလိုက်အာရုံခံနိုင်စွမ်းကိုပါ ပေါင်းစပ် အသုံးပြုကြပါတယ်။
#Pet @MHAATSARR
6360022
MHAAT θARR logo
MHAAT θARR

21:24 30 thg 3, 2026

Photo1/2
ရေမြင်းတွေရဲ့ အရိုးတွေဟာ အလွန်သိပ်သည်းလွန်းတာကြောင့် အခြားရေနေသတ္တဝါတွေလို ရေမကူးနိုင်ပါဘူး။ ရေအောက်မြစ်ကြမ်းပြင်ပေါ်မှာသာ သွားလာနိုင်ကြပါတယ်။ ရေအောက်မှာ ငါးမိနစ်လောက်အထိ အသက်အောင့်ပြီး နေနိုင်ကြပေမဲ့ တကယ်တော့ သူတို့ဟာ ရေကိုနှစ်သက်တဲ့ ကုန်းနေသတ္တဝါတွေသာ ဖြစ်ကြပါတယ်။
#Mammal @MHAATSARR
5330019
MHAAT θARR logo
MHAAT θARR

17:10 28 thg 3, 2026

Photo1/2
နယူးဇီလန်နိုင်ငံဟာ ၁၈၉၃ ခုနှစ်မှာ အမျိုးသမီးအားလုံးကို မဲပေးခွင့်ပြုခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာဥပဒေကို စက်တင်ဘာလမှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပေမဲ့ အမျိုးသမီးတွေ အမှန်တကယ် ပထမဆုံးအကြိမ် မဲထည့်ခွင့်ရခဲ့တဲ့ သမိုင်းဝင်နေ့ရက်ကတော့ ၁၈၉၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ပါ။ ဒီလှုပ်ရှားမှုကို Kate Sheppard က ဦးဆောင်ခဲ့တာဖြစ်ပြီး ထိုစဉ်က အရွယ်ရောက်ပြီးသူ အမျိုးသမီးဦးရေရဲ့ ၂၅ ရာခိုင်နှုန်းခန့်ရှိတဲ့ လက်မှတ်ပေါင်း ၃၂,၀၀၀ နီးပါးပါဝင်တဲ့ "Monster Petition" အသနားခံစာကို လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ သူ့ကို နယူးဇီလန် ၁၀ ဒေါ်လာတန် ငွေစက္ကူပေါ်မှာ ဂုဏ်ပြုဖော်ပြထားပါတယ်။
#History @MHAATSARR
5170021
MHAAT θARR logo
MHAAT θARR

17:17 27 thg 3, 2026

Photo1/2
လူ့ကိုယ်ကနေ လျှပ်စစ်ထွက်သလား။
လူ့ခန္ဓာကိုယ်ဟာ Bioelectrogenesis လို့ခေါ်တဲ့ ဖြစ်စဉ်တစ်ခုကနေတစ်ဆင့် စွမ်းအင်ဝပ် ၁၀၀ ခန့် ထုတ်လုပ်ပေးနေတဲ့ ဇီဝလျှပ်စစ်စက်အမျိုးအစား ဖြစ်ပါတယ်။ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်လိုမျိုး အိုင်းယွန်း (Ions) တွေ ဆဲလ်အမြှေးပါးတွေကနေတစ်ဆင့် ရွှေ့လျားတဲ့အခါ ကျွန်တော်တို့ရဲ့ အာရုံကြောဆဲလ်တွေနဲ့ နှလုံးဆဲလ်တွေမှာ လျှပ်စစ်စီးကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ အဲဒီလျှပ်စစ်စီးကြောင်းတွေကြောင့်ပဲ ကျွန်ုပ်တို့ဟာ စဉ်းစားတွေးတောတာ၊ လှုပ်ရှားနိုင်တာနဲ့ နှလုံးခုန်နှုန်း ထိန်းညှိတာတို့ကို ပြုလုပ်နိုင်တာပါ။ အကယ်၍ ဒီလို "ဇီဝလျှပ်စစ်" အဆက်မပြတ်စီးဆင်းမှုသာ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ အာရုံကြောစနစ်ဟာ ပါဝါကြိုးမတပ်ထားတဲ့ ကွန်ပျူတာတစ်လုံးလိုပဲ ဘာမှလုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

#science @MHAATSARR
4970019
MHAAT θARR logo
MHAAT θARR

12:49 26 thg 3, 2026

Photo1/2
ကမ္ဘာ့အရှည်ဆုံး လျှောက်လမ်းကြောင်း

တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့ကနေ ရုရှားနိုင်ငံ၊ မာဂါဒန်မြို့အထိ ကုန်းကြောင်းချည်းသက်သက် ခြေလျင်ခရီးနှင်လို့ရပါတယ်။
၂၀၁၉ ခုနှစ်မှာ အင်တာနက်အသုံးပြုသူတစ်ဦးက တွေ့ရှိခဲ့တာပါ။ မိုင်ပေါင်း ၁၃,၉၁၀ ရှိပြီး တစ်ရက်ကို ၈ နာရီနှုန်းနဲ့ ရက်မပြတ်လျှောက်မယ်ဆိုရင် ရက်ပေါင်း ၅၆၂ ရက်ခန့် ကြာနိုင်ပါတယ်။ ခရီးစဉ်တစ်လျှောက် အတက်အဆင်းတွေဟာ ဧဝရတ်တောင်ကို ၁၃ ကြိမ် တက်ရသလောက် ပင်ပန်းနိုင်ပါတယ်။ မြေပုံပေါ်မှာ ဒီလမ်းကြောင်းရှိနေပေမဲ့ အခုထက်ထိ ဘယ်သူမှ ဒီခရီးကို မလျှောက်ဖူးသေးပါဘူး။ အရှေ့အလယ်ပိုင်းက စစ်မက်ဖြစ်ပွားရာဒေသတွေ၊ ဆိုက်ဘေးရီးယားရဲ့ အလွန်အမင်းအေးခဲတဲ့ ရာသီဥတုတွေနဲ့ ပြည်ဝင်ခွင့်ဗီဇာ အခက်အခဲတွေကြောင့် ဒါဟာ ကမ္ဘာ့အခက်ခဲဆုံး စိန်ခေါ်မှုတွေထဲကတစ်ခု ဖြစ်နေဆဲပါ။
#Country @MHAATSARR
5230019
MHAAT θARR logo
MHAAT θARR

17:32 25 thg 3, 2026

Photo1/2
လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတွေက အစားအဆိပ်သင့်တာမျိုး တစ်ပြိုင်တည်းမဖြစ်စေဖို့အတွက် မတူညီတဲ့ အစားအစာတွေကိုသာ ခွဲခြားစားသုံးကြရတဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုရှိပါတယ်။ အကယ်၍ အစားအသောက်တစ်ခုခုကြောင့် လေယာဉ်မှူးတစ်ဦး နေမကောင်းဖြစ်ခဲ့တဲ့အခါ ကျန်ရှိတဲ့ လေယာဉ်မှူးက ခရီးစဉ်လက်ကျန်ကို ဘေးကင်းလုံခြုံစွာနဲ့ ဆက်လက်မောင်းနှင်နိုင်ဖို့ပါ။
#Vehicle @MHAATSARR
4390027
MHAAT θARR logo
MHAAT θARR

12:34 23 thg 3, 2026

Photo1/2
အော့အန်ပြီးပြီးချင်း သွားချက်ချင်းမတိုက်ပါနဲ့ ❌
🦷 အန်ပြီးပြီးချင်း သွားတိုက်လိုက်တာဟာ အစာအိမ်ထဲကထွက်လာတဲ့ အက်စစ်တွေကို သွားမျက်နှာပြင်အနှံ့ ပျံ့နှံ့သွားစေပါတယ်။ ဒါဟာ အက်စစ်နဲ့ သွားကြွေလွှာထိတွေ့မှုကို ပိုများစေပြီး သွားကြွေလွှာ ပျက်စီးမှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
⏱ ဒါကြောင့် အန်ပြီးနောက် အနည်းဆုံး မိနစ် ၃၀ ခန့် ကြာမှသာ သွားတိုက်သင့်ပါတယ်။
✅ အက်စစ်ဓာတ်ပြယ်ဖို့အတွက် သွားချက်ချင်းတိုက်မယ့်အစား ရေထဲမှာ မုန့်ဖုတ်ဆိုဒါအနည်းငယ်ထည့်ပြီး ပလုတ်ကျင်းပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
#Health @MHAATSARR
5150019
MHAAT θARR logo
MHAAT θARR

19:21 21 thg 3, 2026

ဝင်ရိုးစွန်းဒေသတွေမှာ သီတင်းပတ်ပေါင်းများစွာ နေမမြင်ရတဲ့ကာလကို "ဝင်ရိုးစွန်းည" (Polar Night) လို့ ခေါ်ပါတယ်။

ဆိုဗီယက်ကာလတုန်းက ဆိုက်ဘေးရီးယားမှာ ကလေးငယ်တွေနဲ့ လူကြီးတွေဟာ (light hunger) လို့ခေါ်တဲ့ မှုန်ဝါးတဲ့အလင်းရောင်ကြောင့် ဆာလောင်မွတ်သိပ်တာနဲ့ ဗီတာမင် D ချို့တဲ့မှုကို တွန်းလှန်ဖို့ အထူးပြုလုပ်ထားတဲ့ ကွပ်စ်မီးအိမ် (quartz lamps) တွေကို အသုံးပြုခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ အလွန်မြင့်မားတဲ့ လတ္တီတွဒ်ဒေသတွေမှာ ဆောင်းရာသီအတွင်း လေထုက UVB ရောင်ခြည်အားလုံးနီးပါးကို စစ်ထုတ်ပစ်လိုက်တာကြောင့် ခန္ဓာကိုယ်ရဲ့ အရေပြားဟာ ဗီတာမင် D ကို သဘာဝအတိုင်း မထုတ်လုပ်နိုင်တော့ဘဲ အရိုးပျော့ရောဂါနဲ့ အလွန်အမင်း နုံးချိခြင်းလိုမျိုး ဝေဒနာတွေကို ခံစားရနိုင်လို့ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် ဆိုဗီယက်ခေတ် ကျောင်းတွေနဲ့ ဆေးခန်းတွေမှာ အကာအကွယ်မျက်မှန်တွေတပ်ပြီး နေရောင်ခြည်ရဲ့ ဇီဝကမ္မအကျိုးသက်ရောက်မှုတွေကို ရရှိစေဖို့ ခရမ်းလွန်ရောင်ခြည်နဲ့ ခေတ္တထိတွေ့စေတဲ့ "အလင်းကုထုံး"အစီအစဉ်တွေကို စနစ်တကျ ပြုလုပ်ပေးခဲ့ကြပါတယ်။ အခုခေတ်မှာတော့ အရေပြားပျက်စီးမှုအန္တရာယ်ကို ရှောင်ရှားဖို့အတွက် ဗီတာမင် D ဖြည့်စွက်စာတွေနဲ့ ခရမ်းလွန်ရောင်ခြည် ဖယ်ရှားထားတဲ့ စိတ်ခံစားမှုမြှင့်တင်ရေး မီးအိမ်တွေကိုသာ အဓိကပြောင်းလဲ အသုံးပြုနေကြပေမဲ့ ဒီလိုအိမ်တွင်းနေပူဆာလှုံတဲ့ထုံးတမ်းတွေဟာ လူသားတွေဟာ ကမ္ဘာ့အကြမ်းတမ်းဆုံး ပတ်ဝန်းကျင်တွေမှာ ဘယ်လိုမျိုး လိုက်လျောညီထွေ ရှင်သန်ခဲ့ကြတယ်ဆိုတာ သိမြင်နိုင်ပါတယ်။

#History @MHAATSARR
5330020
MHAAT θARR logo
MHAAT θARR

17:43 20 thg 3, 2026

Video
မိုးပေါ်က လေယာဉ်တွေက ဘာလို့ ဖြေးဖြေးလေးသွားနေတာလဲ။
တကယ်တော့ ဖြေးဖြေးလေးသွားတာမဟုတ်ပါဘူး။ ဖြေးဖြေးလေးသွားတယ်လို့ မြင်ရတာပါ။
လေယာဉ်,ပျံတာက အလွန်လျင်မြန်ပေမဲ့ ပျံသန်းနေစဉ်မှာ နှေးနှေးလေးရွေ့နေသလို ခံစားရတာဟာ Motion Parallax (ရွေ့လျားမှုဆိုင်ရာ အမြင်အာရုံလွဲမှားခြင်း) ကြောင့် ဖြစ်ပါတယ်။ ပေပေါင်း ၃၃,၀၀၀ (မီတာ ၁၀,၀၀၀) အမြင့်မှာ ရှိနေတဲ့အခါ မြင်ကွင်းထဲရောက်ဖို့ မျက်စိနဲ့ အလွန်ဝေးကွာလွန်းတာကြောင့် ကားပြတင်းပေါက်ကနေ သစ်ပင်တွေကို မြင်ရသလိုမျိုး အမြန်ကြီး ဖြတ်မသွားတော့ဘဲ ဖြည်းဖြည်းချင်းပဲ ရွေ့နေသလို ထင်ရတာပါ။ တကယ်တော့ လေယာဉ်ဟာ ကားထက် ဆယ်ဆမက ပိုမြန်ပေမဲ့ အနီးနားမှာ နှိုင်းယှဉ်စရာ အမှတ်အသားတွေ မရှိတာကြောင့် လိပ်သွားသလိုမျိုး နှေးကွေးနေတယ်လို့ အမြင်မှားစေတာဖြစ်ပြီး လေယာဉ်ပြန်ဆင်းလာတဲ့အခါမှသာ မြေပြင်ကနေ အရှိန်အဟုန်နဲ့လာတာကို သိသာစေပါတယ်။
တကယ်လို့သာ လေယာဉ်တစ်စီးဟာ သူ့ရဲ့ ပုံမှန်အမြန်နှုန်း (တစ်နာရီ ကီလိုမီတာ ၉၀၀) နဲ့ မြေပြင်အထက် ၁၀ မီတာအကွာကနေ ပျံသန်းမယ်ဆိုရင် ကျွန်တော်တို့ မျက်စိရှေ့ကနေ ၀.၀၅ စက္ကန့်အတွင်းမှာတင် ဖြတ်ကျော်သွားမှာပါ။
လူတစ်ယောက် မျက်တောင်တစ်ခတ်စာထက်တောင် ပိုမိုမြန်ဆန်တဲ့ အရှိန်ဖြစ်ပါတယ်။
#Vehicle @MHAATSARR
5850022

Showing 29 of 29 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram MHAAT θARR nói về gì?+

MHAAT θARR (@mhaatsarr) là kênh Telegram thuộc danh mục Động lực hàng ngày trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 1.719 người đăng ký trên tgdio.

Làm sao để tham gia MHAAT θARR (@mhaatsarr)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @mhaatsarr miễn phí.

MHAAT θARR có phải kênh Động lực hàng ngày tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của MHAAT θARR trước khi tham gia. Hiện có khoảng 1.719 người đăng ký trên tgdio. So sánh với các kênh Động lực hàng ngày tương tự.

Xem thống kê và bài đăng MHAAT θARR ở đâu?+

Trên tgdio, mở trang @mhaatsarr để xem thống kê, xếp hạng, đánh giá và bài đăng.