WHY, IF (2026)
************************
IMDb Rating (6.5)
"သေပြီလို့ပဲ ထင်မှတ်ထားခဲ့တဲ့ ဇနီးသည်က ကိုယ့်ရှေ့မှာ ရုတ်တရက် ပြန်ပေါ်လာတဲ့အခါ..."
ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ Sinister Horror Film Festival၊ Bangkok Movie Awards စတဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၃ ဆုအထိ ဆွတ်ခူးရရှိထားပြီး မင်းသား Ryu Tae-Joon နဲ့ မင်းသမီး Yeom Seung-E တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Psychological Thriller ရုပ်ရှင်ကားသစ်လေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့... ဝတ္တုရေးဆရာ ဂန်ဂျီမန်း (Ryu Tae-Joon) ဟာ ဝတ္ထုအသစ် ရေးဖို့အတွက် တက္ကသိုလ်ပါမောက္ခဖြစ်တဲ့ ဇနီးသည် ဆူယောင်း (Yeom Seung-E) နဲ့အတူ ဆိတ်ငြိမ်တဲ့ ကျေးရွာလေးတစ်ရွာဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။
ဂျီမန်းက ဇနီးအပေါ် သံသယစိတ်လွန်ကဲတဲ့ စိတ်ရောဂါ၊ စိတ်အတက်အကျမြန်ရောဂါ စတဲ့ စိတ်ရောဂါတွေကို ခံစားနေရပြီး ဆေးရုံလည်း ၃ ကြိမ်တိုင်တိုင် တက်ခဲ့ရဖူးသူပါ။ ရွာလေးဆီ ပြောင်းလာတာကလည်း ဝတ္တုရေးဖို့က တစ်ကြောင်း ရောဂါကို ကုစားအပန်းဖြေဖို့က တစ်ကြောင်းပေါ့။
ဒီလိုနဲ့ တစ်နေ့ ဇနီးဖြစ်သူ ဆူယောင်းကို ငယ်ငယ်ချောချော ကောင်လေးတစ်ယောက်က အိမ်ပြန်လိုက်ပို့တဲ့မြင်ကွင်းကို မြင်လိုက်ရတဲ့အခါမှာ ဂျီမန်းရဲ့ သံသယစိတ်နဲ့ သဝန်တိုစိတ်တွေက ပေါက်ကွဲထွက်လာပြီး စိတ်မထိန်းနိုင်တဲ့ အဆုံးမှာတော့ ဆူယောင်းကို သတ်မိတဲ့အထိပါ ဖြစ်သွားခဲ့ရပါတယ်။
ဂျီမန်းက ဆူယောင်းသေပြီလို့ပဲ ထင်မှတ်ပြီး မြေမြှုပ်ပြီးနောက်မှာ အိမ်ပြန်လာခဲ့ပေမဲ့လည်း နောက်နေ့ မနက်ခင်းကျတော့ မီးဖိုချောင်ထဲမှာ ပုံမှန်အတိုင်း ထမင်းဟင်းချက်နေတဲ့ ဆူယောင်းကို မြင်တွေ့လိုက်ရတဲ့အခါမှာ...
ဆူယောင်းက တကယ်ပဲ သေရာကနေ ပြန်ရှင်လာတာလား... ဒါမှမဟုတ် ဂျီမန်းရဲ့ စိတ်ရောဂါကြောင့်ပဲ အထင်မှားနေတဲ့ ပုံရိပ်ယောင်တစ်ခုသက်သက်လား...
ဇာတ်ကားတစ်လျှောက်လုံး ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားလဲဆိုပြီး လိုက်ပါ စိတ်ကစားရမယ့် ကားကောင်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ကြပါဦးရှင်။
🎬ဇာတ်ကား ကြည့်ရန် Link -
https://t.me/MovieBox00001/1376================
👀 Game စုံတဲ့ဆိုက်အသစ် ရှာနေတာလား?
🔥 BOSSI IS HERE! 🔥
🎮 Game စုံ
🎯 Mission စုံ
🎁 Bonus စုံ
💎 Reward တွေကို ရယူနိုင်မယ့် အခွင့်အရေးတွေ စောင့်နေပြီ!
တစ်နေရာတည်းမှာ Game မျိုးစုံကို ရှာဖွေပြီး ဆော့ကစားလိုက်ပါ 🚀
👉 Bossi ကို ဝင်ကြည့်လိုက် — မိတ်ဆွေရှာနေတဲ့ Game အကုန်ရှိတယ်!
👇 🔥Movie Box Member များ အကောင့်ဖွင့်ရန်
🔗 Referral Link -
http://bbsocial.bossi888.com/?referralCode=pgc8813