မြန်မာ့ဂုဏ် သတင်းမီဒီယာ Telegram channel photo

မြန်မာ့ဂုဏ် သတင်းမီဒီယာ

@myanmahonorPublic Channel

https://myanmagon.com/

Tin thế giớiTiếng ViệtViệt Nam

208

Last views

9.8k (9,839 subscribers)
Thành viên
—
Rating
81
Total Posts
Oct 22, 2026, 3:06 AM
Cập nhật
Apr 5, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameမြန်မာ့ဂုဏ် သတင်းမီဒီယာ
Username@myanmahonor
CategoryTin thế giới
LanguageTiếng Việt
CountryViệt Nam
Thành viên9,839
Channel TypePublic Channel
Created5 thg 4, 2026
Last Updated22 thg 10, 2026 • Hôm kia
StatusActive

Xếp hạng

Xếp hạng toàn cầu
#390876-780
Xếp hạng ngôn ngữ
#7803-3
Xếp hạng danh mục
#3212-8

Tăng trưởng người đăng ký

Tổng cộng: 9.8K30 Days growth: -2692.7%
09/2209/2710/0210/0710/1210/1710/21
Tăng trưởng người đăng ký - 30 Days
DateSubscribers
22:09:202610,108
23:09:202610,108
24:09:202610,108
25:09:202610,108
26:09:202610,108
27:09:202610,108
28:09:202610,108
29:09:202610,108
30:09:202610,108
01:10:202610,108
02:10:202610,108
03:10:202610,108
04:10:202610,108
05:10:202610,108
06:10:202610,108
07:10:202610,108
08:10:202610,108
09:10:202610,108
10:10:202610,108
11:10:202610,108
12:10:202610,108
13:10:202610,108
14:10:20269,898
15:10:20269,898
16:10:20269,898
17:10:20269,898
18:10:20269,898
19:10:20269,898
20:10:20269,898
21:10:20269,839
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 30:03:202611,385
Week of 06:04:202611,309
Week of 13:04:202611,309
Week of 20:04:202611,309
Week of 27:04:202611,103
Week of 04:05:202611,103
Week of 11:05:202610,911
Week of 18:05:202610,911
Week of 25:05:202610,911
Week of 01:06:202610,808
Week of 08:06:202610,808
Week of 15:06:202610,808
Week of 22:06:202610,808
Week of 29:06:202610,592
Week of 06:07:202610,592
Week of 13:07:202610,592
Week of 20:07:202610,476
Week of 27:07:202610,476
Week of 03:08:202610,364
Week of 10:08:202610,364
Week of 17:08:202610,275
Week of 24:08:202610,218
Week of 31:08:202610,218
Week of 07:09:202610,131
Week of 14:09:202610,108
Week of 21:09:202610,108
Week of 28:09:202610,108
Week of 05:10:202610,108
Week of 12:10:20269,898
Week of 19:10:20269,839
Tăng trưởng người đăng ký - Monthly
DateSubscribers
April 202611,103
May 202610,911
June 202610,592
July 202610,476
August 202610,218
September 202610,108
October 20269,839
Tăng trưởng người đăng ký - Yearly
DateSubscribers
20269,839

Top 10 posts

Most viewed posts from this channel

By views
  1. #1ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်းနှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ1.6K
  2. #2တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဆေးရုံတတ်လူနာကြည့်ရှု့804
  3. #3နိူင်ငံတော်သမ္မတကြီးအဖြစ်ဒီမိုကရေစီနည်းလမ်းအရရွေးချယ်ခံရသူဦးမင်းအောင်လ790
  4. #4ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ “ရွှေစင်ဝင်704
  5. #5Post #49248645
  6. #6ကုန်တင်ကားတိမ်းမှောက်ကာ ကားမောင်းသူ‌​သေဆုံးခဲ့မှု ရန်ကုန်-ပုသိမ်ကားလမ်487
  7. #7ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်471
  8. #8စက်သုံးဆီများ ဖမ်းဆီးရမိ426
  9. #9ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်425
  10. #10ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၄) သင်တန်းဆင422

Bài đăng gần đây

Photo1/4
မန္တလေးမြို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများ ခွဲစိတ်ကုသရေးစီမံကိန်း ဖွင့်လှစ်

အောက်တိုဘာ ၂၂

“နှလုံးသားချင်းချိတ်ဆက်မှု-ယူနန်အစီအစဉ်” မန္တလေးမြို့ အပြုံးခရီးစဉ် ပရဟိတစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ဒုတိယကောင်စစ်ဝန်ချုပ် မစ္စတာ Zgang Jun Peng နှင့် ယူနန်ပြည်နယ် ပြည်ပရောက်တရုတ်နွယ်ဖွားများရေးရာအသင်းဥက္ကဋ္ဌ He Changsong တို့က အမှာစကားပြောကြားခြင်းနှင့် စီမံကိန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် စီမံကိန်းဆိုင်းဘုတ်ဖွင့်လှစ်ခြင်း၊ ဆေးအဖွဲ့အလံပေးအပ်ခြင်းနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များနှင့် မိသားစုဝင်များအား တွေ့ဆုံနှုတ်ဆက်ကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
#Myanmagon
310006
ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဘယ်လာရုစ်အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

October 22th

ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ် နာတာလျာ ကိုချန်နိုဗာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့မှု၊ နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုအပေါ် အခြေခံသည့် ဆက်ဆံရေးများ တိုးတက်လာမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ၂၀၂၆-၂၀၂၈ ခုနှစ် ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံအကောင်အထည်ဖော်ရေး၊ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လွှတ်တော်ရေးရာ အတွေ့အကြုံများ ဖလှယ်ရေးနှင့် နိုင်ငံတကာလွှတ်တော်ဖိုရမ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် မြန်မာနိုင်ငံ အမျိုးသားလွှတ်တော်နှင့် ဘယ်လာရုစ်နိုင်ငံ အမျိုးသားလွှတ်တော် အထက်လွှတ်တော်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ဦးအောင်လင်းဒွေးနှင့် မစ္စစ် နာတာလျာ ကိုချန်နိုဗာတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
#Myanmagon
243006
ပြင်းထန်အယ်လ်နီညိုအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် လောင်းလုံးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

ထားဝယ်၊ အောက်တိုဘာ ၂၂

ပြင်းထန်အယ်လ်နီညို (Super El Niño) ဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာနိုင်သည့် ပြင်းထန်အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှုအပါအဝင် ဆက်စပ်အန္တရာယ်များကို ဒေသအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြင်းထန်အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုနှင့် မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့်ဆောင်းရာသီနှင့် နွေရာသီတို့တွင် အပူချိန်လွန်ကဲစွာ မြင့်တက်လာခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် စိုက်ပျိုးမွေးမြူရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍများတွင် သက်ရောက်မှုများရှိလာနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ကြောင့် ရေအရင်းအမြစ်များကို ကြိုတင်စိစစ်ထိန်းသိမ်းခြင်း၊ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး စီမံခြင်းနှင့် ရက်တိုမျိုးစပါးများ ကြိုတင်စုဆောင်းထားရှိခြင်းတို့ကို သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အချိန်မီဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ရေရှားပါးမှုမှတစ်ဆင့် ကူးစက်တတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါများကို ကာကွယ်နိုင်ရေးအတွက် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ပြင်ပတွင် အလုပ်လုပ်ကိုင်နေရသူများကို ဦးစားပေးစောင့်ရှောက်ရန်လည်း ပြောကြားခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ကြုံတွေ့ခဲ့ရသည့် လောင်းလုံးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များ စုစုပေါင်းအင်အား ၂,၄၁၁ ဦး၊ ယန္တရား ၉၈ စီးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထပ်မံပြိုကျနိုင်ခြေရှိသည့် ကျေးရွာများတွင် ကျွမ်းကျင်ပညာရှင်များက မြေပြင်အခြေအနေကို ဘူမိနည်းပညာဆိုင်ရာ စစ်ဆေးအကဲဖြတ်မှု (Geotechnical Survey) ပြုလုပ်ပြီးနောက် ဘေးသင့်ပြည်သူများအတွက် ဘေးကင်းလုံခြုံသည့် နေရာများ (Safe Zone) တွင် နေအိမ်များ ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ယင်းသို့ ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးမည့် အခြေအနေများကို ဒေသခံဘေးသင့်ပြည်သူများ သေချာစွာသိရှိနိုင်ရေး သတင်းမှန်များကို အစဉ်မပြတ် ရှင်းလင်းတင်ပြပေးရန်လည်း အရေးကြီးကြောင်း ၎င်းက ဆိုသည်။

ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုစာရင်းများကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအလိုက် မြေပြင်တွင် တိကျမှန်ကန်စွာ ဆက်လက်စိစစ်ကောက်ယူရန် လိုအပ်ကြောင်း၊ သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးပေါ်ကာလ၊ ကာလလတ်နှင့် ကာလရှည်ဟူ၍ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး သက်ဆိုင်ရာဌာနများနှင့် လူမှုအဖွဲ့အစည်းများအားလုံးက တာဝန်ယူမှုအပြည့်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
#Myanmagon
245006
Photo1/4
ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်းနှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆို

ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်တွင် လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် သားငယ်ဖြစ်သူ Mr. Kim Aris (ခ) ကိုထိန်လင်းနှင့် ကောင်စစ်ဆိုင်ရာ တယ်လီဖုန်းဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆက်သွယ်ပြောဆိုမှုကို မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှ ၂ နာရီ ၅၀ မိနစ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
#Myanmagon
1,570005
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြင်ဆင်မှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ ၁၈

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ဒုတိယသမ္မတသည် ပြိုင်ပွဲကျင်းပမည့် MICC-I၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ နေပြည်တော်တည်းခိုရေးစခန်းနှင့် မြို့တော်ခန်းမရှိ လေဟာပြင်ဇာတ်ရုံတို့၌ ခန်းမများ၊ မီးနှင့်အသံစနစ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နေရာထိုင်ခင်း၊ စားသောက်ရေးနှင့် ပြိုင်ပွဲဝင်များအတွက် လိုအပ်သည့်အစီအမံများ ပြင်ဆင်ထားရှိမှုကို စစ်ဆေးခဲ့သည်။

ပြိုင်ပွဲဝင်များနှင့် အကဲဖြတ်ဒိုင်များ အဆင်ပြေစွာ နေထိုင်ယှဉ်ပြိုင်နိုင်ရေး၊ အခမ်းအနားနှင့် ပြိုင်ပွဲများ စနစ်တကျကျင်းပနိုင်ရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် ဒုတိယသမ္မတက မှာကြားခဲ့သည်။

အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် ၂,၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
#Myanmagon
92003
Photo1/18
ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းသုံး အဆောက်အအုံများ ဆက်လက်ဖြိုချ

နေပြည်တော်၊ အောက်တိုဘာ ၁၈

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံများကို ပြန်လည်အသုံးပြုနိုင်ခြင်းမရှိစေရန် စနစ်တကျဖြိုချဖျက်ဆီးလျက်ရှိရာ ၅ ထပ်အဆောက်အအုံတစ်လုံးမှာ ၉၀ ရာခိုင်နှုန်း၊ နောက်ထပ် ၅ ထပ်အဆောက်အအုံတစ်လုံးမှာ ၁၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၆၃ လုံးအနက် ဖောက်ခွဲ၍ဖြိုချမည့် ၄ လုံးနှင့် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချမည့် အဆောက်အအုံတစ်လုံးတို့ကို ဖြိုချပြီးဖြစ်သည်။ ကျန်ရှိသည့် အဆောက်အအုံ ၅၈ လုံးကိုလည်း အမျိုးအစားအလိုက် စနစ်တကျ ဆက်လက်ဖြိုချသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ ဆက်လက်နှိမ်နင်းလျက်ရှိကြောင်း သတင်းရရှိသည်။
#Myanmagon
91003
Photo1/2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် စစ်အုပ်ချုပ်ရေး အမိန့်အမှတ်(၅ /၂၀၂၆) ကို အောက်တိုဘာလ (၁၈)ရက် ရက်စွဲဖြင့် ထုတ်ပြန်
#Myanmagon
134004
Photo1/2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးသည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၈/၂၀၂၆) ကို အောက်တိုဘာလ (၁၈) ရက် ရက်စွဲဖြင့် ထုတ်ပြန်
#Myanmagon
132005
Photo1/2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးသည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၇/၂၀၂၆) ကို အောက်တိုဘာလ (၁၈) ရက် ရက်စွဲဖြင့် ထုတ်ပြန်
#Myanmagon
124005
Photo1/2
ဈေးနှုန်းမတည်မငြိမ်မှုဖြစ်အောင် သတင်းမှားဖြန့်ဝေသူများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်

#Myanmagon
219004
Photo1/4
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဗဟိုအဆင့်ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံနှင့် ငွေကျပ် ၁၆၅ သိန်း ချီးမြှင့်

ဘားအံ၊ အောက်တိုဘာ ၁၈

၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား တွေ့ဆုံအားပေးပွဲကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြိုင်ပွဲဝင်များအနေဖြင့် ပြည်နယ်ဂုဏ်ဆောင် ရွှေတံဆိပ်များရရှိရန် ကြိုးစားယှဉ်ပြိုင်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး အောင်နိုင်ရေးအလံနှင့် ငွေကျပ် ၁၆၅ သိန်း ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့ပြင် အလှူရှင်များကိုယ်စား ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီက အလှူငွေကျပ် ၃၂၈ သိန်းကျော်ကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်များ၏ တီးမှုတ်၊ သီဆို၊ ကပြဖျော်ဖြေမှုများကိုလည်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
#Myanmagon
241003
Photo1/4
မကွေးတိုင်းမှ ပြိုင်ပွဲဝင် ၁၄၇ ဦးအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုငွေ ပေးအပ်

မကွေး၊ အောက်တိုဘာ ၁၈

(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟို) အဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင် ၁၄၇ ဦးအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၄၇ သိန်း ပေးအပ်ပွဲကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ပြိုင်ပွဲဝင်များအား ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းလက်ဆင့်ကမ်းရန်နှင့် တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ရန် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း အားပေးပြောကြားခဲ့သည်။

ထို့နောက် အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်အဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင်များနှင့် နည်းပြများအား အားပေးစကားပြောကြားခဲ့သည်။
#Myanmagon
218003
Photo1/4
ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် စိန့်ပီတာစဘာ့ဂ် ရေနံဆိပ်ကမ်း မီးလောင်

MMG October 18th

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့နှင့် လီနင်ဂရက်ဒေသတို့ကို အောက်တိုဘာ ၁၈ ရက် နံနက်အစောပိုင်းတွင် ယူကရိန်းဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ရေနံဆိပ်ကမ်းနှင့် အခြားအခြေခံအဆောက်အအုံများတွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စိန့်ပီတာစဘာ့ဂ်မြို့ အုပ်ချုပ်ရေးမှူး အလက်ဆန်းဒါး ဘီဂလော့ဗ်က မြို့အတွင်း ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပြီး နက်ဗ်စကီး၊ ခရက်စ်နိုဆဲလ်စကီး၊ ခရက်စ်နော့ဗာဒီစကီးနှင့် မော်စကိုစကီးခရိုင်တို့အပြင် ရေနံဆိပ်ကမ်း၌ ဖြစ်ပွားသော မီးလောင်မှုများကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ငြှိမ်းသတ်လျက်ရှိသည်။

ထို့ပြင် ရုရှားလူမှုကွန်ရက် VKontakte ၏ ဒေတာစင်တာတစ်ခုကိုလည်း ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ သို့သော် VK က ၎င်း၏ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အသုံးပြုနိုင်ကြောင်း ပြောကြားထားသည်။
#Myanmagon
248007
Video
စက်တင်ဘာလ ၈ ရက်နေ့အတွက်သတင်း


ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို
ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw
53000
Photo
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့
နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော် ဥက္ကဋ္ဌ (ယာယီနိုင်ငံတော် အကြီးအကဲ) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံ ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံရှိ အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားများကို  လေ့လာဖူးမြော်သွားမည်ဖြစ်သည်။
#PPIB
#Myanmagon
130002
Photo
တောင်ကျချောင်းရေကြောင့် ပျက်စီးသွားသည့် ဇီးရိုင်းချောင်းတံတားနှင့် ရေဝင်ရောက်ခဲ့သည့်နေရာများအား နေပြည်တော်ကောင်စီအဖွဲ့ ကွင်းဆင်းကြည့်ရှု

ပျဉ်းမနား၊ စက်တင်ဘာ ၈

စက်တင်ဘာ ၈ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သစ်တွန်အုပ်စုအတွင်း တောင်ကျချောင်းရေ ရုတ်တရက်စီးဆင်းမှုကြောင့် ဇီးရိုင်းချောင်းတံတား (အလယ်ကူးတံတား) ပြိုကျပျက်စီးခဲ့သည့်နေရာနှင့် တောင်ကျရေဝင်ရောက်ခဲ့သည့် နေရာများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် လမ်းတံတားဆောက်လုပ်ရေးအဖွဲ့၊ မြေစာရင်းဦးစီးဌာန၊ လျှပ်စစ်ဌာန၊ သစ်တောဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြပြီး တောင်ကျရေဝင်ရောက်မှုနှင့် တံတားပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
#Myanmagon
225006
Photo
တနင်္သာရီတိုင်း အမျိုးသမီးရေးရာအဖွဲ့က ထားဝယ် အထက(၆)ရှိ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်၊ အာဟာရကျွေးမွေး

ထားဝယ်၊ စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့ စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းက ထားဝယ်မြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသုံးသန့်ရှင်းရေးပစ္စည်းများနှင့် ဗလာစာအုပ်များကို ကျောင်းအုပ်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့အပြင် ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်အစားအစာများဖြစ်သည့် နွားနို့၊ ငှက်ပျောသီးနှင့် ကြက်ဥပြုတ်များကို ကျွေးမွေးခဲ့ကြောင်း သိရသည်။
#Myanmagon
199005
Photo
ပျဉ်းမနားမြို့နယ်တွင် တောင်ကျရေတိုက်စားမှုကြောင့် တံတားနှင့် လမ်းပျက်စီးမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၈

ပျဉ်းမနားမြို့နယ်အတွင်း ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး ဇီးရိုင်းချောင်း တောင်ကျရေစီးဆင်းမှုကြောင့် ပျက်စီးခဲ့သည့် တံတားနှင့် လမ်းပိုင်းများကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကူးတို့ဆိပ်အုပ်စု၊ ဇီးရိုင်းကျေးရွာနှင့် သစ်တွန်အုပ်စု၊ ဖလောင်းကျေးရွာတို့ကို ဆက်သွယ်ထားသည့် အရှည်ပေ ၆၀၊ အကျယ် ၁၄ ပေရှိ အလယ်ကူးချောင်း ဘေလီတံတား၏ ချဉ်းကပ်လမ်း ရေတိုက်စားပျက်စီးမှုအခြေအနေကို စစ်ဆေးခဲ့ကြောင်း သိရသည်။
#Myanmagon
216004
Photo
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းရဲတပ်ဖွဲ့ စုပေါင်းသွေးလှူဒါန်း

ပဲခူး၊ စက်တင်ဘာ ၈

(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ ကျင်းပခဲ့သည်။

သွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀ ဦးကျော်က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က အာဟာရဖြည့်စွက်စာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#Myanmagon
200005
Photo
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းများနှင့် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက တွေ့ဆုံ

August 24th

ပြည်ထောင်စုလွှတ်တော်နာယက၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးကိုယ်စား ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဂျဲန်ဖန်နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ဦးဂျဲန်ဖန်နော်တောင်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ၆ ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် ၃၀ ပါအတိုင်း လိုက်နာကျင့်ကြံနေထိုင်ရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့ပြင် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးကို ရှေးရှု၍ တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကကိုယ်စား ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးဂျဲန်ဖန်နော်တောင်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းများအား ဆန်၊ ဆီများ ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။
#Myanmagon
160004
Photo
တောင်ငူ ဘိုးဘွားရိပ်သာစေတီမှ ကြေးဆင်းတုလက်တော်များ ခိုးယူမှုနှင့်ပတ်သက်၍ လူငယ်တစ်ဦး ဖမ်းဆီးစစ်ဆေး

တောင်ငူ၊ ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ဘိုးဘွားရိပ်သာအတွင်းရှိ စေတီငယ်မှ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော်များ ဖြတ်တောက်ခိုးယူမှုနှင့်ပတ်သက်၍ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးကို ဩဂုတ် ၂၃ ရက် နံနက်ပိုင်းက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြေးဆင်းတုများ၏ လက်တော်များမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖြတ်တောက်ခိုးယူခံခဲ့ရခြင်းဖြစ်ပြီး၊ တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့က နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် ဆေးရုံကြီးနောက်ကျော ကျုံးပတ်လမ်းတွင် မသင်္ကာဖွယ် လူငယ်တစ်ဦးကို တွေ့ရှိစစ်ဆေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖြစ်စဉ်နှင့် ဆက်စပ်မှုရှိ၊ မရှိ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Myanmagon
174004
ပဲခူးတိုင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူး ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၄ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး Video Conferencing ခန်းမ(၁)၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး မူဝါဒနှင့် မဟာဗျူဟာများကို ပုံမှန်စောင့်ကြည့်အကဲဖြတ်ပြီး လိုအပ်ပါက ပြန်လည်သုံးသပ်ရန်၊ နယ်စပ်ဝင်ထွက်ဂိတ်များ၊ သိုလှောင်ရာနေရာများ၊ ကုန်သွယ်မှုလမ်းကြောင်းများနှင့် ဈေးကွက်များတွင် တရားမဝင်ကုန်စည် သိုလှောင်၊ သယ်ယူဖြန့်ဖြူးမှုများကို ထိရောက်စွာ ဖော်ထုတ်စစ်ဆေးရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့အပြင် ရှောင်ကွင်းလမ်းကြောင်းများမှ တရားမဝင်ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှု မရှိစေရေး လက်တွေ့ကျသည့် အစီအမံများ ချမှတ်ရန်နှင့် ဖမ်းဆီးရမိသည့် မော်တော်ယာဉ်နှင့် ပစ္စည်းများ အပ်နှံရာတွင် နှောင့်နှေးမှုကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့သည်။

ယင်းနောက် အထူးအဖွဲ့ဝင်များက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
#Myanmagon
229009
Photo
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဒဂုံတက္ကသိုလ်နှင့် လှိုင်သာယာမြို့နယ် သန့်ရှင်းသာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူသည် ဩဂုတ် ၂၂ ရက်က ဒဂုံတက္ကသိုလ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် အမျိုးသားပြတိုက်(ရန်ကုန်)တို့၌ သန့်ရှင်းသာယာရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဒဂုံတက္ကသိုလ်တွင် သစ်ပင်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး စက်ယန္တရားများဖြင့် ရှင်းလင်းခြင်း၊ ဘူတာရုံပြုပြင်ခြင်းနှင့် အားကစားကွင်း သန့်ရှင်းရေးလုပ်ငန်းများကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် လှိုင်သာယာ(အရှေ့ပိုင်း) ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက် မြေယာရှုခင်း၊ အလှပန်းပင်၊ လူသွားလမ်း၊ မီးတိုင်နှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို စစ်ဆေးခဲ့သည်။

ဆက်လက်၍ အမျိုးသားပြတိုက်(ရန်ကုန်)၌ အလောင်းမင်းတရား၊ ဘုရင့်နောင်မင်းတရားကြီးနှင့် အနော်ရထာမင်းစော ရုပ်ထုများ ပြန်လည်မွမ်းမံနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
#Myanmagon
192005
Photo
ပြည်သူ့လွှတ်တော်က ချစ်ကြည်ရေးအဖွဲ့ ၈ ခု ဖွဲ့စည်း

ဩဂုတ် ၂၄

ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၂ နှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၈ တို့အရ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ၈ ခုကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဖွဲ့စည်းလိုက်သည့်အဖွဲ့များမှာ မြန်မာ-တရုတ်၊ မြန်မာ-လာအို၊ မြန်မာ-ဂျပန်၊ မြန်မာ-ဗီယက်နမ်၊ မြန်မာ-ထိုင်း၊ မြန်မာ-ကမ္ဘောဒီးယား၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ-အိန္ဒိယ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့များ ဖြစ်သည်။

အဖွဲ့တစ်ခုစီတွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးစီ ပါဝင်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လက်မှတ်ရေးထိုး၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
#Myanmagon
120006

Showing 30 of 81 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram မြန်မာ့ဂုဏ် သတင်းမီဒီယာ nói về gì?+

မြန်မာ့ဂုဏ် သတင်းမီဒီယာ (@myanmahonor) là kênh Telegram thuộc danh mục Tin thế giới trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 9.839 người đăng ký trên tgdio.

Làm sao để tham gia မြန်မာ့ဂုဏ် သတင်းမီဒီယာ (@myanmahonor)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @myanmahonor miễn phí.

မြန်မာ့ဂုဏ် သတင်းမီဒီယာ có phải kênh Tin thế giới tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của မြန်မာ့ဂုဏ် သတင်းမီဒီယာ trước khi tham gia. Hiện có khoảng 9.839 người đăng ký trên tgdio. So sánh với các kênh Tin thế giới tương tự.

Xem thống kê và bài đăng မြန်မာ့ဂုဏ် သတင်းမီဒီယာ ở đâu?+

Trên tgdio, mở trang @myanmahonor để xem thống kê, xếp hạng, đánh giá và bài đăng.