3 Stars Myaing ပခုက္ကူခရိုင် မြေပြင်သတင်းများ Telegram channel photo

3 Stars Myaing ပခုက္ကူခရိုင် မြေပြင်သတင်းများ

@pakokku3starPublic Channel

ပခုက္ကူခရိုင်အတွင်း မှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။ 💪💪💪 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ 📬သတင်းပေးပို့ရန် @myaing3starbot

Tin tức & Báo chíTiếng ViệtViệt Nam

321

Last views

4k (3,972 subscribers)
Thành viên
—
Rating
40
Total Posts
Oct 17, 2026, 2:21 AM
Cập nhật
Apr 23, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Name3 Stars Myaing ပခုက္ကူခရိုင် မြေပြင်သတင်းများ
Username@pakokku3star
CategoryTin tức & Báo chí
LanguageTiếng Việt
CountryViệt Nam
Thành viên3,972
Channel TypePublic Channel
Created23 thg 4, 2026
Last Updated17 thg 10, 2026 • 5 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#94717+173
Xếp hạng ngôn ngữ
#1941+18
Xếp hạng danh mục
#889+1

Tăng trưởng người đăng ký

Tổng cộng: 4.0K30 Days growth: +872.2%
09/1709/2209/2710/0210/0710/1210/16
Tăng trưởng người đăng ký - 30 Days
DateSubscribers
17:09:20263,885
18:09:20263,885
19:09:20263,906
20:09:20263,906
21:09:20263,906
22:09:20263,906
23:09:20263,906
24:09:20263,906
25:09:20263,906
26:09:20263,906
27:09:20263,906
28:09:20263,906
29:09:20263,906
30:09:20263,906
01:10:20263,906
02:10:20263,906
03:10:20263,906
04:10:20263,906
05:10:20263,906
06:10:20263,906
07:10:20263,906
08:10:20263,906
09:10:20263,906
10:10:20263,906
11:10:20263,906
12:10:20263,906
13:10:20263,906
14:10:20263,906
15:10:20263,906
16:10:20263,972
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 20:04:20262,615
Week of 27:04:20262,615
Week of 04:05:20262,738
Week of 11:05:20262,738
Week of 18:05:20262,738
Week of 25:05:20262,738
Week of 01:06:20262,738
Week of 08:06:20262,738
Week of 15:06:20262,738
Week of 22:06:20262,738
Week of 29:06:20262,738
Week of 06:07:20263,455
Week of 13:07:20263,455
Week of 20:07:20263,455
Week of 27:07:20263,455
Week of 03:08:20263,455
Week of 10:08:20263,455
Week of 17:08:20263,825
Week of 24:08:20263,825
Week of 31:08:20263,864
Week of 07:09:20263,885
Week of 14:09:20263,906
Week of 21:09:20263,906
Week of 28:09:20263,906
Week of 05:10:20263,906
Week of 12:10:20263,972
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20262,615
May 20262,738
June 20262,738
July 20263,455
August 20263,825
September 20263,906
October 20263,972
Tăng trưởng người đăng ký - Yearly
DateSubscribers
20263,972

Top 10 posts

Most viewed posts from this channel

By views
  1. #1မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ2.4K
  2. #2မြိုင် /ပေါက်⚠️2.2K
  3. #3​အရေးပေါ် သတိပေးချက်⚠️2.0K
  4. #4ပခုက္ကူ2.0K
  5. #5မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ2.0K
  6. #6​မိဘပြည်သူများ အထူးဂရုပြုရန် အသိပေးချက်⚠️1.9K
  7. #7ပခုက္ကူမြို့နယ်1.9K
  8. #8ပေါက်/မြိုင်⚠️1.9K
  9. #9မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ1.8K
  10. #10ဆောမြို့နယ်ကစစ်ကြောင်းသီးကုန်းရွာမှာဝင်ရောက်နေ၊ ပြည်သူအချို့ဖမ်းဆီးခံထ1.8K

Bài đăng gần đây

Photo1/2
မြိုင် - မကွေးတိုင်း⚠️

ပခုက္ကူ တပ်မ(၁၀၁)မှ ထွက်လာသော စခ စစ်ကြောင်းသည် မြိုင်မြို့နယ် တောင်ပိုင်း တွင်းမ(ပျူ)ရွာအနီးတွင် ရောက်ရှိနေကြောင်းသတင်း ရရှိပါသည်။

မိဘပြည်သူများ လက်နက်ကြီး လေကြောင်း မြေပြင်စစ်ကြောင်း အန္တရာယ် အထူးဂရုစိုက် နေထိုင်ကြပါရန် အသိပေးနိုးဆော်အပ်ပါသည်။

#Threestarsmyaing
#7Starsmyaing
Oct-20, 10:05PM
📬သတင်းပေးပို့ရန်
@myaing3starbot
321003
စစ်အုပ်စုက လောင်းရှည်ဒေသ ကျေးရွာများတွင် ဆက်လက်တပ်စွဲ အထိုင်ချထားပြီး အင်ဘူးတွင် မွမ်းမံသင်တန်းပေးနေ

ဂိတ်ဖွင့်ကာစစ်ဘေးရှောင်ပြည်သူများထံ ပိုက်ဆံတောင်းငွေညစ်

အောက်တိုဘာ ၂၀၊၂၀၂၆၊ ဆော

စစ်အုပ်စုက ယခင်စက်တင်ဘာလ စတုတ္ထပတ်ကနေ မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ် လောင်းရှည်မြို့နှင့် ဒေသတွင်းမှာ ခြေကုပ်ယူပြီး အင်အား ၁ ထောင်ကျော်ဖြင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ဦးတည်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါသည်။

ယခုအခါ စစ်ကြောင်းသည် ကန်ပက်လက်နယ်၊ ကျင်ဒွေးဒေသ လှိုင်ဒတ်ရွာအနီး ဖျန်ချောင်းဖက်တွင် ရောက်ရှိနေပြီး မဆာတွီရွာ-မောချောင်းရွာကြား နေရာများမှာပါ ဖြန့်ကျက်နေရာယူထားပြီး ထိုးစစ်အတွက် စုစုပေါင်း အင်အား ၅၀၀ ခန့်အသုံးပြုထားကြောင်း စစ်သတင်းရင်းမြစ်ကပြောသည်။

နောက်ချန်အင်အားများအဖြစ် လောင်းရှည်ဒေသ ဆွဲလွဲကျင်းရွာတွင် စစ်အုပ်စုတပ်သား ၂၀၀ ခန့်ရှိနေပြီးကျေးရွာတွင်းရှိ လူနေအိမ်များတွင် နေထိုင်နေကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။

ယခင်အင်ဘူးရွာကနေ သရက်တောကိုပြောင်းရွေ့ခဲ့သည် လက်နက်ကြီး (အမြောက်)ကို ယခုအခါ ဆွဲလွဲကျင်းရွာမှာ ထပ်မံပြောင်းရွေ့တပ်ဆင်ပစ်ခတ်နေကြောင်း သိရသည်။

ထိုနောက် ရင်းကဲရွာနှင့် စလင်းချောင်း၏တောင်ဖက် ဒေသအခေါ် သရက်တော တောတိုက်အတွင်းမှာလည်း စစ်အုပ်စုတပ်ဖွဲ့ တစ်ဖွဲ့ကျန်ရှိနေသေးပြီး စလင်းချောင်းအတွင်းကို ရေလာချိုးကြကြောင်း သိရသည်။

အလားတူ စစ်အုပ်စုက အင်ဘူးရွာတွင်အထိုင်ဂိတ်စခန်းတစ်ခုဖွင့်လှစ်ထားပြီးဒေသတွင်း ကျေးရွာများမှ စစ်ဘေးရှောင်ရန်ထွက်လာကြသည့် အရပ်သားပြည်သူများကို ပိုက်ဆံတောင်းငွေညစ်နေကြကြောင်း သိရသည်။

" စစ်ဘေးရှောင်ဖို့ထွက်လာကြတာ အင်ဘူးဂိတ်ရောက်တော့ လူတစ်ဦကို ငွေ ၅ သောင်းပေးရမယ် ဆိုပြီးစစ်သားတွေက တောင်းပါတာ်၊ ပိုက်ဆံမပါလို့ မပေးနိုင်ဘူးဆိုတော့ ပါလာတဲ့ ဆိုလာပြားတွေနဲ့ အခြားပစ္သည်းအချို့တွေကို အတင်းအဓမ္မယူထားလိုက်ပါတယ် " ဟု စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်များ (အင်အားစီစစ်ဆဲ)သည် အင်ဘူးရွာစာသင်ကျောင်းတွင် အထိုင်ချတပ်စွဲထားပြီး တပ်ဖွဲ့ဝင်များကိုပါ မွမ်းမံသင်တန်းပို့ချနေတာရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

လောင်းရှည်မြို့တွင်းမှာလည်း ယခင်မြို့စောင့်တပ်အပြင် တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့ဝင်အချို့ ကျန်ရှိနေသေးကြောင်း သိရပြီး စစ်အုပ်စုဖက်က လောင်းရှည်ဒေသအပါဝင် လောင်းရှည်- ဆော လမ်းပိုင်းအားလုံးကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

@မင်းဒဿ
#MRSN
Oct 20 ,  8:33PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
588001
ရေစကြို - မကွေးတိုင်း⚠️

ရေစကြိုမြို့နယ် တောင်အိုရွာ စခဂိတ်မှ လက်နက်ငယ်များပစ်ဖောက်နေပါသည်။

မိဘပြည်သူများ အထူးဂရုစိုက်ကြပါ။

#Threestarsmyaing
#7Starsmyaing
Oct-20, 8:12PM
📬သတင်းပေးပို့ရန်
@myaing3starbot
658003
♦​မြိုင်မြို့နယ်♦

မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူခွေးခြံမှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ တွင်းမပျူခွေးခြံထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိရှိပြီး အကြမ်းဖက်စစ်‌ကောင်စီ၏ လေကြောင်းသတင်းများလည်းမပြတ်နားစွင့်ပြီး ဂရုစိုက်နေထိုင်ကြပါရန် မိမိတို့ #PKK_News မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#PKK_News
#MRSN
Oct 20 ,  6:18PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
901006
♦​မြိုင်မြို့နယ်♦

မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူခွေးခြံမှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ သာစည်ရွာထဲသို့ ရှေ့ပြေးများ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိရှိပြီး အကြမ်းဖက်စစ်‌ကောင်စီ၏ လေကြောင်းသတင်းများလည်းမပြတ်နားစွင့်ပြီး ဂရုစိုက်နေထိုင်ကြပါရန် မိမိတို့ #PKK_News မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#PKK_News
#MRSN
Oct 20 ,  4:36PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1,000003
⚠️မြိုင်

မြိုင်မြို့နယ် တွင်းမပျူရွာမှထွက်ခွာလာသော ရှေ့ပြေးစခစစ်ကြောင်းမှား သာစည်လမ်းဆုံသို့ရောက်ရှိနေကြောင်းသိရပါတယ်..
(ပြည်သူများအနေဖြင့်စစ်ကြောင်းသတိပြုနေကျပါရန်)

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Oct 20 ,  3:38PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1,080005
မြိုင် - မကွေးတိုင်း⚠️

မြိုင်နယ်တောင်ခြမ်း တွင်းမ ပျူရွာဘက်မှ စခ ဒရုန်း၁စီးပျံတက်။

မိဘပြည်သူများနှင့် တလရ ရဲဘော်များ အထူးဂရုစိုက်ကြပါ။

#Threestarsmyaing
Oct-20, 3:40am
📬သတင်းပေးပို့ရန်
@myaing3starbot
1,010003
မြစ်ခြေ - မကွေးတိုင်း

3:24pm (20 Oct)

မြိုင်နယ်မှ ပြန်လာ‌‌သော ညောင်ဦးလေဆိပ်တက် Gyrocopter (4) စီး မြစ်ခြေဖြတ် အရှေ့တောင်ဘက်သို့ ပျံသန်း။

#WES သတင်းပို့ရန် @SCOUT_WES
930000
⚠️မြိုင်

ပခုက္ကူခရိုင် မြိုင်မြို့နယ် တွင်းမပျူရွာသို့ရောက်ရှိနေသော စခစစ်ကြောင်းမှားမြောက်ဘတ်သို့စတင်ထွက်ခွာနေကြောင်းသိရပါတယ်..
(ပြည်သူများအနေဖြင့်စစ်ကြောင်းသတိပြုနေကျပါရန်)

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Oct 20 ,  2:22PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1,080008
ရေစကြို -မကွေးတိုင်း⚠️

အောက်တိုဘာလ (၁၆) ရက်နေ့ မွန်းလွဲပိုင်းအချိန် ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာကို လူမဆန်စွာ ယုတ်မာရက်စက်သော အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည့်အတွက်ကြောင့် သေဆုံးသွားခဲ့သော ကလေးငယ် (၂) ဦး၊ သက်ကြီးရွယ်အို (၃) ဦး၊ အမျိုးသမီးငယ်များနှင့် အပြစ်မဲ့ အရပ်သားပြည်သူများ -

(1) မောင်အောင်ဖုန်းခန့် (၂၃ နှစ်)
(2) ဒေါ်ညို (၈၀ နှစ်)
(3) ဒေါ်ကြည်ဝင်း (၇၀ နှစ်)
(4) ကိုသန်းလင်း (၃၀ နှစ်)
(5) မအေးမြတ်သူ (၂၉ နှစ်)
(6) မောင်ဆန်းလင်းအောင် (၂၅ နှစ်)
(7) မအိသက်လျှာမင်း (၁၈ နှစ်)
(8) ကိုဖိုးချွန်+မအေးသန်းကြွယ်၏ ကလေးငယ် ( ၁ နှစ် ၆ လ)
(9) ကိုဖိုးချွန် (၃၅ နှစ်)
(10) မောင်ရဲလင်းသူရိန် (၇ နှစ်)
(11) ဒေါ်အေးသန်းကြွယ် (၃၉ နှစ်)
(12) ဦးအောင်ဌေး (၆၅ နှစ်) (ပိတ်သင်းကပ်ရွာ)

(ဖော်ပြပါစာရင်းသည် ယခုအချိန်အထိ အတည်ပြုရရှိထားသော သစ်ကြီးတောရွာမှ (၁၁) ဦး၊ ပိတ်သင်းကပ်ရွာမှ (၁) ဦးတို့၏ ဒေသခံသေဆုံးသူစာရင်းများသာဖြစ်ပါသည်၊ ထိခိုက်ဒဏ်ရာရရှိသူများ၊ ပြင်းထန်ဒဏ်ရာရရှိသူများ ဆေးကုသရန် အခက်အခဲမျိုးစုံကြုံတွေ့နေကြရပြီး၊ အခင်းဖြစ်ပွါးသည့်နေ့က အပိုင်းပိုင်းပြတ်ထွက်ပြီး အသားစများကိုသာ သင်္ဂြိလ်ပေးခဲ့ရသည်များလည်းရှိကြောင်း သိရှိရပါသည်)


#Threestarsmyaing
Oct-19, 1:41pm
Crd
#InfoCommitteeYesagyo
📬သတင်းပို့ပေးပို့ရန်
@myaing3starbot
976003
ကမ္မ - မကွေးတိုင်း⚠

12:15pm (20 Oct)

ညောင်ဦးလေဆိပ်တက် Gyrocopter (3) စီး ကမ္မဖြတ် မြောက်ဘက်သို့ ပျံသန်း။

⚠ ဆိပ်ဖြူ ကမ္မ မြစ်ခြေ ပခုက္ကူ ပေါက် မြိုင် ငါန်းဇွန်း မြင်းခြံ နွားထိုးကြီး တောင်သာ မလှိုင် အရာတော် ရွှေဘို ဝက်လက် ဘုတလင် ကနီ စစ်ကိုင်းတိုင်း သတိပြု

#WES သတင်းပို့ရန် @SCOUT_WES
971003
မြစ်သာဆည်ပေါ်ကနေ ပြန်လာတဲ့ စစ်ကြောင်း ခလရ ၅၀ တပ်ကိုဝင်ရောက်

ဖမ်းဆီးခံဓားစာခံ ၃ ဦးအဆက်သွယ်ပြတ်နေဆဲဖြစ်

အောက်တိုဘာ ၂၀၊၂၀၂၆၊ ဂန့်ဂေါ

ယခုအောက်တိုဘာ ၁၄ ရက်နေ့ကထွက်လာပြီး ၁၅ ရက်နေ့ညနေမှာ မြစ်သာဆည်ပေါ်ကိုရောက်ရှိခဲ့သည့် ဂန့်ဂေါမြို့ခလရ ၅၀ က အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းသည် ၁၈ ရက်နေ့က ပြန်ဆုတ်လာခဲ့ပြီး ယနေနံနက် ၇ နာရီကျော်က ခလရ ၅၀ တပ်ကိုပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် မြစ်သာဆည်စစ်တပ်ကာကင်းစခန်းကို တပ်သားအလဲအပြောင်းပြုလုပ်ရန်သွားရောက်ခဲ့တာဖြစ်ကြောင်းသိရသည်။အောက်တိုဘာ ၁၄ ရက်နေ့က စစ်ကြောင်းထွက်လာစဥ်လမ်းခရီးမှာ အရပ်သားပြည်သူ ၃ ဦးကိုဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

ထိုဖမ်းဆီးခံ ၃ ဦးကိုမြစ်သာဆည်ပေါ်အထိ စစ်ကြောင်းဖြင့်အတူခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ယခုအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ အဆက်အသွယ်ပြတ်တောက်နေကြောင်း မိသားစုဝင်များက ပြောသည်။

"သတင်းက အမျိုးမျိုးကြားနေရတော့ စိတ်ပူရတာ်၊ ဆည်ပေါ်မှာပဲထားခဲ့သလိုလို၊ ပြန်လွှတ်ပေးလိုက်တာ်လို့လဲကားတယ် ခုချိန်ထိတော့ အိမ်ကိုပြန်မရောက်လာသေးဘူး "ဟု ဖမ်းဆီးခံမိသားစုဝင်တစ်ဦးကပြောသည်။

ကျန်ူမာရေးကိစ္စအတွက် ဆေးခန်းပြရန်ထွက်လာသည့် အနောက်ဂန့်ဂေါရွာမှ အရပ်သားပြည်သူအမျိုးသား ၂ ဦး (အသက် ၄၀ ခန့်တစ်ဦး၊ ၁၇ နှစ်ခန့်တစ်ဦး)နှင့် ရှောက်ပင် (အောင်မြင်)ရွာမှ အသက် ၃၀ နှစ်ခန့်အရွယ်အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသား ၃ ဦးဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါခလရ ၅၀ တပ်မှ မြသ်သာဆည်ကာကင်းရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကိုအလဲအပြောင်းပြုလုပ်ရန် ယခုလိုစစ်ကြောင်းဖြင့်သွားရောက် ခဲ့တာဖြစ်ပြီး မကြာမီကာလအတွင်း ထီးလင်းမြို့နယ်မြောက်ပိုင်းရှိ ရေမျက်နီရွာစစ်အုပ်စုကာကင်းစခန်းကိုပါ တပ်သားအလဲအပြောင်းပြုလုပ်ရန် လာရောက်နိုင်ဖွယ်ရှိကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။

#ဖမ်းဆီး
#ဓားစာခံ
#မြစ်သာဆည်
#အဆက်သွယ်ပြတ်နေ
#ခလရ၅၀

ပုံ- စစ်အုပ်စုတပ်ဖွဲ့ဝင်များက အရပ်သားပြည်သူကို ဖမ်းဆီးခေါ်ဆောင်သွားစဥ် (အဟောင်း)

@မင်းဒဿ
#MRSN
Oct 20 , 11:11AM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1,270007
ဆိပ်ဖြူ - ​မကွေးတိုင်း⚠️

ပေါက် ဆိပ်ဖြူလမ်းမ ဆိပ်ဖြူနယ် အုန်းမှင်ရွာနားမှာကား၁၁စီး ခေတ္တခဏရပ်နားနေကြောင်းသတင်းရရှိပါသည်။

မိဘပြည်သူများ အထူးဂရုစိုက်ကြပါ။

Oct-19,9:03PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1,4500014
♦​မြိုင်မြို့နယ်♦

ယနေ့ညနေ (၀၅:၃၅)အချိန်ခန့်တွင် မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူရွာခွေးခြံသို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည်၊ ချောင်းမြောက်ဘက်တွင် စစ်ခွေး{၂၀}ခန့် ကင်းပုန်းချထားကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိရှိပြီး အကြမ်းဖက်စစ်‌ကောင်စီ၏ လေကြောင်းသတင်းများလည်းမပြတ်နားစွင့်ပြီး ဂရုစိုက်နေထိုင်ကြပါရန် မိမိတို့ #PKK_News မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#PKK_News
#MRSN
Oct 19 , 6:21PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1,5800011
♦မြိုင်မြို့နယ်♦

မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူရွာသို့ စစ်ခွေးများနှင့် စစ်ခွေးကား{၃}စီးမှာ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် လက်နက်ကြီး၊လေကြောင်းအန္တရာယ် အထူးဂရုစိုက်ကြပါရန် #PKKN မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#PKK_News
#MRSN
Oct 19 , 12:42PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1,6600011
မြိုင်မြို့နယ်
ညောင်ဦးလေဆိပ်မှ (10:42AM)အချိန်တွင် အနောက်မြောက်အရပ်သို့ ပျံတတ်ခဲ့သော Gryocopter(3)စီးသည် မြိုင်မြို့နယ်မြောက်ခြမ်း နဂါးပွက် ကျေးရွာအနီးတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ညောင်ဦးလေးဆိပ်ဥို့ (11:36AM)အချိန်တွင် အနောက်မြောက်အရပ်မှ ပြန်လည်ဆင်းသက်သွား‌ ကြောင်းသိရ...။

(မြေပြင် အထိအခိုက်မရှိကြောင်း သိရ။)

19.10.2026 11:36AM
ThreeStarMyaing
#7Starsmyaing
1,670005
မြိုင်-တဲကြီး..🌈

မြိုင်နယ် အနောက်ခြမ်း တဲကြီးကျေးရွာရောက် စကစ တပ်များသည် မြောက်အရပ့်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပြစ်ခက်သိရ။

Oct 18,7:56 PM
Threestarsmyaing
#7Starsmyaing
1,640005
♦ကမ္မမြို့နယ်♦

ကမ္မတိုက်နယ် မကျီးတန်းရွာသို့ ရောက်ရှိနေသော ရှေ့ပြေးခွေးများသည်၊ မြိုင်မြို့နယ်တောင်ပိုင်း အင်းဘတ်ရွာထဲသို့ ရောက်ရှိပြီး စစ်ခွေးကား {၆}စီးမှာ မကျီးတန်းရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ 

မိဘပြည်သူများအနေဖြင့် လက်နက်ကြီး၊လေကြောင်းအန္တရာယ် အထူးဂရုစိုက်ကြပါရန် #PKKN မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#PKK_News
#MRSN
Oct 19 , 10:05AM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1,660009
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
31.8.2026

မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ
တဲကြီးရွာနဲ့ အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။

အဆိုပါ စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 9:00 ဝန်းကျင်က
ပေါက်မြို့နယ် နယ်သတ်ရွာကို
ရှေ့ပြေးတချို့ ရောက်ရှိခဲ့ပြီး
နယ်သတ်ရွာမှာ ပြည်သူနေအိမ် (3) လုံးကို
မီးရှို့ဖျက်ဆီးကာ 10:00 ဝန်းကျင်မှာ
တဲကြီးရွာကို ပြန်ဝင်သွားတယ်လို့
သိရပါတယ်။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်း
ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းနဲ့
ရေနံမှော်ဒေသက မိဘပြည်သူများ အားလုံး
စစ်ကြောင်းသတင်းများကို နားစွင့်ပြီး
သတိဝရိယနဲ့ နေထိုင်ကြကာ

လက်နက်ကြီး အန္တရာယ်
လေကြောင်း အန္တရာယ်
ဒရုန်း အန္တရာယ်
မြေပြင်စစ်ကြောင်း အန္တရာယ်
အထူးဂရုစိုက်ကြဖို့ အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Aug 31, 11:30PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
https://t.me/myaing3starbot
1,7800010
ဆောမြို့နယ်ကစစ်ကြောင်းသီးကုန်းရွာမှာဝင်ရောက်နေ၊ ပြည်သူအချို့ဖမ်းဆီးခံထားရ

သြဂုတ် ၃၁၊၂၀၂၆၊ ဆော

မကွေးတိုင်း၊ယောဒေသ ဆောမြို့နယ်တွင်း လှုပ်ရှားနေတဲ့အင်အား ၁၂၀ ကျော်ပါစစ်ကြောင်းသည် ယမန်နေ့‌ နေ့လည်‌ခန့်က သီးကုန်းရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်းသိရသည်။

ထိုသို့ သီးကုန်းရွာကို စစ်ကြောင်းဝင်ရောက်လာစဥ် လမ်းခရီးတွင် တွေ့ရှိသည့်အရပ်သားပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ထိုနောက် ရွာအတွင်းဝင်ရောက်ပြီး တွေ့ရှိရသည့် အရပ်သားပြည်သူများကိုလည်း ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်အရ သိရသည်။

"မင်းလယ်ဖက်ကနေ တိတ်တဆိတ်ဝင်လာကြတာပါ၊ လမ်းမှာတွေ့တဲ့လူတွေ၊နောက် ရွာထဲရောက်တော့လဲ တွေ့တဲ့သူတွေကို ဖမ်းထားတယ်၊ ဖမ်းခံရသူတွေအရေအတွက်အတိကျတော့မသိရဘူး များတော့များမယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

ဆောလှုပ်ရှားစစ်ကြောင်းသည် မင်းလယ်ရွာဖက်မှတဆင့် သီးကုန်းရွာတွင်းသို့ တိတ်တဆိတ်ရုတ်တရက် ဝင်ရောက်လာတာဖြစ်ပြီး အရပ်သားပြည်သူ ၂၀ ဦးကျော်ကိုပါ ဓားစားခံအဖြစ်ဖမ်းဆီးထားကြောင်း သိရသည်။(အတည်ပြုဆဲသတင်း နှင့် သတင်းရင်းမြစ်တစ်ခုအရ ၄၀ ဦးခန့်ရှိကြောင်းသိရသည်)

အဆိုပါစစ်ကြောင်းသည် သီးကုန်းရွာ‌ေမြာက်ဖက်အစွန်နားရှိ လေထိုးကျွတ်ဖာဆိုင်တွင် တပ်သား ၁၅ ဦးခန့်ရှိနေပြီး ကျန်ရှိတပ်အင်အားကို ရွာနှင့် အနီးနားဝန်းကျင်နေရာများတွင် တပ်ဖြန့်ထားကြောင်း သိရသည်။

စစ်ကြောင်းသည် လောင်းရှည်လမ်းပိုင်းနှင့် ဆိပ်ဖြူလမ်းပိုင်းများ ဆုံရာ သီးကုန်းရွာတွင်ရှိနေခြင်းကြောင့် မည်သည့်အရပ်ဖက်သို့ ဆက်လက်ရွေ့လျားလှုပ်ရှားမည်ကို မသိရသေးတာကြောင့် အဆိုပါလမ်းပိုင်းများက ပြည်သူများ ကြိုတင်သတိထား သွားလာနေထိုင်ကြရန် လိုအပ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

@မင်းဒဿ
ယောအလင်းတန်း

#7Starsmyaing
Aug 31,6:25PM
📩သတင်းပေးပို့ရန်
https://t.me/myaing3starbot
1,760003
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်လူကြီးလူငယ်များသတိထားရန် ပခုက္ကူရှိချည်မျှင်ခွေးဂိတ်မှ စခများသည် ဆိုင်ကယ် ၂ယောက်စီးခွင့်ပိတ်ပင်လိုက်ကြောင်းသိရပါသည်။ယခုအခါအကြမ်းဖက် စခများသည် မြို့တွင်းရှိလူငယ်များအားနေအိမ်အတွင်းထိဝင်ရောက်ပေါ်တာဆွဲနေသောကြောင့် လူငယ်များသတိထားပါ တပ်တွင်းဖရဲသီးပြောပြချက်အရ လူဦးရေ (၅၀၀၀)အထိပေါ်တာဆွဲမည်ဖြစ်ကြောင်းသိရ။

#MRSN
Aug 31, 11:14AM

ー
♦ပခုက္ကူမြို့နယ်♦

​ပခုက္ကူမြို့၊ ချည်မျှင်စက်ရုံဂိတ်တွင် စစ်ကောင်စီတပ်များမှ ဆိုင်ကယ် {၂}ယောက်စီးခွင့်ကို ပိတ်ပင်လိုက်ကြောင်း သတင်းရရှိထားပါသည်။
​
ယခုအခါ ပခုက္ကူမြို့တွင်းရှိ နေအိမ်များအတွင်းအထိ ဝင်ရောက်၍ လူကြီး၊လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် လူကြီး၊လူငယ်များအနေဖြင့် အထူးသတိထား သွားလာကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

#PKK_News
#MRSN
Aug 31, 12:50PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
https://t.me/myaing3starbot
1,900005
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
30.8.2026

ယနေ့ညနေ 5:25 ဝန်းကျင်က
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်
ပေါက်မြို့နယ် နယ်သတ်ရွာအနီးကို
ညောင်ဦးလေဆိပ်မှ ဂျိုင်ရိုကော်ပတာသုံးစီးဖြင့်
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့
သိရပါတယ်။

မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ
တဲကြီးရွာနဲ့ အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်း
ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းနဲ့
ရေနံမှော်ဒေသက မိဘပြည်သူများ အားလုံး
စစ်ကြောင်းသတင်းများကို နားစွင့်ပြီး
သတိဝရိယနဲ့ နေထိုင်ကြကာ

လက်နက်ကြီး အန္တရာယ်
လေကြောင်း အန္တရာယ်
ဒရုန်း အန္တရာယ်
မြေပြင်စစ်ကြောင်း အန္တရာယ်
အထူးဂရုစိုက်ကြဖို့ အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Aug 30 , 10:55PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
https://t.me/myaing3starbot
1,9800011
Photo
​မိဘပြည်သူများ အထူးဂရုပြုရန် အသိပေးချက်⚠️

​မြိုင်မြို့နယ်၊ တဲကြီးရွာ၌ ရောက်ရှိနေသည့် စကစ စစ်ကြောင်းသည် ယခုအခါ တဲကြီးရွာနှင့် ၎င်း၏ အနီးပတ်ဝန်းကျင်၌ ဆက်လက် စခန်းချ/လှုပ်ရှားလျက်ရှိပါသည်။
​အနီးနားရှိ ဒေသခံ မိဘပြည်သူများအနေဖြင့် -

ယုံ​ကြည်စိတ်ချရသောသတင်းများကို စဉ်ဆက်မပြတ် နားစွင့်ထားကြရန်၊
​ဘေးလွတ်ရာနေရာများတွင် အထူးသတိဖြင့် နေထိုင်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

Aug-30, 9:49PM
#Threestarsmyaing
📬သတင်းပေးပို့ရန်
https://t.me/myaing3starbot
1,9300010
ပေါက်/မြိုင်⚠️

ပေါက်/မြိုင်နယ် အစပ် တစ်နေရာတွင် ညောင်ဦး လေဆိပ်တက် ဂျိုင်ရိုကော်ပတာ (Gyrocopter) ၃စီး ပျံဝဲနေ။

#SAS
Aug 30, 05:26 PM
📬သတင်းပို့ရန် https://t.me/SpringAeroScout_Bot
1,850006
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
29.8.2026

မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာမှာ
ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့ညဦးပိုင်းအချိန်ထိ
တဲကြီးရွာနဲ့ အနီးတဝိုက်တွေမှာပဲ ရှိနေပါတယ်။

အဆိုပါစစ်ကောင်စီတပ်တွေဟာ
ယနေ့ည 7:00 ကျော် ဝန်းကျင်က
တဲကြီးရွာထဲကနေ လက်နက်ကြီးတွေ
ရမ်းပစ်နေတယ်လို့ သိရပါတယ်။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်း
ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းနဲ့
ရေနံမှော်ဒေသက မိဘပြည်သူများ အားလုံး
စစ်ကြောင်းသတင်းများကို နားစွင့်ပြီး
သတိဝရိယနဲ့ နေထိုင်ကြကာ

လက်နက်ကြီး အန္တရာယ်
လေကြောင်း အန္တရာယ်
ဒရုန်း အန္တရာယ်
မြေပြင်စစ်ကြောင်း အန္တရာယ်
အထူးဂရုစိုက်ကြဖို့ အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Aug 29, 11:42PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
https://t.me/myaing3starbot
2,350009
Photo
မြိုင် /ပေါက်⚠️

မြိုင်နယ် အနောက်ခြမ်း နှင့် ပေါက်နယ်အရှေ့ခြမ်းတို့တွင် စခ ကင်းထောက် ဒရုန်းများ ပျံသန်း
ဝဲနေပါသည်။

မိဘပြည်သူများနှင့် တော်လှန်ရေးညီအကိုမောင်နှမများ လက်နက်ကြီး လေကြောင်း စစ်ကြောင်း အထူးဂရုစိုက်ကြပါ။

Aug-29, 8:00PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
https://t.me/myaing3starbot
2,200006
Photo
​အရေးပေါ် သတိပေးချက်⚠️

​မြိုင်မြို့နယ်၊ တဲကြီးရွာတွင်ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းမှ ပတ်ဝန်းကျင်နေရာများသို့ ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပါသည်။

​မိဘပြည်သူများအနေဖြင့် လေကြောင်း၊ လက်နက်ကြီးနှင့် စစ်ကြောင်း အန္တရာယ်များကို အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါသည်။

Aug-29, 7:49PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
https://t.me/myaing3starbot
2,0500010
ပခုက္ကူ

ပခုက္ကူမြို့နယ် မြို့သစ် စက်မှု့ဇုန် ပေါင်လောင်ကန်ရွာအတွင်းရှိလူငယ်များအား အကြမ်းဖက်စခများမှပေါ်တာဆွဲဖမ်းဆီးနေကြောင်းသိရ။

#MRSN
Aug 29, 2:55PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
https://t.me/myaing3starbot
1,990008

Showing 30 of 40 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram 3 Stars Myaing ပခုက္ကူခရိုင် မြေပြင်သတင်းများ nói về gì?+

3 Stars Myaing ပခုက္ကူခရိုင် မြေပြင်သတင်းများ (@pakokku3star) là kênh Telegram thuộc danh mục Tin tức & Báo chí trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 3.972 người đăng ký trên tgdio.

Làm sao để tham gia 3 Stars Myaing ပခုက္ကူခရိုင် မြေပြင်သတင်းများ (@pakokku3star)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @pakokku3star miễn phí.

3 Stars Myaing ပခုက္ကူခရိုင် မြေပြင်သတင်းများ có phải kênh Tin tức & Báo chí tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của 3 Stars Myaing ပခုက္ကူခရိုင် မြေပြင်သတင်းများ trước khi tham gia. Hiện có khoảng 3.972 người đăng ký trên tgdio. So sánh với các kênh Tin tức & Báo chí tương tự.

Xem thống kê và bài đăng 3 Stars Myaing ပခုက္ကူခရိုင် မြေပြင်သတင်းများ ở đâu?+

Trên tgdio, mở trang @pakokku3star để xem thống kê, xếp hạng, đánh giá và bài đăng.