ဗြုတ်စဗျင်းတောင်း သတင်းများ Telegram channel photo

ဗြုတ်စဗျင်းတောင်း သတင်းများ

@pkgyiPublic Channel

ဗြုတ်စဗျင်းတောင်း သတင်းများ shares Tin tức địa phương updates and media on Telegram. Join to stay updated.

181

Last views

4.5k (4,452 subscribers)
Thành viên
—
Rating
26
Total Posts
Oct 22, 2026, 3:13 AM
Cập nhật
Apr 5, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameဗြုတ်စဗျင်းတောင်း သတင်းများ
Username@pkgyi
CategoryTin tức địa phương
LanguageTiếng Việt
CountryViệt Nam
Thành viên4,452
Channel TypePublic Channel
Created5 thg 4, 2026
Last Updated22 thg 10, 2026 • Hôm qua
StatusActive

Xếp hạng

Xếp hạng toàn cầu
#431205-731
Xếp hạng ngôn ngữ
#9009Không thay đổi
Xếp hạng danh mục
#732+2

Tăng trưởng người đăng ký

Tổng cộng: 4.5K30 Days growth: -1753.8%
09/2209/2710/0210/0710/1210/1710/21
Tăng trưởng người đăng ký - 30 Days
DateSubscribers
22:09:20264,627
23:09:20264,627
24:09:20264,627
25:09:20264,627
26:09:20264,627
27:09:20264,627
28:09:20264,627
29:09:20264,627
30:09:20264,627
01:10:20264,627
02:10:20264,627
03:10:20264,627
04:10:20264,627
05:10:20264,627
06:10:20264,627
07:10:20264,627
08:10:20264,627
09:10:20264,627
10:10:20264,627
11:10:20264,627
12:10:20264,627
13:10:20264,627
14:10:20264,485
15:10:20264,485
16:10:20264,485
17:10:20264,485
18:10:20264,485
19:10:20264,485
20:10:20264,485
21:10:20264,452
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 30:03:20265,451
Week of 06:04:20265,407
Week of 13:04:20265,407
Week of 20:04:20265,407
Week of 27:04:20265,299
Week of 04:05:20265,299
Week of 11:05:20265,193
Week of 18:05:20265,193
Week of 25:05:20265,193
Week of 01:06:20265,102
Week of 08:06:20265,102
Week of 15:06:20265,102
Week of 22:06:20265,102
Week of 29:06:20264,983
Week of 06:07:20264,983
Week of 13:07:20264,983
Week of 20:07:20264,894
Week of 27:07:20264,894
Week of 03:08:20264,806
Week of 10:08:20264,806
Week of 17:08:20264,743
Week of 24:08:20264,700
Week of 31:08:20264,700
Week of 07:09:20264,659
Week of 14:09:20264,627
Week of 21:09:20264,627
Week of 28:09:20264,627
Week of 05:10:20264,627
Week of 12:10:20264,485
Week of 19:10:20264,452
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20265,299
May 20265,193
June 20264,983
July 20264,894
August 20264,700
September 20264,627
October 20264,452
Tăng trưởng người đăng ký - Yearly
DateSubscribers
20264,452

Bài đăng gần đây

Photo
တပ်မတော်မှ
ချင်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးပြန်လည်ထိန်းချုပ်
==============

CDF ၊ CNA နှင့် PDF ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် တွန်းဇံမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ပြီး ချင်းပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံးကို တပ်မတော်မှ အလုံးစုံပြန်လည်ထိန်းချုပ်။
3800020
Video
မော်လမြိုင်ကျွန်းမြို့က
မောင်ထွန်းထွန်းလင်း
စစ်မှုထမ်းအပါတ်စဥ်(၁)ရဲ့အိမ်ပြန်ခရီး
နိုင်ငံအတွက်တာဝန်ကျေခဲ့သလို
နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ပါ
ကျေခဲ့သူကိုအုပ်ချုပ်ရေးမှူး
ဦးဆောင်ပြီးကြိုဆိုကြတာတွေ့ရတော့ လေးစားမိတယ်။

ကိုယ်တွေက
စစ်မှုထမ်းခွင့်မရှိတော့ပေမယ့် အခုလိုနိုင်ငံအတွက်နိုင်ငံသားတစ်ယောက်တာဝန်ကျေခဲ့သူတွေကို အမြဲလေးစားလျှက်ပါပဲ။
6,9900019
(၂၀၀၀)နီးပါး
အလင်းဝင်လာကြသူတွေထဲမှာ
မပါသေးတဲ့PDF ညီငယ်ညီမငယ်တို့
ကျန်နေသေးသလို၊သောကအပူတွေနဲ့
စောင့်မျှော်နေတဲ့မိဘတွေရဲ့
စိတ်ကို ထပ်ပြီးမနှိပ်စက်ကြတော့ပဲ
အိမ်ပြန်လာဖို့အချိန်မီပါသေးတယ်
PDF ညီငယ်ညီမငယ်တို့။

တစ်ချိန်က
နာမည်ကြီးလူကြိုက်များခဲ့တဲ့
အဆိုတော်ဗဒင်ရဲ့
တို...ကတော့...တို့ကတော့သီးချင်းလို
#မင်းဆိုးလို့ဝရင်မင်းမိုက်လို့ဝရင်.....။

#Kp
5420025
နောက်ပြီး
ညီငယ်ညီမငယ်တို့သိထားရမှာက
မြန်မာနိုင်ငံရဲ့လွတ်လပ်ရေး
ကြေညာစာတမ်းမှာ မြန်မာနိုင်ငံသည်
အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သည်
ဆိုတာပါတယ်။
အချုပ်အခြာအာဏာပိုင်
နိုင်ငံတစ်နိုင်ငံကိုနိုင်ငံတကာကတပ်တွေ
မပြောနဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ UN တပ်တောင်
ဝင်ချင်သလိုဝင်၊ထွက်ချင်သလိုထွက်
လုပ်လို့မရဘူး။
ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံက
သူများနိုင်ငံအုပ်ချုပ်မှုအောက်မှာမဟုတ်​တဲ့
ကိုယ့်ထီးကိုယ့်နန်းနဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်နေလို့။

ညီငယ်ညီမငယ်တို့ကို
မြှောက်ပင့်ပေးခဲ့တွေအပါအဝင်သူတို့
သားသမီးတွေ PDF ဆိုပြီး စတေးခံကြသူ၊
ဒုက္ခခံကြသူတွေ ဘယ်သူတွေရှိလည်း
သူတို့ကိုယ်တိုင်ကော ရှေ့ကနေဦးဆောင်
တိုက်နေလို့လား၊သူတို့ကအေးအေးဆေးဆေး
ထမင်းတစ်လုပ်အေးဆေးစား
တော်လှန်ရေးခေါင်းစဥ်နဲ့ အလှူခံ
တစ်ချို့ကချမ်းသာကြီးပွားကုန်ပြီ
တစ်ချို့ကတိုက်ဆောက်၊ကားဝယ်မယားငယ်နဲ့ သာသာယာယာဖြစ်ကုန်ပြီ။

ပြည်ပထွက်ပြေးရသူတိုင်းလည်း
ငါတို့နဲ့တစ်သားတည်းပဲလို့ မထင်နဲ့။
တစ်ချို့က ကိုယ်နိုင်ငံထက်
အစစအရာရာသာတဲ့ တစ်ခြားနိုင်ငံမှာ
နေထိုင်လုပ်ကိုင်ချင်သူ၊တစ်ချို့က စားပေါက်ချောင်လို့ လက် ၃ ချောင်းထောင်ပြ၊
၅၀၅ မဖြစ်ဖြစ်အောင်တမင်ဖန်တီးလုပ်ယူကြသူတွေအများကြီး။၅၀၅ ဖြစ်မှ
တစ်ခြားနိုင်ငံကနိုင်ငံရေးခိုလှုံခွင့်ပေးတာ။
ညီငယ်ညီမငယ်တို့ထင်သလိုတစ်သားတည်းမဟုတ်တဲ့လူတွေအများကြီးရှိတယ်။

ညီငယ်ညီမငယ်တို့
မြန်မာနိုင်ငံသမိုင်းမှာ
လက်နက်ကိုင်တိုက်လို့ ပြုတ်ကျခဲ့တဲ့
အစိုးရဆိုတာမရှိခဲ့ပါဘူး။အစိုးရကိုလည်း
လက်နက်ကိုင်ပြီးဖြုတ်ချလို့မရပါဘူး။
လုပ်စားနိုင်ငံရေးသမားတွေ၊
စားပေါက်ချောင်သူတွေရဲ့တစ်ရက်နှစ်ရက်ဆိုရင်အစိုးရပြုတ်ကျပြီဆိုတဲ့မြှောက်ပင့်
စကားကိုရှေ့ကနေ အသက်တွေစတေးခံပြီး
(၂)ရက်မကနှစ်ချီတိုက်နေကြတဲ့
ညီငယ်ညီမငယ်တို့ အသိဆုံးပါ။
ဘယ်မှာအစိုးရပြုတ်ကျလို့လည်း။
သေချာပြန်စဥ်းစားကြည့်ကြပါ။
ဆက်မမိုက်ကြပါနဲ့တော့။

ညီငယ်ညီမငယ်တို့က
အစွန်းရောက်နိုင်ငံရေးသမားတွေ၊
လုပ်စားနိုင်ငံရေးသမားတွေ၊နိုင်ငံရေးနဲ့
စားပေါက်ချောင်ဝင်ငွေကောင်းနေသူတွေရဲ့
သွေးထိုးမြှောက်ပင့်စကားတွေကိုယုံပြီး
#ရှေ့ကနေနေစရာခက်ခဲစားစရာကြပ်တည်းမိဘတွေရင်ကွဲ ဘယ်ချိန်ဗုံးကြဲ
မလည်းအသက်ကိုဘယ်နားဖွက်ထားရ
မလည်း တစ်ယောက်ပြီးတစ်ယောက်အသက်တွေစတေးပေးနေကြပေမယ့်
သူတို့အားလုံး၊သူတို့သားသမီးတွေအားလုံး၊သူတို့မိသားစုတွေအားလုံးက
ခလုတ်မတိုက်စူးမထိပဲအေးအေးဆေးဆေး
သာသာယာယာကျောင်းတက်သူတက်၊
ဘွဲ့ရသူရနဲ့။

အလှူခံပြီးလုပ်တဲ့တော်လှန်ရေး
အောင်မြင်မယ်ထင်လား။
ဒီတစ်သက်မဟုတ်ဘူး။
နောက်ဘုရားတစ်ဆူပွင့်တောင်
မအောင်မြင်ပါဘူးညီငယ်ညီမငယ်တို့။တော်လှန်ရေးခေါင်းစဥ်အောက်က
အလှူခံကြသူတွေသာ ဘေးမသီ ရန်မခ
ချမ်းသာကြီးပွားသွားကြတာပါ။

ညီငယ်ညီမငယ်တို့အရွယ်တွေက
တောထဲမှာ လူတစ်စုကောင်းစားရေးအတွက်
ဘဝပျက်နေရမယ့်အရွယ်မဟုတ်ပါဘူး။
ကိုယ့်မြို့ကိုယ်ရွာ၊ကိုယ့်အရပ်က
မိဘအရိပ်အောက်မှာ နေပြီးဗိုက်ဆာရင်စား၊သွားချင်ရာသွား၊ဂိမ်းဆော့ချင်ဆော့၊
သီချင်းနားထောင်ချင်နားထောင်၊နေဖင်ထိုးအောင်အိပ် ဒီလိုနေရမယ့်အချိန်တွေပါ။

သူတို့ခိုင်းကောင်းအောင်၊သူတို့အတွက်
အသက်တွေ ဆက်ပြီးစတေးပေးနေအောင်
မြန်မာကလည်းအသိအမှတ်မပြု၊
ကမ္ဘာကလည်းအသိအမှတ်မပြုတဲဲ့
သူရဲကောင်းဘွဲ့ကို လွယ်လွယ်ပေး၊
လူတစ်စုချမ်းသာကြီးပွားကောင်းစားရေး
အတွက် ရှေ့ကနေစတေးခံနေကြတဲ့
ညီငယ်ညီမငယ်တို့ အနေနဲ့ တိုင်းပြည်အတွက်
အသက်ပေးထားတဲ့စစ်သားတွနဲ့
သွားမယှဥ်ပါနဲ့။

စစ်တိုက်ရင် စိန်ခေါ်ပြီးမှတိုက်တဲ့
ညီငယ်ညီမငယ်တို့ရဲ့အဖိုးဖြစ်တဲ့KNU၊
မိန်းမလိုမိန်းမရစိတ်နဲ့
လူနေအိမ်ကြားထဲကနေစစ်တိုက်တဲ့
ညီငယ်ညီမငယ်တို့ရဲ့
ပထွေးတွေဖြစ်တဲ့KIAနဲ့TNLA သူတို့
တိုက်နေတာနှစ်ပေါင်းကြာနေပြီလေ
သူတို့ကို နမူနာကြည့်ကြပါ။

#တပ်မတော်ထိုးစစ်တကယ်လုပ်ရင်
ဘယ်သူပုန်မှမခံနိုင်ပါဘူး
အခုတပ်မတော်ကတစ်မြို့ပြီးတစ်မြို့
ပြန်ယူနေတာလည်း ကြားကြမှာပဲ။
Facebook ပေါ်မှာ ညီငယ်ညီမငယ်တို့
အနိုင်ရနေပေမယ့် Comments တွေ
ဝင်ဖတ်ကြည့်တာရယ်၊မြေပြင်မှာရှုံးနေတာ
တွေရယ်က ဖုံးကွယ်လို့မှမရတာ။

တပ်မတော်အုပ်ချုပ်တာမကြိုက်လို့၊
စစ်အာဏာရှင်ကိုမကြိုက်လို့ဆိုပြီး
လမ်းမှားလိုက်နေကြတဲ့PDF ညီငယ်ညီမငယ်တို့
ဆက်မမိုက်ကြပါနဲ့တော့။
အခုနိုင်ငံကို တပ်မတော်အုပ်ချုပ်နေတာ
မဟုတ်တော့ပါဘူး။ရွေးကောက်ပွဲကျင်းပ
ပြီးလို့ အစိုးရသစ်တစ်ရပ်ပေါ်ထွက်
အုပ်ချုပ်နေပါပြီ။

အစိုးရသစ်ရဲ့ ရက်(၁၀၀)စီမံချက်ထဲက
ဦးစားပေးတဲ့ ငြိမ်းချမ်းရေးအတွက်
စီမံချက်ထဲမှာ PDF များ အလင်းဝင်ဖို့
ဖိတ်ခေါ်ထားတဲ့အတိုင်း
သားဆိုးသမီးဆိုးကိုမပစ်ရက်ကြတဲ့
အေးမြတဲ့မိဘရဲ့အရိပ်အောက်ကို
ပြန်ခိုဝင်ဖို့ ညီငယ်ညီမငယ်တို့အတွက်
အခွင့်အရေးတစ်ခုကိုလက်လွတ်ဆုံးရှုံး
မခံပါနဲ့။PDFညီငယ်ညီမငယ်တို့
ဟိုးအစကနေ သေချာပြန်စဥ်းစားကြည့်ပါ။

#အစိုးရသစ်ရဲ့မေတ္တာစေတနာ၊
#တပ်မတော်ရဲ့သနားငဲ့ညှာမှုတွေနဲ့အတူ
အခုဆိုရင် ညီငယ်ညီမယ်တို့လို့
PDF တွေအမြင်မှန်ရလို့၊လူတစ်စုအတွက်စတေးမခံကြတော့ပဲ
#အလင်းဝင်လာကြတာ
ကြားရတဲ့သတင်းအရဆိုတစ်နိုင်ငံလုံးအတိုင်းအတာနဲ၂၀၀၀နီးပါးရှိနေပြီ။
516007
#PDFညီငယ်ညီမငယ်များဖတ်ဖို့
=====================

#မင်းဆိုးလို့ဝရင်မင်းမိုက်လို့ဝရင်

အစွန်းရောက်
NLD ကိုထောက်ခံသူတစ်ချို့ရဲ့
ဝါဒမှိုင်းတွေ၊မဟုတ်မမှန်လုပ်ကြံလိမ်ညာ
ပြောဆိုကြတဲ့စကားတွေကိုယုံစား၊
GZ ဆိုပြီး နိုင်ငံရေးသမားအမည်ခံ
လုပ်စားနိုင်ငံရေးသမားတွေရဲ့
မြှောက်ပင့်သွေးထိုးမှုအောက်မှာ
လမ်းမှားနောက်ကိုလိုက်ပြီး
#အစွန်းရောက်နိုင်ငံရေးသမားတွေရဲ့အတ္တကို
#အဖြည့်ခံစတေးခံထိုးကျွေးခံဒုက္ခခံအငတ်ခံဘဝနဲ့ မဖြစ်နိုင်တဲ့၊မအောင်မြင်နိုင်တဲ့တော်လှန်ရေးထဲကနေ
အိမ်ပြန်မရောက်နိုင်ကြတဲ့
PDF ညီငယ်/ညီမငယ် အပေါင်းတို့
သေသေချာချာစဥ်းစားပြီး နွေးထွေးလှတဲ့
မိဘရင်ခွင်ထဲ၊အေးမြတဲ့မိဘမေတ္တာအရိပ်အောက် ပြန်လာဖို့ အချိန်မီပါသေးတယ်။

တကယ်တော့
အခုPDF ဆိုပြီးဖြစ်သွားကြတဲ့
ညီငယ်ညီမငယ်တွေထဲမှာ
နိုင်ငံရေးကိုသိသူနည်းပါးပြီး၊
နိုင်ငံရေးဆိုတာငါတို့နဲ့ဘာမှမဆိုင်
ကျောင်းတက်မယ်၊သွားမယ် စားမယ်၊
အိပ်မယ်၊ပျော်မယ်၊ဂိမ်းဆော့မယ်၊shoppingထွက်မယ်၊အလှပြင်ဆိုင်သွားမယ်၊ရုပ်ရှင်ကြည့်မယ်၊Video တွေဒေါင်းပြီးကြည့်မယ်၊သီချင်းနားထောင်မယ် စသဖြင့် ကိုယ့်ဘာသာကိုယ်နေကြသူတွေ၊နိုင်ငံရေးကိုစိတ်မဝင်စားသူတွေပိုများတယ်ဆိုတာက ငြင်းလို့မရပါဘူး။

တကယ်တော့ ညီငယ်ညီမငယ်တို့က
နိုင်ငံရေးသမားအမည်ခံ
လုပ်စားနိုင်ငံရေးသမားတွေရဲ့
စကားတွေကို ဖြစ်နိုင်၊မဖြစ်နိုင် မစဥ်းစားပဲ
ယုံလွယ်ခဲ့ကြပြီး မိဘရင်ခွင်ကိုစုံကန်
အစိုးရကိုလက်နက်ကိုင်တော်လှန်မယ့်
ဂိမ်းထဲက သူရဲကောင်းတွေလို့
ကိုယ့်ကိုကိုယ် ထင်ခဲ့ကြတာကိုး။

၂၀၂၀ ရွေးကောက်ပွဲမှာ
NLD မဲ(၁၁)သန်းကျော်ခိုးခဲ့တာကအမှန်၊
ဒါကိုကမ္ဘာကတောင်လက်ခံခဲ့တယ်။
မခိုးခဲ့ဘူးဆိုရင် ဘာလို့မရှင်းခဲ့တာလည်း
ဥပမာ-ညီငယ်ညီမငယ်တို့က
သူများ ပစ္စည်းမခိုးခဲ့ဘူးထား၊ဒါကိုသူခိုးလို့
စွပ်စွဲရင် ငြိမ်ခံမှာလား၊ပြန်ရှင်းမှာလား
မခိုးပဲနဲ့ခိုးတယ်ပြောရကောင်းမလားဆိုပြီး
ပြန်ရှင်းမှာသေချာတယ်၊အခန့်မသင့်ရင်
နပန်းလုံးပွဲ၊ထိုးကြိတ်ပွဲ တောင်ဖြစ်သွားနိုင်တယ်။မခိုးပဲနဲ့ခိုးတယ်ပြောလို့။
မဲခိုးခဲ့တယ်လို့ ပြောတာကိုမခိုးခဲ့ဘူးဆိုရင်
ပြန်ဖြေရှင်းလေ မဖြေရှင်းခဲ့ဘူး
ဘယ်သူဖြေရှင်းခဲ့လည်း၊ဘယ်သူမှမရှင်းခဲ့ဘူး။

ကဲအခု ညီငယ်ညီမငယ်တို့ကို
သွေးထိုး​မြှောက်ပင့်ပေးခဲ့သူတွေ၊
ပြည်ပထွက်ပြေးပြီးဟိုမှာအဆင်ပြေချမ်းသာနေကြသူတွေ၊အလှူခံပြီးတိုက်ဆောက်၊ကားစီးကြီးပွားနေသူတွေ
မဲမခိုးခဲ့ပါဘူးဆိုတာ သက်သေအထောက်
အထားနဲ့ဘယ်သူထွက်ပြီး ဖြေရှင်းလည်း
ဘယ်သူမှထွက်ပြိး မဖြေရှင်းခဲ့ဘူး အခုအချိန်ထိ။
မဲခိုးခဲ့တာ မှန်လို့ မဖြေရှင်းရဲကြတာ။

သူများကို သူခိုးလို့စွပ်စွဲပြီး
ကိုယ်ကိုယ်တိုင်သူခိုးဖြစ်ခဲ့တဲ့
အမှန်တရားကို ဖုံးကွယ်ချင်လို့
တပ်မတော်ကပဲ မတရားအာဏာထိန်းတဲ့
ပုံစံဖြစ်သွားအောင် ညီငယ်ညီမငယ်တို့ကို
သွေးထိုး၊GZ တွေဆိုပြီးမြှောက်ပင့်ပေး၊
ဆူပူဆန္ဒတွေပြ၊ဖျက်လိုဖျက်စီးတွေလုပ်
ဒလန်လို့စွပ်စွဲပြီး လုပ်ကြံကြ၊စာသင်ကျောင်း၊
ဆေးရုံဆေးခန်းတွေ၊စျေးတွေ၊ပြည်သူပိုင်
အဆောက်အဦတွေမီးရှို့ဖျက်ဆီး
အစိုးဝန်ထမ်းတွေ၊ဆရာဝန်တွေ၊
ဆရာ/ဆရာမတွေ ကို သွေးခွဲ၊
CDM လုပ်ခိုင်း၊CDMမလုပ်သူကို SP လုပ်
ရဟန်းသံဃာတွေ၊ဝန်ထမ်းတွေ၊ကိုယ်ဝန်
ဆောင်မိခင်တွေ၊ကလေးငယ်တွေကို
ရက်ရက်စက်စက်Tတ်
​ဒီလိုတွေလုပ်ခဲ့ကြတာ။ဒါတွေကသမိုင်းမှာ
ဖျောက်လို့မရတဲ့ အမှန်တရားတွေ။

ဆူပူဆန္ဒပြဖျက်ဆီး ဒါတွေလုပ်ရာကနေ
လက်နက်ကိုင်တော်လှန်မှရမယ်ဆိုတဲ့
ဝါဒမှိုင်းကို ညီငယ်ညီမငယ်တွေကြားထဲ
ပျံ့သွားအောင် လုပ် တောထဲရောက်အောင် သိမ်းသွင်းနောက်ဆုံးအယုံလွယ်၊
နားယောင်ကြတဲ့ညီငယ်၊ညီမငယ်တို့
PDFဆိုပြီးဖြစ်ခဲ့ကြတယ်။

တော်လှန်ရေးဆိုတာ ကိုယ့်နိုင်ငံကို
တစ်ခြားနိုင်ငံက မတရားကျုးကျော်ပြီး
သူတို့အုပ်ချုပ်တာကို တစ်နိုင်ငံလုံးက
မကျေနပ်လို့ ကိုယ့်နိုင်ငံလွတ်လပ်ရေး
ပြန်ရအောင်လက်နက်ကိုင်ပြီး တိုက်တာကို
တော်လှန်ရေးလုပ်တာ လို့ခေါ်တာ။

အခုနိုင်ငံကို တစ်ခြားနိုင်ငံက
ကျုးကျော်အုပ်ချုပ်တာမဟုတ်ဘူး။
NLD မဲခိုးလို့တပ်မတော်က
အာဏာဝင်ထိန်းတာ။
ဒါကိုစားပေါက်ချောင်းနေတဲ့လုပ်စားနိုင်ငံရေးသမားတွေက စစ်အာဏာရှင်လို့
ကင်းပွန်းတပ်၊ညီမညီမငယ်တို့ကို
သွေးထိုးမြှောက်ပင့်ပေး၊စစ်အာဏာရှင်ပြုတ်ကျရေးဆိုတဲ့စကားလုံးကိုရွေးသုံး၊
နာမည်လှအောင်တော်လှန်ရေးဆိုပြီး
ခေါင်းစဥ်တပ်လိုက်တာ။

အခုညီငယ်ညီမငယ်တို့က
တော်လှန်ရေးလုပ်နေတာ မဟုတ်ဘူး။
လက်နက်ကိုင်ပြီးအစိုးရကိုပုန်ကန်တာ၊
မြို့/ရွာတွေ မငြိမ်မသက်ဖြစ်အောင်၊
ပြည်သူတွေထိတ်လန့်ကြောက်ရွံ့အောင် လက်နက်ကိုင်ပြီးသူပုန်ထတယ်လို့ခေါ်တယ်။

အမေရိကန်စစ်သင်္ဘောကြီးတွေလာနေပြီ
UN တပ်ပြီး (၂)ရက်အတွင်းရောက်လာမှာ
နိုင်ငံတကာတပ်တွေ လာနေပြီ
အရေးတော်ပုံ (၂)ရက်ဆိုအောင်ပြီ
ငါတို့နိုင်နေပြီ၊ငါတို့နိုင်တယိ
တော်လှန်ရေးကြီးပြီးဆုံးဖို့၊အောင်မြင်ဖို့
တစ်ပတ်ပဲလိုတော့တယ် ဆိုပြီး (၂၀၂၁)က
စခဲ့တာ အခု (၂၀၂၆)နှစ်ဝက်ရောက်ပြီ။ဘယ်မှာလည်း အမေရိကန်စစ်သင်္ဘောတွေ
ဘယ်မှာလည်း UN တပ်ကြီး
ဘယ်မှာလည်း နိုင်ငံတကာတပ်တွေ
ဘယ်မှညလည်းတော်လှန်ရေးပြီးဖို့အောင်ဖို့
တစ်ပတ်ဆိုတာ အခု (၅)နှစ်ရှိနေပြီပဲထား
ညီငယ်ညီမငယ်တို့ သေချာပြန်တွေးကြည့်ကြပါ။
4450010
Photo
ဆောမြို့မှာ
လူငယ်တစ်ဦးကိုဖမ်ဆီးနှိပ်စက်တယ်လို့ တစ်ဖက်
မီဒီယာတွေက ဖွနေကြတယ်။

ဖမ်းခံရတဲ့ ပဒက်ကလည်း
သူမပါ ပါဘူး၊သူကငါးရောင်းနေသူပါ ဘာညာဆိုပြီးငိုသံကြီးနဲ့ပြောနေတယ်။

ဖွနေတဲ့မီဒီယာတွေနဲ့
ကျနော်မပါပါဘူးဆိုတဲ့ ပဒက် ကို
မေးချင်တာက
ဆောမြို့အဝင်ဆိုင်းဘုတ်နောက်ခံထားပြီးဝတ်စုံပြည့်နဲ့သေနတ်ကိုင်ထားတဲ့ပုံက
ပိုတိုရှော့မဟုတ်သလို
Ai လဲမဟုတ်ဘူးနော်
အဲ့ပုံကိုဘာလို့ ဖျောက်ထားကြတာလည်း။
4960020
Photo
စူပါပါဝါအင်အားကြီး
နှစ်နိုင်ငံကမ္ဘာရန်ဖက်တွေဖြစ်ကြတဲ့
တရုတ်သမ္မတနဲ့အမေရိကန်သမ္မတတို့ တွေ့ဆုံကြတယ်။
ရင်ထဲကအမုန်းတရားတွေကို
ဖုံးကွယ်ထားကြပြီး
လက်ဆွဲနှုတ်ဆက်နေကြတယ်။

သူတို့တွေ့ဆုံမှုကနေတစ်ဆင့်
ကောင်းကျိုးတွေပဲဖြစ်လာဖို့မျှော်လင့်တယ်။

ဆိုးကျိုးတွေဖြစ်လာရင်
ကိုယ့်မြန်မာနိုင်ငံ အသက်ရှူကြပ်မှာသေချာတယ်။
6790017
Photo
ချင်းပဒက်
ခေါင်းဆောင်အချင်းချင်း စကားများပြီးသေနတ်နဲ့ပစ်သတ်
================

မေလ(၁၅)ရက်နေ့က
ချင်းပြည်နယ်၊CDF
ချင်းကာကွယ်ရေးတပ် (ဟားခါး)အထွေထွေအတွင်းရေးမှူးနဲ့
ဒုဥက္ကဋ္ဌဟောင်းစကားများ

အထွေထွေအတွင်းရေးမှူးဆိုသူက
ဒုဥက္ကဋ္ဌဟောင်းအားသေနတ်နဲ့
ပစ်သတ်။
8,6600011
Photo
သေးဆုံးတဲ့ပဒက်အတွက်
NUGကာကွယ်ရေးဝန်ကြီးငမူးထံပင်စင်ရ​အောင်တောင်းထား
==================

မေ ၁၃ ရက် မနေ့က
တနင်္သာရီ၊တကူ အထက ကျောင်းမှာ ပဒက်တွေ
စခန်းချနေလို့လေကြောင်းနဲ့ဆော်လိုက်တာPDF (၄) ဦး သေဆုံးခဲ့တယ်လို့ သူတို့ ပဒက်တွေတင်ထားတာတွေ့ရတယ်။

ဆက်လက်ပြီး
စာသင်ကျောင်းတွေ၊မီးသတ်ရုံးတွေမှာ စခန်းချဖို့ ဆင်ခြင်ရတော့မည်ဖြစ်ကြောင်း၊လူနေအိမ်တွေမှာပဲ ပြောက်ကြားစနစ်နေထိုင်မှရတော့မယ်ဖြစ်ကြောင်း

သေဆုံးသွားတဲ့ ပဒက် (၄)ဦးအတွက်ပင်စင်ရအောင်NUGကာကွယ်ရေးဝန်ကြီးအရက်သမားထံတင်ပြထားတယ်လို့ရေးထားပါတယ်။

😃😃😃😃😃
7,2300023
Photo
တွေ့ရင်ပြောပေးပါ
============

Taxi ကားသမားယောင်ဆောင်ပြီး
ထွက်ပြေးခဲ့ရတယ်ဟုဆိုခဲ့သော
ဒေါက်တာဆာဆာဆိုတဲ့
လူကိုတွေ့ရင်ပြောပေးကြပါဦး

(၂၀၂၀)ရွေးကောက်ပွဲမှာ
NLD မဲ (၁၁)သန်းကျော်ခိုးပြီး
မဲခိုးတဲ့ကိစ္စမဖြေရှင်းခဲ့လို့
(၂၀၂၁)ခုနှစ်မှာ တပ်မတော်က
နိုင်ငံတော်အာဏာကိုထိန်းခဲ့စဥ်
(၇၂)နာရီအတွင်း UN တပ်ကြီးကို
သူ(ဒေါက်တာဆာဆာ)ဦးဆောင်ပြီး
အရောက်လာမယ်ဆိုပြီး ပြောခဲ့တာ

အခု (၂၀၂၆)ခုနှစ်ရောက်လို့
ရွေးကောက်ပွဲလည်းပြီးသွားပြီးသွားပြီ။

အစိုးရသစ်တစ်ရပ်လည်း
စတင်အုပ်ချုပ်နေပြီ။

လွှတ်တော်ကြီးလည်း
ပြန်လှုပ်ရှားနေပြီ။

UNတပ်ကြီးကိုသူဦးဆောင်ပြီး
(၇၂)နာရီအတွင်းအရောက်လာမယ်လို့
(၂၀၂၁)ခုနှစ်ကပြောခဲ့တာ
(၂၀၂၆)ခုနှစ်ထိ ရောက်မလာသေးလို့
အခု....ဘယ်နားရောက်နေပြီလဲ
ရောက်တာနေရာလေးကို
ပြည်သူတွေက သိချင်နေကြတယ်။

နောက်ပြီး
သူတို့ဆက်စောင့်ရမှာလား
မစောင့်ရတော့ဘူးလား ဆိုတာလေး
ပြန်ပြောပါဦးတဲ့။

(၇၂)နှစ် နဲ့ (၇၂)နာရီ
မှားပြောမိတာလားမှမသိတာ။
1,2800033
သီလရှင်ဝတ်စုံဝတ်ပြိုင်စော်ကားခဲ့တဲ့
ကိစ္စနဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေဖက်က
ဥပဒေအတိုင်းအမှုဖွင့်အရေးယူဆောင်ရွက်နေကြပြီဖြစ်လို့ ကျူးလွန်ခဲ့သူ​​တွေ ဥပဒေအတိုင်းအပြစ်ပေးတာကို ခံရပါလိမ့်မယ်။

ဘာသာရေး၊လူမျိုးရေးဆိုရင်
ထိလွယ်ရှလွယ်တတ်တဲ့မြန်မာနိုင်ငံမှာ
နေထိုင်ကြသူတိုင်း ဗုဒ္ဓဘာသာမှ
မဟုတ်ဘူးဘယ်ဘာသာကိုမှမစော်ကား
ကြပါနဲ့။စော်ကားဖို့လည်းမကြံစည်ပါနဲ့
မကြိုးစားကြပါနဲ့။

မလုပ်ခင်အရင်စဥ်းစားပါ
ရပ်သိရွာသိ ဟိုးလေးတကြော်
စော်ကားချင်သလိုစော်ကားပြီးမှ
မသိလို့ပါဆိုပြီး ခွင့်လွှတ်ပေးတဲ့
ဥပဒေ မရှိပါဘူး။

#Kp

(မည်သူ့ကိုမှမရည်ရွယ်ပါကျွန်တော်၏
ထင်မြင်ယူဆချက်သာဖြစ်ပါတယ်)
3110023
မလုပ်ခင်အရင်စဥ်းစား
=============

ဒီရက်ပိုင်းပွဲဆူနေတဲ့
သီလရှင်ဝတ်စုံကိစ္စကို အပိုင်းလိုက်-

ကျင်းပတဲ့ပွဲရဲ့ခေါင်းစဥ်က
Miss Grand Myanmar 2026 National Costume

National ဆိုတာက
နိုင်ငံတော်နှင့်ဆိုင်သော/နိုင်ငံသား/လူမျိုး/အမျိုးသား။

Costume ဆိုတာက
ရှေးခေတ်ဝတ်စုံ/အခမ်းအနားဝတ်စုံ/ဇာတ်ဝတ်ဇာတ်စား။

ပွဲခေါင်းစဥ်ကိုပြောရရင်
မြန်မာနိုင်ငံ နိုင်ငံတော်နှင့်ဆိုင်သော/နိုင်ငံသား/လူမျိုး/အမျိုးသား ဝတ်စုံ/
ရှေးခေတ်ဝတ်စုံ/အခမ်းအနားဝတ်စုံ/ဇာတ်ဝတ်ဇာတ်စား ပြိုင်ပွဲ။

ပွဲစီစဥ်သူ မရမ်ဆိုင်းနော် ၊
ပွဲဖြစ်ရေးတာဝန်ခံ မရမ်လုလုအောင်။

သီလရှင်ဝတ်စုံ
ဝတ်စားဆင်ယဥ်ပြီး ပြိုင်ပွဲဝင်ခဲ့သူကတာချီလိတ်မြို့နယ်ကိုယ်စားပြု City Director. သန့်ဇင်ဦး နှင့် အလှမယ် အိမွန်လွင်။

ကျင်းပတဲ့နေရာကရန်ကုန်မြို့မှာရှိတဲ့
The Eravati Sule GranYangon ။

တစ်ခုချင်းစီ မြင်သာအောင်
ခွဲခြားလိုက်တာပါ။

ဘာသာရေး၊လူမျိုးရေး နဲပတ်သက်ရင်
ကျွန်တော်တို့နိုင်ငံက ထိရှလွယ်တာကြောင့်ပွဲစီစဥ်သူနဲ့ပွဲဖြစ်မြောက်ရေးတာဝန်ခံတို့ကို
ပြောရင် လူမျိုးရေးဖြစ်သွားမှာမို့ မပြောပဲရှောင်လိုက်မယ်။သီလရှင်ဝတ်စုံနဲ့ပြိုင်တဲ့
တာချီလိတ်မြို့နယ်ကိုယ်စားပြု
City Director. သန့်ဇင်ဦး နှင့် အလှမယ် အိမွန်လွင် ကတော့ ဘာလူမျိုး၊ဘယ်ဘာသာဆိုတာမသိပါဘူး။

အလှမယ် ဝတ်ပြီးပြိုင်ခဲ့တဲ့
မြန်မာနိုင်ငံ၊ဗုဒ္ဓဘာသာသီလရှင်ဝတ်စုံက

နိုင်ငံတော်နှင့်ဆိုင်သော- ဝတ်စုံ/
ရှေးခေတ်ဝတ်စုံ/အခမ်းအနားဝတ်စုံ/ဇာတ်ဝတ်ဇာတ်စား။

နိုင်ငံသား- ဝတ်စုံ/ ရှေးခေတ်ဝတ်စုံ/အခမ်းအနားဝတ်စုံ/ဇာတ်ဝတ်ဇာတ်စား။

လူမျိုး- ဝတ်စုံ/ ရှေးခေတ်ဝတ်စုံ/အခမ်းအနားဝတ်စုံ/ဇာတ်ဝတ်ဇာတ်စား။

အမျိုးသား- ဝတ်စုံ/ ရှေးခေတ်ဝတ်စုံ/အခမ်းအနားဝတ်စုံ/ဇာတ်ဝတ်ဇာတ်စား။

ဘယ်ဟာနဲ့ကိုက်ညီမှုရှိလည်း ဆိုတာကိုပွဲစီစဥ်သူတွေ၊ပွဲဖြစ်မြောက်ရေးတွေနဲ့
ဝင်ပြိုင်တဲ့အလှမယ်နဲရယ်၊အလှမယ်နဲ့ပတ်သက်သူတွေပြောကြည့်ပါလား။

ခေါင်းစဥ်ကိုလွယ်လွယ်ပြောရရင်
မြန်မာနိုင်ငံအမျိုးသားဝတ်စုံပြိုင်ပွဲဆိုတော့
သီလရှင်ဝတ်စုံမဟုတ်ဘူးဆိုတာ
အားလုံးသိကြတယ်။ရှေးခေတ်ဝတ်စုံ၊အခမ်းအနားဝတ်စုံ၊ဇာတ်ဝတ်စုံ မဟုတ်တာလည်းသေချာတယ်။

ဒါဆိုရင် ဘာဖြစ်လို့ အလှမယ်က
သီလရှင်ဝတ်စုံကိုမှ ရွေးဝတ်ပြီး
ဝင်ပြိုင်ခဲ့တာလည်း။သူကိုယ်တိုင်ရွေးခဲ့တာလား၊အေဂျင်စီက ဝတ်ခိုင်းခဲ့တာလား။
မစဥ်းစားခဲ့ဘူးလား၊မသိလို့လား၊
သိသိနဲ့လား၊မသိလို့ဆိုတာမျိုးကိုတော့
လက်မခံပါဘူး၊မသိစရာအကြောင်းမရှိပါဘူး။

ပွဲလုပ်တဲ့နေရာကလည်း ရပ်ကွက်ထဲက
ခန်းမ/ဇရပ်/ဓမ္မာရုံ/မီးကင်းတဲမှာ
​ဒီနေ့လုပ်ဒီနေ့ပြီးတဲ့အရပ်ပွဲမဟုတ်ဘူး။
Myanmar ကနေ International ထိ အဆင့်ဆင့်သွားတာ။

Media အများစုက
Miss Grand Myanmar/Grand Myanmar
လို့ ပဲအလွယ်ရေးနေကြပေမယ့်
ပွဲရဲ့အမှန်တကယ်ခေါင်းစဥ်အပြည့်အစုံက
Miss Grand Myanmar 2026 National Costume လေ အဓိကဖြစ်တဲ့ National Costume ကိုထည့်မရေးကြခြင်းက
Public ကို ဘာမဟုတ်တဲ့ပွဲလေးကိုများကွာ
လူတွေက အကဲပိုပြီးပွဲဆူနေကြတာ ဆိုပြီး
အမြင်လွဲ၊အထင်လွဲစေနိုင်ပါတယ်။

ကမ္ဘာပေါ်မှာအဓိက
ဘာသာကြီး (၄)ခုရှိတဲ့အထဲကမှ
မြန်မာနိုင်ငံမှာကဗုဒ္ဓဘာသာရယ်၊
ဗုဒ္ဓဘာသာနဲ့ပတ်သက်နေတာတွေကို
တစ်မျိုးမဟုတ်တစ်မျိုးတိုက်ရိုက်တစ်မျိုး၊
သွယ်ဝိုက်ပြီးတစ်မျိုး စော်ကားတာ အများဆုံး။ကျန်တဲ့ဘာသာကြီး (၃)ဘာသာကို
စော်ကားဖို့ မပြောနဲ့ထိလည်းမထိရဲ၊
တို့လည်းမတို့ရဲ ကြပါဘူး။

မြန်မာနိုင်ငံမှာတော့
အလွယ်ပြော၊ပြီးစလွယ်ပြောတတ်ကြတဲ့
အနုပညာ၊အနုပညာ ဆိုပြီး
ကျန် (၃)ဘာသာကို ဗုဒ္ဓဘာသာကဲ့သို့
စော်ကားကြလား/စော်ကားရဲကြလား
စော်ကားတာတွေ့ဖူးကြလား။
အမှန်တကယ် အနုပညာဆိုရင် ကျန်တဲ့
ဘာသာတွေလည်း အနုပညာပဲဖြစ်ရမှာလေ။
အန​ပညာမှာတောင် ခွဲခြားတယ်ဆိုတာမျိုးက
မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။

အနုပညာက အနုပညာပါ
ဘာသာရေး၊လူမျိုးရေးကသပ်သပ်ပါ။
ပြီးစလွယ်ရောချပြီးမ​သုံးသင့်မပြောသင့်ပါဘူး။အနုပညာဆိုတာ ဖျော်ဖြေရန်၊
ပညာပေးရန်၊မျှဝေအတုယူရန် လို့သိရပြီး
အနုပညာရှင်ဆိုတာ
ဖျော်ဖြေသူ၊ပညာပေးသူ၊ကောင်းသောအရာများကို မျှဝေအတုယူစေသူ လို့သိရပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာက
စော်ကားချင်သလိုစော်ကားပြီး
ပြဿနာဖြစ်လာမှ ကိုယ်လိုရာခေါင်းစဥ်
အမျိုးမျိုးအောက်ဆွဲထည့်ရတာနဲ့၊
မသိလို့ပါနဲ့၊တောင်းပန်ပါတယ်နဲ့
ဒါမျိုးပုံစံနဲ့ဒီဘာသာကိုနည်းမျိုးစုံစော်ကားနေကြတာအခုမှမဟုတ်ဘူး
ရှေ့မှာဖြစ်ခဲ့တဲ့ဖြစ်စဥ်တွေအများကြီးရှိခဲ့တယ်။

မသိလို့မှားတာပဲဖြစ်ဖြစ်၊
သိသိနဲ့မှားတာပဲဖြစ်ဖြစ် တစ်ခြားအမှားမျိုး
မှားကြတာပြဿနာမဟုတ်ပေမယ့် ဘာသာရေးနဲ့ပတ်သက်ပြီးမှားတဲ့အမှားမျိုး
မလုပ်ကြပါနဲ။ဆင်ခြင်ကြပါ၊ရှောင်ကြပါ၊
ဂရုစိုက်ကြပါ။တာဝန်ရှိသူတွေဖက်ကလည်း
လိုအပ်ရင်ဥပဒေတွေထပ်ပြဌာန်းထုတ်ပြန်ပြီး
နောင်ကျဥ်အောင်ထိထိရောက်ရောက်
အရေးယူအပြစ်ပေးတာမျိုးလုပ်ဆောင်ဖို့
လိုပါတယ်။အထူးသဖြင့် မြန်မာနိုင်ငံမှာ
လူအများဆုံးကိုးကွယ်တဲ့ဘာသာဖြစ်သလို
နိုင်ငံတော်ဘာသာလို့သတ်မှတ်ထားတဲ့
ဗုဒ္ဓဘာသာကို နည်းမျိုးစုံနဲ့စော်ကားတာမျိုးမလုပ်အောင်ပေါ့။

တစ်ခြားနိုင်ငံတွေကိုကြည့်ပါ
သူ့တို့နိုင်ငံ၊သူတို့ဘာသာကိုစော်ကားတာမျိုးရလား၊လက်ခံလား၊ဘယ်လိုလိုက်နာရလည်း၊
ဘယ်လိုအရေးယူလည်း။
3070010
ထောင်ထဲမှာသေမလားအပြင်မှာနေမလား
=====================

မဲသူခိုးပါတီကတင်မြှောက်တဲ့
သမ္မတဆိုသူ အသက်(၇၅)နှစ်အရွယ်အဖိုးကြီးတစ်ယောက် လွတ်ငြိမ်းနဲ့ထောင်ကလွတ်လာတယ်။

သူလည်း လူ့လောကကြီးမှာ
နေဖို့ရက်တွေထက်သေဖို့ရက်တွေကပိုနီးနေပြီဆိုတော့သူ့မိသားစုနဲ့ အေးအေးချမ်းချမ်းနဲနေပြီး
လက်ကျန်အချိန်တွေ ကုန်ဆုံးချင်မှာပေါ့။

တိုင်းပြည်နဲ့ပြည်သူတွေအပေါ်
ကောင်းခဲ့သည်ဆိုးခဲ့သည်ဆိုတာကသူ့သမိုင်း။

မနေ့တစ်နေ့ကမှ
ထောင်ကလွတ်လာတဲ့
အိုကြီးအိုမအဖိုးကြီးတစ်ယောက်ကိုထောင်ထဲပြန်ပို့နေတာက
အစိုးရလည်း မဟုတ်ဘူး
တပ်မတော်လည်း မဟုတ်ဘူး
USDP လည်းမဟုတ်ဘူး
မျိုးချစ်တွေလည်းမဟုတ်ဘူး
တပ်မတော်ထောက်ခံသူတွေ
အစိမ်းအားပေးတွေလည်းမဟုတ်ဘူး
မင်းတို့ အကြမ်းဖက်အားပေး
ပြည်ဖျက် မီဒီယာတွေကပဲ
သူ့ကို ဝိုင်းလော်နေကြပြီး
ထောင်ထဲပြန်ပို့နေကြတာ။

နိုင်ငံရေးကိုဘာမှနားမလည်တဲ့
ထမင်းဆိုင်ကအမေကြီး ​ပြောသလိုပဲနိုင်ငံက ငြိမ်းချမ်းချင်နေပြီ
မီဒီယာတွေကြောင့်
မငြိမ်းချမ်းနိုင်သေးတာတဲ့။မှန်လိုက်တာ။

ခုကြည့်လေ ထောင်ကလွတ်လာတဲ့သေခါနီးအဖိုးရီးတစ်ယောက်ကိုမင်းတို့အကြမ်းဖက်အားပေးမီ​ဒီယာတွေသူ့ကိုချစ်လွန်းလို့ဝိုင်းလော်နေကြတာမဟုတ်ဘူး။ငြိမ်းချမ်းချင်နေတဲ့နိိုင်ငံကို
မငြိမ်းချမ်းအောင်၊ဆူဆူပူပူဖြစ်အောင် သူ့ကိုအကြောင်းပြပြီးတစ်ဖက်လှည့်နဲ့မင်းတို့ရေးချင်တာ တွေရေးပြီး သွေးထိုးလှုံ့ဆော်နေကြတာ။

ထောင်ထဲမှာသေမလား၊
အပြင်မှာမိသားစုနဲ့
အေးအေးချမ်းချမ်းနေမလားလို့
မနေ့တနေ့ကမှလွတ်ငြိမ်းနဲ့လွတ်လာတဲ့အဖိုးရီးကို သွားမေးကြည့်လေ။
ထောင်ထဲမှာပဲသေချင်တယ်ဆိုရင်တော့သေခါနီးထိအကျွတ်တရားမရတဲ့သူ၊အသိတရားမရှိတဲ့လူလို့ မှတ်တမ်းကျန်ခဲ့မှာပဲ။

မင်းတို့လူစိတ်ရှိကြပြီး
လူ့သက်တမ်းသိပ်မကျန်တော့တဲ့
အဖိုးရီးတစ်ယောက် သူဘာသူ
အေးဆေးနေပါစေကွာ။

တိုင်းပြည်လည်းဖွတ်ဖွတ်ကြေ
ပြည်သူတွေလည်း ကျောကော့နေပါပြီ။သူ့ကို တည်ကြက်ထားပြီး နိုင်ငံကိုမငြိမ်းချမ်းအောင် မင်းတို့အကြမ်းဖက်အားပေးမီဒီယာကတွေက သွေးထိုးနေတာတွေ၊လှုံ့ဆော်နေတာတွေ မလုပ်ကြပါနဲ့
ပြည်သူတွေက မင်းတို့ရဲ့မအောင်မြင်တဲ့၊
မပြီးဆုံးနိုင်တဲ့တော်လှန်ရေးဆိုတာကြီးကို စိတ်ပျက်ပြီးအားမပေးကြတော့ဘူး။

ပြည်သူတွေအေးအေးချမ်းချမ်းနေချင်နေကြပြီ။
3,0100025
အစိုးရသစ်နဲ့ငြိမ်းချမ်းရေး
===================

ကိုယ်တွေဒေသက
မငြိမ်းချမ်းတဲ့ဒေသ၊ကိုယ့်မြို့က
အခုထိ​TNLA လက်အောက်မှာဆိုတော့
အစိုးရသစ်ရဲ့
ရက် (၁၀၀) Plan ထိပ်ဆုံးမှာပါတဲ့
ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်မည့်
ကိစ္စရပ်များကို ကြိုဆိုပါတယ်။

ကိုယ့်အရပ်ကိုယ့်ဒေသ
ဖွံ့ဖြိုးတိုးတက်စည်ပင်သာယာဖို့၊
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ က
ငြိမ်းချမ်းမှုရှိနေမှ ဖြစ်လာမှာပါ။

အခုအချိန်ထိ
တိုင်းပြည်က မငြိမ်းချမ်းသေးတာပါ
အစိုးရတိုင်းကတော့ ငြိမ်းချမ်းရေးအတွက်
ကြိုးစားခဲ့ကြတာပဲ။
NCA နဲ့ အကျိုးရှိခဲ့သလောက်
၂၁-ရာစု ပင်လုံညီလာခံဆိုပြီးထလုပ်မှ
ငြိမ်းချမ်းရေးက ပိုဝေးသွားခဲ့ရတယ်။

လုပ်သလောက်အခုထိ မငြိမ်းချမ်းသေးတာ
ဘာကြောင့်လည်းဆိုတာမငြိမ်းချမ်းတဲ့
ဒေသမှာမွေးဖွားကြီးပြင်းလာတဲ့ကျွန်တော့်
အမြင်​လေးပြောရရင်
ငြိမ်းချမ်းရေးအတွက်အဓိက ကတော့
ယုံကြည်မှုပါပဲ။
အပြန်အလှန် ယုံကြည်မှုရှိဖို့လိုပါတယ်။
#တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုမရှိရင်
ငြိမ်းချမ်းဖို့ဘယ်လောက်လုပ်လုပ်
မအောင်မြင်ပါဘူး။

နောက်တစ်ခုက အပေးအယူ
အပေးအယူဆိုတာက အစိုးရဘက်က
သူလိုက်လျောလုပ်ဆောင်ပေးနိုင်တာတွေ
ရှိသလို တစ်ဖက်ကလည်း သူတို့ဖြစ်ချင်တာတွေရှိတယ်။
အစိုးရကတော့ တိုင်းပြည်ကို
အုပ်ချုပ်ရတဲ့အဖွဲ့အစည်းဖြစ်တော့
သူလုပ်ပေးနိုင်သလောက်လုပ်ပေးမှာပဲ။

ဒါကိုတစ်ဖက်က လက်တစ်ဆုပ်စာသူတို့
အဖွဲ့အစည်းအတွက်ကိုပဲကြည့်ပြီး
အစိုးရဖက်ကလုပ်ပေးနိုင်တာထက်
ဘောင်ကျော်ပြီးသူတို့ဖြစ်ချင်တာ​
ဖြစ်အောင်လုပ်ပေးဖို့ပဲ တောင်းဆိုနေသမျှ
ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ပါဘူး။

ဥပမာ အနေနဲ့ပြောရရင်
ကျွန်တော်တို့မြို့ကို တစ်ဖက်အဖွဲ့အစည်းက
သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောက်ကို
ဆွဲထည့်ချင်နေတယ်။ဒါကမဖြစ်နိုင်ဘူး။
မဖြစ်နိုင်တာကိုတောင်းဆိုတဲ့အတွက်
အစိုးရကလည်းဒါကိုလိုက်လျောမှာမဟုတ်ဘူး။
သူတို့ကို နယ်မြေသတ်မှတ်ပေးပြီးသား။
သတ်မှတ်ပေးထား​ ဘောင်ကိုကျော်ပြီး
တောင်းဆိုတာမျိုးကိုဘယ်ာက်အစိုးရမှ
လက်ခံမှာ မဟုတ်ဘူး။ဒါဥပမာပြောပြတာပါ။

နောက်တစ်ခုက
စောင့်ထိန်းလိုက်နာရမယ့် ဂတိကဝတ်တွေ
နှစ်ဦးနှစ်ဖက်သဘောတူညီထားတဲ့
ဂတိကဝတ်တွေကို စောင့်ထိန်းလိုက်နာရမှာ
ဖြစ်ပါတယ်။စောင့်ထိန်းလိုက်နာရမှာတွေကို
ချိုးဖောက်တာမျိုးလုပ်တာတွေက
ငြိမ်းချမ်းရေးကို ဖျက်ဆီးတာပါပဲ။

တစ်ခါတစ်လေစဥ်းစားကြည့်တယ်
အစိုးရက ငြိမ်းချမ်းရေးအတွက်ဖိတ်ခေါ်ပြီး
လမ်းဖွင့်ကြိုးစားပေမယ့် တစ်ဖက်က
လက်နက်ကိုင်ရတဲ့အရသာကို
ကောင်းကောင်းသိနေတဲ့အတွက်
ငြိမ်းချမ်းရေးအတွက်ဆွေးနွေးတိုင်း
မဖြစ်နိုင်တာတွေကိုပဲ တောင်းဆိုပြီး
ဆွေးနွေးမှုတွေ မအောင်မြင်အောင်ရည်ရွယ်
ချက်ရှိရှိနဲ့များ လုပ်နေကြတာလားပေါ့။

အစိုးရကတော့
တိုင်းပြည်အုပ်ချုပ်သူဖြစ်လေတော့
သူအုပ်ချုပ်နေတဲ့တိုင်းပြည် တည်တည်ငြိမ်ငြိမ်နဲ့
ငြိမ်းချမ်းနေတာကိုပဲ လိုချင်တာပဲလေ
ဒါမှသူနာမည်ကောင်းရမှာကိုး
တစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်း​တွေက
ငြိမ်းချမ်းရေးကို တကယ်လိုလားဖို့ပဲလိုပါတယ်။

ဒါကြောင့်အခုအစိုးရသစ်ရဲ့
ရက် (၁၀၀)စီမံချက် ထိပ်ဆုံးမှာပါတဲ့
ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်မှာတွေကို
ကြိုဆိုပါတယ်။

တစ်ဖက်နဲ့တစ်ဖက်
အပြန်အလှန် ယုံကြည်မှုတွေနဲ့
အစိုးရဖက်ကလည်း အရင်သတ်မှတ်ထားတဲ့
ဘောင်ကို ချဲ့လို့ရသလောက် နည်းနည်းချဲ့ပေးတာမျိုး၊
တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း
ခေါင်း​လေးဝင်ပါရစေကနေတစ်ကိုယ်လုံး
ဝင်လာတာတဲ့ကုလားအုပ်စိတ်မထားဖို့လိုအပ်သလို မဖြစ်နိုင်တာတွေကို
ဘောင်ကျော် တောင်းဆိုတာမျိုး မလုပ်ကြပဲ
နှစ်ဦးနှစ်ဖက် သဘောတူကျေနပ်အောင်
ဆွေးနွေးညှိနှိုင်း လိုက်လျော၊တောင်းဆိုကြရင်
ကျွန်တော်အားလုံး မျှော်လင့်လိုချင်နေတဲ့
ငြိမ်းချမ်းရေးဆိုတာ မဝေးပါဘူး။

ပြည်သူတွေကတော့
သေနတ်ပြောင်းဝနဲ့ဥပဒေမဲ့ အုပ်ချုပ်သူတွေ
လက်အောက်မှာ ဘယ်သူမှမနေချင်ကြပါဘူး။
ဥပဒေနဲ့အုပ်ချုပ်တဲ့
အစိုးရအုပ်ချုပ်မှုအောက်မှာပဲနေချင်ကြတာပါ။

အခုအစိုးရသစ်အ​နေနဲ့လည်း
ငြိမ်းချမ်းရေးအတွက်ဖိတ်ခေါ်ဆွေးနွေးမှု
တွေလုပ်ဆောင်ဦးမှာပါပဲ။
ဆွေးနွေးမှုမအောင်မြင်ရင်ကော
အရင်လို ဇာတ်မျောကြီးအတိုင်းပဲလား
အပြတ်တိုက်မှာလားဆိုတာလည်း
ပြည်သူတွေက သိချင်ကြပါသေးတယ်။

ငြိမ်းချမ်းရေးဆိုတာ
အချိန်ယူရတယ်ဆိုတာမှန်ပါတယ်။
အစိုးရတိုင်းငြိမ်းချမ်းရေးအတွက်
​ဖိတ်ခေါ်ဆွေးနွေး ညှိနှိုင်းကြိုးစားခဲ့ကြတာပါပဲ။အကြောင်းအမျိုးမျိုးကြောင့်အခုထိ
မငြိမ်းချမ်းသေးတာပါ။

၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲအလွန်
ပေါ်ထွက်လာတဲ့
နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်
ဦးဆောင်သော အစိုးရသစ်ရဲ့
တိုင်းပြည်ငြိမ်းချမ်းရေးအတွက်
ဆောင်ရွက်ချက်များသည်
အရင်အစိုးရတွေထက် သာလွန်ပြမြန်မာပြည်ကြီးအမြန်ငြိမ်ချမ်းပါစေလို့ွက်နိုင်တဲ့အစိုးရအဖြစ်
သမိုင်းမော်ကွန်းသစ်ကဗ္ဗည်းတင်ရေးထိုးနိုင်ပါစေလို့ ဆန္ဒပြုရင်း
မြန်မာပြည်ကြီးအမြန်ငြိမ်ချမ်းပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အိမ်မပြန်နိုင်သူတွေအမြန်ပြန်နိုင်ပါစေ။

#Kp
1,4000018
Photo
ဒီနေ့ ဧပြီလ (၁၃)ရက်နေ့
မနက်ပိုင်းနေပြည်တော်၊
မြို့တော်ဝန်မဟာသင်္ကြန်
မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားနှင့်
နေပြည်တော်လမ်းလျှောက်သင်္ကြန်မြင်ကွင်းများ။
1,4600017
Photo
ဒီနေ့ ဧပြီလ (၁၃)ရက်နေ့
မနက်ပိုင်းနေပြည်တော်၊
မြို့တော်ဝန်မဟာသင်္ကြန်
မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားနှင့်
နေပြည်တော်လမ်းလျှောက်သင်္ကြန်မြင်ကွင်းများ။
1,050005

Showing 26 of 26 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram ဗြုတ်စဗျင်းတောင်း သတင်းများ nói về gì?+

ဗြုတ်စဗျင်းတောင်း သတင်းများ (@pkgyi) là kênh Telegram thuộc danh mục Tin tức địa phương trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 4.452 người đăng ký trên tgdio.

Làm sao để tham gia ဗြုတ်စဗျင်းတောင်း သတင်းများ (@pkgyi)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @pkgyi miễn phí.

ဗြုတ်စဗျင်းတောင်း သတင်းများ có phải kênh Tin tức địa phương tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của ဗြုတ်စဗျင်းတောင်း သတင်းများ trước khi tham gia. Hiện có khoảng 4.452 người đăng ký trên tgdio. So sánh với các kênh Tin tức địa phương tương tự.

Xem thống kê và bài đăng ဗြုတ်စဗျင်းတောင်း သတင်းများ ở đâu?+

Trên tgdio, mở trang @pkgyi để xem thống kê, xếp hạng, đánh giá và bài đăng.