♡ Relationship Coach ♡ Telegram channel photo

♡ Relationship Coach ♡

အချစ်ရေးနဲ့သက်ဆိုင်သော အကြောင်းအရာများ ၊ ဗဟုသုတများ အချစ်ပြဿနာ ဖြေရှင်းနည်းလမ်းလေးများကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီ Channel လေးက စာဖတ်သူလေးအတွက်ပါခင်ဗျာ။ ♡ Since Date : 25,10,2023 ♡ ♡ @Life_Explored_New ♡

Hẹn hòTiếng ViệtViệt Nam

122

Last views

5.6k (5,600 subscribers)
Thành viên
—
Rating
49
Total Posts
Oct 22, 2026, 12:46 AM
Cập nhật
Apr 4, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Name♡ Relationship Coach ♡
Username@relationship_coach_by_haruki
CategoryHẹn hò
LanguageTiếng Việt
CountryViệt Nam
Thành viên5,600
Channel TypePublic Channel
Created4 thg 4, 2026
Last Updated22 thg 10, 2026 • Hôm qua
StatusActive

Xếp hạng

Xếp hạng toàn cầu
#405799-14335
Xếp hạng ngôn ngữ
#8243-396
Xếp hạng danh mục
#2015-81

Tăng trưởng người đăng ký

Tổng cộng: 5.6K30 Days growth: -1743%
09/2209/2710/0210/0710/1210/1710/21
Tăng trưởng người đăng ký - 30 Days
DateSubscribers
22:09:20265,774
23:09:20265,774
24:09:20265,774
25:09:20265,774
26:09:20265,774
27:09:20265,774
28:09:20265,774
29:09:20265,774
30:09:20265,774
01:10:20265,774
02:10:20265,774
03:10:20265,774
04:10:20265,774
05:10:20265,774
06:10:20265,774
07:10:20265,774
08:10:20265,774
09:10:20265,774
10:10:20265,774
11:10:20265,774
12:10:20265,774
13:10:20265,774
14:10:20265,645
15:10:20265,645
16:10:20265,645
17:10:20265,645
18:10:20265,645
19:10:20265,645
20:10:20265,645
21:10:20265,600
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 30:03:20266,045
Week of 06:04:20266,001
Week of 13:04:20266,001
Week of 20:04:20266,001
Week of 27:04:20265,942
Week of 04:05:20265,942
Week of 11:05:20265,932
Week of 18:05:20265,932
Week of 25:05:20265,932
Week of 01:06:20265,966
Week of 08:06:20265,966
Week of 15:06:20265,966
Week of 22:06:20265,966
Week of 29:06:20265,978
Week of 06:07:20265,978
Week of 13:07:20265,978
Week of 20:07:20265,941
Week of 27:07:20265,941
Week of 03:08:20265,913
Week of 10:08:20265,913
Week of 17:08:20265,867
Week of 24:08:20265,838
Week of 31:08:20265,838
Week of 07:09:20265,801
Week of 14:09:20265,774
Week of 21:09:20265,774
Week of 28:09:20265,774
Week of 05:10:20265,774
Week of 12:10:20265,645
Week of 19:10:20265,600
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20265,942
May 20265,932
June 20265,978
July 20265,941
August 20265,838
September 20265,774
October 20265,600
Tăng trưởng người đăng ký - Yearly
DateSubscribers
20265,600

Top 10 posts

Most viewed posts from this channel

By views
  1. #1Full PDF ဖတ်ရှုနိုင်ပါပြီ 💖3.0K
  2. #2နှိုင်းယှဉ်ခြင်းဆိုတာ... ⚡2.5K
  3. #3နှစ်သစ်မှာ ပန်းလမ်းလျှောက်ရပါစေလို့ ကျွန်တော် ဆုမတောင်းပေးချင်ဘူး2.0K
  4. #4မိုးကို တားလို့မရမှန်း သိပါတယ်... ဒါပေမဲ့ "ထီး" ဆောင်းပေးလို့တော့ ရတယ်2.0K
  5. #5မိုးကို တားလို့မရမှန်း သိပါတယ်... ဒါပေမဲ့ "ထီး" ဆောင်းပေးလို့တော့ ရတယ်2.0K
  6. #6🎓 GED Exam အတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်ချင်နေပြီလား 🎓1.9K
  7. #7🎵 တကယ်လည်းမလိုပါဘူး ဘာလို့ဆို ကျွန်တော်​ရှိပြီလေ 😁1.8K
  8. #8တကယ်လို့များ...1.8K
  9. #9ပြက္ခဒိန်ပေါ်က အချစ်ကို ကိုးကွယ်နေကြသူများသို့1.7K
  10. #10မပြီးဆုံးသေးတဲ့ ဇာတ်လမ်းနဲ့ ဇူလိုင် (၁၉)1.7K

Bài đăng gần đây

♡ Relationship Coach ♡ logo
♡ Relationship Coach ♡

14:44 18 thg 10, 2026

Photo1/2
ပိုက်ဆံအရကြည့်မယ်ဆိုရင်

ဖောင်ကြေး ၆ သောင်းတောင် ရှုံးတယ်​ပေါ့ဗျာ။

ကားဆီဘိုးနဲ့ဆို... 😁"

အခြားဘက်ကကြည့်ရင်တော့ Not Bad ပါပေါ့ 😌🖤

#Haruki
122003
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

14:55 17 thg 10, 2026

Photo1/2
Winner ဖြစ်သွားပါတယ်ဗျို့ 😜❤️

ကူညီပေးကြလို့ ကျေးဇူးပါ 🤭

#Haruki
2150011
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

20:52 15 thg 10, 2026

Photo1/6
Sorry For Late ✨

Winner ၃ ယောက် @Akayar_2007 ကို Ph Number လာပေးပါနော် ✨

1. Zoom Aung
2. Thet Hnin Phyu
3. Catherine Moe

#Haruki
297000
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

15:48 15 thg 10, 2026

🎁 𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆 𝗔𝗹𝗲𝗿𝘁 - ဖုန်းဘေလ် ၅,၀၀၀ (၃) ဆု 🎁 ဒီတိုင်းအကူညီမတောင်းချင်လို့ ရှိသလောက်လေး 🥹🫶🏻 ကျွန်တော့်ရဲ့ ပြိုင်ပွဲဝင် ဖန်တီးမှုကို အားပေးတဲ့အနေနဲ့ ဒီ 𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆 လေးမှာ ပါဝင်ဖို့ အောက်က (၃) ချက်ကို လုပ်ပေးပါခင်ဗျာ - 📌 𝗦𝘁𝗲𝗽 𝟭: 𝗥𝗲𝗮𝗰𝘁𝗶𝗼𝗻 𝗣𝗼𝘀𝘁 အောက်က လင့်ခ်ထဲဝင်ပြီး…
344000
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

10:29 14 thg 10, 2026

🎁 𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆 𝗔𝗹𝗲𝗿𝘁 - ဖုန်းဘေလ် ၅,၀၀၀ (၃) ဆု 🎁

ဒီတိုင်းအကူညီမတောင်းချင်လို့ ရှိသလောက်လေး 🥹🫶🏻

ကျွန်တော့်ရဲ့ ပြိုင်ပွဲဝင် ဖန်တီးမှုကို အားပေးတဲ့အနေနဲ့ ဒီ 𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆 လေးမှာ ပါဝင်ဖို့ အောက်က (၃) ချက်ကို လုပ်ပေးပါခင်ဗျာ -

📌 𝗦𝘁𝗲𝗽 𝟭: 𝗥𝗲𝗮𝗰𝘁𝗶𝗼𝗻 𝗣𝗼𝘀𝘁

အောက်က လင့်ခ်ထဲဝင်ပြီး မူရင်းပို့စ်ကို 𝗟𝗶𝗸𝗲 (သို့) 𝗟𝗼𝘃𝗲 𝗥𝗲𝗮𝗰𝘁 ပေးပါ။ (မူရင်းပို့စ်ကိုသာ 𝗥𝗲𝗮𝗰𝘁 ပေးရန်)

https://m.facebook.com/story.php?story_fbid=pfbid02dfBwKkntmJz29MsXrn2ZJc5hy9vuUcKRidvoZ34qg7wp6HSiYsqxPsxxkXJZ2fpWl&id=61575393630403&mibextid=ZbWKwL

📌 𝗦𝘁𝗲𝗽 𝟮: 𝗩𝗼𝘁𝗶𝗻𝗴 𝗟𝗶𝗻𝗸

အောက်က လင့်ခ်ထဲဝင်ပြီး 𝗢𝗮𝗸 𝗞𝗮𝗿 𝗞𝘆𝗮𝘄 (𝗚𝗖𝗬𝗧𝗦-𝟮𝟬𝟮𝟲-𝟬𝟬𝟱) ကို ရွေးချယ်၍ 𝗩𝗼𝘁𝗲 ပေးပါ။

https://docs.google.com/forms/d/e/1FAIpQLSeAHJ1qFw02rpqKu39PZXZrJrQA5H_pO-p-hYgxBzNjQAUngg/viewform?pli=1

📌 𝗦𝘁𝗲𝗽 𝟯: 𝗦𝗰𝗿𝗲𝗲𝗻𝘀𝗵𝗼𝘁𝘀

𝗥𝗲𝗮𝗰𝘁 နဲ့ 𝗩𝗼𝘁𝗲 ပေးထားတဲ့ 𝗦𝗰𝗿𝗲𝗲𝗻𝘀𝗵𝗼𝘁 (၂) ပုံလုံးကို ဒီပို့စ်ရဲ့ 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ လာချပေးရုံပါပဲ။

🎉 𝗪𝗶𝗻𝗻𝗲𝗿 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁

မဲပေါက်တဲ့ (၃) ယောက်ကိုတော့ မနက်ဖြန် (၁၅ ရက်နေ့) ည ၈ နာရီတိတိမှာ 𝗖𝗼𝗺𝗺𝗲𝗻𝘁 တွေထဲကနေ Spin Wheel နဲ့ရွေးချယ်ပြီး ဖုန်းဘေလ်တွေ တိုက်ရိုက် လွှဲပေးသွားပါမယ်။

အားပေးမှုကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ 🙆‍♂️💗

#Giveaway
#Haruki
407003
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

18:36 03 thg 10, 2026

ကိုယ်ပိုင် Website နဲ့ Digital Solution တွေအကြောင်း ပြောပြမယ်နော် 💡

ဒီနေ့မနက်က ကျွန်တော့်ရဲ့ Portfolio Website လေးကို ပြပြီးတော့ အကူအညီတောင်းတာကို Review လေးတွေ အများကြီးရေးပေးကြလို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

မနက်က စကားစပ်မိသလို ကိုယ်ပိုင် Portfolio လေးတွေ တည်ဆောက်ချင်သူတွေအတွက်ရော၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်နေတဲ့ စာဖတ်သူလေးတွေအတွက်ပါ အကျိုးရှိမယ့် အရာလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ကျွန်တော်တို့ Ya Tal Library နဲ့ ဆက်စပ်ပြီး လုပ်ငန်းတွေ၊ တစ်ဦးချင်းစီအတွက် Digital Solution တွေ ဖန်တီးပေးနေတဲ့ "Ya Tal Tech" ဆိုတာလေး ရှိပါတယ်ဗျ။

အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ဆိုရင် လုပ်ငန်းက ကြီးလာတာနဲ့အမျှ အလုပ်တွေပါ လိုက်ကြီးလာနေပြီလား?

• Customer စာတွေ ပြန်ရတယ်။

• Order တွေ လိုက်မှတ်ရတယ်။

• Data တွေ သိမ်းရတယ်။

• Website ကိုလည်း ကိုင်ရတယ်။

• Security ကလည်း စိတ်ပူနေရတယ်။

လုပ်ငန်းကောင်းလာတာနဲ့အမျှ ဒီလိုအလုပ်တွေကလည်း တဖြည်းဖြည်း များလာတတ်ပါတယ်။ နောက်ဆုံး လုပ်ငန်းကို စီမံရတာထက် အဲဒီအလုပ်တွေကို လိုက်စီမံနေရတာမျိုး ဖြစ်လာနိုင်ပါတယ်။

တကယ်တော့ လုပ်ငန်းကြီးလာတာနဲ့အမျှ အလုပ်တွေ ပိုရှုပ်လာဖို့ မလိုပါဘူး။ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ နည်းပညာကို မှန်မှန်ကန်ကန် အသုံးချနိုင်ရင် နေ့တိုင်း ထပ်ခါထပ်ခါ လုပ်နေရတဲ့အလုပ်တွေကို ပိုလွယ်အောင် စီမံနိုင်ပါတယ်။

ဒါကြောင့်လည်း ကျွန်တော် ဒီ Yatal Tech ကိုလုပ်ဖို့ Idea ရလာခဲ့တာပါ။ ဒီလိုအခြေအနေတွေမှာ ကျွန်တော်တို့ Ya-Tal Tech က လုပ်ငန်းတစ်ခုချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Digital Solution တွေကို တည်ဆောက်ပေးနေပါတယ်။

📱 App - လုပ်ငန်းအတွက် ကိုယ်ပိုင် App

🌐 Website - Business အတွက် Professional Website (မနက်ကလို Portfolio Website တွေပါ အပါအဝင်)

🤖 Telegram Bot - Customer နဲ့ Order တွေကို စနစ်တကျ စီမံနိုင်တဲ့ Bot

🔒 Security Audit - လက်ရှိ App နဲ့ Website တွေရဲ့ Security ကို စစ်ဆေးပေးခြင်း

နည်းပညာပိုင်းတွေ အများကြီး မသိသေးလည်း အဆင်ပြေပါတယ်။ ကိုယ့်လုပ်ငန်းမှာ အခုဘာတွေ အခက်အခဲဖြစ်နေလဲ ပြောပြပေးပါ။ ဘယ်လိုတည်ဆောက်ရင် ပိုအဆင်ပြေမလဲဆိုတာ Ya-Tal က အတူတူ စဉ်းစားပေးပါမယ်။

ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်လုပ်ငန်းအတွက်ပဲဖြစ်ဖြစ် ဘယ်လို Digital Solution မျိုးက အဆင်ပြေမလဲ သိချင်ရင်

https://yatal.tech ကို

ဝင်ရောက်လေ့လာနိုင်ပါတယ်။ အသေးစိတ် ဆွေးနွေးချင်ရင်လည်း Telegram ကနေ ကျွန်တော့်ကို တိုက်ရိုက် လာပြောလို့ရပါတယ်ဗျ။

🤜🏻🤛🏼 - @Akayar_2007

#Haruki #YaTalTech #DigitalSolutions #PortfolioWebsite #BusinessGrowth
591003
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

09:01 03 thg 10, 2026

နိုင်ငံခြားထွက်ဖို့၊ Scholarship နဲ့ အလုပ်အကိုင်ကောင်းတွေအတွက် ပြင်ဆင်နေတဲ့ စာဖတ်သူလေးတွေ ရှိလား ✈️🎓

အခုနောက်ပိုင်း ကျောင်းအတွက်ပဲဖြစ်ဖြစ်၊ အလုပ်အတွက်ပဲဖြစ်ဖြစ် နိုင်ငံခြားထွက်ဖို့ ကြိုးစားနေကြတဲ့သူတွေ တော်တော်များလာတာ သတိထားမိပါတယ်။

ဒါပေမဲ့ ပြိုင်ဆိုင်မှုတွေ အရမ်းများလာတဲ့ ဒီလိုအချိန်မျိုးမှာ... လူတိုင်းပို့နေကျ ရိုးရိုး CV ဖိုင်လေးတွေ၊ PDF လေးတွေနဲ့တင် လုံလောက်ပါဦးမလား?

အလုပ်ရှင်တွေ၊ တက္ကသိုလ်တွေက ကိုယ့်ကို အခြားသူတွေထက် ပိုပြီး မျက်စိကျသွားအောင်၊ ကိုယ်ဟာ ဘယ်လောက်အထိ ပရော်ဖက်ရှင်နယ် ဆန်တယ်ဆိုတာကို သက်သေပြနိုင်ဖို့ မရှိမဖြစ် လိုအပ်လာတဲ့ အရာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ကိုယ်ပိုင် "Portfolio Website" တစ်ခု ရှိထားခြင်းပါပဲ။

ကိုယ့်ရဲ့ အရည်အချင်းတွေ၊ လုပ်ဆောင်ခဲ့တဲ့ အရာတွေကို Website လေးတစ်ခုနဲ့ စနစ်တကျ ပြသနိုင်တာက နိုင်ငံတကာအဆင့်မီ Smart ကျစေသလို၊ သူများတွေထက် တစ်ပန်းသာစေမယ့် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

ကျွန်တော်လည်း ရှေ့ဆက်သွားမယ့် GED နဲ့ Scholarship ရည်မှန်းချက်တွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မနေ့က ကိုယ်ပိုင် Portfolio Websiteလေးတစ်ခု ဖန်တီးဖြစ်ခဲ့ပါတယ်။

My Website

https://akayar-portfolio.vercel.app/

What People Say

အဲ့ဒီ Website လေးထဲမှာ "What people say" ဆိုတဲ့ Review Session လေးတစ်ခု ပါပါတယ်။ ဒါကြောင့် စာဖတ်သူလေးတို့ကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ။

ကျွန်တော့်ရဲ့ စာတွေ၊ အကြံပေးမျှဝေမှုတွေကနေတစ်ဆင့် စာဖတ်သူလေးတို့အတွက် ဘာတွေ အကျိုးကျေးဇူးရခဲ့ဖူးလဲ၊ ကျွန်တော် ကူညီပေးခဲ့ဖူးတာလေးတွေရှိရင် အဲ့ဒီ Review Session မှာ Review ရေးပေးခဲ့ပါလားခင်ဗျာ။ (VPN လိုသည်။) 💞

ဒါနဲ့ စာဖတ်သူလေးတို့ရော...

ကိုယ့်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ Scholarship တွေအတွက် အများကြီး အထောက်အကူဖြစ်စေမယ့်၊ သူများထက် တစ်ပန်းသာစေမယ့် ဒီလို ကိုယ်ပိုင် Portfolio Website လေးတွေကို စိတ်ဝင်စားကြလား။

စိတ်ဝင်စားတဲ့သူများရင် ညကျရင် ကိုယ့်အတွက် ဒီလို Website မျိုး ဘယ်လိုပိုင်ဆိုင်နိုင်မလဲဆိုတဲ့ အကောင်းဆုံး နည်းလမ်းလေးကို ကျွန်တော် ထပ်ပြီး မျှဝေပေးပါ့မယ်။

#Haruki
554008
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

19:01 02 thg 10, 2026

💥 အားလုံးစောင့်မျှော်နေတဲ့ သတင်းကောင်းလေး ရောက်လာပါပြီဗျို့... 💥

စာဖတ်သူလေးတို့အတွက် ပိုမိုကောင်းမွန်တဲ့ စာဖတ်ခြင်းအတွေ့အကြုံတွေကို ယူဆောင်လာပေးဖို့ ကျွန်တော် Co-Founder အနေနဲ့ ပါဝင်ထားတဲ့ Black White Library ကို "Ya Tal Library" Website အဖြစ် Official အဆင့်မြှင့်တင်လိုက်ပါပြီ။

အရင်က Telegram Group မှာ စာအုပ်တွေ၊ ဖိုင်တွေ အရမ်းများလာတဲ့အခါ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို ရှာရခက်တာ၊ အပေါ်ကို အများကြီး Scroll ဆွဲပြီး ရှာရတာ၊ ဖိုင်တွေ Error တက်တာမျိုးတွေကို စာဖတ်သူလေးတို့ ခံစားခဲ့ရမှာပါ။

စာဖတ်ချင်စိတ်လေး ဖြစ်ပေါ်နေချိန်မှာ အဲ့ဒီလို အခက်အခဲတွေကြောင့် အနှောင့်အယှက်ဖြစ်ရတာကို ကျွန်တော်တို့ ကောင်းကောင်းနားလည်ပါတယ်။

အခုဆိုရင်တော့ အဲ့ဒီပြဿနာတွေအားလုံးကို အကောင်းဆုံး ဖြေရှင်းပေးမယ့် Ya Tal Library Website ကို အသုံးပြုနိုင်ပါပြီ။

Fix The Errors

☑️ ကိုယ်ဖတ်ချင်တဲ့ စာအုပ်နာမည်၊ ရေးသူနာမည်ကို ရိုက်ရှာလိုက်တာနဲ့ ချက်ချင်းထွက်လာမယ့် Search စနစ်

☑️ ကဏ္ဍအလိုက်၊ အမျိုးအစားအလိုက် သေသေချာချာ စီစဉ်ခွဲခြားပေးထားတဲ့ စနစ်

☑️ ဖိုင်တွေ Error မရှိဘဲ လွယ်ကူမြန်ဆန်စွာ ဝင်ရောက်ဖတ်ရှုနိုင်တဲ့ အတွေ့အကြုံ...

ဒါတွေအားလုံးကို Website ပေါ်မှာ ရရှိနိုင်ပါပြီခင်ဗျာ။

အခုပဲ အောက်က Link လေးကို ဝင်ရောက်ကြည့်ရှုပြီး အလွယ်တကူ စာဖတ်လိုက်ကြရအောင်လား။ ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုမှာ စာဖတ်သူလေးတို့ ဆက်လက်ပါဝင်ပေးကြဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်ပါတယ်။

🌐 Website ကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ

https://library.yatal.tech/

#Haruki #YaTalLibrary #BlackWhiteLibrary #ReadingCommunity
577005
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

07:38 23 thg 9, 2026

Photo1/2
🎉 မွေးနေ့အမှတ်တရ Give Away လေး လာပါပြီ 🎉

ဒီနေ့ (စက်တင်ဘာ ၂၃) ဟာ ကျွန်တော် အက္ခရာရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဒီလို အထူးခြားဆုံး နေ့လေးမှာ အမြဲတမ်း အားပေးနေကြတဲ့ စာဖတ်သူလေးတွေအတွက် ကျွန်တော့်ဘက်ကနေ မွေးနေ့အမှတ်တရ လက်ဆောင်လေးတစ်ခု ပြန်လည်ပေးအပ်ချင်ပါတယ်။

🎁 Give Away လက်ဆောင်

ကျွန်တော် ကိုယ်တိုင်ရေးသားထားတဲ့ "ကျောခိုင်းထားသော ချစ်ခြင်းများ" စာအုပ် (၂) အုပ်ကို ကံထူးရှင် (၂) ဦးအတွက် မဲဖောက်ပေးသွားမှာပါ။

📌 ပါဝင်ကံစမ်းရန်

👉 https://t.me/Life_Explored_New/774

⏳ Deadline

ဒီနေ့ည (၁၂:၀၀) နာရီ (24:00 PM) အထိပဲ အချိန်ပေးထားတာမို့လို့ အမြန်လေး ဝင်ရောက် ကံစမ်းပေးကြပါဦးနော်။ ကံထူးရှင်တွေကို မနက်ဖြန်ကျရင် ကြေညာပေးသွားပါမယ်။

အမြဲတမ်း နားလည်ပေးပြီး အားပေးနေကြတဲ့ စာဖတ်သူလေးတွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ရှေ့ဆက်ပြီးလည်း အကောင်းဆုံး စာပေတွေကို ဖန်တီးပေးသွားပါဦးမယ်။ အားလုံးပဲ ကံကောင်းကြပါစေခင်ဗျာ။

#Haruki
9020015
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

18:06 20 thg 9, 2026

အလိမ်ခံနေရဆဲသူများအတွက်သာ... ‼️

ငွေလိမ်တဲ့ Page တွေကို စက္ကန့်ပိုင်းအတွင်း ဖော်ထုတ်နည်း 💡

အခုရက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းဝယ်ရင်း ငွေလိမ်ခံရတဲ့ ကိစ္စတွေ ခဏခဏ ကြားနေရပါတယ်။ ကိုယ်တိုင် ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ငွေတွေ အလဟဿ မဖြစ်ရအောင် ပစ္စည်းတစ်ခုခု မဝယ်ခင် သေချာစစ်ဆေးတတ်ဖို့ လိုပါတယ်။

အလိမ်မခံရအောင် အတိကျဆုံးနဲ့ အမြန်ဆုံးစစ်ဆေးရမယ့် နေရာကတော့ Facebook Page ရဲ့ "Mentions" (မန်းရှင်း) ဆိုတဲ့ နေရာပါ။

ဘာကြောင့်လဲဆိုတော့... ငွေလိမ်တဲ့ Page တွေက သူတို့တင်ထားတဲ့ ပို့စ်အောက်မှာ လာဆဲတဲ့၊ ငွေပြန်တောင်းတဲ့ Comment တွေကို အလွယ်တကူ ဖျက်ပစ်လို့ ရပါတယ်။

ဒါပေမယ့် ဝယ်သူတွေက သူတို့ရဲ့ ကိုယ်ပိုင် အကောင့်တွေကနေ အဲ့ဒီ Page ကို နာမည်တပ်ပြီး (Tag တွဲပြီး) သတိပေးထားတဲ့ ပို့စ်တွေကိုတော့ Page Admin က ဝင်ဖျက်လို့ လုံးဝ မရပါဘူး။

ဒါကြောင့် တစ်ခုခု ဝယ်တော့မယ်၊ ငွေလွှဲတော့မယ်ဆိုရင်...

၁။ အဲ့ဒီ Page ထဲကို အရင်ဝင်လိုက်ပါ။

၂။ ပြီးရင် "Mentions" ဆိုတဲ့ Tab လေးကို နှိပ်ကြည့်ပါ။

၃။ တခြားသူတွေ အလိမ်ခံထားရလို့ ပို့စ်တင်ပြီး တိုင်ထားတာ ရှိ၊ မရှိ ချက်ချင်း သိနိုင်ပါတယ်။

ဒါ့အပြင် နောက်ထပ် သတိထားစစ်ဆေးရမယ့် အချက်တွေလည်း ရှိပါသေးတယ် -

☑️ Page သက်တမ်းကို စစ်ပါ။

Page ရဲ့ About ထဲက Page Transparency ကို ဝင်ကြည့်ပါ။ မနေ့တနေ့ကမှ စဖွင့်ထားပြီး နာမည်တွေ ခဏခဏ ပြောင်းထားရင် လုံးဝ သတိထားပါ။

☑️ Comment တွေကို ကြည့်ပါ။

လိမ်တဲ့ Page အများစုက သူများလာဆဲမှာကြောက်လို့ Comment ပေးလို့မရအောင် ပိတ်ထားတတ်ပါတယ်။

☑️ Like နဲ့ Follower မမျှတာကို သတိပြုပါ။

Page မှာ Follower သိန်းချီရှိနေပေမယ့် ပို့စ်တစ်ခုတင်လိုက်ရင် Like က (၁၀) ဂဏန်းလောက်ပဲ ရှိနေရင် အဲ့ဒါ Follower တွေ ဝယ်ထားတဲ့ Page အတုဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။

☑️ ဈေးအရမ်းပေါလွန်းခြင်း

ပြင်ပပေါက်ဈေးထက် ထက်ဝက်လောက် သက်သာနေပြီး အမြန်ငွေလွှဲခိုင်းနေရင် လောဘမတက်ပါနဲ့။ အလိမ်ခံရဖို့ ရာခိုင်နှုန်း အရမ်းများနေပါပြီ။

ငွေဆိုတာ ရှာရခက်သလို၊ အလိမ်ခံလိုက်ရရင်လည်း စိတ်အတော်လေး ပင်ပန်းရပါတယ်။ ဒါကြောင့် အွန်လိုင်းကနေ ငွေမလွှဲခင် နောက်မှ နောင်တမရလေအောင် ကြိုတင်ပြီး စုံစမ်းစစ်ဆေးတတ်တဲ့ အကျင့်လေးကို မွေးမြူပါ။

© https://t.me/addlist/7Nrf_Uo6va5hMjJl

✍️ အက္ခရာ

#Haruki
1,010005
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

16:20 17 thg 9, 2026

Photo1/2
Coming Soon - ချစ်သူသိစေ (အက္ခရာ)

BTW" ဒီအဖြေဘယ်သူသိလဲ 😔🥀

#Haruki
1,010009
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

00:42 09 thg 9, 2026

‼️ August 17 ‼️
Edit : ပြီးဆုံး
ရေဘေးသင့် ပြည်သူတွေအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ဖေးမကူညီကြရအောင်...

မင်္ဂလာပါ စာဖတ်သူလေးတို့ရေ...

ဒီရက်ပိုင်း ရေဘေးသတင်းတွေ ကြားရတိုင်း ရင်ထဲမှာ တကယ်ကို မကောင်းဖြစ်ရပါတယ်။ အခုချိန်မှာ နေစရာအိမ်မရှိ၊ စားစရာ အစားအသောက်မရှိနဲ့ ရုတ်တရက် ဒုက္ခတွင်းထဲ ကျရောက်သွားကြတဲ့ ပြည်သူတွေ အများကြီး ရှိနေပါတယ်။ မြို့ကြီးတွေ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့နေရာတွေဆီကို အလှူရှင်တွေ ရောက်တတ်ပေမဲ့၊ အထူးသဖြင့် အလှူရှင်တွေ သိပ်မရောက်နိုင်တဲ့ စစ်ကိုင်းတိုင်းဘက်က ရွာငယ်လေးတွေဆိုရင် အခုချိန်မှာ အကူအညီတွေ အရမ်းကို လိုအပ်နေကြတာပါ။

အခု ကျွန်တော့်မိတ်ဆွေတွေဖြစ်တဲ့ မုံရွာက အစ်ကိုတွေက အဲ့ဒီလို အလှူရှင် အရောက်အပေါက်နည်းတဲ့ ရွာငယ်လေးတွေဆီကို ကိုယ်တိုင်သွားရောက်ပြီး ရေဘေးအလှူလေး လုပ်ကြမလို့တဲ့ဗျ။ အဲ့ဒါကြောင့် ကျွန်တော့်ဘက်ကလည်း အလှူငွေလေး ပါဝင်ကူညီပေးထားသလို၊ ကျွန်တော်တို့ ချယ်နယ်က စာဖတ်သူလေးတွေလည်း ကုသိုလ်ပါဝင်နိုင်ဖို့အတွက် တစ်ဆင့် ပြန်လည်မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။

ငွေကြေးပမာဏ အများကြီးမှ မဟုတ်ပါဘူး။ ၅၀၀၊ ၁,၀၀၀ ကျပ်ကစလို့ မိမိ တတ်နိုင်သလောက် စေတနာအလျောက် ပါဝင်လှူဒါန်းနိုင်ပါတယ်ဗျ။ စာဖတ်သူလေးတို့ရဲ့ လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးလေးတွေကို စုပေါင်းလိုက်ရင် တစ်ဖက်က ဒုက္ခရောက်နေသူတွေအတွက် ထမင်းတစ်နပ်စာ၊ ရေသန့်တစ်ဘူးစာ အသက်ဆက်ခွင့် ရသွားမှာပါ။

လာမယ့် ဩဂုတ်လ (၁၇) ရက်နေ့ လောက်မှာ သွားရောက်လှူဒါန်းကြမှာဖြစ်လို့ အလှူငွေလေးတွေကို အခုကတည်းက စတင် ထည့်ဝင်ပေးလို့ ရနေပါပြီခင်ဗျာ။

အသေးစိတ် ဆက်သွယ်မေးမြန်းရန်

Telegram:

https://t.me/lovely_ptpo16

https://t.me/Author_eric

တစ်ကျပ်တစ်ပြားကအစ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင်သွားရောက် လှူဒါန်းပေးမှာမို့ ယုံယုံကြည်ကြည်နဲ့ ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်ဗျာ။ အားလုံးပဲ ဘေးဘယာဝေးကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။

#FloodDonation #Sagaing #HelpEachOther
861007
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

00:42 09 thg 9, 2026

Photo
ကျောခိုင်းထားသော ချစ်ခြင်းများ စာအုပ်ဟာ နိုင်ငံရေးဒေသကလွဲလို့ တစ်နိုင်ငံလုံးနီးပါးဖြန့်ချီနေပါပြီ...။

အဓိကအားဖြင့်

• City Mart

• Marketplace

• Ocean

• နီးစပ်ရာ စာအုပ်ဆိုင်ကြီးများတွင် အဓိက ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

စာရေးသူလက်မှတ်နဲ့ ဝယ်ယူချင်သူများက ‼️

အောက်က Book For All Page or Phone ကနေတဆင့် အိမ်ရောက်ငွေချေနဲ့ ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါတယ်။ (စာအုပ်မှာယူတဲ့အခါ လက်မှတ်နဲ့လိုချင်ပါတယ်လို့ ပြောပေးပါ။)

• 09266449797, 09266449898

• https://www.facebook.com/share/1EPcmERHwA/

မှတ်ချက်။   ။ အုပ်ရေ ၃၀၀ သာလက်မှတ်ရေးထိုးပေးထားတာမလို့ လက်ဦးဖို့တော့ လိုပါမည်။

#Haruki
825005
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

00:42 09 thg 9, 2026

🎁 ကျွန်တော့်ရဲ့ လက်မှတ်ရေးထိုးထားတဲ့ စာအုပ်သစ် (၃) အုပ် Giveaway 🎁 စာဖတ်သူလေးတို့ရေ... ကျွန်တော့်ရဲ့ "ကျောခိုင်းထားသော ချစ်ခြင်းများ" စာအုပ်သစ်လေး ထွက်ရှိခြင်း အထိမ်းအမှတ်အနေနဲ့ စာအုပ် (၃) အုပ်ကို Giveaway ပေးမယ့် အစီအစဉ်လေး စတင်နေပြီနော်။ Spin Wheel လေးနဲ့…
983003
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

00:42 09 thg 9, 2026

Photo
🎁 ကျွန်တော့်ရဲ့ လက်မှတ်ရေးထိုးထားတဲ့ စာအုပ်သစ် (၃) အုပ် Giveaway 🎁

စာဖတ်သူလေးတို့ရေ...

ကျွန်တော့်ရဲ့ "ကျောခိုင်းထားသော ချစ်ခြင်းများ" စာအုပ်သစ်လေး ထွက်ရှိခြင်း အထိမ်းအမှတ်အနေနဲ့ စာအုပ် (၃) အုပ်ကို Giveaway ပေးမယ့် အစီအစဉ်လေး စတင်နေပြီနော်။

Spin Wheel လေးနဲ့ မျှမျှတတ ကျပန်းရွေးချယ်ပေးသွားမှာဖြစ်လို့ ဘယ်လိုလေး ပါဝင်ကံစမ်းရမလဲဆိုတဲ့ အသေးစိတ်ကို အောက်က Main Post လင့်ခ်လေးမှာ ဝင်ရောက်ဖတ်ရှုပြီး ပါဝင်နိုင်ပါတယ်။

Giveaway အသေးစိတ် ဖတ်ရန်နဲ့ ပါဝင်ရန်

✅ https://t.me/Life_Explored_New

ပါဝင်ကံစမ်းနိုင်မယ့် နောက်ဆုံးရက်

✅ August 9, 2026

အားလုံးပဲ ကံကောင်းကြပါစေခင်ဗျာ... 🙆‍♂️❤️

#Haruki
1,420009
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

00:42 09 thg 9, 2026

Photo
စာအုပ်ထွက်ပါပြီဗျို့... 🥳

လောကကြီးမှာ ကျွန်တော်တို့ကို မျက်နှာမူပြီး ပြုံးမပြဘဲ တိတ်တဆိတ် ကျောခိုင်းပြီး ကာကွယ်ပေးနေတတ်တဲ့ ချစ်ခြင်းမေတ္တာတစ်ခု ရှိပါတယ်။

ဟုတ်ပါတယ်... အဲဒါအဖေ့ရဲ့ မေတ္တာပါ။

ကျွန်တော်တို့ မသိခဲ့တဲ့၊ သတိမထားမိခဲ့တဲ့ ဖခင်မေတ္တာတွေအကြောင်း၊ မိသားစုဘဝရဲ့ ရုန်းကန်မှုတွေအကြောင်းကို ရင်တွင်းဖြစ် ရသစာစုလေးတွေအနေနဲ့ ခံစားဖတ်ရှုချင်တယ်ဆိုရင်တော့ "ကျောခိုင်းထားသော ချစ်ခြင်းများ" စာအုပ်လေးက စာဖတ်သူလေးတို့ကို စောင့်ကြိုနေပါတယ်။

စာမြည်း အပြည့်အစုံဖတ်ရန် 👇

https://t.me/black_white_Library

📘 စာအုပ်အမည် - ကျောခိုင်းထားသော ချစ်ခြင်းများ

✍️ ရေးသားသူ - အက္ခရာ (HARUKI)

📖 အမျိုးအစား - ရသစာစု

💰 တန်ဖိုး - ၁၅,၀၀၀ ကျပ်

🛒 မှာယူရန် - ကျွန်တော့်ဆီကနေ တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါပြီ။

Telegram Username 👉 https://t.me/Akayar_2007

📚 ကျွန်တော်ရေးသားထားတဲ့ တခြားစာအုပ်များ

https://t.me/black_white_Library

#Haruki
1,340009
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

00:42 09 thg 9, 2026

မပြီးဆုံးသေးတဲ့ ဇာတ်လမ်းနဲ့ ဇူလိုင် (၁၉)

ဇူလိုင်လ (၁၉) ရက်နေ့ ရောက်တိုင်း ဥဩဆွဲသံတွေနဲ့အတူ နိုင်ငံတစ်ဝန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားတတ်တာ ထုံးစံပါပဲ။ ဒီနေ့ဟာ ကျွန်တော်တို့ နှလုံးသားတွေထဲမှာ နှမြောတသဖြစ်ရတဲ့ လွမ်းဆွတ်ဖွယ်ရာ နေ့တစ်နေ့အဖြစ် အမြဲတမ်း ကမ္ပည်းတင်နေဆဲပါ။

ဒါပေမဲ့ ဒီနှစ် ဇူလိုင် ၁၉ ကိုတော့ ရိုးရာအစဉ်အလာ ဝမ်းနည်းခြင်းဆိုတဲ့ ထောင့်တစ်ခုတည်းကနေ ကျွန်တော် မကြည့်ချင်တော့ဘူး။ အတိတ်ကို လွမ်းဆွတ်ရုံသက်သက်ထက် အသက်ရှင်ကျန်ရစ်သူတွေရဲ့ တာဝန်ယူမှုဆိုတဲ့ ရှုထောင့်သစ်ကနေ တွေးကြည့်ချင်ပါတယ်။

အာဇာနည်ဆိုတာ ကိုယ့်အသက်ကို ပေးဆပ်သွားခဲ့တဲ့ သူရဲကောင်းတွေဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ ပေးဆပ်ခဲ့တာဟာ ကျွန်တော်တို့တွေ အမြဲတမ်း မျက်ရည်ကျနေဖို့ မဟုတ်ပါဘူး။ သူတို့ ရေးလက်စ တန်းလန်းနဲ့ ချန်ထားခဲ့ရတဲ့ အနာဂတ်ဆိုတဲ့ စာအုပ်ကြီးကို ကျွန်တော်တို့ ဆက်ရေးဖို့ပါ။

သေနတ်ကျည်ဆန်တွေက သူတို့ရဲ့ ရုပ်ခန္ဓာကိုပဲ ဖျက်ဆီးသွားနိုင်ခဲ့တာပါ။ သူတို့ရဲ့ စိတ်ကူးတွေ၊ တိုင်းပြည်အပေါ်ထားတဲ့ စေတနာတွေကိုတော့ ဘယ်တော့မှ လုပ်ကြံလို့ မရခဲ့ပါဘူး။ အဲဒီ မသေဆုံးနိုင်တဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို အကောင်အထည်ဖော်ရမယ့်သူတွေက အခု လက်ရှိ အသက်ရှင်နေတဲ့ ကျွန်တော်တို့ လူငယ်တွေပဲ မဟုတ်လား။

ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး၊ အမှန်ကန်ဆုံး လုပ်နေတာဟာလည်း အာဇာနည်စိတ်ဓာတ်ပါ။

• စာဖတ်သူလေးက ကျောင်းသားဆိုရင် ပညာကို ကြိုးစားသင်ယူတာ

• အနုပညာရှင်ဆိုရင် ကိုယ့်အနုပညာနဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြုတာ

• ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အမှန်တရားဘက်မှာ မားမားမတ်မတ် ရပ်တည်တာတွေ

အားလုံးဟာ သူတို့ချန်ထားခဲ့တဲ့ အမွေကို ဆက်ခံနေတာဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ ဥဩသံတွေ ကြားရတဲ့အခါ ဝမ်းနည်းကြေကွဲရုံသက်သက် မဟုတ်ဘဲ

သူတို့ ချန်ထားခဲ့တဲ့ တာဝန်တွေကို ငါတို့ ဘယ်လောက်အထိ ထမ်းဆောင်နိုင်ပြီလဲ

ဆိုတာကိုပါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စေချင်ပါတယ်။

ကျွန်တော်တို့ဟာ အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကို ဖန်တီးရမယ့်သူတွေပါ။ မျက်ရည်တွေအစား ခွန်အားတွေမွေး၊ သက်ပြင်းချသံတွေအစား ခြေလှမ်းသစ်တွေ လှမ်းရင်း ဒီခေတ်ကြီးထဲမှာ ကိုယ်တိုင်က အသက်ရှင်နေတဲ့ သူရဲကောင်းတွေ ဖြစ်အောင် ကြိုးစားကြဖို့ စာဖတ်သူလေးကို တိုက်တွန်းချင်ပါတယ်ခင်ဗျာ။

✍🏼 အက္ခရာ

#Haruki
1,6600028
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

00:42 09 thg 9, 2026

🎓 GED Exam အတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်ချင်နေပြီလား 🎓

မင်္ဂလာပါ စာဖတ်သူလေးတို့ရေ...

GED ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျွန်တော့်လို ကျောင်းသားတွေအတွက် တကယ်ကို အကျိုးရှိစေမယ့် သတင်းကောင်းလေးတစ်ခု ယူလာပေးပါတယ်ခင်ဗျာ။ Exam အတွက် လိုအပ်တဲ့ Notes တွေ၊ မေးခွန်းပုံစံတူ Practice တွေနဲ့ သေချာလေ့ကျင့်ပေးမယ့် Teacher Mia ရဲ့ GED Preparation Class လေး လာပါပြီ။

📚 ဘာတွေ သင်ကြားပေးမှာလဲ?

▪️Intensive Class (၁ လ နဲ့ ၃ ပတ်): သင်တန်းပြီးတာနဲ့ စာမေးပွဲကို ယုံကြည်မှုရှိရှိ တန်းဖြေနိုင်အောင် သေချာလေ့ကျင့်ပေးမယ့် အတန်းပါ။ Concept တွေကို သေချာနားလည်အောင် သင်ပေးမှာမို့ အမှတ်ကောင်းကောင်း ရဖို့ကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။

▪️Notes & Practice Group: ကိုယ့်ဘာသာကိုယ် Self-study လုပ်ပြီး Practice တွေပဲ သီးသန့် ပြန်လုပ်ချင်တဲ့သူတွေအတွက်လည်း သီးသန့် Group လေး ရှိပါတယ်ဗျ။

▪️Pre-GED + GED Class: အခုမှ GED ကို အခြေခံကစပြီး တက်မယ့်သူတွေအတွက်လည်း Foundation ကစပြီး သေချာသွားပေးမယ့် အတန်းလေး ရှိပါသေးတယ်။

💡 ဒီအတန်းရဲ့ အားသာချက်တွေက ဘာတွေလဲ?

စာမေးပွဲမှာ အခက်အခဲမရှိအောင်နဲ့ အတွေ့အကြုံရအောင်လို့ တကယ့် Exam ဖြေတဲ့အခါ ဘယ်လိုလေးတွေ လုပ်ရမလဲဆိုတာကို သေချာ မျှဝေလမ်းညွှန်ပေးသွားမှာပါ။

တချို့ Practice လေးတွေက Exam နဲ့ တိုက်ရိုက်တူတဲ့ ပုစ္ဆာလေးတွေ ဖြစ်နေတာမို့၊ ကံကောင်းရင် ကံကောင်းသလို ကိုယ့်ဆီမှာ လုံးဝအလားတူ မေးခွန်းလေးတွေ ကျလာနိုင်ပါတယ်နော် 😌💕

🎁 Special Discounts & Offers

🔥 Early Bird: ပထမဆုံး လာအပ်တဲ့ ကျောင်းသား (၁၀) ဦးအတွက် 20% OFF

🔥 Haruki's Special: ကျွန်တော့်နာမည် "Haruki" လို့ ပြောပြီး လာအပ်တဲ့သူတိုင်းအတွက် အထူးခံစားခွင့်အနေနဲ့ 10% OFF ရရှိမှာ ဖြစ်ပါတယ်။

🔥 Referral Bonus: ကိုယ့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေကို ညွှန်းပေးရင် ညွှန်းပေးသူအတွက် Cashback 10,000 MMK ရရှိမှာဖြစ်ပြီး၊ လာအပ်တဲ့ သူငယ်ချင်းအတွက်လည်း 5% OFF ထပ်ရဦးမှာပါ။

အတန်းတွေကို လာမယ့် ဇူလိုင်လ (၁၅) ရက်နေ့မှာ စတင်လက်ခံသွားမှာဖြစ်ပြီး၊ နေရာမပြည့်ခင် အခုကတည်းက ကြိုတင် Register လုပ်ထားလို့ ရနေပါပြီခင်ဗျာ။

စာမေးပွဲအတွက် အချိန်မဖြုန်းဘဲ ထိထိရောက်ရောက် ပြင်ဆင်ချင်တယ်ဆိုရင်တော့ အခုပဲ အောက်က အကောင့်ကို ဆက်သွယ်ပြီး စာရင်းသွင်းလိုက်ကြရအောင် 👇

📩 Contact to Register: https://t.me/your_boaeboae_Mia

Wish you luck! 🍀 အားလုံးပဲ အနာဂတ်အတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်နိုင်ကြပါစေခင်ဗျာ။

#Haruki
1,870007
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

00:42 09 thg 9, 2026

Relationship Goal ဆိုတာ အတူတူ ကြီးပြင်းလာတာမျိုးပါ

ဒီနေ့ညတော့ လူငယ်တွေကြားထဲမှာ အမြဲပြောလေ့ရှိတဲ့ Relationship Goal ဆိုတဲ့ စကားလုံးလေးကို တခြားရှုထောင့်တစ်ခုကနေ ပြောကြည့်ရအောင်...။

ကျွန်တော်တို့ လူငယ်အများစုက အချစ်ဆိုရင် အချိန်ပြည့် ဖုန်းပြောရမယ်၊ Message ပို့ရင် ချက်ချင်း Reply ပြန်ရမယ်၊ အမြဲတမ်း အတူတူသွား အတူတူစားရမယ်လို့ ထင်တတ်ကြတယ်။ ဒါတွေက ချစ်စရာကောင်းတဲ့ အရာလေးတွေဆိုပေမဲ့၊ ဘဝအတွက် တကယ့် ခိုင်မာတဲ့ အချစ်ဆိုတာ အဲ့ဒါထက် အများကြီး ပိုနက်နဲပါတယ်။

တကယ့် အချစ်စစ်ဆိုတာ နှစ်ယောက်သား မျက်နှာချင်းဆိုင် ကြည့်နေရုံတင်မဟုတ်ဘဲ၊ ရှေ့က အနာဂတ်ပန်းတိုင်ကို အတူတူ လှမ်းကြည့်တာမျိုးပါ။

▪️ကိုယ် စာကျက်နေချိန်၊ အလုပ်လုပ်နေချိန်မှာ သူကလည်း သူ့ဘဝ တိုးတက်ရေးအတွက် အာရုံစိုက်နေတာမျိုး။

▪️ကိုယ်က အိမ်မက်တွေအကြောင်း ပြောပြတဲ့အခါ "လုပ်နိုင်မှာပါ" ဆိုပြီး ဘေးကနေ အမြဲတမ်း Hype ပေးတဲ့သူမျိုး။

▪️ကိုယ် လဲကျသွားတဲ့အချိန်မှာတောင် အပြစ်မတင်ဘဲ လက်ကို ဆွဲထူပြီး ရှေ့ဆက်ဖို့ တွန်းအားပေးတတ်တဲ့သူမျိုးပါ။

ဒီလို အချစ်မျိုးက ဘဝကို အောက်ဆွဲချမသွားဘူး။ အချင်းချင်း Support ပေးရင်း ပိုကောင်းတဲ့ Better Version တည်ဆောက်ပေးပါတယ်။

အချစ်ဆိုတာ ကိုယ့်ဘဝရဲ့ အိပ်မက်တွေကို စတေးရတဲ့အရာ မဟုတ်ဘဲ၊ အဲ့ဒီအိပ်မက်တွေဆီ သွားဖို့ ခွန်အားတွေ ပေးတဲ့အရာပါ။

Yeah!! Just My Opinion 🤷‍♂️

စာဖတ်သူလေးတို့ရော...

အချိန်ပြည့် တွယ်ကပ်နေရတဲ့ အချစ်မျိုးထက်၊ ကိုယ့်ရဲ့ အနာဂတ်တွေကိုပါ တောက်ပလာအောင် ကူညီပေးမယ့် အဖော်မွန်ကောင်းမျိုးကို ပိုင်ဆိုင်ထားကြပြီလား။

အိပ်မက်ကိုယ်စီနဲ့ ကြိုးစားနေကြတဲ့ လူငယ်လေးတွေအားလုံး အလှပဆုံးသော အချစ်မျိုးနဲ့ ဆုံတွေ့နိုင်ကြပါစေနော်...။

Good Night Everyone 🌌

✍️ အက္ခရာ

#Love
#Haruki
1,5200034
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

17:31 20 thg 8, 2026

🎵 တကယ်လည်းမလိုပါဘူး ဘာလို့ဆို ကျွန်တော်​ရှိပြီလေ 😁

ဒီနေရာလေးမှာတော့ စာရေးသူအက္ခရာဆိုတာထက် ဂီတဝါသနာရှင် Oak Kar အနေနဲ့ပေါ့ဗျာ... 😅

ကဲ"... ခေါင်းထဲမှာ သံစဉ်တွေရှိတယ်၊ စာအုပ်ထဲမှာ ရေးလက်စ စာသားတွေရှိတယ်။ ဒါပေမယ့် တကယ်တမ်း Studio မှာ သွားတီးဖို့ စုံစမ်းကြည့်လိုက်တော့ ၃ သိန်း၊ ၄ သိန်းဆိုတဲ့ ဈေးတွေကြားမှာ ကိုယ့်အိပ်မက်လေးကို ခဏခေါက်သိမ်းလိုက်ရဖူးတယ် မဟုတ်လား။

Studio အကြီးကြီးတွေက သူတို့သုံးတဲ့ ပစ္စည်းတွေ၊ အတွေ့အကြုံတွေနဲ့ဆိုတော့ ဒီဈေးက တန်ပါတယ်၊ ပေးရကျိုးလည်း သေချာပေါက် နပ်ပါတယ်။ ဒါပေမယ့် ကိုယ်က ဝါသနာအရ အပျော်လုပ်ချင်တာ ဒါမှမဟုတ် အခုမှ ဂီတလောကထဲ စမ်းဝင်ကြည့်ချင်တဲ့ Beginner တစ်ယောက်ဆိုရင်တော့ ဒီဘတ်ဂျက်က တော်တော်လေးကို ဟန့်တားနေသလို ဖြစ်နေတတ်တယ်လေ။

ဒီလိုမျိုး ဘတ်ဂျက်ကြောင့် အိပ်မက်တွေ ရပ်တန့်မသွားရအောင် KB Oak Kar Studio ကနေ ဝါသနာရှင်တွေအတွက် သီးသန့်ရည်ရွယ်ပြီး ကိုယ်သုံးနိုင်တဲ့ ဘတ်ဂျက်နဲ့ အမိုက်စား Music တွေ ဖန်တီးပေးနေပါပြီ။

ဈေးနှုန်းကတော့ သီချင်းပုံစံနဲ့ အချိန်ပေးရမှုအပေါ် မူတည်ပြီး ၇ သောင်း ကျပ် ကနေ စပြီး လက်ခံပေးနေပါတယ်။ (၁ သိန်းဝန်းကျင်လောက်ဆိုရင်ကို တော်တော်လေးမိုက်တဲ့ Quality ရနေပါပြီဗျာ)။

သီချင်းထွက်လာလို့ နားထောင်ကြည့်ပြီး စိတ်တိုင်းမကျဘူးဆိုရင်လည်း အခမဲ့ (၂) ကြိမ်တိတိ ပြင်ခွင့်ပေးထားသလို၊ Lyrics Video ကိုပါ Free လက်ဆောင် လုပ်ပေးသွားဦးမှာပါ။

ကိုယ့် Idea အတိုင်း ဖန်တီးခိုင်းမလား၊ ကျွန်တော့်ဘက်က အစအဆုံး အမိုက်စား တာဝန်ယူပေးရမလား... ကြိုက်သလိုသာပြော အကုန်အိုကေတယ်နော်။

⏳ ဘယ်လောက်ကြာမလဲ?

လောလောဆယ် ကျွန်တော့်ဆီမှာ လက်ခံထားတဲ့ အပ်ထည်လေးတွေ ရှိနေသေးလို့ သီချင်းတစ်ပုဒ် ဖန်တီးဖို့ အချိန် (၁) ပတ်ကနေ (၂) ပတ်အထိတော့ ကြာနိုင်ပါတယ်။

အချိန်လေး နည်းနည်းပေးရပေမယ့် စိတ်တိုင်းကျဖြစ်အောင် သေချာလေး အချိန်ယူ ဖန်တီးပေးသွားမှာမို့ ယုံယုံကြည်ကြည်နဲ့ အပ်လို့ရပါတယ်။

🎸 ဘယ်လို Music တွေ လုပ်ပေးလဲ?

K-pop ပုံစံကလွဲပြီး ကျန်တဲ့ အမျိုးအစားတော်တော်များများကို စိတ်တိုင်းကျ ဖန်တီးပေးပါတယ်။ Pop, Rock, Rap, Hip-Hop, Mono, DJ Remix, Country, Swing Jazz, Reggae ... အစရှိသဖြင့် ကြိုက်တဲ့ Genre သာ ပြောလိုက်ပါ။

📝 ဘာတွေလိုမလဲ?

သီချင်းအပ်မယ်ဆိုရင် ဒီအချက်လေးတွေ ကြိုပြင်ထားပေးဖို့တော့ လိုမယ်နော်။

▪️ သီချင်းစာသား

▪️ သီချင်းကို အကြမ်းဆိုထားတဲ့ Voice Record

(အကြံပေးချင်တာကတော့ Bar, Beat, Tempo တွေ အလွယ်တကူ ချိန်လို့ရအောင် ဂစ်တာ (သို့) Beat အကြမ်းလေး တစ်ခုခုနဲ့ တွဲဆိုထားပေးရင် အကောင်းဆုံးပါပဲ)

📞 ဘယ်လို ဆက်သွယ်ရမလဲ?

အသေးစိတ် ဆွေးနွေးချင်တယ်ဆိုရင် အောက်က လိပ်စာတွေကနေ အချိန်မရွေး လာဟဲလိုလုပ်လို့ ရပါတယ်ခင်ဗျာ။

• Telegram - @Akayar_2007
• Viber - 09266814346

My YouTube Channels
1. KB Oak Kar Studio (New)
2. KB Oak Kar (Old)

#KBOakKarStudio #MusicProduction #MyanmarIndieArtist #BudgetFriendlyMusic #OwnTune #BeatMaker #MyanmarMusicCover #HobbyistMusician #MusicProducerMyanmar #LocalTalent
1,770006
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

03:45 24 thg 5, 2026

Photo
မောနင်းပါ စာဖတ်သူလေးတို့ခင်ဗျာ... 🙆‍♂️🤍

ဒီနေ့ တစ်ပတ်တာရဲ့အစလေးကို အပြုံးတွေ၊ ခွန်အားတွေ အပြည့်နဲ့ စတင်ဖြတ်သန်းနိုင်ကြပါစေဗျာ။

(30-Day Healing Journey အတွက် စာရင်းလာပေးထားတဲ့ သူတွေကိုလည်း ကျွန်တော် အားတာနဲ့ တစ်ယောက်ချင်းစီ သေချာ ပြန်ပြီး လက်ခံပေးပါမယ်နော်။)

အားလုံးပဲ အေးချမ်းတဲ့ နေ့လေး တစ်နေ့ ဖြစ်ပါစေ... ✨

#Haruki
456004
♡ Relationship Coach ♡ logo
♡ Relationship Coach ♡

03:45 24 thg 5, 2026

🎉 1 Million အထိမ်းအမှတ်နဲ့ အထူး မေတ္တာလက်ဆောင် 🎉

မင်္ဂလာပါစာဖတ်သူလေးတို့ခင်ဗျာ...

လတ်တလောမှာ ကျွန်တော့်ရဲ့ သီချင်းလေး 1 Million ပြည့်သွားတဲ့အတွက် အရမ်းကို ဝမ်းသာပျော်ရွှင်ရသလို၊ အမြဲတမ်း အားပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ရင်ထဲကနေ အထူးပဲ ကျေးဇူးတင်မိပါတယ်။

ဒီအောင်မြင်မှုက ကျွန်တော့်ကို အမြဲ ယုံကြည်ပြီး Support ပေးနေတဲ့ သူတွေကြောင့်သာ ဖြစ်လာတာပါ။

ဒီအတွက် ကျွန်တော့်ဘက်ကနေ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ခံစားချက်တွေ မွန်းကြပ်နေတဲ့ အချိန်တွေမှာ ခွန်အားဖြစ်စေမယ့် "30-Day Healing Journey" အစီအစဉ်လေးကို အားလုံးအတွက် (လုံးဝ) အခမဲ့ Free ပြန်လည်ဖွင့်ပေးလိုက်ပါပြီခင်ဗျာ။

အရင်က အခကြေးငွေနဲ့ လက်ခံခဲ့တဲ့ ဒီအစီအစဉ်လေးကို အခုလို Free ဖွင့်ပေးရတဲ့ ရည်ရွယ်ချက်ကတော့... ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ရာသီဥတု အပြောင်းအလဲတွေကို စာသားလေးတွေနဲ့ အတူတူ ကုစားဖြတ်သန်းချင်လို့ပဲ ဖြစ်ပါတယ်။

စာဖတ်သူလေးတွေရဲ့ ရင်ဘတ်ထဲက ဒဏ်ရာတွေအတွက် နွေးထွေးတဲ့ နားခိုရာလေး တစ်ခု ဖြစ်ပေးချင်တာပါ။

✨ အစီအစဉ် အသေးစိတ် ✨

သတ်မှတ်လူဦးရေ

စာဖတ်သူလေးတွေ တစ်ယောက်ချင်းစီကို အကောင်းဆုံး ကုစားမှုတွေ ပေးနိုင်ဖို့အတွက် ပထမဆုံး စာရင်းလာပေးတဲ့ "အယောက် (၁၀၀)" ကိုပဲ သီးသန့် လက်ခံပေးသွားပါမယ်။ (အခမဲ့ ဖွင့်ပေးတာဖြစ်လို့ နေရာလေးတွေ မြန်မြန်ပြည့်သွားနိုင်တာမို့ မြန်မြန်လေး စာရင်းသွင်းဖို့တော့ တိုက်တွန်းချင်ပါတယ်)

စာရင်းပိတ်မယ့်ရက်

မေလ (၃၁) ရက်နေ့

စတင်မယ့်ရက်

• ဇွန်လ (၁) ရက်နေ့ကစပြီး ၃၀ ရက်စာ Healing Journey ကို အတူတူ စတင်ကြပါမယ်။

• (သို့) မိမိအဆင်ပြေတဲ့လမှာ စတင်နိုင်ပါတယ်။

📌 ဘယ်လို စာရင်းသွင်းရမလဲ?

ပါဝင်ချင်တယ်ဆိုရင်တော့ အခုပဲ Telegram အကောင့် https://t.me/Akayar_2007 ကို "30-Day Healing Journey လေး Join ချင်လို့ပါ" ဆိုပြီး လာရောက် စာရင်းပေးသွင်းနိုင်ပါပြီဗျာ။

ကျွန်တော်တို့တွေ ဇွန်လ ၁ ရက်နေ့မှာ စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်တွေနဲ့ အတူတူ ပြန်ဆုံကြမယ်နော်။

အမြဲတမ်း ချစ်ခင်လျက်... 🤍
အက္ခရာ

#Haruki
5150013

Showing 30 of 49 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram ♡ Relationship Coach ♡ nói về gì?+

♡ Relationship Coach ♡ (@relationship_coach_by_haruki) là kênh Telegram thuộc danh mục Hẹn hò trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 5.600 người đăng ký trên tgdio.

Làm sao để tham gia ♡ Relationship Coach ♡ (@relationship_coach_by_haruki)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @relationship_coach_by_haruki miễn phí.

♡ Relationship Coach ♡ có phải kênh Hẹn hò tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của ♡ Relationship Coach ♡ trước khi tham gia. Hiện có khoảng 5.600 người đăng ký trên tgdio. So sánh với các kênh Hẹn hò tương tự.

Xem thống kê và bài đăng ♡ Relationship Coach ♡ ở đâu?+

Trên tgdio, mở trang @relationship_coach_by_haruki để xem thống kê, xếp hạng, đánh giá và bài đăng.