
ဩဂုတ်လ (၃) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပြုခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဗြိတိန်ဘုရင် ချားလ်စ်ထံမှ ပေးပို့သည့် စာအုပ် ၂ အုပ်၊ စာအိတ်နှင့် သံတမန်စာတို့ကိုလည်း ပေးအပ်ခဲ့သည်။
ထို့ပြင် အောက်တိုဘာလ (၂၂) ရက်နေ့၊ (၁၄:၃၀) နာရီမှ (၁၄:၅၀) နာရီအထိ ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏သား ကင်မ်အဲရစ် (ခ) ကိုထိန်လင်းနှင့် လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် စကားပြောကြေးနန်းဖြင့် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုခွင့် ပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်










