တစ်ခါတစ်လေ ဘုန်းကြီးတို့ ကျောင်းက ဆိုးသွမ်းတဲ့
ကိုယ်တော်လေးတွေ သတင်းကြားတယ်ဆိုလို့ရှိရင်
“ဟာ၊ ဘယ်ကျောင်းထွက် ဆိုးတယ်” နဲ့ပြောကြတယ်၊
ဘုန်းကြီးတို့က မေးတယ်။
“မင်းတို့ အဲသလို ပြောစတမ်းဆိုလို့ရှိရင်
ဒေဝဒတ်ဘယ်ကျောင်းထွက်တုန်း” လို့၊
ဒေဝဒတ်က “ဇေတဝန်ကျောင်းထွက်ပဲ”လို့၊
အဲဒါဆိုရင် “ဇေတဝန်ကျောင်း” အပြစ်တင်ရမလား၊
“ဒေဝဒတ်”အပြစ်တင်ရမလား၊
တချို့က ကျောင်းထွက်ဆိုပြီးတော့ကျောင်းကို
ပုတ်ခတ်ပြီးတော့ ပြောလေ့ရှိတာကိုး။
ဒီတော့ ဒါတွေက မဆိုင်ဘူး။
သို့သော်လည်း မြန်မာစကားမှာ
“သားသမီးမကောင်း ၊ မိဘခေါင်း”
“တပည့်မကောင်း ၊ ဆရာ့ခေါင်း” ဆိုပြီးတော့
ခေါင်းပေါ်တော့ ရောက်တာပေါ့နော်။
အဲဒါဆိုရင် “ဒေဝဒတ်မကောင်း ဘုရားခေါင်း” ရောက်မှာပေါ့၊
အဲဒါကျတော့ ချန်ထားကြတယ်။
“ကာယကံရှင်ပုဂ္ဂိုလ်”နဲ့ အများကြီးဆိုင်တယ်။
ဒါကြောင့်မို့လို့ ဘုန်းကြီးတို့စာပေထဲမှာ . . .
“ဥပဒသေမတ်တမဝေ ဟိ ပရာယတ်တာ(ပရသ်မိံ ပဋိဗဒ်ဓံ)၊
အညာ သဗ်ဗာ သမ်ပတိ အတ်တာဓိနာ ဧဝ” တဲ့၊
နည်းပေး၊လမ်းပြ လုပ်တာသည်ပင်လျှင်
ဆရာသမားနဲ့ ပတ်သက်ပါတယ်တဲ့။
အားလုံးအောင်မြင်မှုဟာ ကိုယ့်ပေါ် မူတည်ပါတယ်တဲ့။
“ဆရာသမားဆိုတာ ဆုံးမသြဝါဒပေးရုံသာ
တာဝန်ရှိတယ်”လို့ ဒီလိုပြောတယ်နော်။
အခြားအောင်မြင်မှုဟာ ကိုယ်နဲ့ဆိုင်တယ်ပေါ့။
အောင်မြင်မှု ၊ ကျရှုံးမှု ဟာ “ကိုယ်နဲ့ပဲဆိုင်တယ်”ပေါ့။
ဒီလိုဆိုပါတယ် ။ ဒါက ပိုပြီးတော့ လက်တွေ့ကျတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
https://t.me/buddha1834










