“မ မထိတော့ပါဘူး ဆရာရယ် ကျုပ် ကျုပ်သားလေးကိုခွင့်လွှတ်ပါ”
“တော်ဗျာ နောက်တစ်ခါ သတ္တိမရှိဘဲ ကျုပ်တို့လိုအောက်လမ်းဆရာတွေကိုလာမခေါ်နဲ့ အကုန်မသာပေါ်ကုန်မယ် တောက် ခင်ဗျားတို့အိမ်မှာ ကျုပ်မနေချင်တော့ဘူး ပြန်မယ် ခင်ဗျားတို့ငွေလည်းပြန်ရမယ်ထင်နဲ့”
“မ မယူပါဘူး ဆရာရယ် ကျုပ် ကျုပ်တို့အခုလိုတွေထပ်မလုပ်တော့ပါဘူးဗျာ”
“လုပ်ရင်လည်း သေမှာလေ လုပ်ပေါ့ တပည့်ကြီးသွားမယ်”
ဘိုးထင်သည် အတော်ဒေါသထွက်နေဟန်ဖြင့် အိမ်ပေါ်မှဆင်းလေရာ ဝင်းလှိုင်တယောက်ကြောက်ရွံ့သည့်ဟန်ဖြင့် တောင်းပန်နေလေသည်။
“ဆ ဆရာ ကျုပ်တောင်းပန်ပါတယ် ကျုပ် ကျုပ်တို့ကိုခွင့်လွှတ်ပါဗျာ”
“ရတယ် ခင်ဗျားကိုခင်လို့ ကျုပ် ခွင့်လွှတ်လိုက်တာနော် ခင်ဗျားညီလုပ်ပုံက တခြားအောက်လမ်းဆရာတွေသာဆို အသေသတ်ပစ်မှာ ကျုပ်တို့ဆိုတာက အောက်လမ်းဆရာချင်းရှုံးတာထက် အထက်လမ်းဆရာကိုရှုံးတာ ပိုစိတ်တိုတယ် သိလား”
“ကျုပ်နားလည်ပါတယ်ဗျာ ကျုပ်လိုက်ပို့ပေးပါ့မယ်”
“ရတယ် ခင်ဗျားညီအကြောက်လွန်နေပြီ ဂရုစိုက်လိုက်ဦး နောက်တခါ သူများကိုဒုက္ခမပေးခင် ကိုယ်အရင် သတ္တိရှိအောင်လုပ်ခိုင်းထား”
ဘိုးထင်သည် ထိုသို့ပြောပြီး ဝင်းလှိုင်တို့အိမ်မှာနေ၍ ထွက်ခွာလာလေသည်။ထို့နောက် သူတို့သည် ရွာသာရွာအပြင်ဖက်သို့ရောက်သည့်အခါ ပေတူးမှသဘောကျစွာရယ်မောလိုက်ပြီး ဘိုးထင်အားချီးကျူးစကားဆိုလိုက်လေသည်။
“မင်းကတော့ အတော်ကိုအကွက်မြင်တဲ့ကောင်ပဲ သရဲမခင်ထားကိုခြောက်ခိုင်းထားတာမလား ပြီးတော့ ကိုနောက်တိုးတို့ပဲနှောက်ယှက်သလိုလိုလုပ်နေတာမလား”
“မင်းက အခုမှသိတာလား”
“အေး မင်းကသေချာမှမပြောတာ အကြံတော့ပိုင်တယ်ကွာ ငွေလည်းအများကြီးရတယ် ပေတောကုန်းကမိန်းကလေးကိုလည်း နောက်တခါမထိရဲတော့ဘူး ပိုင်ချက်”
“သေချာစဉ်းစားရတယ်ကွ အဘလည်း အေးဆေးဖြစ်သွားပြီ”
“အေး ဟုတ်တယ် အခုဘယ်သွားမှာတုန်း”
“ကိုသာရနဲ့ ကိုဖိုးထွေးကို ပေတောကုန်းသွားပြီး ကိုနောက်တိုးတို့ကိုသွားခေါ်ခိုင်းတာပေါ့ကွာ သူတို့ပြန်ရောက်မှ အသောကရွာကဘိုးတော်ကိုသွားဖော်တာပေါ့ သရဲမခင်ထားက တို့ကိုကူညီထားတာဆိုတော့ ငါတို့ကလည်း ပြန်ကူညီပေးရမှာပေါ့ကွာ”
“အေး အေး ကောင်းတယ် ကိုနောက်တိုးတော့ ဘာတွေလုပ်နေမလဲမသိဘူးကွာ”
“မပူနဲ့ ဟေ့ကောင် သာအေးတစ်ယောက်လုံးပါနေတာ အဲ့ကောင်တွေ အနေအစားချောင်လို့ ပျော်တောင်ပျော်နေမှာ”
ညအချိန်မတော်မှာပင် ဘိုးထင်နှင့် ပေတူးတို့သည် ရွာသာရွာအားကျောခိုင်းကာ စကားတပြောပြောနှင့် လမ်းလျှောက်နေကြသည်။သူတို့နှစ်ယောက်၏အနောက်တွင်တော့ခပ်လှမ်းလှမ်းတွက်တော့ သရဲမခင်ထားသည်လည်းလိုက်ပါလာလေသည်။
◾အောက်လမ်းဘိုးထင်နှင့် တန်ရာတန်ရာ သည်ကားဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင်နှင့် အသောကလူမိုက်ကြီး အမည်ရဇာတ်လမ်းလေးအား ဆက်လက်တင်ဆက်ပေးပါမည်။
#တင်ဆန်း








