အောက်လမ်းဘိုးထင် နှင့် ပရလောက ဝတ္ထုတိုများ Telegram channel photo

အောက်လမ်းဘိုးထင် နှင့် ပရလောက ဝတ္ထုတိုများ

@thank250Public Channel

ဆရာတင်ဆန်း နှင့် မူရင်းရေးသားသော ဆရာများအားလည်း crd ပေးပါတယ်

1.7k

Last views

7.9k (7,894 subscribers)
Thành viên
—
Rating
90
Total Posts
Oct 14, 2026, 7:43 PM
Cập nhật
Apr 6, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel Nameအောက်လမ်းဘိုးထင် နှင့် ပရလောက ဝတ္ထုတိုများ
Username@thank250
CategoryPhim truyền hình Hàn Quốc
LanguageTiếng Việt
CountryViệt Nam
Thành viên7,894
Channel TypePublic Channel
Created6 thg 4, 2026
Last Updated14 thg 10, 2026 • 7 ngày trước
StatusActive

Xếp hạng

Xếp hạng toàn cầu
#50403+211
Xếp hạng ngôn ngữ
#1100+10
Xếp hạng danh mục
#570+1

Tăng trưởng người đăng ký

Tổng cộng: 7.9K30 Days growth: +4496%
09/1509/2009/2509/3010/0510/1010/14
Tăng trưởng người đăng ký - 30 Days
DateSubscribers
15:09:20267,445
16:09:20267,445
17:09:20267,562
18:09:20267,562
19:09:20267,562
20:09:20267,562
21:09:20267,562
22:09:20267,562
23:09:20267,562
24:09:20267,562
25:09:20267,562
26:09:20267,562
27:09:20267,562
28:09:20267,562
29:09:20267,562
30:09:20267,562
01:10:20267,562
02:10:20267,562
03:10:20267,562
04:10:20267,562
05:10:20267,562
06:10:20267,562
07:10:20267,562
08:10:20267,562
09:10:20267,562
10:10:20267,562
11:10:20267,562
12:10:20267,562
13:10:20267,562
14:10:20267,894
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 06:04:20264,422
Week of 13:04:20264,422
Week of 20:04:20264,422
Week of 27:04:20264,657
Week of 04:05:20264,657
Week of 11:05:20265,021
Week of 18:05:20265,021
Week of 25:05:20265,021
Week of 01:06:20265,583
Week of 08:06:20265,583
Week of 15:06:20265,583
Week of 22:06:20265,583
Week of 29:06:20266,184
Week of 06:07:20266,184
Week of 13:07:20266,184
Week of 20:07:20266,586
Week of 27:07:20266,586
Week of 03:08:20266,927
Week of 10:08:20266,927
Week of 17:08:20267,208
Week of 24:08:20267,295
Week of 31:08:20267,295
Week of 07:09:20267,445
Week of 14:09:20267,562
Week of 21:09:20267,562
Week of 28:09:20267,562
Week of 05:10:20267,562
Week of 12:10:20267,894
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20264,657
May 20265,021
June 20266,184
July 20266,586
August 20267,295
September 20267,562
October 20267,894
Tăng trưởng người đăng ký - Yearly
DateSubscribers
20267,894

Top 10 posts

Most viewed posts from this channel

By views
  1. #1React 😕❤️2.5K
  2. #2◾​အောက်လမ်းဘိုးထင် နှင့် လွတ်မြောက်သူဇာတ်လမ်းသည်ကား ဤမျှသာ။မကြာမီ အောက2.5K
  3. #3​“မဝိုင်းစိန်တို့သားအမိ ပညာစွန့်မလို့ဆို”2.3K
  4. #4​"ဒီလိုမှခေါ်မသွားရင် ဘယ်လိုလုပ်မလဲ ငါတို့တာဝန်က သူ့ကို သူ့အမေကြီးဆီပြ1.9K
  5. #5ကိုရတဲ့ ကီးမဟုတ်တော့ ကီးမလိုက်နိုင်တော့ ပုံမှန်ထက် နားင်ဆိုးပါတယ်ဗျ 🥹1.7K
  6. #6တချို့တွေက မတင်သေးဘူးလား အသစ်မလာသေးဘူးလား မြန်မြန်တင်ပါတော့လို့ ပြောကြ1.7K
  7. #7​“ခင်ဗျားတို့တောင်းပန်ရုံနဲ့ပြီးမလားဗျ အခု ကျုပ်သိက္ခာပါကျကုန်တာ သာမန်1.7K
  8. #8အဝေးရောက်ချစ်သူ // ဆိုတေး1.6K
  9. #9နက်မှောင်သောဆံပင်ရှည်ရှိပြီး မျက်လုံးမျက်ဖန် ကောင်း‌ကာ အတော်ကိုလှပသည့်1.5K
  10. #10လူဆိုသည်မှာ (ကိုပိုက်)1.5K

Bài đăng gần đây

​“ခင်ဗျားတို့တောင်းပန်ရုံနဲ့ပြီးမလားဗျ အခု ကျုပ်သိက္ခာပါကျကုန်တာ သာမန်အထက်လမ်းဆရာတစ်ယောက်ကိုတောင်မယှဉ်နိုင်သလိုဖြစ်သွားပြီညခင်ဗျားတို့လည်း ခင်ဗျားတို့ရန်သူကို ဘယ်တော့မှထိလို့ရမှာမဟုတ်တော့ဘူး ထိတာနဲ့ ခင်ဗျားတို့သေမှာကို သိလား”

​“မ မထိတော့ပါဘူး ဆရာရယ် ကျုပ် ကျုပ်သားလေးကိုခွင့်လွှတ်ပါ”

​“တော်ဗျာ နောက်တစ်ခါ သတ္တိမရှိဘဲ ကျုပ်တို့လိုအောက်လမ်းဆရာတွေကိုလာမခေါ်နဲ့ အကုန်မသာပေါ်ကုန်မယ် တောက် ခင်ဗျားတို့အိမ်မှာ ကျုပ်မနေချင်တော့ဘူး ပြန်မယ် ခင်ဗျားတို့ငွေလည်းပြန်ရမယ်ထင်နဲ့”

​“မ မယူပါဘူး ဆရာရယ် ကျုပ် ကျုပ်တို့အခုလိုတွေထပ်မလုပ်တော့ပါဘူးဗျာ”

​“လုပ်ရင်လည်း သေမှာလေ လုပ်ပေါ့ တပည့်ကြီးသွားမယ်”

​ဘိုးထင်သည် အတော်ဒေါသထွက်နေဟန်ဖြင့် အိမ်ပေါ်မှဆင်းလေရာ ဝင်းလှိုင်တယောက်ကြောက်ရွံ့သည့်ဟန်ဖြင့် တောင်းပန်နေလေသည်။

“ဆ ဆရာ ကျုပ်တောင်းပန်ပါတယ် ကျုပ် ကျုပ်တို့ကိုခွင့်လွှတ်ပါဗျာ”

​“ရတယ် ခင်ဗျားကိုခင်လို့ ကျုပ် ခွင့်လွှတ်လိုက်တာနော် ခင်ဗျားညီလုပ်ပုံက တခြားအောက်လမ်းဆရာတွေသာဆို အသေသတ်ပစ်မှာ ကျုပ်တို့ဆိုတာက အောက်လမ်းဆရာချင်းရှုံးတာထက် အထက်လမ်းဆရာကိုရှုံးတာ ပိုစိတ်တိုတယ် သိလား”

​“ကျုပ်နားလည်ပါတယ်ဗျာ ကျုပ်လိုက်ပို့ပေးပါ့မယ်”

​“ရတယ် ခင်ဗျားညီအကြောက်လွန်နေပြီ ဂရုစိုက်လိုက်ဦး နောက်တခါ သူများကိုဒုက္ခမပေးခင် ကိုယ်အရင် သတ္တိရှိအောင်လုပ်ခိုင်းထား”

​ဘိုးထင်သည် ထိုသို့ပြောပြီး ဝင်းလှိုင်တို့အိမ်မှာနေ၍ ထွက်ခွာလာလေသည်။ထို့နောက် သူတို့သည် ရွာသာရွာအပြင်ဖက်သို့ရောက်သည့်အခါ ပေတူးမှသဘောကျစွာရယ်မောလိုက်ပြီး ဘိုးထင်အားချီးကျူးစကားဆိုလိုက်လေသည်။

​“မင်းကတော့ အတော်ကိုအကွက်မြင်တဲ့ကောင်ပဲ သရဲမခင်ထားကိုခြောက်ခိုင်းထားတာမလား ပြီးတော့ ကိုနောက်တိုးတို့ပဲနှောက်ယှက်သလိုလိုလုပ်နေတာမလား”

​“မင်းက အခုမှသိတာလား”

​“အေး မင်းကသေချာမှမပြောတာ အကြံတော့ပိုင်တယ်ကွာ ငွေလည်းအများကြီးရတယ် ပေတောကုန်းကမိန်းကလေးကိုလည်း နောက်တခါမထိရဲတော့ဘူး ပိုင်ချက်”

​“သေချာစဉ်းစားရတယ်ကွ အဘလည်း အေးဆေးဖြစ်သွားပြီ”

​“အေး ဟုတ်တယ် အခုဘယ်သွားမှာတုန်း”

​“ကိုသာရနဲ့ ကိုဖိုးထွေးကို ပေတောကုန်းသွားပြီး ကိုနောက်တိုးတို့ကိုသွားခေါ်ခိုင်းတာပေါ့ကွာ သူတို့ပြန်ရောက်မှ အသောကရွာကဘိုးတော်ကိုသွားဖော်တာပေါ့ သရဲမခင်ထားက တို့ကိုကူညီထားတာဆိုတော့ ငါတို့ကလည်း ပြန်ကူညီပေးရမှာပေါ့ကွာ”

​“အေး အေး ကောင်းတယ် ကိုနောက်တိုးတော့ ဘာတွေလုပ်နေမလဲမသိဘူးကွာ”

​“မပူနဲ့ ဟေ့ကောင် သာအေးတစ်ယောက်လုံးပါနေတာ အဲ့ကောင်တွေ အနေအစားချောင်လို့ ပျော်တောင်ပျော်နေမှာ”

​ညအချိန်မတော်မှာပင် ဘိုးထင်နှင့် ပေတူးတို့သည် ရွာသာရွာအားကျောခိုင်းကာ စကားတပြောပြောနှင့် လမ်းလျှောက်နေကြသည်။သူတို့နှစ်ယောက်၏အနောက်တွင်တော့ခပ်လှမ်းလှမ်းတွက်တော့ သရဲမခင်ထားသည်လည်းလိုက်ပါလာလေသည်။

◾​အောက်လမ်းဘိုးထင်နှင့် တန်ရာတန်ရာ သည်ကားဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင်နှင့် အသောကလူမိုက်ကြီး အမည်ရဇာတ်လမ်းလေးအား ဆက်လက်တင်ဆက်ပေးပါမည်။

#တင်ဆန်း
1,6700031
​“ထူးထူး ဆရာပြောသလိုလုပ်နိုင်ရဲ့လား”

​“လုပ်နိုင်ပါတယ် အမေရယ် အဲ့ကောင်မသေမှပဲ နားအေးမှာကို”

​“ထူးထူး မင်းပြောမှာသေချာတယ်နော်”

​“သေချာပါတယ် အကိုရယ် ထူးထူး အဲ့ကောင်မကို ဘယ်လောက်မုန်းတယ်ဆိုတာ အကိုအသိသားနဲ့ ဆရာ အဲ့ကောင်မကို အသေသတ်ပေးပါနော်”

​ဘထူးသည် သူ၏မိသားစုများအား စကားဆိုနေရင်းမှ ဘိုးထင်အားတပါတည်းတောင်းဆိုလိုက်သည်။ဘိုးထင် သည်လည်း ဦးခေါင်းကိုညိတ်ပြလိုက်ကာ

​“ကျုပ်လည်း အဲ့ကောင်မကိုသေစေချင်နေတာပါ ကဲ ကဲ ခင်ဗျားစိတ်နိုင်တယ်ဆိုရင် စတော့မယ် နည်းနည်းတော့ခက်တယ်နော် သူတို့ခေါ်ထားတဲ့အထက်လမ်းဆရာက လည်း ပေါ့တော့မပေါ့ဘူး တကယ်လို့ ခင်ဗျားမပြောနိုင်ဘူးဆို ဒီတစ်သက်အခုလို အောက်လမ်းတွေနဲ့ သူ့ကိုသွားတိုက်လို့မရဘူးနော် ကျုပ်ပြောတာမယုံဘူးဆို တိုက်ကြည့် ခင်ဗျားတို့မိသားစုလိုက်သေလိမ့်မယ်”

​ဘိုးထင်၏စကားကြောင့် ဘထူး၏မိသားစုများမှာ အတော်ကိုလန့်လို့သွားသည်။အောက်လမ်းအတတ်ပညာနှင့်လုပ်သည်မို့ အလျော်အစားကြီးသည်ကိုဖြင့် သူတို့နားလည်ထားသောကြောင့် ဦးခေါင်းကိုညိတ်ပြ၍သာလက်ခံလိုက်လေသည်။​များမကြာသောအချိန်တွင်တော့ ဘိုးထင်သည် တံခါးများအားလုံးကိုပိတ်ခိုင်းလိုက်သဖြင့် ပေတူးနှင့် ဝင်းလှိုင်တို့သည် ဖွင့်ထားမိသမျှတံခါးများအားလုံး လိုက်ပိတ်လိုက်လေသည်။​ထို့အပြင် ထွန်းထားသောအောက်လင်းဓာတ်မီးကိုပါပိတ်လိုက်ရာ ဘိုးထင်၏ အစီအရင်စားပွဲခုံပေါ်တွင်ထွန်းထားသော ဖယောင်းတိုင်မီး၏အလင်းရောင်သာရှိပေတော့သည်။​ထို့နောက် ဘိုးထင်သည် ဘထူး၏ခေါင်းမှ ဆံပင်အားဆတ်ခနဲနှုတ်လိုက်ပြီး သူနှင့် ဘထူးအကြားရှိ မြေအိုးအတွင်းသို့ထည့်၍စူးစိုက်ကြည့်နေပြီး လက်နှင့်သပ်လိုက်ချိန် မြေအိုးအတွင်းမှ အမဲရောက်အခိုးအငွေ့များထွက်လာသည်ကို အားလုံးအံ့အားသင့်ဖွယ်တွေ့လိုက်ရသည်။​များကြာသောအချိန်တွင်တော့ ဘိုးထင်သည် အသံခပ်မာမာဖြငိ့ လုပ်ငန်းစပြီးဟုဆိုလိုက်သည်နှင့် ပိတ်ထားသောပြုတင်းပေါက်များအနက်မှ ပြုတင်းတချပ်သည် ဆတ်ခနဲပွင့်လာပြီးနောက် ပြတင်းပေါက်ပေါ်တွင်ထိုင်နေသည့် အတော်ရုပ်ပျက် ဆင်းပျက်နိုင်လှသော သရဲမခင်ထားအား ဘိုးထင်အပြင် ဘထူးကပါမြင်တွေ့လိုက်ရလေသည်။မျက်လုံးဟောက် ပက်ကိုမှ အမဲရောင်အခိုးအငွေ့များထွက်နေသည့် သရဲမခင်ထားကြောင့် ဘထူးတယောက် အတော်ကြောက်လန့်နေပုံပေါ်လေသည်။​ထို့နောက် သရဲမသည် ဘထူး၏ဂုတ်ပေါ်ခွစီးကာ ဘထူးနားနားကပ်လိုက်ပြီးလျှင် အေးစက် စက်လေသံဖြင့် တစ်လုံးချင်းစကားဆိုလိုက်လေသည်။

​“အဲ့ကောင်ပြောခိုင်းတဲ့အတိုင်းပြောရင် နင်သေပြီးသာမှတ် မသေစေချင်ဘူးလို့ပြောရင်တော့ နင့်ကိုလွှတ်ပေးမယ်”

​ထိုအချိန်မှာပင် ဘိုးထင်သည် ဘထူးအားသေချာကြည့်၍မေးမြန်းလာလေသည်။

​“ပြောတော့ မင်း ဝေဝေလွင်ကိုသေစေချင်လား”

​ဘိုးထင်မှထိုသို့မေးမြန်းလာချိန် ဘထူး၏မျက်နှာမှချွေး စေးတို့ပြန်လာလေသည်။ဘိုးထင်သည်ကား သရဲမအားမမြင်ဟန်ဆောင်နေလေရာ ဘထူးတယောက် မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်နေသည်။ဘထူးမဖြေသောအခါ ဘိုးထင်မှထပ်မံမေးပြန်လေသည်။

​“ပြောလေဗျာ ခင်ဗျားပြောမှ ကျုပ်လုပ်လို့ရမှာ သေစေချင်လား”

​ဘထူးဖြေမည်ပြင်လိုက်ချိန် သရဲမခင်ထားသည် ဘထူး ၏လည်ပင်းအား သူ၏ချွန်နေသည့်လက်သည်းတို့ဖြင့် ကုတ်ခဲရန်ချိန်ရွယ်ကာ

​“နင်သေစေချင်တယ်လို့ပြောရင် နင်အရင်သေရမယ် ပြီးရင် နင့်မိသားစုကိုပါသတ်မယ်”

​ခြောက်ကပ်ကပ်အက်ကွဲကွဲ သရဲမခင်ထား၏အသံကြောင့် မိန်းမလျာစိတ်ဝင်နေသည့် ဘထူးမှာလုံးဝတောင့်ခံနိုင်ခြင်းမရှိတော့ဘဲ

​“မ မသေစေချင်ဘူး”

​“အဲ့လိုပြောရမှာ မဟုတ်ဘူးလေ”

​“မ မသေစေချင်ဘူး”

ဘထူး​ထိုသို့ပြောလာလေရာ ဘိုးထင်သည် စိတ်ထဲတွင်ကြိတ်ပြုံးနေသော်လည်း ဟန်အမူအရာမှာဖြင့် အတော်ကိုပေါက်ကွဲနေသည့်ဟန်ဖြင့် သူ၏ရှေ့မှအိုးအား ဒေါသဖြင့်ရိုက်ခွဲလိုက်ကာ

“မီးထွန်းတော့ဗျာ သွားပြီ အချိန်ကောင်းကိုလွတ်သွားပြီ ကျုပ်သိက္ခာကျပြီ”

အောက်လမ်းဓာတ်မီးအား ဝင်းလှိုင်မှထွန်းလိုက်ချိန် အိမ်ထဲတွင်တော့ အောက်လင်းဓာတ်မီးအလင်းရောင်ထိန်လင်းလို့သွား၏။ထိုသို့မီးလင်းသွားမှုနှင့်အတူ ဘထူးဂုတ်ပေါ်ခွစီးထားသော သရဲမသည်လည်း ပျောက်ကွယ်လို့သွားလေသည်။ဘိုးထင်သည်ကား တောက်တခေါက်ခေါက်နှင့် ဘထူးအားလက်ညှိုးငေါက်ငေါက်ထိုး၍ပြစ်တင်ပြောဆိုလေသည်။

​“မင်းကို အစောကတည်းကပြောတယ် အနှောက်အယှက်တွေရှိတယ် သတ္တိရှိရှိပြောလို့ ငါမပြောဘူးလား မင်းလုပ်လိုက်တာ ငါ့သိက္ခာတွေကျရပြီ ငါကပဲ အဲ့ကောင်ကိုရှုံးသလိုဖြစ်သွားရပြီ တောက်”

​ထိုအခါ ဘထူးသည် မိခင်ဖြစ်သူအနားပြေးသွားကာ

​“အမေ ထူးထူးကြောက်တယ် ထူးထူး အဲ့လိုတွေမလုပ်ချင်တော့ဘူး”

​“ဘာဖြစ်လို့လဲ ထူးထူး”

​“ထူးထူး အခုလိုတွေမလုပ်တော့ဘူး”

“ထူးထူးမလုပ်ဘူးဆို မလုပ်ဘူးနော်”

​ဘိုးထင်မှာလည်း မကျေမနပ်ဖြင့်အတော်သောင်းကြမ်းလိုက်လေရာ ထူးထူးမှာပိုလို့ပင်ကြောက်လို့နေသည်။ဝင်းလှိုင်နှင့် သူ၏ဖခင်ကြီးသည်လည်း ဘိုးထင်အားတောင်းပန်ကြလေသည်။

“တောင်း တောင်းပန်ပါတယ် ဆရာရယ် ထူးထူးကိုယ်စား ကျုပ်တို့ကပဲ တောင်းပန်ပါတယ်”
1,420006
​“ဟုတ်ပြီလေ အဲ့တာဆို သဘက်ခါညနေလောက် ကျုပ်တို့ကိုလာခေါ် ရွာပြင်သင်္ချိုင်းမှာရှိမယ်”

​ဘိုးထင်သည် ထိုသို့ပြောပြီး ထန်းရည်ဖိုးကျသင့်သည့် အဖိုးအခငွေအားရှင်းမည်ပြင်လိုက်စဉ် ဝင်းလှိုင်မှတားဆီးလိုက်၏။

​“ဆရာ ကျုပ်မိတ်ဖြစ်ဆွေဖြစ်ရှင်းလိုက်မယ် ဆရာတို့သွားစရာရှိတာသာသွားပါ”

​“အဲ့တာဆိုသွားပြီဗျာ ကျုပ် သဘက်ခါအထိပဲစောင့်မယ်နော် အဲ့နေ့က နောက်ဆုံးပဲ”

​ဘိုးထင်သည်ထိုသို့ပြောပြီးနောက် ပေတူးနှင့် အတူ ထန်းတောမှထွက်သွားလေသည်။ကျန်ခဲ့သော ဝင်းလှိုင်မှာဖြင့် သဘောကျစွာဖြင့် ခေါင်းတညိတ်ညိတ်နှင့်ကျန်ခဲ့ပါလေတော့သည်။

◾​အခန်း (၈)

​ဝင်းလှိုင်တစ်ယောက် သူ၏မိသားစုဝင်များအား ထန်းတောတွင်တွေ့ခဲ့သည့် ဘိုးထင်တို့အကြောင်းကိုပြောပြလိုက်ရာ အားလုံးမှလည်းလက်ခံလေသည်။ဘထူးသည်လည်း အစီအရင်လုပ်သည့်နေ့တွင်ပြောမည်ဟုဆိုရာ ဝင်းလှိုင်တစ်ယောက် ဘိုးထင်ပြောထားသည့်အတိုင်း ဦးအုန်းနှင့်ကိစ္စရှင်းရန်အတွက် ဦးအုန်းအိမ်သို့ ညတွင်းချင်းရောက်ချလာလေသည်။​အိမ်ပေါ်တွင်ရှိနေသည့် ဦးအုန်းသည် ဘိုးထင်အကျိုးအကြောင်းပြောပြထားပြီးဖြစ်၍ ဝင်းလှိုင်ရောက်လာသည်ကိုမြင်သည်နှင့် တချက်ပြုံးလိုက်ပြီးနောက် ဆေးတံခဲနေရင်းကပင် အိမ်ပေါ်သို့တက်လာရန်ခွင့်ပြုလိုက်လေသည်။

​“ဆရာကြီး ကျုပ်လာလို့ရလား”

​“ရတယ် ဝင်းလှိုင် တက်ခဲ့”

​အိမ်ပေါ်သို့ရောက်သည်နှင့် ဝင်းလှိုင်သည် ဦးအုန်းနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ပြီး

​“ဆရာကြီးကိုပြောရမှာတော့ အားနာပါတယ်ဗျာ”

​“ဘာကိုလဲ ဝင်းလှိုင်”

​“ဆရာကြီးနဲ့ ကျုပ်အလုပ်ဆက်မလုပ်နိုင်တော့ဘူး”

​“ဘာပြောတယ် ဝင်းလှိုင်”


​“ဟုတ်တယ် ကြားတဲ့အတိုင်းပဲ ကျုပ်မလုပ်နိုင်တော့ဘူး ကျုပ်တို့ကိစ္စဖြတ်ရအောင်ဗျာ”

​“မင်းက ဘာသဘောလဲ ငါ ဟိုကောင်တွေကိုမနိုင်လို့ မင်းက လူရာမသွင်းချင်တာလား မင်းကိုအဆင်ပြေအောင်လုပ်ပေးမယ်လို့ပြောထားပြီးသားလေကွာ မင်း ငါ့ကိုအထင်သေးတာလား”

​“မဟုတ်ဘူး ဆရာကြီး ကျုပ်ပြောတာနားထောင်ပါဦးဗျာ ကျုပ် အဲ့ဆရာတွေနဲ့တွေ့ခဲ့တယ်”

​“ဘာကွ မင်းနဲ့ဘယ်လိုလုပ်ပြီးတွေ့တာလဲ”

​“ကံကောင်းတာပါဗျာ ကျုပ်နဲ့တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့တာ သူတို့နဲ့ပဲ ဆက်လုပ်တော့မယ် အဲ့တာ ဆရာကြီးနဲ့ အလုပ်မလုပ်တော့ဘူးဆိုတာကို ကျုပ်လာ‌ပြောတာ”

​“ဪ မင်းက အဲ့လိုကိုး ကောင်းပြီလေ မင်းဘက်ကစဖျက်တာနော် ပြီးမှ ဘာဘာညာညာတွေမကြားချင်ဘူး”

​“စိတ်ချပါ ဆရာကြီးကို ကျုပ်မနှောက်ယှက်ပါဘူး”

​“ငွေလည်းပြန်မပေးစရာမရှိဘူးနော်”

​“ပြန်မတောင်းပါဘူး ဆရာကြီးရာ ဆရာကြီးလည်းအစွမ်းရှိသလောက်လုပ်ပေးခဲ့တာပဲကို”

​“ကောင်းပြီလေ ငါလည်း မင်းကိစ္စအတွက် အတတ်နိုင်ဆုံးလုပ်ပေးဖို့ဆုံးဖြတ်ထားတာ မင်းက ငါ့ကိုအလိုမရှိတော့ဘူးဆိုတော့လည်း ဘာတတ်နိုင်မှာလဲကွာ ဒါပေမဲ့ စိတ်တော့မကောင်းဘူး”

​“စိတ်မကောင်းမဖြစ်ပါနဲ့ ဆရာကြီး ဒီလိုပါပဲ ဖြစ်တတ်ပါတယ် ကျုပ်လုပ်စရာလေးတွေရှိလို့သွားတော့မယ်ဗျာ”

​ဝင်းလှိုင်သည်ထိုသို့ပြောပြီး ဦးအုန်းကိုနှုတ်ဆက်ကာ အိမ်ပေါ်မှဆင်းသွားလေသည်။ထိုအခါမှ ဦးအုန်းတယောက်ပြုံးလိုက်ကာ အသံတီးတိုးဖြင့်စကားဆိုလေသည်။

​“ငတုံး ငါ့စိတ်မကောင်းတာ မင်းတို့မိသားစုအတွက်ပြောတာကွာ ဟားးး ဟား”

​ဦးအုန်းသည် သူ့စကားသူသဘောကျကာ ခပ်တိုးတိုးရယ်မောလိုက်ပြီးနောက် ဦးခေါင်းအားတညိတ်ညိတ်လုပ်ပြီး ဆေးတံအားပြန်ခဲနေပါလေတော့သည်။

◾​အခန်း (၉)

​ဝင်းလှိုင်၏ပင့်ဖိတ်မှုဖြင့် ဘိုးထင်နှင့် ပေတူးတို့သည် ဝင်းလှိုင်တို့၏နေအိမ်သို့ ညအချိန်တွင် ရောက်ရှိနေပြီဖြစ်သည်။ဘိုးထင်သည် ကျွန်းစားပွဲခုံဝိုင်းပေါ်တွင် ဖယောင်းတိုင်ကိုထွန်းထားပြီး စုံလင်လှသောအစီအရင်များကိုပါချထားလေသည်။​ထို့နောက် သူသည် စားပွဲခုံ ၏ရှေ့တွင်ထိုင်နေရာမှ နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူပြုလုပ်နေသည့်အရာများအား စိတ်ဝင်တစားကြည့်နေသည့် ဝင်းလှိုင်နှင့် သူ၏မိဘနှစ်ပါးအပြင် ဘထူးခေါ် ထူးထူးအားတချက်ကြည့်၍ စကားဆိုလိုက်လေသည်။

​“ခင်ဗျားတို့လုပ်မှာ သေချာတယ်နော်”

​“သေချာပါတယ် ဆရာလေး”

​“အဲ့တာဆို ကာယကံရှင်က အရှေ့ထွက်လာ ကျုပ်ကိုငွေအရင်ပေးဦး”

​ဘိုးထင်မှထိုသို့ပြောလိုက်ရာ ဘထူးသည် မိခင်ဖြစ်သူထံမှာ ငွေတထပ်ကိုယူပြီး ဘိုးထင်နှင့်မလှမ်းမကမ်းသို့တိုးကပ်လာကာ ငွေကိုကမ်းပေးလိုက်လေသည်။ဘိုးထင် သည် ငွေများကိုလွယ်အိတ်ထဲထည့်လိုက်ပြီးနောက် အစီအရင်စားပွဲခုံပေါ်မှ အနက်ရောင်မြေအိုးတစ်လုံးကိုယူကာ သူနှင့် ဘထူး၏အရှေ့တွင်ချလိုက်ကြပြီး ဘထူးအားစေ့စေ့ကြည့်ကာ

​“ခင်ဗျားက အဲ့မိန်းကလေးကို တကယ်သေစေချင်တာနော်”

​“ဟုတ်တယ် ထူးထူး သူ့ကိုမြင်ကိုမမြင်ချင်တော့ဘူး”

​“ဟုတ်ပြီလေ တစ်ခုရှိတယ်နော် ခင်ဗျား ဝေဝေလွင် နင်သေရမယ်ဆိုပြီး ပါးစပ်ကနေသုံးကြိမ်တိတိပြောရမယ် ဟိုဘက်ကလည်း ဆရာရှိတယ်ဆိုတော့ သူလည်းအနှောက်အယှက်တော့လုပ်မှာပဲ အဲ့အနှောက်အယှက်တွေကို ကြံ့ကြံ့ခံပြီးပြောရမယ် တကယ်လို့ ခင်ဗျားကမသေစေချင်ဘူးလို့ပြောမိတာနဲ့ နောက်အခုလိုကိစ္စတွေ ကျုပ်နဲ့မှမဟုတ်ဘူး ဘယ်သူနဲ့လုပ်လုပ် ခင်ဗျားပဲ သေမှာနော်”

​ဘိုးထင်၏စကားကြောင့် ဘထူး၏မိသားစုဝင်များသည် တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီး ဘထူးအားမေးမြန်းကြလေသည်။
893006
ဝင်းလှိုင်တယောက် အောင့်အီးနိုင်ပုံမရတော့ဘဲ မြူအိုးတစ်လုံးကိုကိုင်ကာ ဘိုးထင်နှင့် ပေတူးရှိရာဆီသို့ပြောင်းရွှေ့လာလေသည်။ဘိုးထင်နှင့် ပေတူး တို့ သည် သူတို့၏ပြောလက်စ စကားကိုချက်ချင်းရပ်လိုက် ကာ ဝင်းလှိုင်အားမော့ကြည့်လိုက်ပြီး ပေတူးမှစတင်၍ မေးမြန်းလိုက်လေသည်။

​“နောင်ကြီး ဘာကိစ္စရှိလို့လဲဗျ”

​“ဒီက ဆရာတွေထင်တယ် ကျုပ်ဆရာတို့နဲ့ မိတ်ဆွေဖြစ်ချင်လို့ပါ”


​“ကျုပ်တို့နဲ့ ဘာလို့မိတ်ဆွေဖြစ်ချင်တာလဲ ကျုပ်တို့က လူတိုင်းနဲ့စကားမပြောတတ်ဘူး”

​“ကျုပ်နဲ့စကားပြောရင်တော့ ဆရာတို့အကျိုးရှိမှာပါဗျာ”

​ထိုအခါ ဘိုးထင်သည် ပေတူးအားလက်ကာပြလိုက်ကာ

​“တပည့်ကြီး ထိုင်ပါစေကွာ သူု့ကြည့်ရတာ ဒီရွာခံထင်တယ် တို့လည်းမိတ်ဆွေရတာပေါ့ ကဲ နောင်ကြီးထိုင်ဗျာ”

​ဘိုးထင်ခပ်တည်တည်နှင့်ထိုသို့ပြောလိုက်သဖြင့် ဝင်းလှိုင်တစ်ယောက် ဘိုးထင်ကိုပြုံးပြကာ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။ထိုင်ပြီးသည်နှင့် ဘိုးထင်ကိုကြည့်ကာ

​“ဆရာ့ကိုကြည့်ရတာ ထန်းတောလည်းလာတယ်ဆိုတော့ အထက်လမ်းဆရာတော့မဟုတ်ဘူးထင်ပါ့”

​“အဲ့တာ ခင်ဗျားနဲ့ဆိုင်လို့လား ခင်ဗျားနဲ့မဆိုင်တာတွေမပြောနဲ့”

​“အခုတော့မဆိုင်သေးပါဘူး ဆရာတို့ကြည့်ရတာ ငွေလိုနေတယ်ထင်တယ်”

​“ငွေပဲဗျာ လူတိုင်းကြိုက်တာကို လိုတာပေါ့ ဘာလို့လဲ”

​“အစောက ဆရာတို့ပြောနေတာတွေ ကျုပ်ကြားတယ် ပေတောကုန်းကဆိုတော့ သူ့နာမည်က ဝေဝေလွင်လားဆရာ”

​ဝင်းလှိုင်၏စကားကြောင့် ဘိုးထင်နှင့် ပေတူးတို့သည် တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီး ပေတူးမှ အသံခပ်မာမာဖြင့်

​“ခင်ဗျားက ကျုပ်တို့ကုပေးတဲ့မိန်းကလေးကို ဘယ်လိုလုပ်ပြီးသိနေတာလဲ”

​“ဆရာတို့ အံ့သြသွားမလားမသိဘူး အဲ့မိန်းကလေးကို ကျုပ်ဆရာတစ်ယောက်နဲ့တိုက်ခိုင်းထားတာ”

​“အဲ့တာဆို ကျုပ်တို့နဲ့ပြိုင်ရတဲ့ အောက်လမ်းဆရာက ခင်ဗျားခိုင်းထားတာပေါ့ သူကတော့ တော်ပါတယ် ဒါပေမဲ့ ကျုပ်ဆရာကိုတော့မမှီဘူး”

​ပေတူးမှ ခပ်တည်တည်နှင့်ထိုသို့ပြောလိုက်ရာ ဝင်းလှိုင်သည် ဦးခေါင်းကိုညိတ်ပြလိုက်ပြီး

​“ဟုတ်တယ် အဲ့ဆရာကိုယ်တိုင်ကဝန်ခံထားတယ် ကျုပ်လုပ်တာသိပြီဆိုတော့ ဆရာတို့ကျုပ်ကို စိတ်မတိုဘူးလား”

​ဝင်းလှိုင်၏စကားကြောင့် ဘိုးထင်နှင့် ပေတူးတို့သည် ဦးခေါင်းကိုရမ်းကာ ရယ်မောလိုက်ပြီးလျှင် ဘိုးထင်မှစကားဆိုလေသည်။

​“ဘာဆိုင်လို့လဲဗျာ ကျုပ်တို့လည်း ငွေရလို့လုပ်တာ အခု ကျုပ်တို့တောင်းတာများလို့တဲ့ဗျို့ အထက်လမ်းဆရာတစ်ယောက်တောင် ငှားလိုက်သေးတယ် ကျုပ်ဖြင့် စိတ်တိုလိုက်တာ မပြောပါနဲ့တော့”

​“အဲ့တာတော့ ဆရာ့ကိုစော်ကားတာပဲ သူတို့ငှားတဲ့အထက်လမ်းဆရာက ဘယ်လောက်တော်နေလို့လဲ ဆရာ မနိုင်လို့လား”

​“အလကားပါဗျာ ကျုပ်နိုင်တာသိလို့ တမင်ညစ်တာ တောက် ကျုပ်ကလည်း အလကားပညာတွေမသုံးချင်လို့ နို့မို့သာဆို အဲ့ကောင်မလေးကိုအသက်ထွက်အောင်လုပ်ပစ်တယ်”

​ဘိုးထင်၊သာအေးနှင့် ဝင်းလှိုင်တို့စကားပြောနေချိန် သူတို့ရှိရာသို့ လူရွယ်တစ်ယောက်ရောက်လာပြီး ဝင်းလှိုင်နားသို့ကပ်ကာ တီးတိုးစကားဆို၍ပြန်ထွက်သွားလေသည်။ ထိုအခါ ဝင်းလှိုင်သည် ဘိုးထင်အားကြည့်လိုက်ပြီး

​“ဟုတ်တယ် ပေတောကုန်းမှာ အထက်လမ်းဆရာတစ်ယောက်ရောက်နေတယ်တဲ့ဗျ အဲ့အိမ်မှာပဲနေ နေတယ်တဲ့ ကျုပ်တပည့်တစ်ယောက်လာပြောတာ ဆရာတို့ဘက်ကနေ ကျုပ်မခံချင်လိုက်တာဗျာ အရင်ကတော့ ကျုပ်နဲ့ဆရာတို့နဲ့က ရန်သူပေါ့ အခု ဆရာတို့နဲ့မိတ်ဆွေဖွဲ့ချင်တယ်ဗျာ ဘယ်လိုလဲ”

​ဝင်းလှိုင်မှ ထိုသို့စကားဆိုလာရာ ဘိုးထင်သည်ပြုံးလိုက်ပြီး

​“အရင်က လုပ်ငန်းသဘောအရ ကျုပ်တို့ ရန်သူဖြစ်တာပါ အခု ကျုပ်နဲ့ ခင်ဗျားကြားမှာ ဘာရန်ငြိုးမှမရှိတာ မိတ်ဆွေလုပ်ကြတာပေါ့”

​“ကောင်းလိုက်တာဗျာ အဲ့တာဆို ဆရာ ကျုပ်ဆရာ့ကို အလုပ်အပ်မယ် ဆရာလုပ်ပေးမလား”

​“လုပ်တာတော့ လုပ်လို့ရပါတယ် ဒါပေမဲ့ ကျုပ်က နှစ်‌ယောက်အပြိုင်အလုပ်မလုပ်တတ်ဘူးနော်”

​“ဆရာဆိုလိုတာ ဘာအဓိပ္ပါယ်လဲ ဆရာ”

​“ခင်ဗျားအားကိုးတဲ့ ဆရာတစ်ယောက်ရှိတယ်ထင်တယ် ဂူတဂူထဲ ခြင်္သေ့နှစ်ကောင်မအောင်းဘူးဆိုတာ ခင်ဗျားလည်းသိမှာပါ”

​“စိတ်ချ ဆရာ ကျုပ် သူနဲ့ကိစ္စဖြတ်လိုက်မယ်”

​“အဲ့လိုဆိုတော့လည်း လက်ခံရတာပေါ့ ဈေးကတော့ကြီးတယ်နော်”

​“ဘယ်လောက်လဲ ဆရာ”

​“အသေဆို နှစ်သောင်း”

​“ဗျာ နှစ်သောင်း”

​“များလို့လား အဲ့တာ မိတ်ဆွေမို့လျှော့‌ပေးတာနော် မလုပ်ချင်ရင်လည်းမလုပ်ပါနဲ့ဗျာ ပြဿနာမရှိဘူး”

​နှစ်သောင်းဆိုသော ငွေပမာဏမှာအတော်များပေသည်။ ထို့ကြောင့် ဝင်းလှိုင် ခေတ္တစဉ်းစားလို့သွား၏။သို့ပေမဲ့ ညီဖြစ်သူစိတ်ချမ်းသာဖို့သည်သာအဓိကဟု မိဘများကပြော ထားသဖြင့် လက်ခံလိုက်လေသည်။

​“ချမယ်ဗျာ ဘယ်တော့လောက်လုပ်မလဲ”

​“ကျုပ် အိမ်ကိုလာခဲ့မယ်လေ တစ်ခုတော့ရှိတယ် ငွေကို အရင်ချေရမယ် ပြီးတော့ ခင်ဗျားကသတ်ချင်တာဆို ကျုပ်စီရင်မယ့်နေ့မှာ ခင်ဗျားနှုတ်ကနေ သုံးကြိမ်တိတိ နင်သေရမယ်လို့ ပြောပေးရမယ်”

​“ကျုပ်သတ်ချင်တာမဟုတ်ဘူး ကျုပ်ညီသတ်ချင်တာ”

​“ဘယ်သူဖြစ်ဖြစ်ပေါ့ဗျာ အရင်ပြောရမယ် တကယ်လို့ သူမပြောဘူးဆိုရင်တော့ ကျုပ်မလုပ်ပေးနိုင်ဘူးနော် ငွေလည်းဆုံးမယ်”

​“ကျုပ်သဘောပေါက်ပါတယ်”
703004
​နောက်တိုးနှင့် သာအေးစကားပြောနေချိန်မှာပင် ဇရပ်ဆီသို့ လူရွယ်နှစ်ယောက်တို့လမ်းလျှောက်လို့လာနေကြသည်။သူတို့မှာလည်း အခြားသူများမဟုတ် ဘိုးထင်၏ ခိုင်းစေမှုဖြင့် နောက်တိုးတို့ကိုလာခေါ်သော အကြီးကောင် နှင့် အငယ်ကောင်တို့ဖြစ်လေသည်။​များမကြာသောအချိန်တွင်တော့ အကြီးကောင်နှင့် အငယ်ကောင်သည် ဇရပ်ပေါ်သို့တက်လာကာ နောက်တိုးနှင့် သာအေးအားပြုံးပြပြီး ယဉ်ကျေးစွာဖြင့်စကားဆိုလိုက်လေသည်။

​“ဆရာကြီးတို့ ကျုပ်တို့နောက်ကျသွားတယ်ဗျာ ဆရာလေးကတော့ နှစ်ချက်တီးလောက်ရောက်လိမ့်မယ် လို့ပြောထားပါတယ် စောပြီးထွက်လာတာပါပဲ ဆရာကြီးတို့က ကျုပ်တို့အရင်ရောက်နေတယ်ဆိုတော့ နောက်ကျသွားတယ်ဗျာ”

​“ဟုတ်တယ် ဆရာကြီးရေ တောင်းပန်ပါတယ်ဗျာ ဆရာကြီးတို့ကိုဇရပ်မှာစောင့်ခိုင်းသလိုဖြစ်သွားတယ် ဒီဘက်ကညီလေးက အိမ်သိပေမဲ့ ဆရာလေးပြောတာက ဆရာကြီးက ကာယကံရှင်လာပင့်မှလိုက်တယ်ဆိုတော့ ကျုပ်တို့အစောကတည်းကထွက်လာရမှာဗျာ”

​အကြီးကောင်နှင့် အငယ်ကောင်ပြောသော စကားများအား နောက်တိုးနှင့် သာအေးတို့ နားမလည်သော်လည်း အကဲခတ်တတ်ပြီး အလိုက်သင့်သလိုပြောဆိုတတ်သော သာအေးမှ ရေလိုက်ငါးလိုက်စကားဆိုနေလေသည်။

​“ဟုတ်တယ် ငါ့အကိုတို့ရေ ဆရာကြီးကို ကျုပ်ပြောပါ သေးတယ် ပင့်တဲ့အိမ်ကို ကျုပ်သိပါတယ်ဆိုတာကို ဆရာကြီးကကာယကံရှင်ကိုယ်တိုင်မှလာမပင့်ရင်မလိုက်ဘူးဆိုတော့ ကျုပ်လည်းမတတ်နိုင်ဘူးဗျာ”

​“ဘိုးထင်ပြောတုန်းကတော့ ဆရာကြီးကို အခုလိုအသက်ကြီးမယ်တောင်မထင်ဘူး အခု ဆရာကြီးကအတော်အသက်ကြီးနေပြီပဲ ကျုပ်အဘနဲ့အတူတူလောက်ရှိရောပေါ့”

​အကြီးကောင်၏စကားကြောင့် နောက်တိုးတယောက် မကျေမနပ်ဖြစ်သွားပြီး အသံခပ်မာမာဖြင့်မေးမြန်းလိုက်လေသည်။

​“မင်းအဘအသက်က ဘယ်လောက်တုန်း”

​“ခြောက်ဆယ်ကျော်ပါပြီ ဆရာကြီး”

​“ဘာ ခြောက်ဆယ်ကျော် ဟုတ်လား”

​နောက်တိုးအား သူ၏ရှိရင်းစွဲအသက်ထက် ထက်ဝက်ကျော်ကြီးနေသည်ဟုထင်မြင်နေသောအကြီးကောင်အား မကျေမနပ်ဖြင့်ပြန်ပြောမည်ပြင်လိုက်စဉ် သာအေးမှ နောက်တိုး၏ခြေမအား မသိမသာဖြင့်လိမ်လိုက်ပြီး

​“ဆရာကြီးကလည်း အသက်တွေက အရေးမကြီးပါဘူး လာ လာ ကျုပ်တို့လိုက်သွားရအောင် ဆရာကြီးလည်း ခရီးပန်းနေပြီကို”

​“ဟုတ်ပါတယ် ဆရာကြီးရယ် လာ လာ ကျုပ်တို့နောက် လိုက်ခဲ့ပါ ဆရာကြီး လွယ်အိတ်လေး ကျုပ်တို့ကိုပေးပါ”

​အကြီးကောင်နှင့် အငယ်ကောင်သည် နောက်တိုး၏ လွယ်အိတ်ကိုကောက်ယူကာ အရှေ့မှနေ၍ ရွာဘက်ဆီသို့ထွက်သွားလေသည်။နောက်တွင်တော့ နောက်တိုးသည် မကျေမနပ်ဖြင့် သာအေးအနားကပ်၍ တီးတိုးစကားဆိုလိုက်လေသည်။

​“ငါ့လခွမ်း ငါ့အသက်က သုံးဆယ်ကို နည်းနည်းလေးပဲ စွန်းသေးတာပါ အခု သူပြောမှ ခြောက်ဆယ်ကျော်လောက်ရှိနေပြီဖြစ်ရသေး”

​“ခင်ဗျားရုပ်ကိုလည်း မှန်ထဲပြန်ကြည့်ဦးလေ အိုစာနာကျနေပြီဗျ တိုက်ပုံတွေ ကွက်ထောက်တွေဝတ်ထားတော့ ခင်ဗျားရုပ်ကြီးက ခုနှစ်ဆယ်လောက်ပြောရင်တောင် ယုံတယ်”


​“ငါ့က အဲ့လောက်တောင်ရင့်နေပြီလားဟ”

​“အခုက နည်းနည်းတော်သွားတာ ခင်ဗျားက မိန်းမတစ်ယောက်အတွက်နဲ့ ပစ်စလက်ခက်ကြီးနေပစ်တာကိုးဗျာ ရုပ်ကျတာပေါ့”

​“အေးကွ မင်းပြောတာမှန်တယ် ငါအခုချိန်ကစပြီး စိတ်သစ်လူသစ်ပဲနေတော့မယ်”

​“အဲ့လိုလုပ်စမ်းပါဗျာ ပြီးရင် ခင်ဗျားရဲ့ရည်းစား စန်းကြည်မ သူမှားပါတယ်ဆိုတာသိအောင်နေပစ်လိုက်ဗျာ ပြန်လာချင်တယ်ဆိုရင်တော့ လူံးဝလက်မခံနဲ့နော်”

​“စိတ်ချပါကွာ ငါလှည်းကျိုးထမ်းတဲ့ နွားသိုးမဟုတ်တော့ပါဘူး”

​“နွားသိုးမဟုတ်ဘူး နွားဖီးကြီးလည်းလုပ်မနေနဲ့ဦး”

​“ဟေ့ကောင် တိုးတိုး အခု ငါကဆရာနော် လူရိုသေရှင် ရိုသေနေ”

​“အေးပါဗျာ ခင်ဗျားကလည်း အပြောင်းအလဲအတော်မြန်တဲ့သူပဲ”

​သာအေးနှင့် နောက်တိုးတို့နှစ်ယောက်သည် ဘိုးထင်တို့မှ အတည်ပေါက်နှင့် အထက်လမ်းဆရာလွှတ်လိုက်သည်ဆိုသောစကားအရ လာခေါ်သောအကြီးကောင်နှင့် အငယ်ကောင်တို့ခေါ်ရာနောက်သို့ တီးတိုးစကားဆိုရင်း လိုက်ပါသွားကြပါလေတော့သည်။

◾​အခန်း (၇)

​“တောက် အဲ့တာ ငါ့ကိုမခန့်တာကွာ ငါ ငါးထောင်ထောင်ပဲတောင်းတာ ဘာမှားလို့လဲ တဖက်ကတိုက်ထားတဲ့ရဲ့သူပညာက နည်းတာမှမဟုတ်တာကွာ မင်းပဲစဉ်းစားကြည့်စမ်းကွာ ငါးထောင်ဆိုတာ လူတယောက်အသက်ထက်ပိုအရေးကြီးလို့လား”

​“ဟုတ်တယ်ဆရာ အဲ့တာကိုတော့ ကျုပ်လည်းမကျေနပ်ဘူး သူတို့သမီးလေးကို မသေအောင်လုပ်ပေးထားတာကို အခုငွေမပေးချင်တော့ အထက်လမ်းဆရာတောင်ပြောင်းငှားလိုက်သေးတယ် အစကတည်းက အဲ့အထက်လမ်းဆရာကိုငှားပါလား မဟုတ်တာဗျာ ကျုပ်လည်းဆရာဖက်ကနေ အသဲနာတယ်”

​“ငါကွာ တကယ်စိတ်အတော်တိုတယ် ငါငွေသာရမယ်ဆိုရင် သူတို့ငှားထားတဲ့အထက်လမ်းဆရာဆိုတဲ့ကောင်နဲ့ ပညာပြိုင်ပြီး အဲ့ကောင်မလေးကို အသေလုပ်သတ်ပစ်တယ် ငွေမရတော့လည်း ငါ့ပညာတွေအလကားမသုံးချင်ဘူး နေပါစေတော့ကွာ”

​ဘိုးထင်နှင့် ပေတူးတို့သည် တခုသောညနေခင်းတွင် ဝင်းလှိုင်ဆိုသူ၏အကြောင်းကိုအနည်းငယ်စုံစမ်းကြည့်ပြီးနောက် သူနှင့်မလှမ်းမကမ်းနေရာတွင်ထိုင်ကာ ဝင်းလှိုင်ကြား‌ရမည့်အကွာအဝေးတနေရာမှနေ၍ စကားဆိုနေခြင်းဖြစ်သည်။လူသူကင်းရှင်းပြီး ထန်းပင်တစ်ပင်နဲ့တစ်ပင်ဘယ်လောက်မှမဝေးသောကြောင့် ဝင်းလှိုင်သည်လည်း ထန်းရည်သောက်နေရင်းက ပေတူးနှင့် ဘိုးထင်ပြောစကားကိုနားစွင့်နေပြီး မကြာမကြာအကဲခတ်ကြည့်နေသည်။​မကြာမီ
574003
​“တခြားတော့မဟုတ်ပါဘူးကွာ အဲ့ကလေးမကိုကုဖို့ခေါ်ထားတဲ့ကောင်တွေလေ အဲ့ကောင်တွေနဲ့ အဲ့ကလေးမ မိဘတွေနဲ့အဆင်မပြေဘူးကြားတယ်”

​“ဟုတ်လို့လား ဆရာကြီး ကျုပ်တော့မကြားမိဘူးနော်”

​“အဲ့တာကြောင့် ငါက မသေချာဘူးလို့ပြောတာပေါ့ကွ မင်းကအတင်းသိချင်နေတာကိုး ကဲ ကဲ ထားလိုက် သိပ်မကြာခင် အခြေအနေထူးစေရမယ် ငါလည်း လုပ်စရာရှိသေးလို့ မင်းလည်းပြန်လိုက်ဦး”

​“ဪ ဟုတ်ကဲ့ ဟုတ်ကဲ့ အဲ့ဒါဆို ကျုပ်ပြန်မယ်ဗျာ ဆရာကြီးရေ ကျုပ်ပြောထားတာကို အဆင်ပြေအောင်လုပ်ပေးဦးနော်”

​“စိတ်ချပါကွာ မင်းကလည်း ငါကြံထားတာရှိပါတယ်ကွ”

​ဝင်းလှိုင်သည် ထိုသို့ပြောပြီး ဦးအုန်းကိုနှုတ်ဆက်ကာ အိမ်အောက်သို့ဆင်းသွားလေသည်။လှေကားရင်း ခွေးကုတစ်သို့ရောက်သည့်အခါ အိမ်ဝိုင်းထဲဝင်လာသော မဝတီနှင့်တိုးသဖြင့် ဝင်းလှိုင်တစ်ယောက် မဝတီအားဦးစွာ ပြုံးပြ၍နှုတ်ဆက်လိုက်လေသည်။

​“အမကြီးကတော့လေ အမြဲလှနေတော့တာပဲ”

​“ဝင်းလှိုင် မင်းကတော့မြောက်နေပြန်ပါပြီ”

​“တကယ်ပြောတာ အမကြီး ကျုပ်ကိစ္စအောင်မြင်အောင် ဆရာကြီးကိုတွန်းအားပေးပါဦးဗျာ”

​“ပေးနေတာပဲ ငါ့မောင်ရေ နင်တို့ဆရာကြီးက သူ့ကိစ္စနားမလည်ပါးမလည်ဘဲဝင်ပြောရင် သိပ်ကြိုက်တာမဟုတ်ဘူးဟဲ့”

​“အတတ်နိုင်ဆုံးတော့ ပြောပေးပါဦးဗျာ ကျုပ်တို့လည်း သေရေးရှင်ရေးဖြစ်နေလို့ပါ”

​“အေး အေးပါ နင်ပြန်တော့မှာလား”

​“ပြန်တော့မယ်လေ ဆရာကြီးကအလုပ်ရှိသေးလို့တဲ့ဗျ”

​“အေး အေး ထမင်းစားပြီးမှပြန်လို့ ပြောမလို့”

​“မစားတော့ပါဘူး အမကြီးရယ် ကဲ ကျုပ်ပြန်ပြီဗျာ”

​ဝင်းလှိုင်သည် မဝတီကိုနှုတ်ဆက်ပြီးနောက် အိမ်ဝိုင်းအတွင်းမှ ပြန်ထွက်သွားလေသည်။မဝတီမှာဖြင့် လှေကားပေါ်တက်ရင်း အိမ်ဝိုင်းအပြင်ထွက်သွားသော ဝင်းလှိုင်၏ ကျောပြင်ကို ငေးကြည့်နေလေပါလေတော့သည်။

◾​အခန်း (၆)

​ပေတောကုန်းရွာပြင်ဇရပ်တွင်တော့ နောက်တိုးနှင့် သာအေးတို့နှစ်ယောက် ထိုင်နေကြသည်။သူတို့နှစ်ယောက်အား ဘိုးထင်မှ အထက်လမ်းဆရာတပည့်အဖြစ်ဟန်‌ဆောင်စေလွှတ်လိုက်ခြင်းသာဖြစ်သည်။ထို့ကြောင့် နောက်တိုးသည် တိုက်ပုံအင်္ကျီအပြာနုရောင်နှင့် ပုဆိုးအပြာကွက်ထောက်တို့အားဝတ်ဆင်ထားသည်။​ နောက်တိုး၏ပုံစံအားစေ့စေ့ကြည့်ပြီးနောက် သာအေးမှ သဘော ကျစွာဖြင့် စကားဆိုလိုက်လေသည်။

​“ကိုနောက်တိုး ခင်ဗျားက ရွေးလည်းရွေးတတ်တယ် တိုက်ပုံကအပြာ ပုဆိုးကအပြာ ကြည့်ရတာတမျိုးကြီးဗျာ”

​“ဟေ့ကောင်ရ ဘယ်က ငါ့တိုက်ပုံဖြစ်ရမှာလဲ ဘိုးထင်ကတိုက်ပုံလိုတယ်ဆိုလို့ ဦးကဲဆီသွားငှားတာ မင်းလည်းအသိ ပုဆိုးကကွက်ထောက်မရှိလို့ ပန်းချီငိုဆီကငှားတာလေ နှစ်နေရာငှားတာဆိုတော့ အပြာချည်းဖြစ်နေတာလေ ငါမယူဘူးပြောတာကို မင်းပဲယူခိုင်းပြီးတော့”

​“ဘိုးထင် ဘာအကွက်တွေရွှေ့နေတာလဲမသိဘူးဗျာ အခု လည်း ခင်ဗျားနဲ့ကျုပ်ကို ပေတောကုန်းလာခိုင်းပြန်ပြီဗျာ”

​“ငါက ဩကာသတောင်ဆိုတတ်တဲ့ကောင်မဟုတ်ဘူး အဲ့တာကို အထက်လမ်းဆရာဆိုပဲ ခွီးတဲ့မှပဲ ဘာတွေလုပ်ခိုင်းနေမှန်းကိုမသိဘူး”

​“မသိဘူးဗျာ လာ ဟေ့လူ ကျုပ်တို့ကို ဟိုညီအကိုလာခေါ်မယ်လို့တော့ပြောတာပဲ သူတို့လာခေါ်မှပဲ ကျုပ်တို့လိုက်သွားတာပေါ့”

​“မင်းကမှ နည်းနည်းပါးပါးသိသေးတယ် မင်းကိုအထက်လမ်းဆရာနေရာမှာ ထားရမှာ ဘိုးထင်ဆိုတဲ့ကောင် ငါ့ကိုဘာလို့လုပ်ခိုင်းရတာလဲမသိဘူးကွာ”

​“ကိုနောက်တိုးကလည်းဗျာ ကျုပ်ကို ပေတောကုန်းကလူတွေသိတယ်လေ ခင်ဗျားကို ဘယ်သူဘယ်ဝါဆိုတာ မသိသေးဘူးလေ အဲ့တာကြောင့်ပဲ ခင်ဗျားကိုခိုင်းတာနေမှာပေါ့”

​“ငါလည်း မင်းတို့နဲ့ပေါင်းရတာ သေချင်စိတ်ပျောက်ရုံ တင်မကဘူး ခေါင်းတွေပါနောက်လာပြီ ဆိုးတာတော့လည်း မဆိုးဘူးကွ တစ်ခုပြီးတစ်ခုအထူးအဆန်းတွေကြုံနေရတာဆိုတော့ ပျင်းတော့ပျင်းစရာမကောင်းဘူး လုပ်ဦး အထက်လမ်းဆရာဆိုတော့ ငါကဘယ်လိုနေရမှာလဲ”

​“အဲ့တာမှ ခက်ပြီဗျာ ကျုပ်တို့ကအောက်လမ်းဆရာရဲ့ အပေါင်းအသင်းတွေဆိုတော့ အထက်လမ်းဆရာတွေ ဘယ်လိုဘယ်ပုံနေတယ်ဆိုတာတော့ ကျုပ်တို့ကောင်း ကောင်းမသိဘူး တစ်ခုတော့ရှိတယ် အထက်လမ်းဆရာတွေထိုင်ရင်တော့ တင်ပျဥ်ခွေချိတ်ပြီးထိုင်တာ ခွေထိုင်တာမဟုတ်ဘူး”

​“ငါသိပြီ ဘိုးတော်ကြီးတွေထိုင်သလိုမလား”

​“ဟုတ်တယ် ဟုတ်တယ်”

​“အဲ့တာတော့ ငါကျွမ်းတယ် ဒီလိုမလား”

​နောက်တိုးသည် ပြောပြောဆိုဆို ဇရပ်ပေါ်တွင် တင်ပျဥ်ချိတ်ထိုင်ပြလိုက်သည်။သာအေးမှာလည်း နောက်တိုး၏ ဟန်ပန်ကိုများစွာသဘောကျသွားကာ

​“မိုက်တယ်ဗျာ တကယ့်အထက်လမ်းဆရာကြနေတာပဲ အသားလေးမဲနေတာလေးကလွဲပြီး အတော်ကိုတူတယ်”

​“မင်းကလည်းကွာ အထက်လမ်းဆရာတိုင်းက အသားဖြူလို့လား”

​“အဲ့လိုလည်းမရှိပါဘူး ခင်ဗျားက အပေါ်ပြာအောက်ပြာဆိုတော့ အမည်းကပိုပေါ်လွင်နေလို့လေ”

​“ငါလည်း ရှိတာငှားဝတ်ရတာပဲဟ ကဲ ကဲ ဘယ်တော့လာခေါ်မှာတုန်း ငါတို့ ဟန်‌ဆောင်ထားတယ်ဆိုတာကော မင်းကောင်ဘိုးထင် သေချာပြောပြထားရဲ့လား”

​“အဲ့တာတော့မသိဘူးလေဗျာ ခင်ဗျားနဲ့ ကျုပ်ကို အခုလိုဝတ်ပြီး ဒီမှာထိုင်နေလို့ပဲပြောထားတာကို သူနဲ့ ပေတူးပဲ လျှောက်သွားပြီးလုပ်နေတာပဲလေဗျာ”

​“အေး ပြောတော့ပြောထားလောက်ပါတယ်”
487005
​သာအေးမှညည်းညူရင်း နောက်တိုးနှင့်အတူ အိမ်အတွင်းသို့ဝင်သွားလေသည်။အိမ်ထဲတွင် ပေတူးနှင့် ဘိုးထင်တို့နှစ်ယောက်သည် ကြက်တယောက်တကောင်စီအမွေးနှုတ်နေသည်ကိုတွေ့လိုက်ရသဖြင့် သာအေးတစ်ယောက်မျက်လုံးပြူးသွားပြီး ကြက်ကိုအတင်းလုယူ၍ သေချာကြည့်လိုက်လေသည်။

​“ငါ့ ငါ့မျိုးကြက်မကြီးလား”

​“မဟုတ်ပါဘူးကွာ မင်းကလည်း ကိုဖိုးထွေးကြက်နဲ့ ကိုပေါက်တူးကြက်ပါဟ သူတို့ကြက်တွေယူပြီး အိမ်မှာချက်စားမယ်ဆိုပြီးရောက်ချလာတာ လုပ်လိုက်ရင်ဖြင့် အထိတ်တလန့်”

​“မသိပါဘူးကွာ မင်းတို့လုပ်ချလိုက်ပြန်ပြီလားလို့ လန့်သွားတာပဲ ရော့ ဒီမှာ မင်းငှားခိုင်းတဲ့အင်္ကျီကိုငှားလာခဲ့ပြီ ပုဆိုးလည်းရလာတယ် ”

​သာအေးသည် လွယ်ထားသောလွယ်အိတ်အတွင်းမှ တိုက်ပုံအင်္ကျီကိုထုတ်ပေးလိုက်စဉ် ဘိုးထင်သည် နောက်တိုးအားမော့ကြည့်လိုက်ပြီး

​“ကိုနောက်တိုး ခင်ဗျားအဲ့တာတွေဝတ်ပြီး ပေတောကုန်းကို သာအေးနဲ့သွားရမယ်”

​“ငါက အဲ့တာတွေဝတ်ရမယ်ဟုတ်လား”

​“ဟုတ်တယ်လေ ခင်ဗျားအတွက်ငှားခိုင်းတာ ခင်ဗျားကိုပြောပြီးသားပဲကို”

​“ငါကဘာသွားလုပ်ရမှာတုန်း”

​“ခင်ဗျားက အထက်လမ်းဆရာလေဗျာ သာအေးကခင်ဗျားတပည့်”

​“ဟေ့ကောင် ဟေ့ကောင် ငါက ဘုရားတောင်ဖြောင့်အောင်ရှိခိုးတတ်တာမဟုတ်ဘူး ပေါက်ကရတွေမလုပ်နဲ့ မိုးကြိုးတွေပစ်ကုန်မယ်”

​“ခင်ဗျားကလည်း ပေါက်ကရတွေဗျာ သာအေး မင်း ကိုနောက်တိုးကိုခေါ်ပြီး သဘက်ခါလောက် ပေတောကုန်းက ရွာပြင်ဇရပ်မှာသွားစောင့်နေ ကြားလား”

​ဘိုးထင်မှကြက်မွှေးနှုတ်ရင်းထိုသို့ပြောလိုက်ရာ သာအေးတယောက် နားမလည်နိုင်ဖြစ်သွားပြီးမေးမြန်းလာလေသည်။

​“ငါတို့က ဘာသွားလုပ်ရမှာတုန်း”

​“မင်းတို့ကိုလာခေါ်လိမ့်မယ် မင်းတို့ဘာသာမီးစင်ကြည့်ကလိုက်ကွာ မြန်မြန် ကိုမြကြီးတို့အဖွဲ့ပြဿနာလာရှာနေတာ တို့ချက်ကျွေးရဦးမှာ”

​“မင်းကလည်းကွာ ဘာတွေမှန်းကိုမသိဘူး”

​သာအေးနှင့် နောက်တိုးတို့သည် ဘာမှရေရေရာရာမသိရသဖြင့် ဦးခေါင်းကိုကုတ်လိုက်ပြီးနောက် ကိုမြကြီးတို့ကာလသားများအားဧည့်ခံရန်အတွက် ဘိုးထင်၊ပေတူးတို့နှင့်အတူ ဝိုင်းကူနေကြပါလေတော့သည်။

◾​အခန်း (၅)

​“ဆရာကြီး ခင်ဗျားဘယ်လိုလုပ်နေတာလဲဗျာ အခုထက်ထိဟိုကောင်မလေး ဘာမှမဖြစ်သေးဘူး‌နော်”

​“ဟေ့ကောင်ရ ငါတို့အလုပ်ကို ထမင်းစားရေသောက်လို လွယ်တယ်များထင်နေလား မင်းက”

​“ဘာခက်လို့လဲဗျာ ဆရာကြီးအနေနဲ့ အခုကိစ္စလေးလောက်ကတော့ ထမင်းစားရေသောက်ပဲ”

​“မင်းပြောသလို ငါတို့အလုပ်က ငှက်ပျော်သီးအခွံနွှာစားသလိုလွယ်တာမဟုတ်ဘူးဟ အဲ့ကောင်မလေးတွေဖက်ကခေါ်ထားတဲ့ကောင်ကလည်း အတော်ကိုပညာပြည့်ဝတယ် မင်းတို့က အဲ့တာတွေဘာမှမသိပါဘူး အမှန်အတိုင်းပြောရင် ငွေယူပြီးလို့သာ ငါကကြိုးစားနေတာ နို့မို့ဆို စိတ်ရှုပ်ခံပြီးမလုပ်ဘူး ဟေ့ကောင်”

​“အဲ့တာဆို ကျုပ်က ဘယ်လိုလုပ်ပေးရမှာလဲ”

​“ဘယ်လိုမှမလုပ်နဲ့ ငါ့ဘာသာကြံမယ် သူတို့အားကိုးနေတဲ့ကောင်ကလည်း အောက်လမ်းကောင်ပဲ ငါတို့လိုကောင်မျိုးတွေက ငွေပိုရရင်ဘာမဆိုလုပ်တယ် အင်း အဲ့ကောင်နဲ့ ငါညှိကြည့်ဦးမှပဲ”

​ဦးအုန်းသည် ဝင်းလှိုင်၏မျက်နှာကိုအကဲခတ်ကြည့်ပြီး ထိုသို့ပြောလိုက်ရာ ဝင်းလှိုင်တစ်ယောက် တစ်ခုခုအား အလေးအနက်တွေးနေပြီး ဦးအုန်းကိုစေ့စေ့ကြည့်ကာ

​“ဆရာကြီးက ဟိုဘက်ကဆရာတွေကိုမနိုင်တော့ဘူးလား”

​“အဲ့သဘောပဲဆိုပါတော့ကွာ မပူနဲ့ မင်းကိစ္စပြီးအောင် ငါသေချာလုပ်ပေးပါမယ်”

​“ဆရာကြီးက ပါးစပ်ကနေ မပူနဲ့ပြောပြီး လျှောက်လုပ်နေတာ ကျုပ်တို့က ပြဿနာတွေတအားတက်နေပြီဗျ ဆရာကြီးလည်းအသိ ကျုပ်ညီတခုခုဖြစ်သွားရင် ကျုပ်တို့မိသားစုဘဝပါပျက်မှာ”

​ဝင်းလှိုင်၏စကားကြောင့် ဦးအုန်းတစ်ယောက် နားမလည်နိုင်ဖြစ်သွားပြီး စေ့စေ့ကြည့်ကာမေးမြန်းလိုက်လေသည်။

​“လုပ်ပါဦးဟ မင်းညီတခုခုဖြစ်တာနဲ့ မင်းတို့မိသားစုပါ ဘာလို့ဘဝပျက်ရမှာလဲ မဆိုင်သလိုပဲ”

​“ဘာလို့မဆိုင်ရမှာလဲ ဆရာကြီးရာ ကျုပ်တို့မိသားစုက ကျုပ်ညီမမွေးခင်အထိ ဆင်းရဲတယ်ဗျ သူမွေးပြီးမှ ကျုပ်တို့မိသားစုချမ်းသာလာတာ ဗေဒင်ဆရာကလည်း ဟောထားတယ် ကျုပ်ညီကိုစိတ်ချမ်းသာအောင်ထားတဲ့ သူတခုခုဖြစ်ခဲ့ရင် ကျုပ်တို့အိမ် စီးပွားပျက်နိုင်တယ်တဲ့လေ အဲ့တာကြောင့်ပဲ အသည်းအသန်လုပ်‌နေတာ”

​“အဲ့တာဆို မင်းတို့က မင်းတို့ညီကိုချစ်လို့ အခုလိုလုပ်နေတာလား ဒါမှမဟုတ် မင်းတို့စီးပွားပျက်မှာကြောက်လို့ ခုလိုတွေလုပ်နေတာလား”

​“နှစ်ခုလုံးပေါ့ဆရာကြီးရာ”

​“အေးပါကွာ အေးပါ ပေတောကုန်းက ကလေးမလေးတွေဖက်က နှမြောတတ်တယ်ပြောတယ် ဟုတ်လား”

​“ဘာကိုပြောတာလဲ ဆရာကြီး”

"ငါတို့တိုက်နေတဲ့ အိမ်က ‌နှမြောတတ်တယ်ဆိုတာ ဟုတ်လားမေးတာ "

​“အဲ့တာလား ကျုပ်ညီ ထူးထူးကတော့ နည်းနည်းကပ်စီးနည်းတယ်ပြောတယ်ဗျ ဘာဖြစ်လို့လဲ ဆရာကြီး”


​“ငါကြားထားတာလေး နည်းနည်းရှိလို့ပါ”

​ဦးအုန်းမှထိုသို့ပြောလိုက်သဖြင့် ဝင်းလှိုင်တယောက် အတော်ကိုသိချင်သွားပြီး ဆက်၍မေးလေသည်။

​“ဆရာကြီး ဘာတွေကြားထားတာလဲ ပြောပြဦးလေဗျာ”

​“ဟုတ်မဟုတ်မသိသေးပါဘူးကွာ”

​“လုပ်ပါဗျာ ကျုပ်စိတ်ဝင်စားလို့ ပြောပြစမ်းပါဦး”

​ဝင်းလှိုင်မှအတင်းအကျပ်မေးနေလေရာ ဦးအုန်းသည်လည်း မတတ်သာ၍ ပြောရမည့်ဟန်ဖြင့် ဝင်းလှိုင်အားပြောပြလိုက်လေသည်။
522003
​နောက်တိုးနှင့် သာအေးတို့နှစ်ယောက်သည် ရေအိုးစင်ရွာသို့သွားကာ တိုက်ပုံအင်္ကျီနှင့် ပုဆိုးငှားနေကြသည်။သူတို့သည် ပန်းချီငို၏အိမ်သို့သွားကာ ပန်းချီငိုအား တိုက်ပုံအင်္ကျီငှားဖို့ပြောလေရာ ပန်းချီငိုတစ်ယောက် စားပွဲပေါ်၌ မျက်နှာအပ်ကာငိုနေသဖြင့် နောက်တိုးနှင့် သာအေးတို့မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်လို့နေပေသည်။

​“ကိုပန်းချီငို တိုက်ပုံအင်္ကျီလေးငှားတာ ဘာလို့ငိုနေတာလဲဗျာ ခင်ဗျားကလည်း အဆန်းကြီး”

“မင်း မင်းငါ့အကြောင်းသိရက်နဲ့ အခုလိုပြောထွက်တယ်ကွာ”

​“ဘာလဲဗျာ တိုက်ပုံအင်္ကျီငှားတာနဲ့ပြောထွက်တာ ဘာဆိုင်လို့တုန်း ကျုပ်က ပေပင်ရွာမှာလိုက်ငှားမလို့လုပ်တာ ဘိုးထင်က ဒီကငှားဆိုလို့ အဲ့ကောင်အကြောင်းလည်း ခင်ဗျားအသိ သူထင်မိထင်ရာ တိုက်ပုံအင်္ကျီတစ်ထည်လောက်တော့ ကျုပ်တို့ပေပင်မှာလည်းရှိပါတယ်ဗျ အဲ့တာကိုဘာလို့ ဒီအထိလာငှားခိုင်းမှန်းကိုမသိဘူး”

​သာအေးထိုသို့ပြောသောအခါ စားပွဲခုံပေါ်မျက်နှာအပ်ပြီးငိုနေသည့် ပန်းချီငိုသည် မျက်နှာအားပြန်တည်လိုက်ပြီး သူ၏လက်ကောက်ဝတ်ဖြင့် မျက်လုံးမှမျက်ရည်တို့ကို သုတ်လိုက်ကာ

​“ဘယ်သူဝတ်ဖို့ တိုက်ပုံငှားတာလဲ”

​“ကိုနောက်တိုးဝတ်မှာလေ”

​“နောက်တိုးဝတ်မှာမို့ တို့ရွာလာငှားခိုင်းတာနေမှာပေါ့ကွာ တိုက်ပုံက ငါ့မှာဘယ်လိုလုပ်ရှိမှာလဲကွ ပုဆိုးကွက်ထောက်အပြာရောင်တထည်တော့ရှိတယ် မင်းကွာ ငါ မလေးနဲ့ယူမယ်ဆိုပြီး တိုက်ပုံဝယ်မလို့လုပ်ခဲ့သေးတာ မင်းက ရင်နာစရာအတိတ်ဟောင်းတွေကိုပြန်ပြီးအစဖော်တာပဲ ငါဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာ မင်းမသိဘူးလား”

​“အေးဗျာ ကျုပ်သတိမေ့သွားတယ် အဲ့တာဆို ခင်ဗျားမှာတိုက်ပုံမရှိဘူးပေါ့”

​“မရှိပါဘူးဆိုကွာ မင်းကိုဘယ်နှစ်ခါပြောရမှာလဲ ပုဆိုးရှိတယ် ယူသွား”

​“မရှိတော့လည်း ရှိတာယူရတာပေါ့ ပေးဗျာ”

“ခဏစောင့် ငါသွားယူလိုက်မယ် နောက်တိုးဝတ်မှာနော် ဒီကောင်နဲ့အပြာရောင်နဲ့တော့ ဟပ်နေတော့မှာပဲ”

​ပန်းချီငိုသည် မတ်တတ်ထရပ်လိုက်ပြီး ထိုင်နေသည့် နောက်တိုးကိုကြည့်ကာ စကားဆိုရင်း အိမ်ပေါ်သို့တက်သွားလေသည်။နောက်တိုးသည်က ပန်းချီငိုကိုမကျေမနပ်ဖြင့်ကြည့်၍ ခွန်းတုံ့ပြန်လိုက်လေသည်။

​“သူ့အသားကလည်း အတော်ဖြူတာဆိုတော့ ပန်းချီတောင်ငိုရတဲ့ကောင်ကများ ငါ့ကိုပြောသွားသေးတယ်”

​ပန်းချီငိုသည် နောက်တိုး၏စကားကိုကြားသော်လည်း မသိကျိုးကျွံပြု၍ အိမ်ပေါ်မှပုဆိုးကိုယူပေးလိုက်လေသည် ။ပုဆိုးရလာသောအခါ သာအေးသည် အချိန်မဆွဲဘဲ ဦးကဲအိမ်သို့ နောက်တိုးနှင့်အတူ ချီတက်ပြန်လေသည်။ဦးကဲ၏အိမ်ရောက်သောအခါ ဦးကဲသည် ထုံးစံအတိုင်း ဆေးတံကိုခဲပြီး တန်းလျားတွင်ဇိမ်ယူနေသည်ကို တွေ့လိုက်ရလေသည်။သူသည် သာအေးနှင့် နောက်တိုးအားမြင်သည်နှင့် ပြုံးရယ်၍လောကွတ်ပြုလေသည်။

​“ဟေ့ကောင်တွေ ထိုင်ကြကွာ မင်းတို့တွေမရောက်တာတောင်ကြာပါပကော နောက်တိုး မင်းလည်း ဒီကောင်တွေနဲ့ပေါင်းနေတာလား”

​“ဟုတ်တယ် ဦးကဲရေ သူတို့နဲ့ပေါင်းနေလို့ပဲ ကျုပ်လည်းအသက်ရှင်တာ”

​“မင်းအကြောင်းကြားပါတယ်ကွာ ကဲ ကဲ လာရင်းကိစ္စတော့ရှိမယ်ထင်ပါ့”

​“ရှိတာပေါ့ဗျ ကျုပ်တို့ကို တိုက်ပုံအင်္ကျီလေးငှားပါလားဗျာ ခင်ဗျားသိတဲ့အတိုင်း ကျုပ်တို့ရွာတွေတိုက်ပုံအင်္ကျီဆို မိန်းမရပြီးသားလူတွေဆီမှာပဲရှိတာလေ ဘိုးတော်တွေဆီမှာတော့ရှိပါရဲ့ သွားမငှားရဲဘူးဗျာ အဲ့တာကြောင့် ဦးကဲဆီ ရောက်လာတာ”

​သာအေးမှထိုသို့ပြောလိုက်ရာ ဦးကဲသည် ဦးခေါင်းကိုညိတ်ပြလိုက်ပြီး

​“အတော်ကိုအဆင်သင့်တာပဲဟေ့ ငါလည်း ဒီနေ့မှမှတ်မှတ်ရရ တိုက်ပုံအင်္ကျီလေးလျှော်ပြီးလှမ်းထားတာဟိုမှာလေ သွားယူလိုက်ကွာ”

​ဦးကဲသည် အိမ်ရှေ့တွင် လှမ်းထားသောတိုက်ပုံအင်္ကျီအပြာရောင်ကိုလက်ညှိုးထိုးပြလိုက်ရာ နောက်တိုးတယောက် မျက်မှောင်ကျုံ့သွားပြီး

​“အပြာရောင်ကြီးလား”

​“အေးလေကွာ ဘာလို့လဲ”

​“ပုဆိုးကလည်းအပြာကြီးမို့ဗျ”

​“အပြာချင်းထပ်တော့ မြတ်တယ်လေကွာ ကောင်းတာပေါ့”

​“အပြာချင်းထပ်ရင် မြတ်တယ်လို့ ကျုပ်ဖြင့် တခါမှကြားဖူးပါဘူးဗျာ”


“အခုကြားဖူးပြီမလား မင်းယူမှာလား မယူဘူးလား တိုက်ပုံအင်္ကျီကို ဘယ်သူမှ လွယ်လွယ်နဲ့မငှားဘူးနော် ဟေ့ကောင်တွေ အရိုးများသလေးချေးခါးသလေးလုပ်မနေနဲ့”

​ဦးကဲမှ ခပ်တည်တည်နှင့်ထိုသို့ပြောလိုက်ရာ နောက်တိုးနှင့် သာအေးတို့သည်လည်း မငြင်းသာတော့ဘဲ ဦးကဲ၏ တိုက်ပုံအင်္ကျီကိုယူကာ ပေပင်ရွာသို့ခပ်မြန်မြန်ပင်ပြန်လာလိုက်ကြလေသည်။ပေပင်ရွာရောက်ချိန်တွင်တော့ မိုးချုပ်နေပြီဖြစ်ပြီး အိမ်တွင်တော့ ပေတူးနှင့် သာအေးအပြင် ကိုမြကြီးတို့ပါရောက်နေကြသည်ကိုတွေ့လိုက်ရသည်။သာအေးသည် ကိုမြကြီးတို့အားဦးစွာနှုတ်ဆက်လိုက်လေသည်။

​“ကိုကြီးမြကြီး မတွေ့တာတောင်ကြာလို့ပါလား”

​“မင်းတို့ကိုပြောရမှာဟ မင်းတို့ကောင်တွေ အလှူလည်းလုပ်မကူဘူး ဝင်းဦးအိမ်ဆောက်တာလည်း ကူမလုပ်ဘူး ရန်တွေ့ရအောင် ငါတို့တွေလာခဲ့တာ”

​“အဲ့တာတော့ကျုပ်ကိုလာမပြောနဲ့ ကိုကြီးမြကြီးရေ ခင်ဗျားကောင် ဘိုးထင်ကိုပြော လောဘကြီးပြီး အလုပ်တွေကိုလျှောက်လုပ်နေတာ ကျုပ်လည်းစိတ်ညစ်နေပြီ အခုထိ လမ်းပတ်လျှောက်နေရတာ ညောင်းကိုက်နေပြီ”
417006
​“မ မနောက်ပါနဲ့ ဆရာလေးရာ ဆရာလေးအစွမ်းကိုသိနေတော့ ကျုပ်တို့ညီအကိုက ကြောက်တယ်ဗျာ ဒါနဲ့ ဆရာလေးပြောမယ်ဆိုတာ ဘာကိစ္စတုန်းဗျ”

​အကြီးကောင်မှထိုသို့သတိပေးလိုက်ရာ ဘိုးထင်သည် ဦးခေါင်းကိုဖြည်းညင်းစွာညိတ်ပြကာ လေသံအေးအေးဖြင့် သူ့၏အစီအစဉ်အားပြောပြလိုက်လေသည်။

​“ခင်ဗျားတို့ညီမကိစ္စပေါ့ဗျာ”

​“ကျုပ်ညီမကိစ္စ ဘာဖြစ်လို့လဲ ဆရာလေး ကျုပ်တို့ကိုပြောပြပါဦး”

​“ခင်ဗျားသိတဲ့အတိုင်း ကျုပ်တို့ကလည်း အချိန်ပြည့်ခင်ဗျားတို့ညီမအနားမှာရှိနေပြီး မကာကွယ်နိုင်ဘူးလေ ပြီးတော့ ကျုပ်သတင်းကြားရသလောက် ခင်ဗျားညီမကို တော့ တိုက်တဲ့သူကအသေသတ်ခိုင်းထားတာတဲ့ဗျ အဲ့တာ ကျုပ်မှာအစီအစဉ်တချို့တော့ရှိတယ် ခင်ဗျားတို့ညီကိုနှစ်ယောက် နှုတ်လုံဖို့တော့လိုလိမ့်မယ်”

​“ဟုတ်ကဲ့ စိတ်ချပါ ဆရာလေးရယ် ကျုပ်တို့ဘယ်သူ့ကိုမှပြန်မပြောပါဘူးဗျာ”

​“ဘယ်သူ့ကိုမဆို ဆိုတဲ့နေရာမှာ ခင်ဗျားတို့နှစ်ယောက်မိဘတွေကော ပြီးတော့ ခင်ဗျားညီမကော ကုန်ကုန်ပြောရရင်ဗျာ ကျုပ်တို့နဲ့ရင်းနှီးတဲ့ လေးကြီးမုန်းတင်နဲ့ ဦးကြီးစိန်သောင်းကိုပါမပြောရဘူးဗျာ ဘယ်လိုလဲ လိုက်နာနိုင်လား”

​ဘိုးထင်၏ပြောစကားများအား အကြီးကောင်နှင့် အငယ်ကောင်တို့နှစ်ယောက်သည် တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးနောက် အကြီးကောင်မှ ဦးခေါင်းကိုညိတ်ပြကာ မည်သူ့ကိုမှမပြောမည့်အကြောင်းကိုကတိပေးလာလေသည်။

​“စိတ်ချပါ ကျုပ်တို့ဘယ်သူကိုမှမပြောပါဘူး ကတိပေးပါတယ် ဆရာလေးရာ”

​“ကောင်းပြီလေ အဲ့တာဆို ကျုပ်ပြောမှာကိုသေချာနားထောင်ဗျာ”

“ဟုတ်ကဲ့”

​“တခြားတော့မဟုတ်ဘူး ခင်ဗျားတို့ညီမကို ကျုပ်ကုပေးနေတာ ဆက်ပြီးတာဝန်မယူနိုင်တော့ဘူး”

​“ဗျာ ဘယ်လို”

​ဘိုးထင်၏စကားကြောင့် အကြီးကောင်နှင့် အငယ်ကောင်တို့ များစွာတုန်လှုပ်လို့သွားသည်။ထိုအခါ ဘိုးထင်မှလက်ကာပြလိုက်ပြီး

​“စိတ်မပူနဲ့ ကျုပ်ထက်တော်တဲ့ အထက်လမ်းဆရာတစ်ယောက်ကိုလွှတ်ပေးမယ် ကျုပ်က ခင်ဗျားတို့ကိုဒုက္ခပေးနေတဲ့သူကို သွားပညာပေးမလို့ အဲ့တာ ခင်ဗျားတို့ရွာမှာ သူများတွေမေးရင် ကျုပ်တို့လိုချင်သလောက်ငွေမရလို့ မလုပ်တာလို့ပြောပေးဗျာ ဘယ်လိုလဲ ကျုပ်ပြောတာသဘောပေါက်လား”

​“အဲ့လိုမှမဟုတ်တာ ဆရာလေးရာ ဆရာလေးတို့တောင်းသလောက် ကျုပ်တို့ပေးမှာပေါ့”

​“ခင်ဗျားတို့ကလည်း အတတလုပ်နေပြန်ပြီ ကျုပ်က ခင်ဗျားတို့ဆီက ငွေမရလို့မဟုတ်ဘူး ခင်ဗျားတို့ကိုတိုက်နေတဲ့သူယုံကြည်အောင် တမင်သတင်းလွှင့်ခိုင်းတာ ကျုပ်လွှတ်ပေးမယ့်အထက်လမ်းဆရာကို ကျုပ်လွှတ်တယ်ဆိုတာ ခင်ဗျားတို့ကလွဲလို့ ဘယ်သူမှမသိစေနဲ့နော် သာအေးဆိုတဲ့ ကျုပ်အပေါင်းအသင်းတယောက်တော့ပါလာလိမ့်မယ်”

​“ဆရာလေးပြောတာကို ကျုပ်သဘောပေါက်ပြီ အဲ့တာဆို ဆရာလေးကျုပ်တို့ကို ဒုက္ခပေးနေတဲ့သူကိုသိရပြီပေါ့ ဘယ်သူလဲ ပြောစမ်းပါဗျာ အဲ့ကောင်ကိုလက်စားချေချင်လို့”

​အကြီးကောင်နှင့် အငယ်ကောင်မှတောင်းဆိုလေရာ ဘိုးထင်သည် ဦးခေါင်းကိုခါရမ်းလိုက်ပြီး

​“ခင်ဗျားတို့သိဖို့မလိုဘူး သူတို့နဲ့တန်ရာတန်ရာပြန်ရစေရမယ် ခင်ဗျားတို့သိလည်း တုတ်တစ်ပျက်ဓားတစ်ပျက်ဖြစ်တာပဲအဖတ်တင်မယ် ကျုပ်ပြောတာနားလည်လား”

​ဘိုးထင်အသေအချာရှင်းပြလိုင်သောအခါမှ အကြီးကောင်နှင့် အငယ်ကောင်တို့လက်ခံသွားပြီး

​“ဆရာလေးပြောတာလည်း ဟုတ်ပါတယ်ဗျာ ဆရာလေးပဲအဆင်ပြေအောင်လုပ်ဗျာ ငွေရေးကြေးရေးကော ဘာလိုလို ကျုပ်တို့ကိုပြောဗျာ ကျုပ်ညီမလေးနောက်တစ်ခါဘာမှမဖြစ်ရင်ပဲ ကျေနပ်ပြီ”

​“စိတ်ချ ဘာမှမဖြစ်စေရဘူး အခုလည်းမဖြစ်တော့ပါဘူး နောက်တစ်ခါပြန်မဖြစ်အောင်သေချာလုပ်နေတယ်”

​“ကျုပ်နားလည်ပါတယ်ဗျာ အဲ့တာဆို ကျုပ်တို့ပြန်ဦးမယ် ဆရာလေး ဆရာလေးလွှတ်ပေးမယ့်အထက်လမ်းဆရာကို ဘယ်ချိန်လောက်သွားခေါ်ရမလဲ”

​“အင်း ခင်ဗျားတို့ရွာပြင်ကဇရပ်ကို နှစ်ချက်တီးလောက်တော့ရောက်လိမ့်မယ်ထင်တယ်ဗျ”

​“မနက်ဖြန်လား ဆရာလေး”

​“သဘက်ခါလောက်မှပဲရောက်လောက်မယ်”

​“ဟုတ်ကဲ့ အဲ့တာဆို ကျုပ်တို့ပြန်ဦးမယ်ဗျာ”

​အကြီးကောင်နှင့် အငယ်ကောင်သည် ဘိုးထင်ကိုနှုတ်ဆက်ကာ ဘိုးထင်၏အိမ်ဝိုင်းကျယ်ကြီးအတွင်းမှ ထွက်သွားလေသည်။ထိုအခါမှ ပေတူးသည် ဘိုးထင်ပြုလုပ်နေသည့်အရာများကိုနားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်လေသည်။

​“ဘိုးထင် မင်းဘာတွေလုပ်နေတာတုန်း သရဲမခင်ထားကိုလည်း ရွာသာရွာလွှတ်တယ် ကိုနောက်တိုးနဲ့ သာအေးကိုကြတော့လည်း ရေအိုးစင်ရွာလွှတ်တယ် ငါတော့ နားကိုမလည်တော့ဘူး”

​“မင်း နောက်တော့သိလာပါလိမ့်မယ်ကွာ လာ ငါတို့ ကိုဖိုးထွေးနဲ့ ကိုသာရဆီသွားရအောင်”

​“ဘာသွားလုပ်မှာလဲ”

​“မင်းကလည်းကွာ မေ့နေပြန်ပြီ တို့တွေ သရဲမခင်ထားကို ကတိပေးထားတယ်လေ အသောကရွာက လူမိုက်ကြီးကိုသွားဖမ်းရအောင်လို့လေကွာ”

​“ကိုဖိုးထွေးနဲ့ ကိုသာရတို့ကိုခေါ်မှာလား”

​“ခေါ်ရမှာပေါ့ဟ လူများလေကောင်းလေပဲ ကိုစနက်တို့ကိုပါခေါ်မှာ”

​“ကိုပေါက်တူးကြီးကလိုက်ချင်နေတာနော် ငါတို့ ခရီးထွက်ရင်ခေါ်ဖို့ သူကအမြဲပြောနေတာ”

​“ကိုပေါက်တူးကိုတော့မခေါ်ပါနဲ့ကွာ ပြီးရင် ပြဿနာရှာတာ လာ လာ တို့သွားရအောင်”

​ဘိုးထင်သည် ပြောပြောဆိုဆို ကွပ်ပျစ်တွင်ထိုင်နေရာမှ ထရပ်လိုက်သလို ပေတူးသည်လည်းထရပ်လိုက်ပြီး ရွာထဲသို့ထွက်သွားကြပါလေတော့သည်။

◾​အခန်း (၄)
394005
​“ဟုတ်ပြီ အဲ့လောက်ဆိုရပြီ အခုကိစ္စ အဘမိန်းမတော့ လုံးဝမသိစေနဲ့နော်”

“စိတ်ချပါကွာ ငါသဘောပေါက်ပါတယ်”

​“ကောင်းပြီဗျာ အဲ့တာဆို ကျုပ်ပြန်တော့မယ်”

“မင်းက ဘယ်ကိုပြန်မှာတုန်း”

​“ရေအိုးစင်ကိုပဲပြန်တော့မယ်လေဗျာ လုပ်စရာရှိတာတွေလုပ်ပြီးတာနဲ့ ပြန်လာမယ် အဘ ကျုပ် အကောင်ကိုတော့ ဒီအပင်မှာခဏထားထားတယ် အဆင်ပြေလောက်လား အဘက ဒီမှာနေတာ နည်းနည်းကြာနေပြီဆိုတော့မေးကြည့်တာ”

​“ရတယ် ထားခဲ့ ဒီအပင်ကကောင်ကို ဟိုတလောကမှ အိမ်ကမန်ကျည်းပင်မှာပြောင်းထားတာ”

​“ရွာထဲကို အကောင်သွင်းရတာကော အဆင်ပြေလားအဘ”

​“ပြေပါတယ် ဘာဖြစ်လို့လဲ”

​“မသိပါဘူးဗျာ အဘတို့ရွာက ကြီးတော့ အထက်ကောင်တွေပေါ်များ ပေါသလားလို့”

​“အထက်လမ်းကောင်တွေတော့ရှိတယ် ဒါပေမဲ့ အာပလာတွေများပါတယ်ကွာ ဒီကောင်တွေ သူတို့စောင့်ထိန်းရမယ့် အရာတွေကို ကောင်းကောင်းမစောင့်နိုင်တော့၊ အာစက်လျှာစက်က အဲ့လောက်မရှိဘူး စိတ်ပူစရာမရှိဘူး”

“အဲ့တာဆို ကျုပ်တို့ကိစ္စပိုအဆင်ပြေသွားနိုင်တာပေါ့ဗျာ အဘကျုပ်သွားပြီဗျာ အဘလည်း ဒီကိစ္စပြီးရင် ငြိမ်နေဦး မဟုတ်တာတွေလျှောက်မလုပ်နဲ့ဦး ကျုပ်ကိုကြတော့ လူမသတ်မိစေနဲ့တဲ့ အဘကြတော့ မစောင့်ထိန်းဘူး”

​ဘိုးထင်မှထိုသို့အထွန့်တက်လိုက်ရာ ဦးအုန်းသည် သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပြီး

​“ဘိုးထင် ငါတို့က လျှော့ကြိုးကုန်သွားပြီကွ ဘာမှလုပ်လို့မရတော့ဘူး မင်းကငါတို့နဲ့မတူဘူး အဲ့တာတွေကို မင်းနောက်တော့ နားလည်လာမှာကွာ ငါမိုက်တယ် လက်ခံတယ် ဒါပေမဲ့ မင်းကိုတော့ငါ့လိုမမိုက်စေချင်ဘူး”

​“ကျုပ်နားလည်ပါတယ် အဘရာ အဘလိုတာရှိရင် ကျုပ်ကိုပြော ကုန်ကုန်ပြောမယ်ဗျာ အဘအတွက်ဆို ကျုပ်အမြဲအသင့်ရှိတယ် အဘမိန်းမကိုတော့ ကျုပ်မျက်စိရှေ့မှာကိုမမြင်ချင်ဘူး ကျုပ် သူ့ကိုမသတ်ဘူးဆိုတာလည်း အဘက သူ့ကို အဘအသက်လောက်တန်ဖိုးထားတာကို မြင်နေလို့နော်”

​“ငါသိပါတယ် ဘိုးထင်ရာ ကဲ အဲ့တာတွေထားလိုက် မင်းပြောသလို ဟိုကောင်ငါ့ဆီလာရင် တီးခေါက်ထားလိုက်မယ် ကြားလား”

​“သွားပြီ အဘရေ”

​ဘိုးထင်သည် ပြောပြောဆိုဆို ညောင်ပင်အောက်မှထွက်ခွါလိုက်ပြီး လှည်းလမ်းမှတဆင့် ရွာသာရွာအားကျောခိုင်းပြီး ထွက်ခွာသွားလေသည်။များမကြာသောအချိန်တွင်တော့ ဦးအုန်းသည်လည်း ညောင်ပင်အောက်မှထွက်လာကာ ရွာသာရွာအတွင်းသို့ ဝင်ရောက်သွားပါလေတော့သည်။

◾​အခန်း (၃)

​“ကိုအကြီးကောင်နဲ့ ကိုအငယ်ကောင် ခင်ဗျားတို့ကိုယုံလို့ ကျုပ်ပြောပြမယ်နော်”

​“ပြောလေ ဆရာလေး ဆရာလေးကြိုက်တာပြော ကျုပ်တို့ညီကိုနှစ်ယောက်ကိုတော့ စိတ်ချပါဗျာ ဆရာလေးကျေးဇူးကြောင့်သာ ကျုပ်တို့ညီမလေးအခုလိုပြန်ကောင်းတာ ကျုပ်တို့ဆရာလေးအကျိုးယုတ်မယ့်ကိစ္စ ဘယ်တော့မှမလုပ်ပါဘူး”

​ဘိုးထင်နှင့် ပေတူးတို့သည် ပေတောကုန်းမှ သူတို့ကုသ ပေးခဲ့သော မိန်းကလေး၏အကိုနှစ်ယောက်အား ပေပင်ရွာရှိအိမ်သို့ခေါ်ကာ စကားဆိုနေခြင်းဖြစ်သည်။အကြီးကောင်နှင့် အငယ်ကောင်တို့နှစ်ယောက်သည် အသက်အားဖြင့် ဘိုးထင်နှင့် ပေတူးတို့ထက်ထက်ကြီးသော်လည်း သူတို့နှစ်ယောက်မှာဖြင့် ဘိုးထင်တို့နှစ်ယောက်အား လေးလေးစားစားဆက်ဆံကြလေသည်။​သူတို့နှစ်ယောက်သည် ကျယ်ဝန်းကာ နှစ်ရှည်သီးပင်ကြီးများရှိပြီး ညို့ညို့မှိုင်းမှိုင့်နှင့်အုံ့ဆိုင်းနေသည့် ဘိုးထင်၏အိမ်ဝိုင်းထဲရှိ အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်နေပြီး အိမ်ဝန်းကျင်ကိုကြည့်ကာ ကျောချမ်းနေမှန်း ကြည့်ရုံဖြင့်သိသာလှပေသည်။သူတို့ ၏ပုံစံကိုသတိထားမိသော ပေတူးသည် ရေနွေးကြမ်းခွက်အတွင်းသို့ ရေနွေးကြမ်းဖြည့်ပေးရင်း စိတ်မပူရန်အတွက် ပြောဆိုလိုက်လေသည်။

​“ခင်ဗျားတို့နှစ်ယောက်ကြည့်ရတာ တမျိုးပဲ ဘာတွေကြောက်နေတာတုန်း စိတ်မပူပါနဲ့ဗျာ ဘိုးထင်ကိုယ်တိုက် အိမ်ကိုဖိတ်ထားတာပဲ ဘာမှမဖြစ်ပါဘူး”

​“ဟုတ် ဟုတ်ကဲ့ ကျုပ်တို့စိတ်ထဲတမျိုးကြီးဖြစ်နေလို့”

​“ဘာမှဖြစ်မနေနဲ့ အေးဆေးလွတ်လွတ်လပ်လပ်သာနေ စမ်းပါ ကျုပ်တို့လည်း ရှိတာလေးနဲ့ကြည့်ကျက်လုပ်ထားရတယ်”

​“ရပါတယ်ဗျာ မစားတော့ပါဘူး”

​အကြီးကောင်မှ ရေနွေးကြမ်းအမြည်းအား မစားတော့ဟုငြင်းလိုက်ရာ ဘိုးထင်သည် အကြီးကောင်အားစေ့စေ့ ကြည့်လိုက်ပြီး

​“ဘာလဲ ကျုပ်အိမ်ကမို့ မစားချင်တာလား”

​အေးတိအေးစက်အသံနှင့် ပြောဆိုဟန်ကြောင့် အကြီးကောင်တစ်ယောက်မျက်နှာပျက်ယွင်းသွားပြီး အမြည်းလက်ဖက်အားချက်ချင်းခပ်ယူစားလိုက်ပြီးလျှင် ရေနွေးကြမ်းကိုပါ မော့သောက်လိုက်လေသည်။ထို့အတူ အငယ်ကောင်သည်လည်း အကြီးကောင်၏လက်ထဲမှ ပန်းကန်ထဲပြန်မချရသေးသော လက်ဖက်စားဇွန်းအား လက်လွှဲယူ၍စားလိုက်ကာ ပြုံးချိုသောမျက်နှာတို့ဖြင့် ဘိုးထင်အားစကားဆိုလိုက်လေသည်။

​“စား စားတယ်နော် ဆရာလေး ကျုပ်မစားတော့ဘူးငြင်းတာ ဆရာလေးထင်သလို မ မဟုတ်ပါ ပါဘူးဗျာ ကျုပ် ကျုပ်တို့ ထမင်းစားလာလို့ပါ”

​“ဟုတ်ပါတယ် ဆရာလေး အကိုကြီးပြောသလိုပါပဲ ကျုပ်တို့ထမင်းစားလာလို့ငြင်းမိတာပါ ဗွေမယူပါနဲ့ဗျာ”

​ကြောက်ကြောက်လန့်လန့်နှင့် ဘိုးထင်အားတောင်းပန်စကားဆိုနေသော အကြီးကောင်နှင့် အငယ်ကောင်တို့ညီကိုနှစ်ယောက်အား ဘိုးထင်မှပြုံးပြရင်း လက်ကာပြလိုက်ကာ

​“ကျုပ်က နောက်တာပါဗျာ ခင်ဗျားတို့ကလည်း အသည်းအသန်ပဲ”
381003
​“အဘကလည်း သူ့အကြောင်းအသိသားနဲ့ ဟိုကောင်မလေးသူလုပ်လိုက်လို့ ဘယ်လောက်တောင်ဒုက္ခရောက်သွားသလဲ အဘလည်းမြင်တာကို သူ့ကို အချိန်တော့ပေးရမှာပေါ့ ကျုပ်တို့ငွေတွေပေးထားတာလည်း မနည်းဘူးမလား အဲ့တော့ ဆရာနောက်တစ်ယောက်ပြောင်းလို့ကတော့ အဆင်မပြေလောက်တော့ဘူးထင်တယ်”

​“ငွေက အဓိကမဟုတ်ဘူး ဝင်းလှိုင် ထူးထူးစိတ်ပျော်ဖို့ကသာ အဓိကပဲ မင်းလည်းသိတယ်မလား ထူးထူးမမွေးခင် တို့ဘယ်လောက်အဆင်မပြေဖြစ်ခဲ့လဲဆိုတာ သူမွေးပြီးမှတော့ မိသားစုတင့်တောင်းတင့်တယ်နေနိုင်တာ သူစိတ်ချမ်းသာဖို့အရေးကြီးတယ်ကွာ ဘယ်လောက်ကုန်ကုန် ငါမမူဘူး”

​“ကျုပ်နားလည်ပါတယ် အဘရာ စိတ်ချ ထူးထူးဖြစ်စေချင်တာဖြစ်အောင် ကျုပ်လုပ်ပေးမယ် တော်သေးတာပေါ့ ထူးထူးက ဟိုကောင်မလေးတွေနဲ့တွေ့ရင် ဘာမှမဖြစ်သလိုနေတတ်လို့”

​“မင်းကလည်းကွာ မင်းတို့ငါတို့ဆိုတာ မိသားစုတွေလေ အဲ့တော့ သူကယုံလို့ ငါတို့ကိုပဲတိုင်ပင်တာပေါ့ အဲ့တာတွေထားလိုက်ဦး မင်းလုပ်ရမှာက အဲ့ကလေးမကိုအမြန်ဇီဝိန်ချုပ်ဖို့ပဲ ကြားလား”

​“စိတ်ချပါ အဘရာ အခု ဆရာကြီးနဲ့အဆင်မပြေရင် နောက်ထပ် သူထက်တော်တဲ့ဆရာကြီးကို ကျုပ်ထပ်ရှာမှာပေါ့ဗျာ”

​“အေး ကောင်းတယ် ငွေရေးကြေးရေးကတော့ မပူနဲ့ကွာ မင်းညီစိတ်ကျေနပ်ရင် ပြီးရော”

​ဤသို့ဖြင့် ဝင်းလှိုင်နှင့် သူ၏ဖခင်ဖြစ်သူတို့သည် မိုက်မဲစွာဖြင့် အပြစ်မရှိသောမိန်းကလေးတစ်ယောက်၏ အသက်အား ဘထူး၏စိတ်ဖြေဖျောက်ရန်အတွက် မကောင်းကြံမည့်ကိစ္စအား စိတ်ပါလက်ပါတိုင်ပင်ဆွေးနွေးနေကြပါလေတော့သည်။

◾​အခန်း (၂)

​အမှောင်ရိပ်ကျနေသော ညောင်ပင်ကြီး၏အရိပ်အောက်တွင် လူနှစ်ယောက် မတ်တပ်ရပ်လို့နေသည်။ ညအချိန်အခါလည်းဖြစ် ထိုညောင်ပင်ကြီးမှာ ကြမ်းတမ်းသည်ဟုလည်းနာမည်ထွက်နေသောကြောင့် လှည်းလမ်းနှင့်အတန်လှမ်းသော ညောင်ပင်ကြီးအနားတွင် မည်သူတစ်ဦးတစ်ယောက်မျှရှိမနေဘဲ ညောင်ပင်အောက်တွင် မတ်တပ်ရပ်နေသော လူနှစ်ယောက်တို့သာရှိနေသည်။
​ညောင်ပင်အောက်တွင်ဖြစ်နေသည့်အတွက် အမှောင်ရိပ်သည်လည်းပိုကျရောက်သလို လ၏အလင်းရောင်လည်း တိုးမပေါက်သည့်အတွက် ထိုညောင်ပင်အောက်မှ လူနှစ်ယောက်ကိုဖြင့် မည်သူမည်ဝါမှန်းမြင်နိုင်မစွမ်း‌ပေ။မကြာသောအချိန်တွင်တော့ တစ်ယောက်သောသူမှ စတင်ပြီး အသံခပ်အုပ်အုပ်နှင့် စကားဆိုလေသည်။

​“ဘိုးထင် မင်းငါ့ကို ဒီအပင်အောက်ခေါ်လိုက်တာ ဘာကိစ္စလဲ”

​“တခြားတော့မဟုတ်ဘူးအဘ အဘကိစ္စအဆင်ပြေပြီလားသိချင်တာ”

​“မပြေသေးပါဘူးကွာ”

​“ကျုပ်အဘကိုပြောထားတဲ့အတိုင်းကူညီပေးမယ် တစ်ခုတော့ရှိတယ် အဘကလည်း ကျုပ်ပြောသလိုလုပ်ပေးဖို့လိုတယ်”

​“ပြောလေကွာ ငါဘာလုပ်ရမှာလဲ”

​“အဘဆီကို ဟိုလူဘယ်နေ့လောက်လာထပ်လောက် သေးလဲ”

​“မကြာမကြာတော့လာပါတယ်”

​“အခုကိစ္စကို အဘမိန်းမလုံးဝသိလို့မရဘူးနော် ကြားလား အဘ”

​“အဲ့တာအတွက်တော့ လုံးဝမပူနဲ့ ငါ့ကောင် ငါ့မိန်းမကလည်း ငါတို့ကိစ္စတွေကိုလုံးဝစိတ်ဝင်စားမှာမဟုတ်ဘူး သူ့ဘာသာဂျင်ထိုးနေရရင်ကို ကျေနပ်နေတာ”

​“အဲ့တာဆို ဟုတ်ပြီ အဘအခုလုပ်ရမှာက အဘကိုခိုင်းနေတဲ့သူတွေ ကျုပ်ကိုပိုမျက်စိကျသွားအောင်လုပ်ဖို့ပဲ”

​“မင်းပြောတာ ငါနားမလည်ဘူး”

​“ပေတောကုန်းကအိမ်ကို အဆင်မပြေသလို ကျုပ်ဖန်တီးလိုက်မယ် ငွေရေးကြေးရေးကြောင့် အဆင်မပြေသလိုပေါ့ဗျာ ပြီးတော့ ကျုပ်နဲ့အဆင်မပြေလို့ တခြားအထက်လမ်းဆရာခေါ်ထားသလို လုပ်လိုက်မယ်ဗျာ ပြီးတော့ ကျုပ်မကျေနပ်သလိုလိုဘာလိုလိုနဲ့ အဲ့အိမ်ကို ကျုပ်ရောက်အောင်သွားမယ် ကျုပ်ခေါ်ထားတဲ့ ခင်ထားဆိုတဲ့သရဲမတစ်ကောင်ရှိတယ် ပြီးရင် ဟိုဘက်ကလုပ်သလိုနဲ့ ကျုပ်တို့ပညာပြလိုက်မယ်ဗျာ ဘယ်လိုလဲ အဲ့တာဆို အဘလည်း အဲ့ကိစ္စကနေလွတ်သွားပြီ မကောင်းဘူးလား”

​ညောင်ပင်အောက်တွင် စကားဆိုနေသူနှစ်ယောက်မှာ ဘိုးထင်နှင့် ဦးအုန်းတို့ဖြစ်ပြီး သူတို့သည် ပေတောကုန်းမှ မိန်းကလေးအား အသက်ပါသေသည့်အထိပြုစားဖို့ကြိုးပန်းနေသော ဦးအုန်းကိစ္စအတွက် ယခုကဲ့သို့ လူမသိသူမသိလာရောက်တိုင်ပင်နေခြင်းဖြစ်သည်။ဦးအုန်းသည်လည်း ဘိုးထင်ပြောစကားအားနားထောင်ပြီးနောက်

​“ဘိုးထင် မင်းပြောတာတော့ကောင်းတယ် လွယ်လည်းလွယ်ပါတယ် တော်ကြာ လူတွေသေကုန်မှခက်မယ်နော်”

​“အဘပြောတာကျုပ်နားမလည်ဘူး”

​“မဟုတ်ဘူး မင်းလူသတ်မိမှာစိုးလို့ပြောတာ”

​“ကျုပ်က ဘယ်သူ့ကိုသတ်ရမှာတုန်း”

​“ဝင်းလှိုင်တို့မိသားစုကိုစိတ်မထိန်းနိုင်ဘဲ သတ်မိမှာစိုးလို့”

​“ဟာဗျ အဘကလည်း ဘာတွေလျှောက်ပြောနေတာတုန်း ကျုပ်တို့က သူတို့ကိုဘာလို့သတ်ရမှာတုန်း ကျုပ်လိုချင်တာရရင် တော်ပြီ”

​“မင်းကဘာလိုချင်တာတုန်း ဘိုးထင်ရ”

​“ငွေပေါ့ဗျာ ပြီးတော့ အဘလည်း အခုပြဿနာရှင်းသွားမယ် ကျုပ်လည်းငွေရမယ် နောက်ပြီး ပေတောကုန်းက ကျုပ်ကိုအလုပ်အပ်ထားတဲ့ကိစ္စလည်း ပြီးပြတ်မယ် ဘယ်လောက်မိုက်လဲ”

​“မင်းကြံတာကိုတော့ ငါလိုက်မမှီတော့ဘူး ဘိုးထင်ရေ”

​“လိုက်မမှီဘူးဆိုလည်း အဘအေးဆေးသာနေ ကျုပ်ပြောသလို ကျုပ်တို့ဘက်ကို စိတ်ရောက်အောင် အဘလူကိုပြောထား ဒါနဲ့ အဘလူ ဘယ်တွေသွားတတ်လဲ”

​ဘိုးထင်မှထိုသို့မေးလိုက်ရာ ဦးအုန်းတစ်ယောက် အတန်ကြာသည်အထိ စဥ်းစား‌နေလိုက်ပြီး

​“ထန်းတောတော့သွားတယ်ကွ အဲ့ထန်းတောက ထန်းရည်တင်မကဘူး အရက်ပါရတယ် ဒီကောင် တစ်ပတ်ကို နှစ်ကြိမ်လောက်တော့သွားတယ်”
486003
◾အောက်လမ်းဘိုးထင် နှင့် တန်ရာတန်ရာ

(၂၂၁)

◾​အခန်း (၁)

​ရှေ့တွင်ပြစ်တင်ပြောဆိုသောသူများအား အများသူငါတို့မုန်းတတ်ကြပြီး ရှေ့တွင်တမျိုး ကွယ်ရာတွင်တမျိုး ပြောဆိုသူများကိုဖြင့် လူတော်တော်များများက သဘော ကျတတ်ပေသည်။တချို့သောသူများသည် အရင်းနှီးဆုံးအဖြစ် အချိန်အတော်ကြာကြာထိရှိနေတတ်သော်လည်း တဖက်လူအပေါ်မနာလိုစိတ်မွေးမြူကာပျက်စီးရာပျက်စီးကြောင်းအား အမြဲကြံစည်တတ်သူများလည်းရှိပေသည်။လူတိုင်းကိုမဆိုလိုသော်လည်း ထိုကဲ့သို့သော အဖြစ်များမှာ လူအတော်များများ၌ ကြုံဖူးကြလေ၏။​ယခုလည်း ရွာသာရွာတွင်နေထိုင်သည့် ဘထူးဟုအမည်ရသော မိန်းမလျာစိတ်ဝင်နေသည့် လူငယ်တစ်ယောက်သည် သူနှင့်လွန်စွာမှရင်းနှီးသော ဝေဝေလွင်အမည်ရှိ ပေတောကုန်းမှ မိန်းမငယ်လေးအပေါ် မနာလိုစိတ်များလွန်ကဲပြီး စိတ်ရောဂါရသည်အထိဖြစ်နေလေသည်။ဘထူးနှင့် ဝေဝေလွင်သည် မြို့တွင် ဟိုက်စကူးအတူတက်ခဲ့ကြသော် လည်း ကောလိပ်ဝင်ခွင့်ကိုဖြင့် ဝေဝေလွင်မှရရှိခဲ့သည့်အချိန်နောက်ပိုင်းမှစ၍ ဘထူး၏စိတ်နှလုံးတွင် မနာလိုစိတ်များတဖွားဖွားဖြစ်ပေါ်လာပြီး ဝေဝေလွင်ကောလိပ် တက်တော့မည့်အရေးအပေါ် ဣဿာမစ္ဆရိယစိတ်တို့လွှမ်း ခြုံပြီးစိတ်လွတ်သည့်အထိဖြစ်သွားသည်။​ထို့ကြောင့် သူသည် သူ့အားအလိုလိုက်လွန်းသောမိဘများနှင့် အကိုဖြစ်သူတို့အား ရူးသလိုပေါသလိုနှင့် ဝေဝေလွင်ကိုတိုက်ခိုက်ရန်အတွက် အမြဲတစေစေ့ဆော်လျက်ရှိသည်၊။ယခုလည်း သူသည် သူနေထိုင်ရာပျဉ်ထောင်ပျဉ်ခင်းနှစ်ထပ်အိမ်ကြီး ၏အပေါ်ထပ်တွင် တစ်ယောက်တည်းထိုင်ကာ ပါးစပ်မှဗလုံးဗထွေးစကားများဆိုလို့နေသည်။

​“ဟို ဟိုကောင်မ မသေသေးဘူးမလား ရှင် ရှင်တို့ဘာလုပ်နေတာလဲ အဲ့ အဲ့ကောင်မကို အောက်လမ်းနဲ့ အသေမသတ်ကြသေးဘူးလား”

​ဘထူးထိုသို့စကားဆိုနေပြီး မကြာသောအချိန်တွင် သူ့အနီးသို့ သူ၏မိဘနှစ်ပါးနှင့် အကိုဖြစ်သူဝင်းလှိုင်တို့ရောက်ရှိလာပြီး အသံခပ်အုပ်အုပ်နှင့် တီးတိုးနှစ်သိမ့်နေကြသည်။

​“ထူးထူး စိတ်မပူနဲ့ အကိုကြံနေပါတယ် အခုဆို အဲ့ကောင်မလေး ကောလိပ်မသွားနိုင်တော့ပါဘူး ”

​“အကိုပြောတော့ ဝေလွင့်ကိုသေအောင် အောက်လမ်းနဲ့တိုက်သတ်ပစ်မယ်ဆို သူ ခုထိ မသေသေးဘူးမလား”

​“သေတော့မှာပါ ထူးထူးရာ အကိုလည်းကြိုးစားနေပါတယ်ကွ”

​ဝင်းလှိုင်မှထိုသို့ပြောလိုက်သလိ ဘထူး၏မိဘနှစ်ပါးသည်လည်း ဆင်ယှဥ်နိုင်ခြင်းကင်းမဲ့စွာ အပြစ်မရှိသောသူတစ်ယောက် ဒုက္ခရောက်ရမည့်အရေးအားလိုလိုလား လားပင် ပြောဆိုနှစ်သိမ့်လို့နေလေသည်။

​“ထူးထူး စိတ်ကိုလျှော့နော် အမေတို့ အဲ့ကလေးမကို အောက်လမ်းနဲ့တိုက်ခိုင်းထားတယ် ကုန်ချင်သလောက်ကုန်ပါစေကွယ် အမေတို့ပေးမယ် ထူးထူးလေးစိတ်လျှော့နော်”

​“ဟုတ်တယ် ထူးထူး စိတ်လျှော့နော် အဘ မင်းအကိုကို သေချာမှာထားပါတယ် မင်းအကိုလည်းသေချာလုပ်နေတာပဲကွယ် အချိန်လေးနည်းနည်းလေးတော့ထပ်စောင့်ပါဦး ”

​ထိုသို့အားလုံးမှ ဝိုင်းချော့သောအခါ ဘထူးသည် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး

​“အမေတို့တကယ်ပြောတာနော် ထူးထူးက ဝေလွင်ကောလိပ်တက်တာမြင်ရင် ကိုယ့်ကိုယ်ကိုယ်သတ်သေပစ်မှာနော်”

​“တကယ်ပြောတာပါ ထူးထူး ထူးထူးလေးကြောင့်သာ အမေတို့အခုလိုချမ်းချမ်းသာသာနေရတာ အဲ့တော့ အမေတို့ ထူးထူးလေးကိုစိတ်ချမ်းသာအောင်ထားမယ်နော် ဘာပဲလုပ်ရလုပ်ရကွယ် အ‌မေတို့လုပ်မယ်”

​“အမေတကယ်ပြောတာနော်”

​“တကယ်ပေါ့ ထူးထူးရယ် အမေတကယ်ပြောတာ”

​အရပ်မြင့်မြင့် အသားဖြူဖြူ ကနွဲ့ကလျနှင့် ဘထူးအမည်ရသောလူငယ်သည် မိခင်ဖြစ်သူ၏စကားကြောင့် အလိုမကျဖြစ်နေသည့်မျက်နှာသည် ကျေနပ်သွားဟန်ဖြင့် ချက်ချင်းပြုံးယောင်သမ်းလာပြီး မိခင်ဖြစ်သူအားပြုံးပြလိုက်ကာ

​“အဲ့တာဆို ဒီလအတွင်း အဲ့ကောင်မကိုအသေသတ်ပေးနော်”

​“စိတ်ချဖြစ်စေရမယ် ထူးထူး”

​“အခု ဗိုက်ဆာတယ် မနက်ကတည်းက ဘာမှမစားရသေးဘူး”

​“ဟုတ်တာပေါ့ ထူးထူးလေးဗိုက်ဆာနေရောပေါ့ လာလာ အမေကျွေးမယ် အိမ်အောက်သွားစားရအောင်နော်”

​“အင်း”

​ဘထူးအား သူ၏မိခင်ဖြစ်သူမှချော့မော့ပြီး အိမ်အောက်ခေါ်သွားလေရာ အိမ်ပေါ်တွင်တော့ ဝင်းလှိုင်နှင့် သူ၏ဖခင်ကြီးတို့သာကျန်ခဲ့တော့လေသည်။သမာသမတ်ရှိပုံပေါ်မည့်ဥပဓိရုပ်ရှိသော်လည်း ဥပဓိရုပ်နှင့်ခြားနားစွာ ရက်စက်ကြမ်းတမ်းသော နှလုံးသားရှိသည့် ဘထူးနှင့် ဝင်းလှိုင်တို့၏ဖခင်ကြီးသည် သားအကြီးဖြစ်သော ဝင်းလှိုင်အား စေ့စေ့ကြည့်၍မေးမြန်းလိုက်လေသည်။

​“ဝင်းလှိုင် ဘယ်လိုဖြစ်တာလဲကွ မင်းကိုငွေလည်းစိတ်ကြိုက်သုံးခိုင်းထားတယ်မလား အခုထိ အထမမြောက်သေးဘူးလားဟ ဟိုတလောကတော့ အခြေအနေကောင်းသလိုလိုဘာလိုလိုနဲ့ အခုတော့ ဟိုက အကောင်းအတိုင်းပြန်ဖြစ်နေပြီကြားတယ် မင်းလည်း မင်းညီရဲ့စိတ်အခြေအနေကိုအသိသားနဲ့ အဲ့ကလေးမသာဆုံးပါးသွားရင် မင်းညီအခုဖြစ်နေတာ ပြန်ကောင်းသွားမလားပဲ”

​“ကျုပ်လည်း နားလည်ပါတယ် အဘရာ အဲ့တာကြောင့် ကျုပ် ဟိုဆရာကြီးကိုငှားထားတာပေါ့ ”

​“မင်းဆရာကြီးကလည်းကွာ အစကတော့ဟုတ်မလိုလိုနဲ့ အခုတော့ ဘယ်လိုဖြစ်မှန်းမသိဘူး ပေတောကုန်းကိုလာသွားတဲ့ကောင်တွေက လူငယ်လေးတွေလို့ကြားတယ်နော် မင်းဆရာကြီးက အဲ့လူငယ်လေးတွေကိုတောင်မနိုင်ဘူးလား”
373007
ခင်ထားတို့၏ရုပ်အလောင်းရှိသော လှည်းအား ထွန်းလှိုင်ကြီး၏တပည့်တယောက်မှ မောင်းကာ ကျန်သူများမှာ မြင်းများစီးပြီး လှည်းရှေ့မှ နေ၍ တနေရာရာသို့ ခေါ်သွားကြပါလေတော့သည်။

◾​အခန်း ၇

​“ငါအသတ်ခံရပြီး အုန်းနှဲပင်မှာ ချုပ်နှောင်ခံထားရတာ နင်က ငါ့ကိုပြန်ဖမ်းလို့ ငါအခုလိုသွားလို့ရနေတာ ငါ့ကို ယုတ်မာခဲ့တဲ့ကောင်တွေကို ပြန်သတ်ချင်တယ် ငါ့ကိုကူညီ ပေးပါ ငါ့အမေ ငါတို့ဘာဖြစ်ခဲ့တယ်ဆိုတာ သိမှာတောင်မဟုတ်သေးဘူး”

​ဝင်ရောက်အပူးကပ်ခံနေရသည့် သာအေးသည် ငိုသံနှင့်စကားဆိုလေရာ ဘိုးထင့်အိမ်ရှေ့ ကွပ်ပျစ်တွင်ထိုင်နေကြသူများသည် လွန်စွာစိတ်မကောင်းဖြစ်သွားကြပြီး လူယုတ်မာထွန်းလှိုင်ကြီးအားသတ်ဖြတ်ပစ်ချင်သည့် စိတ်များ တာဆူလို့နေ၏။အဆိုးဆုံးမှာ စနက်တို့ငါးယောက်နှင့် နောက်တိုးဖြစ်၏။

​“ဘိုးထင် အဲ့ကောင်ကြီးကို တို့သွားသတ်မယ်ကွာ ဒီလိုယုတ်မာတဲ့ကောင်ကြီးကို လူ့လောကမှာ ထားလို့မရဘူး”

​“ဟုတ်တယ် ဘိုးထင် ငါကတော့ လက်တွေယားနေပြီ မခင်ထားကို သတ်တဲ့ကောင်ကြီးကိုလက်စားချေရမယ်”

​ကိုယ်ချင်းစာတရားရှိသူများထွက်သောဒေါသတို့အား ဘိုးထင်မှ ကောင်းစွာနားလည်ပေးနိုင်သော်လည်း သူတို့အား လက်ကာပြလိုက်ကာ

​“ကျုပ်စီစဉ်ပါ့မယ် ကျုပ်လည်း အဲ့လောက်ယုတ်မာတဲ့ကောင်မျိုးတွေကို သည်းမခံနိုင်ဘူး ဒါပေမဲ့ ကျုပ်မှာလည်း ကျုပ်ကိစ္စရှိသေးတယ်လေဗျာ”

​ဘိုးထင်သည် ကျန်သူများအားထိုသို့ပြောပြကာ ဝင်ရောက်အပူးကပ်ခံနေရသော သာအေးအား သေချာကြည့်လိုက်ပြီး လေသံအေးအေးနှင့် စကားဆိုလေသည်။

​“နင့်အကြောင်းသိရတာ ငါစိတ်မကောင်းပါဘူး ဒါပေမဲ့ နင့်ကိစ္စကို ငါချက်ချင်းတော့မကူညီနိုင်ဘူး ငါခိုင်းတဲ့ကိစ္စကိုသေချာလုပ်ပေးပြီးရင် ငါနင့်ကိစ္စကိုအကုန်ကူညီမယ် ဘယ်လိုလဲ”

​“ရတယ် နင့်သဘောတိုင်းပဲ”

​“ကောင်းပြီလေ အဲ့တာဆို ငါ့အဘကိုအကြပ်ကိုင်တဲ့ ဝင်းလှိုင်တို့ကို ပညာသွားပေးရမယ် အဲ့တော့ နင်ပါလိုက်ခဲ့ ငါခိုင်းတဲ့တိုင်း နင်အကုန်လုပ်ရလိမ့်မယ် ကြားလား”

​ခင်ထားဝင်ပူးနေသော သာအေးမှခေါင်းညိတ်ပြလေရာ ဘိုးထင်သည်လည်း ဦးခေါင်းကိုညိတ်၍ အသိအမှတ်ပြုလိုက်ပြီး

​“ကောင်းပြီလေ အဲ့တာဆို အခု နင့်နေရာ နင်ပြန်တော့ ငါတို့သွားရင် ခေါ်မယ် အခုပဲထွက်တော့ ”

​ဘိုးထင်၏စကားဆုံးသည်နှင့် သာအေး၏ကိုယ်ထဲတွင် ဝင်ပူးနေသော ခင်ထားသည်လည်း ထွက်ခွာသွားလေသည်။ထို့နောက် သာအေးသည် ခင်ထားဘာပြောသည်ကို စိတ်ဝင်တစားဖြင့်မေးမြန်းလာရာ ခင်ထားပြောခဲ့သည့်အကြောင်းအရာများအား သာအေးအား ကျန်သူများမှ ပြန်ပြောင်းပြောပြနေပါလေတော့သည်။

◾"​အောက်လမ်းဘိုးထင် နှင့် သရဲမ ခင်ထား " သည်ကား ဤမျှသာ။မကြာမီ "အောက်လမ်းဘိုးထင် နှင့် တန်ရာတန်ရာ" အမည်ရဇာတ်လမ်းလေး တင်ဆက်ပေးပါမည်။

#တင်ဆန်း
381006
​အခြေအနေအချိန်အခါမှာ သူတို့ဘက်၌ မရှိပြီမို့ တိုက်ထွန်းသည် ထွန်းလှိုင်ကြီးအား မျက်နှာချိုသွေး၍တောင်း ပန်စကားဆိုလေသည်။

​“ဦးကြီးကလည်းဗျာ ဦးကြီးလည်း ငယ်ရာကကြီးလာတာပဲ ကိုယ်ချစ်တဲ့သူကို တခြားသူက လာပြီးရိသဲ့သဲ့လုပ်ရင် ဦးကြီးကော ကြိုက်မလား ကျုပ်တို့တောင်းပန်ပါတယ်ဗျာ နောက်တခါ မဖြစ်စေရဘူး”

​“ဟေ့ကောင်ရ ဘုန်းကြီးခေါင်းခေါက်ပြီး တောင်းပန်လို့ရမလား မင်းတို့ကို ထိုက်သင့်တဲ့အပြစ်တော့ပေးရမှာပဲ”

​“ဘာအပြစ်ပေးမှာလဲ ဦးကြီးရာ ရွာရောက်မှပဲပေးပါဗျာ”

​“ရွာရောက်ရင် အပြစ်ပေးဖို့မကောင်းဘူးကွ ငါပေးတဲ့အပြစ်က သိပ်တော့မကြီးပါဘူး ငါ မင်းကောင်မနဲ့ မင်းရှေ့မှာပဲ ချစ်ပွဲဝင်ချင်တယ် အဲ့တာ မင်းတို့ကို‌ပေးမဲ့ အပြစ်ပဲ”

​“ဘာဗျ”

​တိုက်ထွန်းသည် ထွန်းလှိုင်၏စကားကြောင့် ဒေါသထွက်လို့သွား၏။ထို့နည်းတူ ခင်ထားသည်လည်း သူမ၏ အရှက်သိက္ခာကိုထိပါးလာသော ထွန်းလှိုင်၏စကားကြောင့် ရှက်ရွံ့ပြီး ဒေါသအလိပ်လိပ်ထွက်ကာ ထွန်းလှိုင်အား လှည်းပေါ်မှနေ၍ စူးစိုက်ကြည့်လိုက်ပြီးလျှင် လေသံမာမာဖြင့်ပြစ်တင်ပြောဆိုလိုက်လေသည်။

​“နှာဘူး တဏှာရူးကောင်ကြီး ရှင့်အမေ ရှင့်နှမကို အဲ့လိုသွားပြောပါလား ခွေးမသားကြီး အသက်ကြီးပြီး အချိန်မစိးတဲ့ တိရစ္ဆာန်ကောင်ကြီး”

​“မသာမ နင်ပြောလို့ဝပြီလား နင်ပြောလို့ဝရင် သေဖို့ပြင်ထား‌တော့”

​အခြေအနေသည် လွန်စွာပြင်းထန်လို့လာပြီး ထိန်းမရသိမ်းမရအခြေအနေသို့ရောက်ရှိလို့လာသည်။ထွန်းလှိုင်ကြီးသည် လူမိုက်ဖြစ်သလို အောက်လမ်းအတတ် တတ်မြောက်သူလည်းဖြစ်ရာ သူ့အား ပြစ်တင်ပြောဆိုနေသော ခင်ထားအား လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆက်၍ ကြိမ်းဝါးပြန်လေသည်။

​“မသာမ နင့်ကိုယ်နင်ဟုတ်လှပြီထင်နေတာလား နင့်ကို အသေသတ်မယ် နင်သေလို့သရဲဘဝရောက်ရင်တောင် နင် ဘယ်မှသွားလို့မရအောင် ချုပ်ထားပစ်မယ် ဟေ့ကောင်တွေ အဲ့ကောင်မကို လှည်း‌ပေါ်ချုပ်ထားလိုက်ကြစမ်း ဟိုကောင်ကိုပါ ချုပ်ထားလိုက်”

​ထွန်းလှိုင်ကြီးမှအမိန့်ပေးလိုက်သည်နှင့် သူ၏တပည့်များသည် မြင်းပေါ်မှခုန်ဆင်းလိုက်ပြီး ကျောမှဓားများကို ဆွဲထုတ်ကာ လှည်းဆီသို့တိုးကပ်သွားကြသည်။ထို့အတွက် တိုက်ထွန်းသည်လည်း လှည်းဆောင်ပန်း၌ ထိုးထားသောကြံခုတ်ဓားကိုဆွဲဖြတ်ကာ လှည်းပေါ်တွင် မတ်တတ်ရပ်ပြီး ဓားအားဝင့်၍ကြိမ်းဝါးလိုက်လေသည်။

​“သေချင်တဲ့ကောင်တွေ လှည်းပေါ်တက်ခဲ့ကြ ငါသေမှ ပဲ ငါ့ချစ်သူကိုထိလို့ရမယ်”

​တိုက်ထွန်းသည် ထိုသို့ပြောပြီး လှည်းပေါ်တက်ရန် ကြိုးစားသူများအား ဓားဖြင့် ဆီးခုတ်လေသည်။
ထို့အတွက် ထွန်းလှိုင်ကြီး၏တပည့်များမှာ လှည်းပေါ်သို့ မတက်သာဘဲ ဖြစ်နေတော့သည်။ခင်ထားမှာဖြင့် ကြောက်လန့်နေရာမှ သတိပြန်ဝင်လာကာ တိုက်ထွန်း ချထားသော နွားနှစ်ကောင်၏ကြိုးကိုကိုင်ပြီး မောင်းလိုက် ပါသော်လည်း နွားနဖားကြိုးအား ထွန်းလှိုင်၏တပည့်တယောက်မှဆွဲကိုင်ထားသဖြင့် မည်သို့မှမတတ်သာပေ။ တိုက်ထွန်းသည် လှည်းပေါ်တက်လာရန်ကြိုးစားနေသော ထွန်းလှိုင်ကြီးတပည့်များအား လှည်းပေါ်မှနေ၍ ဓားဖြင့် လိုက်ခုတ်နေချိန် မြင်းပေါ်တွင်ထိုင်နေသော ထွန်းလှိုင်ကြီးသည် ဓားမြှောင်နှစ်ချောင်းအား ခါးကြားမှထုတ်ကာ တိုက်ထွန်းထံလှမ်းပစ်လိုက်လေသည်။​ထွန်းလှိုင်ပစ်လိုက်သော ဓားမြှောင်သည် လှည်းနောက်ပိုင်းသို့မျက်နှာလှည့်နေသော တိုက်ထွန်း၏ကျောအား အရှိန်ပြင်းစွာဖြင့်စိုက်ဝင်လို့သွားသည်။သို့ပေမဲ့ တိုက်ထွန်းသည်ကား လက်မလျှော့ ဓားတန်းလန်းဖြင့်ပင် ခင်ထားအား ကာကွယ်ပေးနေဆဲဖြစ်၏။သို့ပေမဲ့ အချိန်ကြာလာသည်နှင့် တိုက်ထွန်းတယောက် အားအင်ကုန်ခန်းသွားရာ ထွန်းလှိုင်၏တပည့်များသည် နွားလှည်းပေါ်သို့ လွှားခနဲခုန်တက်လာကာ တိုက်ထွန်းအားထိုးကြိတ်ကန်ကြောက်ပြီး ဓားဖြင့်ချိန်ရွယ်ထားလိုက်သလို ကြောက်လန့်တကြားဖြစ်နေသည့် ခင်ထားကိုလည်း ပွေ့ဖက်၍ချုပ်ထားလေသည်။ရုတ်ရုတ် သဲသဲအခြေအနေကြောင့် လှည်းကိုဆွဲထားသော နွားနှစ်ကောင်မှာ တလှုပ်လှုပ်တရွရွဖြစ်နေသော်လည်း နဖားကြိုးဆွဲခံထားရသောကြောင့် နေရာမရွေ့ပေ။ထိုအခါမှ ထွန်းလှိုင်ကြီးသည် မြင်းပေါ်မှဆင်းလာပြီး နွားလှည်းပေါ်သို့တက်၍ ခင်ထားကိုကြည့်ကာ

​“ကဲ ကောင်မ နင်ဘာတတ်နိုင်သေးလဲ ငါပြောသလို အေးဆေးနေရင် နင့်ကောင်လည်း သေချင်မှသေမှာ အခုတော့ နှစ်ယောက်လုံး မသာပေါ်တော့မယ်”

​“လူယုတ်မာ ခွေးတိရစ္ဆာန်ကြီး နင်လည်း တနေ့ အဲ့လိုသေရစေ့မယ်”

​“ကဲ ကဲ ကလေးမ စိတ်မတိုနဲ့ စိတ်ကလေးကိုလျှော့ထား ဟေ့ကောင်တွေ တိုက်ထွန်း ငါတို့ကို သေချာကြည့်နေပလေ့စေ ကြားလား”

​ထွန်းလှိုင်ကြီးသည် ထိုသို့ပြောပြီး ခင်ထားအနားတိုးကပ်၍ပွေ့ဖက်လိုက်ရာ တပည့်ဖြစ်သူနှစ်ယောက်သည်လည်း တိုက်ထွန်းကိုချုပ်ကိုင်ကာ ထွန်းလှိုင်ကြီးပြုမူနေသည့်ဘက် လှည့်နေစေသည်။ကောင်းကင်မှ ထိန်ထိန်သာနေသည့်လသည်လည်း ရက်စက်သောထိုမြင်ကွင်းအား မြင်လိုပုံမပေါ်။လမင်းကြီးသည် ထူထပ်နေသည့်တိမ်များအကြား၌ပုန်းကွယ်လို့သွားပြီး ပတ်ဝန်းကျင်တွင် အမှောင်ထုကြီးစိုးလို့သွားကာ မိန်းကလေးတယောက်၏ ငယ်သံပါသည်အထိအော်ဟစ်နေသံနှင့်အတူ ယောကျ်ားတယောက်၏မချိတင်ကဲအော်ဟစ်သံတို့သည်သာ လှည်းလမ်းဘေးရှိ တောတောင်များသို့တိုင် ပဲ့တင်ထပ်လို့သွား၏။လပြန်ပေါ်ထွက်လာချိန်တိုင်တော့ အသက်ကင်းမဲ့နေသည့် တိုက်ထွန်းနှင့်
354004
ရင်ဆိုင်ရန်ဟန်ပြင်နေချိန် ထွန်းလှိုင်ကြီးသည် သူ၏တပည့်များကို လက်ကာပြလိုက်ပြီး

​“ဟေ့ကောင်တွေ သွေးထွက်သံယိုမဖြစ်စေနဲ့ အလှူရှင်က ငါ့ကိုယုံလို့ အလှူလုပ်တာ နောက်ဆုတ်ကြစမ်း”

​ထွန်းလှိုင်ကြီး ထိုသို့ပြောသောအခါမှ သူတို့ရန်ဖြစ်တော့မည့်နေရာသို့ အပြေးကလေးရောက်လာသော ရွာလူကြီးနှင့် အလှူရှင်တို့သည် သက်ပြင်းကိုယ်စီချလိုက်ပြီး ထွန်းလှိုင်ကြီးအားကျေးဇူးတင်ကြောင်းများပြော၍ တိုက်ထွန်းနှင့် ကာလသားများကိုဖြင့်ငေါက်ငမ်းလိုက်လေသည်။

​“ခင်ဗျား အလျော့ပေးတာ ကျေးဇူးတင်ပါတယ် ကိုထွန်းလှိုင်ရာ ကလေးတွေကိုခွင့်လွှတ်လိုက်ပါဗျာ လူငယ်တွေအကြောင်းလည်း ခင်ဗျားအသိသားနဲ့ ဟေ့ကောင်တွေ မင်းတို့ကိုယ်လုပ်စရာရှိတာလုပ်တော့ မင်းတို့လက်ထဲက တုတ်တွေချထားလိုက်ကြစမ်း”


​“ဟုတ်တယ် မင်းတို့ကောင်တွေ ဘာကောင်တွေမှန်းမသိဘူး ကိုထွန်းလှိုင်ကြီးကိုအားနာစရာ ခင်ထား နင်လည်းသွားတော့ တိုက်ထွန်း မင်းလည်းပြန် နွားလှည်းကို တခြားသူမောင်းခိုင်းလိုက်မယ်”

​ရွာလူကြီးနှင့် အလှူရှင်တို့သည် သူတို့အတွက် ယခုလိုပြုမူသည်ကိုသိသောကြောင့် တိုက်ထွန်းနှင့် ခင်ထားသည် အထွန့်မတက်တော့ဘဲ အလှူအိမ်မှထွက်ခွာသွားလေသည်။မြင်းပေါ်သို့ လွှားခနဲပြန်တက်သွားသော ထွန်းလှိုင်ကြီးသည် မြင်းအားဇက်ကြိုးကိုဆွဲကာကွေ့ရင်း တိုက်ထွန်းနှင့် ခင်ထားတို့ထွက်သွားရာဖက်ကိုနောက်ပြန်လှည့်ကြည့်နေရင်းကပင် မဲ့ပြုံးတချက်ပြုံးနေပါလေတော့ သည်။

◾​အခန်း ၆

​အချိန်သည်ကား ညနေစောင်းအချိန်သို့ရောက်ရှိနေပြီဖြစ်သည်။နွားလှည်းလေး သုံးစီးသည် ရှေ့ဆင့်နောက်ဆင့်သွားနေပြီး နောက်ဆုံးလှည်းသည် တိုက်ထွန်းမောင်းနှင်လာခြင်းဖြစ်ပြီး ခင်ထားလည်းလိုက်ပါလာကာ အေးဆေးတည်ငြိမ်စွာနှင့် စကားဆိုနေကြသည်။အရှေ့လှည်းနှစ်စီးမှာဖြင့် တိုက်ထွန်း၏သူငယ်ချင်းလှည်းနှစ်စီးဖြစ်ကာ ခင်ထားနှင့်ဆွေမျိုးနီးစပ်တော်စပ်သော ကြီးတော်ဖြစ်သူနှင့် လက်သမားကြီး ဦးဝင်းတင်တို့လိုက်ပါလို့လာကြသည်။ များမကြာမီ အရှေ့လှည်းမှ စိုးအောင်ဟုအမည်ရသော လှည်းသမားသည် သူ၏အနောက်တွင်ရှိသော တိုက်ထွန်းအား အသံခပ်ကျယ်ကျယ်နှင့်အော်ဟစ်၍ စကားဆိုလိုက်လေသည်။

​“ဟေ့ တိုက်ထွန်း ပေပင်ရွာတော့ ကျော်လာပြီ သစ်ဆိမ့်ကိုတန်းသွားမှာလား”

​“အချိန်ကလည်း စောသေးတယ်ဆိုတော့ တခါတည်းတန်းမောင်းမလားလို့”

​“သဘောပဲ နွားတွေလည်း အလုပ်အားနေတာဆိုတော့ ရလောက်ပါတယ်ကွာ သွားစို့”

တိုက်ထွန်းတို့သည် သစ်ဆိမ့်ရွာ၌ ခင်ထားတို့အတွက် အိမ်သွားဝယ်ခြင်းဖြစ်ပြီး တခါတည်းတိုက်မည့်အရေးကြောင့် ပေပင်ရွာတွင်မနားတော့ဘဲ သစ်ဆိမ့်ရွာသို့ တန်းသွားရန်အတွက် ဆုံးဖြတ်ထားလေသည်။ရှေ့မှလှည်းနှစ်စီးတို့သည် ခပ်မြန်မြန်မောင်းသွားသော်လည်း တိုက်ထွန်း နှင့် ခင်ထားတို့မှာဖြင့် လှည်းကို အေးအေးဆေးဆေးမောင်းကာ ထွေရာလေးပါးစကားများဆိုနေကြလေသည်။

​“ခင်ထား တော်သေးတယ်နော် ဟိုလူကြီး ငါတို့ကိုပြဿနာမရှာလို့”

​“ဟုတ်တယ် အဲ့နေ့က သူ ငါတို့ကို တကယ်မကျေမနပ်ဖြစ်သွားပုံရတယ်နော်”

​“ဟုတ်တယ် သူလည်း အသက်လည်းကြီးပြီဆိုတော့ မာန်လျှော့သွားတာနေမယ်”

​“အေး အဲ့နေ့က နင်နဲ့ ငါ့ကို ရှိန်သွားတာနေမယ်”

​“ဟုတ်လောက်တယ် အဲ့လိုလူမျိုးတွေ အဲ့လိုဆက်ဆံတာနဲ့ပဲတန်တယ်”

​တိုက်ထွန်းနှင့် ခင်ထားတို့နှစ်ယောက် စကားတပြောပြောနှင့် လှည်းတစီးပေါ် အတူစီးကာ ပျော်တပြုံးပြုံးရှိနေချိန် ကြားလိုက်ရသောမြင်းဟီသံကြောင့် ခင်ထားသည် ပတ်ဝန်းကျင်ကိုနားစွင့်လိုက်ပြီး တိုက်ထွန်းအား ချက်ချင်းသတိပေးလိုက်လေသည်။

​“တိုက်ထွန်း မြင်းသံတွေကြားရတယ်နော်”

​“အေး ဟုတ်တယ်ဟ ဘယ်ကမြင်းတွေလဲ မသိဘူး”

​မကြာသောအချိန်တွင်တော့ မီးတုတ်များအား လက်ကကိုင်ထားပြီး အရှိန်ခပ်ပြင်းပြင်းမောင်းလာကြသည့် မြင်းငါးစီးအား သူတို့၏မျက်နှာချင်းဆိုင်လှည်းလမ်း၌ တွေ့လိုက်ရချိန် ခင်ထားတယောက် တိုက်ထွန်းအနားတိုးကပ်သွားပြီး ကြောက်ကြောက်လန့်လန့်နှင့်စကားဆိုလိုက်လေသည်။

​“တိုက်ထွန်း ဓားပြတွေလားမသိဘူး ငါ ငါတော့ ကြောက်လာပြီ”

​“မဟုတ်လောက်ပါဘူးဟာ ဒီအတိုင်းခရီးသွားတွေပဲ နေမှာပါ”

​မကြာမီအချိန်အတွင်းမှာပင် မီးတုတ်ကိုင်ထားသော မြင်းစီးသမားများသည် တိုက်ထွန်း၏လှည်းအား ဝိုင်းလိုက်ကြသည်။ထိုအခါမှသာ မြင်းစီးလာကြသူများ၏ လက်မှမီးတုတ်များ၏အလင်းရောင်ကြောင့် မည်သူမည်ဝါဖြစ်ကြောင်းအား ရှင်းလင်းစွာမြင်တွေ့လိုက်ရလေသည်။မြင်းစီးလာသူများသည် ဦးထွန်းလှိုင်နှင့် တပည့်များဖြစ်ပြီး ဓားများကို ကျော၌လွယ်ထားသည်ကို တွေ့လိုက်ရလေသည်။တိုက်ထွန်းနှင့် ခင်ထားတိုသည် ထွန်းလှိုင်ကြီးတို့မှန်းသိသောအခါ လွန်စွာမှပင်မျက်နှာပျက်ယွင်းလို့ သွားကြပြီး မည်သည့်စကားမှမဆိုဘဲ ထွန်းလှိုင်ကြီးကိုသာ ကြည့်လို့နေကြသည်။ထွန်းလှိုင်ကြီးသည်ကား အောင်နိုင်သူတယောက်၏ဟန်ပန်ဖြင့် မြင်းပေါ်မှနေ၍ တိုက်ထွန်း နှင့် ခင်ထားတို့နှစ်ယောက်အား လက်ညှိုးငေါက်ငေါက်ထိုးရင်းကြိမ်းဝါးလိုက်လေသည်။

​“ဘယ်လိုလဲကွ မင်းတို့တွေ ရွာမှာလို သတ္တိတွေပြကြစမ်းပါဦး သတ္တိသိပ်ရှိနေတဲ့ ကောင်နဲ့ ကောင်မ ထွန်းလှိုင်ကို ကလန်ကဆန်လုပ်ရင် ဘာဖြစ်မယ်ဆိုတာ မင်းတို့မသိရော့လား ဟေ ပြောစမ်း”
687006
​တိုက်ထွန်းထိုသို့ပြောလိုက်သည်နှင့် တိုက်ထွန်း၏ လှည်းပေါ်မှ ဆိုင်းသမားကြီးများသည်လည်းထောက်ခံစကားဝိုင်းဆိုကြလေသည်။

​“တိုက်ထွန်းပြောတာမှန်တယ် နင်က တချိန်လုံးမပြင်မဆင်နေလို့သာ မလှဘူးထင်နေရတာ တကယ်တော့ နင်က အတော်လှတယ် တိုက်ထွန်း စိတ်ပူမယ်ဆိုလည်း စိတ်ပူစရာပဲကိုဟ”

​“စိတ်ပူရတာပေါ့ကွာ မင်းတို့လည်းသိတဲ့အတိုင်း ထွန်းလှိုင်ကြီးရန်ကရှိသေးတာမလား တို့တရွာလုံးလည်း ထွန်းလှိုင်ကြီးကို ငယ်ကြောက်လိုကိုဖြစ်နေတာ အံ့သြစရာပဲ ဘယ်သူမှလည်း မပြောရဲ မဆိုရဲ”

​ဆိုင်းဆရာကြီးများ၏စကားကြောင့် တိုက်ထွန်းတယောက် ပို၍စိတ်ပူသွားပြီး ယခုကဲ့သို့ လှပစွာပြင်ဆင်လာမှုသည် ဘေးဒုက္ခကိုလက်ယပ်ခေါ်နေခြင်းဟုသဘော ပေါက်လိုက်ပြီး ခင်ထားအား အိမ်ပြန်၍ နဂိုအတိုင်းလေး ပြန်ဝတ်စားရန်အတွက် ခပ်မြန်မြန်ပင်သတိပေးလိုက်လေသည်။

​“ခင်ထား နင်ပြန်တော့ဟ နင်ဝတ်နေကျအတိုင်းပဲ ဝတ်တော့ နင်ကသိပ်ထင်ပေါ်နေတော့ ငါစိုးရိမ်တယ်”

​“အမေလေး တိုက်ထွန်းရယ် ဘယ်လိုဖြစ်ပြန်တာတုန်း နင်ပဲအမျိုးမျိုး”

​“အမျိုးမျိုးလုပ်မနေနဲ့ သွား သွား အိမ်ပြန်တော့”

​စိုးရိမ်စိတ်တို့ဖြင့် အတင်းအိမ်ပြန်ခိုင်းနေသည့် တိုက်ထွန်းအား ခင်ထားမှ သဘောကျစွာဖြင့်ပြုံးကြည့်လိုက်ပြီး

​“တော်တို့ယောကျ်ားတွေက အမျိုးမျိုးရှုပ်နေတာပဲ”

​“စကားများမနေနဲ့ ပြန်တော့ ပြန်တော့”

​ခင်ထားသည်လည်း တိုက်ထွန်းလှည်းအနောက်မှ လှည့်ပြီး အိမ်သို့ပြန်မည်ပြင်လိုက်ချိန် အုန်းခွံရောင်မြင်းညိုကြီးတကောင်ကိုစီးနင်းလာသည့် ထွန်းလှိုင်ကြီးသည် သူမနှင့် ခပ်လှမ်းလှမ်းတွင် မြင်းအားရုတ်တရက်ရပ်လိုက်ပြီး မြင်းပေါ်မှပြုံး၍ကြည့်နေသဖြင့် ခင်ထားအပါအဝင် တိုက်ထွန်းနှင့် လှည်းပေါ်မှ ဆိုင်းသမားကြီးများ အတော်ကိုတုန်လှုပ်သွားကြသည်။ထွန်းလှိုင်ကြီးသည် ဆံပင်ဂုတ်ထောက်ကိုမှ မုတ်ဆိတ်ကျင်စွယ်နှင့်နှုတ်ခမ်းမွှေးတို့ ဗလပျစ်နှင့်ဖြစ်ပြီး အရပ်ခြောက်ပေခန့်ရှည်လျားကာ အသက်ခြောက်ဆယ်ဝန်းကျင်ဖြစ်သည်။သို့ပါသော်လည်း ကျန်းမာသန်မာနေဆဲ လူကြီးတဦးဖြစ်သည်။သူသည်ခပ်နွမ်းနွမ်းတိုက်ပုံအင်္ကျီကို ရင်ဘတ်လှပ်၍ဝတ်ဆင်ထားသဖြင့် ဗလာကျင်းနေသော သူ၏ရင်ဘတ်မှာ အမွေးအမြင်နှင့် ဆေးမှင်ကြောင်တို့မှာ ရောယှက်နေသည်ကိုမြင်တွေ့နေရပေသည် ။ရှမ်းဘောင်းဘီကိုဝတ်ဆင်ထားသည့် သူ၏ရုပ်သွင်သည် ပြုံးနေသော်လည်း ထိုအပြုံးသည်ကပင် ကြောက်စရာကောင်းနေပေသည်။ထွန်းလှိုင်ကြီးသည် အိမ်သို့ပြန်ရန်ဟန်ပြင်နေသော ခင်ထား၏အရှေ့‌၌ပင် ကာရပ်လိုက်ပြီး ပြုံးရယ်ကာဖြင့် ရိသဲ့သဲ့စကားဆိုလေသည်။

​“ဘယ်ရွာက သူငယ်မလေးများလဲ နတ်ပြည်ကများ ဆင်းလာသလားကွယ် သိပ်ကိုလှနေပါလား”

​ထိုအခါ ခင်ထားသည် ကြောက်လန့်နေသည့်ဟန်ဖြင့် သူမမည်သူမည်ဝါဖြစ်ကြောင်းအား အထစ်ထစ်အငေါ့နှင့် ပြန်ဖြေလိုက်လေသည်။

​“ဦး ဦးကြီး ကျုပ် ကျုပ်က ဒေါ်စိန်ဝင်းသမီးပါ”

​“စိန်ဝင်းသမီးဟုတ်လား စိန်ဝင်းမှာ ဒီလောက်လှတဲ့သမီးတယောက်ရှိတယ်ဟုတ်စ ငါလည်းမသိရပါလား”

​ထွန်းလှိုင်ကြီးသည် ပြောပြောဆိုဆို မြင်းပေါ်မှလွှားခနဲခုန်ဆင်းကာ ခင်ထားအနားသို့ တိုးကပ်လာလေသည်။ အလှူရှင်၏အိမ်ဝိုင်းအတွင်းဖြစ်သော်လည်း တရွာလုံးကြောက်ကြသော လူမိုက်လူရမ်းကာကြီး ထွန်းလှိုင်မို့ မည်သူမျှအထွန့်မတက်ရဲဘဲ ခပ်လှမ်းလှမ်းမှနေ၍သာ ခင်ထားအား စိတ်မကောင်းသောအကြည့်ဖြင့်ကြည့်လို့နေကြသည်။ခင်ထား၏ချစ်သူ တိုက်ထွန်းသည်ကား လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ နွားရိုက်သည့်ကြိမ်လုံးကိုတင်းတင်းဆုပ်ကိုင်ကာ လှည်းပေါ်မှ လွှားခနဲခုန်ဆင်းလိုက်ပြီးနောက် ခင်ထား၏အရှေ့တွင်ကာရပ်လိုက်ကာ ကာကွယ်ပေးဖို့အတွက်ကြံဆောင်လေသည်။

​“ဦးကြီး ခင်ထားက အသောကရွာသူပါပဲဗျာ ပြီးတော့ ဦးကြီးနဲ့ဆို မြေးအဖိုးအရွယ်လောက်ပဲရှိပါတယ် ကျုပ်ရဲ့ရည်းစားလည်းဟုတ်ပါတယ် မနှောင့်ယှက်နဲ့ဗျာ”

​“မင်းက ဘာကောင်လဲ ငါ့ကိုတောင် ခံပြောလို့ပါလား”

​“ကျုပ်ဘာကောင်မှမဟုတ်ပါဘူး ကျုပ်ယူမယ့် ဇနီးလောင်းကို ကျုပ်သေသွားရင်တောင် ဘယ်သူမှလာမထိအောင်လို့ ကာကွယ်ရမှာပဲ”

​တိုက်ထွန်း၏လုပ်ရပ်နှင့် စကားတို့ကြောင့် ကြောက်လန့်နေသည့် ခင်ထားသည် ကြောက်စိတ်တို့ပျောက်သွားပြီး သူမဝတ်ထားသည့် ယောထမိန်အား ခပ်တိုတိုပြင်ဝတ်လိုက်ကာ ထွန်းလှိုင်ကြီးအားပြန်ရန်တွေ့လိုက်လေသည်။ ထိုမြင်ကွင်းအား ရှင်လောင်းများအား နတ်ပြဖို့အတွက် စိုင်းပြင်းနေကြသော ရွာသားများမှာလည်းဝိုင်း၍ကြည့်နေကြလေသည်။

​“ဒီမှာ ဦးထွန်းလှိုင် ကျုပ်က ရှင်ထိချင်တိုင်းထိလို့ရမဲ့ မိန်းမများထင်နေလား ရှင့်ကိုကြောက်ရင် ဒီလိုတောင်မဝတ်ဘူး”

​“တယ်လည်း သတ္တိရှိနေပါလား”

​“ရှိတယ် ကျုပ်တို့က သတ္တိရှိတာ တော့်လို မိုက်ရိုင်းယုတ်မာတာမဟုတ်ဘူး”

​“ဘာပြောတယ် နင့်လိုမလောက်လေးမလောက်စားကောင်မကများ”

​“ထိရဲရင် ထိကြည့်လေ”

​ထွန်းလှိုင်ကြီး ခင်ထားအနားသို့တိုးကပ်သွားချိန် တိုက်ထွန်းသည် ထွန်းလှိုင်ကြီးအား ကြိမ်ဖြင့်ရိုက်ရန်ချိန်ရွယ်လိုက်လေသည်။ထိုသို့ ခိုက်ရန်ဖြစ်ပွားလုလုအချိန်မှာပင် ထွန်းလှိုင်၏တပည့်များ ရောက်ရှိလာကြသလို တိုက်ထွန်း၏အပေါင်းအသင်းများသည်လည်း လှည်းတံပိုးကြီးတုတ်များကိုင်၍ ရောက်လာကြသည်။အကြိမ်ကြိမ်သည်းညည်းခံနေသော တိုက်ထွန်းတို့ကာလသားများ သည်လည်း အရဲစွန့်ကာ
405006
​“အဲ့လိုလာပြောတော့ ညည်းက ဘယ်လိုပြန်ပြောလိုက်လဲ”

​“လက်ခံလိုက်တာပေါ့ အမေရယ် သူ့ကျေးဇူးတရားတွေ ကျုပ်တို့အပေါ် နည်းတာမှမဟုတ်တာ”

​“မိုက်တာကော ခင်ထားမရယ် ထွန်းလှိုင်ကြီးအကြောင်း ညည်းမသိရော့လား”

​“အမေကလည်း သူက ကွမ်းတောင်ကိုင်ပန်းတောင်းကိုင်မိန်းကလေးတွေကိုတောင် ရန်မလုပ်တာ ကျုပ်လိုလူကိုလည်း ဘာမှလုပ်မှာမဟုတ်ပါဘူး”

​“အဲ့ကောင်က သောက်ရူးဟဲ့ ငယ်ငယ်ကဆို ယောကျ်ားတွေတောင် သျှောင်မထုံးရဲဘူး ဒင်းကြောက်နေရတာလေ”

​“ဘယ်လိုကြီးလဲ အမေပြောတာ ကျုပ်နားမလည်ဘူး”

​“အရန်ကော ငါ့သမီးရယ် အဲ့ကောင်က ယောကျ်ားချင်းတောင် မိန်းမနဲ့တူရင် အလွတ်ပေးတာမဟုတ်ဘူး ပြောချင်တာက ဒင်းက သူ့ကိုလေးစားရင်ကြိုက်နေတာလေ အဲ့တာကြောင့် ဒင်းကို လာဘ်လေးဘာလေးထိုးထားလို့သာ ကွမ်းတောင်ကိုင်တွေကို ဘာမှမလုပ်တာ”

​“အမေရယ် ကျုပ်လည်း အသောကသူပါတော် ကျုပ်လည်းသိပါတယ် ဒါပေမဲ့ ကျုပ်မှာ ရုပ်ရည်မှမရှိတာ အမေ့ ထွန်းလှိုင်ကြီးက ပျူခေတ်က ငှက်ကြီးလိုပဲ မှဲ့တပေါက်မစွန်းမှ စားချင်တဲ့သူမျိုးမလား ကျုပ်လို မလှမပကို ဘယ်လိုလုပ်စိတ်ဝင်စားမလဲ”

​“ခင်ထား ညည်းကိုညည်း ရုပ်ဆိုးတယ်များထင်နေလား ညည်းဝတ်ပုံစားပုံ ပုံမကျလို့သာ ဒီပုံဖြစ်နေတာ မဝတ်စမ်းပါနဲ့အေ ငါလည်း အဲ့ထွန်းလှိုင်ကြီးဆီ စကားသွားမပြောချင်ဘူး”

​“အမေက ဘာသွားပြောမလို့လဲ”


​“ညည်းကို ဒုက္ခမပေးဖို့လေ ညည်းသိတဲ့အတိုင်းပဲ ရွာလူကြီးတောင် ဒင်းကိုအဖေခေါ်နေရတာ”

​“မလိုပါဘူး အမေရယ် အဲ့လူကြီး ကျုပ်ကိုစိတ်မဝင်စားပါဘူး ရီးတီးယားတားလာလုပ်ကြည့်ပါလား ခင်ထားအကြောင်းသိသွားမှာပေါ့ သူအနိုင်ကျင့်လို့ခံတဲ့သူမဟုတ်ဘူးဆိုတာ ဒင်းတခါတည်းသိသွား‌စေရမယ် ”

​“ညည်းနဲ့တော့ ခက်တယ်ဟယ် ညည်းက အမေ့ထက် သားတကြီး လုပ်ပုံနဲ့တော့ ငါစိတ်ညစ်တယ်”

​ဒေါ်ဝင်းစိန် စိတ်မသက်မသာဖြင့်ညည်းညူသည်ကိုမြင် လိုက်ရသည့် ခင်ထားသည် မိခင်ကြီးအား သဘောကျစွာ ဖြင့်ပြုံးပြလိုက်ပြီး

​“စိတ်ပူတတ်ရန်ကော အမေရယ် အခုခေတ်က အရင်လို ဆိုးချင်တိုင်းဆိုးလို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး ပြီးတော့ အဲ့လူကြီးကလည်း ကျုပ်လိုလူမျိုးတွေကို စိတ်မဝင်စားဘူး သူက သူဌေးသမီး ဖြူဖြူနုနုလေးတွေမှ စိတ်ဝင်စားတာ ကျုပ်ကိုကြည့် ဒီလောက်မဲသဲနေတာ ဘယ်နားမှာ ကြိုက်စရာရှိလို့လဲ တိုက်ထွန်းတောင် ကျုပ်ကို မျက်စိမကောင်းလို့ကြိုက်တာထင်ပါ့ ဟီးး”

​“ညည်းဘာသာ ကြိုက်သလိုသာလုပ် ငါဘာမှ မပြောတတ်တော့ဘူးအေ”

​ဒေါ်ဝင်းစိန်သည် သမီးဖြစ်သူအား ထိုသို့ပြောပြီး နောက်ထပ်စကားမဆိုတော့ဘဲ အိမ်မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ခင်ထားသည် မိခင်ဖြစ်သူ စိတ်ကောက်သွားသည်ကို သဘောကျစွာဖြင့် ပြုံးပြီးကြည့်နေပြီးနောက် စိတ်လက်ပေါ့ပါးစွာဖြင့်ပင် သက်ကယ်ကိုသာဆက်၍ပစ်နေပါလေတော့သည်။

◾​အခန်း ၅

​အသောကရွာလေးရှိ လယ်ပိုင်ရှင်သူဌေးကြီး၏အလှူအဝင်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။အလှူတို့၏ထုံးစံအတိုင်း အလှူအဝင်နေ့တွင် ရှင်လောင်းလှည့်ကြမည့်ဖြစ်ရာ ကာလသား၊ကာလသမီးများ စုဝေးနေကြသလို ကာလသားများမှာလည်း သူတို့ပိုးပန်းနေသည့် ကာလသမီးများအား မောင်ရင်လောင်း မြင်းထိန်းလုပ်ရင်း၊သျှိုးထိုးရင်း၊လှည်းမောင်းရင်းက ကြည့်ရှုလို့နေကြသည်။ ထိုအထဲတွင် ဆိုင်းတင်ထားသောလှည်းကိုမောင်းသည့် တိုက်ထွန်းတယောက်လည်း အပါအဝင်ဖြစ်လေသည်။ သူသည် အလှူမဏ္ဍပ်အတွင်း၌ ချစ်ရသူ ခင်ထားအားရှာဖွေနေမိသည်။မကြာမီအချိန်တွင်တော့ ခင်ထားသည် သူမအားလိုက်ရှာနေသည့် တိုက်ထွန်း၏လှည်းနောက် တွင်ရပ်လိုက်ကာ သူမအားသေချာမကြည့်ဘဲ မဏ္ဍပ်အတွင်းကိုသာလိုက်ကြည့်နေသည့် တိုက်ထွန်းအား အသံခပ်ကျယ်ကျယ်နှင့် စကားဆိုလိုက်လေသည်။

​“တိုက်ထွန်း နင် ဘာတွေရှာနေတာလဲ”

​အသံကြားလိုက်ရသည့်အခါမှ ရွာထဲမှ ဆိုင်းသမားကြီးများနှင့်အတူ တိုက်ထွန်းသည် ခင်ထားအား အံ့သြတကြီးဖြင့်ကြည့်ကာ မေးမြန်းရသည့်အထိ ဖြစ်သွားလေ၏။

​“ညည်းက ခင်ထားလား”

​“ဟုတ်တယ်လေ ဦးလေးရေခဲရဲ့ ကျုပ်ခင်ထားလေ”

​“နင်တကယ်ပဲ ခင်ထားပါနော်”

​“ခက်ပြီကော တိုက်ထွန်းရယ် နင်က ငါ့ကိုတောင်မမှတ်မိဘူးလား”

​ခင်ထားအား ဆိုင်းသမားကြီးများနှင့် တိုက်ထွန်းတို့ မမှတ်မိသည်မှာ မလွန်လှပေ။အကြောင်းမှာ သနပ်ခါးဘဲကျားလိမ်းကာ အမြဲတစေရှုပ်ရှုပ်ပွပွနှင့် နေတတ်သော ခင်ထားတယောက် ယခုမူ တပတ်လျှိုဆံထုံးကိုထုံးကာ မျက်နှာချေမှုန်နေအောင်လိမ်းကျံထားပြီး ပါးကွက်ကြား ခပ်သေးသေးကွက်ထား၍ မျက်နှာလေးမှာ ချစ်စဖွယ်ဖြစ် နေသည်ကိုတွေ့လိုက်ရ၍ဖြစ်သည်။ဖျင်ကြမ်းအင်္ကျီခပ်ပွပွအား ထမိန်ဖုံးသည်အထိဝတ်ဆင်နေကျခင်ထားမှာ ယခု ရင်ဖုံအကျီကြီး ယောထမိန်တို့ဖြင့် အတော်ကိုကြည့်ကောင်းနေလေရာ အရင်ခင်ထားနှင့် လုံးဝကွာခြားလို့နေသည်။ထို့ကြောင့် ကာလသားများ၏မျက်လုံးတို့သည် ခင်ထားဆီသို့ အကြည့်ရောက်နေကြသည်။ထိုအခါမှသာ တိုက်ထွန်းသည် သူကိုယ်တိုင်ဝတ်ခိုင်းခဲ့သည်ကိုပင် နောင်တရလုလုဖြစ်နေပြီး ခင်ထားအား မကျေမနပ်ဖြင့် ပြစ်တင်ပြောဆိုလိုက်လေသည်။

​“ခင်ထား နင် ဘာလို့အဲ့လောက်လှအောင်ပြင်လာတာလဲ ဒုက္ခပါပဲဟာ”

​“တိုက်ထွန်း ဘာပြောတာလဲ ငါနားမလည်ဘူး”

​“နင် ဒီလောက်လှနေမှတော့ ငါစိတ်မချတော့ဘူးလေဟာ”

​“အပိုတွေ ဘယ်မှာလှလို့လဲ”

​“လှတာပေါ့ဟ နင်လှတာ နင်မသိဘူးလား”
332006
​ခင်ထားတယောက် မိခင်ဖြစ်သူမှာ ရေနွေးကြမ်း‌ သောက်ရင်း အလှူလုပ်မည့်ကိစ္စအား စိတ်ပါလက်ပါပြန် ပြောနေသဖြင့် သက်ကယ်ပစ်ရင်း ကျေနပ်စွာဖြင့်ပြုံးနေပါလေတော့သည်။

◾​အခန်း ၄

​အသောကရွာလေးရှိ ရှင်ပြုအလှူရက်သည် နီးသထက် နီးလာပြီဖြစ်သည်။ကွမ်းတောင်ကိုင်မိန်းကလေးများ၏ မိဘများသည်ကား ဦးထွန်းလှိုင်၏နေအိမ်သို့သွားကာ သူတို့၏ သမီးဖြစ်သူအတွက် ငွေများနှင့် လက်ဆောင်ပဏာများကိုပေးအပ်ကာ လာဘ်ထိုးနေသည်။ဦးထွန်းလှိုင်မှာဖြင့် ထိုသို့သူ့အား လေးစားစွာလာရောက်ပြောဆိုသော သူ များ၏သမီးများကို မထိပေ။သို့ပေမဲ့ သူ့အား မသိကျိုးကျွံပြုပြီး လေးစားမှုမပြသောသူများကိုဖြင့် အငြိုးထားတတ်လေသည်။ထိုသို့အလှူနီးလာချိန် ကွမ်းတောင်ကိုင်မိန်းကလေးများမှာဖြင့် အလှဆုံးအဝတ်အစားများကိုချုပ်ကာ အလှူတွင် အလှချင်းယှဉ်ပြိုင်ဖို့ကြိုးစားနေသလို ငွေမရှိသောသူများမှာဖြင့် သူမတို့၏အလှအပတို့မပေါ်ရန် ကြိုးစားယူသည်မှာလည်း တဒုက္ခဖြစ်လေသည်။ယခု တိုက်ထွန်းသည် သူ၏ရည်းစားဖြစ်သူ ခင်ထား လှပသည်ကိုသိထားသော်လည်း ရွာထဲတွင် မျက်နှာမပွင့်လေရာ လာမည့်အလှူအတန်း သူ၏ရည်းစားဖြစ်သူအား လှလှပပဝတ်ဆင်ကာဆင်နွှဲစေချင်နေသည်။ထို့အတွက် သူသည် ချစ်သူ ခင်ထားအတွက် ငွေကြေးအကုန်ကျခံကာ အလှဆုံးအဝတ်အစားများကိုဝယ်ယူပြီး ခင်ထား၏အိမ်သို့ ရောက်လာလေသည်။ထုံးစံအတိုင်း ခင်ထားမှာဖြင့် ဖျင်ကြမ်းအင်္ကျီအပွပွကြီးအားဝတ်ဆင်ကာ သနပ်ခါးပါးပါးလိမ်းပြီး သက်ကယ်ပစ်လို့နေပေသည်။တိုက်ထွန်းသည် သူ၏ရည်းစားဖြစ်သူ ခင်ထား သက်ကယ်ပစ်နေသည့်ဘေးတွင်ရပ်လိုက်ပြီး သူဝယ်လာသောအဝတ်အထည်တို့အားပြကာ ပြုံးရွှင်စွာဖြင့်စကားဆိုလေသည်။

​“ခင်ထား နင်အလှူမှာဝတ်ဖို့ ငါအဝတ်အစားတွေဝယ်လာတယ် မျက်နှာချေတောင်ပါလာသေး”

​“ဘာတွေဝယ်လာတာတုန်း ငါဘယ်တုန်းက အဲ့တာတွေ ဝတ်ဖူးလို့လဲ တိုက်ထွန်းရယ်”

​“အရင်က မဝတ်ဖူးပေမဲ့ အခုဝတ်ရမယ် ငါ့ဖြင့်လေ ကာလသားတွေကြားထဲမှာ မျက်နှာကိုမပွင့်ဘူး စိုးအောင် တောင် ကွမ်းတောင်ကိုင် ပန်းတောင်းကိုင်နဲ့ကြိုက်ပြီး တချိန်လုံးကြွားနေတာ ငါဖြင့် နားကြားပြင်းကပ်လှပြီ နင်က လှပါရက်နဲ့ လှလှပပမနေတော့ ငါ့မျက်နှာမပွင့်ဘူး ခင်ထား ဒီတခါတော့ လှလှပပလေးဝတ်စားစမ်းပါဟာ”

​“မဝတ်ချင်ပါဘူးဟာ ဝတ်လည်းမဝတ်တတ်ဘူး”

​“မဝတ်တတ်လို့ မရဘူး နင်ဝတ်ကိုဝတ်ရမယ် ငါ့ကိုချစ်ရင် ဒီအလှူမှာတော့ ဝတ်ပါစမ်းပါနော်”

“နင်ကလာတာ ငါက ကွမ်းတောင်ကိုင်ပန်းတောင်းကိုင်မှ မဟုတ်တာ ဝတ်လည်းဘာမှမထူးပါဘူး”

​“ထူးတာပေါ့ ငါချစ်သူက လှတပတလေးဆိုတာကြွားချင်ကြည့်ချင်တာပေါ့”

​“အလကားပါဟ နင်ကလည်း ငါတို့တွေကြားထဲမှာ အဲ့တာတွေ လိုလို့လား”

​“လိုတာပေါ့ နင်ကလည်း ငါတသက်လုံး နင်ပြောစကားနားထောင်လာတာဟာ လုပ်စမ်းပါ ဒီအလှူလေးမှာတော့ ဝတ်စမ်းပါဟာ ဒီတခါပဲဝတ်နော် အဲ့တာဆို နင်တို့အိမ်တိုက်ဖို့ လှည်းငှါးမယ် ငါနောက်ထပ် လှည်းနှစ်စီးပါ အလကားငှါးပေးမယ်”

​တောင်းပန်သည့်မျက်နှာဖြင့်ပြောနေသော တိုက်ထွန်းအား ခင်ထား အတော့်ကိုအားနာမိသွားသည်။ငယ်ပေါင်း သူငယ်ချင်းလည်းဖြစ် ချစ်သူရည်းစားဖြစ်ကာ သူ့အပေါ် အမြဲအလိုလိုက်ပြီး ကောင်းပေးခဲ့သည့် တိုက်ထွန်း၏ ဆန္ဒအား သူမဖြည်းဆည်းပေးမည်ဟုဆုံးဖြတ်လိုက်ကာ

​“ကဲ ဟုတ်ပါပြီ အဲ့လောက်ကြီးလည်းသဘောကောင်းစရာမလိုပါဘူးဟာ ဝတ်မယ် ဟုတ်ပြီလား စားပွဲပေါ်တင်ခဲ့”

​“နင်တကယ်ပြောတာနော် ခင်ထား”

​“တကယ်ပေါ့ဟာ”

​“ဝမ်းသာလိုက်တာဟာ”

​တိုက်ထွန်းတယောက် လွန်စွာဝမ်းသာလို့သွားလေ၏။ထို့ကြောင့် သူသည် အားရဝမ်းသာစွာဖြင့် သူဝယ်လာသည့်အဝတ်အထည်များကို စားပွဲပေါ်တင်လိုက်ပြီး ပြုံးရွှင်နေသောမျက်နှာဖြင့် သက်ကယ်ပစ်နေသော ခင်ထားအနားသို့ပြန်လာကာ စကားဆိုလေသည်။

​“ခင်ထား နင်တကယ်ပြောတာနော် တကယ့်အလှူနေ့မှမဝတ်ရင် ငါစိတ်ဆိုးမှာနော် ငါစိုးအောင်တို့ကို ကြွားထားမလို့”

​“အေးပါဆိုဟာ ငါ ဘယ်တုန်းက ကတိပျက်ဖူးလို့လဲ”

​“အေး အေး အဲ့တာဆိုလည်း ငါလှည်းသွားရှာလိုက်ဦးမယ်”

​“ဘာလှည်း သွားရှာမှာတုန်း”


“ငါ့မှာက လှည်းတစီးပဲရှိတယ်လေ အဲ့တော့ နောက်ထပ် လှည်းနှစ်စီးငှါးဖို့ရှာလိုက်ဦးမယ်”

​“အလှူပြီးမှ သွားမှာလေဟာ လိုသေးတာကို”

​“လိုမနေနဲ့ သစ်စိမ့်ဘက်ထိဆိုတော့ ညအိပ်ညနေ သွားရမှာ ကြိုရှာထားမှ တန်ရာကြမယ်”

​တိုက်ထွန်းသည် ထိုသို့ပြောပြီး အလျင်စလိုပင် ပျော်ရွှင်နေသည့်မျက်နှာဖြင့် အိမ်ဝိုင်းအပြင်ဘက်သို့ထွက်သွားလေသည်။တိုက်ထွန်းထွက်သွားပြီးမကြာမီ ဝက်သားတွဲအားလက်မှဆွဲကာ တဘက်အား ခေါင်းတွင်ပတ်ထားသည့် ခင်ထား၏မိခင်ဖြစ်သူ ဒေါ်ဝင်းစိန်ရောက်လာပြီး စားပွဲခုံပေါ်မှ အဝတ်ထည်များကိုတလှည့် သက်ကယ်ပစ်ရင်းပြုံးနေသော သမီးဖြစ်သူ ခင်ထားကို တလှည့် ကြည့်လိုက်လေသည်။ထို့နောက် ဆွဲလာသောဝက်သားတွဲအား မီးဖိုချောင်အတွင်း၌ ခပ်မြန်မြန်သွားထားလိုက်ပြီးနောက် စားပွဲတန်းလျားဆီသို့ပြန်လာပြီး သမီးဖြစ်သူ ခင်ထားအားလေသံအေးအေးဖြင့် မေးမြန်းလိုက်လေသည်။

​“ခင်ထား စောနက မောင်တိုက်ထွန်း အိမ်ကိုလာသွားတယ်မလား အမေလှမ်းမြင်လိုက်တယ်”

​“ဟုတ်တယ် အမေ လာသွားတယ် ကျုပ်အတွက် အဝတ်အစားတွေလာပေးတာ အမေ အဲ့ကောင် ဘယ်ကဘယ်လိုစောက်ရူးထလာလဲမသိဘူး ကျုပ်ကို အလှူမှာပြင်ပြင်ဆင်ဆင်နေဖို့ လာပြောတာ”
334003
မိန်းမကိစ္စလိုက်စားသဖြင့် သူနှင့်လုံးဝမပက်သတ်ရန် ရွာထဲရှိ မိန်းကလေးရှင်များအနေဖြင့် အတတ်နိုင်ဆုံးရှောင်ရှားကြလေသည်။အသောကရွာလူကြီးသည်ပင် ဦးထွန်းလှိုင်အားကြောက်နေရသည်။ အကြောင်းမှာ ဦးထွန်းလှိုင်သည် ဓနအားကိုးဖြင့် အာဏာကိုအလွဲသုံးစားလုပ်နေသောကြောင့်လည်းဖြစ်သည်။သူသည် မိန်းကလေးများအား အကြောက်တရားဖြင့်၎င်း၊ ဓနအားဖြင့်၎င်း ကိုယ်ထိလက်ရောက်ကျူးလွန်နေလေရာ ငွေကြေးပြည့်စုံသော သမီးရှင်များသည် ဦးထွန်းလှိုင်ကြောင့် အသောကရွာမှပြောင်းပြေးကြရသည်အထိ ဖြစ်သည်။ဦးထွန်းလှိုင်သည် ရွာသို့လာပြီး ဈေးရောင်းသည့် အမျိုးသမီးကိုပင် အဓမ္မကျင့်သည့်အထိဆိုးသွမ်းလေရာ ထိုရွာအား ဈေးသည်အမျိုးသမီးများကပါရှောင် ရှားကြလေသည်။​ယခု ခင်ထားဟုအမည်ရသော မိန်းမချောလေးတယောက်သည် မိခင်ကြီးနှင့်အတူ သက်ကယ်ပစ်ပြီးရောင်းချကာ ဝမ်းရေးအတွက်ဖြေရှင်းနေရသူဖြစ် သည်။သူမသည် အလုပ်ကိစ္စမှလွဲ၍ ရွာထဲသို့ သိပ်မသွားဖြစ်လေရာ အတော်များများသည် သူမအား အသောကရွာသူမှန်းမသိသည်အထိ အတော်အနေအေးသူဖြစ်ပြီး လက်ချိုးရေလို့လောက်သည့်အပေါင်းအသင်းတို့ဖြင့်သာ တခါတခါ၌ သောက်ရေခပ်ခြင်း၊သုံးရေခပ်ခြင်းတို့ပြုလုပ်လေ့ရှိသည်။သက်ကယ်ပစ်ခြင်းကိုသာ အဓိကလုပ်ကိုင်ပြီး သက်ကယ်ရောင်းချခြင်းကိုဖြင့် မိခင်ကြီးမှလုပ်ကိုင်ပြီး သက်ကယ်ရိတ်ခြင်းကိုဖြင့် သူ၏အခင်ဆုံးသူငယ်ချင်းဖြစ်သော တိုက်ထွန်းမှလုပ်ကိုင်ပေးလေ့ရှိသည်။သူမသည် အလှူအတန်းများတွင် လိုက်ပါလိုသော်လည်း ကွမ်းတောင်ကိုင်အဖြစ်တော့ မြင်တွေ့ခွင့်မရပေ။အဘယ့်ကြောင့်ဆိုသော် ဖျင်ကြမ်းအင်္ကျီပွပွကိုသာအမြဲဝတ်ဆင်လေ့ရှိသည့်အပြင် သနပ်ခါးဘဲကျားလိမ်းချယ်ကာ သူမ၏ အလှတရားတို့အားဖုံးကွယ်ထားလေ့ရှိသောကြောင့်ဖြစ် ၏။အနေအေးပြီး အလုပ်လုပ်သော ခင်ထားကြောင့် ခင်ထား၏အသက်နှစ်ဆယ်ပြည့်သည့်အချိန်အတွက်တော့ သူမတို့၏စီးပွားရေးသည် အတန်အသင့်ပြေလည်လာပြီး သစ်လုံးတိုင်၊ထရံကာ၊ကြမ်းခင်းအိမ်လေးမှသည် ပျဉ်ထောင်ပျဉ်ခင်းအိမ်ဆောက်နိုင်တော့မည့်အထိ အခြေအနေကောင်းလာလေသည်။​ယခု ခင်ထားသည် သူမ၏မိခင်ကြီး ဒေါ်ဝင်းစိန်နှင့်အတူ အိမ်အောက်တွင် စကားလက်ဆုံကျနေသည်။ဒေါ်ဝင်းစိန်သည် စားပွဲတန်း လျားတွင်ထိုင်၍ ရေစွတ်ထားသော ထဘီတထည်အား ပေါင်ပေါ်ခင်းပြီး သက်ကယ်ပစ်နေသည့် သမီးဖြစ်သူ ခင်ထားအား လှမ်း၍စကားဆိုလေသည်။

​“သမီး ခင်ထား အိမ်ဆောက်ဖို့ လက်သမား ကိုဝင်းတင့်တို့ကိုပြောပြီးပြီ အိမ်ဝယ်ဖို့လုပ်ရတော့မယ်”

​“အိမ်က ဘယ်သွားဝယ်ရမှာလဲ အမေ”

​“သစ်စိမ့်ရွာဘက်မှာတော့ အိမ်ကြီးအိမ်ကောင်းတွေပေါတယ်လို့တော့ ကိုဝင်းတင့်ကပြောတယ်တော့ အဲ့ဘက်က ဝယ်ရင်သက်သာမယ်ဆိုလား အဲ့တော့ အဲ့ကိုသွားဝယ်ကြပေါ့ ညည်းကသာ ဒီရွာမှာ အိမ်ဆောက်ချင်တယ်ပြောလို့သာ ငါကလက်ခံရတာ ငါ့အလိုဆိုရင်တော့ တခြားရွာကိုပြောင်းဝယ်တော့မှာ”

​“အမေကလည်း ကျုပ်ကတော့ ကျုပ်တို့စီးပွားဖြစ်တဲ့ ဒီရွာမှာပဲနေချင်တာ”

​“နေချင်တာဟုတ်တယ် အခုဆို ညည်းအသက်နှစ်ဆယ်ဖြစ်လာပြီ ဟို ထွန်းလှိုင်ကြီးအန္တရာယ်ကလည်းရှိသေးတယ်”

​“အဲ့ဒါတွေ မဆိုင်ပါဘူး အမေရယ် ကျုပ်တို့ရွာသူတွေက အကြောက်လွန်နေတာပါ ကျုပ်နဲ့ သူနဲ့ လမ်းမှာတောင်ဆုံသေးတယ် သူ့ကဖြင့် ကျုပ်ကိုလှည့်တောင်မကြည့်ဘူး”

​“ထွန်းလှိုင်ကြီးအကြောင်းကို ညည်းမသိဘူးနော်”

​“သိသင့်သလောက်လည်းသိပါတယ် အမေရယ် အခု အဲ့ဘိုးတော်ကြီးက အသက်ခြောက်ဆယ်နားကပ်နေပြီးမလား အရင်လိုလည်းမဆိုးတော့ပါဘူး ကျုပ်ကြားတာတော့ အဲ့လူကြီးက သူကသာဆိုးတာ သူ့တပည့်တွေကိုတော့ လုံးဝမိန်းကလေးတွေ အထိမခံဘူးဆို ဟုတ်လား အမေ”

​“အေး အဲ့တာတော့ဟုတ်တယ် ထွန်းလှိုင်ကြီးက သူကိုယ်တိုင်မကောင်းတာတွေလုပ်တာ သူ့တပည်တွေကိုတော့ မိန်းကလေးတွေကို လှမ်းကြည့်တာတောင်ကြိုက်တာ မဟုတ်ဘူး”

​“အမေရယ် ဘာမှမပူနဲ့ ကျုပ်က ရုပ်ရည်လည်းမရှိပါဘူးတော် အဲ့လိုဘိုးတော်ကလည်း ကျုပ်လိုမိန်းကလေးမျိုးကို မကြိုက်ပါဘူး ကျုပ်က အိမ်ဆောက်ပြီးရင် တိုက်ထွန်းနဲ့ ယူတော့မလားလို့”

​“နင်တို့ကြိုက်နေတာလည်း ကြာပြီမလား ယူတော့ယူသင့်နေပါပြီအေ”

​“အဲ့တာ ကျုပ် အိမ်သွားတိုက်ရင် တိုက်ထွန်းတို့ကိုခေါ်သွားမလားလို့လေ”

​“အိမ်သွားတိုက်တာ ညည်းက လိုက်သွားမလို့လား”

​“လိုက်သွားမယ်လေ အမေကလည်း ဘာဖြစ်လို့လဲ ကျုပ်တို့ အိမ်သွားတိုက်တာ ကျုပ်လိုက်ရမှာပေါ့”

​“ညည်း တယောက်တည်းလိုက်သွားမှာလား”

​“တယောက်တည်းတော့ ဘယ်ဟုတ်မလဲ ကြီးတော်အေးကြည်ကိုလည်းခေါ်ထားတယ် လှည်းက နှစ်စီးလောက်သွားမလားလို့လေ”

​“နှစ်စီးတောင်မရလောက်ဘူး တခါတည်းသုံးစီးလောက်ခေါ်သွား ကြားလား ကိုသန်းဆောင်းအလှူပြီးတာနဲ့ သွားတော့ လက်သမားကိုဝင်းတင့်ကိုပါ တပါတည်းခေါ်သွားကြ”

​“အင်းပါ အမေရယ် ဘာမှစိတ်မပူနဲ့ အိမ်လေးဆောက်ပြီး အလှူအတန်းလေးဘာ‌လေးလုပ်ဖို့လည်း တွေးဦး ကျုပ်က အလှူလေးအတန်းလေးလုပ်ချင်တယ် အမေက လုပ်ကိုမလုပ်ချင်ဘူး”

​“အလှုပ်အတန်းကတော့ လုပ်ချင်တာပေါ့အေ ဒါပေမဲ့ ပင်ပင်ပန်းပန်းရှာထားတဲ့ငွေကို မပြည့်စုံဘဲ မလှူချင်သေးလို့လေ”

​“အိမ်ဆောက်ပြီးရင်တော့ လှူရအောင်နော် အမေ”

​“အေးပါ စိတ်ချ စိတ်ချ အိမ်ဆောက်ပြီးရင်တော့ လှူတာပေါ့အေ”
359004
​နောက်တိုးနှင့် ဘိုးထင်တို့စကားကြောင့် ကျန်သူများမှာ စိတ်ဝင်စားသွားကြပြီး မေးမြန်းကြရင်း အုန်းနှဲပင်အောက်တွင် သရဲနှင့်လုပ်ခဲ့သည့်အပေးအယူအား ဘိုးထင်မှပြောပြလိုက်လေသည်။ထိုအခါ စနက်နှင့် နောက်တိုးတို့သည် ထိုသရဲမအကြောင်းကိုစိတ်ဝင်စားသွားပြီး သိလိုစိတ်များကြောင့် သရဲမအကြောင်းအားစပ်စုလာကြလေသည်။

​“ဘိုးထင် ငါတို့လည်း အခုည အိပ်မှာမှမဟုတ်တာကွာ မင်းခေါ်လာတဲ့ကောင်ကို မေးမြန်းလို့ရတယ်မလား”

​“ရတယ်လေ ဘာဖြစ်လို့တုန်း”

​“အဲ့တာဆို ဘယ်လိုဖြစ်ခဲ့ပြီး အခုဘဝရောက်နေတာလဲဆိုတာရယ် ပြီးတော့ သူ ဘာအကူအညီတောင်းမှာလဲ ဆိုတာရယ် မေးကြည့်လိုက်ရင်ကောကွာ”

​“ဟာဗျာ အဲ့တာတွေက အရေးကြီးလို့လား”

​“မင်းအနေနဲ့ အရေးမကြီးပေမဲ့ သူ့အတွက်တော့ ကြီးရင်ကြီးမှာပေါ့ကွ လုပ်စမ်းပါ မေးလို့ရရင်မေးစမ်းကွာ”

​“ဟုတ်တယ်ကွာ လုပ်စမ်းပါ မေးစမ်းပါ ငါတို့လည်းအားနေတာကို”

​စနက်နှင့် နောက်တိုးသည်သာမက ကျန်သောသူများပါ တိုက်တွန်းလာလေရာ ဘိုးထင်တယောက် မငြင်းသာတော့ဘဲ အများဆန္ဒအားလိုက်လျော့ဖို့ဖြစ်လာလေသည်။

​“မေးတာမြန်းတာလုပ်လို့တော့ ရပါတယ် ဒါပေမဲ့ တယောက်ယောက်တော့ဝင်ပူးခံမှဖြစ်မယ်နော်”

​“အဲ့တာဆိုလည်း သာအေးကိုယ်ထဲပဲဝင်ခိုင်းလိုက်လေကွာ ငါ့ကိုယ်ထဲတော့ မထည့်နဲ့ ငါ သူ့အကြောင်းနား ထောင်ချင်လို့”

​နောက်တိုးတယောက် သူ၏ကိုယ်အတွင်းဝင်ပူးခံဖို့ရာမဖြစ်နိုင်ကြောင်းဦးစွာငြင်းဆိုလာသဖြင့် ကျန်သူများသည် သာအေးအားကြည့်လိုက်ပြီး

​“သာအေး လုပ်ပါကွာ မင်းကိုယ်ထဲပဲအကပ်ခံလိုက်ပါ ငါတို့ သိချင်လွန်းလို့ပါ”

​“ဟုတ်တယ် လုပ်စမ်းပါကွာ”

​အားလုံးမှတောင်းဆိုလာလေသဖြင့် သာအေးတယောက်မငြင်းသာတော့ဘဲ ဘိုးထင်ကိုကြည့်လိုက်ပြီး

​“ဘိုးထင်ရေ အားလုံးကလည်းလုပ်စေချင်နေတာဆိုတော့ လုပ်ကွာ ပြီးရင် ငါ့ကိုတော့ပြန်ပြောပြဦးနော် အဲ့သရဲမဘာတွေပြောတယ်ဆိုတာ”

​“စိတ်ချပါကွာ သူ ငါတို့နဲ့အလုပ်တွေအများကြီးလုပ်ရဦးမှာကို”

​“သူ့နာမည်က ဘာကွ မေ့နေလို့”

​“ခင်ထားတဲ့ဟ နာမည်ကတော့ အပျံစားပဲ”

​“အေးကွာ အဲ့တာဆိုလည်း သရဲမခင်ထားကို ငါ့ကိုယ်ထဲဝင်ခိုင်းလိုက်တော့ကွာ”

​သာအေးသည် သူ၏အပေါင်းအသင်းများအားလုံး သိချင်စိတ်များဖြစ်ပေါ်နေသည့်အတွက် သူ၏ကိုယ်အတွင်း သရဲမဝင်ရောက်ပူးကပ်မည့်အရေးအားလက်ခံလိုက်လေသည်။ထိုအခါ ဘိုးထင်သည်လည်း ဦးခေါင်းကိုညိတ်ပြလိုက်ပြီးနောက် ချောင်းတချက်ဟန့်လိုက်ကာ အသံခပ်ကျယ်ကျယ်ဖြင့် အိမ်ဝိုင်းအဝင်ဝဘက်သို့ မျက်နှာမူကာ မာထန်သည့်လေသံဖြင့် အမိန့်ပေးလိုက်လေသည်။

​“အိမ်ဝိုင်းဝ မရမ်းပင်ပေါက်မှာ ထားထားတဲ့သရဲမ ခင်ထား နင့်ကို ငါခေါ်နေတယ် အခုချက်ချင်း ငါ့ရှေ့လာပြီး ငါ့အမိန့်နာခံစမ်း”

​ဘိုးထင်၏စကားဆုံးသည်နှင့် လေပူတချက်တိုက်ခတ်သွားကာ အိမ်ဝိုင်းအတွင်းမှ သစ်ပင်များလှုပ်ယမ်းမှုနှင့်အတူ သူတို့ရှိရာကွပ်ပျစ်ဆီသို့ အရိပ်မဲတခုသည် တုံ့နှေးသောခြေလှမ်းတို့ဖြင့် တဖြည်းဖြည်းချင်းတိုးကပ်လာနေ လေသည်။များမကြာသောအချိန်တွင်တော့ ထိုအရိပ်သည် ဘိုးထင်တို့ထိုင်နေသော ကွပ်ပျစ်အနီးသို့ရောက်ရှိလာပြီး အတော်ကိုကြည့်ရဆိုးသော နာနာဘာဝကောင်အဖြစ်သို့ အသွင်ပြောင်းကာရပ်နေသည်ကို မြင်တွေ့လိုက်ရပေသည်။ဘိုးထင်သည် သရဲမအား စူးရဲသောမျက်လုံးတို့ဖြင့်ကြည့်လိုက်ပြီး သာအေးထံလက်ညှိုးထိုးပြကာ

​“ကဲ ကောင်မ နင်သူ့ကိုယ်ထဲ ခဏဝင်ရမယ် ငါတို့မေးတာကို အမှန်အတိုင်းဖြေရမယ် ကြားလား ငါတို့မေးတယ်ဆိုတာ နင်အကူအညီတောင်းထားတာကိုကူညီပေးမလို့မေးတယ်ဆိုတာ နားလည်ထား ကြားလား”

​ဘိုးထင်၏ပြောစကားအား သရဲမသည် ဦးခေါင်းကိုညိတ်လို့နားလည်ကြောင်းပြလိုက်ပြီး သာအေးဆီသို့လျှင်မြန်သည့်အရှိန်ဖြင့်တိုးဝင်ကာ ပူးကပ်သွားလေတော့ သည်။သရဲမပူးကပ်သွားသည့်နှင့်တပြိုင်နက် သာအေး၏ ဟန်ပန်မှာလည်း ချက်ချင်းဆိုသလို သူမတူအောင်ပြောင်း လဲသွားပြီး ကွပ်ပျစ်တွင်ထိုင်ကာ သူ၏မဲနက်နေသည့်မျက်လုံးတို့ဖြင့် ဘိုးထင်ကိုကြည့်၍ တုန်ယင်ခြောက်ကပ်နေသည့်အသံဖြင့် မေးမြန်းလိုက်လေသည်။

​“နင်တို့ ငါ့ကိုဘာမေးမှာလဲ မေးကြ”

​“မေးမယ် နင်ဘယ်လိုဖြစ်ပြီး ဒီဘဝကိုရောက်လာတာလဲ”

​“အသတ်ခံရတာ မတရားကျင့်ပြီး အသတ်ခံခဲ့ရတာ”

​“ဘာ မတရားကျင့်ပြီး အသတ်ခံရတယ်ဟုတ်လား”

​ဝင်ရောက်ပူးကပ်ခံနေရသော သာအေး၏နှုတ်မှပြော လာသောစကားကြောင့် ဘိုးထင်အပါအဝင် အားလုံးသည် အတော်စိတ်မကောင်းဖြစ်သွားကြပြီး သိချင်စိတ်များလည်းပို၍တိုးလာကြသည်။ထို့ကြောင့် ဘိုးထင်မှ ဦးဆောင်ပြီး အခြေအနေအသေးစိတ်အား စိတ်လိုလက်ရမေးမြန်းလေရာ ရွာပြင်အုန်းနှဲပင်မှ သာအေးကိုယ်အတွင်းဝင်ပူးနေသော သရဲမသည် သူမလူ့ဘဝတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား ပြန်ပြောင်းပြောပြလာပါလေတော့သတည်း။

◾​အခန်း ၃

​အသောကဟုအမည်ရှိသောထိုရွာလေးသည် နာမည်နှင့်မလိုက်ဖက်စွာပင် ရွာထဲ၌ရှိသောရွာသူရွာသားအားလုံး သည် သောကဗရပွနှင့် အမြဲတစေနေထိုင်နေကြရသည်။ အကြောင်းမှာ ရွာထဲတွင်ရှိသော လူမိုက်ထွန်းလှိုင်အား ဂျပန်ခေတ်မှ ဂျပန်စစ်သားများထက်ပင် ပို၍ကြောက်နေရသောကြောင့်ဖြစ်သည်။အကြောင်းမှာ ယုတ်ရင်းကြမ်း တမ်းသည့်ဦးထွန်းလှိုင်သည် မြင်းတကောင်စီးကာ အပေါင်းအပါများနှင့်အတူ ရွာထဲတွင် ရမ်းကားနေသူဖြစ် သည်။သူသည်
345003
​"ဒီလိုမှခေါ်မသွားရင် ဘယ်လိုလုပ်မလဲ ငါတို့တာဝန်က သူ့ကို သူ့အမေကြီးဆီပြန်ခေါ်သွားဖို့ပဲမလား ကျန်တာ တို့ကိစ္စမဟုတ်ဘူး သူက ရုန်းပြေးရင်ပြေးမှာ အဲ့တော့ ချည်သင့်ချည်ထားရမှာပဲ"

​"အဲ့ဒါဆိုလည်း မင်းသဘောကွာ ရော့"

​သာအေးသည် ဘိုးထင်လုပ်မည့်ကိစ္စအပေါ် ကန့်ကွက်ခြင်းမရှိတော့ဘဲ လွယ်အိတ်ထဲမှ ကြိုးနှင့် အဝတ်အားပေးလိုက်သည်။ဘိုးထင်သည် မယ်ဝတီအားလှည်းပေါ်တွန်းတင်လိုက်ပြီး ကြိုးတုတ်ကာ ပါးစပ်ကိုလည်း အဝတ်တခုနှင့်ခပ်ကြမ်းကြမ်းစို့လိုက်ပြီး ပေတူးအား နောက်မှဖက်ကာ ထိန်းထားစေသည်။ထိုအချင်းအရာကိုမြင်နေရသော ဖိုးထွေးနှင့် သာရသည် ဘိုးထင်အနားသို့ ဒူးလေးကိုယ်စီနှင့်ကပ်လာကာ အသံခပ်အုပ်အုပ်နှင့် တောင်းဆိုမှုပြုကြလေသည်။

​"ဘိုးထင် ငါ သူ့ကို ပေတူးအစားထိန်းပေးမယ်လေ"

​"ဟုတ်တယ် ဘိုးထင် ငါ ထိန်းပေးမယ်"

​ထိုအခါ ဘိုးထင်သည် ဖိုးထွေးနှင့် သာရအား မကျေမနပ်ဖြင့်ကြည့်လိုက်ကာ

​"ခင်ဗျားတို့ကလည်း အရေးထဲ နှာဘူးလာထနေသေးတယ် အဲ့ဒါက သာမန်မိန်းကလေးတယောက်မဟုတ်ဘူး, နှာဘူးထမနေနဲ့ လုပ် လုပ် လှည်းကောက် ပြီးရင် မြန်မြန် မောင်းတော့ ကျုပ်နဲ့ သာအေး လှည်းနောက်ကလိုက်မယ်"

​"အေး အေး အေးပါကွာ မင်းကလည်း စိတ်ကြီးပဲ"

​"မြန်မြန်"

​အလျင်လိုနေသော ဘိုးထင်ကြောင့် ဖိုးထွေးနှင့် သာရတို့လည်း ဒူးလေးများအားကျောတွင်လွယ်လိုက်ပြီး နွားနှစ်ကောင်အားတစ်ယောက်တစ်ကောင်ကျစီ လှည်းတွင် ကောက်လိုက်ပြီးနောက် လှည်းပေါ်သို့တက်လိုက်ကြသည်။ ထို့နောက် ဖိုးထွေးမှ လှည်းကိုမောင်းလိုက်သလို သာရသည် လည်း ဒူးလေးကိုကိုင်ပြီး မယ်ဝတီ၏မျက်နှာအားခပ်ပြုံးပြုံးကြည့်ရင်းလိုက်ပါလာလေသည်။သာအေးနှင့် ဘိုးထင်မှာဖြင့် လှည်းနောက်မှနေ၍ အခြေအနေအားစောင့်ကြည့်ကာ လိုက်ပါလာသည်။ဤသို့ဖြင့် သူတို့သည် လရောင်အောက်၌ လာရာလမ်းအတိုင်း လှည်းဖြင့် ပြန်လာနေကြပါလေတော့ သည်။

​◾" အောက်လမ်းဘိုးထင် နှင့် ပြိတ္တာတို့ရွာ" သည်ကား ဤမျှသာ။ မကြာမီ" အောက်လမ်းဘိုးထင်နှင့် ကျတ်‌ လော နတ်‌လော" အမည်ရ ဇာတ်လမ်းလေးအား ဆက်လက်တင်ဆက်ပေးပါမည်။

#တင်ဆန်း
1,9300022
နက်မှောင်သောဆံပင်ရှည်ရှိပြီး မျက်လုံးမျက်ဖန် ကောင်း‌ကာ အတော်ကိုလှပသည့် မိန်းမချောလေးတဦးဖြစ်သည်။သူမသည် ရှေးမြန်မာအမျိုးသမီးများဝတ်ဆင်ကြသည် အဝတ်အစားတို့အားဝတ်ဆင်ထား၏။ယခု စိတ်ဆိုးဒေါသထွက်စွာကြည့်နေသောအကြည့်တို့သည်ပင် တမျိုးကလေးစွဲမက်ဖွယ်ကောင်းလှ၏။မိန်းကလေး၏အလှကြောင့် ဘိုးထင်တို့သည် ထိုမိန်းကလေးကိုကြောက်လန့်ရမယ့်အစား ငေးကြည့်နေမိကြသည်။မိန်းမချောလေးနှင့်​ခြားနားစွာ သူမ ၏အနောက်တွင်တော့ ခြေတစ်ချောင်းတည်းဖြင့် မြေပြင်တွင် ရပ်တန့်နေပြီး မျက်နှာထက်တွင် မျက်လုံးပေါင်းများစွာရှိသောပြိတ္တာကောင်သည် ကြောက်လန့်နေသည့်ဟန်ဖြင့် ဘိုးထင်တို့အားကြည့်နေသည်။ထို့နောက် ဘိုးထင်တို့သည် သူတို့အားရင်ဆိုင်ရန်အသင့်ဖြစ်နေသည့် မိန်းကလေးဆီသို့ တဖြည်းဖြည်းချင်းတိုးကပ်သွားလိုက်ပြီး ဘိုးထင်မှ အသံခပ်ကျယ်ကျယ်ဖြင့် မိန်းကလေးအားမေးမြန်းလိုက်လေသည်။

​“ခင်ဗျားက မယ်ဝတီလား”

​“နင်တို့ကို ပြောစရာလား နင်တို့ အခုချက်ချင်း ငါ့လှိုဏ်ဂူထဲကနေ ထွက်သွားကြစမ်း ငါတို့ကို ဒုက္ခလာမပေးနဲ့”

​“ကျုပ်တို့တာဝန်က ခင်ဗျားကိုပြန်ခေါ်ဖို့ပဲ ကျုပ်တို့နောက် လိုက်ခဲ့”

​“မလိုက်ဘူး နင်တို့ ရှေ့တိုးရဲရင် တိုးကြည့် မယ်ဝတီဘာလဲဆိုတာကိုသိစေရမယ်”

​သူမထိုသို့ခြိမ်းခြောက်လိုက်သော်လည်း ရှေ့ဆုံးတွင်ရှိနေသည့် ဘိုးထင်နှင့် ပေတူးတို့သည် တဖြည်းဖြည်းချင်းတိုးကပ်သွားနေလေသည်။သူတို့၏အနောက်တွင်တော့ ဒူးလေးကိုအသင့်ကိုင်ထားသည့် သာရ၊ဖိုးထွေးအပြင် ငှက်ကြီးတောင် ဓားကိုကိုင်ထားသည့် သာအေးတို့ရှိလေသည်။သူတို့အားလုံး ရှေ့တိုးလာချိန် မိန်းမချောလေးသည် မြေကြီးကိုဖနောင့်ဖြင့် ဆောင့်လိုက်သည်။ထိုအတွက် ဘိုးထင်တို့အားလုံးလှမ်းနေသည့်ခြေလှမ်းများအား ခေတ္တခဏရပ်တန့်လိုက်ကြရသည်။သို့ပေမဲ့ မည်သည့်ထူးခြားချက်မှမရှိသည့်အခါ ဆက်တိုးသွားကြပြန်သည်။မိန်းကလေးသည် ဖနောင့်ဖြင့်ထပ်ပေါက်ပါသော်လည်း မည့်သို့မျှထူးခြားမှုမရှိသဖြင့် အလွန်အမင်း အံ့ဩနေချိန် ဘိုးထင်နှင့် ပေတူးသည် ခပ်မြန်မြန်ပင် သူမ၏ လက်မောင်းရင်းအားကိုင်ဆွဲကာ ခေါ်ဆောင်လိုက်လေသည်။ ထိုအခါ မိန်းကလေးသည် နောက်သို့လှည့်ကြည့်ကာ

​“မောင်တော် နှမ မလိုက်ချင်ဘူး လုပ် လုပ်ပါဦး”

​မိန်းကလေးမှထိုသို့ပြောသည့်အခါ ခြေတစ်‌ချောင်းတည်းရှိပြီး မျက်နှာတွင် မျက်လုံးတို့များစွာရှိနေသော ပြိတ္တာကောင်သည် ကြောက်လန့်နေသည့်အသွင်ပျောက်ပြီး ဘိုးထင်နှင့် ပေတူးအား တိုက်ခိုက်ရန်ပြင်လိုက်လေသည်။ထိုအချိန်တွင်တော့ သာရနှင့် ဖိုးထွေးတို့မှ အသင့်ချိန်ထားသည့် ဒူးလေးဖြင့်ထိုပြိတ္တာကောင်အားပစ်လိုက်ရာ ပြိတ္တာကောင်၏ကိုယ်အားစိုက်ဝင်လို့သွားသည်။ထိုအခါ ပြိတ္တာကောင်သည် နာကျင်သွားကာ မျက်လုံးများအောက်ရှိ အနည်းငယ်သာကျယ်သော ပါးစပ်ကိုဟ၍ အော်ဟစ်လိုက်ချိန် လှိုဏ်ဂူမှာ တုန်ခါလို့သွား၏။ထိုအခါ ဘိုးထင်သည် လှိုဏ်ဂူအတွင်းမှ ချက်ချင်းထွက်ခွါကြရန်အတွက် သတိပေးလိုက်လေသည်။

​“ထွက် ထွက်ကြ တောင်အောက်ထိ ဆင်းဆင်း”

​ဘိုးထင်နှင့် သာအေးသည် မိန်းကလေးကိုအတင်းဆွဲကာ တုန်ခါနေသည့် လှိုဏ်ဂူအတွင်းမှာပြေးထွက်သွားလေသည်။ သူတို့နည်းတူ ဖိုးထွေး၊သာရ၊သာအေးတို့သည်လည်း နောက် မှပြေးလိုက်လာကြပြီး ကမ်းပါးယံပေါ်ခုန်ချကာ သူတို့တက်လာသည့် တောင်ခြေဆီသို့ အပြေးလေးဆင်းသွားလိုက်ကြပါလေတော့သည်။

◾​အခန်း (၈)

​"လွှတ် နင်တို့ ငါ့ကိုလွှတ်"

​ရှည်လျားနက်မှောင်သော ဆံပင်၊ရှေးမြန်မာအမျိုးသမီးများနှယ်ဝတ်ဆင်ထားသောအဝတ်အစား၊သွယ်လျသောကိုယ်ခန္ဓာနှင့် အတော်ကြည့်ကောင်းသော အမျိုးသမီးမှာ မယ်ဝတီပင်ဖြစ်သည်။သူမသည် ပေတူးနှင့် ဘိုးထင်တို့ဆွဲခေါ်လာရာ ထူးဆန်းသောပြိတ္တာတို့နေထိုင်သည့် ရွာပြင်အရောက် အတင်းရုန်းကန်ပြီး မောက်မောက်မာမာပြောဆိုကာလွှတ်ခိုင်းလေသည်။ဘိုးထင်နှင့် ပေတူးတို့သည်ကား မယ်ဝတီမည်မျှပြောဆိုနေသည်ကာမူ လွှတ်မပေးဘဲ သူတို့ထားထားသော နွားလှည်းဆီသို့ အတင်းဆွဲခေါ်မြဲ ဆွဲခေါ်နေသည်။လှည်းနားရောက်လာသောအခါ ဘိုးထင်သည် သူလက်ဆွဲထားသော မယ်ဝတီအား စူးစူးစိုက်စိုက်ကြည့်ကာ အသံခပ်မာမာနှင့် စကားဆိုလိုက်လေသည်။

​"ခင်ဗျား အမေနဲ့ ညီမဆီရောက်မှ ကျုပ်တို့လွှတ်မှာ ကျုပ်တို့ကိုပေးတဲ့တာဝန်ကိုတော့ ကျေအောင်လုပ်ရမှာပဲ"

​"နင် နင်တို့ ငါ့မောင်တော်ကိုနှိပ်စက်တယ် နင်တို့ကို မကျေနပ်ဘူး"

​"ခင်ဗျားမောင်က ကျုပ်တို့ကိုရန်ရှာတာလေ ကျုပ်တို့က လက်ပိုက်ကြည့်နေရမှာလား တက်စမ်း လှည်းပေါ်ကို"

​"မတက်ဘူး ငါ့အစွမ်းတွေထုတ်သုံးလို့မရလို့ နင်တို့သက်သာတယ် မှတ် နင်တို့ကို လုံးဝ မကျေနပ်ဘူး"

​"ခင်ဗျား သောက်စကားတော်တော်များတာပဲ သာအေး ကြိုးနဲ့ အဝတ်ပါလာလား"

​ဘိုးထင်သည် ပြောပြောဆိုဆို သာအေးအားမေးလိုက်ရာ ငှက်ကြီးတောင်ဓားကိုကိုင်ပြီး သူတို့လာရာလမ်းအားကြည့်နေသည့် သာအေးမှ ဦးခေါင်းက်ုညိတ်ပြလာပြီး

​"လိုရမယ်ရတော့ ကြိုးတချောင်းထည့်လာတယ် အဝတ်ကတော့ အင်္ကျီတစ်ထည်တော့အပိုပါလာတယ်"

​"ပါရင် ပေးစမ်းကွာ သူ့ကို ငါတို့ ကြိုးနဲ့တုတ်ခေါ်လာမယ် စကားကလည်းများသေး မထူးပါဘူး ပါးစပ်ကိုပါ အဝတ်စနဲ့စို့ထားမယ်ကွာ"

​"ဖြစ်ပါ့မလား, သူ့အမေကြီးသိရင်မကောင်းဘူး ထင်တယ်နော် ဘိုးထင်"
1,5100010
မန္တန်တပုဒ်အားရွတ်ဖတ်လိုက်လေသည်။​မန္တန်ရွတ်လိုက်သည်နှင့် သူလှမ်းပစ်လိုက်သော အစီအရင်အရုပ်သည် မီးများတောက်လောင်နေသည့် နွားသိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး တောင်ကမ်းပါးရှိ မြေတွင်းများအား ဝှေ့ကာ တွင်းအတွင်း ပြေးဝင်သွားလေတော့သည်။ဘိုးထင်၏ မီးလောင်နေသော အစီအရင်နွားဝင်သွားပြီး မကြာမီ တွင်းများအတွင်းမှ ကိုယ်ခန္ဓာသည် မိကျောင်းတစ်ကောင်ကဲ့သို့သောအကြေးများရှိပြီး မျက်လုံးတစ်လုံးတည်းသာ ထိပ်တွင်ပေါက်နေသည့် ပြိတ္တာကောင်များထွက်လာကြသလို အခြား သောတွင်းများအတွင်းမှလည်း သဏ္ဍန်စုံ‌သော ပြိတ္တာများလည်းထွက်လာကြသည်ကိုတွေ့လိုက်ရလေသည်။သူတို့သည် ဘိုးထင်၏အစီအရင်နွားဝှေ့သည့်ဒဏ်ကိုမခံနိုင်၍ နေထိုင်ရာတွင်းအတွင်းမှ ထွက်လာခြင်းပင်ဖြစ်သည်။​အစီအရင်နွားကြီးသည် ထိုတွင်းများကိုသာမက တောင်ကမ်းပါးရံရှိ အခြား သောမြေတွင်းများအတွင်းသို့ဝင်ဝှေ့ပြန်ရာ စပါးကြီးမြွေကဲ့သို့ ကိုယ်ခန္ဓာနှင့် လူမျက်နှာရှိသော အကောင်များသည်လည်း တွင်းအတွင်းမှလျှောတိုက်ပြီး အပြင်သို့ပြေးထွက်လာပြန် သည်။ထိုအခါ ဘိုးထင်သည် လက်နက်များကိုချ၍ နားပိတ်ထားသော ဖိုးထွေး၊သာရ၊ပေတူးနှင့် သာအေးတို့အား အသံခပ်မာမာဖြင့် သတိပေးလိုက်လေ၏။

​“ဟေ့လူတွေ မြန်မြန် လက်နက်တွေပြန်ကောက် ပြိတ္တာကောင်တွေထွက်လာပြီ တစ်ကောင်ကို ရအောင်ဖမ်းမယ်”

​ဘိုးထင်၏ခပ်ကျယ်ကျယ်ကြွေးကြော်မှုကြောင့်နှင့် ကျန်သောသူများလည်းအသိပြန်ဝင်လာပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အနေအထားကိုသတိပြုမိသွားကာ သူတို့၏ လက်နက်များကိုပြန်ကောက်လိုက်ပြီး ကမ်းပါးယံရှိ တွင်းထဲမှထွက်လာသော ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့် ပြိတ္တာကောင်များအားကြည့်ကာ တစ်ကောင်ကောင်အားဖမ်းအတွက်ဆီးရန် ပြင်လိုက်လေသည်။မျက်လုံးတို့သည် ချိုင့်ခွက်ဝင်နေပြီး နံရိုးအပြိုင်ပြိုင်ထနေကာ မဲနက်နေသည့် အသားအရည်၊အပြင်သို့ပြူးထွက်နေပြီး ခြေခွင်နေလျက်ကပင် သူတို့၏အရှေ့မှနေ၍ ထော့နင်းထော့နင်းနှင့်ပြေးနေသည့် ပြိတ္တာကောင် အနောက်ဆီသို့ ပြေးလိုက်သွားလေသည်။ဘိုးထင်ပြေးလိုက် နေသည်ကိုမြင်သော ကျန်သူများသည်လည်း ဘိုးထင်နောက် မှလိုက်သွားကြလေသည်။​ထို့နောက် သုနိဇ္ဈာပကအနွယ်ဝင်ပြိတ္တာကောင်အား ဘိုးထင်မှကုတ်ခဲဖမ်းဆီးလိုက်ချိန်တွင် ထိုပြိတ္တာကောင်ထံမှ အတော်ဆိုးသောအနံ့အသက်များကြောင့် ဘိုးထင်မှာပျို့သွားလေ၏။သစ်ပင်အားမီးလောင်ကျွမ်းထား၍ ငုတ်သာကျန်ခဲ့သည့်နှယ် တကိုယ်လုံးသည် မဲနက်နေပြီး မျက်လုံးမှာအပြင်သို့ထွက်ကာ နံရိုးအပြိုင်းပြိုင်းထနေသည့် ကိုယ်လုံးတီးပြိတ္တာကောင်အားဖမ်းမိချိန်တွင် ဘိုးထင်သည် လည်ပင်းအားညှစ်လိုက်ပြီး သူသိလိုသောအကြောင်းအရာများအားမေးလိုက်လေသည်။

​“မယ်ဝတီ ဘယ်မှာလဲ အခု ပြော”

​ပြိတ္တာကောင်သည် တောင်ကမ်းပါးယံမှ ကျင်းတကျင်းအားကြောက်ကြောက်လန့်လန့်ဖြင့် လက်ညှိုးထိုးပြနေလေရာ ဘိုးထင်သည် ထိုပြိတ္တာကောင်အားလွှတ်ပေးလိုက်ပြီးလျှင် ရင်ဘတ်အား လက်နှင့်ဖိကာ ပျို့လိုက်ရင်း

​“အတော်နံတာပဲကွာ”

​“အေး ဒါ ပြိတ္တာတွေလား”

​“ဟုတ်မယ် ပုံစံတွေကလည်း အစုံပဲ စပါးကြီးမြွေကြီးလိုနဲ့, လူပုံစံတွေကောပါသေးတယ် မင်းအစီအရင်ကြောင့်သာ ဒီကောင်တွေ ကြောက်ပြီးပြေးတာ ”

​“အ‌စောကောင်ကိုမေးတာတော့ ဟိုးက တွင်းကို လက်ညှိုးထိုးပြတယ်, ကျုပ်တို့ အဲ့တွင်းကိုပဲသွားကြမလား”

​ဘိုးထင်သည် သူတို့အားကြောက်လန့်၍ထွက်ပြေးသွားကြသော ပြိတ္တာများမရှိတော့သွားသည့်အခါမှသာ မျက်စိရှုပ်သက်သာသွားပြီး လူတယောက်ကောင်းကောင်းဝင်နိုင်သည့် တောင်ကမ်းပါးယံမှတွင်းတခုအား လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ထို့နောက် သူတို့သည် ဆိုးရွားသောအနံ့အသက်များကို အောင့်အီးသည်းခံ‌နေကြသည်။အစီအရင်နွားလည်း ပျောက်သွားပြီဖြစ်ပြီး ထိုအစီအရင်နွားဝင်ရောက်မဝှေ့သေးသော ပြိတ္တာကောင်ညွှန်ပြခဲ့သည့်တောင်ကမ်းပါးယံမှတွင်းဆီသို့ ခက်ခက်ခဲခဲတက်ရောက်သွားကြပါလေတော့သည်။

◾​အခန်း (၇)

​လူတစ်ရပ်စာအမြင့်ရှိပြီး ခြောက်ပေမျှကျယ်သော လှိုဏ်ခေါင်းတခုအတွင်း၌ဖြစ်သည်။ညှို့စို့စို့အောက်သိုးသိုးအနံ့မှာ အတော်မနှစ်မြို့ဖွယ်ကောင်းလွန်းလှပေသည်။လှိုဏ်ခေါင်းအတွင်းသို့ရောက်ချိန် အမှောင်ထုသည် တစ်ထက်တစ်စပိုမှောင်လာလေသည်။မကြာသောအချိန်တွင်တော့ ထိုလှိုဏ်ခေါင်းအတွင်းတွင် မီးအလင်းရောင်တစ်ခုစတင်ထွက်ပေါ်လာ လေသည်။​ထိုမီးအလင်းရောင်အားဖန်တီးလိုကသူမှာ လှိုဏ်ခေါင်းအတွင်းဝင်လာသူများအနက် ဘိုးထင်ပင်ဖြစ်သည်။သူသည် ပညာအစွမ်းဖြင့် အစီအရင်မီးအားဖန်တီးထားပြီး အစီအရင်မီးကြောင့် လှိုဏ်ဂူ၏မြေသားနံရံများအားအတိုင်းသား မြင်တွေ့နေရကာ အနံ့သက်သည်လည်း အတော်ဆိုးရွားလာ ၍ ဘိုးထင်တို့မှာဖြင့် လက်နှင့် နှာခေါင်းကိုပိတ်လိုက်ရသည်အထိဖြစ်သွားသည်။ထိုသို့ဖြင့် လှိုဏ်ခေါင်းအတွင်းဝင်လာကြရာ အတန်ကြာသည့်အခါတွင်တော့ လှိုင်ခေါင်းအဆုံးသို့ ရောက်ရှိသွားပြီး နောက်ထပ်အစီအရင်မီးတောက်အား ဘိုးထင်ဖန်တီးလိုက်ချိန် အစီအရင်မီးတောက်အောက်တွင် သူတို့အား ခါးထောက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့်စူးစူးစိုက်စိုက် ကြည့်နေသည့် မိန်းမတစ်ယောက်အားတွေ့လိုက်ရသည်။​သူမသည် သူတို့တွေ့မြင်ခဲ့ရသည့် ပြိတ္တာများနှင့်အတော်ခြားနားစွာ ချောမောလှပလွန်းသည့်မိန်းမတစ်ယောက်ဖြစ်သည်။ သူမသည်
1,380007
တောင်ကြီးတစ်လုံးတည်ရှိနေသည်မှာ အံ့ဩစရာတော့ကောင်းပေသည်။
​ညအချိန်ဖြစ်သည့်တိုင် တောင်ပတ်ဝန်းကျင်ရှိ မြေလွတ်မြေရိုင်းများအား လရောင်အောက်တွင် အတိုင်းသားမြင်နေရသော်လည်း ထိုတောင်ကြီးကိုဖြင့် အနီးသို့ရောက်မှမြင်တွေ့ရလေသည်။လှည်းလေးသည် တောင်အနားသို့တရွေ့ရွေ့နှင့်သွားလိုက်ပြီးနောက် မြူဆိုင်းနေသည့် တောင်ခြေတွင် လှည်းလေးရပ်တန့်လို့သွားသလို လှည်းပေါ်၌ သတိနှင့်လိုက်ပါလာသူများလည်း အနားရောက်မှမြင်တွေ့လိုက်ရသော တောင်ကြီးကိုကြည့်ကာ သူတို့၏ထင်မြင်ချက်များအား အသံခပ်အုပ်အုပ်ဖြင့်ပြောနေကြလေသည်။

​“ဘိုးထင် ငါတို့လှည်းတော့ ဒီနားမှာရပ်သွားပြီ ငါတို့ ဘာဆက်လုပ်ရမလဲမသိဘူး”

​“ဟုတ်တယ် ကျုပ်တို့သွားရမယ့်လမ်းက ဒီတောင်ကုန်းပဲ နေမယ် ဆင်းကြမယ်ဗျာ လှည်းကိုတော့ ဒီအနားမှာပဲထားခဲ့ကြမယ်”

​ဘိုးထင်တို့သည် ပြောပြောဆိုဆို လှည်းပေါ်မှဆင်းလိုက်ကြသည်။သူတို့သည် ယခုကဲ့သို့ခရီးစဉ်မျိုးသွားရာတွင် အတွေ့အကြုံရှိသူများပီပီ သတိအမြဲကပ်ထားကြသည်။ဘိုးထင်သည်လည်း မကောင်းဆိုးဝါးများကိုပစ်ခတ်တိုက်ခိုက်ရာတွင်ထိရောက်မှုရှိစေရန် ဖိုးထွေး၊သာရတို့၏ဒူးလေးမြှားတံများတွင် အစီအရင်များလုပ်ပေးထားသလို သာအေးနှင့် ပေတူးတို့၏ငှက်ကြီးတောင်ဓားများကိုလည်း အစီအရင်ချပေးထား၏။​ထို့နောက်တွင် ဖိုးထွေးနှင့် သာရတို့သည် လှည်းမှနွားတို့ကိုဖြုတ်ပေးလိုက်ကာ လှည်းရံတိုင်တွင် ချည်လိုက်ကြပြီး ဘိုးထင်မည်သို့ပြုလုပ်မည်ကို စောင့်ဆိုင်းလို့နေကြသည်။ ဘိုးထင်သည် လွယ်အိတ်ထဲမှအစီအရင်တချို့ကိုယူပြီးနောက်မန္တန်ကိုရွတ်ကာ သူတို့သွားရမယ့်လမ်းဆီသို့ပစ်ပေါက်လိုက်သည်။သူပစ်ပေါက်လိုက်သည့် အစီအရင်သည် မြေပြင်နှင့်ထိ သည်နှင့် မီးများလောင်ကျွမ်းသွားကာ မြူများဆိုင်းနေသည့် တောင်တက်လမ်းအား ထိုက်သင့်သလောက် မြင်လိုက်ရ၏။ဘိုးထင်သည် အစီအရင်မီးများကြောင့် မြူဆိုင်းနေသည့် တောင်တက်လမ်းအားသေချာကြည့်လိုက်ကာ ခေတ္တစဥ်းစား နေလိုက်ပြီးနောက် သူ၏အနောက်တွင်ရှိသော ဖိုးထွေးတို့အား အသံခပ်အုပ်အုပ်ဖြင့် စကားဆိုလိုက်သည်။

​“ကိုဖိုးထွေး ဟိုအမေကြီးပြောတာ ကျုပ်တို့သွားခေါ်ရမယ့်သူရဲ့နာမည်က ဘယ်သူလဲ”

​“ဘယ်အမေကြီးလဲ ငါတို့ကိုလိုက်ပို့တဲ့ အမေကြီးလား”

​“ဟုတ်တယ်လေ”

​“သူပြောတာတော့ မယ်ဝတီဆိုလားပဲကွ”

​“ဟုတ်တယ် ဟုတ်တယ် မယ်ဝတီ ကျုပ်တို့ခေါ်ခိုင်းတဲ့အမေကြီးသမီးဆိုတော့ ရုပ်ကတော့သန့်မယ်ထင်တယ်”

​“ငါတို့လည်း အဲ့လိုပဲထင်တယ် အခုဘယ်လိုလုပ်ကြမလဲ ဘိုးထင် ဒီလမ်းအတိုင်းသွားမှာလား”

​“စွန့်စားရမှာပေါ့ဗျာ သွားစရာဆိုလို့ ဒီတလမ်းပဲရှိတာကို ကဲ အားလုံး သတိဝီရိယနဲ့နေကြဗျာ သူတို့ရန်မပြုရင် ဘာမှမလုပ်နဲ့ ရန်ပြုရင်တော့ ညှာစရာမလိုဘူး ချသာချလိုက်ကြဗျာ”

​“အေး အေး စိတ်ချ”

​ဤသို့ဖြင့် သူတို့သည် သတိဝီရိယကြီးစွာဖြင့် အစီအရင်မီးတောက်ကြောင့် သာမန်ထက်ပိုလင်းနေသည့်မြူဆိုင်းနေသော တောင်တက်လမ်းဆီသို့ဝင်ရောက်သွားကြလေသည်။ သူတို့ဝင်ရောက်သွားသည်နှင့် တောင်တက်လမ်းတွင် တောက်လောင်နေသည့် အစီအရင်မီးသည်လည်း တဖြည်းဖြည်းချင်းငြိမ်း၍သွားပါလေတော့သည်။

◾​အခန်း (၆)

​မြူများရစ်ဆိုင်းပြီး အလင်းရောင်ခပ်သဲ့သဲ့သာမြင်တွေ့ရသောကြောင့် မည်သည့်အချိန်ရှိပြီဆိုခြင်းအားခန့်မှန်း၍မရနိုင်ပေ။လမ်းဘေးဝဲယာတစ်လျှောက် ခါးပန်းစောင်းများတွင် တူးထားသော မြေတွင်းများထဲမှ ရယ်သံမောသံများ၊ဆူပူ အော်ငေါက်သံတို့အား အတိုင်းသားကြားနေရသည်။ယခု ဘိုးထင်တို့သည် ထိုကမ်းပါးယံများဘေးရှိ မြေသားလမ်းလေးတွင် လမ်းလျှောက်နေကြသည်။​ဒူးလေးကိုင်ထားသည့် ဖိုးထွေး၊သာရ၊ဓားကိုင်ထားသည့် သာအေးနှင့် ပေတူးတို့သည်လမ်းအပြည့်၌ နေရာယူလမ်းလျှောက်ရင်း ရှိသမျှအရပ်မျက်နှာအား ကောင်းစွာသတိထားရင်းနေကြသည်။ထို့နောက် ဦးဆောင်သူဖြစ်သော ဘိုးထင်သည် အားလုံးသတိရှိရန်အတွက် အသံခပ်အုပ်အုပ်ဖြင့်သတိပေးလေသည်။

​“အားလုံး သတိထားကြဗျာ တကယ်လို့ ရန်ပြုလာရင် တိုက်သာတိုက်”

​“ငါတို့ မယ်ဝတီကိုဘယ်လိုရှာကြမှာလဲ ဘိုးထင်”

​“ကျုပ်တို့ ဒီတိုင်းရှာလို့ကတော့ရမယ်မထင်ဘူး တစ်ယောက်ယောက်ကိုတော့မေးရမယ်ထင်တယ်”

​“ငါလည်း အဲ့လိုပဲထင်တယ် အခုထိတော့ လမ်းမှာ ဘယ်သူမှမတွေ့ဘူးကွ မြေတွင်းတွေထဲကတော့ အသံတွေကြား နေရတာပဲ”

​“အေးဗျာ ကျုပ်တို့ ဆက်သွားကြည့်ကြတာပေါ့”

​ဘိုးထင်တို့သည် ပြောပြောဆိုဆိုမြေသားလမ်းအတိုင်း သွားနေကြသည်။တောင်ကမ်းပါးယံရှိ မြေတွင်းများထဲမှ ရယ်မောသံများသည် သူတို့အားလှောင်ရယ်နေသယောင်ရှိပေ၏။ကမ်းပါးယံမှ မြေတွင်းများမှာဖြင့် ပုံစံမတူကြပေ။ ကျယ်သည့်တွင်းမှာ အတော်ကိုကျယ်ပြီး ကျဉ်းသည့်တွင်းမှာဖြင့် လူတစ်ကိုယ်စာဝင်ဆံ့ရန်ကိုပင် အတော်ခက်ခဲမည်ထင် ပါသည်။​တဖြည်းဖြည်းကျယ်လောင်သောလှောင်ရယ်သံများကြောင့် ဘိုးထင်တို့သည် စိတ်ရှုပ်ထွေးလာပြီး ဘိုးထင်မှလွဲ၍ ကျန်သောသူများသည် သူတို့ကိုင်ထားသော လက်ထဲမှ လက်နက်များကို မြေပြင်ပေါ်ပစ်ချလိုက်ပြီး လက်ဖြင့်နားကို ပိတ်ထားရသည်အထိဖြစ်လာသည်။ဘိုးထင်တစ်ယောက် အခြေအနေမကောင်းတော့သည်ကိုရိပ်စားမိသဖြင့် အတော်ကျယ်ဝန်းပုံရသော တောင်ကမ်းပါးယံမှတွင်းတခုထဲသို့ သူ၏ လွယ်အိတ်ထဲမှ အစီအရင်တချို့ကိုထုတ်ကာ ပစ်ပေါက်လိုက်ရင်း
1,050006
​ဒူးလေးကိုင်ထားသည့် ဖိုးထွေးနှင့် သာရအပြင် ငှက်ကြီးတောင်ဓားကိုကိုင်ထားသော သာအေးနှင့် ပေတူးတို့မှလည်းမေးမြန်းလာလေရာ ဘိုးထင်တစ်ယောက် သူ၏အစီအရင်လွယ်အိတ်အတွင်းလက်နှိုက်ရင်းက ခေတ္တမျှတွေး တောကာစကားဆိုလာလေသည်။

​“ရှေ့က အမေကြီးကတော့ ဘာမှမလှုပ်ရှားသေးဘူး ကျုပ်တို့စပြီးလှုပ်ရှားလို့တော့မကောင်းဘူးထင်တယ်”


​“အဲ့တာလည်းဟုတ်တာပဲ အဲ့တာဆို အခြေအနေကို စောင့်ကြည့်ကြတာပေါ့ကွာ”

​ဘိုးထင်တို့သည်ထိုသို့တီးတိုးတိုင်ပင်လိုက်ကြပြီးနောက် သတိကြီးစွာနှင့် အခြေအနေအားစောင့်ကြည့်နေလိုက်ကြသည်။မကြာသောအချိန်တွင်တော့ အမယ်အို၏ခြေလှမ်းတို့ ရပ်တန့်သွားခြင်းနှင့်အတူ သူတို့၏နွားလှည်းလေးလည်း ရပ်တန့်သွားလေ၏။အမယ်အိုသည် သူတို့၏ဘေးတိုက်ဆီမှ ပေါ်ထွက်နေသည့် ညံစီနေသောသတ်မည်ဖြတ်မည်တကဲကဲကြိမ်းဝါးနေသူများရောက်အလာကို ရှေ့မှနေ၍ကြိုတင်စောင့် စောင့်ဆိုင်းနေသည်။သူမသည် လှည်းပေါ်မှ ဘိုးထင်တို့အား ကြည့်လာပြီး

​“မောင်ရင်လေးတို့ ဘာမှမပူနဲ့ ဒီကောင်တွေက အနိုင်ကျင့်လို့ရမလားဆိုပြီးလာတာ လူတွေရောက်လာတယ်ဆိုတာနဲ့ သူတို့အတွက် အစာရပြီထင်နေတာလေ ကျုပ်ကိုမြင်ရင် ဒင်းတို့ ထွက်ပြေးမှာ ကြည့်နေလိုက်”

​အမယ်အိုသည် ထိုသို့ပြောပြီး ဘိုးထင်တို့၏လှည်းဘေးတွင် ခါးကုန်းကုန်းဖြင့် တောင်ဝှေးကိုထောက်ကာမတ်တတ် ရပ်လို့နေသည်။

​မကြာသောအချိန်တွင် လှည်းရံတိုင်များ၌ ချိတ်ဆွဲထားသော မီးအိမ်အလင်းရောင်နှင့် ကောင်းကင်၌သာနေသည့် လတို့၏အလင်းရောင်ကြောင့် နွားများအားရိုက်နှက်ဆဲဆိုပြီး အမြန်မောင်းနှင်လာနေသော လှည်းများသည် အမယ်အိုနှင့် မျက်နှာချင်းဆိုင်ဆီသို့ရောက်လာကြလေသည်။အမယ်အိုကို မြင်သည်နှင့် ရှေ့ဆုံးမှ နွားလှည်းသည် နွားကြိုးအားအတင်းဆောင့်ဆွဲကာလှည်းကိုရပ်လိုက်ပြီး နှုတ်မှလည်း မယုံမကြည်နိုင်ဖြစ်နေသည့်ဟန်ဖြင့် အသံခပ်ကျယ်ကျယ်နှင့်ပင် နောက်မှလှည်းများအား အော်ဟစ်ပြောဆိုလိုက်လေသည်။

​“အစောင့်အမေကြီး ရောက်နေတယ်ဟေ့ ရပ်ကြ ရပ်ကြ”

​ရှေ့ဆုံးမှ လှည်းမောင်းလာသူသည် ထိုသို့အော်ပြီး ကျန်လှည်းများအား သတိပေးလိုက်လေသည်။လှည်းပေါ်ပါလာသောသူများအားလုံးသည် သျှောင်ထုံးကိုယ်စီနှင့်ဖြစ်ပြီး အပေါ်ပိုင်းဗလာကျင်းအပြင် ခါးတောင်းများကျိုက်လို့ထားပြီး လက်တွင်လည်း နွားကြိမ်လုံးအစား ကြီးမားသောဓားကြီးများကိုကိုင်ဆောင်ထားကြသည်။သူတို့၏ပုံပန်းသဏ္ဌာန်သည် လရောင်အောက်တွင်တော့ နွားလှည်းဖြင့် စစ်တိုက်ထွက်လာသူများနှင့်ပင် တူချေ၏။သူတို့၏လှည်းဆီမှ နွားများသည်မျက်လုံးများနီရဲနေပြီး ချိုများမှာလည်း သွေးထားသည့်အလားချွန်မြနေကာ နွားနက်များဖြစ်ကြလေသည်။​ထိုထူး ဆန်းသော နွားလှည်းများသည် ရုတ်တရက်ရပ်သွားသည့် အတွက် ရုန်းရင်းဆန်ခတ်ဖြစ်သွားသဖြင့် နွားများအား ငေါက် ငမ်းကာ ထိန်းကျောင်းသူက ထိန်းကျောင်း၊အမယ်အိုကိုကြည့်ကာ ကြောက်လန့်တကြားဖြင့် လှည်းနောက်ပြန်လှည့် ပြေးသူက လှည့်ပြန်ဖြင့် ရုတ်ရုတ်သဲသဲလို့ဖြစ်နေသည်။အမယ်အိုမှာဖြင့် ထိုမြင်ကွင်းအား ခေတ္တခဏကြည့်နေပြီး တောင်ဝှေးအား မြေပြင်နှင့်ဆောင့်လိုက်ကာ ရုပ်သွင်နှင့်မလိုက်ဖက်စွာပင် ကျယ်လောင်သောလေသံနှင့်အော်ပြောလိုက်လေသည်။

​“ငါ့နယ်ထဲကိုဝင်လာတာ ဘယ်က ကျတ်တစ္ဆေတွေလဲ ဟေ့”

​“ကျုပ် ကျုပ်တို့ မှားဝင်လာတာပါ အမေကြီး အခုပဲပြန်ပါတော့မယ်”

​“နင်တို့ ငါ့မိတ်ဆွေတွေကိုနှောက်ယှက်မလို့လာတာမလား”

​“မ မဟုတ်ပါဘူး”

​“ဟုတ်နေရင်လည်း နင့်တို့အကြံတွေကို စွန့်လိုက်ကြ နင့်တို့တွေ ဒီ့ထက်ဆိုးတဲ့ဘဝကိုမရောက်ချင်ရင် ငါ့တာဝန်ကို မနှောက်ယှက်နဲ့, ကြားလား”

​“ဟုတ် ဟုတ်ကဲ့ ကျုပ်တို့သွားတော့မယ်”

​ထူးဆန်းသောနွားလှည်းများသည် ကြောက်ကြောက်လန့်လန့်ဖြင့် လှည်းများကိုပြန်ကွေ့ကာ အလျင်စလိုဖြင့်ထွက်ပြေးသွားကြလေသည်။ထိုလှည်းများထွက်ပြေးသွားသောအခါမှ အမယ်အိုသည် လှည်းပေါ်မှ ဘိုးထင်တို့ဖက်သို့လှည့်ကြည့်လာကာ

​“မောင်ရင်လေးတို့ ဘာမှစိတ်မပူနဲ့, ကျုပ်နယ်မှာ မောင်ရင်လေးတို့ကို ဘယ်သူကမှနှောက်ယှက်ရဲမှာမဟုတ်ဘူး ကဲ ကျုပ်တာဝန်ကတော့ ဒီအထိပဲ အပြန်ကျမှ ကျုပ်လာကြိုမယ် အခု မောင်ရင်လေးတို့ ဒီလမ်းအတိုင်းဆက်သာသွား မောင်ရင်လေးတို့သွားရမယ့်ရွာကို ရောက်ပါလိမ့်မယ်”

​“အမေကြီးက လိုက်မပို့တော့ဘူးလား”

​“ကျုပ်တာဝန်က ဆုံးပြီ အင်း မောင်ရင်တို့သွားလိုတဲ့ရွာကို ရောက်တဲ့အထိ အနှောင်အယှက်မရှိတော့ပါဘူး ကဲ သွားကြပေတော့”


​အမယ်အိုသည်ထိုသို့ပြောပြီးနောက် သူမကိုင်ထားသော တောင်ဝှေးအား မြေပြင်သို့တစ်ချက်ဆောင့်လိုက်ရာ နွားနှစ်ကောင်သည် မည်သူမှမမောင်းပါဘဲ ဦးလှည့်ရာသို့သွားနေလေတော့သည်။ဘိုးထင်တို့သည်လည်း ကျန်နေခဲ့သော အမေကြီးအား လှည်းပေါ်မှနေ၍ လက်ပြနှုတ်ဆက်နေကြပါလေတော့သည်။

◾​အခန်း (၅)

​ပတ်ဝန်းကျင်တခုလုံး အလင်းရောင်ကောင်းစွာရနေသော်လည်း မြင့်မားသောတောင်ကြီးတစ်လုံးမတော့ မြူများရစ်သိုင်းလို့နေပြီး အစိမ်းရောင်ရှိသော သစ်ပင်များကိုပင် အစိမ်းရောင်အဖြစ်မမြင်ရတော့ပေ။တောင်ကုန်းပေါ်တက်လို့ရသည့်လမ်းကိုဖြင့် ဝိုးတဝါးသာမြင်တွေ့ရလေသည်။ပတ်ပတ် လည်တွင် ညီညာပြန့်ပြူးနေသည့်မြေလွတ်မြေရိုင်းများရှိနေပြီး အလယ်တွင် မြူများဖြင့်အုံ့ဆိုင်းနေသည့်
1,060005
​“ဒီနားဝန်းကျင်မှာ ဒီပုံစံမြေနေရာမရှိဘူး မင်းကြည့်ကွာ အပင်ဆိုလို သစ်ပန်းကန်ပင်လေးတွေပဲရှိတယ် ငါတို့တွေ တရက်လောက်သွားတဲ့ခရီးဆို လမ်းတစ်လျှောက် ယာကွက်တွေပဲရှိတာလေကွာ မုတ်ဆိတ်ဖြူလွှတ်လိုက်တာပဲ ရိုးရိုး တန်းတန်းနေရာတော့ ဘယ်ဟုတ်မလဲ”

​“အေး အဲ့တာဆို တို့ ဟိုးက မီးရောင်မြင်နေရနေတဲ့တဲကို အရောက်သွားကြတာပေါ့ကွာ”

​ဘိုးထင်ဦးဆောင်လာသောလူငါးယောက်သည် မီးအလင်းရောင်ရနေသည့် တဲလေးဆီသို့ လှည်းအားမောင်းနှင်လိုက်လေသည်။သူတို့လာရာလမ်းတစ်လျှောက် မည်သည့်အကောင်ပလောင်အော်သံမျှမကြားရပေ။ယုတ်စွအဆုံး ပုရစ်အော်သံပင်မရှိ။တိတ်ဆိတ်ငြိမ်သက်လွန်းနေပြီး ကောင်းကင်မှာ လမင်းကြီးသည် အနောက်ရပ်သို့ဦးတည်နေသော်လည်း ထိုနေရာမှာ ရွေ့မသွား‌ပေ။တိမ်များကင်းစင်ပြီး နေရာပြောင်းရတော့မည့် ကြယ်တို့သည်လည်း သူတို့အား အကူအညီလာတောင်းသည့် အမျိုးသမီးကြီးများနှင့် လမ်းခွဲလိုက်စဥ်က အတိုင်းငြိမ်သက်လို့နေပေသည်။​လရောင်အောက်တွင်တော့ လူတစ်ရပ်ကျော်ကျော်သာမြင့်သည့် သစ်ပင်များသည် နေရာကွက်ကြားပေါက်ရောက်နေပြီး လှည်းလမ်းလေးတစ်ခုသာရှိကာ ကျန်သောနေရာများမှာ ဟင်းလင်းပြင်ဖြစ်၏။ယခုတွင်တော့ ထိုဟင်းလင်းပြင်ကြီးထဲတွင် ထူးထူးခြားခြားမီးလင်းနေသော တဲတစ်လုံးကိုတွေ့ရ၍ သူတို့သွားနေခြင်းပင်ဖြစ်သည်။
​မကြာသောအချိန်တွင်တော့ ဖိုးထွေးမောင်းသောလှည်းလေးသည် မီးရောင်လင်းနေသည့် တဲလေးအရှေ့သို့ရောက်လာပြီး လှည်းကိုရပ်တန့်လိုက်သည်။သူတို့လှည်းလေးရပ်တန့်လိုက်သည်နှင့် သပ်သပ်ရပ်ရပ်တည်ဆောက်ထားသော တဲလေးအတွင်းမှ အသက်ရှယ်ဆယ်ကျော်အရွယ်ရှိသည့် အမယ်အိုကြီးတစ်ယောက်သည် တောင်ဝှေးကိုအားပြုပြီး တဲအပြင်သို့ ထွက်လာလေသည်။သူမ၏အိုမင်းရင့်ရော်နေသော မျက်နှာသွင်ပြင်သည် သာမန်ထက်ပို၍ လင်းသယောင်ရှိနေသော လရောင်အောက်တွင်အတိုင်းသားမြင်နေရနေသည်။
အသက်ကြီး၍ ပါးရည်နားရည်များတွန့်နေပြီး သာမန်ထက်ပို၍ပြူးကျယ်နေသယောင်ရှိသည့် မျက်လုံး၊သာမန်ထက်ပို၍ ရှည်လျားဟန်ရှိသောနှာခေါင်းတို့ကြောင့် အမယ်အို၏ ရုပ်ရည်သည် တစ္ဆေတကောင်အလားထင်မှတ်မှားလောက်ပေသည်။သူမသည် တဲအပြင်တွင်ရပ်ထားသည့် လှည်းနံဘေးတွင်တောင်ဝှေးကိုထောက်၍ရပ်တန့်လိုက်ပြီးနောက် ဦးခေါင်းတုန်တုန်ယင်ယင်နှင့် မော့ကြည့်လာလေသည်။ သူမ၏အကြည့်တို့သည် လရောင်အောက်တွင် အတော်ကို ကျောချမ်းစရာကောင်းလှ၍ လှည်းပေါ်ရှိ ဘိုးထင်မှအပ ကျန်သောသူများသည် ကျောချမ်းလို့သွားကြသည်သာဖြစ်သည်။
​ထို့နောက် အမယ်အိုသည် တုန်တုန်ယင်ယင်လေသံဖြင့် စကားဆိုလာလေသည်။

​“မောင်ရင်လေးတို့က ဘယ်ကိုလာကြတာတုန်း”

​“ကျုပ်ကို မုတ်ဆိတ်ဖြူခိုင်းလို့ ရောက်လာတာ”

​“မုတ်ဆိတ်ဖြူဆိုတာ ဘယ်သူတုန်းကွယ့်”

​“အများကတော့ စေပိုင်ဘိုးမြိုင်လို့ခေါ်တာပဲ”

​“ဆရာကြီးခိုင်းထားတာပဲ အင်း ပြိတ္တာရွာကိုသွားပြီး မယ်ဝတီကိုခေါ်မယ့်သူတွေထင်ပါ့”

​အမယ်အို၏စကားကြောင့် အားလုံးအံ့အားသင့်သွားကြသော်ငြား ခွန့်တုန့်ပြန်စကားမဆိုဖြစ်ကြပေ။အမယ်အိုသည် ကား မည်သည့်ခွန့်တုန့်ပြမှုမှလုပ်မလာသော ဘိုးထင်တို့အား သေချာကြည့်ကာ သဘောကျစွာဖြင့်ရယ်လိုက်ပြီး စိတ်မပူရန်အတွက်ကိုပင်နှစ်သိမ့်လို့နေသေး၏။

​“မောင်ရင်တို့ လန့်သွားကြတာလား မလန့်ပါနဲ့ကွယ် ဆရာကြီးကတောင် မောင်ရင်တို့ကိုတာဝန်ပေးထားတယ်ဆိုတော့ မောင်ရင်တို့လည်း ပေါ့ပေါ့သေးသေးတွေမဟုတ်ဘူးဆိုတာ သတိထားမိပါတယ်ကွယ် ကဲ ကျုပ် မောင်ရင်လေးတို့ကို သွားရမယ့်လမ်းလိုက်ပြပေးမယ် မောင်ရင်လေးတို့ ကျုပ်နောက်ကနေ လှည်းကိုသာမောင်းပြီးလိုက်ခဲ့ကြပေတော့”

​အမယ်အိုသည် ထိုသို့ပြောပြီး ဘိုးထင်တို့၏လှည်းဦးထိပ်မှနေ၍ တောင်ဝှေးကိုထောက်ပြီး ခါးကုန်းကုန်းဖြင့်စတင်ပြီး သွားနေလေသည်။သူမ ရှေ့မှသွားနေသည်နှင့် လှည်းအားဆွဲရမယ့်နွားနှစ်ကောင်သည်လည်း ဖိုးထွေး၏ကြိမ်တို့ခြင်း၊ ငေါက်ငမ်းခြင်းမပြုလုပ်ရခင် အမယ်အိုနောက်သို့လိုက်ပါသွားလေသည်။​လှည်းပေါ်မှ ဘိုးထင်တို့သည်လည်း မည်သည့်စကားမှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်ဖြင့်လိုက်ပါလာကြသည်။အရှေ့မှအမယ်အိုသည် တုံ့နှေးတုံ့နှေးသွားနေသလို သူမ၏အနောက်မှ နွားလှည်းသည်လည်း သူမနည်းတူတုံ့နှေး တုံ့နှေးဖြင့်သွားနေသည်။ပျင်းရိဖွယ်လမ်းခရီးအပြင် တုံ့နှေး တုံ့နှေးသွားနေသည့်လှည်းကြောင့် ဘိုးထင်တို့သည်လည်း စိတ်မပါလက်မပါစီးနင်းလိုက်ပါလာကြချိန် ရုတ်တရက်ဆိုသလိုအော်သံများထွက်ပေါ်လာသောကြောင့် ပျင်းရိနေသည့် ဘိုးထင်တို့သည် နိုးနိုးကြားကြားပြန်ဖြစ်လာပြီး အသံလာရာဆီသို့အကြည့်ရောက်သွားကြသည်။​အသံလာရာဆီမှာဖြင့် နွားလှည်းများ၏ရံတိုင်များတွင် မီးအိမ်များထွန်းထားပြီး ဆယ်စီးကျော််ပါသည်လှည်းအုပ်စု တစုဖြစ်သည်။နွားလှည်းတန်းရှည်ကြီးသည် မည်သည့်နေရာကရောက်လာမှန်းမသိ ထွက်ပေါ်လာကာ သူတို့ရှိရာဆီသို့ ဆဲဆိုသံများနှင့်အတူ ရောက်လာလေသည်။ဘိုးထင်တို့မှာဖြင့် လှည်းပေါ်မှနေ၍ ပါလာသော လက်နက်များအားအသင့်ပြင်ထားကာ ရင်ဆိုင်တိုက်ခိုက်ရန်အတွက် အချင်းချင်းတီးတိုးသတိပေးလိုက်ကြ လေသည်။


​“ဘိုးထင် အခြေအနေကတော့သိပ်မကောင်းဘူး ငါတို့ ဘယ်လိုလုပ်ကြမလဲ”

​“ဟုတ်တယ် ဘိုးထင် ငါတို့ ဘယ်လိုလုပ်ကြမလဲ”
1,140008
လေသံအေးအေးဖြင့် စကားဆိုလာလေသည်။

​“မောင်ရင်တို့ ဒီလမ်းအတိုင်း သွားရမှာ”

​“အမေကြီးတို့က မလိုက်တော့ဘူးလား”

​“မလိုက်တော့ဘူး အမေကြီးတို့ သမီးကိုခေါ်ပြီး ဒီကို ပြန်လာခဲ့ပါ ဒီအတိုင်းဆက်သွားရင် မောင်ရင်တို့ကိုလမ်းပြမယ့်ပုဂ္ဂိုလ်ပေါ်လာလိမ့်မယ်”

​“အဲ့ဒါဆို ကျုပ်တို့က ဒီလမ်းအတိုင်းသွားရမှာလား”

​“ဟုတ်တယ် မောင်ရင်တို့ အမေကြီးတို့သွားတော့မယ်နော် ကဲ မောင်မောင်တုတ်ရေ လှည်းကိုပြန်လှည့်လိုက်ကွယ်”

​အမျိုးသမီးကြီးမှခိုင်းလိုက်သည့်အခါ မောင်မောင်တုတ်ဟုအမည်ရသော လှည်းသမားကြီးသည် လှည်းကိုပြန်လှည့်လိုက်ပြီး ဘိုးထင်တို့၏လှည်းနဲ့ ဘေးချင်းကပ်အနေအထားအရောက်တွင် အမျိုးသမီးကြီးသည် လှည်းအားရပ်တန့်ရန်အတွက် သူ၏လှည်းသမားအားဟန့်တားလိုက်ပြန်လေသည်။ အမျိုးသမီးကြီးနှင့် မိန်းမပျိုလေးတို့၏ ခံ့ညားသော ရုပ်သွင်မှာ ပြန်လည်ထွက်ပေါ်လာသည့် လရောင်အောက်တွင် အထင်းသားပေါ်လွင်လို့နေသည်။သူမတို့နှစ်ယောက်သည် ဘိုးထင်တို့အား နှစ်လိုဖွယ်ကောင်းသောအပြုံးတို့ဖြင့်ကြည့်လာကာ ဘိုးထင်အား သမီးဖြစ်သူအားပြန်လည်းခေါ်ဆောင်လာပေးရန်အတွက် အသနားခံလေသည်။

​“မောင်ရင်လေးတို့, အမေကြီးသမီးကို အရခေါ်ပေးပါကွယ် သမီးက မောင်ရင်တို့ရွာကအလှူမှာ ပါဝင်ခွင့်ရထားတယ် အဲ့ဒါမှပဲ သူ့ဘဝက အမေကြီးတို့နဲ့ထပ်တူကျမှာ”

​အမေကြီးမှထိုသို့ပြောဆိုလိုက်ရာ မိန်းမပျိုလေးသည်လည်း အမဖြစ်သူအားအပါခေါ်ခဲ့ရန် ဘိုးထင်တို့အားပြောပြန် လေရာ လရောင်အောက်တွင် ရှင်းသန့်စွာလှပနေသည့် မိန်းမပျိုလေးအား လှည်းမောင်းနေသည့် ဖိုးထွေးနှင့် ဖိုးထွေးနောက်မှ သာရတို့သည် ကာယကံရှင်ထက်ပိုပြီးတော့ပင် စိတ်ချရန်အတွက် အားကြိုးမာန်တက်ဆိုနေပြန်သေးသည်။

​“စိတ်သာချ ကျုပ်တို့ မရမကခေါ်လာခဲ့မယ်”

​“ဟုတ်တယ် စိတ်သာချ ကျုပ်တို့ပြန်ခေါ်လာမယ်”

​“တကယ်ကိုအားကိုးပါတယ်ရှင် ကျမအမက အတော်ကို အစွဲလန်းကြီးနေတာ ဒီက အကိုတွေကိုယုံကြည်ပါတယ် အကိုတို့ပုံစံတွေကြည့်တာနဲ့တင် အလုပ်တစ်ခုကိုမရမက ဇွဲရှိရှိလုပ်မယ့်သူတွေဆိုတာ သိသာတယ်”

​“ဟုတ်တယ် ကျုပ်တို့က အဲ့လိုပဲယောကျ်ားဆန်တယ်လေဗျာ ကဲ ကဲ သွားကြ သွားကြ ကျုပ်တို့ မရမကခေါ်လာမယ်”

​ကာယကံရှင်ဖြစ်သော ဘိုးထင်သည်ပင်ပြန်မဖြေလိုက်ရ။ ဖိုးထွေးနှင့် သာရတို့ ပြန်လည်ဖြေကြားလိုက်ရသည်နှင့်ပင် ပြည့်စုံလို့သွားပြီဖြစ်၏။ဤသို့ဖြင့် အမျိုးသမီးကြီးသည်လည်း ဘိုးထင်တို့အားနှုတ်ဆက်ပြီးနောက် သူတို့ကိုကျော ခိုင်းကာ ဆန့်ကျင်ဖက်အရပ်သို့ လှည်းကိုမောင်းထွက်သွားလေတော့သည်။ဘိုးထင်တို့သည်လည်း သူတို့အားချန်ခဲ့ကာ နောက်ကြောင်းပြန်လှည့်သွားသည့် လှည်းအားလှမ်းမျှော် ကြည့်နေချိန် တက်ကြွနေသည့် ဖိုးထွေးမှာဖြင့် ရပ်တန့်ထားသောနွားလှည်းအား တစ်ချက်ငေါက်ငမ်းပြီး တရွေ့ရွေ့နှင့်ပင် သူတို့အားကျောခိုင်းသွားသည့် အမျိုးသမီးကြီးတို့ လှည်းနှင့် ဆန့်ကျင်ဘက်အရပ်ဆီသို့ ထွက်ခွာလာခဲ့ကြပါလေတော့ သည်။

◾​အခန်း (၄)

​“ဘိုးထင် ငါတို့ ဘယ်အထိသွားရမှာလဲ”

​“ခင်ဗျားကလည်းဗျာ ခင်ဗျားအရှေ့မှာတင် ဟိုအမေကြီးက ဒီလမ်းအတိုင်းသွားလို့ပြောလိုက်တာလေဗျာ ကျုပ်ကဘယ်လိုလုပ်သိမတုန်း”

​“မသိပါဘူးကွာ ငါက မင်းများသိမလားလို့”

​“မသိဘူး”

​“လကလည်း သာနေတယ်ကွ နော် ငါကြည့်နေတာ တို့လာတာကြာပြီ လကလည်း ဒီအောက်မကျသွားဘူး ကြယ်တွေဆိုရင်လည်း ဒီအတိုင်းက ဒီအတိုင်းပဲ ထူးတော့ထူးဆန်းတယ်”

​ဖိုးထွေးသည် လှည်းမောင်းရင်းက ကောင်းကင်အား မော့ကြည့်ကာ ဘိုးထင်တို့အားပြောလိုက်ခြင်းဖြစ်သည်။သူ့စကားကြောင့် ကျန်သူများမှာလည်း မော့ကြည့်လာကြကာ ထောက်ခံစကားများဆိုကြပြန်လေသည်။

​“အေး ဟုတ်တယ် ငါတို့သွားနေတာလည်း အချိန်ကြာနေပြီ အခုထိကို ကြယ်တွေလတွေက နေရာမပြောင်းသေးဘူး ထူးတာတော့ ထူးဆန်းတယ်”

​ဖိုးထွေးနှင့် သာရမှထိုသို့ပြောသောအခါ ဘိုးထင်သည် တစ်ချက်ပြုံးလိုက်ပြီး

​“ခင်ဗျားတို့ကလည်းဗျာ မုတ်ဆိတ်ဖြူလွှတ်လိုက်တဲ့ခရီးပါဆိုမှ သာမန်ခရီးတော့ဖြစ်မလားဗျ အခု ကျုပ်တို့ကိုလာခေါ်တာကလည်း သာမန်လူတွေမှ မဟုတ်တာ”

​“သာမန်လူတွေမဟုတ်ဘူး ဟုတ်လား ဘိုးထင်”

​“အေးလေဗျာ သူတို့ဝတ်ပုံစားပုံနဲ့ ပုံစံတွေ ကြည့် ကြည့်ပါလား အသိသားကြီးပဲဟာ ပြီးတော့ အလှူအတွက် အခေါ်ခိုင်းတာတဲ့လေဗျာ အဲ့ဒါဆို ခင်ဗျားတို့သဘောပေါက်သင့်တယ်”

​“အဲ့ဒါဆို သူတို့က ဘာတွေလဲ ဘိုးထင်”

​“ကျုပ်လည်း ဘယ်သိမလဲ ကျုပ်တို့တာဝန်က သူတို့ခေါ်ခိုင်းတဲ့သူကိုခေါ်လာရင် ပြီးပြီ ကျန်တာတွေ စိတ်မဝင်စားဘူး”

​“အဲ့ဒါလည်း ဟုတ်တာပဲ”

​ဘိုးထင်တို့သည် နွားလှည်းတစ်စီးနှင့် စကားတပြောပြောနှင့်ပင်ခရီးဆက်လာရာ မကြာသောအချိန်တွင်တော့ မီးရောင်လင်းနေသည့် တဲလေးတစ်လုံးအားတွေ့လိုက်ရသဖြင့် ပေတူးမှ လက်ညှိုးထိုးပြပြီး ဘိုးထင်အားသတိပေးလိုက်လေသည်။

​“ဘိုးထင် ဟိုမှာ တဲတစ်လုံးကွ”

​“ဟုတ်တယ် ငါတို့သွားတာ တရက်ခရီးမရှိသေးဘူး မင်းတို့ ဒီနေရာတွေကိုမှတ်မိလား”
978007
​စေပိုင်ဘိုးမြိုင်ခေါ် မုတ်ဆိတ်ဖြူလွှတ်လိုက်သည်ဟုဆိုလာသည့်အတွက် လွန်ခဲ့သောရက်များက သူနှင့်အပေးအယူကိစ္စကိုအမှတ်ရသွားကာ လိုလိုလားလားပင်ဖိတ်ခေါ်လိုက်လေသည်။

​“မုတ်ဆိတ်ဖြူလွှတ်လိုက်တာလား လာလေဗျာ လာ လာ အမေကြီးတို့ ကွပ်ပျစ်ကိုသွားတာပေါ့”

​ဘိုးထင်သည်ထိုသို့ပြောပြီး ရှေ့မှဦးဆောင်၍သွားလိုက်လေရာ လှည်းသမားအပါအဝင် ဧည့်သည့်အမျိုးသမီးနှစ်ယောက်တို့သည်လည်း ဘိုးထင်နောက်မှလိုက်ပါလာကြလေသည်။ဘိုးထင်နှင့်အတူဧည့်သည်များပါလာသည်ကို သတိ ထားမိသော ပေတူးနှင့် သာအေးတို့သည် ကွပ်ပျစ်တွင်ထိုင်နေရာမှ မတ်တတ်ရပ်လိုက်ပြီး နေရာပေးလေသည်။

​“လာ လာ ဒီမှာ ထိုင်ကြပါဗျ”

​ပျူငှာသော သာအေးနှင့် ပေတူးတို့အား အမျိုးသမီးကြီးနှင့် မိန်းမပျိုလေးတို့မှပြုံးပြ၍နှုတ်ဆက်လေသည်။ဖိုးထွေးနှင့် သာရမှာဖြင့် မည်သူနှင့်မှမတူအောင် လှပနေသည့် မိန်းမပျိုလေးကိုပြုံးပြနေကြလေရာ သာအေးတယောက် သူတို့အနားရောက်လာပြီးတီးတိုးသတိပေးလိုက်သောအခါမှ မျက်နှာပိုး သတ်လိုက်ကြကာ အခြေအနေအားစောင့်ကြည့်နေကြလေသည်။​ဘိုးထင်သည် ကွပ်ပျစ်ပေါ်ထိုင်နေသော အမျိုးသမီးနှစ်ယောက်အား မုတ်ဆိတ်ဖြူမှာထားသည့်အကြောင်းအား ပြောပြလိုက်လေသည်။

​“ကျုပ်ကို မုတ်ဆိတ်ဖြူက ခိုင်းစရာရှိတယ်လို့တော့ပြော ထားခဲ့တာပဲ ဘာလုပ်ရမယ်မှန်းမသိဘူး အမေကြီးတို့‌ကတော့ သိတယ်မလား”

​“သိတယ် သိတယ် မောင်ရင်က အမေကြီးသမီးကိုပြန်ခေါ်ပေးရမှာပါ အမေကြီးသမီးက မရောက်သင့်တဲ့ရွာကိုရောက်နေတာ အဲ့ဒါ မောင်ရင်တို့ရွာက အလှူလည်းနီးလာပြီဆိုတော့ သူ့ကို မောင်ရင်လေးတို့ကပဲ မဖြစ် ဖြစ်တဲ့နည်းနဲ့ပြန်ခေါ်ပေးဖို့ပါ အမေကြီးက စေပိုင်ကြီးဆီမှာအကူအညီတောင်းထားတာ စေပိုင်ကြီးက မောင်ရင်လေးဆီလွှတ်လိုက်တာပါပဲ မောင်ရင်လေးက ကူညီပေးမယ်တဲ့လေ”

​“မုတ်ဆိတ်ဖြူကခိုင်းတာဆိုတော့ ကျုပ်ကလည်းလုပ်ပေးရမှာပေါ့ဗျာ ကဲ ဘယ်ကနေဘယ်လိုသွားရမယ်ဆိုတာ ကျုပ်တို့ကိုပြော”

​“လမ်းခုလတ်အထိတော့ အမေကြီးတို့လိုက်ခဲ့မယ်လေ မောင်ရင်တို့ဘယ်ကိုသွားရမယ်ဆိုတာ အမေကြီးတို့ လမ်းပြ ပေးမယ် မောင်ရင်တို့ နွားလှည်းကောက်ခဲ့လို့ရတယ်မလား ပြီးတော့ လိုလိုမယ်မယ် လက်နက်လေးဘာလေးလည်း ဆောင်လာပေါ့”

​အမျိုးသမီးကြီးမှထိုသို့ပြောလာရာ ဘိုးထင်သည် သူ၏ မျက်စောင်းထိုးလောက်တွင်ထိုင်နေကြသော ဖိုးထွေးနှင့် သာရအား လှမ်းကြည့်ကာမေးမြန်းလိုက်လေသည်။

​“ကိုဖိုးထွေးနဲ့ ကိုသာရ ဘယ်လိုလဲ နွားလှည်းလိုလာပြီဆိုတော့ ခင်ဗျားတို့လိုက်ခဲ့မှဖြစ်မယ်ထင်တယ် လိုက်ချင်တဲ့စိတ် ရှိလား”

​ဘိုးထင်မှထိုသို့မေးမြန်းလိုက်သည့်အခါ ဖိုးထွေးနှင့် သာရသည် အချိန်မဆိုင်းဘဲ ဦးခေါင်းကိုညိတ်ပြကာလက်ခံလေသည်။

​“မင်းကလည်းကွာ ပြောစရာလိုသေးလို့လား ငါတို့က တစ်ဖက်သားအကူအညီလိုရင် ဘယ်တုန်းကငြင်းဖူးလို့လဲ”

​“အေးလေ မင်း ငါတို့အကြောင်းအသိသားနဲ့”

​ပိုပိုကဲကဲဆိုလာသော ဖိုးထွေးတို့နှစ်ယောက်အား ဘိုးထင်မှ မကြည်သလိုကြည့်လိုက်ကာ

​“အဲ့တာဆိုလည်း ပြီးတာပဲလေ ဘယ်အချိန်သွားကြမလဲ မသိဘူး အမေကြီးရေ ကျုပ်တို့ဘယ်တော့လောက်သွားမှာလဲ ပြင်ဆင်စရာလေးတွေ ပြင်ဆင်ရအောင်လေ”

​ဘိုးထင်သည် ဖိုးထွေးတို့နှင့်စကားဆိုရင်း အမျိုးသမီးကြီးအားတဆက်တည်းမေးမြန်းလိုက်ရာ အမျိုးသမီးကြီးသည် ကား အချိန်ဆိုင်းချင်ပုံမရဘဲ ယခုချက်ချင်းသွားရန်အတွက် ပြောလာလေသည်။

​“မောင်ရင်တို့ အဆင်သင့်မယ်ဆိုရင်တော့ အခုချက်ချင်း ပဲသွားချင်တာ သွားရမယ့်ခရီးကလည်း မနီးဘူးဆိုတော့လေ”

​“ရပါတယ် ကျုပ်တို့ကမြန်ပါတယ် အဲ့တာဆို လိုအပ်တာ မြန်မြန်စီစဉ်လိုက်မယ် စုံတာနဲ့ သွားကြတာပေါ့”

​“ကျေးဇူးတင်လိုက်တာ မောင်ရင်တို့ရယ် အခုလိုလိုလို လားလားကူညီပေးတာကို အမေကြီး တကယ်ပဲကျေးဇူးတင်ပါတယ်”

​“ရပါတယ်ဗျာ မုတ်ဆိတ်ဖြူကခိုင်းတာဆိုတော့လည်း လုပ်ပေးရမှာပေါ့ ကဲ ကိုဖိုးထွေးတို့ ခင်ဗျားတို့လှည်းသွားကောက်ကြဗျာ သာအေးနဲ့ ပေတူး လိုအပ်တာတွေစီစဉ်ရအောင်”

​ဘိုးထင်သည် ထိုသို့ ခပ်မြန်မြန်ပင်စီစဉ်စရာရှိသည်များအား ကျန်သောသူများကိုပြောလိုက်ပြီး ဧည့်သည်များအား ကွပ်ပျစ်တွင်ထိုင်စေကာ သူသည်လည်း တခြားသူများနှင့်အတူ သူ့အားလာခေါ်သော ဧည့်သည်များနောက်လိုက်ရန်အတွက် ပြင်ဆင်နေပါလေတော့သည်။

◾​အခန်း (၃)

​နွားလှည်းလေးနှစ်စီးသည် သန်းခေါင်ယံကျော်အချိန်ထိ တရွေ့ရွေ့နှင့်သွားနေဆဲဖြစ်သည်။လှည်းပေါ် ပါလာသူများသည် မည်သည့်စကားမှမပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လိုက်ပါလာကြရာ မကြာသောအချိန်တွင်တော့ ကောင်းကင်ယံထက်မှ တိမ်များဖုံးလွှမ်းနေသောလသည် တိမ်များအကြားမှပြန်လည်ထွက်ပေါ်လာပြီဖြစ်သည်။​အရှေ့နွားလှည်းပေါ်မှာ လိုက်ပါလာသူများမှာဘိုးထင်ကိုလာခေါ်သည့်အမျိုးသမီးကြီးများဖြစ်ပြီး၊နောက်နွားလှည်းလေးပေါ်မှ လိုက်ပါလာသူများမှာမူ လှည်းမောင်းသည့် ဖိုးထွေး၊သာရ၊ဘိုးထင်၊ပေတူးနှင့် သာအေးတို့ဖြစ်ကြသည်။သူတို့သည် အပြင်သွားတိုင်း ယူနေကြဖြစ်သည့် ဒူးလေးနှစ်လက်နှင့် ငှက်ကြီးတောင်ဓားတို့ကိုလည်း ယူဆောင်လာကြသည်။​မကြာသောအချိန်တွင် အရှေ့မှ သူတို့အားလာခေါ်သည့် အမျိုးသမီးကြီးတို့လှည်းသည် ရပ်တန့်သွားပြီး အမျိုးသမီးကြီးသည် သူမတို့၏နောက်မှ ဘိုးထင်တို့လှည်းအားလှမ်းကြည့်၍
1,1900011
​“ဘိုးထင် မင်းအဘ မနေ့မနက်က ရောက်လာတယ်ဟ သူ့ယောက္ခမကြီးဆုံးလို့တဲ့လေ”

​“ဗျာ သူ့ယောက္ခမဆုံးသွားတယ်”

​“ဟုတ်တယ် အိမ်ပေါ်ကနေ လိမ့်ကျတယ်ဆိုလားကွာ အဲ့ဒါ မင်းကိုဘာမှမပြောဘူးလား”

​“မပြောပါဘူးဗျာ"

"ဟိုနေ့က မင်းတို့ ဘယ်လိုဖြစ်သွားနာလဲ အဲ့တာ မေးမယ်မေးမယ်နဲ့ ငါတို့ အလုပ်တွေများနေနာနဲ့ မင်းဆီမလာဖြစ်တာ မင်းတို့ကလည်း အကျိုးအကြောင်းလေးတောင်လာမပြောကြဘူး”

"ဘာမှမဖြစ်ပါဘူးဗျာ ဒီလိုပါပဲ မုတ်ဆိတ်ဖြူရောက်လာတော့ အဆင်ပြေသွားတယ်"

​
​“အေးကွာ အဲ့လိုအဆင်ပြေသွားတာတော်သေးတယ် ဒါနဲ့ ကိုပန်းချီငိုကို ဟိုနေ့ကတွေ့သေးတယ် မင်းအဘလယ်တွေကို လူတစ်ယောက်နဲ့လိုက်ကြည့်နေတာ မင်းအဘလယ်တွေ ရောင်းပြီးပြီဆိုလားပဲ”

​ဖိုးထွေးမှထိုသို့ပြောလိုက်ရာ ဘိုးထင်သည် စိတ်မသက်မသာဟန်ဖြင့် သက်ပြင်းတစ်ချက်ကိုချလိုက်ကာ

​“အဲ့ဒါတွေက ကျုပ်နဲ့မဆိုင်တော့ပါဘူးဗျာ လူ့ဘဝဆိုတာ ကိုဖိုးထွေးတို့သိတဲ့အတိုင်း အချိန်တန်ရင် သူ့လမ်းသူသွား ကိုယ့်လမ်းကိုယ်သွားကြရတာပဲမလား ကျုပ်ကို ဒီဝိုင်းလေး ဝယ်ပေးခဲ့တာနဲ့တင်ပဲ ကျုပ်ကတော့ကျေးဇူးတင်လှပြီ ကျန်တာတွေတော့ မမက်မောပါဘူးဗျာ နောက် တတ်နိုင်ရင် ကိုယ့်ဘာသာပဲဝယ်တော့မယ် အခုအထိကတော့ တောင်သူအလုပ်ကို စိတ်မဝင်စားသေးဘူး”

​“အေးကွာ ငါက မင်းအဘလယ်တွေကိုနှမြောလို့ပြောတာပါ တို့ရွာကလူတွေကလည်း ရေအိုးစင်ကလူတွေလောက် စျေးမပေးနိုင်ဘူးဆိုတော့လည်း သူတို့နောက်ပဲပါသွားတာပေါ့ကွာ”

​“အေးဗျာ ဘယ်တတ်နိုင်မှာလဲ ကျုပ်အဘလည်း ကြီးမှ မိုက်နေတာဆိုတော့ ဘာမှမပြောချင်တော့ဘူး အချိန်တန်လို့ သူ့အမှားသူသိရင်တော့ သိပေါ့လေ အဲ့အချိန်ကျရင်တော့ ကျုပ်အနေနဲ့ ကျေးဇူးပြန်ဆပ်ရမှာပေါ့”

​ဘိုးထင်သည် ဖိုးထွေး၊သာရတို့နှင့် ဦးအုန်းအကြောင်း ပြောဆိုနေချိန် အိမ်ဝိုင်းထဲသို့ လှည်းတစ်စီးဝင်လာလေသည်။ ထိုလှည်းဝင်လာသည်နှင့် ဘိုးထင်၏အိမ်ဝိုင်းထဲရှိ ဘိုးထင်မွေးထားသော ခြံစောင့်ကောင်များသည် ဝရုန်းသုန်းကားဖြစ်နေသည်ကို ဘိုးထင်တစ်ယောက်မြင်တွေ့လိုက်ရာ ထိုင်နေရာမှ ချက်ချင်းထလိုက်ပြီး သူ၏အိမ်ဝိုင်းအတွင်းဝင်လာသည့် လှည်းဆီသို့အမြန်သွားလိုက်လေသည်။လှည်းအနီးသို့ရောက်သည့်အခါ လမ်းပြခေါ်ဆောင်လာသည့် ချိုးသိန်းမှ ဘိုးထင်အား ပြုံးပြနှုတ်ဆက်ရင်း ဦးစွာစကားဆိုလေသည်။

​“ဘိုးထင် မင်းအိမ်လိုက်ရှာနေတဲ့ ဧည့်သည်တွေကို ငါလာပို့တာ ရွာလူကြီးက မင်းတို့အိမ်လိုက်ပို့လိုက်ဆိုလို့ကွာ”

​“ဟုတ်လား ဘယ်ကလူတွေလဲဗျ”

​“ငါလည်း မသိဘူးလေကွာ”

​ချိုးသိန်းသည် ဘိုးထင်နှင့်စကားဆိုရင်း လှည်းဘက်ဆီသို့ မျက်နှာမူလိုက်ကာ

​“ကြီးတော်ကြီးတို့ပြောတဲ့ ဘိုးထင်အိမ်ဆိုတာ ဒီအိမ်ပဲဗျ”

​“ဟုတ်လား ကျေးဇူးတင်ပါတယ်ကွယ်”

​“ရတယ် ကြီးတော်ကြီး ကျုပ်အတွက် အပန်းမကြီးပါဘူးဗျာ”

​“မဟုတ်တာ မင်းစေတနာကို အမေကြီးကောင်းကောင်းသိပါတယ် လှည်းရှေ့ကနေကို စိတ်ရှည်လက်ရှည်လမ်းလိုက်ပြ တာ တစ်မျိုးတော့မထင်နဲ့ကွယ် အမေကြီးက မောင်ရင်လေးကို လက်‌ဆောင်ပေးချင်လို့”

​“ဟာ ရပါတယ် ကြီးတော်ကြီးရဲ့ ကျုပ်အတွက်မလိုပါဘူး ဒါလေးလိုက်ပို့တာ ဘာအပန်းကြီးလို့တုန်း”

​“မောင်ရင်လေးကလည်းကွယ် မငြင်းစမ်းပါနဲ့”

​လှည်းပေါ်မှအမျိုးသမီးကြီးသည် မိန်းမပျိုလေး၏အကူအ ညီဖြင့် လှည်းအောက်သို့ဆင်းရင်း ဘိုးထင်အနီးတွင်ရပ်နေသောချိုးသိန်းအနားသို့သွားလိုက်လေသည်။သူမသည် လက်ထဲမှကိုင်လာသော ငွေဒင်္ဂါးငါးပြားအား ချိုးသိန်းထံကမ်းပေး လိုက်ကာ

​“မောင်ရင် ဒါလေးတော့ လက်ခံကွယ် အမေကြီးလည်းရှိတာလေးပေးရတာ”

​“ကြီးတော်ကြီးကလည်းဗျာ အဲ့လိုတွေပေးရင် ကျုပ်တို့က အားနာတတ်တယ်ဗျ”

​ချိုးသိန်းမှထိုသို့ပြောလာသည့်အခါ မိန်းမပျိုလေးသည် နှစ်လိုဖွယ်ပြုံးပြလိုက်ပြီး

​“ဒီကအကိုက သိပ်ရိုးတာပဲ အမေကြီးကလေ ပေးချင်လာပြီဆို အတင်းပေးတော့တာ အကိုမယူရင် စိတ်မကောင်းဖြစ်သွားလိမ့်မယ်”

​ချိုးသိန်းတစ်ယောက် မည်သို့ပြုလုပ်ရမည်မှန်းမသိဖြစ်နေချိန် ဘိုးထင်သည် ချိုးသိန်းအား ငွေဒင်္ဂါးများအားယူလိုက်ရန်မျက်ရိပ်ပြလိုက်ကာ

​“ကိုချိုးသိန်းကလည်းဗျာ ပေးတဲ့သူကပေးနေပြီပဲဟာ ယူလိုက်စမ်းပါဗျ”

​ဘိုးထင်တိုက်တွန်းလိုက်သည့်အခါမှ ချိုးသိန်းသည် အမျိုးသမီးကြီးထံမှ ငွေဒင်္ဂါးငါးပြားအားယူလိုက်လေသည်။ ထို့နောက် သူသည် အမျိုးသမီးကြီးအား ဘိုးထင်ကိုညွှန်ပြကာစကားဆိုပြန်လေသည်။

​“ကြီးတော်ကြီး သူက ကြီးတော်ကြီးမေးတဲ့ ဘိုးထင်ဆိုတာပဲ ခု ဘိုးထင်အိမ်ကိုလည်းရောက်လာပြီဆိုတော့ ကျုပ်ပြန်တော့မယ်”

​“အေး အေး မောင်ရင်လေး”

​ချိုးသိန်းမှ ဘိုးထင်နှင့်ကျန်သောသူများအားနှုတ်ဆက်ကာ အိမ်ဝိုင်းအတွင်းမှထွက်ခွါသွားလေသည်။သူထွက်သွားသည်နှင့် ဘိုးထင်သည် အိမ်ဝိုင်းအတွင်းရောက်နေပြီဖြစ်သော အမျိုးသမီးနှစ်ဦးအားအကဲခတ်ကြည့်လိုက်ကာ

​“အမေကြီးတို့က ဘာကိစ္စရှိလို့ကျုပ်ကိုရှာနေတာတုန်းဗျ”

​“မောင်ရင်က ဘိုးထင်လား”

​“ဟုတ်ပါတယ် ကျုပ်က ဘိုးထင်ပါ အမေကြီးတို့ ဘာကိစ္စများရှိလို့တုန်း”

​“စေပိုင်ဘိုးမြိုင်ကလွှတ်လိုက်လို့ပါ အဲ့တာကြောင့်ပဲ မောင်ရင်ဆီရောက်လာတာပါ”
772007
◾အောက်လမ်းဘိုးထင် နှင့် ပြိတ္တာတို့ရွာ
(၂၁၂)

◾အခန်း (၁)

​မှိုင်းပျပျတောင်တန်းကြီးများကိုနောက်ခံထားပြီး လှည်းလေးတစ်စီးသည် ညနေအချိန်ခါတွင် တရွေ့ရွေ့နှင့်လှုပ်ရှားလို့နေသည်။ထိုလှည်းလေးကိုဆွဲသောနွားနှစ်ကောင်မှာ လွန်စွာမှလှပပြီး ခေါင်းငုံ့သွားသည်မရှိပဲ လှည်းပါလာသည်ဟုပင် မထင်မှတ်လောက်အောင်အသာအယာဆွဲနေပုံပေါ်သည်။
လှည်းလေးသည် တဖြည်းဖြည်းနှင့်နီးကပ်လာချိန် လှည်းပေါ်တွင်ပါလာသူများကို အတိုင်းသားမြင်လာရပြီဖြစ်သည်။ လှည်းပေါ်တွင် လူသုံးယောက်ပါလာပြီး လှည်းမောင်းသူမှာ အသက်ငါးဆယ်အရွယ်၊ပုဆိုးကွက်ထောက်ကိုဝတ်ထားပြီး အပေါ်ပိုင်းဗလာကျင်းနှင့်အပြင် ပုဝါတထည်ကိုပါခေါင်းပေါင်းထားသေးသည်။မျက်နှာမှာ ခက်ထန်သယောင်ရှိပြီး နှုတ်ခမ်းမွေးမှာလည်း ထင်သာမြင်သာသည်အထိရှည် လျားလှသည်။ထိုသူသည် အင်္ကျီသိပ်မဝတ်ဆင်မှန်းသိသာစေသည့် နေ‌လောင်ထားဟန်‌ရှ်ိ‌သော အသားအရည်ကိုလည်း ပိုင်ဆိုင်ထား၏။​လှည်းပေါ်ပါသော နောက်ထပ်လူနှစ်ယောက်မှာ အသက်ငါးဆယ်ကျော်အရွယ်အမျိုးသမီးကြီးတစ်ဦးနှင့် အသက်တဆယ့်ရှစ်နှစ်ကျော် နှစ်ဆယ်အရွယ်ခန့် အမျိုးသမီးငယ်တို့ဖြစ်သည်။သူမတို့နှစ်ယောက်အနက် အသက်ကြီးသောအမျိုးသမီးကြီးသည် လှည်းပေါ်တွင် တင်ပျဥ်ခွေထိုင်နေပြီး ခါးကိုကိုင်းကာ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုလည်း သောက်နေလေသည်။မိန်းမပျိုလေးသည်ကား ပြုံးရယ်ပြီး ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်နေသည်။သူမသည် ယခုကဲ့သို့ လှည်းစီးရသည်ကိုလွန်စွာပျော်ရွှင်နေဟန်ရှိပြီး သူမ၏ မျက်နှာချင်းဆိုင်တွင် ဆေးလိပ်သောက်ပြီး လှည်းစီးနေသည့် အမျိုးသမီးကြီးအားပြုံးပြကာ ချစ်စဖွယ်အမူအရာလေးနှင့် စကားဆိုလာလေသည်။

​“အမေ ကျမတို့သွားမယ့်ရွာကို ရောက်တော့မလား”

​“ရောက်လုပြီတော့ထင်တာပဲ သမီးရေ ဆရာကြီးတွေပြောတာတော့ ဒီလမ်းအတိုင်းသွားရင်ရောက်ပြီလို့ပြောတာပဲ”

​“အဲ့ရွာရောက်ရင် မမကိုခေါ်နိုင်တဲ့သူ တကယ်တွေ့ရတော့မှာလား အမေ”

​“အထက်ဆရာကြီးတွေစကားကတော့ လွဲခဲပါတယ် တကယ်ခေါ်နိုင်လို့သာ အမေတို့ကိုလမ်းညွှန်လိုက်တာနေမှာပါ”

​“အဲ့တာဆိုရင် ကျမတို့ မမကိုပြန်ခေါ်လို့ရတော့မှာပေါ့နော် မမက လိုက်ကောလိုက်ပါ့မလား အမေ”

​“အခု သွားခေါ်မယ့်သူတွေက စိတ်သိပ်မရှည်ဘူးပြောတယ် သမီးမမကိုအတင်းခေါ်လိမ့်မယ်နဲ့တူတယ်”

​“အဲ့လိုလူနဲ့မှပဲ မမကလိုက်မှာ မမကလည်းလေ ဘယ်လိုလုပ်ပြီး အဲ့ပြိတ္တာကောင်ကြီးကိုကြိုက်နေတာလဲမသိဘူး ညဖက်ဆို အဲ့လောက်ဒုက္ခများတာကို”

​“သမီးမမက အဲ့ကောင်ကို လူ့ဘဝကတည်းကကိုစွဲလန်းနေတာလေ အခုလို ကမ္မဇိဒ္ဓိတန်ခိုးရှိတဲ့ဘဝကိုလည်းရောက်ရော အဲ့ကောင်ဆီတန်းသွားတာပဲ အမေတို့လည်း ပြောလို့မရဘူး‌လေ သမီးသိတဲ့အတိုင်း သမီးအမက လူ့ဘဝကတည်းက တ‌ဇောက်ကန်း”

​“ဟုတ်တယ်နော် သမီးတို့က ဘာလို့များအဲ့ရွာကိုသွားလို့မရတာလဲ အမေ”

​“အထက်ဆရာကြီးတွေက မသွားခိုင်းလို့ပေါ့ သမီးရယ် ကဲကဲ အမေတို့ မြန်မြန်ရောက်အောင်သွားကြရအောင် မောင်မောင်တုတ်ရေ လှည်းကို မြန်မြန်လေးမောင်းစမ်းပါကွယ်”

​အမျိုးသမီးကြီးမှထိုသို့ပြောလိုက်ရာ လှည်းမောင်းနေသည့် မောင်မောင်တုတ်အမည်ရ လူကြီးသည် ဦးခေါင်းကို ညိတ်ပြလိုက်ပြီး နွားနှစ်ကောင်အားငေါက်ငမ်းကာ အမြန်မောင်းလိုက်လေတော့သည်။​များမကြာမီ နွားလှည်းလေးသည် အဝေးကပင် ခပ်ပျပျမြင်နေရသည့် ပေပင်ရွာအနားဆီသို့ရောက်လာချိန် လှည်းသမားကြီးမှ နောက်သို့လှည့်ကြည့် ကာစကားဆိုလေသည်။

​“အမေကြီး ကျုပ်တို့သွားနေတဲ့ရွာက ဟိုးက ရွာပဲ”

​လှည်းသမားကြီးသည် ခပ်ပျပျလှမ်းမြင်နေရသော ပေပင်ရွာကိုလှမ်းကြည့်ကာ ပြောလိုက်သည်။ထိုအခါ လှည်းနောက် တွင်လိုက်ပါလာသည့် အမျိုးသမီးနှစ်ယောက်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးလိုက်ပြီး

​“အမေ ကျမတို့သွားရမယ့်ရွာကိုရောက်တော့မယ် ဘယ်လိုဆက်လုပ်ကြမတုန်း အမေ”

​“အမေတို့က အခွင့်ရထားတာဆိုတော့ မိုးမချုပ်လည်း ရွာထဲ ဝင်လို့ရလောက်ပါတယ်”

​“အဲ့ဒါဆို ကျမတို့က ဆရာကြီးတွေပြောထားတဲ့သူရဲ့အိမ် ကိုသွားရမှာပေါ့နော်”

​“အင်း အမေတို့ ရွာလူကြီးအိမ်ကိုအရင်သွားတာပေါ့"

"ဆရာကြီးတွေပြောထားတဲ့သူကိုတန်းပြီး‌ရှာတာ မကောင်းဘူးလား အမေ"

"အမေတို့က အခုအချိန်မှာ သာမန်လူတွေလိုနေခွင့်ရတုန်း သာမန်လူတွေလိုပဲနေကြမလားလို့ သမီးရဲ့”

​အမျိုးသမီးကြီးမှထိုသို့ပြောလိုက်ရာ မိန်းမပျိုလေးသည်လည်းသဘောကျစွာဖြင့်လိုလိုလားလားပင် ဦးခေါင်းကိုညိတ်ပြလိုက်ပြီး

​“ကောင်းတာပေါ့ အမေရယ် လူပြည့်လူ့ရွာရောက်တုန်း လူသားတွေလိုပဲနေကြတာပေါ့”

​တိုင်ပင်နှီးနှောကြပြီးနောက်တွင် သူတို့သည် ပေပင်ရွာလေးဆီသို့ သွားလိုက်ကြပါလေတော့သည်။

◾​အခန်း (၂)

​ပေပင်ရွာလေးရှိ ဘိုးထင်၏နေအိမ်တွင်ဖြစ်သည်။အိမ်ထဲတွင်တော့ ထုံးစံအတိုင်း ဘိုးထင်၊ပေတူး၊သာအေးတို့သုံးယောက်လုံးရှိနေပြီး သူတို့သည် အားလပ်သည့်အချိန်များမို့ ရောက်ရာပေါက်ရာစကားများပြောနေချိန် အိမ်ဝိုင်းထဲသို့ ဖိုးထွေးနှင့် သာရတို့ ရောက်လာသည်ကိုတွေ့လိုက်ရလေသည် ။ သူတို့သည် ကွပ်ပျစ်တွင်ထိုင်၍စကားပြောနေကြသော ဘိုးထင်တို့သုံးယောက်ကိုကြည့်လိုက်ကာ သာရမှစတင်၍စကားဆိုလိုက်လေသည်။
706008

Showing 30 of 90 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram အောက်လမ်းဘိုးထင် နှင့် ပရလောက ဝတ္ထုတိုများ nói về gì?+

အောက်လမ်းဘိုးထင် နှင့် ပရလောက ဝတ္ထုတိုများ (@thank250) là kênh Telegram thuộc danh mục Phim truyền hình Hàn Quốc trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 7.894 người đăng ký trên tgdio.

Làm sao để tham gia အောက်လမ်းဘိုးထင် နှင့် ပရလောက ဝတ္ထုတိုများ (@thank250)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @thank250 miễn phí.

အောက်လမ်းဘိုးထင် နှင့် ပရလောက ဝတ္ထုတိုများ có phải kênh Phim truyền hình Hàn Quốc tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của အောက်လမ်းဘိုးထင် နှင့် ပရလောက ဝတ္ထုတိုများ trước khi tham gia. Hiện có khoảng 7.894 người đăng ký trên tgdio. So sánh với các kênh Phim truyền hình Hàn Quốc tương tự.

Xem thống kê và bài đăng အောက်လမ်းဘိုးထင် နှင့် ပရလောက ဝတ္ထုတိုများ ở đâu?+

Trên tgdio, mở trang @thank250 để xem thống kê, xếp hạng, đánh giá và bài đăng.