Tharyarwaddy 8 City Telegram channel photo

Tharyarwaddy 8 City

@tharyarwaddy8cityPublic Channel

Tharyarwaddy 8 city ဆိုသည်မှာ သာယာဝတီခရိုင်ရှစ်မြို့နယ်က ဒေသတွင်းသတင်းရင်းမြစ်တခုဖြစ်သည်။

3.2k

Last views

5.7k (5,726 subscribers)
Thành viên
—
Rating
32
Total Posts
Oct 21, 2026, 9:45 PM
Cập nhật
Apr 4, 2026
Created
Stats

Bạn đang xem nội dung bằng tiếng Việt. Vui lòng thay đổi ngôn ngữ trang web để xem nội dung bằng các ngôn ngữ khác.

Channel Information

Channel Information
Channel NameTharyarwaddy 8 City
Username@tharyarwaddy8city
CategoryTin tức địa phương
LanguageTiếng Việt
CountryViệt Nam
Thành viên5,726
Channel TypePublic Channel
Created4 thg 4, 2026
Last Updated21 thg 10, 2026 • Hôm kia
StatusActive

Xếp hạng

Xếp hạng toàn cầu
#414902-862
Xếp hạng ngôn ngữ
#8510-13
Xếp hạng danh mục
#714+1

Tăng trưởng người đăng ký

Tổng cộng: 5.7K30 Days growth: -1923.2%
09/2209/2710/0210/0710/1210/1710/21
Tăng trưởng người đăng ký - 30 Days
DateSubscribers
22:09:20265,918
23:09:20265,918
24:09:20265,918
25:09:20265,918
26:09:20265,918
27:09:20265,918
28:09:20265,918
29:09:20265,918
30:09:20265,918
01:10:20265,918
02:10:20265,918
03:10:20265,918
04:10:20265,918
05:10:20265,918
06:10:20265,918
07:10:20265,918
08:10:20265,918
09:10:20265,918
10:10:20265,918
11:10:20265,918
12:10:20265,918
13:10:20265,918
14:10:20265,762
15:10:20265,762
16:10:20265,762
17:10:20265,762
18:10:20265,762
19:10:20265,762
20:10:20265,762
21:10:20265,726
Tăng trưởng người đăng ký - Weekly
DateSubscribers
Week of 30:03:20267,143
Week of 06:04:20267,078
Week of 13:04:20267,001
Week of 20:04:20267,001
Week of 27:04:20266,920
Week of 04:05:20266,920
Week of 11:05:20266,773
Week of 18:05:20266,773
Week of 25:05:20266,773
Week of 01:06:20266,639
Week of 08:06:20266,639
Week of 15:06:20266,639
Week of 22:06:20266,639
Week of 29:06:20266,429
Week of 06:07:20266,429
Week of 13:07:20266,302
Week of 20:07:20266,302
Week of 27:07:20266,302
Week of 03:08:20266,186
Week of 10:08:20266,186
Week of 17:08:20266,088
Week of 24:08:20266,032
Week of 31:08:20266,032
Week of 07:09:20265,966
Week of 14:09:20265,918
Week of 21:09:20265,918
Week of 28:09:20265,918
Week of 05:10:20265,918
Week of 12:10:20265,762
Week of 19:10:20265,726
Tăng trưởng người đăng ký - Monthly
DateSubscribers
April 20266,920
May 20266,773
June 20266,429
July 20266,302
August 20266,032
September 20265,918
October 20265,726
Tăng trưởng người đăng ký - Yearly
DateSubscribers
20265,726

Top 10 posts

Most viewed posts from this channel

By views
  1. #1ပုံစာ-သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားသော ပျူစောထီးမောင်ဆန်း10.4K
  2. #2Post #45849.9K
  3. #3အုတ်ဖိုမှာ CDM သူနာပြုဆရာမ မမေဇွန်မိုးကို အဓမ္မပြုကျင့်တဲ့ ပျူစောထီးမေ9.6K
  4. #4Post #45828.5K
  5. #5မင်းလှမှာ နယ်မြေရှင်းလင်းရေးလုပ်ပြီးပြန်လာတဲ့စစ်တပ်‌စစ်ကြောင်း မိုင်းဆ8.4K
  6. #6Post #45776.8K
  7. #7Post #45714.9K
  8. #8ပဲခူးရိုးမကိုအခြေပြု့လို့ မြို့ပြတွေဆီခရီးနှင်ဦးမယ့် BTZMရဲ့သင်တန်းဆင4.5K
  9. #9၀က်လှကြီးရွာ အုပ်ချုပ်ရေးမှူးအောင်ကျော်မိုးကို နေအိမ်သို့သွားဖမ်းစဉ် ထ4.3K
  10. #10NLD ပါတီရဲ့ကြို့ပင်ကောက်မြို့နယ် အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌ ‌နေအိမ3.6K

Bài đăng gần đây

Tharyarwaddy 8 City logo
Tharyarwaddy 8 City

20:45 03 thg 9, 2026

ရွှေခဲရွာမှ သေဆုံးအ‌လောင်းကို ကြို့ပင်ကောက်မြို့ကနေ ထန်းပင်ကုန်း လှေဆိပ်ထိလိုက်ပို့ အလောင်း ရွာထိရောက်ဖို့ စက်လှေနှင့်သယ်ခဲ့ရ

မိုးတွင်းကာလ ပြည်သူ့ဒုက္ခ

Tharyarwaddy 8 City/စက်တင်ဘာ ၃၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲ ကြို့ပင်ကောက်မြို့နယ်တွင် သေဆုံးသည့် အလောင်းကို မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ လှေဆိပ်အထိ လူမှုကူညီရေးအသင်းတစ်ခုက ပို့ဆောင်ပေးခဲ့သည်။

ထိုဖြစ်စဉ်သည်ဩဂုတ်လ ၁၃ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးတွင်းကာလဖြစ်သည့်အတွက် အလောင်းကို မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ တံတားအနီးရှိ စက်လှေဆိပ်သို့ ကြို့ပင်ကောက်မြို့မှ သယ်ဆောင်ခဲ့ရသည်။

ထိုမှတစ်ဆင့် စက်လှေဖြင့် ရွှေခဲကျေးရွာသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။ မိုးတွင်းကာလတွင်လဲ ပြည်သူလူထုသည် ခက်ခဲစွာဖြတ်သန်းနေရပြီး ဒုက္ခမြို့စုံနှင့် ကြုံတွေ့နေသည်ကတော့ အာဏာသိမ်းမှုမှ စခဲ့ခြင်းဖြစ်သည်။

သတင်း/လွတ်လပ်ငြိမ်း
စာတည်း/ခန့်စိုး

#ရွှေခဲ # ထန်းပင်ကုန်း #လှေဆိပ် #စက်လှေ # သေဆုံးအလောင်း #မင်းလှ #ကြို့ပင်ကောက် #ပြည်တွင်းသတင်း #
#tharyarwaddy8city #t8c
3,130008
Tharyarwaddy 8 City logo
Tharyarwaddy 8 City

10:31 03 thg 9, 2026

အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးဘယ်သူလဲ၊ ဘယ်လောက်ထိရက်ဆက်ခဲ့လဲ တပ်မမှူးအမိန့်ပြန်ပေးရသည့် အရာရှိ၄ဦးသေဆုံးခဲ့သည့် စစ်ကွင်းတိုက်ပွဲ

Tharyarwaddy 8 City/စက်တင်ဘာ ၃၊၂၀၂၆

မြန်မာစစ်တပ်၏ အဓိက တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၆၆) သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအရ အပြောင်းအလဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

၂၀၂၁ ခုနှစ်ဆန်းပိုင်းတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ တိုက်ခိုက်ရေးတာဝန်ယူခဲ့ရာတွင် တပ်မမှူးအဖြစ် ဗိုလ်မှူးချုပ် မျိုးမင်းက တပ်မ၆၆ကို ဦးစီးခဲ့သည်။

သို့သော် ထိုနှစ် ဩဂုတ်လအရောက်တွင် ကရင်နီ (ကယား) ပြည်နယ်သို့ အခြားတာ၀န်ဖြင့် စစ်ဆင်ရေးပြောင်းလဲစေလွှတ်ခြင်းခံရသည်။

ထို့ကြောင့် ၎င်းနေရာအား ကချင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်လင်းအောင်ကို တပ်မမှူးအဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

ဗိုလ်မှူးကြီး ကျော်လင်းအောင် တပ်မမှူးအဖြစ် တာဝန်ယူပြီးနောက် ကရင်နီပြည်နယ်အတွင်း ပြင်းထန်သော စစ်ပွဲများနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုတိုက်ပွဲများအတွင်း တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းမှူးအဆင့်အထိ သေဆုံးထိခိုက်မှု မြင့်မားခဲ့သည်။ ထို့ပြင် ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ အရပ်သား ၄၀ ကျော်အား တပ်မ ၆၆ လက်အောက်ခံတပ်ရင်းများမှ တပ်ဖွဲ့၀င်‌တွေက တပ်မှူးအမိန့်ဖြင့်သတ်ဖြတ်မီးရှို့ခဲ့သည်။နိုင်ငံတကာမှ စစ်ရာဇ၀တ်မှုအဖြစ် အပြစ်တင် စွပ်စွဲမှုများရှိခဲ့သည်။

စစ်ရေးအရ အထိနာမှုများနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များအပြီး ၁ နှစ်အကြာ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်မှူးကြီး ကျော်လင်းအောင်အား တပ်မမှူးရာထူးမှ အနားပေးကာ အရန်အင်အားသို့ ပို့ဆောင်ခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပန်မြို့အခြေစိုက် အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၇) စကခမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၃၉ ကျောင်းဆင်း ဗိုလ်မှူးချုပ် ဝင်းသူလင်းကို တပ်မမှူးအသစ်အဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။

ဗိုလ်မှူးချုပ် ဝင်းသူလင်းသည် ကရင်နီစစ်မျက်နှာတွင် တိုက်ခိုက်ရေးတာ၀န်များကို ဆက်လက်ကွပ်ကဲခဲ့သည်။ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အထိ တပ်မ ၆၆ ၏ တပ်မမှူးအဖြစ် ဆက်လက်တာဝန်ယူထားသူမှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၉ ဆင်း ဗိုလ်မှူးချုပ် ဝင်းသူလင်းဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များမှ မင်းလှနှင့်စစ်ကွင်းကြားတွင် အရာရှိလမ်းကြောင်းတစ်ခုကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်နှင့် ရဲအရာရှိ ၄ဦးထိသေဆုံးခဲ့သည်။ ၎င်းတို့ ၄ဦးကို တပ်မမှူး ဗိုလ်မှူးချုပ်၀င်းသူလင်းကိုယ်တိုင် အမိန့်ပြန်ပေးခဲ့သည်။

ထိုအချိန်က တပ်မ၆၆ တပ်မမှူး ဗိုလ်မှူးချုပ်ဝင်းသူလင်းသည် မင်းလှမြို့အခြေစိုက် ခလရ (၁)တပ်ရင်းသို့ သွားရောက်ခဲ့ပြီး စစ်ရေးကွပ်ကဲမှုများကို အနီးကပ်အမိန့်ပေးခဲ့ဖူးသည်။

ထိုအချိန်က တော်လှန်ရေးရဲဘော် ၅ဦး စစ်ကောင်စီတပ်၏ သာလွန်အင်အားဖြင့် ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည်။ လက်ရှိအချိန်တွင် တပ်မမှူးအဖြစ် ဗိုလ်မှူးကြီးကျော်စိုးလင်းမှ တာ၀န်ယူကာကွပ်ကဲနေပြီး ယခင်တပ်မမှူး ဗိုလ်မှူးချုပ်၀င်းသူလင်းကတော့ အစအနပျောက်သွားတယ်လို့ အင်းမအခြေစိုက် တပ်မ၆၆ တပ်တွင်းသတင်းရင်းမြစ်မှ‌ပြောသည်။

သတင်းဆောင်းပါး/ခန့်စိုး

#တပ်မ၆၆ #တပ်မမှူး #ပြည်တွင်းသတင်း
#tharyarwaddy8city #t8c
2,9600011
Tharyarwaddy 8 City logo
Tharyarwaddy 8 City

21:30 02 thg 9, 2026

သာယာ၀တီခရိုင် PDF တပ်ရင်း ၃၈၀၃မှ ဆေးတပ်သား ကဗျာဆရာဘုန်းတာရာနွယ် ကျဆုံး

ကဗျာဆရာမောင်မိုးမြင့် ကျဆုံးပြီးနောက်တစ်ရက်မှာ ကဗျာဆရာဘုန်းတာရာနွယ်ကျဆုံးခြင်းဖြစ်

Tharyarwaddy 8 City/စက်တင်ဘာ ၂၊၂၀၂၆။

ပဲခူးတိုင်အနောက်ခြမ်း၊သာယာ၀တီခရိုင်ထဲတွင်စစ်ရေးလှုပ်ရှားနေသည့်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၃) မှ ဆေးတပ်သား ရဲဘော် တာရာ (ခ) ကဗျာဆရာ ဘုန်းတာရာနွယ် သည် ဩဂုတ်လ (၂၆) ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း မြင့်မြတ်စွာ ကျဆုံးသွားခဲ့ကြောင်း သိရသည်။

ရဲဘော် တာရာသည် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပေးအပ်သော တာဝန်များကို သစ္စာရှိစွာ သက်စွန့်ဆံဖျား ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ် ကြောင်း တပ်ရင်း၃၈၀၃မှဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၆) ရက် နံနက် ၈နာ၃၀ မိနစ်အချိန်တွင် ကျဆုံးခဲ့ရခြင်းဖြစ်ပြီး၎င်း၏ စွန့်လွှတ်ပေးဆပ်မှုနှင့် တော်လှန်စိတ်ဓာတ်အတွက် အလေးနက်ဆုံး ဦးညွှတ်ဂုဏ်ပြုကြောင်း ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၃)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် ကျန်ရစ်သူ မိသားစု၊ ဆွေမျိုးများနှင့် ရဲဘော်ရဲဘက်များ၏ ဝမ်းနည်းကြေကွဲမှုအပေါ် ထပ်တူ ခံစားရကြောင်းနှင့် ရဲဘော်တာရာ ပေးဆပ်ခဲ့သည့် သွေး၊ ချွေး၊ အသက်တို့ကို စံပြု၍ အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ မပြီးမြောက်သေးသော တော်လှန်ရေးတာဝန်များကို ဆက်လက်တိုက်ပွဲဝင် သွားမည်ဟု သစ္စာပြု အသိပေးထားသည်။

"ထူးခြားတယ်ပေါ့နော် ကဗျာဆရာတွေ ဒို့ဒီပဲခူးစစ်ဆင်ရေးနယ်မြေထဲမှာ ကျဆုံးတာ ရှေ့ဆင့်နောက်ဆင့်ကြီးလေ တစ်ရက်ပြီးတစ်ရက်၊ နှစ်ဦးစလုံးက ပဲခူးရိုးမအပေါ်သံယောဇဉ်ရှိကြတယ်။ ဘုန်းတာရာနွယ်ရဲ့ ရိုးမမှာတမ်းကဗျာက အတော်ထိတယ်ဗျာ၊ဆရာမောင်မိုးမြင့်ကတော့ ထင်ရှားပါတယ် သူ့ကဗျာတွေလဲတကယ့်အထိရှဆုံး တော်လှန်ရေးရဲ့ အနက်ရှိုင်းဆုံးပဲ ကဗျာဆရာတွေဗျာ ကျဆုံးတာဗျာ "ဟု သာယာ၀တီခရိုင်ထဲမှ တော်လှန်ရေးရဲဘော်တစ်ဦးမှ Tharyarwaddy 8 City သို့ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ရက်နေ့ နံနက် ၁နာရီအချိန်တွင် ပဲခူးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေထဲ၌ God's Hand Forces (GHF)တာ၀န်ခံကိုမြင့်ဇော်စိုး(ခ) ကဗျာဆရာမောင်မိုးမြင့်(တာယာ)သည် ၉၆ပါးသော ရောဂါဖြင့်ကျဆုံးခဲ့ရပြီး နောက်တစ်ရက် ဩဂုတ်လ ၂၆ရက်နံနက် ၈နာရီ ၃၀မိနစ်အချိန်တွင် တပ်ရင်း ၃၈၀၃မှ ဆေးတပ်သား ကဗျာဆရာဘုန်းတာရာနွယ် ကျဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း-လွတ်လပ်ငြိမ်း
စာတည်း-ခန့်စိုး

#ကဗျာဆရာ #နှစ်ဦး #ပဲခူးရိုးမ #ကျဆုံး #ပြည်တွင်းသတင်း #တော်လှန်ရေး #tharyarwaddy8city #t8c
2,0100017
Tharyarwaddy 8 City logo
Tharyarwaddy 8 City

20:19 02 thg 9, 2026

Photo1/2
T8C ကာတွန်းကဏ္ဍ
____

Tharyarwaddy 8 City/စက်တင်ဘာ ၂၊၂၀၂၆။

ထိုင်းနဲ့မြန်မာ ပတ္တယားနဲ့ဗန်မော်။

#tharyarwaddy8city #t8c
1,720003
Tharyarwaddy 8 City logo
Tharyarwaddy 8 City

17:26 02 thg 9, 2026

မော်လိုက်ခရိုင်မှာ တော်လှန်ရေးတပ်များ၏ "မိချောင်းစစ်ဆင်ရေး" အတွင်း စစ်ကောင်စီ စစ်သင်္ဘော ၁ စီး နစ်မြုပ်ပြီး ၅ စီး ပျက်စီး

Tharyarwaddy 8 City/ စက်တင်ဘာ ၂၊ ၂၀၂၆

ချင်းတွင်းမြစ်အထက်ပိုင်းတွင် သွားလာနေသည့် အာဏာသိမ်း စစ်ကောင်စီ၏ စစ်သင်္ဘောများနှင့် ထောက်ပံ့ရေး ရေယာဉ်စုကို တော်လှန်ရေးတပ်ဖွဲ့များက "မိချောင်းစစ်ဆင်ရေး" အဖြစ် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁ စီး နစ်မြုပ်ပြီး ၅ စီး အပြင်းအထန် ပျက်စီးသွားကြောင်း မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းက ယနေ့ စက်တင်ဘာ ၂ ရက်တွင် ရုပ်သံမှတ်တမ်းနှင့်အတူ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းက အဓိက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီ၏ စစ်ရေယာဉ်များနှင့် ထောက်ပံ့ရေးလှေများကို အသေခံဒရုန်းများ၊ လက်နက်ကြီးများနှင့် စက်လတ်များ ပေါင်းစပ်အသုံးပြုကာ မြစ်ကြောင်းတစ်လျှောက် အကြိမ်ကြိမ် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"ဧရာဝတီနဲ့ ချင်းတွင်းဟာ ရင်ဘတ်ချင်း ချိတ်ဆက်ထားတယ်ဆိုတာ အချိန်တစ်ခုမှာ ပေါ်ထွက်လာပါတော့မယ်။ မိခင်ဧရာဝတီနဲ့ အဖချင်းတွင်းကို အမှီပြုပြီး ပြည်သူတို့ရဲ့ အခွင့်အာဏာကို ချုပ်ကိုင်ချယ်လှယ်ခွင့် မရစေရ" ဟု မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်း၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ချင်းတွင်းမြစ်ကြောင်းသည် စစ်ကောင်စီတပ်များအတွက် အထက်မြန်မာပြည် စစ်ဆင်ရေးဒေသများသို့ စစ်အင်အားနှင့် ရိက္ခာ ဖြည့်တင်းရာ အဓိက ရေကြောင်းလမ်းကြောင်းတစ်ခုဖြစ်သည်။ ယခုကဲ့သို့ စစ်ရေယာဉ်များ နစ်မြုပ်ပျက်စီးခဲ့မှုကြောင့် စစ်ကောင်စီ၏ ရေကြောင်းစိုးမိုးနိုင်စွမ်းနှင့် စစ်ရေးထောက်ပံ့မှု လမ်းကြောင်းများ အကြီးအကျယ် ထိခိုက်သွားကြောင်း သိရသည်။

သတင်း/ခန့်စိုး

#စစ်ရေယာဉ် #ပြင်တွင်းသတင်း #၁စီးနစ်မြှပ် #၅စီးပျက်စီး #တိုက်ခိုက်ခံရ #စစ်တပ် #ရိက္ခာ #tharyarwaddy8city #t8c
2,360004
Tharyarwaddy 8 City logo
Tharyarwaddy 8 City

13:47 02 thg 9, 2026

သာယာ၀တီခရိုင်ရှိ ကြံခိုင်ရေးပါတီမြို့နယ်ဥက္ကဌတွေ ခလရ၁တပ်ရင်းတွင် အရေးပေါ်အစည်းအဝေးတက်ရောက်

Tharyarwaddy 8 City / စက်တင်ဘာ ၂၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်က ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ USPD ၏မြို့နယ် ဥက္ကဌများ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာရှိ ခလရ၁တပ်ရင်းတွင် အရေးပေါ်အစည်းအဝေးတက်ရောက်ခဲ့ကြရကြောင်းကို တပ်တွင်းသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရှိရသည်။

ဩဂုတ်လ ၂၉ရက်နေ့ နံနက် ၇နာရီခွဲအချိန်တွင် စစ်တပ်နှင့် USDP ပါတီ မြို့နယ်ဥက္ကဌတွေ ‌တွေ့စုံကြသည့် အစည်းဝေးတစ်ရပ်ကို စတင်ကျင်းပခဲ့ပြီး ညနေ ၄နာရီတွင် အစည်းအဝေးပြီးဆုံးခဲ့ကာ နေ့လည်စာကို ခလရ၁တပ်ရင်းမှ ဧည့်ခံကျွေးမွေးခဲ့သည်။

''အရမ်းဝေးရင် ရင်းထဲမှာပဲညအိပ်ရတာ၊နတ်တလင်း၊ ဇီးကုန်းနဲ့ သာယာ၀တီက မြို့နယ်ဥက္ကဌတွေမပြန်ဘူးအရမ်းမှောင်သွားမှာကြောက်ပြီး အိပ်ရတယ်''ဟု ခလရ၁တပ်တွင်းသတင်းရင်းမြစ်မှ Tharyarwaddy 8 City သို့ပြောသည်။

တပ်တွင်းသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အဆိုပါ တွေ့ဆုံမှုမှာ စစ်မှုထမ်းတပ်သားသစ် တိုးချဲ့ ခေါ်ယူနိုင် ရေး၊ ပဲခူးရိုးမကို နယ်မြေပြန်လည်စိုးမိုးနိုင်ရေးများဆွေးနွေးခဲ့သည်ဟုသိရသည်။

''ရိုးခြေကိုကာဖို့ပါ၊စက်တင်ဘာမှာ ၀င်တိုက်မယ်ပြောလို့၊ စစ်ကြောရေးမှာပြောတာတဲ့၊ ဟိုPDFကပြောင်းလာတဲ့ကောင်တွေပြောလို့ ၊ပြီးတော့စစ်မှုထမ်းတိုးချဲ့ဖို့တွေပေါ့၊ ဒါမျိုးတော့ အမြန်အရေးပေါ်ခေါ်တာ ပထမဆုံးဘဲ''ဟု ခလရ၁တပ်တွင်းသတင်းရင်းမြစ်မှ Tharyarwaddy 8 City သို့ပြောသည်။

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များ ၀င်ရောက်လာနိုင်သည့် တောင်အောက်ခြေများရှိ ဂိတ်စခန်းများတွင် ပြည်သူ့စစ်နှင့် ရွာခံ ပျူစောထီးများကို ယခင်ကထပ်ပိုမိုတိုးချဲ့ထားရှိရေးများကို အထိကဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ကြံခိုင်‌ရေးမြို့နယ်ဥက္ကဌများကိုယ်တိုင် သက်ဆိုင်ရာမြို့နယ်များရှိ ကျေးရွာများအထိကို နယ်မြေကွင်းဆင်းစည်းရုံးရာတွင် စစ်တပ်မှ စစ်ရေးအသာစီးရနေသရောင် ပိုသာစွာ စည်းရုံးဟောပြောကြဖို့ ခလရ၁ဘက်မှ အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းသိရှိရသည်။

ယခုလိုအစည်းဝေးပြုလုပ်ရခြင်းကတော့ စစ်တပ်ဆီ‌ဘက်ပြောင်းသွားသူတွေမှ ယခု စက်တင်ဘာလထဲတွင် တော်လှန်ရေးတပ်ဖွဲ့များမှ မြို့နယ်အသီးသီးကိုတစ်ပြိုင်နက်တည်း၀င်ရောက်တိုက်ခိုက်သိမ်းပိုက်မည်ဟု ဘက်ပြောင်းသူတွေရဲ့ ထွက်ဆိုချက်များကြောင့် အရေးပေါ်အစည်းအဝေးခေါ်ယူရတာလို့ သတင်းရင်းမြစ်ကဆိုသည်။

စစ်ကောင်စီတပ်သည် သာယာ၀တီခရိုင်ထဲတွင် စစ်အင်အားလျော့နည်းနေသည့်အတွက် ပြည်သူ့စစ်များနှင့် ပျူစောထီးများကို ပူးပေါင်းပြီး ရဲများပါ အင်အားထပ်ဖြည့်ထားရသည့်အခြေအနေတွင်ရှိနေသည်။

ပေါ်တာဆွဲဖမ်းဆီးမှုများသည် သတင်းအမှောင်ချခံထားရသည့်အတွက် အွန်လိုင်းပေါ်သို့ရောက်မလာကာ မြေပြင်တွင် တိတ်တစ်ဆိတ်ဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံခြင်း၊ ပေါ်တာကြေးများအဆမတန်ပေးနေခြင်းများရှိနေသည်။

သတင်း/ဇေယျာလင်း
စာတည်း/ခန့်စိုး

#အရေးပေါ် #ခလရ၁ #USDP #အစည်းအဝေး #ပြည်တွင်းသတင်း #စစ်မှုထမ်း #ပေါ်တာ #ဥက္ကဌ #တိုက်ပွဲ #tharyarwaddy8city #t8cmedia
1,530006
Tharyarwaddy 8 City logo
Tharyarwaddy 8 City

07:10 25 thg 8, 2026

အုတ်ဖိုအရှေ့ရိုးမအစပ်ကျေးရွာများဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာ

Tharyarwaddy 8 City/ ဇူလိုင် ၈၊ ၂၀၂၆

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်၊ အရှေ့ခြမ်း ပဲခူးရိုးမအစပ်ရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်ပါဝင်တဲ့ စစ်ကြောင်းတစ်ခု ဝင်ရောက်လာတယ်လို့ ဒေသခံများမှ Tharyarwaddy 8 City ကိုပြောပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ နေ့လယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ကြို့ပင်ကောက်မြို့နယ်၊ ညောင်လှကျေးရွာကို ရောက်ရှိနေပြီး ကျေးရွာထိပ်တွင် လက်နက်ကြီးများ နေရာချထားကာ ဒရုန်းများအသုံးပြု၍ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြောင်းသိရပါတယ်။

၎င်းစစ်ကြောင်းဟာ ယနေ့ မနက် ၁၁ နာရီခန့်က စစ်ကား ၁၀စီး၊ အိမ်စီးကား ၁စီး၊ ပွိုင့်ကား ၁စီးနဲ့ အင်အား ၃၀၀ ၀န်းကျင်ဖြင့် ကြို့ပင်ကောက်မြို့နယ်ရှိ အလယ်ကုန်းဘုန်းကြီးကျောင်းတွင် ခေတ္တရပ်နားခဲ့ပြီးနောက် ညောင်လှကျေးရွာဘက်ကို စစ်ဖောကား ၅ စီးဖြင့် ဆက်လက်ရွှေ့ပြောင်းလာခဲ့ကြောင်း မျက်မြင်ဒေသခံများမှ ရှင်းပြပါတယ်။

အဆိုပါစစ်ကြောင်းဟာ ကြို့ပင်ကောက်မြို့နယ်နယ်စပ်ကို ဖြတ်ကျော်ကာ အုတ်ဖိုမြို့နယ်အတွင်းရှိ ဆင်ကူး၊ ရေငံရွာသစ်၊ စမ်းသုခ၊ ဖလံပင်နှင့် တောင်ချောင်းကျေးရွာများဘက်ကို ဆက်လက်စစ်ကြောင်းထိုးလာနိုင်ကြောင်း ‌အုတ်ဖိုအခြေစိုက် တော်လှန်ရေးရဲဘော် ၁ဦးမှ ရှင်းပြပါတယ်။

စစ်ကြောင်းရောက်ရှိလှုပ်ရှားရာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအနေဖြင့်လဲ သတိပြုစောင့်ကြည့်ကာ လိုအပ်ပါက အချိန်မီဘေးလွတ်ရာကို ရှောင်ရှားနိုင်ဖို့ ‌တော်လှန်ရေးရဲဘော် နောက်ထပ်၁ဦးကအသိပေး နိူးဆော်ထားပါတယ်။

သတင်း-တက်တိုးအောင်
ရုပ်သံအဟောင်းကိုအသုံးပြုထားပါတယ်။

#အုတ်ဖိုမြို့နယ်

#tharyarwaddy8city
2,0900012
Tharyarwaddy 8 City logo
Tharyarwaddy 8 City

07:10 25 thg 8, 2026

Photo
ဇီးကုန်းမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနှင့် အာဇာနည်ခေါင်းဆောင်ကြီးများရင်ပြင်ကို စစ်ကောင်စီတပ်ဖျက်ဆီး

Tharyarwaddy 8 City/ဇူလိုင် ၈၊၂၀၂၆

ပဲခူးတိုင်းအ‌နောက်၊ သာယာဝတီခရိုင် ရှစ်မြို့နယ်ထဲက ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်လမ်း မီးပွိုင့်အနီးရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု နှင့် အာဇာနည်ခေါင်းဆောင်ကြီးများရင်ပြင်ကို စစ်ကောင်စီတပ်မှ ဖျက်ဆီးသွားခဲ့ကြောင်းသတင်းရရှိသည်။

ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဦးဆောင်ပြီး ဘက်ဟိုးယာဉ် (၃) စီးနှင့် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများမှ‌ ပြောပါသည်။

ဒေသခံများ၏ အဆိုအရ ရုပ်တုများကို ညအချိန်တွင် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ၊ ဖြစ်စဉ်ကို အနီးအနားရှိ ပြည်သူများက တွေ့မြင်ခဲ့ကြောင်းနှင့် ပြည်ခရိုင်ဘက်သို့ ရုပ်ထုကို သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ရုပ်တုများကို ဖျက်ဆီးရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ တရားဝင် ရှင်းလင်းထုတ်ပြန်ခြင်း မရှိသေးသလို၊ ယင်းဖြစ်စဉ်နှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကိုလည်း ထုတ်ပြန်ထားတာမရှိပဲ နိူင်ငံအနှံ့ ရုပ်ထုများကို လိုက်လံဖျက်ဆီးနေသည်။

သတင်း-ဇွန်ပန်း

#ဇီးကုန်းမြို့နယ်
#Tharyarwaddy8city
2,1400012
Tharyarwaddy 8 City logo
Tharyarwaddy 8 City

07:10 25 thg 8, 2026

မင်းလှမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်သည့်ရုပ်သံထုတ်ပြန်

Tharyarwaddy 8 City/ ဇူလိုင် ၇၊၂၀၂၆။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက မင်းလှမြို့နယ် ကိုင်းပြင်ကြီး၊ အညာတန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသည့် စစ်ဆေးရေးဂိတ်တစ်ခုကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက် နံနက် ၃ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များက တိုက်ပွဲသတင်းရုပ်သံနှင့်တကွ ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (တောင်ပိုင်းတိုင်း စစ်ဒေသ) ပဲခူးတိုင်း စစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂)၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ရွှေတန်းမြေနှင့် လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၉၀ ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ထို့နောက် စစ်ကောင်စီဘက်မှ ဒရုန်းများ၊ လက်နက်ကြီးပစ်ကူများဖြင့် ဆက်တိုက် တုံ့ပြန်တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကူတပ်ဖွဲ့များလည်း ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေကြောင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များသည် အစီအစဉ်တကျ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ အနီးတဝိုက်သို့ သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်နှင့် လုံခြုံရေးအတွက် အထူးသတိပြုနေထိုင်ကြရန်လည်း သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များက အသိပေးထားသည်။

အထက်ပါ တိုက်ခိုက်မှုနှင့် သေဆုံးသူအရေအတွက်သည် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အပေါ် အခြေခံထားပြီး သီးခြားလွတ်လပ်သော အတည်ပြုချက်ကို မရရှိသေးပါ။

သတင်း-ရာမန်

#မင်းလှ
#tharyarwaddy8city
2,2900036
Tharyarwaddy 8 City logo
Tharyarwaddy 8 City

07:10 25 thg 8, 2026

Video
မင်းလှမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်သည့်ရုပ်သံထုတ်ပြန်

Tharyarwaddy 8 City/ ဇူလိုင် ၇၊၂၀၂၆။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက မင်းလှမြို့နယ် ကိုင်းပြင်ကြီး၊ အညာတန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသည့် စစ်ဆေးရေးဂိတ်တစ်ခုကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက် နံနက် ၃ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များက တိုက်ပွဲသတင်းရုပ်သံနှင့်တကွ ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (တောင်ပိုင်းတိုင်း စစ်ဒေသ) ပဲခူးတိုင်း စစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂)၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ရွှေတန်းမြေနှင့် လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၉၀ ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။


သတင်း-ရာမန်

#မင်းလှ
#tharyarwaddy8city
2,4600028
Tharyarwaddy 8 City logo
Tharyarwaddy 8 City

07:10 25 thg 8, 2026

Photo
ပုံစာ-သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားသော ပျူစောထီးမောင်ဆန်း
10,4000088
Tharyarwaddy 8 City logo
Tharyarwaddy 8 City

07:10 25 thg 8, 2026

အုတ်ဖိုမှာ CDM သူနာပြုဆရာမ မမေဇွန်မိုးကို အဓမ္မပြုကျင့်တဲ့ ပျူစောထီးမောင်ဆန်း
သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

Tharyarwaddy8City/၂၈၊၂၀၂၆

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲကဘအုတ်ဖိုမြို့နယ်၊ တိမ်မြုပ်အုပ်စု၊ အောင်သုခရပ်ကွက်မှာနေထိုင်တဲ့ ပျူစောထီး မောင်ဆန်းကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့ထံမှ သိရပါတယ်။

မတ်လ၂၀ရက်နေ့၊ ည ၁၀နာရီ ၃၀မိနစ်အချိန်တွင် တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့မှ ရဲဘော်များက နေအိမ်ထိသွားရောက်ဖမ်းဆီးစဥ် အဖမ်းမခံဘဲ ထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာမှကျည်ထိမှန် သေဆုံးသွားခြင်းဖြစ်ပါတယ်။၎င်းပျူစောထီးနဲ့အတူ ထွက်ပြေးတဲ့ ပျူခေါင်းဆောင် ၁ဦးလဲ လွတ်မြောက်နေကြောင်းလဲသိရပါတယ်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့တွင် CDM သူနာပြုဆရာမ မမေဇွန်မိုးအား တိမ်မြုပ်ရွာ အခြေစိုက် ခမရ(၆) တပ်ရင်းမှ စစ်ကော်မရှင်တပ်သားများနဲ့အတူ ပျူစောထီးမောင်ဆန်းဟာလဲ မုဒိန်းကျင့်သတ်ဖြတ်ရာမှာ ကျူးလွန်ခဲ့သူဖြစ်ပါတယ်။ဒါ့အပြင် ပြည်သူတွေကို မမှန်သတင်းပေးကာ စစ်တပ်ခေါ် ဖမ်းဆီးခိုင်းခြင်း၊ လူငယ်များအား စစ်တပ်နှင့်အတူ လိုက်လံ၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေတာကြောင့် ခုလိုအရေးယူရခြင်း ဖြစ်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့မှပြောပါတယ်။

ထို့အပြင် ၎င်းတို့တပ်ဖွဲ့အနေနဲ့က ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးတဲ့ အကြမ်းဖက်စစ်အုပ်စုအပြင် ၎င်းတို့၏ ထောက်တိုင်များကိုလည်း တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြဖို့ကိုလဲ အသိပေးထားပါ‌တယ်။

သတင်း-တက်တိုးအောင်
စာတည်း-ကိုမိုက်

#အုတ်ဖိုမြို့နယ်

#tharyarwaddy8city
9,5500034
Tharyarwaddy 8 City logo
Tharyarwaddy 8 City

07:10 25 thg 8, 2026

မင်းလှမှာ နယ်မြေရှင်းလင်းရေးလုပ်ပြီးပြန်လာတဲ့စစ်တပ်‌စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး
နှစ်ဦးသေသုံးဦးဒဏ်ရာရ

Tharyarwaddy8City/မတ်၂၆၊၂၀၂၆

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲက မင်းလှမြို့နယ်မှာ မတ်လ၂၄ရက်နေ့တွင် စစ်တပ်စစ်ကြောင်း တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်းသိရပါတယ်။

မင်းလှမြို့နယ် ဦးတိုတာလေးလမ်းဆုံ ကနေပြီး အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးပြီး ဗိုလ်တစ်ထောင် ကျေးရွာအထိကိုနယ်မြေရှင်းလင်းရေးပြုလုပ်ပြီးပြန်လာတဲ့ စစ်အုပ်စုစစ်‌ကြောင်း တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ပဲခူးရိုးမPDF ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင် ၃၈၀၃(MDF)တပ်ရင်းမှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့် တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိူင်ခဲ့ကြောင်းသိရပါတယ်။

သတင်း-ဇာမဏီ
စာတည်း-ရာမန်
ရုပ်သံ-ဗျုဟာ၂၂

#မင်းလှမြို့နယ်

#tharyarwaddy8city
8,4000030
Tharyarwaddy 8 City logo
Tharyarwaddy 8 City

15:54 24 thg 5, 2026

ပဲခူးရိုးမကိုအခြေပြု့လို့ မြို့ပြတွေဆီခရီးနှင်ဦးမယ့် BTZMရဲ့သင်တန်းဆင်းအမျိုးသမီး‌များ
(ဓါတ်ပုံသတင်း)

Tharyarwaddy8City/မတ်၂၄၊၂၀၂၆

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်တွင် အခြေစိုက်လှုပ်ရှားနေတဲ့ PDFတပ်ရင်း၃၈၀၂ ရဲ့ တပ်ခွဲ(၅)မှ BTZM-GBK PDF တပ်ဖွဲ့ဟာ ယခုမတ်လထဲတွင် စစ်သင်တန်းတစ်ခု သင်တန်းဆင်းလာကြောင်း ၎င်းတပ်ဖွဲ့ထံမှသိရပါတယ်။

BTZM-GBK PDF တပ်ဖွဲ့ဟာ လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေး၀န်ကြီးဌာန(MOD)အောက်ကို ရောက်ရှိနေပြီဖြစ်ကာ ပဲခူးရိုးမPDF ဗျူဟာ(၂၂)လက်အောက်ခံ အမှတ်၃၈၀၂တပ်ရင်းရဲ့ တပ်ခွဲ(၅)တွင်တာ၀န်ထမ်းဆောင်နေတာဖြစ်ပါတယ်။

ယခုသင်တန်းဆင်းပွဲဟာ ယခင်သင်တန်းဆင်းပွဲများနဲ့မတူပဲ တပ်ရင်းတွင် သင်တန်းတက်ရောက်ခဲ့သလို တပ်ရင်းမှာသင်တန်းဆင်းပွဲလုပ်ခဲ့ပြီး တပ်ဖွဲ့သို့ပြန်ရောက်ချိန်မှာလဲ သင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။ အဆိုပါသင်တန်းတွင် ပဲခူးရိုးမကို အခြေပြုလို့ မြို့ပြတွေဆီခရီးနှင်ဦးမယ့် သင်တန်းဆင်းအမျိုးသမီးရဲဘော်တွေကိုမြင်တွေ့ခဲ့ရပါတယ်။

၎င်းသင်တန်းဆင်းပွဲတွင် သင်တန်းဆင်း အမျိုးသမီး၊အမျိုးသား ၄၅ဦးသင်တန်းဆင်းခဲ့တာဖြစ်ပြီး
တပ်ရင်းအနေနဲ့ ၎င်းတို့တပ်ခွဲက အပတ်စဉ်(၁)သင်တန်းဖြစ်ပြီး တပ်ဖွဲ့ရဲ့သင်တန်းအနေနဲ့ဆို အပတ်(၄)သင်တန်းဆင်းရဲဘော်တွေလို့သိရပါတယ်။ BTZM -GBK PDF တပ်ဖွဲ့အတွင်းရှိ အမျိုးသမီးရဲဘော်များဟာ စစ်တပ်စခန်း‌တွေနဲ့ စစ်အုပ်စုသတင်းပေးဒလန်းနေအိမ်တွေကို ၀င်ရောက်စီးနင်းတဲ့ဖြစ်စဉ်တွေရှိခဲ့ဖူးပါတယ်။

စစ်အုပ်စုပြုတ်ကျရေးအတွက်ကို လက်မနှေးပဲ စိတ်ကပါနိူးဆော်တာကြောင့် အမျိုးသမီးရဲဘော်တွေဟာ BTZM တပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်ရင်း ရန်သူစစ်အုပ်စုကို အပြတ်တိုက်ဖို့ စိတ်အားထက်သန်နေကြတာတွေ့ရပါတယ်။ အမျိုးသမီးမို့ ရှေ့တန်းမလိုက်ရဘူးဆိုတဲ့ စကားကို အတိုက်အခံလုပ်ကာ ရှေ့တန်းထွက်ကာ အောင်ပွဲတွေကို ခူးဆွတ်ပြပါတယ်။

ထိုနည်းတူစွာပဲ လက်ရှိသင်တန်းဆင်းအမျိုးသမီး ရဲဘော်တွေဟာလဲရှေ့တန်းမြေပြင်အထိ ရိုးမကိုအခြေပြုလို့ မြို့ပြတွေဆီ ခရီးနှင်ရင်း တော်လှန်ရေးရဲ့ အောင်မြင်မှုအသီးအပွင့်တွေကို အဲ့ဒီအမျိုးသမီးရဲဘော်တွေက ခူးဆွတ်ပြမှာယုံကြည်တယ်လို့ BTZM - GBK PDFရဲ့ တာ၀န်ရှိသူတစ်ဦးက Tharyarwaddy8City ကိုရှင်းပြထားပါတယ်။

သတင်း-လွတ်လပ်ငြိမ်း
စာတည်း-ကိုမိုက်

#BTZMGBKPDF #သင်တန်းဆင်းပွဲ #အမျိုးသမီးရဲဘော်
4,4700025
Tharyarwaddy 8 City logo
Tharyarwaddy 8 City

15:54 24 thg 5, 2026

NLD ပါတီရဲ့ကြို့ပင်ကောက်မြို့နယ် အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌ ‌နေအိမ်တွင်
သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

Tharyarwaddy8City/မတ်၂၃၊ ၂၀၂၆

ပဲခူးတိုင်းအနောက်ခြမ်း၊သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD )ပါတီကြို့ပင်ကောက်မြို့နယ် အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌ ဒေါ်တင်တင်နု ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံတွေဆီကသိရပါတယ်။

မတ်လ၂၂ရက်နေ့၊ နေ့လည် ၁၂နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ်၊ သဲကုန်းရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးလုပ်ငန်းကော်မတီမြို့နယ်ဥက္ကထကို အမည်မသိ အကြမ်းဖက်သမားတွေက နေအိမ်မှာရှိနေစဉ် သေနတ်‌နဲ့ငါးချက်တိတိ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရကြောင်း မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

"ယခု လက်ရှိမသေဆုံးမှီ၊ ပြီးခဲ့သည့်နှစ်က သူ့နေအိမ်ခြံထဲကို သေနတ်နဲ့ လမ်းပေါ်ကနေ ပစ် ခတ် တာ ရှိပါတယ်။ လူတွေ ထိခိုက်မှု မဖြစ်ခဲ့ဘူး။တိုင်းဒေသကြီး အမှတ် (၁)
၂၀၂၀ အနိုင်ရ ကိုယ်စားလှယ်၊ ကြို့ပင်ကောက် NLDပါတီ ဒုဥက္ကဌ လည်းဖြစ်၊ နိုင်ကျဉ်းဟောင်း ဦးတင်ထွဋ် ဟာသေဆုံးသူရဲ့အမျိုးသားပါ၊ စစ်အုပ်စုကဒီအချက်တွေကြောင့် ပစ်မှတ်ထားလုပ်ဆောင်တာမျိုးပါ"ဟု NLDပါတီ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးတာ၀န်ရှိသူမှ Tharyarwaddy8City ကိုပြောပါတယ်။

၎င်းတို့မိသားစုတွင် သားသုံးယောက်နဲ့သမီးတစ်ယောက်ရှိတယ်လို့သိရပြီး အကြီးဆုံးသားက အိမ်ထောင်ကျနေပြီဖြစ်ကာ အလတ် နဲ့ နို့ညှာ သားအပါ ဆယ်နှစ်အရွယ်အငယ်ဆုံးသမီးလဲရှိတာကြောင့် စုစုပေါင်းသားသမီး လေးဦးရှိပြီး သားအလတ်ကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းစီးစဉ် ထွက်ပြေးလွတ်မြောက်ခဲ့သလို ဖခင်ဖြစ်သူကလဲတိမ်းရှောင်နေရပါတယ်။

အသက် ၅၄ နှစ်အရွယ်ရှိတဲ့ ဒေါ်တင်တင်နုကို ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ်ဆိုတာမသိရသေးသော်လည်း ဒေသခံတွေရဲ့ပြောပြချက်အရ စစ်အုပ်စုကNLD အသိုက်အဝိုင်း မြို့နယ်အဆင့်တာ၀န်ရှိသူတွေဖြစ်လို့ အငြိုးထားပြီးပျူစောထီးများကိုလုပ်ကြံခိုင်းခဲ့တာသာဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။ထို့အပြင်အကြမ်းဖက်သေနတ်သမားက ဟင်းချက်နေတဲ့ ဒေါ်တင်တင်နုကို မီးဖိုချောင်ထဲတွင် သေနတ်နဲ့ ငါးချက်တိတိပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားရတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် ကျဆုံးသွားခဲ့ရသော ဒေါ်တင်တင်နု၏ မိသားစုနဲ့ ထပ်တူ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါကြောင်းကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြို့ပင်ကောက်မြို့နယ်ပြန်ကြားရေးမှ မှတ်တမ်းတင်ထုတ်ပြန်ထားပါတယ်။


သတင်း-ခန့်စိုး
စာတည်း-ကိုမိုက်

#ကြို့ပင်ကောက်

#tharyarwaddy8city
3,6400018
Tharyarwaddy 8 City logo
Tharyarwaddy 8 City

15:54 24 thg 5, 2026

UGF-OkPo နဲ့ BTZM တို့ရဲ့ နှစ်ကြိမ်တိုင်ပူးပေါင်းစစ်ဆင်ရေး ရဲရှစ်ဦးသေပြီး သေနတ်တွေရ

Tharyarwaddy8City/မတ် ၂၃၊၂၀၂၆

ပဲခူးတိုင်းအနောက်ခြမ်၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲက ဇီးကုန်းမြို့နယ်၊ ဘဲအင်းအုပ်စု ဘဲအင်းရွာလမ်းဆုံနဲ့ အုတ်ရှစ်ကွင်းအုပ်စု၊ မယင်းကုန်းရွာတို့မှာ စစ်အုပ်စု ဆိုင်ကယ်ယာဉ်တန်းကို ၂ကြိမ်တိုင်တိုက်ခိုက်ခဲ့ကြောင်း သာယာ၀တီခရိုင်အခြေစိုက် PDFတပ်ရင်း၃၈၀၂ထံမှ သိရှိရပါတယ်။

မတ်လ ၂၂ရက်နေ့ မနက်၈နာရီ ၃၀မိနစ်၀န်းကျင်အချိန်မှာ ဇီးကုန်းမြို့ပေါ်ကနေ စစ်ကြောင်းထွက်လာသော ဆိုင်ကယ် ၁၂ စီးပါ စစ်အုပ်စုယာဥ်တန်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဆိုပါ ဆိုင်ကယ်ယာဉ်တန်းကိုဘဲအင်းလမ်းဆုံတွင်၃၈၀၂တပ်ရင်း၏ တပ်ခွဲ(၄)UGF OkPo တောက်တဲ့စစ်ကြောင်းနဲ့ တပ်ခွဲ(၅) BTZM တပ်ဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ထိုကဲ့သို့တိုက်ပွဲဖြစ်နေစဥ် စစ်အုပ်စုဘက်မှ စစ်ကူလာတဲ့ ကား ၃ စီးပါယာဥ်တန်းကိုဇီးကုန်းမြို့ နဲ့တစ်မိုင်ခန့်အကွာရှိ မယင်းကုန်းရွာတွင်ထပ်မံပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

"ပူးပေါင်းစစ်ဆင်ရေးရဲ့ အားသာချက်အ‌နေနဲ့ကတော့ နယ်မြေအသစ်မှာ‌ပေါ့။ဒေသခံတပ်ဖွဲ့‌တွေနဲ့ နယ်‌မြေစစ်‌ရေးချဲ့ထွင်ခွင့်ရတယ်၊ နောက်ပြီး‌တော့ တပ်ရင်းအတွင်းကရဲဘော်တွေနဲ့ ရင်းနီးခွင့်ပေါ့၊ စည်းလုံးညီညွတ်မှုအခွင့်အရေးတွေရတာက ပူးပေါင်းစစ်ဆင်ရေးရဲ့ အားသာချက်ပေါ့။သေနတ်၆လက်ရတယ်၊ ၆လက်မှာ ကျည်ပါတယ်၊ကျည်ဘောက်၁၆ဘောက်ပါတယ်၊ ရဲဘော်တွေ‌ သေနတ်ကောက်ရင်းမျက်မြင်တွေ့တာက ရန်သူဘက်က ရှစ်ယောက်သေတယ်၊ ၉ယောက်ဒဏ်ရာရတာကို စစ်ကြောင်းနဲ့လာကယ်ထုတ်သွားတာတွေအတည်ပြုလို့ရတယ်"ဟုသာယာ၀တီခရိုင် PDF တပ်ရင်း၃၈၀၂လက်အောက် တပ်ခွဲ(၄) UGF-OkPo၏ တာ၀န်ရှိသူတစ်ဦးမှ Tharyarwaddy8City ကိုပြောပါတယ်။

၎င်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ နယ်ထိန်းခေါင်းဆောင်၊ အမှတ်(၄)နယ်ထိန်းသက်မောင်မောင်နဲ့ စိန်ဘုံသာရွာမှ ပျူစောထီးတစ်ဦးအပါ စစ်သားနဲ့ရဲ ရှစ်ဦးခန့်သေဆုံးပြီး ကိုးဦး ထိခိုက် ဒဏ်ရာရရှိခဲ့‌ ပေမယ့် တော်လှန်ရေးရဲဘော်များဘက်ကတော့ အထိအခိုက်မရှိပဲ‌ဆုတ်ခွါနိူင်ခဲ့‌‌ေကြာင်းသိရသလို လက်နက်ခဲယမ်းတွေအဖြစ် သေနတ် ၆လက်၊ကျည်နဲ့ကျည် ဘောက်၁၆ခုအပါ စစ်သုံးဆက်စပ်ပစ္စည်းတွေနဲ့ ဖုန်းသုံးလုံးကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

သတင်း-ခန့်စိုး
စာတည်း-ရာမန်

#ဇီးကုန်းမြို့နယ် #UGFOKPO #BTZM

#tharyarwaddy8city
3,4000019
Tharyarwaddy 8 City logo
Tharyarwaddy 8 City

15:54 24 thg 5, 2026

၀က်လှကြီးရွာ အုပ်ချုပ်ရေးမှူးအောင်ကျော်မိုးကို နေအိမ်သို့သွားဖမ်းစဉ် ထွက်ပြေးလို့
အ‌သေပစ်ခတ်ရှင်းလင်း

Tharyarwaddy8City/မတ်၂၃၊ ၂၀၂၆

ပဲခူးတိုင်းအ‌နောက်ခြမ်း၊သာယာဝတီခရိုင် ရှစ်မြို့နယ်ထဲကမင်းလှမြိုနယ်၊ဝက်လှကြီးကျေးရွာအုပ်ချုပ်ရေးမှူး အောင်ကျော်မိုးဆိုသူကို ဖမ်းစီးရန် နေအိမ်သို့သွားရောက်စဥ်ထွက်‌ပြေးတာကြောင့် အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်းရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရပါတယ်။

မ‌နေ့ကမတ်လ၂၂ရက်နေ့၊ညနေ ၄နာရီ ၅၀မိနစ်အချိန်ခန့်တွင် သာယာဝတီခရိုင်ပကဖ၊
အမှတ်(၁)တိုက်ခိုက်ရေးတပ်ဖွဲ(ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ )မှ ‌စစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးကို သွားရောက်ဖမ်းစီးခြင်းဖြစ်ပါတယ်။ဒါပေမယ့် ၎င်းအုပ်ချုပ်ရေးမှူးက ထွက်ပြေးဖို့ကြိုးစားတာကြောင့် အသေပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

"အောင်ကျော်မိုးကို ပြည်သူတွေတိုင်ကြားချက်အရ ဖမ်းစီးဖို့ရဲဘော်၃ယောက်သွားကြတာပါ။အောင်ကျော်မိုးကအပြင်ကပြန်ရောက်ခါစရှိသေးတယ်။ သတင်းအရသူအိမ်ကို ဝင်ရောက်တဲ့အခါသူကအိမ်ထဲကနေပြေးထွက်ဖို့ ကြိုးစားစဥ်မှာပဲ ရဲဘော်လေးတွေက သေနတ်နဲ့၂ချက်ပစ်ခတ်ပြီးရှင်းလိုက်ရပါတယ်။နေရာတွင်ပွဲခြင်းပြီးပါ"ဟုရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံမှ Tharyarwaddy8City ကိုပြောပါတယ်။

အဆိုပါအုပ်ချုပ်ရေးမှူးအောင်ကျော်မိုးက စစ်အုပ်စုခိုင်းစေသမျှကို ပြည်သူလူထုအပေါ် အာဏာပြကာ စစ်မှု့ထမ်းကြေးများ အတင်းအဓမ္မကောက်ခံခြင်း၊ မပေးနိုင်တဲ့ပြည်သူများအားဖမ်းစီးခြင်းတွေပြုလုပ်နေလို့ စစ်ဆေးမေးမြန်းဖို့ သွားရောက်ဖမ်းစီးစဉ် သေဆုံးခဲ့ပါတယ်။

"PDF ကိုတိုင်ထားတယ်ဆိုတာတော့ သူလဲသိတယ်။ အဲ့ဒါကြောင့် ဒီရက်ပိုင်းအိမ်တောင်သိပ်မနေဘူး။ မြို့ကထွေအုပ်ထဲပဲသွားသွားနေတာလေ၊ညနေကမှပြန်လာရင်း အိမ်မှာPDFရဲဘော်လေးတွေရောက်နေတာနဲ့ သူ(အောင်ကျော်မိုး)ပြန်တာက ကွက်တိဖြစ်ပြီးအပစ်ခံလိုက်ရတာပါ။ ထွက်ပြေးလို့ပစ်တာလို့သိရပါတယ်။ သေတာလဲကောင်းပါတယ်၊ ပြည်သူအပေါ်ဆိုတအားနှိပ်ဆက်တယ်၊ စစ်တပ်ခေါ်လာအုပ်ချုပ်ခိုင်းရမလား ငါအေးဆေးအုပ်ချုပ်နေတာ လက်မခံရင်ဆိုပြီး ဆဲဆိုတာတွေတောင်လုပ်‌ခဲ့ဖူးသူပါ"ဟု၀က်လှကြီးရွာ ဒေသခံတစ်ဦးမှ Tharyarwaddy8City ကိုပြောပါတယ်။

အဲ့ဒိ့အုပ်ချုပ်‌ရေးမှူး၏အိမ်အတွင်းမှစစ်မှု့ထမ်းကြေးကောက်ခံတဲ့စာရွက်စာတမ်းများ၊ ၄င်း၏မှတ်ပုံတင်ကဒ်တစ်ခုနဲ့အတူယာဉ်မောင်းလိုင်စင်တစ်ခုကိုပါသိမ်းဆည်းရရှိခဲ့ကြောင်းသာယာဝတီခရိုင်ပကဖ၊ အမှတ်(၁)တိုက်ခိုက်ရေးတပ်ဖွဲ(ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ )မှသတင်းထုတ်ပြန်ထားပါတယ်။

သတင်း-ဇာမဏီ
စာတည်း-ရာမန်

#မင်းလှမြို့နယ်

#tharyarwaddy8city
4,2800013

Showing 30 of 32 posts

Xếp hạng

Yêu cầu đăng nhập

Frequently Asked Questions

Kênh Telegram Tharyarwaddy 8 City nói về gì?+

Tharyarwaddy 8 City (@tharyarwaddy8city) là kênh Telegram thuộc danh mục Tin tức địa phương trên tgdio. Xem xếp hạng, đánh giá, nhận xét và bài đăng trước khi đăng ký. Hiện có khoảng 5.726 người đăng ký trên tgdio.

Làm sao để tham gia Tharyarwaddy 8 City (@tharyarwaddy8city)?+

Mở hồ sơ trên tgdio, dùng Join / Open in Telegram để đăng ký @tharyarwaddy8city miễn phí.

Tharyarwaddy 8 City có phải kênh Tin tức địa phương tốt không?+

Trên tgdio hãy xem đánh giá, nhận xét, xếp hạng và bài đăng của Tharyarwaddy 8 City trước khi tham gia. Hiện có khoảng 5.726 người đăng ký trên tgdio. So sánh với các kênh Tin tức địa phương tương tự.

Xem thống kê và bài đăng Tharyarwaddy 8 City ở đâu?+

Trên tgdio, mở trang @tharyarwaddy8city để xem thống kê, xếp hạng, đánh giá và bài đăng.