အရှေ့တောင်အာရှနိုင်ငံများ၏ ရွှေပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ခြုံငုံ သုံးသပ်ချက်၊ အပိုင်း(၆) ဖိလစ်ပိုင်နိုင်ငံ
✅အာဆီယံနှင့် ဒေသတွင်းနိုင်ငံများတွင် ပြည်ပအလုပ်အကိုင်မှ ရရှိသည့် လုပ်သားလွှဲငွေ (Remittance) သည် အိမ်ထောင်စုများ၏ ဝင်ငွေတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် နိုင်ငံခြားငွေဝင်ရောက်မှု တိုးတက်ရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ ပါသည်။ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံသည် ပြည်ပအလုပ်အကိုင် စီမံခန့်ခွဲမှုနှင့် လုပ်သားလွှဲငွေ များကို နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးအမြတ်များစွာ ရရှိလျက်ရှိပါသည်။
ဖိလစ်ပိုင်နိုင်ငံသည် ပြည်ပရောက်လုပ်သားများ၏ လွှဲပို့ငွေ (Remittances) ကို နိုင်ငံ့အမျိုးသား စီးပွားရေး၏ အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ရေရှည်စနစ်တကျ စီမံခန့်ခွဲနေသည့်နိုင်ငံ တစ်နိုင်ငံဖြစ် ပါသည်။ ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ထားသည့် Philippines Statistics Authority ၏ အချက် အလက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပရောက်အလုပ်သမားအရေအတွက်သည် ၂.၁၉ သန်းခန့် ရှိပြီး မိသားစုထံလွှဲငွေသည် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)၏ ၁၀ ရာခိုင်နှုန်းခန့် ရှိသည်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-
✅ဥပဒေဖြင့် ထိန်းကျောင်းခြင်း။ Republic Act 8042 (Migrant Workers and Overseas Filipinos Act of 1995) သည် ပြည်ပရောက် ဖိလစ်ပိုင်လုပ်သားများ၏ အခွင့်အရေး၊ လုံခြုံရေးနှင့် သက်သာချောင်ချိရေးကို အပြည့်အဝ ကာကွယ်ပေးရန် ပြဋ္ဌာန်းခဲ့သည့် အဓိကပင်မဥပဒေဖြစ်သည်။၂၀၁၀ ပြည့်နှစ်တွင် ဖြည့်စွက်ချက်များ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး အလုပ်ရှင်ဘက်မှ လုပ်သားများအတွက် မဖြစ်မနေ အာမခံ ထားပေးရသည့် အသက်အန္တရာယ်၊ မတော်တဆမှု၊ ဆေးကုသစရိတ်နှင့် လုပ်ခ လစာ မရရှိပါက လျော်ကြေး စသည့်အချက်များ ပါဝင်သည်ကို တွေ့ရှိရသည်။
✅ပြည်ပလုပ်သားများအတွက် လုပ်ငန်းစဉ်များ။ ပြည်ပသို့ မထွက်ခွာမီ PEOS (Pre-Employment Orientation Seminar) နှင့် PDOS (Pre-Departure Orientation Seminars) သင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး ငွေကြေးစုဆောင်းမှု၊ ရင်းနှီး မြှုပ်နှံမှု၊ သွားရောက်မည့်နိုင်ငံ၏ ယဉ်ကျေးမှု၊ ဥပဒေ၊ မိမိ၏အခွင့်အရေးများ၊ ဒစ်ဂျစ်တယ်ငွေလွှဲစနစ်များကို စနစ်တကျ အသုံးပြုတတ်စေရန်နှင့် အရေးပေါ် အကူအညီဖုန်းနံပါတ်များကို မဖြစ်မနေထည့်သွင်းသင်ကြားပေးလျက်ရှိပါသည်။ ထို့အပြင် ပြည်ပသို့ ထွက်ခွာမည့်လုပ်သားတစ်ဦးချင်းအနေဖြင့် Overseas Employment Certificate (OEC) တွင် (လက်ရှိအချိန်တွင် DMW Mobile App မှတစ်ဆင့် OFW Pass အဖြစ် ပြောင်းလဲထား) မှတ်ပုံတင်ရပြီး ၎င်းစနစ်မှတစ်ဆင့် လွှဲငွေစနစ်နှင့်အစိုးရ၏ ဝန်ဆောင်မှုများအား ချိတ်ဆက်ထားပါသည်။
✅အစိုးရ၏ အဓိကဆောင်ရွက်ချက်များ
👉၂၀၂၁ ခုနှစ်တွင် လုပ်သားမူဝါဒများ ပိုမိုထိရောက်မြန်ဆန်စေရေးနှင့် လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် Department of Migrant Workers (DMW) ကို သီးသန့်ဝန်ကြီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ပထွက်ခွာခွင့် စိစစ်ခြင်း၊ မူဝါဒချမှတ်ခြင်းနှင့် လုပ်သားရေးရာ ဝန်ဆောင်မှုစသည့် လုပ်ငန်းစဉ်များ ရှုပ်ထွေးမှုမရှိဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။
👉ပြည်ပရောက်လုပ်သားများအနေဖြင့် တရားဝင်ဘဏ်များမှတစ်ဆင့်ငွေလွှဲမှု မြန်ဆန်လွယ်ကူစေရေးအတွက် Overseas Filipino Bank(OFBank) အား ဒီဂျစ်တယ်ဘဏ်အဖြစ် တည်ထောင်ထားပြီး အခကြေးငွေ သက်သာစွာဖြင့် ပြည်တွင်းသို့ ငွေလွှဲပြောင်းနိုင်ရန် ဆောင်ရွက်ပေးထားသည်ကို တွေ့ရှိရ ပါသည်။
👉Section 35 of RA 8042 အရ ပြည်ပလုပ်သားများ ပြည်တွင်းသို့ ပြန်လည် လွှဲပြောင်းပေးပို့သည့် လွှဲငွေအပေါ် တိုက်ရိုက်အခွန်(Direct Tax)ကောက်ခံ ခြင်းမှ ကင်းလွတ်ခွင့်ပေးထားပြီး တရားမဝင် ပြင်ပငွေလွှဲလမ်းကြောင်းများ အစား ဘဏ်စနစ်ကို ပိုမိုသုံးစွဲလာစေပြီး ဗဟိုဘဏ်(BSP)၏ ခွင့်ပြုချက်ဖြင့် ကမ္ဘာတစ်ဝန်းရှိ FinTech အက်ပ်များ၊ ပြည်ပငွေလွှဲဝန်ဆောင်မှုများနှင့် ဖိလစ်ပိုင်နိုင်ငံ၏ GCash,Maya Mobile Pay များဖြင့် တိုက်ရိုက်ချိတ်ဆက် ပေးထားသည်ကို တွေ့ရှိရပါသည်။
👉တရားမဝင်ငွေလွှဲမှုများ တားဆီးနိုင်ရေးအတွက် Anti-Money Laundering Act (AMLA - RA 9160) အား ပြဌာန်းထားပြီး တရားမဝင် ငွေကြေး လွှဲပြောင်းမှုများကို ထိရောက်စွာ အရေးယူသည့်အပြင် ငွေကြေးဆိုင်ရာ လုံခြုံရေးနှင့် သံသယဖြစ်ဖွယ် ငွေလွှဲမှုများကို စိစစ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
#ThinkTankMyanmar
Telegram
TikTok Facebook Youtube